← Chapters

အခန်း ၁၆၄.၁

Vol. 11 Ch. 164.1

အခန်း ၁၆၄.၁

Vol. 11 Ch. 164.1

အပိုင်း ( ၁၆၄.၁) Extra Story

Extra အခန်း (၁)

အမတ်အိမ်တော်၏အစေခံများသည် တစ်ခုခုမူမမှန်ဖြစ်နေသည်ကို သတိထားမိလိုက်ကြသည်။ သခင်မက သားလေးနှစ်ယောက်ကို မွေးခဲ့ပြီး နှစ်လကြာပြီးနောက်တွင် အကြောင်းတစ်ခုခုကြောင့် ရုတ်တရက်ဆိုသလို အမတ်မင်းမှာ လဝက်ကြာသည်အထိ စာကြည့်ခန်းတွင် အိပ်ခဲ့ရလေသည်။ အမတ်မင်း ပြန်လာသည့် အသံကြားသည်နှင့် နဂိုက ပြုံးနေသည့် သခင်မသည် ချက်ချင်း အပြုံးများ ပျောက်ကွယ်သွားပြီး တခြားတစ်ယောက်လို ဖြစ်သွားတော့သည်။

အုပ်ချုပ်ရေးအမတ်က သခင်မကို ဘာတွေ စိတ်ဆိုးအောင် လုပ်ထားပြန်ပြီလဲ မသိဘူး။ အုပ်ချုပ်ရေးအမတ်အိမ်တော်တစ်ခုလုံးက လူများသည် စိုးရိမ်နေကြကာ အတင်းပြောခံနေရသလို ခံစားရသဖြင့် နောက်ကွယ်က အကြောင်းအရင်းကို သိချင်နေကြသောလည်း ဘယ်သူကမှ မသိကြပေ။

သို့သော်ငြား ကိုယ့်ဟာကိုယ် လှပသည်ဟု ထင်ကာ အမတ်မင်းနှင့် သူ့ဇနီးကြားက စစ်အေးတိုက်ပွဲကို အခွင့်ကောင်း ယူချင်နေကြသည့် အစေခံမလေးနှစ်ယောက် ရှိခဲ့လေသည်။ သူတို့သည် အမတ်မင်း၏ အင်္ကျီအနားကိုပင် ထိခွင့်မရလိုက်ဘဲ မောင်းထုတ်ခံလိုက်ရကာ ညတွင်းချင်း ရောင်းထုတ်ခံလိုက်ရတော့သည်။

သည်လို နှစ်ကြိမ်လောက်ဖြစ်ခဲ့ပြီးနောက်တွင် သေးငယ်သည့်စိတ်ကူးများရှိနေကြသေးသည့် အုပ်ချုပ်ရေးအမတ်အိမ်တော်က တခြားသူများသည် ထိုအကြောင်းကို မတွေးရဲကြတော့ချေ။ နောက်ဆုံး သူတို့သည် အုပ်ချုပ်ရေးအမတ်အိမ်တော်တွင် ပထမအဆင့်နှင့် ဒုတိယအဆင့် အစေခံမလေးများ ဖြစ်နေကြသေသည်။ သူတို့သည် ရောင်းစားခံလိုက်ရလျှင် ထိုအခါမှ မည်သို့ချနင်းခံရမည်ကို မည်သူက သိပါမည်နည်း။

ရှောင်လင်းယွီသည် သည်ကိစ္စများကို ဂရုမစိုက်ပေ။ သူ့စိတ်ထဲတွင် သူ့မိန်းမကို မည်သို့ ချောမော့ရမည့်အကြောင်းသာ ရှိလေသည်။

ညရောက်လာ၏။ စာကြည့်ခန်းထဲတွင် အိပ်ရန်မောင်းထုတ်ခံထားရသည့် အုပ်ချုပ်ရေးအမတ်ရှောင်သည် ညအမှောင်ကို အခွင့်ကောင်းယူကာ ပင်မဆောင်ထဲသို့ ခိုးကြောင်ခိုးဝှက် ဝင်လာခဲ့တော့သည်။ ထို့နောက် သူက ညစောင့် အစေခံများအားလုံးကို ပြန်လွှတ်လိုက်သည်။ ကောင်စုတ်လေး နှစ်ယောက်ကိုပင် နို့ထိန်းအမေအများက ခေါ်သွားရလေသည်။ အခန်း၏ ကျောဘက်က ကန်လေးထဲတွင် ရေချိုးနေဆဲဖြစ်သည့် ယိုကျင့်သည် သူမ၏မျက်လုံးပေါ်က ပဝါနွေးနွေးလေးဆီမှ အနွေးဓာတ်ကို ခံစားရင်း သက်ပြင်းချနေလေသည်။ အပြင်ဘက်က အခြေအနေကို လုံးဝ မသိပေ။

ရှောင်လင်းယွီသည် ဝင်လာသည်နှင့် ရေခဲကျောက်စိမ်းလေးလို့ ချောမွတ်သည့် မိန်းမလေး ရေချိုးနေသည့် ပန်းချီကားကို မြင်လိုက်လေသည်။ သူသည် ခက်ခက် တံတွေးမျိုချလိုက်တော့သည်။ သူသည် သူမနောက်သို့ လျှောက်သွားလိုက်ပြီး သူ့လက်များကိုအရင် ဆေးကြောလိုက်ကာ သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး ရေပေါ်တွင် ပေါ်နေသည့် သူမ၏ပုခုံးကို နှိပ်နှယ်ပေးလိုက်လေသည်။ သူ့လက်များက ဖြည်းညင်းစွာ အမှတ်တမဲ့ ရှေ့သို့ တစ်ပြိုင်တည်း ရွေ့လျားအသွား....

သူ့လက်က အပူဓာတ်ကို ခံစားမိသည့် ယိုကျင့်သည် မျက်နှာပေါ်တွင် အုပ်ထားသည့် ပဝါကို ချက်ချင်းဖယ်လိုက်ပြီး ချွဲနွဲ့သည့်ဟန်ဖြင့် ဒေါသတကြီးစိုက်ကြည့်လိုက်ကာ

“ အုပ်ချုပ်ရေးအမတ်က ဒီမှာ ဘာလာလုပ်တာလဲ”

သူမ သတိမထားလိုက်မိသည်က မတ်မတ်ထရပ်လိုက်ချိန်တွင် ရေထဲမှာ အနီရောင် ဆီးသီးနှစ်လုံးကလည်း ပေါ်လာလေသည်။ ကလေးမွေးထားသည့်အတွက် အလွန်ထွားကျိုင်းနေသည့် နှင်းတောင်ကြီးက ပိုပြီးလုံးဝန်းနေကာ ရေပေါ်တွင် အနည်းငယ်လှိုင်းခတ်သွားတော့သည်။

ရှောင်လင်းယွီသည် တစ်နှစ်နီးပါး သက်သတ်လွတ်သမားတစ်ယောက် ဖြစ်ခဲ့လေရာ အခုတော့ သည်မြင်ကွင်းကို တွေ့လိုက်သည်တွင် သူသည် ပေါက်ကွဲတော့မတတ် ခံစားလိုက်ရလေသည်။

သူက စကားလည်းမပြော သူ့အကြည့်တို့က ပိုပိုပြီး ပူလောင်လာသည်ကို တွေ့လိုက်ရသဖြင့် ယိုကျင့်သည် သူ့အကြည့်နောက်လိုက် သွားတော့သည်။ သူမသည် ခေါင်းငုံ့ကြည့်လိုက်ပြီး အော်ဟစ်လိုက်တော့သည်။

“အားးးး လူယုတ်မာကြီး”

သူမသည် မြန်မြန် ပြန်ထိုင်ချလိုက်ပြီး သူမ၏ခေါင်းလေးကိုသာ ဖော်ထားလိုက်တော့သည်။

လှပသည့်မြင်ကွင်းကို မမြင်နိုင်တော့သည့် ရှောင်လင်းယွီသည် ခပ်ခြောက်ခြောက် ချောင်းဆိုးလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ယိုကျင့်ကို ကြည့်လိုက်လေသည်။ သူက သူမကို ရှင်းပြလိုက်၏။

“ ဒီကိစ္စကို ကိုယ် မင်းကို ဖုံးကွယ်ထားဖို့ တကယ်မရည်ရွယ်ခဲ့ပါဘူး၊ နာမည်အရဆိုရင် အဲဒီတုန်းက ကိုယ်က သေသွားပြီလေ၊ မင်းကိုပါ ပြဿနာဖြစ်လာမိရင် ဘယ်လိုလုပ်မလဲ”

ယိုကျင့်က အုပ်ချုပ်ရေးအမတ် အိမ်တော်ရောက်မှ ရှောင်လင်းယွီသည် မင်းကြီးအတွက် စန်းယွီဟူသည့် နာမည်ဝှက်သုံးကာ ကိစ္စများကို လုပ်ဆောင်ပေးနေခဲ့မှန်း သိလိုက်ရသောကြောင့်ပင်။ သူမကို ဖုံးကွယ်ထားပြီး အချိန်အကြာကြီး လှည့်စားခံရလိုက်ရသည့်အတွက် သူမသည် တော်တော်ပင် စိတ်ပျက်မိလေသည်။ ထို့ကြောင့် သူမက သူ့ကို စာကြည့်ခန်းဆီသို့သာ မောင်းထုတ်ပစ်လိုက်တော့သည်။

“ ရှင် ကျွန်မကို လက်ထပ်ခွင့် တောင်းတုန်းက ရှင်ကျွန်မကို ဘယ်လိုကတိပေးခဲ့လဲ၊ ရှင် ကျွန်မကို ဘယ်တော့မှ မလိမ်တော့ပါဘူးဆို”

ယိုကျင့်ဂရုစိုက်သည်မှာ ဟိုတုန်းက သူမကို လိမ်ခဲ့ခြင်းကြောင့် မဟုတ်ဘဲ သူကိုယ်တိုင် မလိမ်တော့ပါဟု ပြောခဲ့ပြီးမှ သူသည် လူလိမ်ကြီးတစ်ယောက် ဖြစ်နေခဲ့သည်ကို သိလိုက်ရခြင်းကြောင်းပင်။

ဇနီးဖြစ်သူ၏ စိုစွတ်နေသည့်မျက်လုံးများက သနားစဖွယ် သူ့ကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် ရှောင်လင်းယွီတွင် အကြိမ်တစ်ရာမက သံမဏိလို မာကျောသည့် သိုင်းပညာများ ရှိလျှင်တောင် သူသည် ပျော့ပြောင်းသည့်လက်ချောင်းများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

သူ့အဝတ်အစားများ စိုသွားမည်ကို ဂရုမစိုက်နိုင်တော့ဘဲ ရေချိုးကန်ဘေးတွင် ဒူးတစ်ဝက် ထောက်ချလိုက်ပြီး အမျိုးသမီး၏ စိုစွတ်နေသည့်နှုတ်ခမ်းများကို အမြတ်တနိုးနမ်းလိုက်လေသည်။ အနမ်းတစ်ခုစီတိုင်းက တောင်းပန်းခြင်ပင်။

“ကျင့်အာ ကိုယ်မှားသွားပါတယ်....”

“ကျင့်အာ မင်းရဲ့ယောကျ်ားကို တစ်ခါလောက် ခွင့်လွှတ်ပေးရင်ကောင်းမှာပဲ...”

“ကျင့်အာ....”

ယိုကျင့်သည် ကိစ္စက သည်လို မည်သို့ဖြစ်လာမှန်း မသိတော့ချေ။ သူမသည် သူ့ကို ဒေါသထွက်နေသည်မှာ ထင်ရှားပါသော်လည်း ကိုယ်တိုင်ပင် မသိလိုက်ဘဲ သူနှင့် ငြိတွယ်မိတော့သည်။ ရေချိုးခန်းထဲက ရေများသည ကြမ်းပြင်တစ်ခုလုံး လွင့်စင်သွားတော့သည်။ အမျိုးသမီးသည် နူးညံ့ အားနည်းသည့်ခံစားချက် ဖြစ်လာ၏။ သူမ၏ကြယ်ရောင်မျက်လုံးများသည် မှေးစင်းနေလေသည်။ လေမတိုက်ပါဘဲ လှိုင်းထနေသည့် ရေလှိုင်းများနှင့်အတူ ရေလှိုင်းနှင့်ခန္ဓာကိုယ်တစ်ခုလုံးသည် တသိမ့်သိမ့်တုန်နေလေသည်။ ရေနွေးက အနည်းငယ် အေးစက်လာချိန်တွင် အမျိုးသမီး၏ ပုံမှန်မဟုတ်သည့် အသက်ရှူသံနှင့် အမျိုးသား၏ ပြင်းထန်သည့်အသက်ရှူသံတို့မှာ ရောထွေးသွားတော့သည်။ ဘာကိုမှ မရေမရာစရာ မရှိတော့ပေ။

နောက်တစ်နေ့ မနက်စောစောတွင် လဝက်ကျော်လောက် ပစ်ထားခံခဲ့ရသည့် အုပ်ချုပ်ရေးအမတ်သည် စိတ်အားတက်ကြွစွာဖြင့် ပင်မဆောင်က ထွက်လာလေတော့သည်။ သူသည် သခင်မကို သွားမနှောင့်ယှက်ရန် လူများကို အထူးမှာကြားထားလိုက်သည်။ ထို့နောက်မှ တောက်ပသည့်မျက်လုံးများနှင့် ရုံးတော်ဆီသို့ သွားလိုက်တော့သည်။

အခန်းထဲတွင် ကျန်ခဲ့သည့် အမျိုးသမီးငယ်လေးအနေဖြင့် သူမ၏အနက်ရောင် ဆံနွယ်လေးများသည် ကြွေးပန်းနီရောင်ဘရိုကိတ်သား ဂွမ်းစောင်ပေါ်တွင် မှင်ရည်ကဲ့သို့ ပြန့်ကျဲနေလေသည်။ သူမ၏ ပါးမို့မို့လေးများက နီမြန်းနေပြီး မှေးစင်းနေသည့် မျက်ခွံများက အနည်းငယ်လှုပ်သွားတော့သည်။ မနေ့ညက ၆ကြိမ် ၇ကြိမ်ခန့် အရဲကိုးကာ ရင်းနှီးခဲ့ကြသည်ကို ပြန်စဥ်းစားမိလိုက်ပြီး ယိုကျင့်မှာ ရှက်သွားတော့သည်။ လူဆိုးကြီး ရှောင်လင်းယွီ။ အမှားလုပ်ခဲ့တာ သူဖြစ်နေတာတောင် သူမကို ဒီလို ဆက်ဆံရဲသေးတယ်။ ဤသို့တွေးလိုက်ပြီး ယိုကျင့်သည် သည်းမခံနိုင်တော့ဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားတော့သည်။ သူမ ပြန်နိုးလာချိန်တွင် နေ့လယ်ခင်းပင် ရောက်နေပြီဖြစ်သည်။

နောက်ပိုင်းတွင် ရှောင်လင်းယွီသည် ခရီးဝေးသွားခဲ့ရသည်။ သူသည် တစ်နေရာတွင် ငါးအရည်အိတ် များစွာ ရှာတွေ့လာခဲ့ပြီးနောက် သူ၏ဆင်ခြင်တုံတရားများ ပျောက်ကွယ်သွားတော့သည်။ သူတို့နှစ်ယောက် အတူတူရှိနေချိန်တိုင်း ဟိုလိုလို သည်လိုလို ဖြစ်ကြလိမ့်မည်။ သူမသည် အစားခံရသည့်အချိန်တိုင်း လက်များကို မြှောက်ဖို့ရာ အားပင်မရှိတော့ချေ။ တော်သေးသည်ဟု ဆိုရမည်။ ထိုငါးအရည်အိတ် ကျေးဇူးကြောင့်ပင်။ မဟုတ်လျှင် သူမသည် တစ်ယောက်ပြီးတစ်ယောက် မွေးနေပြီး ဝက်မေမေကြီးတစ်ကောင်လို ဖြစ်နေလိမ့်မည်မဟုတ်ပါလား။

…

All Chapters