← Chapters

အခန်း ၁၁၃၁-၁၁၃၂)

Vol. 97 Ch. 1131-1132

အခန်း ၁၁၃၁-၁၁၃၂)

Vol. 97 Ch. 1131-1132

အခန်း ၁၁၃၁

လော့လင်တန်၏ စကားကို ကြားသောအခါ လော့ရယ်သည် အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“တကယ်လို့ အဲ့ဒီလိုသာ ဖြစ်လာရင် ဘာသာရေးအဖွဲ့အစည်း တော်တော်များများ ထိခိုက်ကုန်လိမ့်မယ်။”

လော့လင်တန်က ခေါင်းညိတ်လိုက်သည်။

“အဲ့ဒါကို ခမည်းတော်လည်း နားလည်ပါတယ်။ ဒါပေမဲ့ အခုက အခြေအနေက ထူးခြားနေတယ်။ ခမည်းတော်တို့အနေနဲ့ သူတို့ကို အရင်ဆုံး ဖမ်းဆီးထားရမယ်။ တကယ်လို့ ပြဿနာမရှိဘူးဆိုရင် နောက်မှ သူတို့ကို လျော်ကြေးပြန်ပေးလို့ ရတယ်။ ခမည်းတော်တို့မှာ အချိန်က အရမ်းနည်းပြီး တာဝန်က အရမ်းကြီးတယ်။”

“နားလည်ပါပြီ။”

လော့ရယ်က ပြန်ဖြေပြီးနောက် အပြင်သို့ ထွက်သွားလိုက်တော့သည်။

အနည်းငယ် စဉ်းစားလိုက်ပြီးနောက် လော့လင်တန်တစ်ယောက် မတ်တတ်ရပ်ကာ အပြင်သို့ ထွက်လာခဲ့လိုက်သည်။ သူသည် တည်နေရာကူးပြောင်းခြင်းအစီအရင်ကို အသုံးပြုကာ ကူတာအင်ပါယာ၏ နန်းတော်သို့ ရောက်သွားခဲ့သည်။

အစီအရင်ကို စောင့်ကြပ်နေသော စစ်သည်သည် လော့လင်တန်ကို မြင်သောအခါ ချက်ချင်းပင် ဒူးတစ်ဖက်ထောက် အရိုအသေပြုရင်း အော်ဟစ်နှုတ်ဆက်လိုက်သည်။

“အရှင်မင်းကြီးကို ဂါရဝပြုပါတယ်။”

“အခမ်းအနားတွေ မလိုပါဘူး။ ကိုယ်တော့်ကို ကူတာဧကရာဇ်ဆီ ခေါ်သွားပေး။”

လော့လင်တန်က ပြန်ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ။”

စစ်သည်သည် လော့လင်တန်ကို ချက်ချင်းခေါ်ဆောင်၍ ကူတာဧကရာဇ်၏ စာကြည့်ဆောင်သို့ အလျင်အမြန် သွားလိုက်သည်။

သူတို့ လမ်းတွင်ရှိနေစဉ်မှာပင် လော့လင်တန် ရောက်ရှိလာသည့် သတင်းမှာ ကူတာဧကရာဇ်ထံသို့ ရောက်ရှိနှင့်နေပြီဖြစ်သည်။ ကူတာအင်ပါယာတွင်လည်း လက်ကိုင်ဖုန်းများကို စတင်အသုံးပြုနေပြီဖြစ်ရာ အကြောင်းကြားရသည်မှာ အလွန်ပင် အဆင်ပြေချောမွေ့သွားခဲ့သည်။

“အရှင်မင်းကြီး ကြွလာတာကို ကျွန်တော်မျိုး မသိလိုက်တဲ့အတွက် ခရီးဦးကြို မပြုနိုင်တာကို ခွင့်လွှတ်ပေးပါ။”

ကူတာဧကရာဇ်က ဦးညွှတ်ရင်း ပြောလိုက်သည်။

“အခမ်းအနားတွေ မလိုပါဘူး။ ငါကိုယ်တော် ဒီနေ့ လာတာက လေဟာနယ်တံခါးအကြောင်း လာမေးတာပါ။”

လော့လင်တန်က သာမန်ကာလျှံကာပင် ကုလားထိုင်တစ်လုံး၌ ဝင်ထိုင်လိုက်သည်။

“အရှင်မင်းကြီးကို တင်ပြပါတယ်...။ လေဟာနယ်တံခါးက ကျွန်းပိုင်ရှင်နဲ့ အော့ခ်မျိုးနွယ်စုတို့ ခုခံကာကွယ်နေတဲ့ ရှေ့တန်းစစ်မျက်နှာပါ။ အရှင်မင်းကြီးက ဘာဖြစ်လို့ ဒီအကြောင်းကို ရုတ်တရက်ကြီး မေးမြန်းရတာလဲ။”

ကူတာဧကရာဇ်က ပြန်မေးလိုက်သည်။

“ဒီနေ့ ကျွန်းပိုင်ရှင်က ကိုယ်တော်တို့ပိုင်နက်ထဲမှာ မသေမျိုးမျိုးနွယ်နဲ့ ပူးပေါင်းနေတဲ့ မိစ္ဆာဂိုဏ်းတွေ ရှိ၊ မရှိ ကိုယ့်ဘာသာ စစ်ဆေးဖို့ ပြောထားတယ်။ အကယ်၍ မရှိဘူးဆိုရင် ကိုယ်တော်တို့ ရှေ့တန်းကို စစ်ကူလွှတ်ပြီး မသေမျိုးတွေကို သွားသတ်ရမယ်။”

လော့လင်တန်က ပြန်ပြောလိုက်သည်။

“ကျွန်တော်မျိုးတို့ တပ်ဖွဲ့တွေလည်း ရှေ့တန်းကို သွားရမှာလား။”

ကူတာဧကရာဇ်က အံ့အားသင့်စွာ မေးလိုက်သည်။ လော့လင်တန်က ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ်။ ကျွန်းပိုင်ရှင် ပြောပုံအရဆိုရင် ကိုယ်တော်တို့က တန်ပြန်တိုက်စစ် ဆင်နွှဲရတော့မယ်။ အဲဒါကြောင့် ကိုယ်တော် လေဟာနယ်တံခါးကို သွားပြီး တစ်ချက်လောက် ကြည့်ချင်တယ်။”

ကူတာဧကရာဇ်၏ မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ အတိတ်ကာလက မသေမျိုးမျိုးနွယ်များနှင့် တွေ့ဆုံလျှင် အကောင်းဆုံးလုပ်နိုင်သည်မှာ ခုခံကာကွယ်ရန်သာဖြစ်သည်။ တန်ပြန်တိုက်စစ်အကြောင်းကို မည်သူကမှ မတွေးဝံ့ခဲ့ပေ။

သို့သော် ကူတာဧကရာဇ်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ။ ကျွန်တော်မျိုး အရှင်မင်းကြီးကို ခေါ်သွားပါ့မယ်။”

ကူတာဧကရာဇ်သည် လော့လင်တန်ကို ခေါ်ဆောင်ကာ နန်းတော်အတွင်းရှိ လေဟာနယ်တံခါးဆီသို့ အလျင်အမြန် လျှောက်သွားလိုက်ကြသည်။

ကောင်းကင်မိုးကြိုး မင်းဆက်၏ နန်းတော်အတွင်း၌လည်း လေဟာနယ်တံခါး တစ်ခု ရှိနေသေးသော်လည်း ဇွန်ဘီးများမှာ ယခုအချိန်အထိ ထိုတွင်းထဲမှ ထွက်လာနေဆဲပင်။ သို့သော် အရေအတွက်မှာ အရင်ကထက် သိသိသာသာ လျော့နည်းသွားပြီဖြစ်သည်။

မကြာမီ သူတို့နှစ်ဦးသား လေဟာနယ်တံခါး ရှေ့သို့ ရောက်ရှိလာခဲ့ကြသည်။ ယခုအချိန်တွင် တွင်းထဲ၌ ဂူးလ်များ မရှိတော့ဘဲ ဘေးတစ်ဖက်တစ်ချက်တွင် စောင့်ကြပ်နေသည့် စစ်သည်များသာ ရှိတော့သည်။

ကူတာဧကရာဇ်နှင့် လော့လင်တန်တို့သည် လေဟာနယ်တံခါးထဲသို့ တိုက်ရိုက် လျှောက်ဝင်သွားကြသည်။ (၁၀) မီတာခန့်သာရှိသော အကွာအဝေးကို ဖြတ်သန်းပြီးနောက် သူတို့နှစ်ဦးသား အခြားတစ်ဖက်၌ ထွက်ပေါ်လာခဲ့သည်။

ထိုဘက်ခြမ်းတွင်လည်း ကူတာအင်ပါယာမှ စစ်သည်များ ရှိနေကြသည်။ ကူတာဧကရာဇ်နှင့် လော့လင်တန်တို့ကို မြင်သောအခါ သူတို့အားလုံး တစ်ယောက်ပြီးတစ်ယောက် အလေးပြုလိုက်ကြလေသည်။

လော့လင်တန်က သူတို့ကို ခေါင်းညိတ်အသိအမှတ်ပြုလိုက်ပြီးနောက် အဝေးသို့ လှမ်းကြည့်လိုက်သည်။

“ဒါက တကယ်ပဲ ရှေ့တန်းစစ်မျက်နှာရော ဟုတ်လို့လား။ မသေမျိုးတစ်ကောင်မှ မမြင်ရပါလား။”

လော့လင်တန်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“အရှင်မင်းကြီး... တိုက်ပွဲနယ်နိမိတ်ကို ကျွန်းပိုင်ရှင်က အရှေ့ကို အများကြီး တွန်းပို့လိုက်ပါပြီ။ စစ်သုံးယာဉ်လို့ခေါ်တဲ့ လက်နက်အသစ်တစ်မျိုးကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။”

ကူတာဧကရာဇ်က ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လော့လင်တန်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ မဟာမိတ်အဖွဲ့တွင် လက်နက်သစ်တစ်ခု ထပ်ရှိနေပြန်ပြီ။

အဲ့ဒါကို သွားကြည့်ဖို့ လိုအပ်နေပြီလို့ ထင်တယ်။

ရှေ့တန်းတိုက်ပွဲကို လုံးဝမမြင်ရသောကြောင့် လူလင်တွန်သည် ထိုနေရာ၌ အချိန်ထပ်မဖြုန်းတော့ပေ။

ဤခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ လေဟာနယ်တံခါး အခြားတစ်ဖက်ရှိ ကမ္ဘာကြီးကို ကြည့်ရှုရန်ဖြစ်သည်။ ပတ်ဝန်းကျင်အရောင်မှာ အနည်းငယ် မွဲပြာနေပြီး ဖိနှိပ်မှုအငွေ့အသက် အနည်းငယ်ရှိသည်မှလွဲ၍ ကျန်ရှိသည်များမှာ အတူတူပင်ဖြစ်သည်။

ထို့အပြင် ကူတာဧကရာဇ် ပြောပြသော စစ်သုံးယာဉ်အသစ်အကြောင်းကို ကြားသိရပြီးနောက် လော့လင်တန်သည် အစီအရင်ကို အသုံးပြုကာ ယီရန်ပင်း မဟာမိတ်အဖွဲ့ဆီသို့ တိုက်ရိုက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

“ကျုပ်ကို အသည်းအသန် လိုက်ရှာနေတာ အရေးကြီးကိစ္စ တစ်ခုခုရှိလို့လား။”

ဖုန်မှုန့်များပေကျံကာ ရောက်ရှိလာသော လော့လင်တန်ကို ကြည့်ပြီး အန်းယွဲ့က မေးလိုက်သည်။

“အကြီးအကဲအန်း... မဟာမိတ်အဖွဲ့ထဲမှာ လက်နက်သစ်တစ်ခု ရှိနေတယ်လို့ ကျုပ် ကြားခဲ့လို့ပါ။ စစ်သုံးယာဉ်လို့ ခေါ်တယ်ထင်တယ်။ အဲဒါလေး ကျုပ်ကို တစ်ချက်လောက် ပြပါဦး။”

လော့လင်တန် ပြန်ဖြေလိုက်သည်။

အန်းယွဲ့သည် အနည်းငယ် အံ့အားသင့်သွားခဲ့ပြီးနောက် ရယ်မောလိုက်လေသည်။

“ခင်ဗျားက ဒီလက်နက်သစ်ကို ကြည့်ရဖို့အတွက်နဲ့ ဒီအထိ တစ်လမ်းလုံး ပြေးလာခဲ့တာလား။”

“ဒါပေါ့။”

လော့လင်တန်က ပြန်ဖြေလိုက်သည်။

“ဒါက နောင်လာမယ့် တိုက်ပွဲတွေအတွက် ပြင်ဆင်တာလည်း ဖြစ်တယ်လေ။ အရင်ဆုံး အဲ့ဒါတွေအကြောင်းကို နားလည်ထားရမှာပေါ့။”

အန်းယွဲ့သည် ကုကယ်ရာမဲ့စွာ ခေါင်းခါလိုက်မိသည်။

“ကျုပ်နောက် လိုက်ခဲ့ပါ။”

ထိုအချိန်တွင် ရှောင်းယီမှာ ရှေ့တန်းသို့ ပြန်ရောက်နေပြီဖြစ်သည်။ ကုန်တင်လေယာဉ်ကြီးသည် ဧရာမဘီလူးအဖွဲ့နှင့်အတူ ရှေ့သို့ တက်လှမ်းနေသောကြောင့် သူသည် မြို့ပြန်ကျောက်ကို အသုံးပြုပြီး လေယာဉ်ပေါ်သို့ ချက်ချင်း ကူးပြောင်းကာ ပြန်လာခဲ့ခြင်းဖြစ်သည်။

“အစ်ကိုကျန်း... အခြေအနေ ဘယ်လိုရှိလဲ။”

ရှောင်းယီသည် ကျန်းယွက်ထျန်း အနားသို့ လျှောက်သွားပြီး မေးလိုက်သည်။

“မသေမျိုးတွေက ဆက်တိုက် ဆုတ်ခွာနေကြတယ်။”

ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။

“သူတို့တွေ ဟင်းလင်းပြင် အက်ကွဲကြောင်း ဆီကို ပြန်ဆုတ်ချင်နေကြတဲ့ ပုံစံမျိုးပဲ။”

ရှောင်းယီ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။ ဆုတ်ခွာနေသော မသေမျိုးများကို ကြည့်ရင်း သူ့စိတ်ထဲတွင် စိုးရိမ်စိတ်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ မသေမျိုးမျိုးနွယ်များသည် တစ်ခုခုကို ပြင်ဆင်နေသလိုမျိုး သူ အမြဲ ခံစားနေရလေသည်။

“တခြား ကာကွယ်ရေးစခန်းတွေက အခြေအနေကိုရော မေးကြည့်ပြီးပြီလား။”

ရှောင်းယီက မေးလိုက်၏။ ကျန်းယွင်ထျန်းက ခေါင်းညိတ်လိုက်သည်။

“ခုနကတင် မေးကြည့်ပြီးပြီ။ ငါတို့ ကာကွယ်ထားတဲ့ အပိုင်းတွေမှာ မသေမျိုးတွေက ဘယ်လို ခုခံမှုမျိုးမှမရှိဘဲ ဆက်တိုက် ဆုတ်ခွာနေကြတယ်။”

“သူတို့ တစ်ခုခု ကြံစည်နေတာ သေချာတယ်။ မဖြစ်ဘူး...ငါတို့ တစ်ခုခု လုပ်မှဖြစ်မယ်။”

ရှောင်းယီက လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်ပြီ... ဒရုန်း။ ဒရုန်းတွေ အခုချက်ချင်း စေလွှတ်ပြီး သွားစုံစမ်းခိုင်းလိုက်။”

ဒရုန်းသည် ရန်သူ၏ ဖျက်ဆီးခြင်းကို ခံရနိုင်ခြေရှိမှန်း သိသော်လည်း ယခုအချိန်တွင် အခြား နည်းလမ်းကောင်း မရှိတော့ပေ။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင် မှတစ်ဆင့် အသေးစား ကင်းထောက်ဒရုန်း ဆယ်ခုကို လဲလှယ်လိုက်ပြီး ၎င်းတို့ကို အမြန်ဆုံး အရှိန်ဖြင့် ရှေ့သို့ ပျံသန်း စုံစမ်းခိုင်းလိုက်သည်။

ထို့နောက် ကင်းထောက်ဒရုန်းများမှာ အဝေးသို့ လျင်မြန်စွာ ပျောက်ကွယ်သွားကြတော့သည်။

“သူတို့ သတင်းတစ်ခုခု ပြန်ယူလာနိုင်ဖို့ မျှော်လင့်ရတာပဲ။”

ရှောင်းယီ အဝေးသို့ လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။

ရုတ်တရက် ကင်းထောက်စစ်သည်တစ်ဦး ပြေးလာပြီး အစီရင်ခံလာခဲ့လေသည်။

“ကျွန်းပိုင်ရှင်၊ နည်းပြ... မသေမျိုးတွေ စပြီး ခုခံနေပါပြီ။”

ထိုသတင်းကို ကြားလိုက်ရသောအခါ ရှောင်းယီနှင့် ကျန်းယွင်ထျန်းတို့နှစ်ဦးစလုံး အမှန်တကယ်ပင် စိတ်သက်သာရာ ရသွားခဲ့ကြသည်။ အနည်းဆုံးတော့ ခုခံမှု အနည်းငယ် ရှိနေခြင်းက ပုံမှန်ဖြစ်သည်။ လုံးဝ ခုခံခြင်းမရှိဘဲ ဆုတ်ခွာနေခြင်းကသာ လူကို စိုးရိမ်ပူပန်စေသည်။

“စစ်သုံးယာဉ်တွေကို ရှေ့တိုးလိုက်တော့။ ဧရာမဘီလူးတွေကို ကူညီပြီး မသေမျိုးတွေကို ရှင်းပစ်လိုက်။”

ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။

အရိုးနဂါးများကို နှိမ်နင်းပြီးနောက် ဧရာမဘီလူးကြီးများရှိရာ အရပ်တွင် အရိုးစုများဖြင့် ပြည့်နှက်နေခဲ့သည်။ သို့သော် အရိုးစုမှာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဧရာမဘီလူးတစ်ကောင်၏ လက်သီး သို့မဟုတ် ခြေထောက်တစ်ချက်ကိုပင် မခံနိုင်ကြပေ။

ဧရာမဘီလူးကြီးများနှင့် ထိပ်တိုက်တွေ့သမျှ အရာအားလုံးမှာ အရိုးမှုန့်များအဖြစ် ကြေမွကုန်ကြသည်။

စစ်သုံးယာဉ်အုပ်စုသည် အဝေးတွင်ရှိသော အရိုးစုအုပ်စုများကိုသာ ပစ်မှတ်ထားနိုင်သည်။

“ဘုန်း... ဘုန်း... ဘုန်း...”

စစ်သုံးယာဉ်အုပ်စုမှ တစ်ပြိုင်နက် ပစ်ခတ်လိုက်သောအခါ ထိုအရိုးစုများမှာ နောက်သို့ ထပ်မံ ဆုတ်ခွာသွားကြပြန်သည်။

“သူတို့ ဒီလောက်ပဲ ခုခံနိုင်တာလား။”

နောက်သို့ ထပ်မံ ဆုတ်ခွာသွားသော အရိုးစုများကို ကြည့်ပြီး ရှောင်းယီ တစ်ယောက် ပြောစရာ စကားမဲ့သွားခဲ့သည်။။ကျန်းယွင်ထျန်းလည်း ထပ်တူပင်။

“ဒီလောက် ခုခံမှုမျိုးနဲ့ဆိုရင် ငါတို့ စစ်သည်တွေ စိတ်ဓာတ်ကို တက်ကြွလာစေဖို့တောင် မလွယ်လောက်ဘူး။”

ရှောင်းယီက မျက်လုံးကို မှေးကျဉ်းလိုက်သည်။

“ဒါဆိုရင် ရှေ့ကို ဆက်တိုးကြတာပေါ့။ သူတို့က ငါတို့ကို ဟင်းလင်းပြင် အက်ကွဲကြောင်းရှိတဲ့ နေရာအထိ တကယ်ပဲ ပေးတိုးမှာလားဆိုတာ ငါ သိချင်တယ်။”

ကျန်းယွင်ထျန်းကလည်း သဘောတူ ခေါင်းညိတ်လိုက်သည်။

ဧရာမဘီလူးခေါင်းဆောင် ကျားကျန့်၏ နားတွင် ဝေါ်ကီတော်ကီတစ်လုံး ချိတ်ဆွဲထားသည်။ ရှောင်းယီသည် ဝေါ်ကီတော်ကီကို အသုံးပြုပြီး သူ၏ အကြံအစည်ကို ကျားကျန့်ထံ တိုက်ရိုက် ပြောလိုက်သည်။

“ကောင်းပြီ။ ငါတို့ ရှေ့ဆက်တိုးမယ်။”

ကျားကျန့်က အံ့အားသင့်နေသော မျက်နှာဖြင့် ပြန်ဖြေလိုက်သည်။

ကျားကျန့်သည် သူ့နားတွင် ချိတ်ဆွဲထားသော အရာလေးက ရှောင်းယီ၏ အသံကို အမှန်တကယ် ထုတ်လွှင့်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားမိပေ။ ယခု သူတို့သည် အလွန်အလှမ်းဝေးနေပြီဖြစ်ရာ ရှောင်းယီ ပြောနေသည်ကို သူ လုံးဝ မကြားနိုင်သင့်တော့ပေ။

အခန်း ၁၁၃၂

ခေါင်းဆောင်၏ မျက်နှာထက်မှ အံ့အားသင့်သွားသည့် အမူအရာကို မြင်လိုက်ရသောအခါ ဟူကျဲက ရှေ့တက်ကာ မေးလိုက်သည်။

“ခေါင်းဆောင်...ဘာဖြစ်လို့လဲ။”

ကျားကျန့်က သူ့နားထဲတွင် တပ်ဆင်ထားသော ဝေါ်ကီတော်ကီကို ညွှန်ပြရင်း ပြောလိုက်သည်။

“ဒီဟာက မဟာမိတ်ခေါင်းဆောင်ရှောင်းရဲ့ အသံကို တကယ် ပို့လွှတ်ပေးနိုင်တာပဲ။ အသံကလည်း အရမ်းရှင်းတယ်။”

“ဒါ တကယ်ကို အံ့ဩဖို့ကောင်းတာပဲ။ ဒါဆို ကျုပ်တို့ စကားပြောချင်တိုင်း ကုန်းကုန်းကွကွနဲ့ သွားနေစရာ မလိုတော့ဘူးပေါ့။”

ဟုကျဲက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟုတ်တယ်။ ငါတို့ ပြန်သွားစရာတောင် မလိုတော့ဘူး။”

ကျားကျန့်က ပြန်ဖြေလိုက်သည်။

ဟူကျဲသည် နားကပ်နှင့်တူသော ထိုဝေါ်ကီတော်ကီကို ကြည့်ကာ တိုးတိုးလေး ရေရွတ်လိုက်၏။

“နောက်ကျရင် မဟာမိတ်ခေါင်းဆောင်ရှောင်းဆီကနေ တစ်ခုလောက် တောင်းရမယ်။”

ကျားကျန့်က ပြုံးကာ ခေါင်းခါလိုက်မိသည်။

“ကောင်းပြီ... ချီတက်ကြမယ်။ မဟာမိတ်ခေါင်းဆောင်ရှောင်းက မသေမျိုးမျိုးနွယ်စုတွေရဲ့ နောက်ဆုံးခံစစ်စည်းကို စမ်းသပ်ရမယ်လို့ ပြောထားတယ်။”

“နားလည်ပါပြီ။”

ဟူကျဲက တုံ့ပြန်လိုက်သည်။

ဧရာမဘီလူးကြီးများသည် ချက်ချင်းပင် ရှေ့သို့ တဟုန်ထိုး ပြေးထွက်သွားကြရာ နောက်မှ လိုက်ပါလာသော စစ်သုံးယာဉ်တန်းနှင့် အကွာအဝေးမှာ အလွန်လျင်မြန်စွာပင် ကျယ်ပြန့်သွားခဲ့သည်။ ဧရာမဘီလူးကြီးများ၏ အပြေးနှုန်းမှာ အလွန်ပင် မြန်ဆန်လှသည်။

“အရမ်း အမြန်ကြီး မသွားကြနဲ့။ စစ်သုံးယာဉ်တွေ မမှီတော့ဘူး။”

ရှောင်းယီက မနေနိုင်ဘဲ လှမ်းပြောလိုက်ရသည်။

ဧရာမဘီလူးကြီးများသည် ၎င်းတို့၏ အရှိန်ကို ပြန်လည်လျှော့ချလိုက်ရသော်လည်း ၎င်းတို့၏ လျှော့ထားသော အရှိန်မှာပင် စစ်သုံးယာဉ်များအနေဖြင့် အမီလိုက်နိုင်ရန် အရှိန်အကုန်မြှင့်၍ မောင်းနှင်နေရဆဲဪင်။

ထိုသို့ဖြင့် ဧရာမဘီလူးကြီးများနှင့် ရှောင်းယီတို့သည် အရိုးစုများကို ခုနစ်နာရီကြာအောင် လိုက်လံသတ်ဖြတ်ခဲ့ရာ ကီလိုမီတာ ရှစ်ရာကျော် ခရီးပေါက်ခဲ့သည်။

ထိုအချိန်တွင် အန်းယွဲ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် မက်ဆေ့ချ်တစ်ခု ပေးပို့လာခဲ့သည်။

“ကျွန်းပိုင်ရှင် တခြားမဟာမိတ်အဖွဲ့တွေက စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ် အမြောက်အမြား ဝယ်ယူဖို့ လျှောက်ထားနေကြတယ်။ ရှေ့တန်းစစ်မျက်နှာက အရမ်းကို ဝေးကွာသွားပြီဖြစ်တဲ့အတွက် လေဟာနယ်တံခါးကနေ ဖြတ်သွားရင်တောင် ရှေ့တန်းကိုရောက်ဖို့ ခရီးက အရမ်းဝေးနေသေးတယ်။ သူတို့ရဲ့ စစ်သည်တွေကို အရောက်ပို့ပေးဖို့အတွက် သယ်ယူပို့ဆောင်ရေးယာဉ်တွေ အများကြီး လိုအပ်နေပါတယ်။”

အန်းယွဲ့က ရှောင်းယီထံ သတင်းပို့လိုက်သည်။

“နားလည်ပြီ။ ဒီတိုက်ပွဲကို ကူညီထောက်ပံ့တဲ့အနေနဲ့ ဘက်စုံသုံး စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်တွေကို ၉၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းပေးမယ်။”

ရှောင်းယီက ချက်ချင်း အကြောင်းပြန်လိုက်သည်။

“၉၀ ရာခိုင်နှုန်း လျှော့ဈေးလား။ ဒါက အရမ်းမများလွန်းဘူးလား။”

အန်းယွဲ့က အံ့အားသင့်စွာ မေးလိုက်သည်။

ယခင်က ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးယာဉ်တစ်စီးကို အုတ်မြစ်ကျောက် တစ်ထောင် ပေးရသော်လည်း ယခု ၉၀ ရာခိုင်နှုန်း လျှော့ဈေးဆိုပါက တစ်စီးလျှင် တစ်ရာသာ ကျသင့်တော့မည်ဖြစ်သည်။

“အဆင်ပြေပါတယ်။ မသေမျိုးမျိုးနွယ်စုတွေကိုသာ ရှင်းထုတ်နိုင်မယ်ဆိုရင် အားလုံး စိတ်ပူစရာမလိုဘဲ ဖွံ့ဖြိုးတိုးတက်လာနိုင်လိမ့်မယ်။ သူတို့ ဖွံ့ဖြိုးတိုးတက်လာပြီး အုတ်မြစ်ကျောက်တွေ ပိုရလာရင်လည်း နောက်ဆုံးတော့ အဲ့ဒါတွေက ကျုပ်တို့ဆီပဲ ပြန်ရောက်လာမှာပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“နားလည်ပါပြီ။”

အန်းယွဲ့က ပြန်ဖြေလိုက်ပြီး ဂရုချက်ထဲ၌ ချက်ချင်းပင် ကြေညာချက် ထုတ်ပြန်လိုက်တော့သည်။

“မသေမျိုးမျိုးနွယ်စုတွေကို ပြန်လည်တိုက်ခိုက်တဲ့ တိုက်ပွဲကို ကူညီဖို့အတွက် ကျုပ်တို့ မဟာမိတ်ခေါင်းဆောင်က စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်တွေကို ၉၀ ရာခိုင်နှုန်း လျှော့ဈေးနဲ့ ရောင်းချပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လိုအပ်သူတွေအနေနဲ့ အရောင်းဝန်ထမ်းတွေထံကို တိုက်ရိုက်ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။”

“အား... သောက်ကျိုးနည်းဟေ့...။ ၉၀ ရာခိုင်နှုန်း လျှော့ဈေးကြီးတောင်လား။ အရင်က တစ်ထောင်တန်က အခု တစ်ရာတည်းပဲလား။”

“ဒါဆို တွေဝေမနေနဲ့တော့။ မြန်မြန်သာ ဝယ်ကြစို့။ ငါ့အထင်တော့ မသေမျိုးမျိုးနွယ်စုတွေ ကိစ္စပြီးသွားရင် ဈေးနှုန်းက ပြန်တက်သွားမှာပဲ။”

“ဟုတ်တယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက စုဆောင်းထားမိတဲ့ အုတ်မြစ်ကျောက်တွေ ရှိနေတာနဲ့ အတော်ပဲ။ တစ်သုတ်လောက် ဝယ်ထားရမယ်။”

“အခုမှ သတိထားမိတယ်။ သူဌေးကြီး ပစ္စည်းတွေ အကြီးအကျယ် လျှော့ဈေးနဲ့ မရောင်းတာ ကြာပြီမဟုတ်လား။”

“ဟုတ်သလိုပဲ။ ငါမှတ်မိသလောက်ဆိုရင် နောက်ဆုံး အရောင်းမြှင့်တင်ရေး လုပ်ခဲ့တာက... အဲ့ဒီတစ်ခေါက်ကပဲ။”

“မင်းပြောတာ နားထောင်ရတာကလည်း ကိုယ့်စကားကိုယ် ပြန်နားထောင်နေရသလိုပဲ။”

“မင်းတို့တွေကတော့ တကယ် လေပေါတွေပဲ။ သူဌေးကြီးက မသေမျိုးမျိုးနွယ်စုတွေကို တိုက်ထုတ်ပေးထားလို့ အားယားနေကြတာလား။”

“စိတ်လက်ပေါ့ပါးဖို့ဆိုတာ ခဲယဉ်းတယ်လေဗျာ။ အဲ့ဒါကြောင့် အဖွဲ့ထဲမှာ စကားတွေ လျှောက်ပြောနေရတာ။ မဟုတ်ရင် ဘဝက အရမ်းပျင်းစရာကောင်းသွားမှာပေါ့။”

“မင်းတို့ စကားများနေတဲ့အချိန်မှာ ငါကတော့ ငါ့မဟာမိတ်အဖွဲ့အတွက် သယ်ယူပို့ဆောင်ရေးယာဉ်တွေ ဝယ်ပြီးသွားပြီဟေ့။”

“မင်းပြောပုံကလည်း မသိရင် အလုပ်တွေ အများကြီး လုပ်လိုက်ရသလိုပဲ။ ယီရန်ပင်း သူဌေးကြီးဆီ မက်ဆေ့ချ်ပို့၊ ဘယ်နှစ်စီးလိုချင်လဲပြော၊ အုတ်မြစ်ကျောက်တွေ ပို့ပေးလိုက်ရုံတင် မဟုတ်ဘူးလား။”

“အတိအကျပဲ...။ အဖွဲ့ထဲမှာ စကားပြောရင်းနဲ့တင် အဲ့ဒီအလုပ်လေးကို အပြီးဖြတ်လိုက်တာ။”

မဟာမိတ်အဖွဲ့အများအပြား လိုအပ်နေသော စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ် အရေအတွက်မှာ အဆမတန် များပြားလှသည်။ ယီရန်ပင်း မဟာမိတ်အဖွဲ့တွင် သတ္တုအရင်းအမြစ် မည်မျှပင် ကြွယ်ဝစေကာမူ ထိုမျှလောက်သော သုံးစွဲမှုကို မခံနိုင်ပေ။

မကြာမီမှာပင် သတ္တုလက်ကျန်ပမာဏမှာ သတိပေးစည်းသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ အန်းယွဲ့သည်လည်း ဂရုထဲသို့ မက်ဆေ့ချ်တစ်ခု ထပ်မံပေးပို့လိုက်ရပြန်သည်။

“သတ္တုပြတ်လပ်မှုကြောင့် စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်များ ရောင်းချမှုကို ခေတ္တရပ်ဆိုင်းထားပါတယ်။ သယ်ယူပို့ဆောင်ရေးယာဉ် လုံလုံလောက်လောက်ရှိတဲ့ မဟာမိတ်အဖွဲ့တွေအနေနဲ့ တပ်ဖွဲ့ဝင်တွေကို ရှေ့တန်းအရောက်ပို့ဆောင်နိုင်ဖို့ ငှားရမ်းခစနစ် စတင်ဖို့ အကြံပြုလိုပါတယ်။”

အန်းယွဲ့၏ အကြံပြုချက်ကို မြင်သောအခါ သယ်ယူပို့ဆောင်ရေးယာဉ် အမြောက်အမြား ဝယ်ယူထားသည့် မဟာမိတ်အဖွဲ့များမှာ အကြံရသွားကြတော့သည်။

“ကျုပ်တို့အဖွဲ့က ယာဉ်တွေကို ငှားပေးလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင် သုံးပြီးမှပဲ ဖြစ်လိမ့်မယ်။”

“ကျုပ်တို့လည်း အတူတူပဲ။ ကိုယ့်တပ်ဖွဲ့တွေကို ရှေ့တန်းအရောက် အရင်ပို့ရဦးမှာမို့လို့ ပြီးမှပဲ ငှားဖို့ စဉ်းစားနိုင်လိမ့်မယ်။”

“အဲ့ဒါလည်း အဆင်ပြေပါတယ်။ စောင့်ရမှာပေါ့။”

ငှားရမ်း၍ ရနိုင်သော်လည်း သူတစ်ပါးသုံးပြီးမှ အလှည့်ကျမည်ဖြစ်သောကြောင့် အချိန်အတော်ကြာ စောင့်ဆိုင်းရမည်ဖြစ်သည်။ သို့သော် အခြားနည်းလမ်းမရှိပေ။ မိမိတို့ဘာသာ အချိန်မီ မဝယ်ယူနိုင်ခဲ့ခြင်းကိုသာ အပြစ်တင်ရမည်ဖြစ်သည်။

ကောင်းကင်မှာလည်း တဖြည်းဖြည်း မှောင်စပြုလာပြီဖြစ်သည်။

ရှောင်းယီနှင့် အခြားသူများသည် ကီလိုမီတာ တစ်ထောင်နီးပါး ချီတက်ခဲ့ကြပြီးဖြစ်သော်လည်း မသေမျိုးမျိုးနွယ်စုများမှာ ဆက်တိုက်ဆိုသလို ဆုတ်ခွာနေဆဲပင်။

အစောပိုင်းက သူတို့သည် ဟန်ပြအနေဖြင့် အနည်းငယ် ခုခံတိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် ဘာကိုမျှ ဂရုမစိုက်တော့ဘဲ အတင်းအဓမ္မ ဆုတ်ခွာနေကြခြင်းဖြစ်သည်။

ရှောင်းယီသည် ရှေ့တန်းမှ ဧရာမဘီလူးကြီးများ၏ ပင်ပန်းနွမ်းနယ်နေသည့် လက္ခဏာများကို မြင်လိုက်ရသည်။

“ခေါင်းဆောင်ကျား ဒီမှာ ခဏလောက် နားကြစို့။”

“ကောင်းပါပြီ။”

ကျားကျန့်က ချက်ချင်း သဘောတူလိုက်သည်။ ကီလိုမီတာ တစ်ထောင် ဆက်တိုက် လိုက်လံတိုက်ခိုက်ခဲ့ရသဖြင့် သူတို့ အမှန်တကယ်ပင် အနားယူရန် လိုအပ်နေပြီဖြစ်သည်။

ဧရာမဘီလူးကြီးများသည် တစ်ယောက်ပြီးတစ်ယောက် ထိုင်ချလိုက်ကြပြီး နောက်မှလိုက်လာသော သေတ္တာအသေးလေးများကို အားကျသော မျက်လုံးများဖြင့် ကြည့်နေလိုက်ကြသည်။

“ဒီစစ်သုံးယာဉ်တွေက တကယ်ကောင်းတာပဲ။ ပေါ်မှာ ထိုင်လိုက်ရုံနဲ့ ကိုယ်တိုင် လမ်းလျှောက်နေစရာ မလိုတော့ဘူး။ ငါတို့နောက်ကို ကီလိုမီတာ တစ်ထောင်လောက် လိုက်လာတာတောင် ဘာတုံ့ပြန်မှုမှ မရှိဘူး။”

“ဟုတ်တယ်။ အဲ့ဒါကို နည်းနည်းလောက် ပိုကြီးအောင် လုပ်လို့ရရင် ငါတို့ပါ ထိုင်လိုက်လို့ ရတာပေါ့။”

“ဟက်... ရယ်စရာတွေ ပြောမနေနဲ့။ ငါတို့ပါ ဆံ့ဖို့ဆိုရင် အဲ့ဒီယာဉ်က ဘယ်လောက်တောင် ကြီးရမလဲ။ ငါ့အထင်တော့ သူတို့ မဆောက်နိုင်လောက်ဘူး။”

“မပြောနိုင်ဘူးလေ။ ဟိုကောင်ကြီးကို ကြည့်ဦး။ ငါတို့နောက်ကို တစ်လျှောက်လုံး လိုက်လာနိုင်တာပဲ မဟုတ်ဘူးလား။”

ဟူကျဲက သယ်ယူပို့ဆောင်ရေး လေယာဉ်ကြီးကို ညွှန်ပြကာ ပြောလိုက်သည်။

ထိုအချိန်တွင် လေယာဉ်ကြီးအနား၌ စစ်သည်သယ်ယူပို့ဆောင်ရေးယာဉ်များ ထွက်ပေါ်လာခဲ့သည်။ ထိုယာဉ်များပေါ်တွင် စစ်သည်များ မပါဘဲ သိုးကင်များ၊ ဝက်ကင်များနှင့် အခြား အစားအစာများ အပြည့်ပါလာခဲ့လေသည်။

ထိုယာဉ်များ ဧရာမဘီလူးကြီးများ၏ အလယ်သို့ ရောက်လာမှသာ မွှေးကြိုင်လှသော အနံ့ကို ဧရာမဘီလူးကြီးများ စတင်ရရှိခဲ့ကြသည်။

“မွှေးလိုက်တာ။”

“ဟုတ်တယ်။ ငါတို့ အသားမစားရတာ ဘယ်လောက်တောင် ကြာပြီလဲ။”

“ဒါတွေက ငါတို့ စားဖို့လား။”

ကျားကျန့်သည် မွှေးကြိုင်သော အစားအစာများ တင်ဆောင်လာသည့် ယာဉ်အစီးရေ တစ်ရာကျော်ကို အံ့အားသင့်စွာ ကြည့်ရင်း မေးလိုက်သည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်း ဒါက...”

“ခင်ဗျားတို့အတွက် ပြင်ဆင်ပေးထားတာပါ။ ဒီလောက်အဝေးကြီး ပြေးလာရတာဆိုတော့ ခင်ဗျားတို့ရဲ့ ရိက္ခာထောက်ပံ့ရေးက အမီလိုက်နိုင်မှာ မဟုတ်ဘူးလို့ ကျုပ် ထင်မိလို့ပါ။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

သူ့စကားပင် မဆုံးသေးမီမှာပင် မြေကြီးမှာ တုန်ခါသွားပြီး ဧရာမဘီလူးမကြီးများ တစ်စုသည် စစ်သုံးယာဉ်များအားလုံးကို ထည့်ထားနိုင်လောက်သော အိုးကြီးများကိုယ်စီ မလျက် ပြေးလာကြလေသည်။

ကျားကျန့်က တစ်ချက်ပြုံးလိုက်ရင်း သူ့အနောက်ကို ညွှန်ပြကာ ပြောလိုက်သည်။

“ငါတို့ရဲ့ ရိက္ခာထောက်ပံ့ရေးက အမီလိုက်နိုင်ပါသေးတယ်။”

ရှောင်းယီက ပုခုံးသာ တွန့်ပြလိုက်တော့သည်။

“ကောင်းပါပြီ။ ခင်ဗျားတို့ ရိက္ခာအဖွဲ့ရဲ့ အရှိန်ကို ကျုပ် လျှော့တွက်မိသွားတယ်။”

ဘီလူးမများသည် နားသို့ ရောက်လာသည်နှင့် ကျားကျန့်နှင့် အခြားသူများအား အစားအစာများ ဝေငှလိုက်ကြသည်။ ၎င်းတို့မှာ စစ်သုံးယာဉ် တစ်ဝက်ခန့် အရွယ်အစားရှိသော မုယောစပါး မုန့်လုံးကြီးများ ဖြစ်သည်။

[ဧရာမဘီလူး မုယောစပါးမုန့်လုံး: စီရီရယ် အစားအစာ၊ ဧရာမဘီလူးမုယောစပါးမှုန့်ဖြင့် ပြုလုပ်ထားပြီး ဆာလောင်မှုကို ပြေပျောက်စေရန် အသုံးပြုနိုင်သည်။]

ဤဧရာမဘီလူးကြီးများသည် သာမန် မုယောစပါးမှုန့်ကိုသာ စားသုံးနေကြသည်ကို မြင်သောအခါ ရှောင်းယီ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ အကြောင်းမှာ ဤဘီလူးကြီးများအားလုံးသည် သိသိသာသာပင် SSS အဆင့်ရှိသူများ ဖြစ်ကြသောကြောင့်ပင်။

“သာမန်အစားအစာတွေပဲ စားပြီးတော့ SSS အဆင့်အထိ ရောက်နိုင်လို့လား။”

ရှောင်းယီ တစ်ယောက်တည်း တွေးတောမိလိုက်လေသည်။

All Chapters