← Chapters

အခန်း (၃၉၃-၃၉၄)

Vol. 40 Ch. 393-394

အခန်း (၃၉၃-၃၉၄)

Vol. 40 Ch. 393-394

အခန်း။ ၃၉၃

စူးယွီနှင့် လုံယီတို့မှာ ကျင်းမြို့တော်၏ မသေမျိုးရှာပုံတော်ခန်းမမှ အတူတူ လာခဲ့ကြသူများ ဖြစ်သည်။

ယခင်က သူတို့၏ ဆက်ဆံရေးမှာ အတော်လေး ကောင်းမွန်ခဲ့ဖူးသည်။ လုံယီသည် စူးယွီအား ကျင့်စဉ်ပိုင်းဆိုင်ရာများစွာ လမ်းညွှန်ပေးခဲ့သည့်အပြင် ဝိညာဉ်ချီစွမ်းအင်ကို ပိုမိုအာရုံခံနိုင်ရန်

အတွက် နတ်ဘုရားသန့်စင်ဆေးလုံးများကိုပင် ပေးကမ်းခဲ့ဖူးသည်။

သို့သော် စူးယွီမှာ ကျေးဇူးသိတတ်သူတစ်ဦး မဟုတ်သည့်အပြင် လောဘတက်ကာ လုံယီထံမှ ပိုမိုကောင်းမွန်သော ကျင့်ကြံခြင်းဂူကိုပင် အတင်းအဓမ္မ တောင်းဆိုခဲ့သူ ဖြစ်သည်။ ငြင်းပယ်ခံရသောအခါတွင်မူ သူသည် ရန်ငြိုးဖွဲ့ခဲ့ရာ တောင်သူကြီးနှင့် မြွေဟောက်ပုံပြင်ကဲ့သို့ ကျေးဇူးကန်းသည့် သာဓကတစ်ခုပင်။

ကံကောင်းထောက်မစွာဖြင့် စူးယွီသည် ဝိညာဉ်ချီစွမ်းအင်ကို အာရုံမခံနိုင်ခဲ့သဖြင့် ဂိုဏ်းမှ နှင်ထုတ်ခြင်း ခံခဲ့ရသည်။ ဤတစ်သက်တွင် သူနှင့် ထပ်တွေ့ရန် မရှိတော့ဘူးဟု လုံယီ ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့ မမျှော်လင့်ဘဲ ပြန်ဆုံတွေ့ရခြင်းပင်။

စူးယွီ၏ သတိကြီးလွန်းသော အမူအရာကို မြင်သောအခါ လုံယီသည် အဝါရောင်အစွန်းရောက် အသက်ရှူကျင့်စဉ်ကို အလိုအလျောက် အသက်သွင်းလိုက်သည်။

ခရမ်းရောင်သန်းသော စွမ်းအားတစ်ရပ်မှာ သူ၏ မျက်ဝန်းအတွင်းသို့ စီးဝင်သွားပြီး သူ၏ အမြင်အာရုံကို ပြောင်းလဲပေးလိုက်သည်။ သူ၏ ရှေ့မှ ကမ္ဘာလောကကြီးမှာ မီးခိုးရောင် ဟင်းလင်းပြင်ကြီးသဖွယ် ဖြစ်သွားပြီး လျှောက်လှမ်းနေသော လူများမှာ အနီရောင်နှင့် အဝါရောင် ပုံရိပ်များအဖြစ် ပေါ်လာတော့သည်။

သူ၏ ရှေ့ရှိ စူးယွီ၏ ခန္ဓာကိုယ်မှာ သာမန်လူများထက် များစွာ ပိုမိုအားကောင်းသော အနီရောင်ရင့်ရင့် အလင်းတန်းများကို ထုတ်လွှတ်နေသည်။

သူ၏ လမ်းလျှောက်ဟန်နှင့် အသက်ရှူစည်းချက်ကို ကြည့်ခြင်းအားဖြင့် သူသည် သိုင်းပညာကို လေ့ကျင့်ထားသူ မဟုတ်ကြောင်း လုံယီ အတည်ပြုလိုက်နိုင်သည်။

ထို့ကြောင့် သူသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သေချာသွားသည်။ ကျင့်ကြံခြင်းကလည်း ခန္ဓာကိုယ်ကို သန်မာစေသော်လည်း သိုင်းပညာကဲ့သို့ သိသာထင်ရှားခြင်း မရှိပေ။

ဘာမျှထူးထူးခြားခြား လုပ်စရာမရှိသဖြင့် လုံယီသည် သူ၏ ရုပ်ဖျက်ခြင်းပါရမီကို အသုံးပြုကာ စူးယွီ၏ ရည်ရွယ်ချက်ကို သိနိုင်ရန် တိတ်တဆိတ် နောက်မှ လိုက်သွားခဲ့သည်။

စူးယွီသည် အလွန်ပင် သတိရှိလှပြီး မကြာခဏဆိုသလို နောက်လှည့်ကြည့်နေတတ်သည်။ ရံဖန်ရံခါတွင် သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါ အနည်းငယ် ထွက်ပေါ်လာရာ လုံယီက ၎င်းကို ဖမ်းဆီးရမိလိုက်သည်။

ချီသန့်စင်ခြင်း ပဉ္စမအဆင့် ဒါမှမဟုတ် ဆဋ္ဌမအဆင့်လား။ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

စူးယွီ၏ အမှန်တကယ် ကျင့်ကြံမှုအဆင့်ကို သိလိုက်ရသောအခါ လုံယီ အံ့အားသင့်သွားရသည်။ စူးယွီမှာ ဝိညာဉ်ချီစွမ်းအင်ကို အာရုံမခံနိုင်သဖြင့် အလောင်းထိန်းချုပ်ခြင်းဂိုဏ်းသို့ အပြင်စည်းတပည့်အဖြစ်ပင် မဝင်ရောက်နိုင်ခဲ့သူ ဖြစ်ကြောင်း လူတိုင်းသိကြသည်။

သူ၏ ပါရမီမှာ ကျင့်ကြံသူများထဲတွင် အနိမ့်ဆုံး အဆင့်ဖြစ်သည်။

သို့သော် ယခုအခါ သူ၏ ကျင့်ကြံမှုမှာ သူနှင့် ရွယ်တူဖြစ်သော ယိုချင်းယီထက်ပင် သာလွန်နေပြီး ချီသန့်စင်ခြင်း အလယ်အလတ်အဆင့်၏ အထောက်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထို့ကြောင့် ဖြစ်နိုင်ခြေတစ်ခုသာ ရှိတော့သည်။ ၎င်းမှာ သူသည် မိစ္ဆာကျင့်ကြံသူတစ်ဦး ဖြစ်လာခြင်းပင်။

ကျောက်နိုင်ငံအတွင်းရှိ မိစ္ဆာကျင့်ကြံသူ အဖွဲ့အစည်းများမှာ ဟွမ်ချွမ်းမျိုးနွယ်စုများက လူများပင်။ လုံယီသည် ဟွမ်ချွမ်မှ မိစ္ဆာကျင့်ကြံသူ အများအပြားကို သတ်ဖြတ်ခဲ့ဖူးသဖြင့် ရန်ငြိုးဟောင်းများလည်း ရှိနေခဲ့သည်။

ဤအကြောင်းကို တွေးတောရင်း လုံယီသည် စူးယွီကို ဆက်လက် နောက်ယောင်ခံလိုက်လာရာ ဆိတ်ငြိမ်သော အိမ်ရာဝင်းတစ်ခုသို့ ရောက်ရှိလာခဲ့သည်။

စူးယွီသည် ထိုဝင်းအတွင်းသို့ ဝင်သွားသည်ကို မြင်သောအခါ လုံယီ၏ မျက်ဝန်းများ ဝင်းလက်သွားသော်လည်း သူသည် အတွင်းသို့ လိုက်မသွားခဲ့ပေ။ သူသည် ဝင်းအပြင်ဘက်ရှိ သစ်ပင်ကြီးတစ်ပင်၏ အရိပ်အောက်တွင် ရပ်နေကာ သူ၏ ရုပ်ဖျက်ခြင်းပါရမီကို အသက်သွင်းထားလိုက်သည်။

ထိုစဉ် ထူးဆန်းသော အရာတစ်ခု ဖြစ်ပေါ်လာသည်။

ဝင်းအပြင်ဘက်ရှိ လမ်းငယ်လေးပေါ်တွင် လူများ ရံဖန်ရံခါ ဖြတ်သန်းသွားကြသော်လည်း အရိပ်ထဲတွင် ပုန်းကွယ်နေသော လုံယီကို မည်သူမျှ သတိမထားမိကြပေ။

အချိန်ကြာလာသည်နှင့်အမျှ လုံယီ၏ ပုံသဏ္ဌာန်မှာ ပိုမို ဝေဝါးလာပြီး ပတ်ဝန်းကျင် အရိပ်အယောင်များနှင့် တစ်သားတည်း ဖြစ်သွားတော့သည်။

ရုပ်ဖျက်ခြင်း အစွမ်းမဲ့ပါရမီသည် ပတ်ဝန်းကျင်တစ်ခုအတွင်း ကြာရှည်စွာ နေထိုင်လေလေ၊ ထိုပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်ရန် ပိုမိုလွယ်ကူလေလေ ဖြစ်သည်။

လုံယီသည် ဝင်းအတွင်းမှ စကားသံများကို ဆက်လက် နားထောင်နေစဉ် သူ၏ စိတ်ထဲ၌ ချင်းလုံစံအိမ်၏ မြေပုံနှင့် အခြေအနေများကို ပုံဖော်နေမိသည်။

ဟွမ်ချွမ်မိစ္ဆာဂိုဏ်း၏ အစီအစဉ်မှာ ရိုးရှင်းသော်လည်း ရက်စက်လှသည်။ သူတို့သည် လေလံပွဲကို ဖျက်ဆီးပြီး ကုမျိုးနွယ်စုကို အရှက်ခွဲရန် ပြင်ဆင်နေကြခြင်းပင်။

ချင်းလုံစံအိမ်အတွင်း၌ ကုမျိုးနွယ်စုမှ ခင်းကျင်းထားသော မှော်ဝင်အစီအရင်များစွာ ရှိနေသည်ဟူသော အချက်မှာ လုံယီအတွက် သတိထားရမည့် ကိစ္စတစ်ခု ဖြစ်လာသည်။ သူသည် ရုပ်ဖျက်ခြင်းပါရမီရှိသော်လည်း အဆင့်မြင့် မှော်ဝင်အစီအရင်များသည် အသက်ရှူသံ သို့မဟုတ် ချီစွမ်းအင်စီးဆင်းမှု အနည်းငယ်ကိုပင် ထောက်လှမ်းနိုင်စွမ်း ရှိကြသည်။

ဒါက ငါ့အတွက် အခွင့်အရေးပဲ...

လုံယီက တွေးလိုက်သည်။

"မိစ္ဆာကျင့်ကြံသူတွေ လေလံပွဲမှာ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်နေတဲ့အချိန်က... ငါ့အတွက် လေစီးသီးကို နှိုက်ဖို့ အကောင်းဆုံး အချိန်ပဲ။ သူတို့က ငါ့အတွက် အခမဲ့ အာရုံလွှဲပေးမယ့်သူတွေ ဖြစ်လာလိမ့်မယ်"

"ဒါပေမဲ့... ပြဿနာတစ်ခု ရှိနေသေးတာပဲ။ ဝမ်မျိုးနွယ်စုကလည်း အဲဒီ လေစီးသီးပေါ်မှာ သူတို့ရဲ့ အမှတ်အသား လုပ်ထားတယ်လို့ ပြောကြတယ်။ တကယ်လို့ ငါ အသီးကို ရလိုက်

ရင်တောင်မှ အဲဒီအမှတ်အသားကြောင့် သူတို့ နောက်ယောင်ခံလိုက်တာကို ခံရနိုင်တယ်"

သူသည် ဝင်းအတွင်းမှ အသံများကို ဆက်လက် အာရုံစိုက်နေစဉ် နောက်ထပ် အရေးကြီးသော သတင်းတစ်ခုကို ကြားလိုက်ရပြန်သည်။

"အစီအစဉ်အတိုင်းပဲ... လေလံပွဲ စတာနဲ့ ငါတို့က သွေးဝိညာဉ်အဆိပ်ငွေ့ကို အရင်လွှတ်မယ်။ အဲဒီအချိန်ကျရင် စံအိမ်ထဲက အစောင့်တွေရော၊ အစီအရင်တွေပါ ခဏတာ ဝေဝါးသွားလိမ့်

မယ်။ အဲဒီကြားထဲမှာ ငါတို့က ရတနာသိုက်ကို ဝင်စီးမယ်"

ခေါင်းဆောင်ဖြစ်ဟန်တူသူက ပြောလိုက်သည်။

လုံယီ၏ မျက်ဝန်းများ ဝင်းလက်သွားသည်။ သွေးဝိညာဉ်အဆိပ်ငွေ့သည် အာရုံခံစားမှုများကို ရှုပ်ထွေးစေသည့် မိစ္ဆာအတတ်တစ်ခု ဖြစ်သည်။ ၎င်းသည် ဝမ်မျိုးနွယ်စု၏ အမှတ်အသားကိုပါ ခေတ္တ ဖုံးကွယ်ပေးနိုင်မလား သို့မဟုတ် အစီအရင်များ ပျက်ပြယ်သွားချိန်တွင် သူကိုယ်တိုင် ထိုအမှတ်အသားကို ဖျက်ဆီးပစ်နိုင်မလား ဆိုသည်ကို သူ စဉ်းစားနေမိသည်။

သူသည် စူးယွီ၏ အခန်းကဏ္ဍကိုလည်း စောင့်ကြည့်နေသည်။

" စူးယွီလိုမျိုး အဆင့်နိမ့် မိစ္ဆာကျင့်ကြံသူတစ်ယောက်ကိုမှ... ဒီလောက် အရေးကြီးတဲ့ မစ်ရှင်ထဲမှာ ဘာဖြစ်လို့ ထည့်ထားရတာလဲ"

"စူးယွီ... မင်းက ကုမျိုးနွယ်စုရဲ့ အစေခံတွေထဲမှာ ငါတို့လူအဖြစ် အရင်ကတည်းက ရှိနေတာဆိုတော့ လမ်းကြောင်းတွေကို မင်း အသိဆုံးပဲ။ မင်း ဦးဆောင်ရမယ်"

အစောင့်အကြပ်က ပြောလိုက်သည်။

ဩော်... ဒါကြောင့်ကိုး။

လုံယီ ပြုံးလိုက်မိသည်။ စူးယွီသည် အတွင်းလူအဖြစ် လမ်းပြပေးရမည့်သူ ဖြစ်နေသည်။

လုံယီသည် အမှောင်ထဲတွင်ပင် သူ၏ အစီအစဉ်ကို အချောသတ်လိုက်သည်။

သူသည် ဟွမ်ချွမ် မိစ္ဆာဂိုဏ်းဝင်များကို မတားဆီးရုံတင်မကဘဲ သူတို့နောက်မှ တိတ်တဆိတ် လိုက်ပါကာ လေစီးသီးကို ရယူရန် ဆုံးဖြတ်လိုက်သည်။ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေဖြင့် စူးယွီနှင့် ဝမ်မျိုးနွယ်စု၏ ရန်ငြိုးကိုပါ တစ်ခါတည်း ရှင်းပစ်ရန် သူ ကြံစည်နေတော့သည်။

နေဝင်ရီတရော အချိန်သို့ ရောက်ရှိလာသော်လည်း လုံယီသည် သစ်ပင်ရိပ်အောက်မှ မရွေ့လျားသေးပေ။ သူ၏ ပုံရိပ်မှာ အမှောင်ထုနှင့် လုံးဝ တစ်သားတည်း ဖြစ်နေပြီး လမ်းသွားလမ်းလာများမှာ သူ့ဘေးနားမှပင် သတိမထားမိဘဲ ဖြတ်သန်းသွားလာနေကြသည်။

လေလံပွဲစရန် လေးရက်သာ လိုတော့သည်။ ဟယ်မြို့တော်အတွင်း၌ အင်အားစု အသီးသီး၏ လှုပ်ရှားမှုများမှာ ရေအောက်လှိုင်းများကဲ့သို့ ပြင်းထန်လာနေပြီ ဖြစ်သည်။

လုံယီသည် သူနှင့်အတူပါလာသော မှော်အစီအရင်ကျောက်ပြား၏ စွမ်းရည်ကို သတိပြုမိသွားပြီးနောက် မလိုအပ်ဘဲ စွန့်စားရမည်ကို မလိုလားတော့ပေ။

အခြေအနေတွေက ပိုပြီးရှုပ်ထွေးလေလေ ငါ့အတွက် အခွင့်အရေး ပိုသာလေလေပဲ။ ဒီတော့မှပဲ မီးထဲက အာလူးနှိုက်သလို အသာလေး အမြတ်ထုတ်နိုင်မှာ။

လုံယီ၏ စိတ်ထဲတွင် အစီအစဉ်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။ သူသည် အခွင့်အရေးကို စောင့်ရင်း ယခင်နေရာမှာပင် တိတ်ဆိတ်စွာ ဆက်လက်ရပ်နေလိုက်သည်။

ခြံဝင်းအတွင်းသို့ လူအချို့ အဝင်အထွက်ရှိနေသော်လည်း သူစောင့်နေသည့်သူ မဟုတ်သေးပေ။

နာရီအနည်းငယ်ကြာပြီးနောက်တွင်မူ ရင်းနှီးနေသော ပုံရိပ်တစ်ခု ခြံဝင်းအတွင်းမှ ထွက်လာခဲ့သည်။

"တောက်... ဒီညမှ ရုတ်တရက်ကြီး အရက်သောက်ပြီး ဧည့်ခံချင်တယ်ဆိုလို့ ငါကပဲ အပြင်

ထွက်ဝယ်ပေးရတယ်"

စူးယွီသည် မျက်နှာပျက်ပျက်ဖြင့် တတွတ်တွတ် ဆဲဆိုရင်း ထွက်လာသည်။

စူးယွီ ထွက်လာသည်ကို မြင်သည်နှင့် လုံယီသည် အရိပ်ထဲမှ ထွက်ကာ နောက်မှ တိတ်တဆိတ် လိုက်သွားတော့သည်။

လူသူကင်းမဲ့သော လမ်းကြားတစ်ခုသို့ ရောက်သောအခါ...

ရှုး...

လုံယီသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် စူးယွီ၏ ရှေ့သို့ ရောက်သွားပြီး သူ၏ လည်ပင်းကို အားပါပါဖြင့် တစ်ချက် ထိုးလိုက်သည်။

ခရက်...

စူးယွီသည် မျက်စိများ ပြာဝေသွားကာ လဲကျတော့မည့်ဆဲဆဲတွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားများက သခင်ကို ကာကွယ်ရန် အလိုအလျောက် ပေါက်ကွဲထွက်ရန် ပြင်လိုက်သည်။

သို့သော် လုံယီက ထိုသို့ အဖြစ်မခံပေ။

သူသည် လက်ချောင်းနှစ်ချောင်းဖြင့် စူးယွီ၏ ခန္ဓာကိုယ်ပေါ်ရှိ အရေးကြီးသော သွေးကြောမှတ်အချို့ကို အမြန်ဆုံး ဖိနှိပ်လိုက်ရာ ဝိညာဉ်စွမ်းအားများမှာ လုံးဝ ငြိမ်သက်သွားတော့သည်။

တစ်ချိန်တည်းမှာပင် သူ၏ အတွင်းစွမ်းအားများကို စူးယွီ၏ ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းကာ ရက်အနည်းငယ်ကြာအောင် ဝိညာဉ်စွမ်းအားများ ပြန်မပွင့်လာစေရန် ပိတ်ဆို့လိုက်သည်။

မကြာမီမှာပင် အဝတ်အစား လုံးဝမပါဘဲ ဖြူဖျော့နေသော စူးယွီ၏ ခန္ဓာကိုယ်ကို တုပ်နှောင်ကာ မြေအောက် ရေမြောင်းထဲသို့ ပစ်ချလိုက်သည်။

ပိုမိုစိတ်ချရစေရန် လုံယီသည် စူးယွီ၏ ကိုယ်ထဲသို့ အတွင်းစွမ်းအားများ ထည့်သွင်းထားရုံတင်မကဘဲ ဝိညာဉ်နှိမ်နင်းခြင်း မန္တန်အချို့ကိုပါ ကပ်ထားလိုက်သည်။ ထိုမန္တန်များကြောင့် ချီသန့်စင်ခြင်းအလယ်အလတ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးပင်လျှင် လွယ်လွယ်နှင့် နိုးလာနိုင်မည် မဟုတ်ပေ။

အမှန်တကယ်တော့ သူ့ကို သတ်ပစ်လိုက်ခြင်းက အလွယ်ဆုံး ဖြစ်သော်လည်း လုံယီနှင့် စူးယွီကြားတွင် ထိုမျှအထိ ကြီးမားသော ရန်ငြိုးမရှိခြင်းနှင့် နောင်တွင် သူ့ကို နယ်ရုပ်တစ်ခုအဖြစ် အသုံးချရန် အကြံရှိခြင်းကြောင့် အသက်ချမ်းသာပေးခဲ့ခြင်းပင်။

ယခုအချိန်တွင် လုံယီ၏ ရုပ်သွင်မှာ အသားဖြူဖြူ၊ အရပ်ရှည်ရှည်နှင့် တည်ငြိမ်သော မျက်လုံးများ ရှိသည့် စူးယွီ၏ ပုံစံအတိုင်း ဖြစ်နေသည်။

သူသည် စူးယွီနှင့် အချိန်အတော်ကြာ အတူနေဖူးသဖြင့် သူ၏ အမူအရာ၊ အလေ့အကျင့်နှင့် စရိုက်များကို ကောင်းကောင်း သိထားရာ အနီးကပ်ဆုံး တူအောင် ပြုမူနိုင်သည်။ စူးယွီ၏ မိဘများပင်လျှင် လုံယီကို ခွဲခြားနိုင်ရန် ခက်ခဲပေလိမ့်မည်။

သူသည် အရက်ဆိုင်တစ်ဆိုင်သို့ ဝင်ကာ ဝိုင်အိုးအချို့ကို ဝယ်ယူပြီးနောက် စောစောက ခြံဝင်းအတွင်းသို့ ပြန်ဝင်ခဲ့သည်။

ခြံဝင်းဂိတ်တံခါးသို့ ရောက်သည်နှင့် အေးစက်သော မျက်နှာထားနှင့် မီးခိုးရောင်ဝတ် လူနှစ်ဦးက ဆီးကြိုလိုက်သည်။ သူတို့မှာ ချီသန့်စင်ခြင်းတတိယအဆင့်တွင် ရှိကြသည်။

"လျှို့ဝှက်စကား"

"ခန္ဓာကိုယ်က ဟွမ်ချွမ်ကို ဖြတ်ကျော်၊ ငါတို့ရဲ့ မဟာလမ်းစဉ်ကို သက်သေပြ..."

လုံယီသည် လျှို့ဝှက်စကားများကို ရွတ်ဆိုလိုက်ပြီးနောက် ထိုနှစ်ဦးကို ကြမ်းတမ်းစွာ တွန်းဖယ်လိုက်သည်။

"ဖယ်စမ်း ငါ့ကို မမှတ်မိဘူးလား။ နောက်တစ်ခါဆို မင်းတို့ကို အရှင်လတ်လတ် အရေခွံခွာပစ်မယ်"

"ဆောရီးပါ ဒါက ကျွန်တော်တို့ရဲ့ တာဝန်မို့လို့ပါ။ ခွင့်လွှတ်ပါ ဆရာစူး"

ထိုနှစ်ဦးမှာ ချက်ချင်းပင် ချော့မော့သော မျက်နှာထားဖြင့် နောက်သို့ ဆုတ်ပေးကြသည်။

လုံယီသည် သူ၏ ကံကောင်းမှုကို ကျိတ်၍ ဝမ်းသာမိသည်။ အပြင်ဘက်တွင် အချိန်အတော်ကြာ ခိုးနားထောင်ခဲ့သဖြင့် လျှို့ဝှက်စကားများကို သိထားခြင်းကြောင့်သာ လူမိမသွားခြင်းပင်။

သူသည် စူးယွီ သွားလေ့ရှိသော လမ်းကြောင်းအတိုင်း အတွင်းခန်းဆောင်တစ်ခုသို့ ဝင်ခဲ့သည်။

တံခါးဖွင့်လိုက်သောအခါ ကျင့်ကြံသူ အမျိုးသားနှစ်ဦး စောင့်နေသည်ကို တွေ့ရသည်။ အခန်းအလယ်တွင် ထူးဆန်းသော ကုတင်တစ်လုံး ရှိနေပြီး ပရိဘောဂများကို ဘေးသို့ တွန်းပို့ထားရာ ထိုကုတင်မှာ သိုလှောင်အိတ်အတွင်းမှ ခုတင်ထုတ်ထားခြင်း ဖြစ်ကြောင်း သိသာလှသည်။

တစ်ဦးမှာ အသက် ၅၀ ခန့်၊ အနက်ရောင် ဝတ်ရုံဝတ်ထားပြီး နှာခေါင်းကြီးကြီး မျက်လုံးသေးသေးနှင့် အလွန် ရုပ်ဆိုးလှသည်။

သို့သော် သူ၏ အရှိန်အဝါမှာ ချီသန့်စင်ခြင်း၏ အထောက်အထိပ်သို့ ရောက်နေသဖြင့် လုံယီအနေဖြင့် လျှော့တွက်၍ မရပေ။ သူသည် စူးယွီ ပြောခဲ့သော အစောင့်အကြပ်ဖြစ်ဟန်တူသည်။

နောက်တစ်ဦးမှာ အသက် ၂၀ ကျော် လူငယ်လေးဖြစ်ပြီး မျက်နှာတွင် ပေါင်ဒါများ လိမ်းကျံထားကာ နှုတ်ခမ်းနီများ ဆိုးထားသဖြင့် လုံယီမှာ ခဏမျှ ကြောင်အသွားရသည်။

အစောင့်အကြပ်က ရမ္မက်ဇောဖြင့် ရယ်မောလိုက်သည်။

"အရက် ရပြီလား ငါ မစောင့်နိုင်တော့ဘူး"

ပြောပြောဆိုဆိုနှင့်ပင် သူ၏ အနက်ရောင် ဝတ်ရုံကို ချွတ်လိုက်ရာ အဆီများဖြင့် တွဲကျနေသော သူ၏ ကိုယ်လုံးကြီး ပေါ်လာတော့သည်။

"အစ်ကိုစူး... ဒီနေ့တော့ ကျွန်တော်တို့ နှစ်ယောက်လုံး အစောင့်အကြပ်ကို ကောင်းကောင်း ပြုစုရမယ်နော်"

ပေါင်ဒါလိမ်းထားသော လူငယ်က မူနွဲ့စွာ ရယ်မောရင်း မြွေတစ်ကောင်ကဲ့သို့ သူ၏ ကိုယ်လုံးကို လိမ်ဖယ်ကာ အစောင့်အကြပ်ထံသို့ အတင်းတိုးကပ်သွားသည်။

"ငါ့နှယ်... ဘာတွေလဲဟ..."

လုံယီမှာ ကြက်သေ သေသွားရသည်။

ကျားကျားခြင်း စားနေကြတာပေါ့….

အခန်း။ ၃၉၄

"ဒီနေ့ ငါနေလို့ သိပ်မကောင်းဘူး နောက်မှပဲ ပြောကြတာပေါ့"

သူ့ရှေ့မှ ကြည့်ရဆိုးလှသော မြင်ကွင်းကို ဆက်မကြည့်လိုတော့သဖြင့် လုံယီသည် ထိုနေရာမှ အမြန်ဆုံး လစ်ထွက်ရန် ပြင်လိုက်သည်။

"နေဦး"

ပေါင်ဒါလိမ်းထားသော လူငယ်က လုံယီကို လှမ်းအော်လိုက်သည်။

"ဒီနေ့လို အစောင့်အကြပ်ဆန်း စိတ်ကြည်လင်နေတဲ့အချိန်မျိုးက ရှားတယ်။ မင်းက တကယ်ပဲ ထွက်သွားတော့မလို့လား"

သူ့ဘေးရှိ အစောင့်အကြပ်ဆန်း၏ မျက်နှာမှာလည်း ချက်ချင်းပင် မည်းမှောင်သွားပြီး စူးယွီအဖြစ် အသွင်ပြောင်းထားသော လုံယီကို စူးစိုက်ကြည့်နေတော့သည်။

တောက်... သောက်ကျိုးနည်း အခြောက်တွေနဲ့မှ တိုးနေရတယ်...

လုံယီသည် ထိုသူနှစ်ဦး၏ ခေါင်းကို လက်သီးနှင့် ထိုးခွဲပစ်ချင်စိတ်ကို အောင့်အည်းထားလိုက်ရသည်။

မလောနဲ့ဦး ငါ့အတွက် ဟွမ်ချွမ်ရဲ့ အင်အားကို ငှားသုံးဖို့ လိုသေးတယ်။

သူသည် သူ့ကိုယ်သူ ထိုသို့သာ နှစ်သိမ့်လိုက်ရသည်။

ခေတ္တမျှ စဉ်းစားပြီးနောက် လုံယီက တည်ကြည်သော မျက်နှာထားဖြင့် "အစောင့်အကြပ်ဆန်း... ခင်ဗျားက ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ဖြစ်သလို အရေးကြီးတဲ့ တာဝန်တွေကိုလည်း ပခုံးထမ်းထားရသူပါ။ အခုလို အရေးကြီးတဲ့ အချိန်မှာ ကာမဂုဏ်တွေနောက် လိုက်နေတာက အလုပ်ကိစ္စတွေကို ထိခိုက်စေနိုင်ပါတယ်။ နောက်ရက်တွေမှာ အားလုံး အဆင်ပြေသွားပြီဆိုရင်တော့ ခင်ဗျား စိတ်ကြိုက် ပျော်ပါးနိုင်ပါတယ်။ အစောင့်အကြပ်အနေနဲ့ အခြေအနေအရပ်ရပ်ကို ခြုံငုံသုံးသပ်ပြီး ဆင်ခြင်ပေးနိုင်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"

စကားပြောနေစဉ်မှာပင် လုံယီသည် သူ၏ ထိန်းချုပ်ခြင်းပါရမီကို အသုံးပြုကာ အစောင့်အကြပ်ဆန်း၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးလိုက်သည်။

ထိန်းချုပ်ခြင်းပါရမီသည် စိတ်ဝိညာဉ်အားနည်းသော သက်ရှိများကို ထိန်းချုပ်နိုင်ရုံတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ မှော်အတတ်တစ်ခုအဖြစ်လည်း အသုံးချနိုင်သည်။

ယခုအချိန်တွင် လုံယီ၏ စိတ်အာရုံစွမ်းအားမှာ သာမန် ချီသန့်စင်ခြင်းအထောက်အထိပ်အဆင့်ရှိ ကျင့်ကြံသူများထက် များစွာ သာလွန်နေသဖြင့် ထိန်းချုပ်ခြင်းပါရမီ၏ စွမ်းရည်မှာ မှန်းဆ၍မရနိုင်အောင် ပြင်းထန်လှသည်။

သတိလက်လွတ်ဖြစ်နေသော အစောင့်အကြပ်ဆန်းမှာ ထိုအငွေ့အသက်အတွင်းသို့ ကျရောက်သွားပြီး တွေးတောနေသော မျက်နှာထား ဖြစ်သွားသည်။

"မင်းက ဘာတွေ ဟန်ဆောင်နေတာလဲ"

ပေါင်ဒါလိမ်းထားသော လူငယ်က မကျေမနပ် ပြောလိုက်သည်။

"မဟုတ်ဘူး... စူးယွီက ငါ့အတွက် တွေးပေးနေတာ။ အလုပ်ကိစ္စကို ဦးစားပေးနေတာပဲ။ သူပြောတာ မှန်တယ်"

မမျှော်လင့်ဘဲ အစောင့်အကြပ်ဆန်းမှာ ရုတ်တရက် အသိဝင်လာပုံရသည်။

သူသည် သူ၏ အဝတ်အစားများကို အမြန်ပြန်ဝတ်လိုက်ပြီး ပေါင်ဒါလိမ်းထားသော လူငယ်ကို ဘေးသို့ တွန်းဖယ်လိုက်ကာ တည်ငြိမ်အေးစက်သော အမူအရာသို့ ပြန်ပြောင်းသွားသည်။ ထိုလူငယ်ကမူ လုံယီ ထွက်သွားသော ဘက်ကို ကြည့်ကာ မျက်ဝန်းထဲတွင် မနာလိုစိတ်များ ဝင်းလက်နေတော့သည်။

လုံယီသည် မူလက စူးယွီ နေထိုင်သော အခန်းသို့ ပြန်လာခဲ့သည်။ သပ်သပ်ရပ်ရပ် ခင်းကျင်းထားသော ကုတင်ကို ကြည့်ကာ သူသည် မထိရဲပေ။ သူသည် သူ၏ သိုလှောင်အိတ်ထဲမှ တရားထိုင်ဖျာကို ထုတ်ကာ ကြမ်းပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။

ခဏအကြာတွင် သူ၏ မျက်နှာမှာ တင်းမာသွားရသည်။ နောက်ဖေးဝင်းအတွင်းမှ အမျိုးသမီးများ၏ အော်ဟစ်သံများနှင့် အမျိုးသားများ၏ ရမ္မက်ဇောဖြင့် ရယ်မောသံများမှာ အဆက်မပြတ် ထွက်ပေါ်လာနေသည်။

အကွာအဝေးကြောင့် အသံမှာ သိပ်မကျယ်သော်လည်း လုံယီ၏ အာရုံခံစားမှုမှ လွတ်ကင်းခြင်း မရှိပေ။ အမျိုးသမီးတစ်ဦး၏ အသံမှာ တဖြည်းဖြည်း အားနည်းလာနေပြီး ကြောက်မက်ဖွယ် ကံကြမ္မာနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း သိသာလှသည်။

မိစ္ဆာကျင့်ကြံသူ အားလုံးကို လူတကာက အဘယ်ကြောင့် ရှုံ့ချနေကြသည်ကို လုံယီ ယခုမှ ကောင်းကောင်း နားလည်သွားတော့သည်။ သူသည် မတ်တတ်ရပ်ကာ ထိုအသံများ ထွက်ပေါ်ရာဘက်သို့ လျှောက်သွားလိုက်သည်။

ဝုန်း….

တံခါးကို ကန်ဖွင့်လိုက်သောအခါ အတွင်း၌ မိစ္ဆာကျင့်ကြံသူ တစ်ဆယ်ကျော်မှာ ယုတ်ညံ့သော ကိစ္စများကို လုပ်ဆောင်နေကြပြီး မြေပြင်ပေါ်တွင်လည်း အဝတ်အစားများ ဖရိုဖရဲနှင့် မျှော်လင့်ချက်ကင်းမဲ့နေသော အမျိုးသမီးများ လဲလျောင်းနေကြသည်။

အမျိုးသမီးတစ်ဦးမှာ သူမ၏ ကိုယ်အောက်တွင် သွေးများ စိုရွှဲနေပြီး အသက်ရှူသံမှာ အလွန် အားနည်းနေသော်လည်း တစ်စုံတစ်ဦးကမူ သူမ၏ အသက်ကို ဂရုမစိုက်ဘဲ သွေးဆာနေသော မျက်လုံးများဖြင့် ကြည့်နေဆဲပင်။

"ဟော... ဆရာစူး မဟုတ်လား လာလေ... လာပျော်ပါဦး"

ဦးခေါင်းတွင် သံကွင်းစွပ်ထားသော ဝတုတ်တုတ် လူတစ်ဦးက လှမ်းဖိတ်လိုက်သည်။

"ဟဲဟဲ... စူးယွီက ဒီလိုမျိုးတွေကို စိတ်ဝင်စားမှာ မဟုတ်ပါဘူး။ သူ့မှာက ပိုပြီး အနုစိတ်တဲ့ အကြိုက်တွေ ရှိတာပဲကိုး"

အသက် ၄၀၊ ၅၀ ခန့်ရှိ လူတစ်ဦးက အနုစိတ်ဆိုသော စကားလုံးကို ဖိပြောရင်း နောက်ပြောင်လိုက်သည်။

"ဟားဟားဟားဟား"

ထိုစကားကို ကြားသောအခါ မိစ္ဆာကျင့်ကြံသူများမှာ ဝိုင်း၍ ရယ်မောကြတော့သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူတို့၏ ရယ်သံများမှာ လည်ချောင်းထဲ၌ပင် တစ်ဆို့သွားရသည်။

သူတို့၏ မျက်စိရှေ့တွင် သွေးရောင်ပုံရိပ်တစ်ခု ဝင်းခနဲ လက်သွားသည်။ ပြင်းထန်သော လေတိုက်ခတ်မှုနှင့်အတူ မြင်းမျက်နှာနှင့် လူမှာ လုံးဝ ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်တွင် သွေးကွက်တစ်ခုသာ ကျန်ရစ်တော့သည်။

"အခုကတည်းက ခွန်အားကို စုထားကြစမ်း။ မဟုတ်လို့ ဂိုဏ်းရဲ့ အရေးကြီးတဲ့ ကိစ္စကို ဖျက်ဆီးမိရင် မင်းတို့ အသက်ဆယ်ချောင်းရှိလည်း လျော်နိုင်မှာ မဟုတ်ဘူး"

လုံယီသည် စူးယွီ၏ အသံနှင့် အမူအရာကို အတုယူကာ အေးစက်စက် လေသံဖြင့် ပြောလိုက်သည်။

"စူးယွီ... မင်း လွန်လာပြီနော်"

လုံယီကို စောစောက ဖိတ်ခေါ်ခဲ့သော သံကွင်းစွပ်နှင့် လူဝကြီးက ဒေါသတကြီး ပြောလိုက်သည်။

"မင်းကလည်း မကစားဘူး ငါတို့ကိုလည်း မကစားခိုင်းဘူးလား"

"ဟုတ်တယ် မင်းက ချီသန့်စင်ခြင်းအလယ်အလတ်အဆင့်ကို ခုမှ တက်လှမ်းနိုင်တာလေ။ ငါတို့အားလုံးကို ယှဉ်နိုင်မယ် ထင်နေတာလား"

နောက်တစ်ဦးက အော်ဟစ်လိုက်သည်။

အားလုံးက သူ့ကို ရန်လိုသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြပြီး ဝိညာဉ်စွမ်းအားများမှာလည်း သူတို့ ပတ်ဝန်းကျင်တွင် လှုပ်ခတ်နေသည်။

"ဟင်"

လုံယီက လက်တစ်ဖက်ကို မြှောက်လိုက်ရုံဖြင့် အားလုံး၏ မျက်နှာထားများ ပျက်သွားရသည်။ လူတိုင်း၏ မျက်နှာမှာ သွေးရောင်လွှမ်းသွားပြီး မျက်လုံးများမှာ နီရဲလာကာ အချို့မှာ သူတို့၏ ဦးခေါင်းကို ကိုင်၍ အော်ဟစ်နေကြသည်။ သူတို့၏ ဦးခေါင်းထဲသို့ သွေးများ အလုံးအရင်းနှင့် တိုးဝင်နေသကဲ့သို့ ခံစားနေရခြင်းပင်။

သွေးနှောင်ဖွဲ့ခြင်းအတတ်ကို အဆင့်တစ်ခုအထိ တတ်မြောက်ထားပြီး လုံယီ၏ ထိပ်တန်း စိတ်အာရုံစွမ်းအားနှင့် ဝိညာဉ်စွမ်းအား အပြည့်အဝ ထုတ်လွှတ်ခြင်းတို့ ပေါင်းစပ်လိုက်

သောအခါ ထိုမိစ္ဆာကျင့်ကြံသူများ၏ ကိုယ်ထဲမှ သွေးများကို တိုက်ရိုက် ထုတ်ယူ၍ မရသေးသော်လည်း သူတို့၏ သွေးလှည့်ပတ်မှုကို ဖောက်ပြန်စေကာ ဂနာမငြိမ် ဖြစ်သွားစေရန် လုပ်ဆောင်နိုင်စွမ်း ရှိသည်။

ယခုမူ မည်သူမျှ စကားမပြောရဲတော့ပေ။

"ထွက်သွားကြစမ်း"

လုံယီက အေးစက်စွာ အမိန့်ပေးလိုက်သည်။

မိစ္ဆာကျင့်ကြံသူများ သုတ်ခြေတင် ပြေးသွားကြသည်ကို မြင်သောအခါ လုံယီသည် ဝတ်ရုံစကို ခါလိုက်ရာ ဝုန်းခနဲ အသံနှင့်အတူ တံခါးကြီး ပိတ်သွားတော့သည်။

အပြင်ဘက်ရှိ မိစ္ဆာကျင့်ကြံသူများမှာ လုံယီ ဘာလုပ်မလဲဆိုသည်ကို သိလိုစိတ်ဖြင့် စောင့်ကြည့်နေကြပြီး သူသည် ထိုအမျိုးသမီးများကို တစ်ယောက်တည်း အပိုင်စီးချင်နေခြင်းဖြစ်မည်ဟု သံသယဝင်နေကြသည်။

"အား"

မကြာမီမှာပင် အခန်းတွင်းမှ အော်ဟစ်သံအချို့ ထွက်ပေါ်လာသည်။

အစောင့်အကြပ်ဆန်း ရောက်ရှိလာသောအခါ အခန်းထဲတွင် သွေးအိုင်ထွန်းနေသည်ကို တွေ့လိုက်ရသည်။

"ဒီမိန်းမတွေကို အရှင်ထားရင် အလုပ်ရှုပ်စရာတွေ ဖြစ်လာနိုင်လို့ ကျွန်တော် အပြတ်ရှင်းလိုက်တာပါ"

လုံယီက အေးစက်စွာ ပြောလိုက်သည်။

"ကောင်းတယ်"

အစောင့်အကြပ်ဆန်းက သဘောကျသည့် အကြည့်ဖြင့် ကြည့်ပြီးနောက် မကျေမနပ်ဖြစ်နေသော ဘေးနားမှ မိစ္ဆာကျင့်ကြံသူတစ်ဦးကို ရုတ်တရက် ပါးရိုက်ကာ ဆူပူလိုက်သည်။

"အရေးကြီးတဲ့ အလုပ်က လက်တကမ်းမှာ ရှိနေပြီ။ မင်းတို့က ဒီလို အသေးအမွှားကိစ္စတွေကိုပဲ အာရုံစိုက်နေကြတာလား။ အရင်ကတော့ မင်းတို့ရဲ့ အမှားတွေကို ငါ လွှတ်ထားပေးခဲ့တယ်။ ဒါပေမဲ့ နောက်ရက်တွေမှာ တစ်ခုခု ချို့ယွင်းသွားရင်တော့ မင်းတို့ကို သွေးရုပ်သေးတွေအဖြစ် ပြောင်းပစ်မယ်"

ကျန်ရှိသောသူများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အစောင့်အကြပ်ဆန်း၏ ရုတ်တရက် ပြောင်းလဲသွားသော စိတ်နေသဘောထားကို နားမလည်နိုင် ဖြစ်နေကြသည်။

မကြာမီမှာပင် လူစုကွဲသွားကြပြီး အခန်းထဲမှ အမျိုးသမီးများ၏ ကံကြမ္မာကိုလည်း မည်သူမျှ သံသယမဝင်တော့ပေ။

အမှန်စင်စစ် ထိုအမျိုးသမီးများသည် မြေအောက် ဆယ်ပေကျော် အနက်တွင် ရှိနေကြခြင်းပင်။ လုံယီသည် သူ၏ မြေလျှိုးပါရမီကို အသုံးပြုကာ သူတို့ကို ထိုနေရာသို့ ပို့ဆောင်ပေးခဲ့ပြီး နိုးမလာစေရန် စိတ်ငြိမ်မန္တန်များ ကပ်ပေးထားခဲ့သည်။

ထို့ပြင် အာဟာရ ပြတ်လပ်ခြင်း မရှိစေရန် ဝိညာဉ်ဆန်ဆေးလုံးများကိုလည်း တိုက်ကျွေးထားခဲ့သည်။

ညရောက်သောအခါ ထိုအမျိုးသမီးများ အသက်ရှူရ လွယ်ကူစေရန် မြေအောက်ဥမင်များ ထပ်မံတူးဖော်ပေးရန် သူ ကြံစည်ထားသည်။

လုံယီအနေဖြင့် ဤအခြေအနေတွင် သူ တတ်နိုင်သမျှကို ကူညီပေးခဲ့ခြင်းပင်။

နောက်တစ်နေ့တွင် အစောင့်အကြပ်ဆန်း၊ လုံယီ၊ ပေါင်ဒါလိမ်းထားသော လူငယ်နှင့် အခြားလူ နှစ်ဆယ်ခန့် စုဝေးမိကြသည်။ သူတို့သည် ချင်းလုံစံအိမ် လေလံပွဲတွင် မည်သို့ ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်မည်၊ ကုမျိုးနွယ်စုကို မည်သို့ အထိနာအောင် လုပ်မည်ကို ဆွေးနွေးနေကြခြင်းပင်။

"နောက်ဆုံး ရတနာပစ္စည်းကို လေလံတင်တဲ့အချိန်ကျရင် ကုမျိုးနွယ်စုရဲ့ အာရုံက အဲဒီအပေါ်မှာပဲ ရှိနေလိမ့်မယ်။ အဲဒီအချိန်မှာ ငါတို့က ရုတ်တရက် တိုက်ခိုက်ရင် သူတို့ လက်ဦးမှု ရမှာမဟုတ်ဘူး"

မျက်လုံးကလေး ကလည်ကလည်နှင့် အသားညိုညို ကျင့်ကြံသူတစ်ဦးက အကြံပြုသည်။

"ဘာလို့ အဲဒီလောက် ဒုက္ခခံနေမှာလဲ။ လေလံပွဲ စတာနဲ့ တစ်ခါတည်း တိုက်ပစ်လိုက်ရင် ပွဲပျက်သွားမှာပဲလေ"

နောက်တစ်ဦးက စောင့်ရသည်ကို စိတ်မရှည်သဖြင့် ခေါင်းခါကာ ပြောသည်။

"စူးယွီ... မင်းကော ဘယ်လိုထင်လဲ"

အစောင့်အကြပ်ဆန်းက မျှော်လင့်ချက်အပြည့်ဖြင့် လုံယီကို မေးလိုက်သည်။

လုံယီသည် ထိုသူကို ထိုးသတ်ချင်စိတ်ကို ထိန်းထားရင်း တည်ငြိမ်စွာပင် "ကုမျိုးနွယ်စုကို အထိနာစေချင်ရင် ပွဲဖျက်ရုံနဲ့ မလုံလောက်ဘူး။ နောက်နေ့မှာ သူတို့ ပြန်ကျင်းပနိုင်သေးတာပဲ။ ကျွန်တော့်အမြင်အရတော့ သူတို့ရဲ့ တန်ဖိုးအထားဆုံး ဂုဏ်သိက္ခာကို ဖျက်ဆီးပစ်သင့်တယ်" ဟု ပြောလိုက်သည်။

သူ၏ လက်ထဲတွင် အစိမ်းရောင် ပန်းသီးတစ်လုံး ပေါ်လာပြီး "လေလံစာရင်းထဲမှာ လေစီးသီးပါတာကို ကျွန်တော် သတိထားမိတယ်။ အဲဒီအသီးက အစိမ်းရောင်ရှိပြီး လက်သီးဆုပ်လောက် အရွယ်အစားပဲ... ငါတို့က အဲဒါကို လေလံဆွဲယူပြီးမှ ဒီတောသီးနဲ့ လဲလှယ်လိုက်မယ်။ ပြီးရင် ကုမျိုးနွယ်စုက တောသီးကို လေစီးသီးဆိုပြီး လိမ်ရောင်းတယ်လို့ စွပ်စွဲလိုက်မယ်။ ကုမျိုးနွယ်စုက ဒေါသထွက်ပြီး ငါတို့ကို အရင်တိုက်ခိုက်လာလိမ့်မယ်။ အဲဒီအချိန်မှ ငါတို့က ပြန်

တိုက်ရင် ပိုပြီး အကြောင်းပြချက် ခိုင်လုံသွားပြီ။ သူတို့ ဂုဏ်သိက္ခာလည်း ကျသွားလိမ့်မယ်"

"မဆိုးဘူး အစီအစဉ်ကောင်းပဲ"

အစောင့်အကြပ်ဆန်းက ချီးကျူးလိုက်သည်။

အခြားသူများမှာမူ တစ်ဦးနှင့်တစ်ဦး ကြည့်နေကြသည်။ အချို့က သဘောတူသော်လည်း မိစ္ဆာကျင့်ကြံသူ အများစုမှာမူ ဤသို့ အစီအစဉ်ဆွဲနေခြင်းထက် တိုက်ရိုက် တိုက်ခိုက်ခြင်းကိုသာ ပို၍ လိုလားကြသည်။

သို့သော် ခေါင်းဆောင်ဖြစ်သူက လုံယီ၏ အစီအစဉ်ကို ထောက်ခံထားသဖြင့် မည်သူမျှ ကန့်ကွက်ရဲခြင်း မရှိပေ။

"ကုမျိုးနွယ်စုရဲ့ ဘိုးဘေးက အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်ရှိတဲ့ ကျင့်ကြံသူကြီးလေ။ ငါတို့ အင်အားနဲ့တင် လောက်ပါ့မလား"

တစ်ဦးက စိုးရိမ်စွာ မေးသည်။

"ဘာကြောက်စရာ ရှိလဲ။ ဆယ့်သုံးယောက်မြောက် အကြီးအကဲ မကြာခင် ရောက်လာတော့မယ်။ ပြီးတော့ ငါ့မှာ ဒီရတနာ ပါလာတယ်"

အစောင့်အကြပ်ဆန်းက လှောင်ပြုံးဖြင့် ပြောလိုက်သည်။

သူသည် ဥခွံအရွယ်အစားရှိသော မီးခိုးရောင် အလုံးလေးတစ်လုံးကို ထုတ်ပြလိုက်ရာ ထိုအလုံးမှ ထွက်ပေါ်နေသော အန္တရာယ်ရှိသည့် အရှိန်အဝါကြောင့် လူတိုင်း နောက်သို့ ဆုတ်လိုက်ကြရသည်။

"ယင်လျှပ်စီးမျိုးစေ့ ခင်ဗျားမှာ ဒီလို ရတနာမျိုးတောင် ပါလာတာလား"

သံကွင်းစွပ်နှင့် လူဝကြီးက အံ့အားသင့်စွာ အော်လိုက်သည်။

ယင်လျှပ်စီးမျိုးစေ့လား။

လုံယီ မျက်မှောင်ကြုတ်လိုက်သည်။ ထိုအရာအကြောင်းကို သူ ကြားဖူးသည်။ ၎င်းသည် တစ်ကြိမ်သုံး တိုက်ခိုက်ရေးမှော်လက်နက်တစ်ခုဖြစ်ပြီး ယင်ဓာတ်၊ နာကျည်းမှုအငွေ့အသက်နှင့် သွေးချီစွမ်းအင်များကို လျှပ်စီးစွမ်းအား အနည်းငယ်ဖြင့် အတင်းအဓမ္မ ပေါင်းစပ်ပြုလုပ်ထားခြင်းပင်။

၎င်းကို ပြုလုပ်ရသည်မှာ အလွန် ခက်ခဲပြီး ပေါက်ကွဲပါက ပြင်းထန်သော အဖျက်စွမ်းအားနှင့် တိုက်စားနိုင်သော ယင်ဓာတ်များကို ထုတ်လွှတ်သည်။ ချီသန့်စင်ခြင်းနောက်ဆုံးအဆင့်ရှိ ကျင့်ကြံသူတစ်ဦးပင်လျှင် ထိုအရာနှင့် ထိမိပါက ခန္ဓာကိုယ် အစအနတောင် ကျန်မှာ မဟုတ်ပေ။

"ဒီမစ်ရှင်က အရေးကြီးလို့ ဂိုဏ်းက ငါ့ကို အဲဒါတွေ အများကြီး ပေးထားတာ။ လေလံပွဲမတိုင်

ခင် မင်းတို့ကို ဝေပေးမယ်"

အစောင့်အကြပ်ဆန်းက ဂုဏ်ယူစွာ ပြောလိုက်သည်။

သို့သော် လုံယီ၏ စိတ်ထဲတွင်မူ ဒီလောက် အားကောင်းတဲ့ ရတနာမျိုးက ငါ့လက်ထဲမှာပဲ ရှိသင့်တာဟု တွေးနေမိတော့သည်။

All Chapters