← Chapters

အခန်း (၁၁၃၃-၁၁၃၄)

Vol. 97 Ch. 1133-1134

အခန်း (၁၁၃၃-၁၁၃၄)

Vol. 97 Ch. 1133-1134

အခန်း ၁၁၃၃

မကြာမီမှာပင် မျိုးနွယ်စုအသီးသီး၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကွာခြားချက်မှာ အမှန်တကယ်ပင် ကြီးမားလှကြောင်း ရှောင်းယီ နားလည်သွားခဲ့သည်။

ဧရာမဘီလူးမျိုးနွယ်စုကဲ့သို့သော မျိုးနွယ်ခြားများအတွက် ၎င်းတို့၏ ဧရာမဘီလူးမျိုးဗီဇအရ မွေးဖွားလာစဉ်ကတည်းက S အဆင့် သို့မဟုတ် ထိုထက်မြင့်မားသော အဆင့်တွင် ရှိနေနိုင်ပြီး ကြီးပြင်းလာသည်နှင့်အမျှ အဆင့်မှာလည်း ဆက်လက်မြင့်တက်လာမည့် အလားအလာရှိသည်။

၎င်းတို့သည် အစကတည်းက အောင်နိုင်သူများအဖြစ် မွေးဖွားလာကြခြင်းပင်။

ထိုဧရာမဘီလူးကြီးများသည် ၎င်းတို့၏ မုယောစပါးမုန့်လုံးများကို ဝါးစားနေကြသော်လည်း မျက်လုံးများကမူ တပ်ဖွဲ့သယ်ယူပို့ဆောင်ရေးယာဉ်များပေါ်ရှိ အစားအစာများကိုသာ ခိုးခိုးကြည့်နေကြသည်။

ဧရာမဘီလူးကြီးများ၏ ထိုအမူအရာလေးများကို မြင်သောအခါ ရှောင်းယီ မရယ်ဘဲ မနေနိုင်တော့ပေ။ ရှောင်းယီနှင့် သူ့လူများအမြင်တွင် ဧရာမဘီလူးကြီးများ၏ သိမ်မွေ့သော လှုပ်ရှားမှုများမှာ အလွန်ပင် သိသာလွန်းလှသည်။

ထို့ကြောင့် ရှောင်းယီက ရှေ့တက်ကာ ပြောလိုက်သည်။

“ခေါင်းဆောင်ကျား ခင်ဗျား ကြည့်ပါဦး... ကျုပ်တို့ အစားအစာတွေကို ဒီအထိတောင် သယ်လာပြီးပြီပဲ။ ဒီအတိုင်း ထားလိုက်ရင်လည်း နှမြောစရာကြီးဆိုတော့ ကျုပ်တို့ကို ကူးစားပေးပါဦးလား။”

အခြားဧရာမဘီလူးကြီးများအားလုံးမှာ ရှောင်းယီ၏စကားကို နားစွင့်နေကြသည်။ ထိုစကားကို ကြားလိုက်ရသောအခါ အားလုံးက မျှော်လင့်ချက်အပြည့်ဖြင့် သူတို့၏ခေါင်းဆောင်ကို ကြည့်လိုက်ကြတော့သည်။

ကျားကျန့်သည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်မိသည်။

“ဒါဆို ကျေးဇူးအများကြီးတင်ပါတယ် မဟာမိတ်ခေါင်းဆောင်ရှောင်း။”

“အားနာစရာမလိုပါဘူး။ အခု ကျုပ်တို့က ပခုံးချင်းယှဉ်ပြီး တိုက်ပွဲဝင်နေကြတဲ့ မဟာမိတ်တွေပဲ။”

ရှောင်းယီက ပြုံးကာ ပြန်ပြောလိုက်သည်။ ထိုအခါ ဧရာမဘီလူးကြီးများမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။

“ဟူကျဲ မင်းပဲ ဝေပေးလိုက်ပါ။ တစ်ယောက်ကို ကားတစ်စီးနှုန်းနဲ့ ဝေပေးလိုက်။ ကျန်တာကိုတော့ ရိက္ခာအဖွဲ့ကို ပြန်ယူသွားခိုင်းလိုက်ပါ။ သူတို့လည်း အကြာကြီး ပင်ပင်ပန်းပန်း လုပ်ခဲ့ရတာဆိုတော့ ငါတို့ သူတို့ကို မျက်နှာသာ မပေးလို့ မဖြစ်ဘူး။”

ကျားကျန့်က ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့။”

ဟူကျဲက စိတ်လှုပ်ရှားစွာ တုံ့ပြန်လိုက်သည်။

ရှောင်းယီသည် ဧရာမဘီလူးအရေအတွက်ထက် ပို၍ ပိုလျှံအောင် ပြင်ဆင်လာခဲ့ခြင်းဖြစ်သဖြင့် တစ်ဦးလျှင် ကားတစ်စီးနှုန်းဖြင့် ဝေငှလျှင်ပင် ပိုနေမည်မှာ အသေအချာပင်။

ကျားကျန့်၏ စကားကို ကြားသောအခါ ရှောင်းယီက ပြောလိုက်သည်။

“ခေါင်းဆောင်ကျား အဲ့ဒီလို ဝေစရာမလိုပါဘူး။ ဒီအစားအစာတွေက ရှေ့တန်းက ဘီလူးတွေအတွက် သီးသန့်ပါ။ ခင်ဗျားတို့ရဲ့ ရိက္ခာအဖွဲ့အတွက်လည်း နောက်ထပ်တစ်သုတ် ကျုပ် ထပ်ပေးပါ့မယ်။”

ကျားကျန့် စကားပင် မပြောရသေးမီ သူ့ဘေးမှ ဘီလူးကြီးတစ်ယောက်က အော်ဟစ်လိုက်လေသည်။

“ဒါ... ဒါက တကယ်ကြီး SSS အဆင့် အစားအစာတွေပဲ။”

အဆင့်မြင့် အစားအစာနှင့် အဆင့်နိမ့် အစားအစာတို့၏ အရသာ ကွာခြားချက်မှာလည်းကောင်း၊ စားပြီးနောက် ဗိုက်ထဲတွင် ခံစားရပုံမှာလည်းကောင်း လုံးဝ ခြားနားလှပေသည်။

ထိုဧရာမဘီလူးကြီးများသည် တစ်လုပ်စားကြည့်ရုံဖြင့် ဤအစားအစာ၏ အဆင့်ကို ခန့်မှန်းနိုင်ခံ့ကြသည်။

အံ့အားသင့်သွားသော ကျားကျန့်သည် အနားသို့ လျှောက်သွားကာ အမဲသားပေါင်တစ်လုံးကို ဆွဲယူပြီး တစ်လုပ်တည်းဖြင့် တစ်ဝက်ကျော်ကို ကိုက်စားလိုက်ရာ သူ၏မျက်လုံးများမှာ ချက်ချင်းပင် အရောင်တောက်သွားတော့သည်။ ထို့နောက် ရှောင်းယီကို ကြည့်ကာ ပြောလိုက်သည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်း ဒါတွေက အရမ်း တန်ဖိုးရှိလွန်းတယ်။”

ရှောင်းယီက လက်ယမ်းပြလိုက်သည်။

“ကျုပ်တို့ မဟာမိတ်အဖွဲ့မှာ ဒီလိုအဆင့်မြင့် အစားအစာတွေ အလုံအလောက် ရှိပါတယ်။ စိတ်ချလက်ချသာ စားကြပါ။”

“ဒါက...”

ကျားကျန့်မှာ ဆွံ့အသွားခဲ့သည်။

“ငါတို့ စားဖို့ လုံလောက်မယ်လို့ တကယ်ပဲ သေချာလို့လား။”

“အခုလောလောဆယ်တော့ သေချာပေါက် လုံလောက်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ အစားအစာ ပမာဏက ခင်ဗျားတို့နဲ့ယှဉ်ရင်တော့ နည်းနည်းသေးတာပေါ့။ အကယ်၍ ခင်ဗျားတို့ဆီက ဧရာမဘီလူးမျိုးနွယ်စုရဲ့ သီးနှံတွေ ဒါမှမဟုတ် မွေးမြူရေးတိရစ္ဆာန်တွေကို ကျုပ်တို့ဆီ ပို့ပေးနိုင်မယ်ဆိုရင် ကျုပ်တို့ရဲ့ ရိက္ခာထောက်ပံ့မှုက ပိုပြီးတော့တောင် ကြွယ်ဝလာမှာပါ။”

ရှောင်းယီက အနည်းငယ် စဉ်းစားပြီး ပြန်ဖြေလိုက်သည်။

မဟာမိတ်အဖွဲ့တစ်ခုတည်းက အသက်ရှင်ကျန်ရစ်သူ အားလုံးနီးပါးသည် မိမိတို့၏ အင်အားကြီးမားသော တပ်ဖွဲ့ဝင်များနှင့် တိုးပွားလာသော မျိုးနွယ်ခြားများကို အဆင့်မြင့်ရိက္ခာများ ထောက်ပံ့ပေးရန်မှာ အမြဲတမ်း လုံလောက်မည်ဟု ရှောင်းယီ မအာမခံနိုင်ပေ။ အထူးသဖြင့် သာမန်လူသားများ သို့မဟုတ် မျိုးနွယ်ခြားများနှင့် ယှဉ်လျှင် အရွယ်အစား လုံးဝမတူသော ဧရာမဘီလူးကြီးများအတွက် ပို၍ပင် ခက်ခဲနိုင်သည်။

ကျားကျန့်က နားလည်ကြောင်း ခေါင်းငြိမ့်ပြသော်လည်း ရုတ်တရက် ပြဿနာတစ်ခုကို သတိရသွားခဲ့သည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်း ငါတို့ဆီက အစားအစာတွေက သာမန်အဆင့်တွေပဲ။ ဘာအဆင့်မှ မရှိဘူး။”

“ကျုပ် နားလည်ပါတယ်။ ကျုပ်တို့ဆီမှာ အစားအစာတွေရဲ့ အဆင့်ကို မြှင့်တင်နိုင်တဲ့ နည်းပညာတစ်ခု ရှိတယ်။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။ထိုစကားကြောင့် ကျားကျန့်မှာ ပို၍ပင် အံ့အားသင့်သွားရတော့သည်။

“မင်းက သာမန်အစားအစာကို အဆင့်မြှင့်နိုင်တယ် ဟုတ်လား။”

“အတိအကျပါပဲ။”

ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်သည်။

ယခုအခါတွင်မူ ကျားကျန့်မှာ ဘာပြောရမှန်းပင် မသိတော့ပေ။ ဤပြင်ပကမ္ဘာမှ လူသားမှာ အစားအစာကို အဆင့်မြှင့်နိုင်သော နည်းပညာကို အမှန်တကယ် ပိုင်ဆိုင်ထားသည်လော။ ဒါက ယုံနိုင်စရာပင် မရှိတော့ချေ။

ခဏမျှ စဉ်းစားပြီးနောက် ကျားကျန့်က ရိက္ခာတာဝန်ခံ ဧရာမဘီလူးမတစ်ဦးကို လှမ်းပြောလိုက်သည်။

“မီစီ ငါတို့ ဧရာမဘီလူးမျိုးနွယ်စုရဲ့ သီးနှံနဲ့ တိရစ္ဆာန် အမျိုးအစားစုံကို ပြင်ဆင်ပြီး မဟာမိတ်ခေါင်းဆောင်ရှောင်းဆီ ပေးလိုက်ပါ။”

မီစီက ခေါင်းငြိမ့်ကာ လက်ခံလိုက်သည်။ သူမသည် ရှောင်းယီနှင့် ကျားကျန့်တို့၏ စကားဝိုင်းကို ကြားခဲ့သဖြင့် အလားတူပင် အံ့အားသင့်နေသော်လည်း ထိုထက်ပိုသည်မှာ သူမအနေဖြင့် သံသယဖြစ်မိခြင်းပင် ဖြစ်သည်။

သူမ၏ အမြင်တွင် ဤရှောင်းယီသည် ကြွားလုံးထုတ်နေခြင်းသာ ဖြစ်နိုင်ပြီး ထိုကဲ့သို့သော နည်းပညာမျိုးမှာ လုံးဝ မရှိနိုင်ဟု ယူဆထားသည်။ သို့သော်လည်း ခေါင်းဆောင်ကိုယ်တိုင် အမိန့်ပေးထားသည့်အတွက် သူမအနေဖြင့် နာခံရန်သာ ရှိတော့သည်။

မီစီသည် ရိက္ခာအဖွဲ့ကို ဦးဆောင်ကာ ပြန်သွားခဲ့ပြီး ရှေ့တန်းမှ ဧရာမဘီလူးကြီးများမှာမူ အားပါးတရ စားသောက်နေကြသည်။ ထို SSS အဆင့် အစားအစာများကို စားသောက်ပြီးနောက် ဧရာမဘီလူးကြီးများသည် မသေမျိုးမျိုးနွယ်စုများကို လိုက်လံတိုက်ခိုက်ရာတွင် ကုန်ဆုံးသွားသော အင်အားများ လျင်မြန်စွာ ပြန်လည်ပြည့်ဝလာသည်ကို ခံစားလိုက်ရသည်။

“ဒါ တကယ်ကို အဆင့်မြင့် အစားအစာပဲ။ တစ်နပ် စားလိုက်ရုံနဲ့ တစ်နေ့လုံး ပြေးလွှားခဲ့သမျှ အားအင်တွေ အကုန်ပြန်ပြည့်သွားသလိုပဲ။”

“မင်းက တစ်နပ်တည်းနဲ့ ကားတစ်စီးစာလောက် စားပစ်တာကိုး။ ဟိုမှာကြည့်... မဟာမိတ်ခေါင်းဆောင်ရှောင်းတို့ အဖွဲ့က ဘယ်လောက်လေးပဲ စားတယ်ဆိုတာ။”

“ငါတို့က အရွယ်အစားမှ မတူတာ။ မနှိုင်းယှဥ်နဲ့လေ။ ဒီလိုအစားအစာမျိုးကို နေ့တိုင်းသာ စားရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။”

“မှောင်နေပြီ... မြန်မြန်အိပ်ကြတော့။ အိပ်မက်ထဲမှာ မင်းလိုချင်တာ အကုန်ရှိတယ်။”

“အိပ်ရမှာလား။ ငါ့တစ်ကိုယ်လုံးမှာ အားတွေအပြည့်ပဲ။ ဆက်ပြီး ချီတက်ကြစို့လေ။”

ဧရာမဘီလူးကြီးများး စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြစဉ် ကျားကျန့်က ရှောင်းယီထံ သွားကာ မေးလိုက်သည်။

“နောက်ထပ် ဘာလုပ်ကြမလဲ။ ဆက်ပြီး ချီတက်ကြမလား။”

ရှောင်းယီသည်လည်း ဆက်လက်ချီတက်လိုသော်လည်း ဧရာမဘီလူးကြီးများနှင့်အတူ ထိုးဖောက်လာသည့် သူတို့၏ စစ်မျက်နှာမှာ အခြားခံစစ်ကြောင်းများထက် ပို၍ မြန်ဆန်နေသည်ကို သူ သိရှိထားသည်။ အကယ်၍ တစ်ဦးတည်း အလွန်အကျွံ ထိုးဖောက်မိပါက အန္တရာယ်ရှိနိုင်ပေသည်။ အရိုးနဂါးများကို အနိုင်ရရုံဖြင့် ဧရာမဘီလူးကြီးများမှာ အနှိုင်းမဲ့ အင်အားကြီးသူများ ဖြစ်သည်ဟု ရှောင်းယီ မယူဆထားပေ။

ရှောင်းယီ ဝေခွဲမရဖြစ်နေစဉ်မှာပင် အဝေးတစ်နေရာမှ အလွန်ကြီးမားသော ဟိန်းဟောက်သံတစ်ခု ပျံ့လွင့်လာခဲ့သည်။ အလွန်ဝေးကွာလှသဖြင့် သဲသဲကွဲကွဲတော့ မကြားရပေ။ သို့သော် ထိုဟိန်းဟောက်သံကို ကြားလိုက်ရသည်နှင့် ရှောင်းယီရော ကျားကျန့်ပါ အဝေးသို့ လှမ်းကြည့်လိုက်ကြသည်။ ၎င်းတို့နှစ်ဦးစလုံး ထိုအသံထဲမှ ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

“ဒီလောက် ဝေးတဲ့နေရာကနေ ဟိန်းဟောက်လိုက်တာတောင် ဒီလောက်ပြင်းထန်တဲ့ ဖိအားမျိုးကို ထုတ်လွှတ်နိုင်တယ်ဆိုတော့... ဒီမသေမျိုးမျိုးနွယ်စုဝင်က သာမန်ရန်သူ မဟုတ်တာ သေချာတယ်။”

ကျားကျန့်က တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

ရှောင်းယီက ခေါင်းငြိမ့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

“ဒါကြောင့်ပဲ မသေမျိုးမျိုးနွယ်စုတွေက အချိန်ဆွဲနေတာ ဖြစ်နိုင်တယ်။”

“ဒါဆို ငါတို့ ဘာလုပ်ကြမလဲ။”

ကျားကျန့်ကလည်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ ရှောင်းယီ အနည်းငယ် တွေးတောကြည့်လိုက်သည်။

“ရန်သူကို ဒီမှာပဲ အေးအေးဆေးဆေး ထိုင်စောင့်မယ်။ လူတိုင်းကို ကောင်းကောင်း အနားယူခိုင်းထားလိုက်ပါ။”

ကျားကျန့်က နားလည်ကြောင်း ခေါင်းငြိမ့်ပြပြီးနောက် ထွက်ခွာသွားတော့သည်။ ဟူကျဲနှင့် အခြားဘီလူးကြီးများသည်လည်း ထိုဟိန်းဟောက်သံကို ကြားလိုက်ရသဖြင့် အံ့အားသင့်ကာ အဝေးသို့ လှမ်းကြည့်နေကြသည်။

ထိုစဉ် ကျားကျန့်က အနားသို့ လျှောက်လာပြီး အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်းက လူတိုင်းကို ဒီနေရာမှာပဲ နားပြီး ရန်သူလာတာကို စောင့်ဖို့ အမိန့်ပေးလိုက်တယ်။”

“ဟုတ်ကဲ့။”

ဘီလူးကြီးများက တုံ့ပြန်လိုက်ကြသည်။ ဟူကျဲက ရှေ့တက်ကာ မေးလိုက်သည်။

“ခေါင်းဆောင် အဲ့ဒါ ဘာသံလဲ။”

“မသေမျိုးမျိုးနွယ်စုထဲက အရမ်းအစွမ်းထက်တဲ့ တိုက်ခိုက်ရေးသမား ဖြစ်လိမ့်မယ်။”

ကျားကျန့်က လေးနက်စွာ ပြန်ဖြေလိုက်သည်။ ဟူကျဲက ခေါင်းငြိမ့်လိုက်သည်။

“ဒါဆို... ကျုပ်တို့ သူ့ကို အနိုင်တိုက်နိုင်ပါ့မလား။”

“ဘာလဲ... မင်းက ကြောက်လို့လား။”

ကျားကျန့်က ပြုံးကာ ပြန်မေးလိုက်သည်။ ဟူကျဲက ချက်ချင်းပင် လည်ပင်းကို ဆန့်လိုက်သည်။

“ဘယ်သူက ကြောက်တယ် ပြောလို့လဲ။”

“မကြောက်ရင် ပြီးတာပဲ။ ကောင်းကောင်း အနားယူထား။ နောက်ထပ် တိုက်ပွဲက အတော်လေး ပြင်းထန်လိမ့်မယ်။”

ကျားကျန့်က ဟူကျဲ၏ ပုခုံးကို ပုတ်ကာ လေးလေးနက်နက် ပြောလိုက်သည်။ ဟူကျဲက ခေါင်းငြိမ့်ကာ ဘေးတွင် ထိုင်ချလိုက်ပြီး ခွန်အားများ ပြန်လည်ရရှိရန် မျက်စိမှိတ်ကာ အနားယူလိုက်တော့သည်။

ထိုစဉ် ကျန်းယွင်ထျန်းသည် ရှောင်းယီအနားသို့ ရောက်လာပြီး မေးလိုက်သည်။

“ဒါက မသေမျိုးမျိုးနွယ်စုတွေရဲ့ နောက်ဆုံးဝှက်ဖဲလား။”

“ငါလည်း မသိဘူး။”

ရှောင်းယီက ခေါင်းခါပြလိုက်သည်။

“ဒါပေမဲ့ ဒါက ငါတို့ ရင်ဆိုင်ခဲ့ဖူးသမျှထဲမှာ အင်အားအကြီးဆုံး မသေမျိုးမျိုးနွယ်စုဝင် ဖြစ်လိမ့်မယ်။”

ကျန်းယွင်ထျန်းက ခေါင်းငြိမ့်ပြီး ဆက်မေးလိုက်သည်။

“ငါတို့ ဒီနေရာမှာပဲ ခံစစ်တိုက်ပွဲ ဆင်နွှဲမှာလား။”

“ဟုတ်တယ်။ ဒီနေရာမှာပဲ ရန်သူကို အေးအေးလူလူ ထိုင်စောင့်မယ်။”

ရှောင်းယီက အတည်ပြုလိုက်သည်။

“မင်းဘက်ကနေ လိုအပ်တဲ့ ပစ်ခတ်မှု အစီအစဉ်တွေကို သွားပြီး ပြင်ဆင်ထားလိုက်တော့။”

“ဟုတ်ကဲ့။”

ထို့နောက် ကျန်းယွင်ထျန်းတစ်ယောက် နောက်လှည့်ပြီး ပြင်ဆင်မှုများ ပြုလုပ်ရန် ထွက်ခွာသွားတော့သည်။

အခန်း ၁၁၃၄

ကျန်းယွင်ထျန်းသည် ရှေ့တန်းမှ ဧရာမဘီလူးကြီးများကို ဝန်းရံလျက် စစ်သုံးယာဉ်များကို စတင်နေရာချထားလိုက်သည်။

ရှောင်းယီသည် ၎င်းတို့၏နောက်တွင် ရပ်ကာ အဝေးသို့ လှမ်းကြည့်ရင်း စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

“မင်းတို့ မသေမျိုးမျိုးနွယ်စုတွေ ဘယ်လိုကောင်မျိုးကိုပဲ ထုတ်ထုတ် ငါ ဒီနေရာမှာတင် မင်းတို့ကို အပြတ်ရှင်းပစ်မယ်။”

ထိုသို့တွေးတောရင်းဖြင့် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် တိုက်လေယာဉ် အများအပြားကို ထပ်မံလဲလှယ်ရယူလိုက်သည်။ အချိန်ကျလာလျှင် မြေပြင်နှင့် ဝေဟင် ပူးပေါင်းစစ်ဆင်ရေးကို ဆင်နွှဲနိုင်ရန် ဖြစ်သည်။

ယခုအခါ ယီရန်ပင်း မဟာမိတ်အဖွဲ့တွင် ကျွမ်းကျင်သော လေတပ်တစ်ခု ရှိနေပြီဖြစ်ကာ အထူးပြု သေနတ်သမားများနှင့် ဗုံးကြဲသူများပါရှိနေပြီဖြစ်သည်။

ကျန်းယွင်ထျန်းသည် စစ်သုံးယာဉ်များကို နေရာချပြီးနောက် တိုက်လေယာဉ်များကိုပါ စနစ်တကျ သွားရောက်စီစဉ်လိုက်သည်။

အချိန်မှာ ည ၁၁ နာရီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။

သူတို့စောင့်နေသော မသေမျိုးမျိုးနွယ်စုများ ရောက်မလာသေးသော်လည်း မီစီသည် ဧရာမဘီလူးမျိုးနွယ်စု၏ သီးနှံမျိုးစေ့များနှင့် မွေးမြူရေးတိရစ္ဆာန် အမျိုးမျိုးကို သယ်ဆောင်ကာ ပြန်ရောက်လာခဲ့သည်။

“မဟာမိတ်ခေါင်းဆောင်ရှောင်း ဒါတွေက ငါတို့ ဧရာမဘီလူးမျိုးနွယ်စုရဲ့ အဓိက အစားအစာ ရင်းမြစ်တွေပဲ။ ဒါတွေအားလုံးကို မင်းဆီ လွှဲပေးလိုက်ပြီ။ မင်းတို့ မဟာမိတ်အဖွဲ့ကနေ ပိုပြီး အဆင့်မြင့်တဲ့ သီးနှံတွေနဲ့ တိရစ္ဆာန်တွေကို မွေးမြူနိုင်လိမ့်မယ်လို့ ငါ မျှော်လင့်တယ်။”

ကျားကျန့်သည် မီစီကို ရှောင်းယီ၏ရှေ့သို့ ခေါ်ဆောင်လာရင်း ပြောလိုက်သည်။

ရှောင်းယီသည် ဧရာမဘီလူးကြီးနီးပါး အရွယ်အစားရှိသော ဝက်၊ နွားနှင့် သိုးများကို ကြည့်ကာ တွေးတောမိလိုက်သည်။

‘ဒီကောင်တွေက အရမ်းကြီးလွန်းတယ်။ လောင်ယွမ်မှာ ဒါတွေကို လေ့လာဖို့ နည်းလမ်းရှိပါ့မလား မသိဘူး။’

“ကောင်းပါပြီ။ ဒါတွေကို ဒီမှာပဲ ခဏထားခဲ့လိုက်ပါ။ ကျုပ် ဒါတွေကို ကိုင်တွယ်ဖို့ လူတွေ စီစဉ်လိုက်ပါ့မယ်။”

ရှောင်းယီက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ ဘေးတွင် ရပ်နေသော မီစီသည် တစ််စုံတစ်ခုကို ပြောချင်နေပုံရပြီး ကျားကျန့်ကို အချက်ပြနေခဲ့သည်။

ရှောင်းယီသည်လည်း မီစီ၏ လှုပ်ရှားမှုကို သတိပြုမိလိုက်သည်။

“မီစီ ပြောစရာရှိရင် တိုက်ရိုက်သာ ပြောလိုက်ပါ။ တွေဝေမနေပါနဲ့။”

မီစီက အနည်းငယ် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

“အကယ်၍ ရှင်တို့ဘက်က ပိုပြီး အဆင့်မြင့်တဲ့ အစားအစာတွေကို သုတေသန မလုပ်နိုင်ဘူးဆိုရင် ဒါတွေကို ကျွန်မတို့ဆီ ပြန်ပေးဖို့ မမေ့ပါနဲ့။ ဘာပဲပြောပြော ကျွန်မတို့ ဧရာမဘီလူးမျိုးနွယ်စုရဲ့ ရိက္ခာထောက်ပံ့မှုကလည်း သိပ်ပြီး မကြွယ်ဝလှဘူး။”

ဘေးတွင် ရပ်နေသော ကျားကျန့်မှာ အနည်းငယ် အနေရခက်သွားခဲ့သည်။ သူက ရှောင်းယီကို ပေးမည်ဟု ပြောပြီးမှ မီစီက ပြန်တောင်းနေလေသည်။ ရှောင်းယီက အားရပါးရ ရယ်မောလိုက်လေသည်။

“စိတ်ချပါ။ ကျုပ်ကို အချိန်နည်းနည်းပဲပေးပါ။ အကယ်၍ ကျုပ် တကယ်ပဲ မအောင်မြင်ဘူးဆိုရင် ဒါတွေအားလုံးကို ခင်ဗျားတို့ဆီ သေချာပေါက် ပြန်ပေးပါ့မယ်။”

“ဒါဆို ကတိတည်ပါစေ။”

မီစီက ပြန်ပြောပြီးနောက် လှည့်ထွက်သွားခဲ့သည်။

မည်သို့ပင်ဖြစ်စေ မီစီသည် ရှောင်းယီအနေဖြင့် သာမန်အစားအစာကို အဆင့်မြင့်အစားအစာအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိဆိုသည်အား အကောင်းမမြင်နိုင်ပေ။

“မဟာမိတ်ခေါင်းဆောင်ရှောင်း ငါ တကယ်ကို အားနာပါတယ်။ မီစီက အဲ့ဒီလိုပဲ။ ငါ ဒီရိက္ခာတွေ တောင်းတုန်းကတောင် သူမက ငါ့ကို ဆူပူနေသေးတာ။”

ကျားကျန့်က အလျင်အမြန် ရှင်းပြလိုက်သည်။ ရှောင်းယီက လက်ယမ်းပြလိုက်သည်။

“ကိစ္စမရှိပါဘူး။ သူမ အဲ့ဒီလို ပြောတာက သူမဟာ အရည်အချင်းရှိတဲ့ ရိက္ခာအရာရှိတစ်ယောက် ဖြစ်တယ်ဆိုတာကို ပြနေတာပဲ။ မဟုတ်ရင် ကျုပ်က ဒီလောက်များတဲ့ ရိက္ခာတွေကို တကယ်ပဲ ဆုံးရှုံးအောင် လုပ်မိရင် ခင်ဗျားတို့လည်း စိတ်မကောင်း ဖြစ်ကြမှာ မဟုတ်ဘူးလား။”

“မင်းကို လေ့လာခွင့်ပေးဖို့ ငါ ဆုံးဖြတ်လိုက်ကတည်းက မင်းအပေါ်မှာ ယုံကြည်မှုရှိလို့ပဲ။”

ကျားကျန့်က ပြန်ပြောလိုက်သည်။ ရှောင်းယီက ပြုံးလိုက်သည်။

“ဒါကတော့ မသေချာဘူးလေ။ နောက်ဆုံးတော့ ဒီလိုအရာမျိုးမှာ ဘယ်သူမှ သုတေသနရလဒ်ကို အာမမခံနိုင်ဘူး။”

ကျားကျန့်တစ်ယောက် အနည်းငယ် ဆွံ့အသွားခဲ့သည်။ ပြုံးစစ ဖြစ်နေသော ရှောင်းယီကို ကြည့်ကာ သူလည်း ပြန်ပြုံးလိုက်မိသည်။

“မအောင်မြင်ရင်တောင် ငါ လက်ခံပါတယ်။ အနည်းဆုံးတော့ မင်းပေးတဲ့ အစားအစာတွေက ငါတို့ကို အထောက်အပံ့ ဖြစ်စေတာပဲ မဟုတ်လား။”

“ဟားဟားဟား... စိတ်မပူပါနဲ့။ ဒီဟာတွေကို သုတေသနလုပ်ဖို့ ကျုပ် အစွမ်းကုန် ကြိုးစားပါ့မယ်။”

ရှောင်းယီက ဆိုသည်။ ကျားကျန့်ကလည်း ခေါင်းငြိမ့်ပြလိုက်သည်။

“ဒါဆို ဒါတွေကို မင်းဆီ အပ်ခဲ့လိုက်ပြီ။ ငါ ရှေ့တန်းကို သွားပြီး စောင့်ကြည့်လိုက်ဦးမယ်။”

ထိုသို့ပြောကာ သူ ထွက်ခွာသွားတော့သည်။

ကျားကျန့် ထွက်သွားပြီးနောက် ရှောင်းယီသည် ကျောက်တိုင်မှတစ်ဆင့် ယွမ်နွန်ကို ချက်ချင်း ဆက်သွယ်လိုက်သည်။

“လောင်ယွမ် ကျုပ် ဧရာမဘီလူးမျိုးနွယ်စုဆီက ဧရာမသီးနှံတွေနဲ့ တိရစ္ဆာန်နည်းနည်းကို တောင်းထားတယ်။ ဒါတွေကို ဘယ်လိုစိုက်ပျိုးမွေးမြူရမလဲဆိုတာ ဦးလေးကို သုတေသန လုပ်စေချင်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းပြီ။ ငါ အရင်ဆုံး လာကြည့်လိုက်ဦးမယ်။”

ယွမ်နွန်က ချက်ချင်းပြန်ဖြေလိုက်သည်။

မကြာမီမှာပင် ယွမ်နွန်သည် မြို့ပြန်ကျောက်ကို အသုံးပြုကာ ရှောင်းယီရှိရာသို့ ရောက်ရှိလာခဲ့သည်။ ထိုအလွန်ကြီးမားလှသော မွေးမြူရေး တိရစ္ဆာန်များကို မြင်လိုက်ရသောအခါ သူ အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။

“ဘာလို့ ဒီတိရစ္ဆာန်တွေက ဒီလောက်တောင် ကြီးနေရတာလဲ။”

ယွမ်နွန်က စိတ်လှုပ်ရှားစွာဖြင့် တိရစ္ဆာန်များကို ပတ်ကြည့်လိုက်သည်။

“လောင်ယွမ် ကျုပ်တို့ရဲ့ စိုက်ပျိုးရေးခြံက ဒီဧရာမတိရစ္ဆာန်တွေကို လက်ခံနိုင်မလား အရင်ကြည့်ပေးပါ။ ခြံထဲမှာဆိုရင် သူတို့ရဲ့ ကြီးထွားမှုနဲ့ မျိုးပွားမှုက ပိုပြီး မြန်ဆန်လိမ့်မယ်။”

ရှောင်းယီက သတိပေးလိုက်သည်။

“အင်း ငါ အခုချက်ချင်း ပြန်ပြီး စီစဉ်လိုက်မယ်။ ပြီးရင် အဲ့ဒါတွေကို လဲလှယ်ပြီး ပို့ပေးလိုက်ရုံပါပဲ။”

ယွမ်နွန်က ပြန်ဖြေပြီးနောက် ဗီလာဘေးရှိ စိုက်ပျိုးရေးခြံသို့ ပြန်သွားခဲ့သည်။

စိုက်ပျိုးရေးခြံထဲရှိ တိရစ္ဆာန်များကို လဟာပြင်တွင် မွေးမြူထားခြင်းဖြစ်သဖြင့် အမြင့်အတွက် စိုးရိမ်စရာမလိုပေ။ လက်ရှိရှိနေသော မွေးမြူရေးဇုန်အချို့ကို ရှင်းလင်းပေးရန်သာ လိုအပ်သည်။

သန်းခေါင်ယံအချိန် နီးကပ်နေပြီဖြစ်သော်လည်း ယွမ်နွန်၏ အမိန့်ကြောင့် သူ့တပည့်များသည် နေရာလွတ်ရရှိရန် ချက်ချင်းပင် စတင်ရှင်းလင်းကြတော့သည်။

ယွမ်နွန်သည် အကန့်များကိုလည်း သီးသန့်ပြုလုပ်ခဲ့သည်။ အကြောင်းမှာ ဧရာမတိရစ္ဆာန်များကို သာမန်တိရစ္ဆာန်များနှင့်အတူ ရောနှောမွေးမြူ၍ မရနိုင်သောကြောင့်ပင်။ ထိုဘီဧရာမတိရစ္ဆာန်များ၏ ခြေလှမ်းတစ်ချက်သည်ပင် သာမန်တိရစ္ဆာန်အချို့ကို အလွယ်တကူ နင်းမိသတ်ဖြတ်သွားနိုင်သည် မဟုတ်ပါလော။

“ကျွန်းပိုင်ရှင် ဒီမှာ နေရာလွတ် ရှင်းထားပြီးပြီ။ အခု လဲလှယ်လို့ ရပါပြီ။”

နေရာလွတ်များ ရှင်းလင်းပြီးနောက် ယွမ်နွန်က ကျောက်တိုင်မှတစ်ဆင့် ပြောလိုက်သည်။

ရှောင်းယီက ခေါင်းငြိမ့်ပြကာ တိရစ္ဆာန်များကို သိမ်းဆည်းပြီးနောက် ကျောက်တိုင်မှတစ်ဆင့် ချက်ချင်းပင် လဲလှယ်ပို့ဆောင်ပေးလိုက်သည်။

ထိုအချိန်တွင် ယွမ်နွန်၏ တပည့်များသည် ရှင်းလင်းထားသော ကြီးမားသည့် နေရာလွတ်ကြီးကို ကြည့်ရင်း အလွန်ပင် စိတ်ဝင်စားနေခဲ့ကြသည်။

“ငါတို့ တိရစ္ဆာန်တွေ အများကြီးကို တစ်ပြိုင်နက်တည်း ဖယ်ထုတ်လိုက်ရတာဆိုတော့ လောင်ယွမ် ဘာလုပ်ဖို့ စီစဉ်နေတာလဲ မသိဘူး။”

“ဒီပုံစံအတိုင်းဆိုရင် မျိုးစိတ်သစ်တစ်ခုခု တွေ့ထားလို့ပဲ နေမယ်။ ငါတို့လည်း ကိုယ်တိုင် မြင်ရတော့မှာပေါ့။”

“ဟုတ်တယ်။ ဘယ်လို မျိုးစိတ်သစ်လဲဆိုတာ ငါ တကယ် သိချင်မိတယ်။”

သူတို့ ဆွေးနွေးနေစဉ်မှာပင် ၎င်းတို့ရှေ့တွင် အလွန်ကြီးမားသော ဝက်ကြီးနှစ်ကောင် ထွက်ပေါ်လာတော့သည်။ လူဆယ်ယောက်ကျော် လက်ချင်းချိတ် ဝန်းရံလိုက်လျှင်ပင် ထိုဝက်တစ်ကောင်၏ အရွယ်အစားကို မမီနိုင်ပေ။

လူတိုင်းသည် တံတွေးပင် အသံထွက်အောင် မမြိုချရဲကြချေ။ အတော်ကြာမှ တစ်ယောက်က စတင်ပြောဆိုလာခဲ့သည်။

“ဒါ... ဒါက ဘာကောင်ကြီးလဲ။ ငါတို့ကို စားပစ်မှာလား။”

“ကြောက်စရာကြီး။ ဒီလောက်ကြီးတဲ့ ဝက်ခေါင်းကြီး ငါ့ရှေ့မှာ ပေါ်လာတော့... ဒီညတော့ ငါ အိပ်မက်ဆိုးတွေ မက်တော့မှာ သေချာတယ်။”

“လောင်ယွမ်က ဒီလို ဧရာမသတ္တဝါကြီးတွေကို ဘယ်ကနေ ရလာတာလဲ။”

“ဟိုမှာကြည့်... ဧရာမကြက်တွေပါ ပါလာပြီ။”

“နွားတွေ၊ သိုးတွေရောပဲ...”

မကြာမီမှာပင် သူတို့ရှင်းလင်းထားသော နေရာလွတ်ကြီးမှာ ထိုဧရာမသတ္တဝါကြီးများနှင့် ပြည့်နှက်သွားတော့သည်။

ထိုအချိန်တွင် ယွမ်နွန်သည်လည်း သူတို့နားသို့ လျှောက်လာခဲ့လေသည်။ ထိုဧရာမသတ္တဝါကြီးများကို မြင်သောအခါ သူက ဝမ်းသာအားရဖြင့် ပြောလိုက်သည်။

“အခု မင်းတို့တွေ အိပ်မငိုက်တော့ဘူး မဟုတ်လား။ ကောင်းပြီ... လှုပ်ရှားလိုက်ကြစို့။ သူတို့အတွက် စားကျက်မြက်တွေ ထည့်ပေးလိုက်ဦး။ အားလုံး ဝိုင်းကူကြ။”

“ဟုတ်ကဲ့။”

အားလုံးက ချက်ချင်းတုံ့ပြန်လိုက်ကြသည်။

သူတို့အရင်က အိပ်ချင်နေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ယခုတော့ သေချာပေါက် မျက်စိပွင့်သွားကြပြီဖြစ်သည်။ လူတိုင်းက SSS အဆင့် စားကျက်မြက်များကို အတွင်းသို့ ပစ်ထည့်ပေးလိုက်ကြသည်။

မြက်များ၏ မွှေးရနံ့ကို ရရှိသည်နှင့် ဧရာမသတ္တဝါကြီးများသည် ချက်ချင်းပင် စုရုံးရောက်ရှိလာကြ၏။ လူအများအပြား ဝိုင်းဝန်းပစ်ထည့်ပေးနေသည့်တိုင် ထိုတိရစ္ဆာန်များ၏ စားသောက်နှုန်းကို မမီနိုင်လောက်အောင် ဖြစ်နေခဲ့သည်။

“ငါတို့ရဲ့ ဒီစားကျက်မြက်တွေက သူတို့အတွက် သေးလွန်းနေသေးတယ်။ ဧရာမစားကျက်မြက်မျိုးသာ ရှိရင် အရမ်းကောင်းမှာပဲ။”

တပည့်တစ်ဦးက သက်ပြင်းချရင်း ပြောလိုက်သည်။ ယွမ်နွန်ကလည်း ခေါင်းငြိမ့်လိုက်သည်။

“ဧရာမသီးနှံတွေကို စိုက်ပျိုးဖို့ စက်ရုပ်ကို ငါ ခိုင်းထားပြီးပြီ။”

ထိုစက်ရုပ်မှာ ရှောင်းယီ ရရှိထားသော ဆုလာဘ်ဖြစ်သည့် အလိုအလျောက် ဉာဏ်ရည်မြင့် စိုက်ပျိုးရေးလက်ထောက်ဖြစ်ပြီး စိုက်ပျိုးရေးခြံအတွင်းရှိ စိုက်ပျိုးခြင်းနှင့် ရိတ်သိမ်းခြင်း လုပ်ငန်းများကို တာဝန်ယူထားခြင်းဖြစ်သည်။ ၎င်းရှိနေခြင်းကြောင့် ယွမ်နွန်အနေဖြင့် လယ်အလုပ်များအတွက် စိတ်ပူစရာမလိုတော့ဘဲ အထွက်နှုန်းကောင်းသော သီးနှံများနှင့် တိရစ္ဆာန်မွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုသာ အာရုံစိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

All Chapters