← Chapters

အခန်း ၁၆၄.၂

Vol. 11 Ch. 164.2

အခန်း ၁၆၄.၂

Vol. 11 Ch. 164.2

အပိုင်း ( ၁၆၄.၂)

Extra အခန်း (၂): စုမိသားစု ညီအစ်မများအကြောင်း

ယိုကျူး၏မင်္ဂလာဆောင်ကို ယိုလင်၏မင်္ဂလာဆောင် လုပ်ပြီးနောက် လာမည့်နှစ် ၂လပိုင်း ၈ရက်နေ့ဟု စီစဥ်ထားလေသည်။ စုမိသားစု၏မိန်းကလေးများထဲက ငါးယောက်မှာ အိမ်ထောင်ကျပြီးဖြစ်သည်။ ယိုလော့၏ လက်ထပ်ပွဲကိုလည်း သတ်မှတ်ပြီးဖြစ်လေသည်။ လော့ဟယ်စီရင်စုရှိ အကြီးဆုံး ဆန်ကုန်သည် ကျူးမိသားစု၏ တတိယသားနှင့် ဖြစ်လေသည်။ သူ့နာမည်မှာ ကျူးဖေးဖြစ်၏။ ကျူးဖေးသည် သည်နှစ်တွင် အသက်၁၆နှစ်ပြည့်ပြီဖြစ်သည်။ ယိုလော့ကတော့ သည်နှစ်တွင် အသက်၁၅နှစ် ဖြစ်သည်။ သူတို့၏အသက်အရွယ်က လိုက်ဖက်လှသည်။ မင်္ဂလာပွဲနေ့ကို နောက်နှစ် ၃လပိုင်းဟု သတ်မှတ်ထားလေသည်။

အကြီးဆုံးအစ်မ၏ လက်ဖွဲ့ပစ္စည်းများကလွဲလျှင် တခြားစုမိသားစု၏မိန်းကလေးများသည် ဒုတိယအစ်မယိုရင်၏ စံနှုန်းတိုင်း လုပ်ကြလေသည်။ သို့သော် အစ်မများထံမှ လက်ဖွဲ့အပါအဝင် ယိုကျူး၏ လက်ဖွဲ့က လျန် သုံးသောင်းခန့်ရှိသည်။ ထို့အပြင် ရွှီမိသားစု၏လက်ဖွဲ့ကလည်း လျန် လေးသောင်းနီးပါး ရှိသည်။ ၂လပိုင်း ၈ရက်နေ့တွင် စုမိသားစုအတွက် နောက်ထပ်ခမ်းနားသည့် မင်္ဂလာပွဲကြီးတစ်ခု ကျင်းပခဲ့လေသည်။

“ ရွှီမောက်လင် ငတုံးကောင်”

မင်္ဂလာဦးအိပ်ခန်းအတွင်း မင်္ဂလာဦးညတွင် နာကျင်မှုကြောင့် ယိုကျူးက ရှိသမျှအားနှင့် ရွှီမောက်လင်ကို ကိုက်ပစ်လိုက်တော့သည်။ အကာအကွယ်မဲ့နေသည့် ရွှီမောက်လင်သည် နာကျင်မှုကြောင့် အော်ဟစ်လိုက်လေတော့သည်။ ထို့နောက် သူ့အသံက အနည်းငယ်တိုးသွားပြီး ခြိမ်းခြောက်ဟန်ဖြင့်

‘ ယိုကျူး ပြဿနာမရှာနဲ့တော့”

ယိုကျူးသည် သူ့ကို အဘယ်မှာ ကြောက်ပါမည်နည်း။ ပထမတစ်နေရာကို လွှတ်လိုက်ပြီး ဒုတိယအကြိမ် နာနာလေး ထပ်ကိုက်လိုက်ပြန်သည်။

သို့သော် ရွှီမောက်လင်က သဘောမကျဟန် မရှိချေ။ ထို့အစား သူက ဒါကို ပျော်နေသေးသည်။ သူက ယိုကျူး၏ ခါးကို တင်းနေအောင်ဖက်ထားလိုက်ပြီး ကိုယ်ကိုလှည့်လိုက်ကာ သူတို့နှစ်ယောက်၏ အခြေအနေကို ပြောင်းပြန်ဖြစ်အောင် လုပ်လိုက်သည်တွင် သူမ၏ချောမွတ်သည့် လက်မောင်းများက သူ့ရင်ဘတ်ကို ထောက်ထားလိုက်တော့သည်။ သူမသည် လွတ်မြောက်ဖို့ ကြိုးစားသော်လည်း အောက်ကလူမှ စတင်လှုပ်ရှားလိုက်လေသည်။ သူမသည် အလွန် အလန့်တကြားဖြစ်သွားပြီး လေသံပျော့ပျော့ဖြင့် အော်လိုက်တော့သည်။

“ မလှုပ်နဲ့”

ရွှီမောက်လင်သည် စစ်တပ်နောက်ခံရှိသူမှန်း အားလုံး သိကြလေသည်။ သူမသည် မည်သို့ အလွယ်တကူ လွတ်မြောက်နိုင်ပါမည်နည်း။ သူက သူမကိုခါးကို တင်းနေအောင်ကိုင်ထားလိုက်ပြီး အားကုန် ထည့်လိုက်လေတော့သည်။ သူသည် အမျိုးသမီးက သူမ၏ချပ်ဝတ်ကို လွှင့်ပစ်ကာ အရှုံးပေးသည်အထိ မလွှတ်တမ်း ထားလိုက်လေသည်။

အနီရောင် ဖယောင်းတိုင်များသည် တစ်ညလုံး လင်းနေ၏။ ‘ပျော်ရွှင်ကံကောင်းခြင်း ကဋေကဋာ’ ဟု ပန်းထိုးထားသည့် မင်္ဂလာတဲသည်လည်း လေ၏အကူအညီမပါဘဲ တစ်ညလုံး ယိမ်းထိုးနေလေသည်။ ဘရိုကိတ်သား ဂွမ်းစောင်ပေါ်တွင် လဲလျောင်းနေသည့် ယိုကျူးသည် ရွှီမောက်လင် နောက်ဆုံးထုတ်လိုက်သည့် အင်အားကို ထိန်းထားလေသည်။ သူမသည် ငိုက်မြည်းလာပြီး ထိုသို့ တွေးလိုက်လေသည်။ သူမ အိပ်ရေးမဝလို့ကတော့ ဒီငတုံးမြည်းကောင်ကြီးကို သေချာပေါက် မထနိုင်အောင် ရိုက်ပစ်ရမယ်။

အမှန်ပင်။ ရွှီမောက်လင်သည် သူ၏ချိုမြိန်သည့် ဇနီးလေး၏ ဝင့်ကြွားလွန်သည့် လက်သီးများနှင့် ချဲ့ကားထားသည့်ခြေတံများနှင့် ကစားနေရသည်ကို စိတ်မကွက်မိချေ။ ဒါကိုပင် ချစ်သူစုံတွဲတို့၏ ပျော်စရာတစ်မျိုးဟု မှတ်ယူလိုက်လေသည်။ မင်္ဂလာပွဲမတိုင်ခင်က သူသည် ယိုကျူးကို အနိုင်ပေးထားခဲ့သည်။ လက်ထပ်ပြီးနောက်တွင်တော့ ထွင်းထုထားသည့်ခုတင်ပေါ်တွင် အကြိမ်တိုင်း ဖိနှိပ်ခံရပြီး အော်ဟစ်နေသူမှာ ယိုကျူးသာ ဖြစ်တော့သည်။

ရွှီမောက်လင်သည် သည်အဆုံးသတ်ကို အလွန်ကျေနပ်သွားလေသည်။ သူ၏ ‘ထုတ်ပြောလို့ရနိုင်သည့်’ လျှို့ဝှက်ချက်ကို ပြောပြမည်ဟု ဇနီးသည်အား အကြိမ်ကြိမ် တမင်သွားဆွခဲ့သည်။ ရလဒ်မှာတော့ နှစ်ယောက်သားသည် လက်ထပ်ပြီး နှစ်လကြာပြီးနောက် ယိုကျူးသည် ကိုယ်ဝန်ရှိလာလေတော့သည်။

နောက်တစ်နှစ် ကုန်ဆုံးသွားပြန်သည်။ ယိုလော့သည် လက်ထပ်သွားပြီးနောက် မကြာသေးခင်က အရွယ်ရောက်လာသည့် ယိုချိုးနှင့် ဆယ့်သုံးနှစ်အရွယ် ယိုတွမ့်တို့သာ မိသားစုတွင် ကျန်တော့သည်။ တစ်ဦးတည်းသောယောက်ျားလေး စုခမ်းမှာ အသက်ဆယ်သုံးနှစ်အရွယ် သည်နှစ်နွေဦးစာမေးပွဲတွင် ရှို့ချိုင်တစ်ယောက် ဖြစ်လာခဲ့သည်။ နှစ်များစွာ ကြာပြီးနောက်တွင်တော့ စုမိသားစု၏ အိမ်တိုင်သည် နောက်ဆုံး ပြောင်းလဲသွားတော့သည်။

ယိုရင်သည် ဆောင်းတွင်းတွင် သားတစ်ယောက် မွေးဖွားခဲ့သည်။ ဟန်မိသားစုသည် ဆက်ခံသူတစ်ယောက် ရှိလာပြီဟု မှတ်ယူနိုင်လေသည်။ အရိုးထဲတွင် သစ္စာရှိကာ ရဲရင့်သည့် မိသားစု၏သွေးပါလာသည့် ဟန်အားဟွာက ပြီးခဲ့သည့်နှစ်က စစ်တပ်ထဲ ဝင်သွားပြီး မြောက်ပိုင်းရှင်းကျန်းသို့ သွားလိုသည်ဟု အပြင်းအထန် တောင်းဆိုခဲ့သည်။ သည်နှစ်တွင် သူသည် စာတစ်စောင် ပို့လာခဲ့လေသည်။ စာထဲတွင် သူသည် အဆင့်ကိုး တပ်စုမှူးတစ်ယောက် ဖြစ်လာပြီး ဟန်မိသားစု၏ ဘိုးဘွားများကိုနှစ်သိမ့်ပေးရန် တိုက်ပွဲတွင် ဂုဏ်ရောင်အသစ်တစ်ခု ရယူလိုသည်ဟု ပြောထားလေသည်။

***

၁၅နှစ်ကြာပြီးနောက်

၁၅နှစ်ဟူသည်မှာ အလွန်ရှည်လျားသည့် ကာလလည်းမဟုတ်သလို အလွန်တိုတောင်းသည့် ကာလလည်း မဟုတ်ပေ။ သေးငယ်လှသည့် ဝူလီချောင်ရွာလေးကို စည်ကားလှသည့်မြို့ငယ်လေးတစ်ခု ဖြစ်လာရန် ပြောင်းလဲဖို့ လုံလောက်ပေသည်။ ထမင်းခွံ့ကျွေးရန် စောင့်နေသည့် ကလေးက ချောမောသည့်လူငယ်လေးတစ်ယောက် ဖြစ်လာရန် လုံလောက်လေသည်။

ရှောင်မိသားစု၏ အကြီးအကဲသည် လွန်ခဲ့သည့် ခုနှစ်နှစ်က ဆုံးပါးသွားခဲ့သည်။ သူမ၏ နောက်ဆုံးဆန္ဒအရ ဝူလီချောင်ရွာအနီးတွင် အသစ်ဆောက်ထားသည့် ရှောင်မိသားစု၏ သုသာန်တွင် ရှောင်မိသားစု၏ သခင်ကြီးနှင့်အတူ မြှုပ်နှံပေးခဲ့သည်။

ရှောင်ဟိုင်ရူနှင့် သူ့ဇနီးတို့သည်လည်း တဖြည်းဖြည်းအိုမင်းလာပြီး လော့ဟယ်မြို့တွင် နေရသည်ကို အသားကျလာခဲ့သည်။ ထို့ကြောင့် သူတို့လည်း သည်မှာနေဖို့ ရွေးချယ်လိုက်ကြလေသည်။

သည်နှစ်သည် ရှောင်ဟိုင်ရူ၏ အသက်၆၀ပြည့်သည့် နှစ်ဖြစ်သည်။ ရှောင်မိသားစုက ဂုဏ်ပြုပွဲတစ်ခု လုပ်မည်က ပြောရန်ပင်မလိုချေ။ ရုံးတော်မှ အနားယူလိုက်ပြီးဖြစ်သည့် ဒုတိယသခင်ကြီးရှောင်က အမျိုးသမီးကျောက်ကို ပြန်ခေါ်လာခဲ့ပြီး အစ်ကိုကြီး၏အိမ်ဘေးတွင် လာနေကြသည်။ မိသားစုနှစ်ခု အတူတူ နေကြသဖြင့် စည်ကားလှပေသည်။

လော့ဟယ်မြို့သို့ သွားရန် ၂၅ကီလိုမီတာလောက် ခရီးနှင်လာရသည်။ ရှောင်လင်းယွီနှင့် သူ့ဇနီးတို့သည် သူတို့၏ ကလေး လေးယောက်ကို ခေါ်လာပြီး ရှောင်လင်ဖုန်းတို့စုံတွဲက သူတို့၏ တစ်ဦးတည်းသောသားလေးကို ခေါ်လာခဲ့သည်။ ရှောင်လင်းရူ၏မိသားစုနှင့် ရှောင်လင်းဝမ်တို့ မိသားစုလည်း ရှိသေးသည်။ အစေခံမလေးများ၊ အခြွေအရံများနှင့် အစောင့်များ အပါအဝင် လူ ၇၀-၈၀ ပါသည့် အဖွဲ့တစ်ခုသည့် လော့ဟယ်မြို့သို့ ဖြည်းဖြည်းညင်းစွာ လာနေကြလေသည်။

“ ရှောင်ချူကျန်း အစ်ကိုကြီးဖြစ်ပြီးတော့ မင်းရဲ့ညီလေးတွေကို ဒီလို မြင်းခေါ်စီးလို့ ဘယ်ဖြစ်မလဲ”

လမ်းခရီတစ်ထောက်တွင် စခန်းချအနားယူနေစဥ် အသက် ၃၀နားနီးပြီဖြစ်သော်လည်း မိန်းမငယ်လေးတစ်ယောက်၏ ရုပ်သွင်နှင့် မျက်နှာကို ထိန်းသိမ်းထားနိုင်သေးသည့် ယိုကျင့်က သူမရှေ့တွင် ရပ်နေသည့် အကြီးဆုံးသားကို စိုက်ကြည့်နေလေသည်။ သူမက သူ့ကို ကောင်းကောင်းဆုံးမတော့သည်။

“ အဒေါ့်မိသားစုက မင်းညီလေးက အခုမှ ၁၁နှစ်ပဲရှိသေးတယ်၊ မင်းက သူ့ကို မြင်းခေါ်စီးရဲရသလား”

ရှောင်လင်းရူသည် လွန်ခဲ့သည့် ဆယ့်သုံးနှစ်က သက်တော်စောင့်ခေါင်းဆောင်ရှောင်နှင့် လက်ထပ်ခဲ့လေသည်။ ရှောင်လင်းယွီ၏ ထောက်ခံချက်ဖြင့် သူသည် တော်ဝင်နန်းစောင့်တပ်သို့ ဝင်ခဲ့သည်။ အခုတော့ သူသည် တော်ဝင်နန်းစောင့်တပ်၏ လက်ထောက်စစ်သူကြီးဖြစ်နေပြီ။ သူသည် ရှောင်လင်းရူနှင့် သားတစ်ယောက်၊ သမီးတစ်ယောက်ရခဲ့သည်။ အကြီးဆုံးသားလျိုဖန်းသည် သည်နှစ်တွင် အသက်၁၁နှစ်သာ ရှိသေးပြီး ဝမ်းကွဲအစ်ကိုကြီးနှင့် ကစားရသည်ကို သဘောအကျဆုံး ဖြစ်လေသည်။

“ ရပါတယ်၊ တကယ်တော့ ဖုန်းအားက ဆိုးနေတာ၊ ဒါကြောင့် ချူကျန်းကို အပြစ်မတင်ပါနဲ့တော့နော်”

ဘေးတွင် ရှောင်လင်းရူက လျိုဖုန်းကို ဒေါသဖြင့် ကြည့်နေလေသည်။ တကယ့်ကောင်ဆိုးလေး။

ရှောင်ချူကျန်းသည် သည်နှစ်တွင် ၁၅နှစ်ပြည့်ပြီဖြစ်သည်။ သူသည် ချောမောသည့် လူငယ်လေးတစ်ယောက်ပင် ဖြစ်နေပြီ။ သူသည် သူ့ညီလေးကို မြင်းပေါ်ခေါ်မတင်သင့်ကြောင်း သိလေသည်။ ထို့ကြောင့် သူက သူ့အမှားကို လေးလေးနက်နက် ဝန်ခံလိုက်၏။

“ ဟုတ်ကဲ့၊ သားအမှားကို သိပါပြီ”

လမ်းတွင် အကြောင်းကိစ္စသေးငယ်တချို့ ရှိခဲ့သော်လည်း ရှောင်မိသားစုအဖွဲ့သည် ဝူလီချောင်သို့ မမှောင်ခင်ရောက်လာခဲ့လေသည်။

အခုတော့ သည်နေရာသည် မြစ်အနောက်ဘက်ကမ်းတွင် စုမိသားစုတစ်ခုသာ ရှိခဲ့သည့် ဝူလီချောင် မဟုတ်တော့ပေ။ ဝူလီချောင်မြစ်အရှေ့ဘက်ခြမ်းအများစုတွင် မူလရွာခံများနှင့် သူတို့၏ နောက်မျိုးဆက်များ နေထိုင်ကြသေးသည်။ ဝူလီချောင်၏ မြစ်အနောက်ဘက်ခြမ်းသည် လော့ဟယ်မြို့ဂိတ်၏ အပြင်ဘက်က ဆိပ်ခံတံတားဆီသို့ ဦးတည်သွားသည့် သေးငယ်ကာ ကျဥ်းမြောင်းသည့် မြို့ငယ်လေးတစ်ခု ဖြစ်လာခဲ့သည်။ တရားဝင်လမ်းမ နှစ်ဖက်လုံးသည် အလွန်တရာ စည်းကားနေတော့သည်။

ရှောင်ဟိုင်ရူသည် သည်နှစ် သူ့မွေးနေ့ပွဲကို ကျင်းပလေသည်။ အလွန်စည်ကားနေသည်က သဘာဝပင်။

စုမိသားစု၊ ယွဲ့မိသားစု၊ လျိုမိသားစု နှင့် ဝေမိသားစု အားလုံးသည် ခမည်းခမက်များ ဖြစ်ကြသည်။ သူတို့ကို ဖိတ်ကြားမည်က ပြောရန်ပင်မလိုချေ။ လော့ဟယ်မြို့က အထပ်တန်းအသိုင်းအဝိုင်းများအတွင်တော့ ဖိတ်ကြားခံရဿည်မှာ ဂုဏ်ယူစရာတစ်ခု ဖြစ်တော့သည်။

မွေးနေ့ညစာစားပွဲနေ့တွင် လော့ဟယ်မြို့က အထက်တန်းစားလူများသည် စုမိသားစု၏ မိန်းကလေးရှစ်ယောက်လုံး တက်ရောက်ကြသည်ကို တွေ့လိုက်ရသည်။ အကြီးဆုံးသမီးမှာ သုံးဆယ်နားနီးပြီးဖြစ်သော်လည်း လွန်ခဲ့သည့်ဆယ်နှစ် လက်မထပ်ခင်က အချိန်ကလို တစ်ပုံစံတည်း ရှိနေသေးသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏အရောင်အဝါတစ်ခုလုံးက အထင်ကြီးလေးစားဖွယ် အထက်တန်းကျလွန်းလေသည်။ စုမိသားစု၏ တခြားမိန်းကလေးများကို ကြည့်လျှင်လည်း သူတို့အားလုံးသည် အကြီးဆုံးသမီးကဲ့သို့ပင်။ ဆယ်နှစ်လောက် အရွယ်တင်နေကြလေသည်။

အထူးသဖြင့် စုမိသားစု၏ အငယ်ဆုံးသမီးပင်။ သူမသည် မြို့တော်က အုပ်ချုပ်ရေးဆိုင်ရာ မင်းသားမိသားစုနှင့် လက်ထပ်ခဲ့ပြီး မင်းသမီးတစ်ပါး ဖြစ်လာခဲ့သည်။ သူမ၏ ခမ်းနားကြီးကျယ်လှသည့် ပုံစံကိုကြည့်လျှင် အလွန်မှ တင့်တယ်ခမ်းနားလှပေသည်။ စုမိသားစု၏ တစ်ဦးတည်းသောသားကတော့ သူသည် လော့ဟယ်စီရင်စု၏ အုပ်ချုပ်ရေးမှူးဖြစ်လာသည်။ အသက် ၂၆နှစ်တွင် သူသည် တတိယအဆင့်အမတ်တစ်ယောက် ဖြစ်လာသည်။ ထိုအခြင်းအရာထက် သူ့အစ်မများ တစ်ယောက်ချင်းစီက တစ်ဦးထက်တစ်ဦး ပိုပြီး အင်အားကြီးလေရာ မည်သူက သူ့ကို ထိပါးရဲပါမည်နည်း။

သည်မွေးနေ့ပွဲ ပြီးသွားသည့်နောက် လူချမ်းသာမိသားစုများနှင့် လော့ဟယ်က သာမန်လူများကပင် သူတို့၏ စိတ်ထားသည် တဖြည်းဖြည်း ပြောင်းလဲလာကြလေသည်။ သမီးတွေက မကောင်းဘူးလို့ ဘယ်သူပြောလဲ။ စုမိသားစုကို ကြည့်လိုက်စမ်း။ သမီးရှစ်ယောက်။ တစ်ယောက်စီက တစ်ယောက်ထက်ကို ပိုတော်ကြတယ်။ အားမကျတဲ့သူ ဘယ်သူရှိလဲ။ သူတို့သည် ထိုအကြောင်းကို စဥ်းစားလေလေ သူတို့သမီးများလည်း ထိုသို့ဖြစ်လာနိုင်သည်ကို ခံစားမိလေလေ ဖြစ်လာကြလေသည်။ မိန်းကလေးများကို အလေးပေးမှုက တစတစ တိုးလာတော့သည်။ လော့ဟယ်စီရင်စုတွင် အမျိုးသမီးကျောင်းများလည်း ပိုထွက်ပေါ်လာကြသည်။ သို့သော် အကောင်းဆုံးကျောင်းမှာ အာရ်ယာအမျိုးသမီးကျောင်းတော် ဖြစ်နေဆဲပင်။

စုမိသားစု၏ မိန်းကလေးများသည် သူတို့၏ကိုယ်ပိုင်အားထုတ်မှုများက သည်လိုပြောင်းလဲမှုများကို ဖြစ်လာစေမည်ဟု မျှော်လင့်မထားခဲ့ကြပေ။ အနာဂတ်မျိုးဆက်များ၏ လော့ဟယ်ပြည်နယ်မှတ်တမ်းတွင် “သာ့ဖုန်းမင်းဆက်တွင် စုမိသားစုက သမီးကောင်းများကို မွေးဖွားပေးခဲ့သည်မှာ အားလုံး အသိပင် ဖြစ်လေသည်” ဟု သည်ကိစ္စကို မှတ်တမ်း ပြုထားလေတော့သည်။

...

ပြီးပါပြီ။

All Chapters