← Chapters

အပိုင်း(၂၅၉)-တောင်နေကြတ်တိုင်းပြည်

Vol. 003 Ch. 259

အပိုင်း(၂၅၉)-တောင်နေကြတ်တိုင်းပြည်

Vol. 003 Ch. 259

“မီးငှက်ရဲ့ သွေးက သက်တန့်လေးရဲ့ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတယ်၊ သွေးသားက အစတုန်းက မဆိုးသေးဘူး၊ ဒါပေမယ့် နောက်ကျဒဏ်ရာရခဲ့တယ်၊ ဒါပေမယ့် မင်းရဲ့ ရွှေမြွေအသီးနဲ့အတူ မင်းပေးတဲ့ အာဟာဖြစ်စေတဲ့ဟာတွေကြောင့် သူမက သူတော်စင်အဖြစ်ပေါက်ဖွားလာတာ၊ အံ့သြစရာတော့မရှိပါဘူး” ဟာစွန် ရှင်းပြသည်။

နီရဲပျားတင်နေသောဥခွံကို လျင်မြန်စွာစားပစ်လိုက်သည်။ သို့သော် နောက်ဆုံးတစ်ပိုင်းကျန်သောအခါ သူမသည် အနည်းငယ်တွေဝေသွားသည်။ သူမသည် အခွံအားကြည့်ပြီး ရှီမာယူယူအားကြည့်ကာ ဥခွံအား တွန်းပို့ပြီး ပြောလိုက်သည် “မမ ဒါ မမအတွက်”

ငှက်မျိုးစိတ်များ၏ ဥအခွံသည် များစွာအသုံးဝင်သည်ကို ရှီမာယူယူသိသည်၊ ထို့အပြင် သူတို့အတွက် အခြေခိုင်ခြင်းအတွက်လည်း အရေးကြီးသည်။ သူမသည် ထိုမှတစ်ဆင့် အားများစွာ ရနိုင်သည်။

အခုတော့ သူမအား နောက်ဆုံးကျန်သော ဥအခွံအားပေးသည်။ မမျှော်လင့်ထားသော်လည်း သူမ ပျော်သည်။ သူမသည် လက်ဆန့်ထုတ်ကာ သူမ ခေါင်းအားထိပြီး ပြောလိုက်သည် “ဒါက မင်းမိဘတွေက မင်းအတွက်ပေးတာလေ၊ မင်းစားရင် ပိုသန်မာလာမယ်၊ မင်းပဲ အကုန်စားပါ”

“ဒါပေမယ့် မမကိုပေးချင်တာ” သက်တန့်လေး ပြောလိုက်သည်။

“ဒါက မင်းအတွက် ပိုအရေးကြီးတယ်၊ နောက်ကို ကောင်းတာရှိလာရင် ငါ့ကိုပေးရမယ်နော်” ရှီမာယူယူ အပြုံးဖြင့် ပြောလေသည်။

သက်တန့်လေး စဉ်းစားကာ ပြောလိုက်သည် “အဲဒါဆိုလည်း ကောင်းပါပြီ”

ထို့နောက်တွင် သူမသည် ဥအခွံများကို စားခြင်း ပြီးစီးသွားလေသည်။

“ဟုတ်သားပဲ ငါတို့်အခု တောင်နေကြတ်တိုင်းပြည်ကို သွားရတော့မှာလား” ရှီမာယူယူ ပြောလိုက်သည်။

ဟာစွန်ခေါင်းညိတ်လိုက်သည်။ အစပိုင်းတွင် သူ သက်တန့်လေးအခွံမှ ထွက်လာသည်အထိ စောင့်ပြီးမလို့ပင်။ သို့သော် သူမသည် ပေါက်ဖွားလာပြီဖြစ်သဖြင့် တောင်နေကြတ်တိုင်းပြည်ကို လိုက်သွား ရတော့မည်။

သူတို့သည် အရင်ဆုံး လင်ချွန်းမြို့တော်ကို သွားကြပြီးနောက် ဖြတ်လမ်းတည်ဆောက်ခြင်းကို အသုံးပြု ကာ ငြိမ်းချမ်းရေးမြို့တော်သို့ သွားကြလေသည်။

သူတို့ ငြိမ်းချမ်းရေးမြို့တော်သို့ ရောက်သောအခါ သူတို့သည် ဝိညာဉ်သခင်များအသင်းတွင် စစ်ဆေး ခံကြရသည်။ ရှီမာယူယူသည်ပင်လျှင် မျိုးစုံသောကျွမ်းကျင်သူတို့၏ ကိုယ်ရောင်ကိုယ်ဝါကို ခံစားမိသည်။

“ကြည့်ရတာ တောင်နေကြတ်တိုင်းပြည်က ဝူရန်ဖေကို မကောင်းကြံထားတယ်နဲ့တူတယ်” ဘေဂုန်ထန် သည်ရှီမာယူယူအား ကိုင်ထားရင်းနှင့်ပြောလေသည်။

“အဲလောက်လည်းမလိုပါဘူး” ရှီမာယူယူ ပြောလိုက်သည် “ဝူရန်ဖေက တောင်နေကြတ်တိုင်းပြည်ရဲ့ ပုလ္လင်ကို လှုပ်ကိုင်လိမ့်မယ်၊ သူ သေချာပေါက်သူ့ကိုသတ်ဖို့ စဉ်းစားမှာပဲ”

ဟာစွန်သည် ဘေးတွင်ရပ်နေကာ သက်တန့်လေးသည် သူ့ပုခုံးပေါ်တွင်ရှိနေသည်။

“မမကအရမ်း သနားစရာကောင်းလိုက်တာ” သက်တန့်လေး၏ အမွေးများမှာ သက်တန့်ရောင်ဖြစ်၍ အားလုံး၏ အာရုံစိုက်မှုကို ခံရသည်။

“ဒီဖြတ်လမ်းတည်ဆောက်မှုကို ဘယ်သူလုပ်တာလဲ အရည်အသွေးညံ့လိုက်တာ” ရှီမာယူယူ ညည်းညူလိုက်သည်။

“တော်ပြီ မင်းမကြိုက်ရင် စကားလျော့ပြောသင့်တယ်” ဝေကျိရွှီ ပြောလိုက်သည် “ငါ အခုနေဖို့ သွားရှာလိုက်ဦးမယ်၊ ပြီးမှ သတင်းစုံစမ်းလိုက်မယ်”

သူတို့်သည် အနီးနားရှိတည်းခိုဆောင်အားရှာဖွေသည်။ ရှီမာယူယူသည် ဝူရန်ဖေအား ခေါ်ထုတ်ကာ မေးလိုက်သည် “မင်းမှာ ယုံရလောက်တဲ့လူတွေရှိလား”

“မင်းသွားကြည့်ရင်သိမှာပဲ”

ရှီမာယူယူ ပြောလိုက်သည် “သူတို့က ယုံကြည်ရတဲ့သူတွေဆိုရင် ဘာတွေဖြစ်နေလဲဆိုတာ မင်းကိုပြောမှာပဲ ငါတို့်အခုပြင်ဖို့ အချိန်ရသေးတယ်”

“အင်း… သူတို့လိပ်စာကို မင်းကိုပေးလိုက်မယ်” ဝူရန်ဖေပြောလိုက်သည်။

ဝူရန်ဖေ သူမအား လိပ်စာပြောချိန်တွင် ဖက်တီးကျူနှင့် ဝေကျိရွှီတို့သည် သတင်းစုံစမ်းကြသည်။ ရှီမာယူယူသည် ခဏတာမျှ အိပ်ပြီးနောက် နိုးလာသောအခါ မအီမသာခံစားလိုက်ရသည်။ နှောင့်နှေးမှုမဖြစ်စေရန် သူမ ဝိညာဉ်စေတီသို့ ဝင်ရန် ဆုံးဖြတ်လိုက်သည်။

ဝေကျိရွှီနှင့် ဖက်တီးကျူတို့ ပြန်လာချိန်တွင် ရှီမာယူယူသည် ကောင်းကောင်းအနားယူပြီးဖြစ်လေသည်။ သူတို့သည် အိမ်အတွင်းလူစုကာ ကြားလာသမျှကို ဖောက်သည်ချကြတော့သည်။

“ငါတို့ဒီနေ့ ၂နေရာသွားခဲ့တာ တစ်နေရာကလူတွေက သူတို့က တောင်နေကြတ်ဘုရင်ကို အရှုံးပေး ထားတယ်လို့ ပြောကြတယ်၊ နောက်တစ်နေရာကတော့ တောင်နေကြတ်ဘုရင်ရဲ့ လက်အောက်သွားဖို့ကို ငြင်းဆန်နေကြတယ်”

“ငါ့အဘိုးအခြေအနေ ဘယ်လိုလဲ” ဝူရန်ဖေ မေးလိုက်သည်။

ဝေကျိရွှီ ခေါင်းရမ်းကာ ပြောလိုကသည် “အဲဘက်မှာ ဘာတွေဖြစ်နေလဲတော့ ငါတို့်မမြင်ခဲ့ဘူး၊ အခုတော့ အဲနေရာကို စစ်သည်အုပ်စုက ပိတ်ထားကြတယ်၊ လူတော်တော်များများ ကပ်လို့ကိုမရဘူး”

“ငါတို့လူခေါ်ပြီး သူ့ကို မြို့တော်ရဲ့လက်ရှိအခြေအနေကို စောင့်ကြည့်ခိုင်းပြီး ပြောခိုင်းတာကောင်းမယ် ထင်တယ်” ဖက်တီးကျူပြောလိုက်သည်။

“ဒါဖြစ်နိုင်တယ်” ရှီမာယူယူ သဘောတူသည် “ဒီမှာ ငါတို့အပြင်ထွက်ပြီး အခြေအနေစုံစမ်း မယ်ဆိုရင် တော်ဝင်အုပ်စု သတိထားမိတာကို ခံရလိမ့်မယ်၊ လူတစ်ယောက်ခေါ်ပြီး မေးတာကောင်းမယ်”

“ကောင်းပြီ မေးဖို့လူသွားခေါ်လိုက်ဦးမယ်” ဝူရန်ဖေ ပြောလိုက်သည်။ ထို့နောက်တွင် သူ ဝေကျိရွှီနှင့်တခြားသူများကို ကြည့်ကာ ပြောလိုက်သည် “ဒီတစ်ခါ မင်းတို့ကို ဒုက္ခပေးရတယ်၊ မင်းတို့ လုံခြုံပါစေ”

“အေးပါ” သူပြောပြီးနောက်တွင် ဝေကျိရွှီနှင့် ဖက်တီးကျူတို့ ထွက်သွားကြလေသည်။

ညရောက်သောအခါ ဘယ်သူမှမနားကြပေ။ တည်းခိုဆောင်ပိုင်ရှင်သည် အိပ်မောကျနေကာ ဝေကျိရွှီနှင့် တခြားသူများသည် တစ်စုံတစ်ယောက်ကိုခေါ်လာသည်။

ပါလာသော လူသည်ခြုံထည်ကိုဝတ်ဆင်ကာ သရုပ်မှန်ကို ဖုံးအုပ်ထားသည်။

ဝေကျိရွှီ တံခါးခေါက်ပြီး ထိုလူအား ခေါ်ဆောင်လာသည်။

“မင်းသားလေး” ခေါ်ဆောင်လာသောလူသည် ဝတ်ရုံကိုချွတ်လိုက်ရာ ဝူရန်ဖေကို မြင်လိုက်ရသည်။ သူမသည် ချက်ချင်းပြေးသွားကာ သူ့ရှေ့တွင်ဒူးထောက်လိုက်သည်။

“ဦးလေဂွီ အရင်ဆုံးမတ်တတ်ရပ်လိုက်ပါ” ဝူရန်ဖေ သူ့အား ထူပေးလိုက်သည်။

“မင်းသားလေး ပြန်လာပြီပဲ” ဦးလေးဂွီသည် မတ်တတ်ရပ်ကာ ပြောလိုက်သည် “မင်းသားလေး သေချာပေါက်အသက်ရင်ပြီး ပြန်လာမှာကို သိတဲ့အတွက် စောင့်နေတာပါ ဒီနှစ်တွေမှာ ကောင်းကောင်းဖြတ်သန်းခဲ့ရပါလား”

“အဆင်ပြေပါတယ်” ဝူရန်ဖေ ပြောလိုက်သည် “ဦးလေးဂွီ ကျွန်တော့်အမေနဲ့ အဘိုးရောဘယ်မှာလဲ သူတို့အခြေအနေ ဘယ်လိုရှိလဲ”

“မင်းသားလေး မစိုးရိမ်ပါနဲ့ သူတို့အခုအန္တရာယ်မရှိပါဘူး” ဦးလေးဂွီသည် သူ့အား အာမခံသည် “ဝူရန်ဒုံက မင်းသားလေးပြန်လာစေချင်တော့ သူတို့ကို လွှတ်ပေးမှာပါ၊ သူတို့်အခြေအနေမကောင်း တာပဲရှိပါတယ်”

“သူတို့်အခုဘယ်မှာလဲ”

“သူတို့ကို နန်းတော်အကျဉ်းထဲမှာ ပိတ်ထားပါတယ်” ဦးလေးဂွီ ပြောလေသည် “ဝူရန်ဒုံက သူထီးနန်းဆက်ခံပြီးတဲ့အချိန်ကစပြီး တော်ဝင်ကိုယ်လုပ်တော်အပေါ်ကို ကောင်းခဲ့တယ်၊ ဒါပေမယ့် ရက် နည်းနည်းကြာလာတော့ သူမ နေမကောင်းဘူးဆိုပြီး စီနီယာဆန်းကို အခစားဝင်စေတယ်၊ သူဝင်သွားပြီးတဲ့ နောက်ကို အားလုံးကိုဖမ်းလိုက်ပြီး ပုန်ကန်မှုစေချင်ဆိုပြီး စစ်မေးတဲ့နေရာကို ခေါ်သွားတော့တာပဲ”

ဦးလေးဂွီပြောသည်ကို ဝူရန်ဖေကြားလိုက်သောအခါ သူ့မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်ကာ ဒေါသထွက်နေလေသည် “လွန်ခဲ့တဲ့၆နှစ်က သူက တိတ်တိတ်လေး ပုန်ကန်ခဲ့တယ်၊ ကျွန်တော်အပြင်ရောက်တဲ့ အခါ လူလွှတ်ပြီး ကျွန်တော့်ကို သတ်ခိုင်းခဲ့တယ်၊ နောက်ဆုံးတော့ ကျွန်တော်ဒုံချန်းတိုင်းပြည် ရောက်သွား တယ်၊ အခုတော့ သူက ကျွန်တော့်အမေနဲ့ အဘိုးနဲ့ အပြင်တခြားသူတွေကိုပါ ဖယ်ရှားချင်နေတယ်”

“လွန်ခဲ့တဲ့ ၆နှစ်က တကယ်ပဲမင်းသားလေးကို သူလူလွှတ်ပြီး သတ်ခိုင်းခဲ့တာလား” ဦးလေးဂွီသည် မျက်ရည်သုတ်ရင်း ပြောလေသည်။

“ကျွန်တော့်နောက်ကို လိုက်ပြီးသတ်တဲ့သူတွေက လီမျိုးနွယ်ကပဲ၊ တော်ဝင်ကိုယ်လုပ်တော်လီ ကကျွန်တော့်ကို အမြဲရှင်းပစ်ချင်တာလေ၊ ဒီလိုမျိုးကို သူမမျိုးနွယ်ကို ခိုင်းတာမမျှော်လင့်ထားဘူး” ဝူရန်ဖေ ပြောလိုက်သည်။

“မင်းသားလေးပျောက်သွားပြီးတဲ့အချိန်ကစပြီး အရင်ဘုရင်ကြီးက ဆန်းမျိုးနွယ်နဲ့ပတ်သတ်ပြီး သိပ်ဂရုမစိုက်ခဲ့ဘူး၊ လီမျိုးနွယ်တိုးတက်လာတဲ့အချိန်မှာ ဆန်းမျိုးနွယ်က မှေးမှိန်သွားတယ်၊ လီမျိုးနွယ်ကတော့ နေ့တိုင်းသန်မာလာတယ်” ဦးလေးဂွီ ပြောလိုက်သည် “သူတို့က ဒီနှစ်အတွင်းမှာ အရမ်းအားကောင်းလာတယ် ဝူရန်ဒုံရဲ့အမွေကို ဆက်ခံပြီး ထီးနန်းကိုထောက်ပံ့နိုင်တဲ့အထိ အရေးကြီးအင်အား ဖြစ်လာတယ်”

“ဝူရန်ဒုံရဲ့ အင်အားကတော့ အဲလောက်ကြီးတိုးမလာဘူး၊ သူသာ ကံကုန်သွားရင် သူ့နေရာကို ကာကွယ်ဖို့ တစ်ယောက်ယောက်တော့လိုမယ်၊ အဲအချိန်ကျရင် လီမျိုးနွယ်က တောင်နေကြတ်တိုင်းပြည်ကို နောက်ကနေ ချယ်လှယ်လိမ့်မယ်” ဝူရန်ဖေသည် လက်သီးဆုပ်ပြီး “ကျွန်တော်က သူ့ကို အသက်ရှင်ခွင့် ပေးထားတာ၊ ဒါပေမယ့် သူက သေချင်နေတာပဲ အဲဒါကို ဆန္ဒဖြည့်ပေးရမှာပေါ့”

“မင်းသားလေး ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ” ဦးလေး ဂွီမေးလိုက်သည်။

“သူက ကျွန်တော့်ကို ပျောက်သွားစေချင်တာမလား၊ ကျွန်တော်ပေါ်လာတာနဲ့ သူ့ကို နန်းချမှာ၊ အဲဒါကို သေချာပေါက်လုပ်ပြီး လီမျိုးနွယ် ထပ်ပြီးနလန်မထူစေရဘူး”

“မင်းသားလေး အလျင်မလိုပါနဲ့” ဦးလေးဂွီသည် စိုးရိမ်စွာပြောလေသည် “ဝူရန်ဒုံက မင်းသားလေးပေါ်လာမယ့် အချိန်ကိုတွက်နေတာ၊ အဲဒါကြောင့်ပဲ ဒီအခြေအနေကို ဖန်တီးလိုက်တာ၊ မင်းသားလေး ပေါ်လာတာနဲ့ သူသေချာပေါက် မင်းသားလေးကို သတ်မှာပဲ၊ သူ့မှာက တပ်မကြီးတစ်ခုလုံးနဲ့ ကိုယ်ရံတော်တွေ အများကြီးရှိတယ် မင်းသားလေးတို့က လူနည်းနည်းပဲရှိတာ”

All Chapters