← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 15 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 15 Ch. 159-160

အခန်း ၁၅၉ - ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ခြင်း

​နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိလာသည်။

မိသားစုအားလုံး ထမင်းစားပွဲတစ်ခုတည်းတွင် စုံစုံလင်လင်ဖြင့် နံနက်စာ သုံးဆောင်နေကြသည်။

​သမီးကြီး ချန်ယုကျန်းက ဖခင်ဖြစ်သူ၏ ဘေးတွင် ထိုင်ကာ ချွဲနွဲ့လိုက်သည်။

— "ဖေဖေ... သမီးကို ဆန်ပြုတ်လေး ခွံ့ကျွေးပါလားဟင်"

​သူမသည် မိခင်ဖြစ်သူ၏ နုနယ်ပျော့ပျောင်းသော စရိုက်ကို အပြည့်အဝ ဆက်ခံထားသည်။

စကားပြောလျှင် အသံကို နှိမ့်ကာ ဆွဲပြောတတ်သဖြင့် သူမ၏ အသံမှာ အလွန်ချိုသာပြီး နားဝင်ချိုလှသည်။ ချန်အန်မှာ သမီးကို အလိုလိုက်သော ဖခင်တစ်ဦးဖြစ်ရာ ဘာမှစဉ်းစားမနေဘဲ ပြုံး၍ သဘောတူလိုက်သည်။

"ကောင်းပါပြီဗျာ... ဖေဖေ ခွံ့ကျွေးပါ့မယ်"

​"ဖေဖေက အကောင်းဆုံးပဲ"

ချန်ယွဲ့ကျန်းက ဝမ်းသာအားရဖြင့် သူမရှေ့ရှိ ဆန်ပြုတ်ပန်းကန်ကို ဖခင်ဖြစ်သူထံ တွန်းပေးကာ ဇွန်းဖြင့် တစ်ဇွန်းချင်း ခွံ့ကျွေးခိုင်းတော့သည်။

ချန်အန်ကလည်း စိတ်ရှည်လက်ရှည် ခွံ့ကျွေးနေမိသည်။ ဤသည်မှာ သားသမီးနှင့် မိဘကြား သံယောဇဉ်ကို ပိုမိုခိုင်မြဲစေသည် မဟုတ်ပါလား။

​[သင်သည် သမီးဖြစ်သူ ချန်ယွဲ့ကျန်းကို စိတ်ရှည်စွာ ဆန်ပြုတ်ခွံ့ကျွေးခဲ့သည်။ ဖခင်နှင့်သမီးကြား ဆက်ဆံရေး +၁]

​ဘေးနားမှ ဆောင်ဟွာရင်းမှာမူ အနည်းငယ် မနာလိုဖြစ်သွားကာ သမီးဖြစ်သူကို ဆူပူလိုက်သည်။

"နင်က ဘယ်လောက်ရှိပြီလဲ။ အခုထိ ဖေဖေ ခွံ့ကျွေးတာကို စောင့်နေတုန်းလား"

"ညီမလေး ရီခဲ့ကို ကြည့်စမ်း... အရမ်းသိတတ်တာ။ နို့ဖြတ်ပြီးကတည်းက စားသောက်တဲ့ကိစ္စမှာ ဘယ်သူ့ကိုမှ စိတ်မပူစေရဘူး"

​ဆန့်ကျင်ဘက်တွင် အငမ်းမရ စားသောက်နေသော ချန်ရီခဲ့မှာ တစ်စုံတစ်ယောက်က သူမနာမည် ခေါ်လိုက်သလို ခံစားရသဖြင့် အူကြောင်ကြောင်လေး ခေါင်းမော့ကြည့်လာသည်။

မည်သူမျှ သူမကို ဂရုမစိုက်သည်ကို မြင်သောအခါ ခေါင်းပြန်ငုံ့ကာ အစားအသောက်များကို ဆက်လက် လက်စသတ်နေတော့သည်။

​ချန်ယုကျန်းက ညီမဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး မိခင်ဖြစ်သူကို မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြလိုက်သည် ။

— "မေမေက ဖေဖေ ခွံ့ကျွေးတာ ခံရလို့ မနာလိုဖြစ်နေတာလား"

​"ဒီကလေးမလေးကတော့"

ဆောင်ဟွာရင်းမှာ ဒေါသထွက်သွားသော်လည်း ချန်ယုကျန်းက သူမကို စိတ်မဆိုးစေချင်သဖြင့် ချက်ချင်း ပြန်ချွဲလိုက်သည်။

"ဒါဆိုရင် မေမေ ခွံ့ကျွေးပါလား။ မေမေ ခွံ့ကျွေးတာကို သမီးက ပိုကြိုက်တာ။ အဲဒီအတွက် အစားပြန်ပေးတဲ့အနေနဲ့ ညဘက် ရေချိုးရင် မေမေ့ကျောကို သမီး ဂျီးတွန်းပေးမယ်လေ"

​"အပြောလေးကတော့ ကောင်းလိုက်တာ"

ဆောင်ဟွာရင်းက သမီးဖြစ်သူကို မျက်စောင်းထိုးလိုက်သော်လည်း စိတ်ထဲတွင်တော့ ကျေနပ်နေသည်။

— "မေမေ ခွံ့ကျွေးတာ ခံချင်ရင်လည်း ဒီလောက်အဝေးမှာ ထိုင်မနေနဲ့လေ။ မြန်မြန်လာထိုင်"

​"မေမေက အကောင်းဆုံးပဲ"

ချန်ယုကျန်းက ပန်းကန်ကို သူမမိခင်ဘေးသို့ ရွှေ့ကာ ပျော်ရွှင်စွာ ထိုင်လိုက်တော့သည်။ ချန်အန်ကတော့ ဘေးမှကြည့်ကာ မတတ်သာဘဲ ပြုံးနေမိသည်။ ချန်ယုကျန်း ကြီးလာလျှင် မိခင်နှင့် သမီး နေ့တိုင်း ရန်ဖြစ်နေမည့် မြင်ကွင်းကို သူ ကြိုမြင်နေရသည်။

​နံနက်စာ စားပြီးနောက်...

ပန်းကန်များ သိမ်းဆည်းပြီးသောအခါ ဆုဟွာရင်းက ချန်အန်ကို အလင်းရောင်ကောင်းသော ဂူတစ်ခုသို့ ခေါ်ဆောင်သွားပြီး ဝိညာဉ်ပင်များ စိုက်ပျိုးနည်းကို သင်ပေးရန် တောင်းဆိုသည်။

ချန်အန်သည် မိမိကိုယ်မိမိ အားလုံးသိသော ခင်ပွန်းတစ်ဦးအဖြစ် ဟန်မဆောင်ဘဲ ရိုးသားစွာ ပြောလိုက်သည်။

"ရင်းအာ... ကိုယ်လည်း ဝိညာဉ်ပင်စိုက်တဲ့ အတတ်ပညာကို မင်းလိုပဲ ဘာမှမသိဘူး။ မင်းကို မသင်ပေးနိုင်ဘူး"

​"ယောက်ျားရဲ့ ဉာဏ်ရည်က ကျမထက် ပိုကောင်းတာပဲ။ ဒါကြောင့် ယောက်ျားက ကျမနဲ့အတူတူ လေ့လာရအောင်လေ။ ပြီးမှ ကမ နားမလည်တာရှိရင် ယောက်ျားကို ပြန်မေးမယ်"

ဆောင်ဟွာရင်းက မျက်ဝန်းလေးများ ဝိုင်းသွားအောင် အသနားခံလိုက်သည်။ သူမ၏ ရည်ရွယ်ချက်မှာ ခင်ပွန်းဖြစ်သူနှင့် နေ့တိုင်း အချိန်ပိုကုန်ဆုံးချင်ပြီး ဝါသနာတူအချက်များကို ဖန်တီးချင်ခြင်းသာ ဖြစ်သည်။

​ချန်အန်က ဇနီးသည်၏ စိတ်ဆန္ဒကို နားလည်သဖြင့် အလိုလိုက်ကာ သဘောတူလိုက်သည်။

— "ကောင်းပါပြီ... ဒါဆိုရင် နောင်ကို မနက်တိုင်း မင်းနဲ့အတူ ဝိညာဉ်ပင် စိုက်ပျိုးနည်းကို လေ့လာကြတာပေါ့"

​"ယောက်ျားက ကျမအပေါ် သိပ်ကောင်းတာပဲ!"

ဆုဟွာရင်းက ချစ်ခင်စွာဖြင့် "ယောက်ျားကို ပိုပိုပြီး ချစ်လာပြီ။ တစ်ရက်လေး မတွေ့ရရင်တောင် စိတ်ထဲမှာ နေလို့မကောင်းတော့ဘူး" ဟု ဆိုလိုက်သည်။

​ချန်အန်က ပြုံးလျက်.. "ဒါဆိုရင် ရင်းအာက စိတ်ထဲမှာ နေလို့မကောင်းတာလား၊ ဒါမှမဟုတ် ခန္ဓာကိုယ်က နေလို့မကောင်းတာလား" ဟု စလိုက်သည်။

​"ယောက်ျားရယ်... စိတ်ရော ကိုယ်ရော နေလို့မကောင်းတာပါ"

ဆောင်ဟွာရင်း၏ လှပသော မျက်နှာလေးမှာ နီမြန်းသွားပြီး ချန်အန်၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။ သူမသည် ခြေဖျားလေး ထောက်ကာ ချန်အန်၏ နားနားသို့ ကပ်လျက်..

"ဒါပေမဲ့ အခုက ပိုပြီး နေလို့မကောင်းသလိုပဲ။ ယောက်ျားက ကျမကို နေလို့ကောင်းအောင် လုပ်ပေးနိုင်မလား"

​ချန်အန်၏ နှလုံးသားမှာ သူမ၏ ဆွဲဆောင်မှုကြောင့် ပူလောင်လာရသည်။ သူတို့ လက်ထပ်ခဲ့သည်မှာ လေးနှစ်နီးပါး ရှိပြီဖြစ်ရာ ဇနီးသည်၏ ငယ်ရွယ်နုပျိုမှုများမှာ ရင့်ကျက်သော အိမ်ထောင်ရှင်မတစ်ဦး၏ ဆွဲဆောင်မှုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

​"ယောက်ျား... မနမ်းနဲ့တော့။ ကျမ မခံနိုင်တော့ဘူး။ မြန်မြန် အခန်းထဲကို ချီသွားပေးပါတော့"

​တစ်နာရီခန့်အကြာတွင်...

[ဆေးဖော်စပ်မှု အတွေ့အကြုံ +၄၊ သစ်သားဝိညာဉ်မြစ် အရည်အချင်း +၄] x ၃

​"ယောက်ျား... ကျမ ယုကျန်းလေးရဲ့ လေ့ကျင့်မှုကို သွားကြည့်လိုက်ဦးမယ်နော်"

ဆောင်ဟွာရင်းက သူမ၏ အဝတ်အစားများကို ပြန်လည်ပြင်ဆင်ပြီး ချန်အန်၏ ပါးကို ခပ်ဖွဖွလေး နမ်းကာ အရှေ့ဘက်အခန်းဆီသို့ ထွက်ခွာသွားသည်။

​ချန်အန်က မျက်နှာပေါ်မှ နှုတ်ခမ်းနီရာကို သုတ်လိုက်ပြီး အခြားတစ်ဖက်ရှိ အခန်းဆီသို့ လျှောက်သွားသည်။ ဤကာလအတွင်း သူသည် အူကြောင်ကြောင် သမီးငယ်လေးကို ကိုယ်ခံပညာနှင့် ကိုယ်လက်လှုပ်ရှားမှု အတတ်ပညာများကို နေ့စဉ် သင်ကြားပေးနေရသည်။ သူမ၏ ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ အလဟဿ မဖြစ်စေရန် ဖြစ်သည်။

​ဘုန်း... ဘုန်း... ဘုန်း!

အခန်းတံခါးဝသို့ ရောက်သည်နှင့် အတွင်းမှ ထွက်ပေါ်လာသော လက်သီးထိုးသံများကို ကြားလိုက်ရသည်။ ကြည့်နေစရာပင် မလိုဘဲ သမီးငယ်လေး လက်သီးကျင့်နေမှန်း သိသာလှသည်။ ချန်အန်မှာ ကျေနပ်စွာ နားထောင်နေမိသည်။ သမီးငယ်လေးမှာ အူကြောင်ကြောင်လေးဟု ထင်ရသော်လည်း သူမ၏ စိတ်ဓာတ်မှာ အလွန်ခိုင်မာပြီး မိဘများကို စိတ်မပူစေချင်သည့် စိတ်ဓာတ်ရှိသည်။

​ကျွီ —

ချန်အန် တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။

ကုတင်ပေါ်တွင် ဝမ်ကျိယန်က မျက်လုံးမှိတ်ကာ ကျင့်ကြံနေပြီး သူမ၏ဘေးတွင် သမီးဖြစ်သူ ချန်ယီခဲ့က ဂူနံရံကို လက်သီးဖြင့် အားရပါးရ ထိုးနှက်နေသည်ကို တွေ့လိုက်ရသည်။

​"ယောက်ျား..."

ချန်အန် ဝင်လာသည်ကို မြင်သောအခါ ဝမ်ကျိယန်က သူမ၏ လှပသော မျက်ဝန်းများကို ဖွင့်ကာ ညင်သာစွာ ခေါ်လိုက်လေသည်။

.........................................................

အခန်း ၁၆၀ - 'ရည်ရွယ်ချက်ရှိရှိ ထိုးနှက်ခြင်း' (၂)

​အခြားတစ်ဖက်တွင်မူ ချန်ရီခဲ့လေးမှာ သူမ၏ဖခင်ကို လုံးဝဂရုမစိုက်ဘဲ ဂူနံရံကိုသာ ဆက်တိုက် လက်သီးဖြင့် ထိုးနှက်နေဆဲဖြစ်သည်။

​"တို့ရဲ့ ရီခဲ့လေးက တကယ်ကို ကြိုးစားတာပဲ။ ကြည့်ရတာ မင်းရဲ့ လောကီစည်းစိမ်ကို စွန့်လွှတ်တဲ့ ကျင့်ကြံသူ စရိုက်ကို အမွေရထားတာ ထင်တယ်"

ချန်အန်သည် ကုတင်ပေါ်သို့ လျှောက်သွားကာ ထိုင်လိုက်ပြီး ဝမ်ကျိယန်၏ သွယ်လျသော ခါးလေးကို သဘာဝကျကျပင် လှမ်းဖက်လိုက်သည်။

ရှေ့တွင် အားသွန်ခွန်စိုက် လေ့ကျင့်နေသော သမီးဖြစ်သူကို ကြည့်ရင်း ကျေနပ်အားရသော လေသံဖြင့် ဆိုလိုက်သည်။

​ထိုစကားကို ကြားသောအခါ ဝမ်ကျိယွန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး.

"ယောက်ျားရယ်... ရီခဲ့လေးရဲ့ စရိုက်က အရမ်းကို ရိုးလွန်းနေသလိုပဲ။ ကြီးလာရင် တစ်ဖက်လူရဲ့ အမြတ်ထုတ်တာ ခံရမှာကို ကျမ စိုးရိမ်မိတယ်"

​"ရပါတယ်... သူက ငယ်သေးတာပဲ။ နောင်ကျရင် စကားပြောတတ်လာတဲ့အခါ ကိုယ်တို့ ဖြည်းဖြည်းချင်း သင်ပေးကြတာပေါ့"

ချန်အန်က ညင်သာစွာ ချော့မော့လိုက်သည်။ ဝမ်ကျိယန်၏ ခါးပေါ်ရှိ သူ၏လက်မှာ ငြိမ်သက်မနေသဖြင့် ဝမ်ကျိယန်၏ မျက်နှာလေးမှာ ပန်းရောင်သန်းလာပြီး နုနယ်သော ခန္ဓာကိုယ်လေးမှာ ပူနွေးလာရသည်။

​ဝမ်ကျိယန်မှာ ဆက်လက်သည်းမခံနိုင်တော့ဘဲ ချန်အန်၏ ခါးကို အားဖြင့် ဆွဲလိမ်လိုက်ကာ ဆူပူလိုက်သည်။

"သမီးက တစ်ခန်းတည်းမှာ ရှိနေတာကို.. ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းဦးလေ"

​"ကောင်းပါပြီ... ကောင်းပါပြီ... ကိုယ် လိမ္မာပါ့မယ်"

ချန်အန်သည် သူ၏ မာနခဲမယားငယ်လေးကို ဆက်မစတော့ချေ။ သူမကို အလေးအနက်ထား၍ တစ်ချက်နမ်းပြီးနောက် အမြန်ထရပ်ကာ သမီးဖြစ်သူ၏ ဘေးသို့သွား၍ သူမ၏ လက်သီးထိုးပုံ အနေအထားကို စောင့်ကြည့်လေသည်။

​ခေတ္တမျှ ကြည့်ရှုပြီးနောက် သူသည် သမီးဖြစ်သူနှင့် အရပ်ချင်း တန်းတူဖြစ်အောင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး နူးညံ့စွာ ပြောလိုက်သည်။

"ရီခဲ့လေး... သမီးရဲ့ လက်သီးက အရမ်းမြင့်နေတယ်။ အဲဒါကြောင့် ခွန်အားအပြည့် မပါတာပေါ့။ လက်သီးက သမီးရဲ့ ပုခုံးနဲ့ တစ်တန်းတည်း ရှိနေရမယ်လေ"

​"အင်း"

ချန်ရီခေါ့က အူကြောင်ကြောင်လေး ခေါင်းညိတ်ပြသည်။

​ထို့နောက် ဖခင်ဖြစ်သူ သင်ကြားပေးသည့်အတိုင်း သူမ၏ လက်သီးအနေအထားကို ပြင်လိုက်ပြီး ဂူနံရံကို အားရပါးရ ထိုးနှက်လိုက်သည်။ ထင်သည့်အတိုင်းပင် လက်သီးအနေအထားကို ပြင်လိုက်ပြီးနောက် လက်သီးချက်၏ ခွန်အားမှာ သိသိသာသာ တိုးလာတော့သည်။ ဂူနံရံပေါ်ရှိ လက်သီးရာမှာ အနည်းဆုံး သုည ဒသမ ၅ စင်တီမီတာခန့် နက်သွားလေသည်။

​လက်သီးကျင်းလေး နက်သွားသည်ကို မြင်သောအခါ ချန်ရီခဲ့၏ မျက်နှာလေးပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာတော့သည်။

​[သင်သည် သမီးဖြစ်သူ ချန်ရီခဲ့အား လက်သီးအနေအထား ပြင်ပေးခဲ့ပြီး သူမ၏ ခွန်အားကို ၃၀% ပိုမိုအားကောင်းစေခဲ့သည်။ သူမသည် ထိုအချက်ကြောင့် အလွန်ပျော်ရွှင်နေသည်။ ဖခင်နှင့်သမီးကြား ဆက်ဆံရေး +၁]

​ချန်အန်သည် အကြောင်းကြားချက်ကို တစ်ချက်ကြည့်လိုက်ပြီး ဘေးတွင် ပြုံးနေသော သမီးငယ်လေးကို ကြည့်ကာ အလွန်ကျေနပ်သွားသည်။ သမီးမရခင်က သူ နေ့တိုင်း မျှော်လင့်မိသည်မှာ ဇနီးသည်များနှင့် ပျော်ပါးရန်သာ ဖြစ်သော်လည်း သမီးရလာသည့်အခါတွင်မူ သမီးလေးအနားမှာ နေထိုင်ကာ ချော့မြူပေးခြင်းနှင့် ပညာသင်ပေးခြင်းတို့ကို ပို၍ မျှော်လင့်မိလာသည်။

ဤသည်မှာ အမျိုးသားအများစု နှစ်သက်ကြသည့် 'အောင်မြင်မှု ခံစားချက်ပင် ဖြစ်နိုင်ပါသည်။

​"ကျိယန်... ကြည့်စမ်း၊ မင်းသမီးလေးက ကျင့်ကြံခြင်းကနေ အောင်မြင်မှု ခံစားချက်ကို ဘယ်လောက်တောင် ရယူချင်နေလဲဆိုတာ။ မင်းရဲ့ ထူးချွန်တဲ့ ကျင့်ကြံသူ အရည်အချင်းတွေကို သူ အပြည့်အဝ ဆက်ခံထားတာပဲ။ သူ့ရဲ့ အနာဂတ်ကတော့ တကယ်ကို အားကိုးရမှာပဲ"

ချန်အန်က ကုတင်ပေါ်ရှိ ဝမ်ကျိယွန်းကို ကြည့်ကာ ပြုံးလိုက်သည်။

​ဝမ်ကျိယန်သည် ထိုစကားကို ကြားသောအခါ ဂုဏ်ယူဝင့်ကြွားစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

— "ဒါပေါ့... တော်သေးတာပေါ့၊ သူမကရှင့်ရဲ့ ဒီလိုအကျင့်ပျက်တဲ့ စရိုက်ကို အမွေမရခဲ့လို့။ မဟုတ်ရင်တော့ တို့ရဲ့ သမီးလေးက အသုံးမကျတဲ့သူ ဖြစ်သွားမှာပဲ"

​ချန်အန်မှာ ထိုစကားကြောင့် မကျေမနပ် ဖြစ်သွားကာ —

"မင်း ပြောတာက နည်းနည်းတော့ မတရားဘူးနော်။ ကိုယ်က မင်းကို ကြိုးစားတဲ့သူလို့ ချီးကျူးတာကို၊ မင်းက ကိုယ့်ကိုကျတော့ အကျင့်ပျက်သူလို့ ပြောရလား"

​"ကျမက အမှန်အတိုင်း ပြောတာပဲလေ"

ဝမ်ကျိယန်က အကျိုးအကြောင်းနှင့် ပြန်ပြောသည်။

"အတိတ်က အကြောင်းတွေကို ထားလိုက်ဦး။ ခုနကတင် သမီးက ဘေးမှာ ရှိနေတာတောင် ရှင်က ကျမကို လိုက်ကိုင်နေသေးတာပဲ။ လူကောင်းဆိုရင် ဒီလိုလုပ်ပါ့မလား"

​ချန်အန်က ဂရုမစိုက်ဟန်ဖြင့် — "လူကောင်းတွေ ဘယ်လိုနေလဲတော့ ကိုယ်မသိဘူး၊ ဒါပေမဲ့ သာမန်လူတွေကတော့ ဒီလိုပဲ နေကြမှာပဲ။ ယောက်ျားဖြစ်ပြီး ကိုယ့်ရဲ့ဇနီးအိုကြီးကို မထိရဘူးဆိုတာကမှ ပုံမှန်မဟုတ်တာ"

​"'ဇနီးအို ဟုတ်လား" ဝမ်ကျိယန်၏ အမူအရာမှာ ထိုစကားလုံးကြောင့် ချက်ချင်း ပြောင်းလဲသွားသည်။

သူမက ချန်အန်ကို ဒေါသတကြီး မေးလိုက်သည်။

"ချန်အန်... ရှင်ဘာကို ဆိုလိုတာလဲ။ မမက အရမ်းအိုနေပြီလို့ ပြောတာလား"

​ချန်အန် အလျင်အမြန် ရှင်းပြလိုက်ရသည်။

"မလွဲလိုက်ပါနဲ့ဦး။ 'ဇနီးအိုဆိုတာ ကိုယ့်ဇာတိက ဇနီးသည်တွေကို ခေါ်တဲ့ ချစ်စနိုး နာမည်ပါ။ မင်းကလည်း ကိုယ့်ကို 'လူကြီးမင်း' လို့ ပြန်ခေါ်လို့ ရတာပဲ။ ဒါက အသက်ကြီးလို့ ခေါ်တာ မဟုတ်ပါဘူး"

​"ဟွန့်"

ဝမ်ကျိယွန်းက နှာခေါင်းရှုံ့လိုက်သည်။ သူမက မယုံကြည်သကဲ့သို့ပင်

— "ရှငိက ရင်းအာတို့ ယွဲ့အာတို့ထက် ကျမက ပိုနိမ့်ကျတယ်လို့ ထင်နေတာမလား။ ကျမကို အိုနေပြီလို့ ထင်နေတာ မဟုတ်လား။ ကိုယ်ထင်တာကို ကိုယ်ဝန်ခံစမ်းပါ။ ဝန်တောင် မခံရဲဘူး၊ လုံးဝ တာဝန်ယူလိုစိတ် မရှိတဲ့ လူပဲ"

​ထိုသို့ပြောရင်း သူမသည် တင်ပလ္လင်ခွေ ထိုင်ရာမှ ဒူးနှစ်ဖက် စုထိုင်လိုက်သည်။ သူမ၏ ပွပွယောင်းယောင်း ဝတ်စုံမှတစ်ဆင့် သွယ်လျဖြောင့်စင်းသော ခြေသလုံးလေးများနှင့် ဖြူဖွေးအိစက်သော ပေါင်သားလေးများ ပေါ်ထွက်လာရာ ချန်အန်မှာ မျက်စိကျိမ်းသွားရသည်။

​ချန်အန်၏ စိတ်မှာ ဝမ်ကျိယန်၏ လှပသော ခန္ဓာကိုယ်အလှတွင် ချက်ချင်း နစ်မျောသွားသည်။ သူ၏ အကြည့်မှာ ခြေသလုံးမှ ပေါင်သားများဆီသို့၊ ထိုမှတစ်ဆင့် သူမ၏ ဝတ်စုံအတွင်းသားများဆီသို့ ရောက်သွားရာ သူ၏ ဝမ်းဗိုက်အောက်ပိုင်းမှာ ပူလောင်လာတော့သည်။

​သူ တံတွေးတစ်ချက် မျိုချလိုက်ပြီး

"မင်း ကိုယ့်ကို တမင် သွေးဆောင်နေတာလို့ ကိုယ် အလေးအနက် သံသယဖြစ်မိတယ်"

​ဝမ်ကျိယန်က မျက်ခုံးလေး ပင့်လိုက်သည်။ သူ၏ ပူလောင်သော အကြည့်များကို ခံစားမိသောအခါ သူမက တံတွေးတစ်ချက် ထွေးလိုက်သည်။

"ဟွန်း... အရှက်မရှိတဲ့လူ။ ရှင့်လိုပဲ ခေါင်းထဲမှာ အဲဒီလိုအတွေးတွေပဲ ပြည့်နေတဲ့ ကာမရူးလို့ ထင်နေတာလား"

​"ကဲ့ရဲ့ချင်သလောက် ကဲ့ရဲ့ပါ။ တစ်နေ့ကျလို့ ကိုယ်က မင်းရဲ့ ခန္ဓာကိုယ်အလှကို မမက်မောတော့တဲ့အခါကျမှ ငိုမနေနဲ့ဦး"

​"ရှငိဘယ်လိုပြောလိုက်တယ်" ဝမ်ကျိယန်က မျက်ခုံးပင့်လိုက်သည်။

​သို့သော် စကားပြောပြီးသည်နှင့် သူမက ပြန်လည် နူးညံ့သွားပြီး — "ဒီညကျမှ ယောက်ျားကို အလိုလိုက်ပါ့မယ်။ အခုတော့ ကျမ ကျင့်ကြံရဦးမယ်၊ သမီးကိုလည်း ကြည့်ပေးရဦးမယ်လေ"

​"ကောင်းပြီလေ... ဒါဆိုရင် ဒီညမတိုင်ခင်အထိ ကိုယ် ဟိုသုံးယောက်ဆီ မသွားတော့ဘူး။ ဒီည မင်းကို ကိုင်တွယ်ဖို့ ခွန်အားတွေ ချန်ထားလိုက်မယ်" ချန်အန်က ပြုံး၍ ပြောလိုက်သည်။

​ဝမ်ကျိယန်က သူ့ကို ဆွဲဆောင်မှုရှိစွာ မျက်စောင်းထိုးလိုက်ပြီး

"ကြည့်ပါဦး... ရှင့်ပုံစံကို" ပြောလိုက်သည်။

​"ကိုယ့်ကို အပြစ်တင်ဖို့ မလောပါနဲ့ဦး။ ဒီညကျရင် မင်းကို ကိုယ့်ထက်တောင် အကျင့်ပျက်သွားအောင် လုပ်ပေးမယ်"

​"သွားတော့"

​"သွားပြီ... သွားပြီ... အခုပဲ သွားတော့မယ်။ ဒီညကျရင် မင်းနဲ့အတူကုတင်ပေါ်မှာ ဘယ်လို ပျောက်ကွယ်သွားရမလဲဆိုတာ ကြိုပြီး လေ့ကျင့်ထားလိုက်ဦးမယ်"

​ချန်အန်သည် အမြတ်ထုတ်ပြီးနောက် လိမ္မာသယောင် ဆောင်လိုက်သည်။ ထိုသို့ပြောပြီးနောက် သူသည် လှည့်ထွက်သွားရာ ဝမ်ကျိယန်မှာ ဒေါသထွက်လွန်းသဖြင့် ရင်ဘတ်လေးပင် နိမ့်ချည်မြင့်ချည် ဖြစ်ကျန်ရစ်လေသည်။

..................................................

All Chapters