← Chapters

အခန်း ၁၄၈

Vol. 10 Ch. 148

အခန်း ၁၄၈

Vol. 10 Ch. 148

အပိုင်း (၁၄၈) စစ်ဝေ ( နံပါတ်လေး သခင်လေးဝေ)

ထိုနေ့ကစပြီး ယိုကျင့်သည် ၄-၅ရက်ဆက်တိုက် အိပ်မက် မက်ခဲ့ပြီး အချိန်အကြာသည်အထိ အိပ်မက်ထဲ မရောက်လာတော့သည့် မျက်လုံးများတွင် ပျော့ပြောင်းပြီး ကျောက်စိမ်းသဖွယ် လူရည်မွန်လေးတစ်ယောက်ကို အိပ်မက် မက်လာခဲ့သည်။ ညသန်းခေါ်တွင် အကြိမ်တော်တော်များများ အိပ်မက် မက်ခဲ့ချိန်၌ သူမ၏လစ်ဟာနေသည့် နှလုံးသားထဲတွင် ဖမ်းဆုပ်လို့ မရနိုင်သလို သေသေချာချာ ရှင်းပြလို့မရနိုင်သော ရင်းနှီးမှု ထူးထူးဆန်းဆန်း ခံစားချက်ရေးရေးလေးတစ်ခု ဖြစ်နေသည်ကိုသာ ခံစားလိုက်ရသည်။

“ချိုးဖန် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေတဲ့ လူနှစ်ယောက် ဆိုပေမဲ့လေ နင် ဒီလူကိုတွေ့လိုက်ရင် တခြားလူအကြောင်း အမြဲတွေးနေမိတာမျိုး ဖြစ်ဖူးလား”

ယိုကျင့်သည် ချိုးဖန်ယူလာသည့် ပျားရည် တရုတ်စကားပန်း ဖျော်ရည်ကို ပန်းကန်လုံးတစ်ဝက်ကို ယူကာ တစ်ငုံလောက်သောက်လိုက်သည်။ ထို့နောက် သူမက ခေါင်းအုံးပျော့ပျေားလေးတစ်ခုပေါ် မှီလိုက်ပြီး အနီရောင်ကကွက်များနှင့် မှင်တက်အံ့ဩဖွက် မိန်းမတစ်ယောက်ကဲ့သို့ နေရောင်ခြည်ထဲတွင် အရွက်များ ဖြာထွက်ကာ ပွင့်လန်းနေသည့် ပန်းသီးအရိုင်းပွင့်များကို ကြည့်နေလေသည်။ ယိုကျင့်က စိတ်းအေးလက်အေးဖြင့် ပင့်သက်တစ်ချက်ရှိုက်လိုက်တော့သည်။ နှစ်တွေကလည်း တိတ်ဆိတ်လို့။ သူမ တကယ်ပဲ တစ်ရေးလောက်တော့ အိပ်ချင်လိုက်တာ။

ချိုးဖန်သည် ညောင်စောင်းဘေးက ခွေးခြေခုံပုလေးတစ်ခုပေါ်တွင် ထိုင်ရင်း ဇာပန်းထိုးနေလေသည်။ အကြီးဆုံးမမလေး၏ မေးခွန်းကို ကြားလိုက်တော့ သူမ၏လက်များကို ရပ်လိုက်ပြီး ခဏကြာအောင် သေသေချာချာ စဥ်းစားလိုက်ပြီး အသာအယာ ခေါင်းခါပြလိုက်ပြီး

ဒီအစေခံမလေးက နားမလည်တတ်ပါဘူး”

ယိုကျင့်က ခေါင်းကို ငဲ့စောင်းကာ ချိုးဖန်ကို ကြည့်လိုက်ရာ တစ်နည်းနည်းဖြင့် ချစ်စရာကောင်းနေတော့သည်။ သူမသည် မနေနိုင်တော့ဘဲ တခစ်ခစ် ရယ်မောလိုက်ပြီး

“ နင်က ဘာမှကို နားမလည်ဘူးနော်၊ ဒီလိုဆိုရင်တော့ ကျောက်ဝူ တော့ တကယ်ခက်ရချည်ရဲ့”

ကျောက်ဝူသည် အစက ရှောင်မိသားစု၏ သက်တော်စောင့်တစ်ယောက် ဖြစ်သည်။ ဘယ်အချိန်ကမှန်းမသိဘဲ သူက ချိုးဖန်ကို စတင်စိတ်ဝင်စားလာခဲ့သည်။ သိပ်မကြာခင်က သူသည် ယိုကျင့်ဆီ ရောက်လာပြီး လက်ထပ်ဖို့ရန် အခွင့်လာတောင်းပြီး သူတို့၏စေ့စပ်ပွဲကို သိပ်မကြာခင်ကမှ လုပ်ပေးခဲ့ခြင်းပင်။

“မမလေးကလဲ” ချိုးဖန်မှာ အကြီးဆုံးမမလေး၏ စကားကြောင့် ရှက်လာတော့သည်။ သူမ၏မျက်နှာဝိုင်းဝိုင်းလေးက အနည်းငယ် ရှက်သွေးဖြာနေ၏။ ယိုကျင့်ကို သဘောကျသွားစေပြီး သူမ၏အတွေးများက အခိုက်တန့် ဖယ်ထားလိုက်တော့သည်။

ထိုအကြောင်းကို စဥ်းစားကြည့်လိုက်တော့ ထူးဆန်းနေသလိုပင်။ ထိုနေ့ကတည်းက ယိုကျင့်သည် စန်းယွီကို မတော်တဆပင် လုံးဝမတွေ့ရတော့ချေ။ ယိုကျင့်က သူမ၏မိသားစု စုဆောင်းထားသည်များထဲက ကြာပန်းတစ်ထောင်ပန်းချီကားကို တရုတ်စကားပန်း လမ်းကြားက ယွီအိမ်သို့ တစ်ယောက်ယောက်နှင့် ပို့ခိုင်းလိုက်သည်။ စန်းယွီက အရင်မင်းဆက်က နာမည်ကြီးပန်းချီဆရာတစ်ယောက် ဆွဲခဲ့သည့် နွေရာသီကြာပန်းရှုစားခြင်းဟူသည့် တန်ဖိုးဖြတ်မရသည့် ပန်းချီတစ်ခုကို ပြန်ပေးလာခဲ့သည်။ ထို့နောက်တွင်တော့ သူတို့နှစ်ယောက်မှာ ထပ်ပြီး မဆက်သွယ်ဖြစ်ကြတော့ပေ။

ယိုကျင့်သည် စန်းယွီက လော့ဟယ်မှ ထွက်သွားပြီး တောင်ပိုင်းကို ပြန်သွားပြီဟု သတင်းကြားလိုက်ချိန်တွင်တော့ လဝက်ကျော်နေပြီ။

***

ယိုကျူးနှင့် ယိုပေါင်တို့သည် အရွယ်ရောက်လာပြီဖြစ်သဖြင့် အောင်သွယ်တော်များက စုအိမ်သို့ ပိုပြီး ဝင်ထွက်လာကြလေသည်။ ဘယ်က စခဲ့သည်မသိပေ။ ‘စုမိသားစုရဲ့အလှမယ်လေး ၈ယောက်’ ဟူသည့် စကားများ ထွက်လာတော့ည်။ ထိုအခြင်းအရာထက် စုမိသားစု၏လုပ်ငန်းများကလည်း လော့ဟယ်တခွင် ပြန့်နှံ့နေပြီး သူတို့သည် လက်ရှိတွင် နာမည်ကြီး အာရ်ယာ အမျိုးသမီးကျောင်းတော်ကိုလည်း တည်ထောင်ခဲ့သည်။ စုမိသားစု၏ မိန်းကလေးများသည် ပညာရှင်မိသားစုများစွာ၏ မျက်လုံးများထဲသို့ ရောက်လာကြတော့သည်။

“ အခုတော့ တကယ့်ကို သမီးတစ်ယောက်နဲ့ မိသားစုတစ်ခု ဖြစ်နေပြီ၊ တောင်းဆိုလာကြတာမှလည်း ရာချီလို့”

အမျိုးသမီးစုသည် သည်နေ့ အိမ်တံခါး လာခေါက်သည့် ဒုတိယအောင်သွယ်တော်ကို ပြန်ပို့ပေးလိုက်ပြီး တစ်ချိန်ထဲတွင် ပျော်ရွှင်မိသလို စိတ်ပူနေမိပြန်သည်။ ပျော်ရသည်က လက်ထပ်ခွင့်လာတောင်းကြသည့် မိသားစုများသည် တစ်ယောက်ထက်တစ်ယောက် သာလွန်နေကြသည်။ လက်ထပ်ခွင့် လာတောင်းကြသည့် မိသားစုတိုင်းက တစ်ခုထပ် တစ်ခုပိုသာနေသဖြင့် သူမ ပျော်ရသည်။ စိုးရိမ်မိသည်က မိသားစုထဲတွင် အလွန်မှ လက်ထပ်ပေးရန် ခက်ခဲသည့် အရွယ်ရောက်ပြီးသား လူနှစ်ယောက် ရှိနေခြင်းပင်။

သူမသည် ထိုအကြောင်းကို စဥ်းစားလိုက်သည်နှင့် တစ်ပြိုင်နက် အင်မတန်ခက်ခဲသည့် အကြီးဆုံးသမီးက မျက်လုံးထဲတွင် ခပ်ရေးရေးအပြုံးတစ်ခုဖြင့် အပြင်မှ ဖြည်းညင်းစွာ ဝင်လာလေသည်။

“ အမေ”

“သမီးက အချိန်ကိုက်ကို ရောက်လာတာပဲ၊ အခုလေးတင် လော့ဟယ်မြို့က နာမည်ကြီးဝေမိသားစုက လွှတ်လိုက်တဲ့ အောင်သွယ်တော်တစ်ယောက်ကို ပြန်ပို့ပေးလိုက်တယ်၊ သူပြောတာတော့ ဝေမိသားစုရဲ့ နံပါတ်လေး သခင်လေးက လက်ထပ်ဖို့ တောင်းဆိုတာတဲ့”

အကြီးဆုံးသမီး ရောက်လာသည်ကို မြင်လိုက်ရသဖြင့် အမျိုးသမီးစုက သုံးပြီးသား ပန်းကန်လုံးများကို မြန်မြန်သိမ်းခိုင်းလိုက်ပြီး ဆူးနှင်းဆီးလက်ဖက်ရည်တစ်ခွက်ကို မြန်မြန်ချခိုင်းလိုက်လေသည်။

“ နံပါတ်လေး သခင်လေးဝေက အခုမှ ၁၇နှစ်ပဲ ရှိသေးတယ် ပြီးတော့ သူက ရှို့ချိုင်တစ်ယောက်တောင် ဖြစ်နေပြီတဲ့၊ မနှစ်က ရှို့ချိုင်စာမေးပွဲအောင်တုန်းက သူက လော့ဟယ်မှာ အဆင့် တစ်ကနေ တစ်ဆယ်အတွင်း ဝင်ခဲ့တယ်တဲ့၊ ဒီရွှေသားအဆင့်ရာထူးကတော့ ကျိန်းသေနေပါပြီ”

ထိုတင်မကသေးဘဲ ဝေမိသားစုသည် လော့ဟယ်ပြည်နယ်တွင် နာမည်ကြီးပညာရှင်မိသားစု တစ်စုလည်း ဖြစ်လေသည်။ နံပါတ်လေး သခင်လေးဝေမတိုင်ခင် မျိုးဆက်သုံးခုကို ကြည့်လိုက်လျှင်လည်း မိသားစုက ဒုတိယအဆင့် အစိုးရဝန်ထမ်းတစ်ယောက်ကို မွေးထုတ်ပေးခဲ့သည်။ သခင်ကြီးဝေသည် ရှေ့လူကြီးများလောက် မတော်သော်လည်း သူသည် တော်ဝင်ရုံးတော်မှ အနားယူထားသူ အမတ်ဟောင်းတစ်ယောက် ဖြစ်သည်။ သည်လိုမိသားစုတစ်ခုက စုမိသားစုထံ လက်ထပ်ခွင့်လာတောင်းသည်က ရှားရှားပါးပါးပင်။

အမျိုးသမီးစု ထိုအကြောင်းကို တွေးကြည့်လေလေ ပိုပြီး စိတ်လှုပ်ရှားလာလေလေ ဖြစ်နေ၏။ သည်လက်ထပ်ပွဲသာ အမှန်တကယ် ဖြစ်လာခဲ့လျှင် ယိုပေါင်သည် အနာဂတ်တွင် ဘုရင့်အမိန့်တော်ရ ဘွဲ့တံဆိပ်တော်တစ်ခု သေချာပေါက် ချီးမြင့်ခံရနိုင်သည်။ သို့သော် သူမသည် ချက်ချင်း သဘောမတူရဲခဲ့ချေ။ သူမ၏မျက်ခုံးများကြားတွင် ပျံ့နှံ့နေပြီးသားဖြစ်သည့် ပျော်ရွှင်မှုများကို ဖိနှိပ်ထားလိုက်ပြီး အကြီးဆုံးသမီးဖြစ်သူကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်လေသည်။

“ ဘယ်ညီမလေးကို ဝေမိသားစု မျက်စိကျသွားတာလဲ”

ယိုကျင့်သည် အာရ်ယာ အမျိုးသမီးကျောင်းတော်ကို စဖွင့်ကတည်းက ဝေမိသားစုအကြောင်း ကြားခဲ့ဖူးသည်။ ဝေမိသားစုရဲ့ ဒုတိယသခင်မက လက်တလော အာရ်ယာကျောင်းတော်မှာ အချိန်ပိုင်းဆရာတစ်ယောက် လုပ်နေတာလေ။ လတိုင်း ပထမရက်နဲ့ ဆယ့်ငါးရက်မြောက်နေ့တွေမှာ သူမက ကဗျာစာပေအတန်းကို သင်ကြားပေးနေတာ။ စဥ်းစားကြည့်လိုက်တော့ ဝေမိသားစုက လက်ထပ်ဖို့ လာတောင်းရမ်းတာ ဒုတိယသခင်မဝေနဲ့ ဆက်စပ်နေမှာပဲ။ ဒီစစ်ဝေက လူကောင်းတစ်ယောက်ဆိုရင်တော့ ဒီလက်ထပ်ပွဲကို သဘောတူလို့ရပါတယ်။

အမျိုသမီးစု၏တစ်ကိုယ်လုံးသည် ပျော်ရွှင်မှုဖြင့် အပြည့်ဖြစ်နေသော်လည်း သူမ၏အသံကို နိမ့်ကာ ပြန်ဖြေလိုက်လေသည်။

“ ယိုပေါင် တဲ့”

“ကျောင်းမှာ ဒုတိယသခင်မဝေက ယိုပေါင်ကို ချစ်တယ်လေ၊ သမီး မှတ်မိသလောက် စစ်ဝေက ဒုတိယမိသားစုရဲ့ အငယ်ဆုံးသား၊ ဟုတ်တယ်မလား၊ ဒါဆိုရင်တော့ ယုတ္တိရှိပါတယ်”

အမျိုးသမီးစုနှင့် ၈၀%လောက်တူသည့် မျက်လုံး မျက်ခုံးများသည် ပျော်ရွှင်စွာ ကွေးသွားတော့သည်။ ယိုကျင့်သည် သည်လက်ထပ်ပွဲကို အလွန်ကျေနပ်မှန်း သိသာနေသည်။

“ဒါပေမဲ့ ဒါက တစ်ကဏ္ဍပဲ၊ သမီးတို့တွေ စစ်ဝေရဲ့ ပုံမှန်ချိန်မှာ နေတတ်တဲ့ အကျင့်စရိုက်ကို တစ်ယောက်ယောက်နဲ့ စုံစမ်းခိုင်းဖို့လိုသေးတယ်၊၊ ပြီးတော့ ယိုပေါင်ဘက်ကိုရောပဲ၊ သူလည်း ဒီကိစ္စမှာ စိတ်ကျေနပ်ဖို့လိုတယ်”

အမျိုးသမီးစုကို မသင်္ကာသလိုကြည့်လိုက်ပြီး သူမက မေးလိုက်လေသည်။

“ အမေ ဒီလက်ထပ်ပွဲကို သဘောမတူရသေးပါဘူးနော် ဟုတ်တယ်မလား”

အကြီးဆုံးသမီး၏ သံသယဝင်ခံလိုက်ရသဖြင့် အမျိုးသမီးစုမှာ အနည်းငယ် ရှက်သွားတော့သည်။ စိတ်ဆိုးသည့်ဟန်ဖြင့် သူမက ယိုကျင့်၏လက်ကို ရိုက်လိုက်ပြီး

“ အမေ့ကိုများ သမီးက ဘယ်လိုလူလို့ ထင်နေတာလဲ၊ အမေက သမီးတို့တွေရဲ့စိတ်ကို မသိဘဲ နေမလား၊ ဘယ်လိုလုပ်ပြီး ကိုယ့်သဘောနဲ့ကိုယ် သဘောတူရဲမှာလဲ၊ မိသားစုနဲ့ တိုင်ပင်ပြီး တစ်ရက်နှစ်ရက်လောက် နေရင် အကြောင်းပြန်ပေးမယ်လို့ပဲ သူ့ကို ပြောလိုက်ပါတယ်”

သူမသည် ဝေမိသားစုက ဖိတ်ခဲ့သည့် အောင်သွယ်တော်ကို ရည်ညွှန်းလိုက်ခြင်းဖြစ်လေသည်။

သူမသည် သည်အခြေအနေအထိ ရောက်သွားချိန်၌ အမျိုးသမီးစုမှာ စိတ်အေးသွားသည်လား ၊ စိတ်ရှုပ်သွားသည်လားပင် မသိတော့ပေ။ တခြားလူတွေရဲ့ လက်ထပ်ပွဲမှာဆိုရင် ဘယ်လက်ထပ်ပွဲက အောင်သွယ်တော်ရဲ့ စကားကို နားထောင်ပြီး မိဘတွေက မဆုံးဖြတ်လို့လဲ။ သူမရဲ့မိသားစုက ကလေးတွေက တစ်ယောက်ထက် တစ်ယောက်က ပိုပြီး လွတ်လပ်နေကြတာ။ သူမသည် သူတို့မသိဘဲ တကယ်တမ်း သဘောတူလိုက်ကြည့်ပါလား။ သူတို့တွေ သူမကို မုန်းသွားပြီး နောက်ဆိုရင် စိတ်ထဲမှာ အငြိုးတောင် ထားနေအုံးမှာမလား။

“ အမေ သဘောမတူခဲ့ဘူးဆိုရင်တော့ ဟုတ်ပါပြီ၊ သမီး ဒီကိစ္စကို ယိုပေါင်နဲ့ ပြောလိုက်မယ်၊ ယိုပေါင်က ဆန္ဒရှိတယ်၊ စစ်ဝေကလည်း ကောင်းတယ်ဆိုရင် အမေက နောက်တစ်ခါ အောင်သွယ်တော်လာရင်း သဘောတူလိုက်ပေါ့”

ယိုကျင့်သည် အမျိုးသမီးစု၏ ထိုကိစ္စအပေါ်ကိုင်တွယ်ပုံကို ထောက်ခံကြောင်း ဖော်ပြလိုက်သည်။ သူမက သက်တော်စောင့်ခေါင်းဆောင်ရှောင်ကို ချက်ချင်းခေါ်လိုက်ပြီး ဝေမိသားစုနှင့် စစ်ဝေ၏အကျင့်စရိုက်ကို စုံစမ်းရန် သူ့ကို တာဝန်ပေးလိုက်လေသည်။

စုမိသားစုဘက်တွင် ယိုပေါင်၏လက်ထပ်ပွဲကိစ္စအတွက် စုံစမ်းနေစဉ် ဝေမိသားစုဘက်တွင်တော့ သည်လက်ထပ်ပွဲကြောင့် ပွက်လောရိုက်နေတော့သည်။

“အမေရာ ကျွန်တော် အခု တကယ် မိန်းမယူချင်သေးပါဘူးဆို၊ နောက်နှစ်ကျရင် ဆောင်းဦးစာမေးပွဲရှိသေးတယ်၊ သား စာကြိုးစားဖို့ လိုသေးတယ်”

စစ်ဝေသည် အမေဖြစ်သူက အာရ်ယာကျောင်းတွင် စာသွားသင်လိုက်ပြီးနောက်တွင် အာရုံပြောင်းသွားလိမ့်မည်ဟု ထင်ထားခဲ့သည်။ မျှော်လင့်မထားဘဲ သူမသည် အာရ်ယာအမျိုးသမီးကျောင်းတော်တွင် သူ့အတွက် ‘အကောင်းဆုံးဇနီးလောင်း’ဟုခေါ်သူကို ရှာခဲ့လေသည်။ တံခါးက ဝင်လာသည့် အောင်သွယ်တော်ကို မြင်ခဲ့သည့် စစ်ဝေမှာ သူ့အမြင်အာရုံသည် ဒေါသကြောင့် အနည်းငယ်မည်းမှောင်သွားသည်ဟုပင် ခံစားလိုက်ရတော့သည်။ သူသည် ဒုတိယသခင်မဝေနှင့် အငြင်းအခုန်လုပ်ပစ်ချင်တော့သည်။

ဒုတိယသခင်မဝေသည် စာပေပညာရှင်မိသားစုတစ်ခု၏ သမီးဖြစ်သော်လည်း သူမသည် ဆယ့်နှစ်ရာသီလုံး ငိုယိုနေတတ်သည့် စိတ်ပျော့ပြီး အရည်အချင်းရှိသည့် မိန်းမတစ်ယောက် မဟုတ်ပေ။ လက်ထဲက လက်ဖက်ရည်ပန်းကန်းလုံးကို ချလိုက်ပြီး စစ်ဝေကို အေးစက်စက် ကြည့်လိုက်ပြီး

“ မိန်းမယူတာ ဘာမှားလို့လဲ၊ မိန်းမတစ်ယောက်ယူထားပြီး နင်နဲ့အတူ စာဖတ်ကူမဲ့ မိန်းမလှလေးတစ်ယောက် ရှိတာ မကောင်းဘူးလား၊ နင်ဟာလေ တစ်နေ့တစ်နေ့ စာဖတ်ဖို့ပဲသိတယ်၊ အဲလောက် စာတွေဖတ်နေတာ နောက်ဆုံးတော့ အချိန်အလကားကုန်တာပဲ၊ နင့်အကြီးဆုံးအစ်ကို၊ ဒုတိယအစ်ကို ၊ တတိယအစ်ကို ၊ ညီလေး ငါး နဲ့ ညီလေး ခြောက်တို့ကြည့်လိုက်စမ်း၊ ဘယ်သူက စာမလေ့လာနေကြလို့လဲ၊ သူတို့တွေ ရေးကြီးခွင်ကျယ်လုပ်ပြီး လက်ထပ်ဖို့ ငြင်းခဲ့ကြလား”

ဝေမိသားစု’သခင်ကြီးတွင် သားလေးယောက်နှင့် မြေးကိုးယောက်ရှိသည်။ အကြီးဆုံးမြေး၊ တတိယမြေးနှင့် နံပါတ်ခြောက်မြေးမှာ ပထမမိသားစုဖြစ်သည်။ ဒုတိယမိသားစုတွင် ဒုတိယမြေးနှင့် နံပါတ်လေး မြေးရှိသည်။ တတိယမိသားစုတွင် နံပါတ် ငါးနှင့် နံပါတ်ခုနှစ် မြေးတို့ရှိသည်။ စတုတ္ထမိသားစုတွင် နံပါတ်ရှစ်မြေးနှင့် နံပါတ်ကိုး မြေးရှိသည်။ ပထမမြေးသုံးယောက်အားလုံးသည် လက်ထပ်ပြီးကြပြီး ဝေမိသားစု၏ လေးဆက်မြောက်မျိုးဆက်ကို မွေးခဲ့ကြပြီးဖြစ်သည်။ စစ်ဝေနှင့် အသက်တူသည့် ဝူဝေ (နံပါတ်ငါး သခင်လေးဝေ) ကလည်း လက်ထပ်ပြီးပြီ။ လျို့ဝေ (နံပါတ်ခြောက်သခင်လေးဝေ) ကလည်း စေ့စပ်ပြီးပြီ။ စည်ပင်ထွန်းကားသည့် မိသားစုတစ်ခုဟု ဆိုနိုင်လေသည်။

သို့သော် မိသားစုတိုင်းတွင် အာဂုံဆောင်နိုင်ရန် ခက်ခဲသည့် ကျမ်းစာများက ရှိစမြဲ။ စစ်ဝေသည့် ဝေမိသားစုတွင် ခက်ခဲလှသည့် ကျမ်းတစ်ခု ဖြစ်တော့သည်။ သူသည် ငယ်ငယ်ကတည်းက ရှေးဟောင်းကျောက်စိမ်း ဆွဲပြားနှင့်တူပြီး ခေါင်းမာလေသည်။ ဒုတိယသခင်မဝေက သူ့အတွက် စိတ်ပူနေရတော့သည်။ ဝေမိသားစု၏ သခင်မကြီးကပင် မကြာခဏဆိုသလို နည်းနည်းပါးပါး ဝင်ပြောလာပြီး ဒုတိယသခင်မဝေအား သူမ၏မြေးလေးကို ကျန်ရစ် မဖြစ်စေရန် မြန်မြန် လက်ထပ်ပေးလိုက်ဖို့ စကားရိပ်သန်းလာခဲ့သည်။

တိုတိုပြောရလျှင် စစ်ဝေသည် ဝေမိသားစု၏ တစ်ခုတည်းသောပြဿနာကြီး ဖြစ်လေသည်။

“အမေရာ အကြောင်းမရှိ ဒုက္ခမရှာပါနဲ့လား”

ဒုတိယသခင်မဝေနှင့် တစ်ဝက်လောက်တူသည့် စစ်ဝေသည် သူ့နားထင်မှာ အနည်းငယ် တင်းသွားသည်ကို ခံစားလိုက်ရတော့သည်။ သူလေ ဒီလို ကျိုးကြောင်းမဲ့ ဇွဲကောင်းလွန်းတဲ့ အမေ့ကို နှစ်တွေအကြာကြီး အရမ်းချစ်လာခဲ့တဲ့ သူ့အဖေကို တကယ်လေးစားတယ်။ သူသာဆိုရင်တော့ တစ်ရက်လေးတောင် အသက်ရှင်ဖို့ ခက်ခဲနေမှာပဲ။

ဒုတိယသခင်မဝေသည် ထိုစကားကို ကြားလိုက်ချိန်တွင် သူမ၏ရင်ဘတ်ကို ဖိထားဟန်ဆောင်လိုက်ပြီး မျက်လုံးများထဲတွင် မျက်ရည်ဝဲကာဖြင့် ခန်းမထဲတွင် ရပ်နေသည့် စစ်ဝေကို ကြည့်လိုက်ပြီး

“ ငါက အကြောင်းအရင်းမရှိဘဲနဲ့ ဒုက္ခရှာနေတယ်လို့ နင်က ပြောတယ်၊ သားက ကြီးလာပြီ၊ အမေက အိုလာပြီဆိုတော့ ငါက အထင်သေးခံနေရပြီပဲ”

အမေဖြစ်သူ၏ လက်ရာမြောက်လှသည့် သီချင်းနှင့် စာသားများ ဇာတ်ရုပ်ကို မြင်လိုက်ရသည်တွင် စစ်ဝေသည် ပိုလို့ပင် ခေါင်းကိုက်လာတော့သည်။

“ အမေရယ် အဲလိုမလုပ်ပါနဲ့....”

သူ့စကားမဆုံးခင်မှာပင် သူ့နောက်က ဟိန်းဟောက်သံတစ်ခုက ဖြတ်ဝင်လာတော့သည်။

“ မလိမ္မာလိုက်တဲ့သား၊ မင်းအမေကို ဒေါသထွက်အောင် လုပ်ပြန်ပြီလား”

ဒုတိယသခင်ကြီးဝေသည် သားဖြစ်သူကို ဒေါသထွက်ရသဖြင့် မိန်းမဖြစ်သူ၏ ငိုကြွေးသံကို ကြားလိုက်ရသည်နှင့်ချက်ချင်း တံခါးနားသို့ ရောက်လာတော့သည်။ သူသည် ခြေလှမ်းကျဲများဖြင့် ဝင်လာပြီး ဒုတိယသခင်မဝေ၏ ဘေးတွင် ထိုင်ချလိုက်သည်။ ထို့နောက် စစ်ဝေကို ခပ်မာမာဖြင့် ကြည့်လိုက်လေသည်။

“ ငါမင်းကို ဒီအရွယ်အထိ ကြီးလာအောင် ပျိုးထောင်ခဲ့တာ အလကားပဲ၊ တစ်နေ့ တစ်နေ့ မင်းအမေကို ဒေါသထွက်အောင် လုပ်ဖို့ပဲသိတယ်”

ဒုတိယသခင်ကြီးဝေသည့် ဘာဖြစ်နေမှန်းမသိသော်လည်း သားဖြစ်သူက သူ၏အသိမ်မွေ့ဆုံးသော မိန်းမဖြစသူကို ရှိုက်ကြီးတငင်ငိုရသည်အထိ ဒေါသထွက်အောင် လုပ်ခဲ့သည်ကိုသာ သိလေသည်။

“ အာခံတတ်တဲ့သား မင်း သင်ထားတာတွေက အလကား ဖြစ်သွားပြီလား၊ မသိတတ်၊ မလေးစားတတ်နဲ့ မင်း မရှက်ဘူးလားကွ”

စစ်ဝေသည် သူ့အဖေရင်ခွင်ထဲတွင် ရှိုက်ကာငိုနေသည့် အမေဖြစ်သူကို ကြည့်လိုက်လေသည်။ ထို့နောက် အဆူခံလိုက်ရသည့် သူ့ကိုယ်သူ ပြန်စဥ်းစားလိုက်ပြီး ဘဝက အလွန်မှ ခက်ခဲကြောင်း စဥ်းစားမိလိုက်တော့သည်။ သူက ခေါင်းမော့ကာ ကောင်းကင်ကြီးကိုသာ နှုတ်ဆိတ်ရင်း မေးခွန်းထုတ်လိုက်တော့သည်။ တခြားသူတွေမှာတော့ သာမန်မိဘစုံတွဲတွေ ရှိကြပြီးမှာ သူ့ကျမှာ ဘာလို့မရှိရတာလဲတဲ့။

စစ်ဝေသည် ဘိုးဘွားခန်းမထဲတွင် ဒူးထောက်ကာ တစ်ဖန် အပြစ်ပေးခံလိုက်ရတော့သည်။ မျက်လုံးထဲတွင် ခံစားချက်အရိပ်အယောင်တစ်ခုပင်မပါဘဲ ဘိုးဘွာကဗျည်းတိုင်ရှေ့တွင် ဒူးထောက်ရင်း စိတ်ထဲက သက်ပြင်းချလိုက်တော့သည်။

“ တကယ်ပါပဲ မင်းကတော့လေ၊ အမေ့ကို ဘာအတွက်နဲ့ သွားဆွနေရတာလဲ”

မိခင်ဖြစ်သူ၏အမိန့်အောက်တွင် စကားချိုချိုပြောတတ်သည့် အာ့ဝေက ရောက်လာပြီး အစားအသောက်ဘူးတစ်ခုဖြင့် သူ့ဘေးတွင် ဒူးထောက်ချလိုက်သည်။ သူသည် ဘိုးဘွားများကို တရိုတသေ ဦးချကန်တော့လိုက်ပြီးနောက် စစ်ဝေဘေးတွင် ရပ်လိုက်လေသည်။

“ ငါ စုံစမ်းထားပြီးပြီ၊ ဒီတစ်ခါ အမေ မျက်စိကျနေတာ ဝူလီချောင်က စုမိသားစုရဲ့ သမီးကိုပဲ၊ သူ့အကျင့်စရိုက်နဲ့ ရုပ်ရည်က တော်တော်က လှတယ်လို့ ပြောကြတယ်၊ မင်း တစ်ချက်လောက် အရင်ကြည့်ကြည့်ပါအုံးလား”

အောင်သွယ်တော့ ဒုတိယအစ်ကိုကြီးကို လှည့်ကြည့်လိုက်ပြီးနောက် စစ်ဝေ၏အမူအရာက ပြောင်းမသွားချေ။

“ ပြီးခဲ့တဲ့အခေါက်တုန်းကလည်း အမေ ပြောခဲ့တာပဲ၊ သူ ချန်မိသားစုရဲ့မမလေးကို သဘောကျတယ်တဲ့၊ မင်းလဲ အဲလိုပဲ ပြောခဲ့တာပဲ၊ ပြီးခဲ့တဲ့တစ်ခေါက်ရဲ့ နောက်တစ်ခေါက်တုန်းကလည်း အမေက ကျောက်မိသားစုရဲ့မမလေးကို သဘောကျတယ်လို့ ပြောတော့ မင်းလည်း တပုံစံထဲ ပြောခဲ့တဲ့လေ၊ ဟိုတစ်ခါကလည်း...”

သူပြောခဲ့သည့် ပေါက်ကရစကားများကို ညီငယ်လေးက တစ်ခုပြီးတစ်ခု ပြန်ရွတ်ပြနေသည်ကို နားထိုင်ရင်း အာ့ဝေ၏မျက်နှာပေါ်က အပြုံးမှာ အေးခဲသွားတော့သည်။ ထို့နောက်တွင်တော့ သူသည် ပိုတောက်အောင် ပြုံးလိုက်ပြီး

“ ဒီတစ်ခါက တကယ်ပါကွ အစ်ကိုက မင်းကို ဘာလို့လိမ်ရမှာလဲ”

“ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလဲ အဲလိုပဲ ပြောတာပဲ”

“အယ်....”

“ ဒုတိယအစ်ကို အရင်ပြန်နှင့်ပါတော့၊ ကျွန်တော် ခဏလောက် တစ်ယောက်ထဲ ဒူးထောက်ပါရစေ”

စစ်ဝေက သူ့အကြည့်ကို ရုပ်သိမ်းလိုက်ပြီး အသက်မဲ့သည့်အကြည့်ဖြင့် ဘိုးဘွားကဗျည်းတိုင်ကို ကြည့်လိုက်ပြီးနောက် ခပ်ပါးပါး သက်ပြင်းချလိုက်တော့သည်။ ဘဝကြီးကလည်း နှင်းတွေလို တကယ်ကို အထီးကျန်ဖို့ကောင်းလိုက်တာနော်။

သူ့ညီငယ်လေးကို ထိုသို့မြင်လိုက်ရသဖြင့် အာ့ဝေသည် ချောင်းခြောက်ဆိုးလိုက်ပြီး သူ့ပခုံးကို ပုတ်လိုက်လေသည်။

“ ဒီဟင်းတွေအားလုံးကို အမေက အစေခံတွေကို လုပ်ခိုင်းထားတာ၊ အားလုံးက မင်းအကြိုက်တွေချည်းပဲ၊ ပူတုန်း စားလိုက်၊ ငါ အရင်သွားနှင့်မယ်”

သူ့ရှေ့က ဖွင့်ထားသည့် ထမင်းဘူးကို ကြည့်လိုက်ပြီး စစ်ဝေ၏နှုတ်ခမ်းမှာ လုံးဝမသိသာအောင် ကွေးတက်သွားတော့သည်။ သူ ခေါင်းမာနေသ၍ အမေက သေချာပေါက် လိုက်လျောပေးလိမ့်မယ်လေ။

သို့သော် သည်တစ်ကြိမ်တွင်တော့ စစ်ဝေသည် ဒုတိယသခင်မဝေ၏ဆုံးဖြတ်ချက်ကို လျှော့တွက်မိခဲ့လေသည်။ သူသည် အိမ်မှာ ရှိနေသ၍ အမေဖြစ်သူ၏ အဆုံးမရှိငိုကြွေး ပြဿနာရှာခြင်းဖြင့် နှောင့်ယှက်ခံရလေသည်။ ထို့နောက်တွင် ဘိုးဘွားခန်းမထဲ၌ အဖေဖြစ်သူ၏ ဒူးထောက်အပြစ်ပေးခြင်းခံရမည်။ ဒူးများ ညိုမည်းလာသည့် စစ်ဝေသည် စိတ်ဓာတ်ကျသလို ခံစားရလာပြီး သူ့ကိုယ်သူ တွေးမိလေတော့သည်။

“ အမေ သဘောကျအောင်လုပ်နိုင်တဲ့လူတွေက ပုံမှန်မဟုတ်တဲ့လူတွေပဲ ဖြစ်ရမယ်”

သူသည် ပုရွက်ဆိတ်လေးတစ်ကောင်ကို နင်းမိရုံနှင့် မျက်ရည်ဝဲလာတတ်သည့် အိမ်က ဒုတိယမရီးအကြောင်းကို စဥ်းလိုက်တော့သည်။ ထို့နောက် အမေ အရင်က သဘာကျခဲ့သည့် သခင်မလေးများကို စဥ်းစားလိုက်လေသည်။ သူတို့တွေက သူ့ထက်ဆိုးတဲ့ စာဂျပိုးတွေ မဟုတ်ရင် မိသားစုနောက်တွင် အပြင်ထွက်ရဲပြီး သူတို့ရဲ့ဘဝရေးရာတွေကို လျှို့ဝှက်လုပ်တတ်တဲ့သူပဲ။ စစ်ဝေသည် သူ့ဘဝမှာ အလွန်မှ ခက်ခဲလှသည်ဟု တဖန် ခံစားရလိုက်ရပြန်သည်။

လျို့ဝေသည် သည်ရက်များတွင် သူ ဒုက္ခရောက်နေပြီး အိမ်တွင် မနေချင်မှန်း သိလေသည်။ ကျောင်းပိတ်ရက်နှင့်လည်း ကြုံနေသည်။ ထို့ကြောင့် သူက အတူတူ လမ်းထွက်လျှောက်ဖို့ မေးလာ၏။

“ အခုဆိုရင် ကြာပန်းတစ်ထောင် ရေကန်က ကြာပန်းတွေ ပွင့်နေပြီလို့ ကြားထားတယ်၊ ငါတို့ အတန်းဖော်တချို့က ကြာပန်းသွားကြမလို့၊ အစ်ကိုလေး လုပ်စရာမရှိရင် အတူတူလိုက်ခဲ့ပါလား”

အမေဖြစ်သူက အခုတလော လုပ်နေပုံများကို စဥ်းစားလိုက်မိချိန်တွင် စစ်ဝေသည် လျို့ဝေခေါ်သည်ကို ချက်ချင်း လက်ခံလိုက်တော့သည်။ နောက်ဆုံး အိမ်၌

အမေဖြစ်သူ၏ ဟန်ဆောင်ငိုယိုခြင်းများကို နားထောင်ပြီး ဘိုးဘွားခန်းမသို့ သွားရသည်ထက်စာလျှင် အပြင်ထွက်လမ်းလျှောက်ပြီး အပန်းဖြေရသည်က အများကြီး ပိုကောင်းပေမည်။

…

All Chapters