အခန်း (၁၅၉-၁၆၀)
Vol. 15 Ch. 159-160
အခန်း ၁၅၉ - ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ခြင်း
နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာသည်။
မိသားစုအားလုံး ထမင်းစားပွဲတစ်ခုတည်းတွင် စုံစုံလင်လင်ဖြင့် နံနက်စာ သုံးဆောင်နေကြသည်။
သမီးကြီး ချန်ယုကျန်းက ဖခင်ဖြစ်သူ၏ ဘေးတွင် ထိုင်ကာ ချွဲနွဲ့လိုက်သည်။
— "ဖေဖေ... သမီးကို ဆန်ပြုတ်လေး ခွံ့ကျွေးပါလားဟင်"
သူမသည် မိခင်ဖြစ်သူ၏ နုနယ်ပျော့ပျောင်းသော စရိုက်ကို အပြည့်အဝ ဆက်ခံထားသည်။
စကားပြောလျှင် အသံကို နှိမ့်ကာ ဆွဲပြောတတ်သဖြင့် သူမ၏ အသံမှာ အလွန်ချိုသာပြီး နားဝင်ချိုလှသည်။ ချန်အန်မှာ သမီးကို အလိုလိုက်သော ဖခင်တစ်ဦးဖြစ်ရာ ဘာမှစဉ်းစားမနေဘဲ ပြုံး၍ သဘောတူလိုက်သည်။
"ကောင်းပါပြီဗျာ... ဖေဖေ ခွံ့ကျွေးပါ့မယ်"
"ဖေဖေက အကောင်းဆုံးပဲ"
ချန်ယွဲ့ကျန်းက ဝမ်းသာအားရဖြင့် သူမရှေ့ရှိ ဆန်ပြုတ်ပန်းကန်ကို ဖခင်ဖြစ်သူထံ တွန်းပေးကာ ဇွန်းဖြင့် တစ်ဇွန်းချင်း ခွံ့ကျွေးခိုင်းတော့သည်။
ချန်အန်ကလည်း စိတ်ရှည်လက်ရှည် ခွံ့ကျွေးနေမိသည်။ ဤသည်မှာ သားသမီးနှင့် မိဘကြား သံယောဇဉ်ကို ပိုမိုခိုင်မြဲစေသည် မဟုတ်ပါလား။
[သင်သည် သမီးဖြစ်သူ ချန်ယွဲ့ကျန်းကို စိတ်ရှည်စွာ ဆန်ပြုတ်ခွံ့ကျွေးခဲ့သည်။ ဖခင်နှင့်သမီးကြား ဆက်ဆံရေး +၁]
ဘေးနားမှ ဆောင်ဟွာရင်းမှာမူ အနည်းငယ် မနာလိုဖြစ်သွားကာ သမီးဖြစ်သူကို ဆူပူလိုက်သည်။
"နင်က ဘယ်လောက်ရှိပြီလဲ။ အခုထိ ဖေဖေ ခွံ့ကျွေးတာကို စောင့်နေတုန်းလား"
"ညီမလေး ရီခဲ့ကို ကြည့်စမ်း... အရမ်းသိတတ်တာ။ နို့ဖြတ်ပြီးကတည်းက စားသောက်တဲ့ကိစ္စမှာ ဘယ်သူ့ကိုမှ စိတ်မပူစေရဘူး"
ဆန့်ကျင်ဘက်တွင် အငမ်းမရ စားသောက်နေသော ချန်ရီခဲ့မှာ တစ်စုံတစ်ယောက်က သူမနာမည် ခေါ်လိုက်သလို ခံစားရသဖြင့် အူကြောင်ကြောင်လေး ခေါင်းမော့ကြည့်လာသည်။
မည်သူမျှ သူမကို ဂရုမစိုက်သည်ကို မြင်သောအခါ ခေါင်းပြန်ငုံ့ကာ အစားအသောက်များကို ဆက်လက် လက်စသတ်နေတော့သည်။
ချန်ယုကျန်းက ညီမဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး မိခင်ဖြစ်သူကို မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြလိုက်သည် ။
— "မေမေက ဖေဖေ ခွံ့ကျွေးတာ ခံရလို့ မနာလိုဖြစ်နေတာလား"
"ဒီကလေးမလေးကတော့"
ဆောင်ဟွာရင်းမှာ ဒေါသထွက်သွားသော်လည်း ချန်ယုကျန်းက သူမကို စိတ်မဆိုးစေချင်သဖြင့် ချက်ချင်း ပြန်ချွဲလိုက်သည်။
"ဒါဆိုရင် မေမေ ခွံ့ကျွေးပါလား။ မေမေ ခွံ့ကျွေးတာကို သမီးက ပိုကြိုက်တာ။ အဲဒီအတွက် အစားပြန်ပေးတဲ့အနေနဲ့ ညဘက် ရေချိုးရင် မေမေ့ကျောကို သမီး ဂျီးတွန်းပေးမယ်လေ"
"အပြောလေးကတော့ ကောင်းလိုက်တာ"
ဆောင်ဟွာရင်းက သမီးဖြစ်သူကို မျက်စောင်းထိုးလိုက်သော်လည်း စိတ်ထဲတွင်တော့ ကျေနပ်နေသည်။
— "မေမေ ခွံ့ကျွေးတာ ခံချင်ရင်လည်း ဒီလောက်အဝေးမှာ ထိုင်မနေနဲ့လေ။ မြန်မြန်လာထိုင်"
"မေမေက အကောင်းဆုံးပဲ"
ချန်ယုကျန်းက ပန်းကန်ကို သူမမိခင်ဘေးသို့ ရွှေ့ကာ ပျော်ရွှင်စွာ ထိုင်လိုက်တော့သည်။ ချန်အန်ကတော့ ဘေးမှကြည့်ကာ မတတ်သာဘဲ ပြုံးနေမိသည်။ ချန်ယုကျန်း ကြီးလာလျှင် မိခင်နှင့် သမီး နေ့တိုင်း ရန်ဖြစ်နေမည့် မြင်ကွင်းကို သူ ကြိုမြင်နေရသည်။
နံနက်စာ စားပြီးနောက်...
ပန်းကန်များ သိမ်းဆည်းပြီးသောအခါ ဆုဟွာရင်းက ချန်အန်ကို အလင်းရောင်ကောင်းသော ဂူတစ်ခုသို့ ခေါ်ဆောင်သွားပြီး ဝိညာဉ်ပင်များ စိုက်ပျိုးနည်းကို သင်ပေးရန် တောင်းဆိုသည်။
ချန်အန်သည် မိမိကိုယ်မိမိ အားလုံးသိသော ခင်ပွန်းတစ်ဦးအဖြစ် ဟန်မဆောင်ဘဲ ရိုးသားစွာ ပြောလိုက်သည်။
"ရင်းအာ... ကိုယ်လည်း ဝိညာဉ်ပင်စိုက်တဲ့ အတတ်ပညာကို မင်းလိုပဲ ဘာမှမသိဘူး။ မင်းကို မသင်ပေးနိုင်ဘူး"
"ယောက်ျားရဲ့ ဉာဏ်ရည်က ကျမထက် ပိုကောင်းတာပဲ။ ဒါကြောင့် ယောက်ျားက ကျမနဲ့အတူတူ လေ့လာရအောင်လေ။ ပြီးမှ ကမ နားမလည်တာရှိရင် ယောက်ျားကို ပြန်မေးမယ်"
ဆောင်ဟွာရင်းက မျက်ဝန်းလေးများ ဝိုင်းသွားအောင် အသနားခံလိုက်သည်။ သူမ၏ ရည်ရွယ်ချက်မှာ ခင်ပွန်းဖြစ်သူနှင့် နေ့တိုင်း အချိန်ပိုကုန်ဆုံးချင်ပြီး ဝါသနာတူအချက်များကို ဖန်တီးချင်ခြင်းသာ ဖြစ်သည်။
ချန်အန်က ဇနီးသည်၏ စိတ်ဆန္ဒကို နားလည်သဖြင့် အလိုလိုက်ကာ သဘောတူလိုက်သည်။
— "ကောင်းပါပြီ... ဒါဆိုရင် နောင်ကို မနက်တိုင်း မင်းနဲ့အတူ ဝိညာဉ်ပင် စိုက်ပျိုးနည်းကို လေ့လာကြတာပေါ့"
"ယောက်ျားက ကျမအပေါ် သိပ်ကောင်းတာပဲ!"
ဆုဟွာရင်းက ချစ်ခင်စွာဖြင့် "ယောက်ျားကို ပိုပိုပြီး ချစ်လာပြီ။ တစ်ရက်လေး မတွေ့ရရင်တောင် စိတ်ထဲမှာ နေလို့မကောင်းတော့ဘူး" ဟု ဆိုလိုက်သည်။
ချန်အန်က ပြုံးလျက်.. "ဒါဆိုရင် ရင်းအာက စိတ်ထဲမှာ နေလို့မကောင်းတာလား၊ ဒါမှမဟုတ် ခန္ဓာကိုယ်က နေလို့မကောင်းတာလား" ဟု စလိုက်သည်။
"ယောက်ျားရယ်... စိတ်ရော ကိုယ်ရော နေလို့မကောင်းတာပါ"
ဆောင်ဟွာရင်း၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားပြီး ချန်အန်၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။ သူမသည် ခြေဖျားလေး ထောက်ကာ ချန်အန်၏ နားနားသို့ ကပ်လျက်..
"ဒါပေမဲ့ အခုက ပိုပြီး နေလို့မကောင်းသလိုပဲ။ ယောက်ျားက ကျမကို နေလို့ကောင်းအောင် လုပ်ပေးနိုင်မလား"
ချန်အန်၏ နှလုံးသားမှာ သူမ၏ ဆွဲဆောင်မှုကြောင့် ပူလောင်လာရသည်။ သူတို့ လက်ထပ်ခဲ့သည်မှာ လေးနှစ်နီးပါး ရှိပြီဖြစ်ရာ ဇနီးသည်၏ ငယ်ရွယ်နုပျိုမှုများမှာ ရင့်ကျက်သော အိမ်ထောင်ရှင်မတစ်ဦး၏ ဆွဲဆောင်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
"ယောက်ျား... မနမ်းနဲ့တော့။ ကျမ မခံနိုင်တော့ဘူး။ မြန်မြန် အခန်းထဲကို ချီသွားပေးပါတော့"
တစ်နာရီခန့်အကြာတွင်...
[ဆေးဖော်စပ်မှု အတွေ့အကြုံ +၄၊ သစ်သားဝိညာဉ်မြစ် အရည်အချင်း +၄] x ၃
"ယောက်ျား... ကျမ ယုကျန်းလေးရဲ့ လေ့ကျင့်မှုကို သွားကြည့်လိုက်ဦးမယ်နော်"
ဆောင်ဟွာရင်းက သူမ၏ အဝတ်အစားများကို ပြန်လည်ပြင်ဆင်ပြီး ချန်အန်၏ ပါးကို ခပ်ဖွဖွလေး နမ်းကာ အရှေ့ဘက်အခန်းဆီသို့ ထွက်ခွာသွားသည်။
ချန်အန်က မျက်နှာပေါ်မှ နှုတ်ခမ်းနီရာကို သုတ်လိုက်ပြီး အခြားတစ်ဖက်ရှိ အခန်းဆီသို့ လျှောက်သွားသည်။ ဤကာလအတွင်း သူသည် အူကြောင်ကြောင် သမီးငယ်လေးကို ကိုယ်ခံပညာနှင့် ကိုယ်လက်လှုပ်ရှားမှု အတတ်ပညာများကို နေ့စဉ် သင်ကြားပေးနေရသည်။ သူမ၏ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အလဟဿ မဖြစ်စေရန် ဖြစ်သည်။
ဘုန်း... ဘုန်း... ဘုန်း!
အခန်းတံခါးဝသို့ ရောက်သည်နှင့် အတွင်းမှ ထွက်ပေါ်လာသော လက်သီးထိုးသံများကို ကြားလိုက်ရသည်။ ကြည့်နေစရာပင် မလိုဘဲ သမီးငယ်လေး လက်သီးကျင့်နေမှန်း သိသာလှသည်။ ချန်အန်မှာ ကျေနပ်စွာ နားထောင်နေမိသည်။ သမီးငယ်လေးမှာ အူကြောင်ကြောင်လေးဟု ထင်ရသော်လည်း သူမ၏ စိတ်ဓာတ်မှာ အလွန်ခိုင်မာပြီး မိဘများကို စိတ်မပူစေချင်သည့် စိတ်ဓာတ်ရှိသည်။
ကျွီ —
ချန်အန် တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။
ကုတင်ပေါ်တွင် ဝမ်ကျိယန်က မျက်လုံးမှိတ်ကာ ကျင့်ကြံနေပြီး သူမ၏ဘေးတွင် သမီးဖြစ်သူ ချန်ယီခဲ့က ဂူနံရံကို လက်သီးဖြင့် အားရပါးရ ထိုးနှက်နေသည်ကို တွေ့လိုက်ရသည်။
"ယောက်ျား..."
ချန်အန် ဝင်လာသည်ကို မြင်သောအခါ ဝမ်ကျိယန်က သူမ၏ လှပသော မျက်ဝန်းများကို ဖွင့်ကာ ညင်သာစွာ ခေါ်လိုက်လေသည်။
.........................................................
အခန်း ၁၆၀ - 'ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ခြင်း' (၂)
အခြားတစ်ဖက်တွင်မူ ချန်ရီခဲ့လေးမှာ သူမ၏ဖခင်ကို လုံးဝဂရုမစိုက်ဘဲ ဂူနံရံကိုသာ ဆက်တိုက် လက်သီးဖြင့် ထိုးနှက်နေဆဲဖြစ်သည်။
"တို့ရဲ့ ရီခဲ့လေးက တကယ်ကို ကြိုးစားတာပဲ။ ကြည့်ရတာ မင်းရဲ့ လောကီစည်းစိမ်ကို စွန့်လွှတ်တဲ့ ကျင့်ကြံသူ စရိုက်ကို အမွေရထားတာ ထင်တယ်"
ချန်အန်သည် ကုတင်ပေါ်သို့ လျှောက်သွားကာ ထိုင်လိုက်ပြီး ဝမ်ကျိယန်၏ သွယ်လျသော ခါးလေးကို သဘာဝကျကျပင် လှမ်းဖက်လိုက်သည်။
ရှေ့တွင် အားသွန်ခွန်စိုက် လေ့ကျင့်နေသော သမီးဖြစ်သူကို ကြည့်ရင်း ကျေနပ်အားရသော လေသံဖြင့် ဆိုလိုက်သည်။
ထိုစကားကို ကြားသောအခါ ဝမ်ကျိယွန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး.
"ယောက်ျားရယ်... ရီခဲ့လေးရဲ့ စရိုက်က အရမ်းကို ရိုးလွန်းနေသလိုပဲ။ ကြီးလာရင် တစ်ဖက်လူရဲ့ အမြတ်ထုတ်တာ ခံရမှာကို ကျမ စိုးရိမ်မိတယ်"
"ရပါတယ်... သူက ငယ်သေးတာပဲ။ နောင်ကျရင် စကားပြောတတ်လာတဲ့အခါ ကိုယ်တို့ ဖြည်းဖြည်းချင်း သင်ပေးကြတာပေါ့"
ချန်အန်က ညင်သာစွာ ချော့မော့လိုက်သည်။ ဝမ်ကျိယန်၏ ခါးပေါ်ရှိ သူ၏လက်မှာ ငြိမ်သက်မနေသဖြင့် ဝမ်ကျိယန်၏ မျက်နှာလေးမှာ ပန်းရောင်သန်းလာပြီး နုနယ်သော ခန္ဓာကိုယ်လေးမှာ ပူနွေးလာရသည်။
ဝမ်ကျိယန်မှာ ဆက်လက်သည်းမခံနိုင်တော့ဘဲ ချန်အန်၏ ခါးကို အားဖြင့် ဆွဲလိမ်လိုက်ကာ ဆူပူလိုက်သည်။
"သမီးက တစ်ခန်းတည်းမှာ ရှိနေတာကို.. ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းဦးလေ"
"ကောင်းပါပြီ... ကောင်းပါပြီ... ကိုယ် လိမ္မာပါ့မယ်"
ချန်အန်သည် သူ၏ မာနခဲမယားငယ်လေးကို ဆက်မစတော့ချေ။ သူမကို အလေးအနက်ထား၍ တစ်ချက်နမ်းပြီးနောက် အမြန်ထရပ်ကာ သမီးဖြစ်သူ၏ ဘေးသို့သွား၍ သူမ၏ လက်သီးထိုးပုံ အနေအထားကို စောင့်ကြည့်လေသည်။
ခေတ္တမျှ ကြည့်ရှုပြီးနောက် သူသည် သမီးဖြစ်သူနှင့် အရပ်ချင်း တန်းတူဖြစ်အောင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။
"ရီခဲ့လေး... သမီးရဲ့ လက်သီးက အရမ်းမြင့်နေတယ်။ အဲဒါကြောင့် ခွန်အားအပြည့် မပါတာပေါ့။ လက်သီးက သမီးရဲ့ ပုခုံးနဲ့ တစ်တန်းတည်း ရှိနေရမယ်လေ"
"အင်း"
ချန်ရီခေါ့က အူကြောင်ကြောင်လေး ခေါင်းညိတ်ပြသည်။
ထို့နောက် ဖခင်ဖြစ်သူ သင်ကြားပေးသည့်အတိုင်း သူမ၏ လက်သီးအနေအထားကို ပြင်လိုက်ပြီး ဂူနံရံကို အားရပါးရ ထိုးနှက်လိုက်သည်။ ထင်သည့်အတိုင်းပင် လက်သီးအနေအထားကို ပြင်လိုက်ပြီးနောက် လက်သီးချက်၏ ခွန်အားမှာ သိသိသာသာ တိုးလာတော့သည်။ ဂူနံရံပေါ်ရှိ လက်သီးရာမှာ အနည်းဆုံး သုည ဒသမ ၅ စင်တီမီတာခန့် နက်သွားလေသည်။
လက်သီးကျင်းလေး နက်သွားသည်ကို မြင်သောအခါ ချန်ရီခဲ့၏ မျက်နှာလေးပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာတော့သည်။
[သင်သည် သမီးဖြစ်သူ ချန်ရီခဲ့အား လက်သီးအနေအထား ပြင်ပေးခဲ့ပြီး သူမ၏ ခွန်အားကို ၃၀% ပိုမိုအားကောင်းစေခဲ့သည်။ သူမသည် ထိုအချက်ကြောင့် အလွန်ပျော်ရွှင်နေသည်။ ဖခင်နှင့်သမီးကြား ဆက်ဆံရေး +၁]
ချန်အန်သည် အကြောင်းကြားချက်ကို တစ်ချက်ကြည့်လိုက်ပြီး ဘေးတွင် ပြုံးနေသော သမီးငယ်လေးကို ကြည့်ကာ အလွန်ကျေနပ်သွားသည်။ သမီးမရခင်က သူ နေ့တိုင်း မျှော်လင့်မိသည်မှာ ဇနီးသည်များနှင့် ပျော်ပါးရန်သာ ဖြစ်သော်လည်း သမီးရလာသည့်အခါတွင်မူ သမီးလေးအနားမှာ နေထိုင်ကာ ချော့မြူပေးခြင်းနှင့် ပညာသင်ပေးခြင်းတို့ကို ပို၍ မျှော်လင့်မိလာသည်။
ဤသည်မှာ အမျိုးသားအများစု နှစ်သက်ကြသည့် 'အောင်မြင်မှု ခံစားချက်ပင် ဖြစ်နိုင်ပါသည်။
"ကျိယန်... ကြည့်စမ်း၊ မင်းသမီးလေးက ကျင့်ကြံခြင်းကနေ အောင်မြင်မှု ခံစားချက်ကို ဘယ်လောက်တောင် ရယူချင်နေလဲဆိုတာ။ မင်းရဲ့ ထူးချွန်တဲ့ ကျင့်ကြံသူ အရည်အချင်းတွေကို သူ အပြည့်အဝ ဆက်ခံထားတာပဲ။ သူ့ရဲ့ အနာဂတ်ကတော့ တကယ်ကို အားကိုးရမှာပဲ"
ချန်အန်က ကုတင်ပေါ်ရှိ ဝမ်ကျိယွန်းကို ကြည့်ကာ ပြုံးလိုက်သည်။
ဝမ်ကျိယန်သည် ထိုစကားကို ကြားသောအခါ ဂုဏ်ယူဝင့်ကြွားစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
— "ဒါပေါ့... တော်သေးတာပေါ့၊ သူမကရှင့်ရဲ့ ဒီလိုအကျင့်ပျက်တဲ့ စရိုက်ကို အမွေမရခဲ့လို့။ မဟုတ်ရင်တော့ တို့ရဲ့ သမီးလေးက အသုံးမကျတဲ့သူ ဖြစ်သွားမှာပဲ"
ချန်အန်မှာ ထိုစကားကြောင့် မကျေမနပ် ဖြစ်သွားကာ —
"မင်း ပြောတာက နည်းနည်းတော့ မတရားဘူးနော်။ ကိုယ်က မင်းကို ကြိုးစားတဲ့သူလို့ ချီးကျူးတာကို၊ မင်းက ကိုယ့်ကိုကျတော့ အကျင့်ပျက်သူလို့ ပြောရလား"
"ကျမက အမှန်အတိုင်း ပြောတာပဲလေ"
ဝမ်ကျိယန်က အကျိုးအကြောင်းနှင့် ပြန်ပြောသည်။
"အတိတ်က အကြောင်းတွေကို ထားလိုက်ဦး။ ခုနကတင် သမီးက ဘေးမှာ ရှိနေတာတောင် ရှင်က ကျမကို လိုက်ကိုင်နေသေးတာပဲ။ လူကောင်းဆိုရင် ဒီလိုလုပ်ပါ့မလား"
ချန်အန်က ဂရုမစိုက်ဟန်ဖြင့် — "လူကောင်းတွေ ဘယ်လိုနေလဲတော့ ကိုယ်မသိဘူး၊ ဒါပေမဲ့ သာမန်လူတွေကတော့ ဒီလိုပဲ နေကြမှာပဲ။ ယောက်ျားဖြစ်ပြီး ကိုယ့်ရဲ့ဇနီးအိုကြီးကို မထိရဘူးဆိုတာကမှ ပုံမှန်မဟုတ်တာ"
"'ဇနီးအို ဟုတ်လား" ဝမ်ကျိယန်၏ အမူအရာမှာ ထိုစကားလုံးကြောင့် ချက်ချင်း ပြောင်းလဲသွားသည်။
သူမက ချန်အန်ကို ဒေါသတကြီး မေးလိုက်သည်။
"ချန်အန်... ရှင်ဘာကို ဆိုလိုတာလဲ။ မမက အရမ်းအိုနေပြီလို့ ပြောတာလား"
ချန်အန် အလျင်အမြန် ရှင်းပြလိုက်ရသည်။
"မလွဲလိုက်ပါနဲ့ဦး။ 'ဇနီးအိုဆိုတာ ကိုယ့်ဇာတိက ဇနီးသည်တွေကို ခေါ်တဲ့ ချစ်စနိုး နာမည်ပါ။ မင်းကလည်း ကိုယ့်ကို 'လူကြီးမင်း' လို့ ပြန်ခေါ်လို့ ရတာပဲ။ ဒါက အသက်ကြီးလို့ ခေါ်တာ မဟုတ်ပါဘူး"
"ဟွန့်"
ဝမ်ကျိယွန်းက နှာခေါင်းရှုံ့လိုက်သည်။ သူမက မယုံကြည်သကဲ့သို့ပင်
— "ရှငိက ရင်းအာတို့ ယွဲ့အာတို့ထက် ကျမက ပိုနိမ့်ကျတယ်လို့ ထင်နေတာမလား။ ကျမကို အိုနေပြီလို့ ထင်နေတာ မဟုတ်လား။ ကိုယ်ထင်တာကို ကိုယ်ဝန်ခံစမ်းပါ။ ဝန်တောင် မခံရဲဘူး၊ လုံးဝ တာဝန်ယူလိုစိတ် မရှိတဲ့ လူပဲ"
ထိုသို့ပြောရင်း သူမသည် တင်ပလ္လင်ခွေ ထိုင်ရာမှ ဒူးနှစ်ဖက် စုထိုင်လိုက်သည်။ သူမ၏ ပွပွယောင်းယောင်း ဝတ်စုံမှတစ်ဆင့် သွယ်လျဖြောင့်စင်းသော ခြေသလုံးလေးများနှင့် ဖြူဖွေးအိစက်သော ပေါင်သားလေးများ ပေါ်ထွက်လာရာ ချန်အန်မှာ မျက်စိကျိမ်းသွားရသည်။
ချန်အန်၏ စိတ်မှာ ဝမ်ကျိယန်၏ လှပသော ခန္ဓာကိုယ်အလှတွင် ချက်ချင်း နစ်မျောသွားသည်။ သူ၏ အကြည့်မှာ ခြေသလုံးမှ ပေါင်သားများဆီသို့၊ ထိုမှတစ်ဆင့် သူမ၏ ဝတ်စုံအတွင်းသားများဆီသို့ ရောက်သွားရာ သူ၏ ဝမ်းဗိုက်အောက်ပိုင်းမှာ ပူလောင်လာတော့သည်။
သူ တံတွေးတစ်ချက် မျိုချလိုက်ပြီး
"မင်း ကိုယ့်ကို တမင် သွေးဆောင်နေတာလို့ ကိုယ် အလေးအနက် သံသယဖြစ်မိတယ်"
ဝမ်ကျိယန်က မျက်ခုံးလေး ပင့်လိုက်သည်။ သူ၏ ပူလောင်သော အကြည့်များကို ခံစားမိသောအခါ သူမက တံတွေးတစ်ချက် ထွေးလိုက်သည်။
"ဟွန်း... အရှက်မရှိတဲ့လူ။ ရှင့်လိုပဲ ခေါင်းထဲမှာ အဲဒီလိုအတွေးတွေပဲ ပြည့်နေတဲ့ ကာမရူးလို့ ထင်နေတာလား"
"ကဲ့ရဲ့ချင်သလောက် ကဲ့ရဲ့ပါ။ တစ်နေ့ကျလို့ ကိုယ်က မင်းရဲ့ ခန္ဓာကိုယ်အလှကို မမက်မောတော့တဲ့အခါကျမှ ငိုမနေနဲ့ဦး"
"ရှငိဘယ်လိုပြောလိုက်တယ်" ဝမ်ကျိယန်က မျက်ခုံးပင့်လိုက်သည်။
သို့သော် စကားပြောပြီးသည်နှင့် သူမက ပြန်လည် နူးညံ့သွားပြီး — "ဒီညကျမှ ယောက်ျားကို အလိုလိုက်ပါ့မယ်။ အခုတော့ ကျမ ကျင့်ကြံရဦးမယ်၊ သမီးကိုလည်း ကြည့်ပေးရဦးမယ်လေ"
"ကောင်းပြီလေ... ဒါဆိုရင် ဒီညမတိုင်ခင်အထိ ကိုယ် ဟိုသုံးယောက်ဆီ မသွားတော့ဘူး။ ဒီည မင်းကို ကိုင်တွယ်ဖို့ ခွန်အားတွေ ချန်ထားလိုက်မယ်" ချန်အန်က ပြုံး၍ ပြောလိုက်သည်။
ဝမ်ကျိယန်က သူ့ကို ဆွဲဆောင်မှုရှိစွာ မျက်စောင်းထိုးလိုက်ပြီး
"ကြည့်ပါဦး... ရှင့်ပုံစံကို" ပြောလိုက်သည်။
"ကိုယ့်ကို အပြစ်တင်ဖို့ မလောပါနဲ့ဦး။ ဒီညကျရင် မင်းကို ကိုယ့်ထက်တောင် အကျင့်ပျက်သွားအောင် လုပ်ပေးမယ်"
"သွားတော့"
"သွားပြီ... သွားပြီ... အခုပဲ သွားတော့မယ်။ ဒီညကျရင် မင်းနဲ့အတူကုတင်ပေါ်မှာ ဘယ်လို ပျောက်ကွယ်သွားရမလဲဆိုတာ ကြိုပြီး လေ့ကျင့်ထားလိုက်ဦးမယ်"
ချန်အန်သည် အမြတ်ထုတ်ပြီးနောက် လိမ္မာသယောင် ဆောင်လိုက်သည်။ ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်သွားရာ ဝမ်ကျိယန်မှာ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်လေးပင် နိမ့်ချည်မြင့်ချည် ဖြစ်ကျန်ရစ်လေသည်။
..................................................