← Chapters

အခန်း ၁၄၇

Vol. 10 Ch. 147

အခန်း ၁၄၇

Vol. 10 Ch. 147

အပိုင်း (၁၄၇) မတော်တဆဖြစ်ရပ်

“သခင်မလေးစု ကောင်းသောနေ့လေးပါ” ယိုကျင့်သည် ပိုးသားအထည်စံအိမ်မှာ ထွက်လာကာစ၌ပင် သက်တောင်စောင့်တွန်းပေးသည့် ဘီးတပ်ကုလားထိုင်၌ ထိုင်နေသော တတိယယွီ(စန်းယွီ)ကို တွေ့လေသည်။

ယိုကျင့်သည် ထိုလူအား အကြီးတစ်ယောက်လို သဘောထားသည့်အတွက် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး နှုတ်ဆက်လိုက်သည်။ “ကောင်းသောနေ့လေးပါ စန်းယွီကော။ ညီမက အစ်ကိုတောင်ပိုင်းကို သွားပြီလို့တောင်ထင်နေတာ။ ဒီနေ့တွေ့ရမယ်လို့‌ မမျှော်လင့်ထားဘူး”

သူမ သူ့ဆီသို့ လျှောက်လာချိန်၌ စန်းယွီသည် ယိုကျင့်အား သေချာကြည့်လိုက်မိသည်။ ထိုမိန်းကလေးမှာ အဖြူရောင်မှိုင်းမှိုင်းပိတ်ကျဲစကို အဝါဖျော့ဖျော့ပန်းများပါ၀င်သည့် ဖဲစနှင့် တွဲဖက်၀တ်ဆင်ထားကာ တံတိုင်းမွှေးပန်းများဖြင့် ချည်ထိုး‌ထားသော လက်ကျပ်အပေါ်ထပ်ကို ၀တ်ဆင်‌ထားသောကြောင့် သူ၏မျက်နှာ၌ အပြုံးဖျော့ဖျော့လေးတစ်ခု ပေါ်ထွက်လာလေသည်။ ၀တ်စားပုံအရ ထိုမိန်းကလေးသည် အဖြူရောင်ကို နှစ်သက်ပေသည်။ သူမသည် ငယ်စဉ်ကတည်းကပင် အသားအရေလှပသောကြောင့် အဖြူရောင်ဖျော့နှင့် အဝါဖျော့ဖျော့ကို တွဲဖက်၀တ်ဆင်ခြင်းသည် သူမအား နေရောင်အောက်၌ တောင်ပသည့်အသွင်ကို ဖြစ်ပေါ်စေသည်။ နဂိုက ရှစ်ရာခိုင်နှုန်းမျှလှသော သူမ၏အလှသည် ယခု၌ ဆယ်ရာခိုင်နှုန်းပို၍ လှပလာသည်။

သူမ၏ဆံပင်များကို အဖြူရောင်မြေခွေးရုပ်ပုံစံ ထွင်းထုထားသည့်ဆံထိုးနှင့် အလှဆင်ထားသည့်အတွက် စန်းယွီ၏ အပြုံးမှာ ပိုမိုတောက်ပလာကာ သူ၏မျက်၀န်းအိမ်သည်လည်း ပို၍လင်းလက်လာခဲ့သည်။ “သခင်မလေးစုရဲ့ ဆံထိုးက တကယ်လက်ရာမြောက်တာပဲ”

ယိုကျင့်သည် အနေရခက်စွာဖြင့် ဆံထိုးကို ထိမိလိုက်သည်။ သူမသည် ပုံမှန်အားဖြင့် စီးပွားရေးကိစ္စများ ဆွေးနွေးရန် မရှိသည့်အခါမှသာ ထိုဆံထိုးကို ပန်ဆင်လေ့ရှိသည်။ စန်းယွီနှင့်တွေ့ကာ စကားလက်ဆုံကျလိမ့်မည်ကို မမျှော်လင့်ထားခဲ့ပေ။ “ဒါလေးက ကျွန်မရဲ့ ရတနာပစ္စည်း‌ သေးသေးလေးပါ။ အစ်ကိုယွီကို ဟာသဖြစ်စေပါပြီ”

စန်းယွီသည် သူမရှက်သွားသည်ကို သတိထားမိလိုက်သည်။ ထို့ကြောင့် ချောင်းအနည်းငယ် ဆိုးလိုက်ကာ စကားလွှဲလိုက်သည်။ “သခင်မလေးစု ဒီနေ့အားရဲ့လား သိချင်လို့ပါ။ ကျွန်တော်က လော့ဟယ်မြို့ကို ရောက်နေတာ လ၀က်လောက်ရှိနေပြီ။ အခုလိုအားလပ်ရက်ရဖို့က ရှားတယ်လေ။ ဒါပေမဲ့ ဘယ်ကိုသွားရမှန်း မသိလို့ပါ။ သခင်မလေးစုများ ကျွန်တော့်ကို လမ်းညွှန်ပေးနိုင်မလား”

“အစ်ကိုယွီက ယဉ်ကျေးလွန်းနေပါပြီ။ ကျွန်မလုပ်သင့်လုပ်ထိုက်တာပါ” ထိုသို့ပြောရင်းဖြင့် ကောင်းကင်သို့ မော့ကြည့်လိုက်ရာ နေမြင့်နေပြီဖြစ်ကြောင်း ယိုကျင့် မြင်တွေ့လိုက်ရသည်။ “အဲဒါဆို ကျွန်မက လမ်းပြလုပ်ပေးပါ့မယ် ဘယ်လိုလဲ။ အစ်ကိုယွီကို စုကျားယန်မှာ ထမင်းစားဖို့ဖိတ်ချင်ပါတယ် ဘယ်လိုထင်လဲ”

“စုကျားယန်အကြောင်းကို ကြားဖူးနေတာကြာပါပြီ။ ဖိတ်ကြားခံရလို့ ၀မ်းမြောက်မိပါတယ်”

စန်းယွီသည် သူမ ခွင့်ပြုသည့်အတွက် သေချာပေါက် လိုက်လည်မည်ဖြစ်သည်။ အမျိုးသမီးနှင့် အမျိုးသား၏ကြား၌ ခြေနှစ်လှမ်းစာအကွာထားရှိကာ လျှောက်လှမ်းရင်း ချိုးဖန်နှင့် ရန်ဝေ့တို့သည် သခင်ဖြစ်သူများနောက်ကိုလိုက်ကာ မျက်နှာအမူအရာများမှာ ရှုပ်ထွေးနေကြသည်။ လူလေးယောက်အုပ်စုမှာ အတွေးကိုယ်စီ ရှိကြသော်လည်း ထုတ်မပြောကြချေ။ သူတို့သည် စုကျားယန်ဆီသို့သာ တိတ်ဆိတ်စွာ ဦးတည်သွားလိုက်ကြသည်။

စန်းယွီမှာ ယိုကျင့်အား အမှန်တကယ်ကိုပင် လမ်းပြအဖြစ် ဆက်ဆံပေသည်။ စုကျားယန်၌ စားသောက်ပြီးသည့်နောက်တွင် ' မင်းသွားတဲ့နေရာ ငါလိုက်မယ်’ ဆိုသည့် အပြုအမူဖြင့် သူမကို အလည်အပတ်ခေါ်ရန် မေးမြန်းတော့သည်။ အခြားတစ်ဖက်ရှိ ယိုကျင့်မှာ ငိုရခက်ရယ်ရခက် ဖြစ်နေတော့သည်။

“သခင်မလေးစုက ကျွန်တော်နဲ့ အပြင်မသွားချင်လို့လား” စန်းယွီမှာ သူမ၏စိတ်ကို ဖောက်ထွင်းမြင်နေသည့်အတိုင်းပင် ဖြစ်နေသည်။ သူမ၏နှုတ်ခမ်းထောင့်၌ အပြုံးရေးရေးလေး ပေါ်လာခဲ့သည်။ မျက်နှာဖုံးအောက်ရှိ မျက်၀န်းများသည် သူမအား စူးရှစွာ စိုက်ကြည့်နေခဲ့သည်။

“အဲ့လိုဆိုလည်း ဖိအားမပေးတော့ပါဘူး။ ကျွန်တော် ခြေထောက်ဒဏ်ရာရတာ နှစ်တွေကြာလှပြီပဲ အခန်းထဲမှာ တစ်ယောက်တည်းနေတတ်ဖို့ ကျင့်သားရသင့်ပါပြီ”

ထိုစကားလုံးများသည် ခါးသီးသည့် ခံစားချက်များနှင့် ပြည့်နှက်နေကာ ယိုကျင့်ကိုပင် သီးစေခဲ့သည်။

“အဟွတ် ဟားဟား အစ်ကိုယွီက အတွေးလွန်နေတာပါ။ တကယ်တော့ ဒီနေ့ နေပူတော့ အပြင်ထွက်ဖို့ မသင့်တော်လို့ပါ။ ကျွန်မက အစ်ကိုယွီ ပင်ပန်းမှာကို တွေးပူမိလို့ပါ”

“အဲ့လိုကို” စန်းယွီသည် စိတ်သက်သာရာရစွာဖြင့် ပြောလေသည်။ “အဲဒါဆို သခင်မလေးစုက ဘယ်အချိန်အားလဲမသိဘူး။ ကျွန်တော်လဲ အချိန်ညှိလို့ရအောင်ပါ”

ယိုကျင့်သည် ထိုကိစ္စမှာ တဖြည်းဖြည်းထူးဆန်းလာသည်ဟု ခံစားရသော်လည်း ကြိတ်မှိတ်၍ သဘောတူရန်သာ ရှိတော့သည်။ “ဟုတ်တာပေါ့။ နေုက်သုံးရက်နေရင်ရော ဘယ်လိုလဲ။ ကြာတစ်ထောင်ကန်မှာ ကြာပန်းတွေစောပွင့်နေကြလို့ သွားလည်လို့ ကောင်းမှာပါ”

“အဲဒါဆို သခင်မလေးစုကို ဒုက္ခပေးရတော့မှာပဲ။ နောက်သုံးရက်နေရင် တောင်ဘက်မြို့ဂိတ်မှာ တွေ့ကြတော့ပေါ့”

“ဟုတ်ကဲ့ပါ” ယိုကျင့်၌ အခြားမည်သည့် အတွေ့အကြုံမျှ မရှိချေ။ သူမသည် သူမနှင့် နောက်တစ်ဆင့်တက်ကာ ဆက်နွှယ်ချင်နေသော စန်းယွီကို အဝေးသို့ ပထုတ်ချင်ရုံသာဖြစ်သည်။

စန်းယွီ၏နောက်၌နေရင်း ရန်ဝေ့သည် ရှုပ်ထွေးသည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် မျက်လွှာချလိုက်သည်။ သူသည် ဘီးတပ်ကုလားထိုင်အား စုကျားယန်မှ အပြင်သို့ထုတ်လာကာ သခင်ဖြစ်သူကို လှည်းထဲသို့ သယ်သွားပေးလေသည်။ လှည်းသမားသည် ကြာပွတ်တရမ်းရမ်းဖြင့်သာ စုကျားယန်မှ ဝေးရာသို့ ထွက်ခွာလာခဲ့သည်။

စုကျားယန်၏တံခါး၌ ရပ်ကာ စန်းယွီထွက်သွားသည်ကို အပြုံးလေးဖြင့် ကြည့်ပြီးနောက် ယိုကျင့်၏ မျက်နှာ၌ အပြုံးသည် ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။ သူမသည် တစ်ကိုယ်တည်းသာ တီးတိုးရေရွတ်နေသည်။ “အဲ့ဒီစန်းယွီက တကယ့်ကို ကုပ်သွေးစုပ်ချင်နေတာပဲ”

“သခင်မလေး ဘာပြောလိုက်တာပါလဲ” ချိုးဖန်သည် ယိုကျင့်၏နောက်၌ လိုက်လာရင်း သခင်ဖြစ်သူမှ သူမအား တစ်ခုခုမှာကြားသည်ဟု တွေးမိသောကြောင့် အသံကိုနှိမ့်ကာ မေးလိုက်သည်။

“ဘာမှမဟုတ်ဘူး။ နေ့ခင်းဈေးပြီးရင် ကြီးကြပ်ရေးမှူးလီကို ပစ္စည်းတွေ အပ်ချုပ်သမားဆီ အပ်ခိုင်းလိုက်” ယနေ့တွင် ယိုကျင့်သည် ပိုးသားနှင့်ဖဲထည်ရုံသို့သွားကာ စုကျားယန်ရှိ ၀န်ထမ်းများအတွက် အထည်ချုပ်ပေးရန် ပစ္စည်းများ သွားရောက်ရွေးချယ်ခြင်းဖြစ်သည်။ မထင်မှတ်ဘဲ သူမအပြင်သို့ ထွက်သည်နှင့်တစ်ပြိုင်နက် စန်းယွီနှင့်၀င်တိုးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

စုမိသားစု၏စီးပွားရေးများအတွက် အရာအားလုံးသည် တသမတ်တည်းဖြစ်သည်။ ၀န်ထမ်းများသည် တစ်နှစ်ပတ်လုံး ရာသီတစ်ခုစီ၌ အင်္ကျီတစ်စုံစီရရှိသည်။ ထိုအရာသည် ၀န်ထမ်းများ၏ ကြိုးစားအားထုတ်မှုအတွက် ဆုလာဘ်အသေးစားလေးဖြစ်သည်။ သူမသည် ထိုအရာအတွက် ငွေချွေတာခြင်းမရှိပေ။ နွေရာသီအတွက် ချွေးစုတ်သည့် အေးမြသော ချည်သားအကောင်းစားကို ဆင်မြန်းပေးပြီး ဆောင်းရာသီအတွက် နွေးထွေးကာ ပျော့ပြောင်းသည့် ဝါဂွမ်းထည်များကို သေချာစွာ ရွေးချယ်ပြုလုပ်ပေးသည်။

“စိတ်မပူပါနဲ့ သခင်မလေး ကျွန်မစီစဉ်လိုက်ပါ့မယ်” ချိုးဖန်သည် အကြီးဆုံးသခင်မလေး၏ ဘေးတွင် တာ၀န်ထမ်းဆောင်ခဲ့သည်မှာ လေးနှစ်ရှိပြီဖြစ်သည်။ ယခုတွင် သူမ၏စိတ်မှာလည်း တည်ငြိမ်လှသည်။ လွန်ခဲ့သည့်နှစ်တွင် စီမံစရာ ကိစ္စများ များပြားလှသည့်အတွက် အကြီးဆုံးသခင်မလေးသည် အစေခံနှစ်ဦးကို ထပ်မံခန့်အပ်ခဲ့သည်။ သို့သည့်တိုင် ချိုးဖန်သည် သူမ၏အားအကိုးဆုံးသူ ဖြစ်လို့နေသေးသည်။

စုကျားရန်မှ ထွက်ခွာသွားသော မြင်းပေါ်၌ ရန်ဝေ့သည် မျက်နှာဖုံးချွတ်ကာ ခြေထောက်ကို လှုပ်နေသည့် သခင်ဖြစ်သူကို စိုက်ကြည့်နေခဲ့သည်။ သူ၏မျက်နှာမှာ တဖြည်းဖြည်းချင်း ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် သခင်ဖြစ်သူအား ဘာမျှမပြောရန် ဆုံးဖြတ်လိုက်သည်။ သူ၏လျှာသည် အထိန်းအကွပ် မရှိသောကြောင့် မပြောသည်က ပိုကောင်းသည်။ ပြောမိလျှင် မိမိ၏သခင်အား စိတ်မချမ်းမသာ‌ဖြစ်သွားစေနိုင်သည်။

စန်းယွီသည် သူ၏ခြေထောက်များကို ပွတ်တိုက်ပြီးနောက် ဖတ်ရှု၍မပြီးသေးသည့် စာရင်းစာအုပ်ကို ဖတ်ရှုနေခဲ့ကာ ဘေးလူ၏ အံ့ဩဖွယ်ရာ မျက်နှာအမူအရာအသေးစိတ်ကို သတိမထားမိခဲ့ပေ။

...........

သုံးရက်အကြာ တောင်ဘက်မြို့တံခါးအပြင်ဘက်၌

“သခင်မလေးစု” ယုဆိုသည့် စာလုံးကို ချိတ်ဆွဲထားသော မြင်းလှည်းပေါ်၌ စန်းယွီသည် လူကြီးလူကောင်းပီသစွာ ထိုင်နေရင်း လိုက်ကာကိုဖွင့်ကာ အပြင်ဘက်ရှိ စုယိုကျင့်အား ခေါင်းညိတ်ပြလေသည်။ သူ၏နှုတ်ခမ်းထောင့်မှာ အသာအယာကွေးတက်နေရင်း စိတ်ချမ်းသာနေကြောင်း ဖော်ပြနေသည်။

ယိုကျင့်သည်လည်း ညင်သာစွာ ပြန်ဖြေကြားလိုက်သည်။ “အစ်ကိုယွီ ကြာတစ်ထောင်ကန်ကို ရောက်ဖို့ နည်းနည်းလိုသေးတယ်။ နားနေလိုက်ပါ။ ကျွန်မတို့ အရှေ့ကနေလမ်းပြပါ့မယ်။ တစ်ခုခုလိုအပ်ရင် အားမနာဘဲ ပြောလို့ရပါတယ်”

သာ့ဖန်၏ ယဉ်ကျေးမှုမှာ ပွင့်လင်းမြင်သာလာသော်လည်း လက်မထပ်ရသေးသည့် အမျိုးသမီးတစ်ဦးသည် ပြင်ပ‌အမျိုးသားတစ်ဦးနှင့် လှည်းအတူစီးခြင်းက အနည်းငယ် စိတ်ကသိကအောက်ဖြစ်စေသည်။ စန်းယွီသည် အနည်းငယ် စိတ်ခုသွားသော်လည်း ဘာမျှမပြောပေ။ ထိုသို့ဖြင့် လှည်းနှစ်စီးသည် တစ်စီးနှင့် တစ်စီး အစဉ်လိုက်ဖြင့် ကြာကန်သို့ ဦးတည်သွားလေသည်။

ကြာတစ်ထောင်ကန်ရှိ ကြာပန်းများသည် အနည်းငယ်သာ ဖူးပွင့်နေသေးသည်။ အလုံးစုံဖူးပွင့်ရန် အချိန်မျကသေးပေ။ သို့သော်လည်း တိတ်ဆိတ်ငြိမ်သက်စွာ လာရောက်လည်ပတ်ရန် အချိန်ကောင်း ဖြစ်သည်။ ထိုနေရာ၌ အကြီးဆုံးသခင်မလေး၏ ဧည့်သည်များကို ဧည့်ခံရန် တောင်းဆိုချက်ကြောင့် ရေနွေးကြမ်းမျာ၊ မုန့်များနှင့် သစ်သီး၀လံများ ပြင်ဆင်ပေးနေသော အစေခံအနည်းငယ်သာရှိပေသည်။

“ကြာကန်က ဆယ်ဧကလောက်ရှိတယ်။ အချိန်နည်းနည်းကြာလို့ ကြာပန်းတွေအကုန်ပွင့်တဲ့အခါကျ တကယ်ကိုလှတာ” ဘီးတပ်ကုလားထိုင်၌ ထိုင်နေရင်း စန်းယွီသည် သူ၏မျက်နှာကို တိုးဝေ့သွားသည့် လေပြေကို ခံစားရင်း လေအဝေ့နှင့်အတူ မျော‌ပါလာသော ကြာပန်းရနံ့များကို ရှုရှိုက်နေခဲ့သည်။ ထိုအရာက စိတ်ရောကိုယ်ပါ သက်တောင့်သက်သာဖြစ်စေသည်။

ယိုကျင့်သည် သူ၏ဘေး၌ လျှောက်နေကာ အပြုံးလေးဖြင့် စကားများပြောဆိုနေခဲ့သည်။ “အရင်နှစ်က လော့ဟယ်မြို့က ပါရမီရှင်တစ်ယောက်က ဒီကြာကန်ပုံကို ရေးဆွဲပြီး ပန်းစက်ကြာတစ်ထောင် ပန်းချီဆိုပြီး ခေါ်ဆိုခဲ့တယ်။ မူရင်းပုံကို စုမိသားစုဆီမှာ သိမ်းထားခဲ့တယ်။ တကယ်လို့ အစ်ကိုယွီ လိုချင်ရင် ကျွန်မပေးလို့ရပါတယ်”

ထိုပန်းချီကားမှာ အဖိုးတန်သည်ဟုဆိုနိုင်သည်။ ထိုပန်းချီကားကြောင့် လွန်ခဲ့သည့်နှစ်မှ စတင်၍ စုမိသားစု၏ ကြာကန်သည် ပို၍ နာမည်ကြီးလာခဲ့သည်။ စုမိသားစု၏ ဂုဏ်သတင်းမှာလည်း တစ်နေ့တစ်နေ့ တိုးတက်လာရင်း ကြာပန်းရှုခင်းမှာ လော့ဟယ်မြို့ရှိ အလှဆုံးရှုခင်းဆယ်ခုထဲ၌ တစ်ခုအပါအ၀င်ဖြစ်လာခဲ့သည်။ ထိုအရာကို ကောင်းချီးပေးခံရသည်ဟု သတ်မှတ်နိုင်သည်။

“ပန်းချီကားက ကောင်းပေမဲ့ မျက်စိရှေ့က မြင်ကွင်းကိုတော့ ဘယ်ယှဉ်နိုင်ပါ့မလဲ” ထို့နောက် ကျောက်စားပွဲပေါ်ရှိ ပန်းပွင့်ပုံထွင်းထု‌ထားသော ခွက်ငယ်ကို ယူကာ ရေနွေးကြမ်းအနည်းငယ် သောက်လိုက်သည်။ “ဆီးပန်းရနံ‌သင်းသင်းလေးနဲ့ လက်ဖက်ခြောက်ရဲ့ မူလအရသာကလည်း ပျောက်မသွားဘူး။ စုမိသားစုရဲ့ လက်ဖက်ခြောက် ပီသပါပေတယ်”

ထိုလူမှ စကားကောင်းများဖြင့် ချီးမွန်းနေသောကြောင့် ယိုကျင့်လည်း အလိုအလျောက်ပြုံးမိသွားသည်။

“အဲ့ရေက အရင်နှစ်က ကျွန်မအားနေတုန်း ဆီးပန်းအညှာကနေ နှင်းရေလေးတွေ အိုးအနည်းငယ်လောက် စုထားမိတာပါ။ ပြီးတော့ ဆီးပင်အောက်မှာ တစ်နှစ်လောက် မြှုပ်ထားခဲ့တာ။ ဒီနေ့ အစ်ကိုယွီဆီကနေ ဒီလိုစကားကြားရတော့ လုပ်ရတာ တန်ပါတယ်”

ထိုလူနှစ်ဦးသည် အချင်းချင်း အဆက်အသွယ် သိပ်မရှိသော်လည်း စကားများ မရပ်မနား ပြောခဲ့ကြသည်။

နာရီ၀က်မျှကြာပြီးချိန်တွင် စန်းယွီသည် စကားဝိုင်းကို အဆုံးသတ်လိုက်သည်။ “ဒီလိုလှပတဲ့ မြင်ကွင်းမျိုးကို မြင်ရဖို့က ရှားပါတယ်။ သခင်မလေးစု ကျွန်တော်နဲ့အတူ လမ်းခဏလျှောက်ပေးလို့ရမလား”

ယိုကျင့်သည် လက်ဖက်ရည်ကြမ်းခွက်ကို ချကာ စန်းယွီနှင့်အစေခံတို့အား လှပသည့် ကြာကန်ကို လှည့်လည်ပြသတော့သည်။

“အာ ငါ့ပန်းချီ” ငယ်ရွယ်သည့် မိန်းမပျိုအုပ်စု၏ ရယ်သံသည်ထွက်ပေါ်လာပြီး လေနှင့်အတူ တိတ်ဆိတ်နေသည့် သူမတို့နှစ်ဦးကြားသို့ မျောပါလာခဲ့သည်။

“အစ်ကိုယွီကို တကယ်အားနာပါတယ်။ ဒီနေ့က အာရ်ယာကျောင်းတော်က ကျောင်းသူလေးတွေ အပြင်ဘက်မှာ လေ့လာရေးလုပ်တဲ့နေ့မလို့ပါ။ အစေခံတွေကို ပြောထားပေမဲ့ အစ်ကိုယွီကို နှောင့်ယှက်မိသွားတာပဲ” ယိုကျင့်သည် စန်းယွီ၏ အနောက်နားတွင်ရပ်နေကာ တောင်းပန်စကား ဆိုလေသည်။ “ကျောင်းတော်ရဲ့ အချိန်စာရင်းက သတ်မှတ်ပြီးသားဆိုတော့ ပြန်ပြင်လို့မှ မလွယ်ဘဲ”

“ရပါတယ်။ ကျွန်တော်ကလည်း ရုတ်တရက်အတွေးပေါက်ပြီး ရောက်လာတာပါ” စန်းယွီသည် ကျိုးကြောင်းဆီလျော်သည့် လူဖြစ်သည်။ ယိုကျင့်မှာ အမျိုးသမီးကျောင်းတော်အကြောင်း ပြောဆိုချိန်၌ သူသည် ဆက်လက်၍ ချီးမွှမ်းခန်းများဖွင့်တော့သည်။

“အာရ်ယာ အမျိုးသမီးကျောင်းတော်အကြောင်းကို လော့ဟယ်မြို့မှာ နေတဲ့တလျှောက် ကြားဖူးပါတယ်။ စုမိသားစုက တကယ်ပဲ အတွေးကြွယ်တာပဲ။ ဒီလိုကျောင်းတော် ဖြစ်လာတာက စုမိသားစုရဲ့ စေတနာနဲ့ အရင်းတည်လာခဲ့တာပဲ”

ယိုကျင့်သည် အနည်းငယ်ရှက်ရွံ့သွားမိသည်။ “အဲဒါက ကျွန်မတို့မိသားစုရဲ့ ဒေါ်လေးနှစ်ဦးက တည်ထောင်ခဲ့တာပါ။ ကျွန်မက အသာလေး အကျိုးအမြတ်ရသွားရုံပါပဲ”

ယိုကျင့်သည် အသေးစိတ် မပြောပြချင်သောကြောင့် သူလည်း ဆက်မမေးတော့ချေ။ နှစ်ဦးသားသည် မပြန်ခင် အချိန်အကြာကြီး လမ်းလျှောက်နေခဲ့ကြသည်။

“သတိထား” ရည်ရွယ်ခြင်းမရှိပါဘဲ ယိုကျင့်သည် အပြာရောင်ကျောက်တုံး အသေးပေါ်သို့ နင်းမိကာ လဲကျမလို ဖြစ်သွားခဲ့သည်။ သို့သော် အမျိုးသားတစ်ဦး၏ သန်မာသည့် လက်တစ်စုံသည် သူမ၏လက်မောင်းကို ဆွဲယူကာ သူ့ထံသို့သာ ပြိုကျစေသည်။

“အို့” ယိုကျင့်သည် ကုလားထိုင်၌ ထိုင်နေသော စန်းယွီပေါ်သို့ ထိုင်မိသွားသည့်အတွက် အနည်းငယ် ထိတ်လန့်နေခဲ့သည်။ စန်းယွီသည်လည်း မျှော်လင့်မထားသည့်အတွက် ထိုအရာသည် သူ့အား အနည်းငယ် နာကျင်စေသည်။ ထို့ကြောင့် နာကျင်မှုကို မညည်းတွားဘဲ နေနိုင်ခဲ့ချေ။

ယိုကျင့် အသိစတ်၀င်လာချိန်၌ ချိုးဖန်သည် အမြန်ပြေးလာခဲ့လေသည်။ “သခင်မလေး”

ချိုးဖန်သည် ယိုကျင့်အား စန်းယွီပေါ်မှ ဆင်းနိုင်စေရန် အမြန်ကူညီပြီးနောက် စန်းယွီ၏ အမြင်ကို သူ၏ကိုယ်ဖြင့် ကာလိုက်ကာ သခင်ဖြစ်သူကို ဒဏ်ရာရှိမရှိ အကြမ်းဖျင်း စစ်ဆေးလေသည်။

“အဆင်ပြေတယ်” ယိုကျင့်သည် ထိတ်လန့်ရမည်လား ရှက်ရွံ့ရမည်လားမသိတော့ပေ။ သူမ၏မျက်နှာ၌ အနည်းငယ် နီရဲလာလေသည်။ ချီဖန်အား အနောက်သို့ဆုတ်ရန် အချက်ပြလိုက်ပြီး စန်းယွီအား ကျေးဇူးတင်စကားဆိုလိုက်သည်။ “အခုလို ကူညီပေးလို့ အစ်ကိုယွီကို ကျေးဇူးတင်ပါတယ်”

သူမသည် ကြာကန်နှင့် အနီးဆုံးဘက်၌ လမ်းလျှောက်နေခဲ့ရာ သူမ ပြုတ်ကျခဲ့လျှင် လူရယ်စရာဖြစ်မည်မှာ သေချာသည်။ စန်းယွီ၏ ကိုယ်ပေါ်၌ ထိုင်ရခြင်းသည် အနည်းငယ် စိတ်ကျဉ်းကျပ်ရသည့်တိုင် ကြာကန်ထဲပြုတ်ကျခြင်းထက် ပိုကောင်းပေသည်။

စန်းယွီ၏ ကျယ်ပြောလှသော အင်္ကျီလက်စအောက်တွင် သူမအား ဖက်တွယ်ခဲ့သည့်လက်တစ်စုံမှာ ယားယံစပြုလာလေသည်။ သူသည် သက်ပြင်းချလိုက်လေသည်။ “ကြီးကြီးမားမား မဟုတ်လို့ ပြဿနာမရှိပါဘူး။ ဒီနေ့လည်ပတ်မှုက ကျွန်တော်တောင်းဆိုထားတာပါ။ တကယ်လို့ သခင်မလေး ထိခိုက် ဒဏ်ရာရခဲ့ရင် ကျွန်တော်လည်း ကိုယ့်ကိုကိုယ်အပြစ်တင်နေမိမှာ”

မျက်နှာဖုံးအောက်ရှိ မျက်နှာမှာ ပူလောင်လာချေပြီဖြစ်သည်။ စန်းယွီသည် သူ့၌ မျက်နှာဖုံးရှိခြင်းကို ကျေးဇူးတင်နေမိသည်။ မဟုတ်ပါက သူသည် ကိုယ့်ကိုကိုယ် ဖော်ထုတ်မိနေလိမ့်မည်။

လေထုမှာ နေရခက်လာသောကြောင့် ယိုကျင့်သည် သိသိသာသာပင် စကားလမ်းကြောင်း လွှဲတော့သည်။ “ကြာကန်ကနေ နှစ်တိုင်း ကြာစေ့တွေထွက်တယ်လေ....”

စန်းယွီသည် ယိုကျင့်ပြောသည်ကို နားထောင်နေခဲ့ခြင်း မဟုတ်ပါချေ။ သူသည် ယိုကျင့်ထံမှာ ရရှိခဲ့သည် ပန်းရနံ့နှင့် ရောနှောနေသော မိန်းမပျိုလေး၏ ကိုယ်သင်းရနံ့ကြောင့် ရှက်ရွံ့နေခဲ့ခြင်းဖြစ်သည်။ သူ၏ အတွေးများသည် မည်သည့်နေရာသို့ လွင့်ပျံနေမှန်း သူကိုယ်တိုင်ပင် မသိခဲ့ပါချေ။ ယိုကျင့်စကားပြောနေသည်ကို သိသော်လည်း သူသည် အပေါ်ယံမျှသာ ပြန်လည်တုံ့ပြန်ခဲ့သည်။

ယိုကျင့်သည် ထိုအရာကို သိသော်လည်း ထုတ်မပြောခဲ့ပါချေ။ သူမသည် အနည်းငယ်ရှက်ရွံ့မိသည်။ ထိုသို့မဖြစ်ပွားစေရန် ‌ယနေ့တွေ့ဆုံမှုကို သေချာစီစဉ်ခဲ့ခြင်းဖြစ်သော်လည်း ယခုကဲ့သို့သာ အဆုံးသတ်သွားခဲ့သည်။

စန်းယွီအား ပို့ဆောင်ပြီးနောက် ယိုကျင့်သည် ဧည့်ခန်း၌ စိတ်သက်သာရာရစွာ သက်ပြင်းချမိသည်။ ထို့နောက် တစ်ဖက်သို့ ငေးငိုင်နေသည့် ချိုးဖန်ကို သတိပေးလိုက်သည်။ “ဒီနေ့ဖြစ်သမျှကို ဘယ်သူ့မှ လျှောက်မပြောနဲ့။ အထူးသဖြင့်ကို သခင်မကိုပဲ။ သူ့ကို လုံး၀မပြောမိစေနဲ့”

“ကျွန်မသိပါပြီ” ချိုးဖန်သည် ယိုကျင့်အား အကြိမ်အနည်းငယ်မျှ ခေါင်းညိတ်ပြကာ ကတိပေးလေသည်။ သူမသည် သူမ၏စိတ်ထဲ၌သာ တွေးနေခဲ့သည်။ ပတ်၀န်းကျင်၌ သူမနှင့် စန်းယွီ၏သက်တော်စောင့်သာရှိကြပေသည်။ အကယ်၍ စန်းယွီပေါ်၌ တက်ထိုင်မိသည့် အကြောင်းပြန့်သွားပါက သခင်မလေး၏ ဂုဏ်သတင်းထိခိုက်နိုင်သည်။ သူမသည် မည်သူ့ကိုမျှ မပြောရန် ဆုံးဖြတ်လိုက်သည်။

သူမသည် တတိယသခင်ယွီအား အသရေဖျက်ခြင်းမဟုတ်ပေ။ သူမ၏သခင်မလေးသည် အရာရာ၌ ထိပ်တန်းဖြစ်ကာ ပြီးပြည့်စုံလွန်းလှသည်။ အကယ်၍ ဘီးတပ်ကုလားထိုင်၌ တစ်ဘ၀ ကုန်ဆုံးရမည့်လူနှင့် ပေါင်းဖက်သွားရပါက နှမြောစရာကောင်းလွန်းသည်။

ယုမိသားစု၏ လှည်းထဲ၌ စန်းယွီသည် သူ၏အင်္ကျီလက်စကို တင်းကျပ်စွာ ဆုပ်ကိုင်ရင်း သူ၏နှာခေါင်းထိပ်၌ ထပ်ခါတလဲလဲ ရှူရှိုက်နေခဲ့သည်။ ရန်ဝေ့သည် သခင်ဖြစ်သူအား ကြည့်ရင်း ခေါင်းထဲ၌ အတွေးတစ်ခု ရိပ်ခနဲ တွေးမိသွားသည်။ သူ၏သခင်သည် သခင်မလေးစုအပေါ်၌ စွဲလမ်းသွားသည် မဟုတ်ပေဘူးလား။

စန်းယွီသည် သူ၏အပြုအမူနှင့် ပတ်သက်၍ အစေခံဖြစ်သူ၏စိတ်ထဲတွင် မည်မျှ မုန်တိုင်း တိုက်နေသည်ကို မသိရှိပါချေ။ သူသည် အင်္ကျီ၀တ်ရုံလက်စကိုသာ စိတ်အေးချမ်းစေသော ရနံ့လေး စွဲကျန်နေသေးသည်ကို သေချာအောင် နမ်းရှိုက်နေခဲ့သည်။ သူ၏အပြုံးမှာ ပျောက်ကွယ်သွားခြင်းမရှိပေ။

…

All Chapters