← Chapters

အခန်း ၁၅၄

Vol. 11 Ch. 154

အခန်း ၁၅၄

Vol. 11 Ch. 154

အပိုင်း (၁၅၄) နှစ်သစ်ကူးနှင့် ဆုလာဘ်များ

နှစ်သစ်ကူးအကြိုမနက်ခင်း စောစောတွင် ရက်ပေါင်းများစွာကျဆင်းခဲ့သည့် နှင်းများကလည်း နောက်ဆုံးတော့ ရပ်တန့်သွားလေသည်။ ခပ်ဖျော့ဖျော့ အနီရောင်နေလုံးကြီးက အရှေ့ဘက်တောင်ပေါ်တွင် တွဲလွဲခိုနေသသည်။ မကြာခဏဆိုသလို မီးရှူးမီးပန်းများနှင့် ကလေးများရယ်မောသံကို ကြားနေရသည်။ အတန်ပင် အသက်ဝင်လှပေသည်။

“ အဘွား၊ အဖေ ၊ အမေ သားပြန်လာပါပြီ”

ရှောင်မိသားစု ယာယီနေထိုင်သည့် သီးသန့်ခြံဝင်း၏ ပင်မဆောင်ထဲတွင် သန့်ရှင်းပြီးနွေးထွေးသည့် ဘရိုကိတ်သားအဝတ်အစားကို လဲဝတ်ထားသည့် ရှောင်လင်းယွီက သူ၏ဝတ်ရုံရှည်ကြီးကို မ,ကာ ရှောင်မိသားစု၏ လူကြီးများရှေ့တွင် ချက်ချင်း ဒူးထောက်ချလိုက်လေသည်။ သူက သုံးကြိမ်တိုင်တိုင် အားဖြင့် ဦးတိုက်ကန်တော့လိုက်၏။

အမျိုးသမီးယွီမှာ မျက်ရည်အပြည့် ဖြစ်နှင့်နေသည်။ ကပ်ဘေးမှ ပြန်လာချိန်က ဘာမှမပြောခဲ့သည့် ရှောင်ဟိုင်ရူကပင် မျက်လုံးများ နီရဲသွားတော့သည်။ အမျိုးသမီးစုန့်ဘေးတွင် ထိုင်ရင်း လင်မယားနှစ်ယောက်လုံးက ဝမ်းသာမျက်ရည်ကျနေကြတော့သည်။

“ ကလေးရယ် အပြင်မှာ နှင်းကျနေတယ်လေ၊ အဝေးကြီးကနေ တစ်လမ်းလုံး အလောတကြီး ပြန်လာရတာ ပင်ပမ်းနေပါပြီ”

ရှောင်ဟိုင်ရူတို့ညီအစ်ကိုသည် ပြန်ရောက်လာချိန်၌ သားအကြီးဆုံး သေဆုံးသွားသည့်သတင်းကို အမျိုးသမီးစုန့်အား ဖုံးကွယ်ထားခဲ့သည်။ ဘာမှမသိသည့် အမျိုးသမီးစုန့်ကတော့ အလွန်ပျော်ရွှင်လို့ပင်။ သားဖြစ်သူ သေဘေးမှ လွတ်လာခဲ့ချိန်တွင် အမျိုးသမီးစု၏ စိတ်လှုပ်ရှားမှုကိုတော့ ယှဥ်နိုင်မည်မဟုတ်ပေ။

“ မြောက်ပိုင်းရှင်းကျန်းက ကိစ္စတွေအားလုံးကို သေသေချာချာ ဖြေရှင်းခဲ့ပြီးပြီလား”

ဟိုတုန်းက ရှောင်ဟိုင်ရူနှင့် ကျန်လူများက ရှောင်လင်းယွီသည် မြောက်ပိုင်းရှင်းကျန်းတွင် အရေးကြီးကိစ္စ ဖြေရှင်းစရာရှိသည်ဟု အကြောင်းပြထားခြင်းဖြစလေသည်။ ထို့ကြောင်း အမျိုးသမီးစုန့်က ထိုသို့မေးလိုက်ခြင်းပင်။ သူမက အကြီးဆုံးမြေးလေး၏လက်ကို လှမ်းကိုင်လိုက်ကာ ပုတ်ပေးလိုက်ပြီး

“ ပိန်သွားလိုက်တာကွယ်၊ ပိန်သွားတယ်”

ယောက်ျားတစ်ယောက်သည် နည်းနည်းလေးပင် မငိုသော်လည်း သူသည် မိသားစုနှင့် နှစ်ပေါင်းများစွာ ကွဲကွာနေခဲ့ရသည်။ အပြင်ဘက်တွင် တစ်ယောက်တည်းနေ ခဲ့ရသည့် ရှောင်လင်းယွီသည် နောက်ဆုံးတော့ နားလည်သဘောပေါက်သွားတော့သည်။ အဖေက သူ့အပေါ် အေးစက်ပြီး အမေက သူ့အပေါ် မျှော်လင့်ချက် အရမ်းကြီးသော်လည်း သူတို့အားလုံးသည် သူ၏သွေးတော်သားစပ် ဆွေမျိုးရင်းချာ ဖြစ်ကြလေသည်။ ထိုအရာကို ပယ်ဖျက်လို့မရနိုင်ပေ။

မျက်လုံးများ အနည်းငယ်နီရဲလာသည့် ရှောင်လင်းယွီက အမျိုးသမီးစုန့်၏ဘေးတွင် ရပ်ကာ ပြန်ဖြေလိုက်၏။

“ မြေးက အဝေးကိုရောက်နေလို့ အဘွားကို မသိတတ်ပေးနိုင်ခဲ့ဘူး၊ အဘွားကို ဝမ်းနည်းအောင် လုပ်ခဲ့မိပါတယ်၊ မြေးတကယ့်ကို သားသမီးဝတ္တရားမကျေခဲ့ပါဘူး”

ဒုတိယသခင်ကြီးရှောင်နှင့် အမျိုးသမီးကျောက်တို့က ဘေးတွင် ထိုင်နေကြသည်။ သူတို့၏ အကြီးဆုံးတူလေး ပြန်ရောက်လာသည်ကို မြင်လိုက်ရသဖြင့် သူတို့လည်း ပျော်ကြသော်လည်း တစ်ဖက်တွင်တော့ သူမ၏သားကို အနည်းငယ်လွမ်းနေမိလေသည်။ လင်မယားနှစ်ယောက်ကို အပြန်အလှန်ကြည့်လိုက်ကြ၏။ အမျိုးသမီးကျောက်က ရေရွတ်လိုက်လေသည်။

“ လင်းဝမ်သာ အခုဒီမှာရှိရင် အရမ်းကောင်းမှာပဲ”

“ ကလေးတွေ အဆင်ပြေနေတယ်ဆိုရင် ငါတို့တွေ ပြန်တွေ့ရမဲ့နေ့တစ်နေ့တော့ ရောက်လာမှာပါ”

ဒုတိယသခင်ကြီးရှောင်က သူ့မိန်းမ၏လက်ကို ပုတ်ပေးလုက်ပြီး နှစ်သိမ့်စကား ပြောပေးလိုက်လေသည်။

***

ရှောင်လင်းယွီ ပြန်ရောက်လာခြင်းက ရှောင်မိသားစုကို ပိုပြီး စည်းစည်းလုံးလုံး ဖြစ်သွားစေတော့သည်။ မျိုးဆက်သုံးခုက ပင်မဆောင်ထဲတွင် အချိန်အကြာကြီး စကားပြောလိုက်ကြပြီးမှ ရှောင်ဟိုင်ရူနှင့် ဒုတိယသခင်ကြီးရှောင်တို့က ရှောင်လင်းယွီအား သီးသန့်ခြံဝင်း၏ စာကြည့်ခန်းငယ်ဆီသို့ ခေါ်လာကာ ကိစ္စများကို တိုင်ပင်ဆွေးနွေးလိုက်ကြသည်။

“ ဟိုတုန်းက ဘာဖြစ်ခဲ့တာလဲ”

ရှောင်ဟိုင်ရူက သူ့သားကို စိုက်ကြည့်လိုက်၏။ သူ့သားကို စီရင်ခံလိုက်ရတာ သူ့မျက်လုံးနဲ့ ကိုယ်တိုင် စောင့်ကြည့်ခဲ့တာလေ။ အခုအချိန်မှ သူ့သားက အဆင်ပြေနေတာ ကောင်းကိစ္စဆိုပေမဲ့ အဲဒီတုန်းက ဘာတွေဖြစ်ခဲ့တာတဲ့လဲ။

ရှောင်လင်းယွီက အောက်ဘက်တွင် ထိုင်နေသည်။ သူက မတ်တတ်ရပ်လိုက်ပြီး လူကြီးနှစ်ယောက်ကို ဦးညွှတ်လိုက်ပြီးမှာ အတွင်းအပြင် ကိစ္စအားလုံးကို တစ်ခုချင်း ရှင်းပြလိုက်လေသည်။

အကြီးဆုံးသား၏ စကားများကို နားထောင်လိုက်ပြီးနောက်တွင် ရှောင်ဟိုင်ရူသည် စိတ်နှင့်ကိုယ် မကပ်စွာ ကုလားထိုင်တွင် ထိုင်ချလိုက်လေသည်။ အနည်းငယ် မယုံကြည်နိုင်စွာဖြင့် သူက ပြောလိုက်လေသည်။

“ မင်း ပြောချင်တာက လက်ရှိဘုရင်မင်းမြတ်က မင်းကို ကယ်တင်ပေးခဲ့တာပေါ့ ဟုတ်လား”

“ အမှန်ပါပဲ၊ အဖေနဲ့ ဒုတိယဦးလေးတို့ နယ်နှင်ဒဏ်ပေးခံလိုက်ရတာလည်း မင်းကြီး လုပ်ပေးခဲ့တာပါ၊ အဲဒီတုန်းက မင်းကြီးက ရှောင်မိသားစုကို ကာကွယ်ပေးပြီး ကျွန်တော်တို့မိသားစုရဲ့ အပြစ်ကင်းမှုကို ပြန်လည်ဖော်ထုတ်ပေးမယ်လို့ ကတိပေးခဲ့တဘ်၊ ကျွန်တော်က မင်းကြီးရဲ့ ဘဏ္ဍာငွေကို ဖြည့်တင်းပေးဖို့ မင်းကြီးအတွက် အလုပ်လုပ်ပေးခဲ့တာပါ”

ရှောင်လင်းယွီက ခေါင်းညိတ်လိုက်သည်။ သူက သူ့နဂိုထိုင်ခုံတွင် ပြန်ထိုင်ချလေသည်။

“ အရင်မင်းကြီးက မိုက်မဲတယ်၊ အကျင့်ပျက်ခြစားနေတဲ့အရာရှိတွေနဲ့ ရက်စက်တဲ့အရာရှိတွေက ရုံးတော်ထဲမှာ မင်းမူခဲ့ကြပြီး နိုင်ငံရဲ့ဘဏ္ဍာတိုက်ကလည်း အလွတ်ကြီးဖြစ်ခဲ့ရတယ်၊ မင်းကြီးက ရည်မှန်းချက်ကြီးမားပြီး အမြင်ကျယ်တာမလို့ ကျွန်တော်တို့တွေ သစ္စာစောင့်သိသင့်ပါတယ်”

“ဖင်းဝမ် ၊ မဟုတ်ဘူး၊ မင်းကြီးက အခု နန်းတက်ပြီးပြီ၊ ရုံးတော်က အခြေအနေက ဘယ်လိုရှိလဲ”

ဒုတိယသခင်ကြီးရှောင်က အစကတည်းက ရုံးတော် အရာရှိတစ်ယောက်ဖြစ်လေသည်။ သူသည် နန်းတွင်းကိစ္စများကို ဂရုစိုက်သည်က ပြောရန်ပင်မလိုချေ။ မင်းသားငါး၏ နိုင်ငံတော်ပုန်ကန်မှုနှင့် မင်းသားခုနှစ်၏ ရုတ်တရက်သေဆုံးမှုတို့သည် လော့ဟယ်သို့ သတင်းပြန့်လာသေးချေ။ သူက ထိုအကြောင်းကို မသိခဲ့သည်မှာ သဘာဝပင်။

ရှောင်လင်းယွီက မင်းကြီး နန်းတက်ပွဲအကြောင်းကို အကျဥ်းချုပ် ပြောပြလိုက်ပြီးနောက် ဆက်ပြောလိုက်လေသည်။

“ ကျွန်တော် လော့ဟယ်ကို ထွက်လာတုန်းက မင်းကြီးက ဒုတိယဦးလေးကို မြို့တော်ကို ပြန်ခေါ်ချင်တယ်လို့ ပြောတာ ကြားခဲ့တယ်၊ ကျွန်တော့်အထင်တော့ အမိန့်တော်က နှစ်သစ်ကူးပြီးရင် ရောက်လာမယ်ထင်တယ်”

“တကယ်လား”

ဒုတိယသခင်ကြီးရှောင်သည် အခက်အခဲများကို ရင်ဆိုင်ခဲ့ရသော်လည်း လောကကြီးကို ကူညီချင်သည့် သူ့ဝါသနာ၊ သာမန်ပြည်သူများကို ကယ်တင်ပြီး လူထုကို ကူညီပေးချင်သည့် စိတ်တို့က ရှိနေဆဲပင်။ သူသည် တူဖြစ်သူ၏ စကားကို ကြားလိုက်ရချိန်တွင် အခိုက်တန့် ဣန္ဒြေမဆည်နိုင်ဖြစ်သွားတော့သည်။ သံသယနှင့် မျှော်လင့်ချက်အပြည့်တို့ဖြင့် ရှေ့သို့မသိမသာညွှတ်လိုက်ပြီး သူက ရှောင်လင်းယွီကို စိုးရိမ်တကြီး စိုက်ကြည့်လိုက်လေသည်။

“ မင်းကြီးက တကယ်ပဲ အဲလိုပြောသလား”

ရှောင်လင်းယွီက ပြုံးကာ ခေါင်းညိတ်ပြလိုက်၏။

“ တကယ်ပါ၊ မင်းကြီးက အရည်အချင်းရှိတဲ့သူတွေကို မြင်တော်မူပါတယ်”

ဒုတိယသခင်ကြီးရှောင်သည် အရင်မင်းကြီး သက်ရှိထင်ရှားရှိစဥ်က ဘက်မရွေးခဲ့ပေ။ အခုတော့ လက်ရှိမင်းကြီး နန်းတက်လာပြီး သူက ထိုမင်းမျိုးနွယ် မိသားစုများ၏အာဏာကို ရှင်းလင်းပစ်ချင်ခဲ့သည်။ ဒုတိယသခင်ကြီးရှောင်က လုပ်ရည်ကိုင်ရည်ရှိပြီး မင်းမျိုးနွယ်မိသားစုတစ်ခုလည်း မဟုတ်ချေ။ ထို့ကြောင့် သူက မင်းကြီး လိုလိုချင်ချင် အသုံးပြုချင်သည့် အမတ်လောင်းများထဲက တစ်ယောက် အလိုလိုဖြစ်လာတော့သည်။

မင်းကြီး၏ အမိန့်တော်နှင့် ဆုလာဘ်များသည် ရှောင်လင်းယွီ ခန့်မှန်းထားသည့်ထက် စောရောက်လာလေသည်။ နှစ်သစ်ကူးဒုတိယနေ့တွင် ယိုဟယ်၊ ယိုရင်နှင့် တခြားလက်ထပ်ပြီးသွားသည့် သမီးများက အိမ်ပြန်လာကြလေသည်။ တောင်ပိုင်းမှာ မြင်းဖြင့် ရောက်လာသည့် လူတစ်စုက စုမိသာစု၏အိမ်တံခါး အပြင်ဘက်တွင် ရပ်သွားသည်။

အမွှေးတိုင်စားပွဲကို ခင်းကျင်းလိုက်ပြီးနောက် တော်ဝင်အမိန့်တော်ပါလာသည့် မိန်းမစိုးကြီးက အမွှေးတိုင်စားပွဲနောက်တွင် ရပ်လိုက်လေသည်။ စုနှင့်ရှောင်မိသားစုတို့က လူဆယ့်နှစ်ယောက်ကျော်တို့သည် တစ်ပြိုင်ထဲ ဒူးထောက်လိုက်ကြပြီး မိန်းမစိုးကြီး၏ တနည်းနည်းဖြင့် စူးရှကျယ်လောင်သည့်အသံဖြင့် ခပ်ကျယ်ကျယ် ရွတ်ဆိုလိုက်သံကို နှုတ်ဆိတ်ကာ နားထောင်နေလိုက်သည်။

“ ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်အရ ရှောင်ဟိုင်ဖုန်း အမိန့်တော် လက်ခံစေ ၊ ဒီကနေ့....”

ဒုတိယသခင်ကြီးရှောင်သည် ရှေ့တွင် ဒူးထောက်နေလေသည်။ မိန်းမစိုးကြီးက အမိန့်တော် ဖတ်ပြလိုက်ပြီးနောက်တွင် သူက မျက်လုံးထဲတွင်မျက်ရည်အပြည့်နှင့် အမိန့်တော်ကို လက်ခံလိုက်လေသည်။

“ ကျွန်တော်မျိုး ရှောင်ဟိုင်ဖုန်းက မင်းကြီးရဲ့စေတနာကိုကျေးဇူးတင်ရှိပါတယ်”

အဝါရောင်တောက်တောက် တော်ဝင်အမိန့်တော်ကို လက်ခံခဲ့သည့် လက်များသည် အနည်းငယ် တုန်ယင်နေဆဲပင်။ သူသည် သူ၏မူလရာထူးကို ခန့်အပ်ခံရခြင်းမဟုတ်ပေ။ ထိုအစား သူသည် အဆင့်လေး အလုပ်သမားဝန်ကြီး၏ လက်ထောက်တစ်ယောက် ဖြစ်လာခဲ့သည်။

မိန်းမစိုးကြီးက ပထမအမိန့်တော်ကို ဖတ်ကြားလိုက်ပြီးနောက် သူက နောက်အမိန့်တော်တစ်ခုကို ထုတ်လာခဲ့လေသည်။ သည်တစ်ကြိမ်တွင် ရှောင်လင်းယွီအား ချီးကျူးထားခြင်းပင်။

“.... ဒုတိယအဆင့် အုပ်ချုပ်ရေးအမတ်ရာထူးကို အပ်နှင်းလိုက်ပြီး ၊ ‘လော့’ ဘွဲ့တံဆိပ်ကို ချီးမြင့်ပေးလိုက်ပြီး၊ ယုံယဲ့ စိုက်ပျိုးမြေဧက ၇၀ အပြင် ဘာဏ္ဍာခွန်ဌာနရဲ့ အဆင့်၆ ဒုတိယညွှန်ကြားရေးမှူးရာထူးကို ချီးမြင့်လိုက်သည်”

“ ကျွန်တော်မျိုး မင်းကြီးရဲ့ ချီးမြှောက်မှုအတွက် ကျေးဇူးတင်ပါတယ်”

ရှောင်လင်းယွီက တည်ငြိမ်သည့်မျက်နှာထားဖြင့် မြေကြီးပေါ်တွင် ဒူးထောက်ချလိုက်ပြီး အမိန့်တော်ကို တလေးတစား လက်ခံလိုက်လေသည်။ ရှောင်မိသားစုဝင်အားလုံးက စိတ်လှုပ်ရှား ဝမ်းသာသွားကြတော့သည်။ ဒုတိယအဆင့်အုပ်ချုပ်ရေးအမတ်တဲ့။ ဒါက နောက်ဆုံးတော့ ရှောင်မိသားစု အပေါ်ကို တက်လှမ်းနိုင်သွားပြီဆိုတဲ့ အဓိပ္ပာယ်ပဲ။

တတိယ အမိန့်တော်တစ်ခုလည်း ရှိသေးသည်။ စုမိသားစု အတွက်ဖြစ်လေသည်။ အပ်နှင်းခံရသည့် ဆုလာဘ်မှာ မင်းကြီး၏တော်ဝင်စုတ်တံဖြင့် ရေးသားထားသည့် စာအုပ်ငယ်လေးတစ်ခုဖြစ်ပြီး ‘ စုမိသားစုသည် အမျိုးကောင်းသမီးများကို မွေးထုတ်ပေးခဲ့သည်’ ဟူသော ဝင့်ကြွားလွန်းသည့် စာချွန်တစ်ခုအပြင်၊ ပိုးထည် ဖဲထည်များ၊ ကျောက်မျက်ရတနာနှင့် ခေတ်မီလွန်းသည့် နန်းတွင်းပန်းပွင့်များကို ထည့်ထားသည့် သေတ္တာကြီးနှစ်လုံး တို့ဖြစ်လေသည်။ ကြင်နာသနားတတ်ကာ ဖြောင့်မတ်မှန်ကန်သည့်အတွက် စုမိသားစု၏သမီးကို ချီးမွှမ်းထောပနာပြုထားသည်။

“ ကျွန်တော်မျိုးမ သာမန်မိန်းကလေးတစ်ယောက်က မင်းကြီးရဲ့ ချီးမြှောက်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်”

ယိုကျင့်၏မျက်နှာသည် ပြောင်းလဲမသွားချေ။ သူမသည် လက်များကို ခေါင်းအထက်ကို မြောက်လိုက်ပြီး တော်ဝင်အမိန့်တော်ကို လက်ခံလိုက်လေသည်။

အမိန့်တော် သုံးခုကို ဖတ်ကြားလိုက်ပြီးနောက် မိန်းမစိုးကြီးက အပြုံးတစ်ခုဖြင့် မတ်တတ်ရပ်နေသည့် ရှောင်လင်းယွီနှင့် ဒုတိယသခင်ကြီးရှောင်တို့ ရှေ့တွင်ရပ်ကာ ပြောလိုက်လေသည်။

“ အမတ်မင်း ဒီကိုမလာခင် မင်းကြီးက အထူးတလည် မှာကြားထားပါတယ် အမတ်မင်းနဲ့ အရာရှိရှောင်တို့ မီးထွန်းပွဲတော်ကို စိတ်အေးလက်အေးနဲ့ ကုန်ဆုံးပြီးမှ မြို့တော်ကို ပြန်လာကြပါတဲ့၊ မြို့တော်က အုပ်ချုပ်ရေးအမတ်အိမ်တော်ကလည်း ဆောက်လုပ်နေဆဲဆိုပေမဲ့ ရှောင်အိမ်တော်ဟောင်းကိုတော့ ပြန်လည်ပြင်ဆင်ပြီးပါပြီ”

“နှစ်သစ်ကူးပွဲတော်အတွင်းကြီး ကုန်းကုန်းကို ဒီလိုခရီးနှင်လာမိစေတဲ့အတွက် ဒုက္ခများစေမိပါပြီ၊ အထဲမှာ လက်ဖက်ရည်နဲ့ မုန့်တွေ ပြင်ဆင်ထားပါတယ်၊ ကုန်းကုန်း ကျေးဇူးပြုပြီး အနားယူသွားပါအုံး”

ရှောင်လင်းယွီသည် ရုတ်တရက်ကြီး အမတ်ရာထူး အပ်နှင်းခံလိုက်ရသော်လည်း သူသည် နိမ့်ချပြီး ယုံကြည်မှုလွန်ကဲသည့် သဘောထားမျိုးမရှိဘဲ ခံစားချက်မရှိသည့်မျက်နှာတစ်ခုကို ဆောင်ထားလေသည်။

မိန်းမစိုးကြီးက အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလိုက်ပြီး သူ့နောက်လိုက်ဝင်သွားကာ လက်ဖက်ရည်တစ်ခွက် သောက်လိုက်သည်။ နေ့တစ်ဝက်လောက် အနားယူခဲ့ပြီးနောက်တွင် သူသည် မြို့တော်သို့ မြန်မြန်ပြန်သွားတော့သည်။

နှစ်သစ်ကူး ဒုတိယနေ့တွင် ဝူလီချောင်ရွာ၌ ပျားပန်းခတ်မျှ စည်ကားလွန်းလေသည်။ ရွာသူရွာသားများကလည်း လူနှင့် မြင်းများ ယောက်ယက်ခတ်နေသည်ကို မြင်ခဲ့ရသည်. စပ်စုလိုသူများက စုအိမ်သို့သွားရောက်ကာ စုံစမ်းခဲ့ကြသည်။ မင်းကြီးက တော်ဝင်အမိန့်တော်များနှင့် ဆုလာဘ်များကို ပေးခဲ့သည်ဟု ကြားလိုက်သည်။

နေ့ဝက်အတွင်းမှာပင် စုမိသားစုက ဘုရင်မင်းမြတ်ထံမှ ဆုလာဘ်ကို လက်ခံရရှိခဲ့သည့်သတင်းက လော့ဟယ်တစ်မြို့လုံးသို့ ပျံ့နှံ့သွားတော့သည်။ နှစ်သစ်ကူးပွဲ ဆင်နွဲရန် အိမ်ပြန်ရောက်နေပြီဖြစ်သည့် တရားသူကြီးချင်ပင် ထိုသတင်းကို ကြားလိုက်ရလေသည်။ သူက ပြောလိုက်၏။

“ ရှင်မ သားသားနားနား လက်ဆောင်နှစ်ခုလောက် ပြင်ဆင်ထားလိုက်၊ မနက်ဖြန် ဝူလီချောင်ကို ခရီးထွက်ကြမယ်”

ထိုသတင်းကို ကြားခဲ့သူမှာ တရားသူကြီးချင်တစ်ယောက်တည်း မဟုတ်ပေ။ စုမိသားစုနှင့် ဆက်ဆံရေး ကောင်းသည့် မိသားစုများကလည်း တစ်ယောက်ပြီးတစ်ယောက် လက်ဆောင်များ ပြင်ဆင်ခဲ့ကြပြီး စုအိမ်သို့ အလည်အပတ်လာလို့သည့် စာများ ပို့လာလေသည်။ သူတို့အားလုံးသည် နဂါးဧကရာဇ်စစ်စစ်၏ နဂါးအဆီအနှစ်နှင့် ထိတွေ့လိုကြပေသည်။ သူတို့သည် စုမိသားစုနှင့် ဆက်ဆံရေးတချို့ ရှိနိုင်ခဲ့လျှင် ဝမ်းသာစရာပင်။

တော်ဝင်အမိန့်တော်နှင့် ဆုလာဘ်တို့ကြောင့် စုမိသားစုသည် လော့ဟယ်သို့ ရောက်လာကတည်း သည်နှစ်သည် အပင်ပန်းဆုံးနှင့် အလုပ်အများဆုံးနှစ်ဖြစ်လာခဲ့သည်။ သူတို့လက်တွဲလုပ်ကိုင်နေသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ အရာရှိ ကြီးငယ်အားလုံး၏ အိမ်တော်များ၊ ဝူလီချောင်က စပ်စုလိုကြသည့် သာမန်ရွာသူရွာသားများနှင့် စုမိသားစု၏ တံခါးဘောင်သို့ ဝင်လာတော့မည့် အောင်သွယ်တော်များလည်း ရောက်လာကြသည်။

“ ဒီနေ့ ရောက်လာတဲ့ အောင်သွယ်တော် ဘယ်ရောက်ရှိသွားပြီလဲ”

ကိုယ်ဝန်သုံးလနှင့် ယိုရင်သည် စိတ်လှုပ်ရှားနေသည့် ဟန်လီက တွဲကူပေးထားပြီး တံခါးဘောင်ကို ကျော်လာခဲ့သည်။ သူမသည် အဒေါ်စုန့်က ပျော်ရွှင်နေသည့်အောင်သွယ်တော်တစ်ယောက်ကို လိုက်ပို့ပေးနေသည်ကို မြင်ခဲ့လေသည်။ နောက်ဆုံးတွင် သူမက ကူကယ်ရာမဲ့နေသည့် အကြီးဆုံးအမကို စနောက်သလို ကြည့်လိုက်ပြီး

“ မကြီးက မက်မွန်ပွင့်မျက်လုံးတွေ ပိုင်ဆိုင်ထားတာမလား”

ယိုကျင့်က သူမ၏မျက်ခုံးအလယ်ကို ချည့်နဲ့ကာ ညစ်ထားလိုက်ပြီး အနည်းငယ် မူးနောက်သွားတော့သည်။ သူမက ကူကယ်ရာမဲ့သလို ပြန်ဖြေလိုက်၏။

“ နင်ကတော့နော် လက်ထပ်ပြီးကတည်း ပိုပိုပြီး နောက်ပြောင်တတ်လာလိုက်တာ”

သို့သော် ညီမငယ်ဖြစ်သူ၏ နှင်းဆီရောင်မျက်နှာကို မြင်လိုက်ရသဖြင့် ယိုကျင့်သည် စိတ်ထဲ၌ ပျော်ရွှင်သွားတော့သည်။

“ သမီးမှမသိဘဲကိုး၊ အခုပဲ တစ်ယောက်လာပြီး ခမ်းအာအတွက် အောင်သွယ်လာရှာပေးသွားတယ်”

အမျိုးသမီးစုလည်း အနည်းငယ် ခေါင်းကိုက်ရတော့သည်။

“ ဒီလူတွေ ဘာတွေစဥ်းစားနေမှန်းကို မသိတော့ဘူး”

လက်ရှိတွင် ယိုရင်တစ်ယောက်သာ စုမိသားစုထဲတွင် လက်ထပ်ရသေးသည်။ ယိုပေါင်၏ မင်္ဂလာဆောင်ကို အစက ၁၂လပိုင်းတွင် စီစဥ်ထားခဲ့သည်။ မင်းကြီး ကံတော်ကုန်သွားသည့်အတွက် မင်္ဂလာပွဲများကို နှစ်ဝက်အတွင်း လုပ်ခွင့်မပြုထားပေ။ ထို့ကြောင့် မင်္ဂလာဆောင်ကို ရွှေ့ဆိုင်းလိုက်ရလေသည်။ သည် ညီမနှစ်ယောက်ကလွဲလျှင် ကျန်သည့် အကြီးဆုံးမှာ ရှစ်ယောက်မြောက်အထိကို အကြိမ်ကြိမ် ထုတ်ပြောနေရသည်။

“ ခမ်းအာက အခုမှ ၇နှစ်ပြည့်ဖို့ တစ်လတောင် လိုသေးတယ်၊ အောင်သွယ်က ရနေပြီလား”

နူးညံ့ပြီး သက်သောင့်သက်သာရှိသည့် ထိုင်ဖုံပေါ်တွင် ထိုင်ရင်း ယိုရင်သည် အမေဖြစ်သူ၏ စကားကို ကြားလိုက်ရချိန်တွင် မနေနိုင်တော့ပဲ လျှာလေးတစ်လစ် ဖြစ်သွားတော့သည်။

“ သမီးတို့မိသားစုက လက်မှတ်လေးတစ်ခုပဲ ရခဲ့တာတောင် ဒီလိုဖြစ်နေရင် ရှောင်မိသားစုရဲ့ တံခါးဘောင်တော့ ကျိုးသွားလောက်ပြီမလား”

“ ဒီကလေးကတော့၊ အခုပဲ အမေတစ်ယောက် ဖြစ်တော့မယ်၊ စကားကို မဆင်မခြင်ပိုပြောတတ်လာပြီ”

ကိုယ်ဝန်ရှိသေးဟန်မတူဘဲ အပြင်သို့ ထွက်လာသည့် ယိုရင်ကို မြင်လိုက်ချိန်တွင် အမျိုးသမီးစုသည် မနေနိုင်ဘဲ အနည်းငယ်စိတ်ပူသွားတော့သည်။

“ ဒီလိုအေးတဲ့ရာသီဥတုမှာ ဒီကို ဘာလာလုပ်တာလဲ၊ အအေးမိပြီး နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ”

ပူညံပူညံလုပ်ရင်း သူမက တစ်ယောက်ယောက်ကို ပျားရည်သွားယူခိုင်းလိုက်လေသည်။

“ အဲဒီလက်ဖက်ရည်နဲ့ ယမကာတွေကို အခု ထိလို့မရတော့ဘူး နားလည်လား”

အမျိုးသမီးစု၏ မဆုံးနိုင်သည့် ပူညံပူညံလုပ်ခံလိုက်ရသည့် ယိုရင်မှာ စိတ်မရှည်တော့သယောင်။ ပြုံးရင်းသာ ခေါင်းညိတ်ပြလိုက်လေသည်။

“ စိတ်မပူပါနဲ့ အမေရယ်၊ သမီး တစ်ငုံလောက် ခိုးသောက်ချင်ရင်တောင် အခုဆို အိမ်မှာလည်း သောက်လို့မရတော့ပါဘူး၊ ဟန်လီက အိမ်က လက်ဖက်ခြောက်တွေအားလုံးကို မီးရှို့ပစ်ချင်နေတာ အမေ မသိဘူးမလား”

သူမသည် ညည်းညူနေသော်လည်း သူမ၏နှုတ်ခမ်းပေါ်က အပြုံးကတော့ လုံးဝရပ်မသွားချေ။

စုမိသားစု၏ သားအမိများက ပျော်ရွှင်ရွှင် စကားပြောနေကြစဥ် ရှောင်မိသားစုဖက်တွင်လည်း ပျော်ရွှင်ဖွယ်အချိန်တစ်ခု ဖြစ်နေလေသည်။

ရှောင်မိသားစု၏ စီရင်ချက်ကို ပယ်ဖျက်လိုက်သည့် သတင်းသည် ရှီကျင်းသို့ ပြန့်နှံ့သွားပြီးနောက် ရှောင်လင်ဖုန်းတို့ ညီအစ်ကိုသည်လည်း သတိထားနေရသည့်အဖြစ်ကို လေထဲ လွှင့်ပစ်လိုက်ပြီး လော့ဟယ်သို့ တန်းတန်းမတ်မတ် အမြန်ပြန်လာခဲ့ကြလေသည်။ သုံးနှစ်တာ ဘဝအတက်အကျ ဖြစ်ခဲ့ပြီးနောက်တွင် ရှောင်မိသားစုသည် နောက်ဆုံးတော့ ပြန်လည်ဆုံစည်းနိုင်ခဲ့လေသည်။

“ အမေ လင်းယွီနဲ့ ကျွန်တော် မီးထွန်းပွဲတော်ပြီးရင် မြို့တော်ကို ပြန်ရမယ်”

အမျိုးသမီးစုန့်ဘေးတွင် ထိုင်ရင်း ဒုတိယသခင်ကြီးရှောင်သည် အနီရင့်ရင့် ပန်းထိုးထားသည့် ဝတ်ရုံကြီးတစ်ခုကို ဝတ်ဆင်ထားသည်။ နှစ်သစ်ကူး ဒုတိယနေ့ကရောက်လာသည့် တော်ဝင်အမိန့်တော်ကြောင့် သူသည် ပိုပြီး တက်ကြွလန်းဆန်းလာခဲ့သညည်။

“ အမေ့ကို လော့ဟယ်မှာပဲ ခဏလောက်ဆက်နေပြီး အနစ်နာခံခိုင်းရအုံးမယ်၊ နွေဦးကုန်ရင်တော့ ကျွန်တော် လူလွှတ်ပြီး အမေတို့ကို လာကြိုခိုင်းပါ့မယ်”

အမျိုးသမီးစုန့်က မျက်လုံးကို ကျုံ့ထားလိုက်ပြီး အငယ်ဆုံးသား၏လက်ကို ပုတ်လိုက်လေသည်။

ကျေးဇူးတင်စိတ်ဖြင့် ပြုံးပြလိုက်ရင်း သူမက ပြန်ပြောလိုက်၏။

“ လူတွေ အိုမင်းလာရင် သူတို့ရဲ့ ဇာတိကို ပြန်လာသင့်တယ်လေ၊ လော့ဟယ်က တော်တော်ကောင်းပါတယ်၊ အမေ ထွက်သွားမှာ မဟုတ်တော့ဘူး”

အမျိုးသမီးစုန့်သည် သူမကို မွေးဖွားလာပြီး ကြီးပြင်းလာသည့်အထိ လော့ဟယ်တွင်နေလာခဲ့သည်။ သူမသည် ရှောင်မိသားစုနှင့် လက်ထပ်ပြီး မြို့တော်သို့ ရောက်လာခဲ့သည်။ သူမသည် နှစ်လေးဆယ်ကျော် ဝေးကွာခဲ့ရသော်လည်း ထွက်မသွားချင်ခဲ့ပေ။

“အမေ”

အစောပိုင်းက ဝမ်းသာစိတ်ဖြင့် မျက်လုံးများကို ကျုံ့ထားသည့် ရှောင်ဟိုင်ရူက အမျိုးသမီးစုန့်၏ စကားကို ကြားလိုက်ချိန်တွင် အံ့ားသင့်သွားကာ မျက်မှောင်ကျုံ့လိုက်လေသည်။

အမျိုးသမီးစုန့်က ပြုံးကာ သက်ပြင်းချလိုက်ပြီး

“ မြို့တော်က ပျော်စရာကောင်းတယ်ဆိုပေမဲ့ အမေတို့ဇာတိက လော့ဟယ်မှာပဲလေ၊ အမေက အိုနေပါပြီ၊ ဘာပြဿနာမှ ထပ်မကြုံချင်တော့ဘူး၊ မင်းတို့တွေက ငယ်သေးတယ်၊ ဒီတော့ မြို့တော်ကို ပြန်သွားပြီး အလုပ်ဆက်ကြိုးစားကြပါ”

“အမေ (အဘွား)”

အမျိုးသမီစုန့်၏ တနည်းနည်းဖြင့် အားငယ်နေသည့်စကားကို ကြားလိုက်ရချိန်တွင် ရှောင်မိသားစု၏ မိသားစုဝင်အားလုံးသည် တစ်ပြိုင်တည်း ငိုကြွေးလိုက်ကြလေသည်။

အမျိုးသမီးစုန့်က သူမကလေးများနှင့် မြေးများ၏ ဝမ်းနည်းနေသည့်မျက်နှာကို ကြည့်လိုက်ပြီး ပြောလိုက်လေသည်။

“ မင်းတို့တွေ အမေ့ကို ထပ်ပြီး ဖျောင်းဖျဖို့ မလိုတော့ပါဘူး၊ အမေ့ လော့ဟယ်မှာ စားစရာ ဝတ်စရာတွေရှိပါတယ်၊ စည်းမျဥ်းတွေကလည်း နည်းပါးတော့ မြို့တော်မှာနေရတာထက် ဘယ်လောက်တောင် ဇိမ်ရှိလိုက်သလဲ”

ထိုသို့ပြောလိုက်ပြီး သူမ၏ကလေးများနှင့် မြေးများက စိုးရိမ်နေသေးသည်ကို တွေ့လိုက်ရသဖြင့် သူမက စကားလမ်းကြောင်းလွဲလိုက်တော့သည်။

“ လင်းယွီ သား ၂၆နှစ်ပြည့်တော့မယ်နော်၊ အဘွားကို မြစ်ကလေး ချီခိုင်းရမဲ့ အချိန်ရောက်နေပြီ ဟုတ်တယ်မလား”

ရုတ်တရက် ခေါ်ပြောခံလိုက်ရသည့် ရှောင်လင်းယွီသည် အခိုက်တန့် ကြောင်အမ်းအမ်းဖြစ်သွားပြီးမှ ပြောလိုက်တော့သည်။

မြေး....”

“ယိုကျင့်က မိန်းမကောင်းလေးပါ၊ သားမှာ ဒီလိုစိတ်ကူးမရှိဘူးဆိုရင် သူ့ကို အချိန်ဆွဲမထားနဲ့တော့လေ”

အမျိုးသမီးယွီက သူမ၏နှုတ်ခမ်းကို စူထားကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ သားမှာ စိတ်ကူးမရှိဘူးဆိုရင်တော့ အမေက သူ့ကို မွေးစားသမီးလို့ သတ်မှတ်လိုက်တော့မယ်”

ရှောင်လင်းယွီသည် အမေဖြစ်သူတွင် သည်လိုစိတ်ကူးမျိုးရှိနေမှန်း မသိခဲ့ချေ။ သူသည် ငိုရခက် ရယ်ရခက် ဖြစ်သွားတော့သည်။

“ ဟိုတုန်းကတော့ အမေပဲ ယိုကျင့်က တောသူမလို့ သူ့နောက်ခံကို မကြိုက်ဘူးဆို”

အကြီးဆုံးသားက အတိတ်အကြောင်းကို ပြန်ဖော်လိုက်ချိန်တွင်တော့ အမျိုးသမီးယွီသည် မရှက်ဘဲ မနေနိုင်ဖြစ်သွားတော့သည်။ ထို့နောက် သူမက သူ့ကို ခပ်စူးစူးကြည့်လိုက်ပြီး

“ နင့်ကို ဘယ်သူ စကားအပိုပြောခိုင်းလို့လဲ”

သားဖြစ်သူက ဒုတိယအဆင့်အမတ်ဖြစ်သော်လည်း သူမသည် ယိုကျင့်ကို စိတ်ထဲမှ အမှန်ပင် သဘောကျလေသည်။သူမ သဘောအရဆိုရင် ယိုကျင့်ရဲ့ နေပုံထိုင်ပုံနဲ့ အမတ်မင်းတစ်ယောက်နဲ့ စုံဖက်ပေးမယ်ဆိုရင်တောင် အချည်းနှီး မဖြစ်ဘူး။ သူမရဲ့ ဒီနုံအတဲ့ သားဆိုရင်တော့ ပြောနေစရာလိုပါ့မလား။

အမေဖြစ်သူ၏စိတ်ထဲတွင် “နုံအသူ’ ဖြစ်လာမှန်း မသိဖြစ်နေသည့် ရှောင်လင်းယွီက ရှုံ့မဲ့ကာ ပြုံးလိုက်ပြီး

“ ကျွန်တော် ဆန္ဒမရှိတာ မဟုတ်တာ မဟုတ်ပါဘူး”

“ ဒါဆိုရင် ဘာလဲ”

အမျိုးသမီးစုန့်သည် သဲလွန်စတချို့ကို ဖမ်းဆုပ်မိလိုက်ချိန်တွင် သူမ၏မျက်လုံးများမှာ တောက်ပသွားတော့သည်။ ဧကန္တ သူမရဲ့မြေးလေးက စုမိသားစုရဲ့ ကလေးမကို လက်ထပ်ဖို့ သွားတောင်းဆိုခဲ့ပြီး ငြင်းခံလိုက်ရတာများလား။

အဘွားဖြစ်သူ၏ စိုက်ကြည့်ခံနေရခြင်းကြောင့် အနေခက်သွားသည့် ရှောင်လင်းယွီက ခြောက်ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်လေသည်. သူ၏ကျောက်စိမ်းရောင်မျက်နှာမှာ မသိမသာ နီမြန်းသွားတော့သည်။

“ကျွန်တော့်မှာ ကိုယ်ပိုင်အစီအစဥ်တွေရှိပါတယ်၊ ဒါကြောင့် ဒီကိစ္စကို မစိုးရိမ်ကြပါနဲ့နော်”

…

All Chapters