အခန်း (၁၅၇-၁၅၈)
Vol. 15 Ch. 157-158
အခန်း ၁၅၇ - ကောင်းကင်နှင့်မြေကမ္ဘာဂိုဏ်းသို့ ဝင်ခွင့်လျှောက်ထားခြင်း ၂
"ကျွန်တော့်ရဲ့ လက်ရှိကျင့်စဉ်ကတော့ အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့် ၈ မှာ ရှိပါတယ်။ ဆေးပညာဘက်မှာတော့ အဆင့် ၃ အစောပိုင်း ဆေးဆရာတစ်ယောက်ပါ၊ အဆင့် ၃ အလယ်အလတ်အဆင့်ကို ရောက်ဖို့ သိပ်မလိုတော့ပါဘူး"
ချန်အန်သည် အနည်းငယ် သတိကြီးစွာထားပြီး သူ၏ အချက်အလက်အားလုံးကို ထုတ်မပြောခဲ့ချေ။ ကျင့်စဉ်အဆင့်ကိုလည်း အဆင့် ၈ ဟုသာ လျှော့ပြောလိုက်သည်။ သူ၏ အဆင့် ၃ ဆေးဆရာ ဂုဏ်ပုဒ်နှင့်တင် ဂိုဏ်းသို့ ဝင်ခွင့်ရရန် လုံလောက်လိမ့်မည်ဟု သူ တွေးထားသည်။
အခြေအနေက ထိုသို့ဖြစ်ပါက သူ၏ ကျင့်စဉ်အမှန်ကို ဖုံးကွယ်ထားပြီး လျှို့ဝှက်ချက်အချို့ သိမ်းထားခြင်းက ပိုကောင်းပေလိမ့်မည်။ လူဆိုသည်မှာ ဝှက်ဖဲတစ်ခုတော့ ရှိရမည် မဟုတ်ပါလား။ သူသည် နိမ့်နိမ့်ပါးပါးသာ နေထိုင်လိုသည်။
ဂိတ်စောင့်တပည့်သည် ချန်အန်က အဆင့် ၃ ဆေးဆရာဖြစ်ပြီး အဆင့် ၃ အလယ်အလတ်သို့ ရောက်လုနီးပါး ဖြစ်ကြောင်း ကြားလိုက်ရသောအခါ သူ့ကို ကြည့်သည့် အမြင်မှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ခုနက ဖုံးကွယ်ထားသော မောက်မာမှုများ ပျောက်ကွယ်သွားပြီး ရိုသေလေးစားမှုများဖြင့် အစားထိုးလာသည်။
အဆင့် ၃ ဆေးဆရာ..
ဒါက ရွှေအမြုတေ ကျင့်ကြံသူထက်တောင် ပိုပြီး ရှားပါးတဲ့ ပါရမီရှင်ပဲ..
သူသာ ဂိုဏ်းထဲဝင်သွားရင် အနည်းဆုံးတော့ 'တာဝန်ခံ'တစ်ယောက် ဖြစ်လာမှာ သေချာတယ်။
ထို့ကြောင့် ဂိတ်စောင့်တပည့်လေးမှာ ချန်အန်ကို ရိုရိုသေသေ ဆက်ဆံရုံသာမက မျက်နှာသာရရန်ပင် ကြိုးစားတော့သည်။
"ဆေးဆရာချန်... ဒီဘက်ကို ကြွပါ။ ဂိုဏ်းရဲ့ အပြင်ဘက် ဂိတ်ဝကို တာဝန်ယူထားတဲ့ တာဝန်ခံထျန်းဆီကို ကျွန်တော် လိုက်ပို့ပေးပါ့မယ်"
စကားပြောရင်း ထိုတပည့်က ချန်အန်ကို ဖိတ်ခေါ်သည့် အမူအရာ လုပ်ပြလိုက်သည်။ ချန်အန်ကလည်း "ကျေးဇူးတင်ပါတယ် မိတ်ဆွေ" ဟု ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။
လမ်းခရီးတွင် စကားစမြည် ပြောကြည့်ရာ ထိုတပည့်၏ မျိုးရိုးအမည်မှာ 'ရွှီ' ဖြစ်ကြောင်း သိလိုက်ရသည်။
မကြာမီ သူတို့နှစ်ဦးသည် ဂူဗိမာန်တစ်ခုရှေ့တွင် ရပ်လိုက်ကြသည်။ ချန်အန်အတွက်တော့ ဂူဗိမာန်တစ်ခုကို ပထမဆုံး မြင်ဖူးခြင်းပင် ဖြစ်သည်။ ဂူအပြင်ဘက်တွင် ရပ်နေရုံနှင့်ပင် အတွင်းမှ ထွက်ပေါ်လာသော ထူထဲသည့် ဝိညာဉ်စွမ်းအင်များကို သိသိသာသာ ခံစားနေရသည်။ စွမ်းအင်သိပ်သည်းဆမှာ တောအုပ်နီရှိ 'ဆေးပင်တစ်ရာလမ်းကြား' ထက် အနည်းဆုံး နှစ်ဆခန့် ပိုများနေသည်။
'ဒါက ဒဏ္ဍာရီထဲက ကောင်းချီးပေးခံရတဲ့ နယ်မြေလား..'
ချန်အန်သည် ရိုးရှင်းလှသော ဂူဗိမာန်ကို ကြည့်ရင်း စိတ်ထဲတွင် တောင့်တမှုများ ဖြစ်ပေါ်လာသည်။ ရိုးရှင်းသော်လည်း ဝိညာဉ်စွမ်းအင် ကြွယ်ဝလှသည်။ ကျင့်ကြံသူတိုင်း၏ ဘဝရည်မှန်းချက်မှာ ဤကဲ့သို့သော နေရာမျိုးတွင် ကျင့်ကြံခွင့်ရရန်ပင် ဖြစ်သည်။
"ဆေးဆရာချန်... ခဏလောက် အပြင်မှာ စောင့်ပေးပါ။ ကျွန်တော် အထဲဝင်ပြီး တာဝန်ခံထျန်းကို အကြောင်းကြားလိုက်ပါ့မယ်"
မျိုးရိုးအမည်ရွှီနှင့် တပည့်မှာ ဂူထဲသို့ အမြန်ဝင်သွားသည်။ မကြာမီမှာပင် ဆံပင်ဖြူနှင့် အမျိုးသား ကျင့်ကြံသူတစ်ဦး ထွက်လာပြီး တပည့်ဖြစ်သူက နောက်မှ ရိုသေစွာ လိုက်ပါလာသည်။
"ဆေးဆရာချန်... မင်္ဂလာပါ။ ကျွန်တော်က ဂိုဏ်းရဲ့ အပြင်ဘက်ဂိတ်ကို စီမံခန့်ခွဲတဲ့ တာဝန်ခံထျန်းပါ"
တာဝန်ခံထျန်းက ပြုံး၍ မိတ်ဆက်လိုက်သည်။ ချန်အန်ကလည်း ပြန်လည် နှုတ်ဆက်လိုက်သည်။
တာဝန်ခံထျန်းသည် အချိန်ဆွဲမနေဘဲ တည့်တည့်ပင် မေးလိုက်သည်။
"ဆေးဆရာချန်က အဆင့် ၃ အလယ်အလတ်အဆင့်ကို ရောက်လုနီးပါး ဖြစ်နေပြီလို့ ရွှီလေးဆီက ကြားတယ်။ ကျွန်တော်တို့ ကောင်းကင်နှင့်မြေကမ္ဘာဂိုဏ်းကို ဝင်ဖို့ ရည်ရွယ်ချက် ရှိတာလား"
"ဟုတ်ပါတယ်"
ချန်အန် ခေါင်းညိတ်ပြလိုက်သည်။
ထိုအခါ တာဝန်ခံထျန်းက အထူးပြုလုပ်ထားသော ဝိညာဉ်စက္ကူတစ်ရွက်ကို ကမ်းပေးလိုက်ပြီး ..
"ဒါက ကျွန်တော်တို့ဂိုဏ်းရဲ့ လျှောက်လွှာပါ။ အချက်အလက်တွေကို မှန်မှန်ကန်ကန်နဲ့ ရိုးရိုးရှင်းရှင်းလေး ဖြည့်ပေးပါ"
ချန်အန် လျှောက်လွှာကို ကြည့်လိုက်သောအခါ အမည်၊ အသက်၊ ကျင့်စဉ်အဆင့်၊ ဆေးပညာအဆင့်နှင့် အခြား အချက်အလက်များကို ဖြည့်ရမည်ဖြစ်သည်။ သူ၏ အရင်ဘဝက ကုမ္ပဏီတစ်ခုတွင် အင်တာဗျူး သွားဖြေရသကဲ့သို့ ခံစားလိုက်ရသည်။
တပည့်ဖြစ်သူ ရွှီ ထွက်ခွာသွားပြီးနောက် ချန်အန်သည် အချက်အလက်များကို ဖြည့်စွက်ကာ တာဝန်ခံထျန်းထံ ပေးလိုက်သည်။ သူသည် အချက်အလက်များကို မလိမ်ဘဲ မှန်ကန်စွာ ဖြည့်စွက်ခဲ့သည်။ အထူးသဖြင့် ကျင့်စဉ်အဆင့်ကိုလည်း သူ ပြန်စဉ်းစားပြီး 'ရွှေရောင်အမြုတေ အဆင့် ၁' ဟု အမှန်အတိုင်း ရေးလိုက်သည်။
သူ ပြန်တွေးကြည့်သောအခါ အခြေခံအုတ်မြစ်အဆင့် ၈ ပဲဖြစ်ဖြစ်၊ ရွှေရောင်အမြုတေ အဆင့် ၁ ပဲဖြစ်ဖြစ်၊ ဤကဲ့သို့သော ဂိုဏ်းကြီးတွင် အားကြီးသော ပုဂ္ဂိုလ်များဟု မသတ်မှတ်နိုင်သဖြင့် ဖုံးကွယ်ထားလည်း ထူးခြားမည်မဟုတ်ဟု ယူဆလိုက်ခြင်း ဖြစ်သည်။
ထို့ပြင် သူ၏ ကျင့်စဉ်အမှန်ကို ဖုံးကွယ်ထားမှန်း သိသွားပါက ဂိုဏ်းထဲဝင်ရန် အခက်အခဲ ရှိသွားမည်ကိုလည်း စိုးရိမ်မိသည်။
တာဝန်ခံထျန်းသည် လျှောက်လွှာပေါ်ရှိ ကျင့်စဉ်အဆင့်မှာ မိမိနှင့် တန်းတူ 'ရွှေရောင်အမြုတေ အဆင့် ၁' ဖြစ်နေသည်ကို မြင်သောအခါ အံ့သြသွားသည်။ ထို့နောက် အသက်ကဏ္ဍတွင် 'အသက် ၄၀' ဟု ရေးထားသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများမှာ ကြေးခေါင်းလောင်းကြီးများကဲ့သို့ ပြူးကျယ်သွားပြီး မယုံကြည်နိုင်စွမ်း ဖြစ်သွားတော့သည်။
အသက် ၄၀ နဲ့ ရွှေရောင်အမြုတေ ကျင့်ကြံသူ..
အသက် ၄၀ နဲ့ အဆင့် ၃ အလယ်အလတ် ဆေးဆရာ..
ဒါ နောက်ပြောင်နေတာလား..
"ဆေးဆရာချန်... ခင်ဗျား အသက် ၄၀ လို့ ရေးထားတယ်။ မှားရေးမိတာ မဟုတ်ဘူးမလား"
"မမှားပါဘူး"
ချန်အန်က ဆက်ပြောလိုက်သည် — "တာဝန်ခံထျန်း... ခင်ဗျား မယုံရင် ဝိညာဉ်အာရုံကို သုံးပြီး ကျွန်တော့်ရဲ့ အရိုးသက်တမ်းကို စစ်ဆေးကြည့်နိုင်ပါတယ်"
တာဝန်ခံထျန်းက "ဒါဆိုရင် ခွင့်လွှတ်ပါ ဆေးဆရာချန်" ဟု ဆိုကာ သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကြက်၍ စစ်ဆေးလိုက်သည်။ သူ စစ်ဆေးကြည့်လိုက်သောအခါ အမှန်တကယ်ပင် အသက် ၄၀ သာ ရှိသေးကြောင်း တွေ့ရှိသွားသဖြင့် အသက်ရှူပင် မြန်လာတော့သည်။
ဒါက ဘယ်လိုကျင့်ကြံသူမျိုးလဲ..
ရန်သူဖြစ်တဲ့ 'ရွှမ်ဟွမ်ဂိုဏ်း' က လွှတ်လိုက်တဲ့ သူလျှိုများလား..
တာဝန်ခံထျန်း၏ ခေါင်းထဲတွင် အတွေးပေါင်းစုံ ဝင်ရောက်လာသည်။
သူသည် စိတ်ကို အနည်းငယ် တည်ငြိမ်အောင် ထားလိုက်ပြီး —
"ဆေးဆရာချန်... ခဏလောက် စောင့်ပေးပါ။ ကျွန်တော် ဒီကိစ္စကို အထက်ကို အရင် တင်ပြရပါမယ်"
ထိုသို့ပြောကာ သူသည် အသံလွှင့်မန္တန်စက္ကူ တစ်ခုကို ထုတ်ယူပြီး ဂိုဏ်းအတွင်းရှိ လူကြီးပိုင်းတစ်ဦးထံ အကြောင်းကြားရန် ဘေးသို့ ခေတ္တ ထွက်သွားသည်။
ဤမြင်ကွင်းကို ကြည့်ရင်း ချန်အန် စိတ်ထဲတွင် တစ်ခုခု မှားနေပြီဟု ခံစားလိုက်ရသည်။ သူသည် ဂိုဏ်းထဲသို့ ဝင်ရောက်ပြီး အေးအေးဆေးဆေး နေထိုင်လိုရုံသာ ဖြစ်ပြီး ပြဿနာအကြီးအကျယ် မဖြစ်လိုချေ။
လူမှာ နာမည်ကြီးလျှင် ဘေးများတတ်သကဲ့သို့ သူ၏ ပါရမီများမှာ အလွန်အမင်း ထင်ပေါ်သွားပါက မလိုအပ်သော ပြဿနာများ ရောက်လာမည်ကို သူ စိုးရိမ်နေမိတော့သည်။
......................................................
အခန်း ၁၅၈ - ကောင်းကင်နှင့်မြေကမ္ဘာဂိုဏ်းသို့ ဝင်ခွင့်လျှောက်ထားခြင်း (၃)
ထို့ကြောင့် သူသည် တာဝန်ခံထျန်းအပေါ် 'မေ့လျော့ခြင်းအတတ်'ကို ပြတ်သားစွာ အသုံးပြုလိုက်သည်။
သူ၏ ကျင့်စဉ်အဆင့်မှာ တာဝန်ခံထျန်းနှင့် တန်းတူဖြစ်နေသဖြင့် ထိုအတတ်မှာ ထိရောက်မှုရှိသည်။ တာဝန်ခံထျန်း၏ မှတ်ဉာဏ်အချို့ကို ခေတ္တဖျက်ဆီးပြီးနောက်... ချန်အန်သည် ခုနက သူရေးထားသော ဝိညာဉ်စက္ကူကို သိုလှောင်အိတ်ထဲ ပြန်ထည့်လိုက်သည်။
သက်ဆိုင်ရာ မှတ်ဉာဏ်များ ပျောက်ဆုံးသွားသော တာဝန်ခံထျန်းမှာမူ မည်သည့်အမှားအယွင်းကိုမျှ သတိမထားမိချေ။ မကြာမီ သူသည် ဝိညာဉ်စက္ကူအသစ်တစ်ရွက် ထုတ်ပေးကာ ချန်အန်ကို ကိုယ်ရေးအချက်အလက်များ ပြန်ဖြည့်ခိုင်းပြန်သည်။
ဤတစ်ကြိမ်တွင်မူ ချန်အန်က ပိုမိုထိန်းသိမ်းကာ ဖြည့်စွက်လိုက်သည်။ အချက်အလက်မှန်သည် မမှန်သည်ကို သူ ဂရုမစိုက်တော့ချေ။ အဆိုးဆုံးမှာ ဂိုဏ်းထဲမဝင်ရရုံသာ ရှိမည်။
သူ၏အသက်ကို နှစ် ၂၀၀ ကျော် ဟု ဖြည့်လိုက်သည်။ကျင့်စဉ်အဆင့်ကို အခြေခံအုတ်မြစ်တည်ဆောက်ခြင်း အဆင့် ၈ ဟု ပြောင်းလိုက်သည်။ ဆေးပညာအဆင့်ကိုမူ အဆင့် ၃ အစောပိုင်း ဟုသာ အမှန်အတိုင်း ဖြည့်စွက်ခဲ့သည်။
ဆေးပညာအဆင့်မှလွဲ၍ ကျန်အချက်အလက်များကို သူဖုံးကွယ်ထားလိုက်သည်။ တာဝန်ခံထျန်းသည် လျှောက်လွှာကို ကြည့်ကာ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"ဆေးဆရာချန်က တကယ်ကို ထူးချွန်တာပဲ။ အသက်နှစ်ရာကျော်လေးနဲ့ ဆေးပညာအဆင့် ၃ ကို ရောက်နေပြီ။ ကျင့်စဉ်ကလည်း မနိမ့်ဘူး၊ အခြေခံအုတ်မြစ် အဆင့် ၈ တောင် ရှိနေတာပဲ။ အနာဂတ်ကတော့ တကယ်ကို တောက်ပမှာပဲ"
"တာဝန်ခံထျန်းက မြှောက်ပင့်လွန်းနေပါပြီ" ဟု ချန်အန်က နှိမ့်ချစွာ ပြောလိုက်သည်။
တာဝန်ခံထျန်းက တဟားဟား ရယ်မောကာ —
"ဆေးဆရာချန်... နှိမ့်ချမနေပါနဲ့။ ဒီကိုယ်ရေးအချက်အလက်တွေနဲ့ဆိုရင် ကျွန်တော်တို့ဂိုဏ်းရဲ့ ဆေးပညာဆောင်ကို ဝင်ဖို့က လုံလောက်တာထက်တောင် ပိုပါသေးတယ်။ မကြာခင်မှာ ကျွန်တော်တို့ တစ်ဂိုဏ်းတည်းသားတွေ ဖြစ်လာတော့မယ်လို့ ယုံကြည်ပါတယ်"
"ဆေးဆရာချန်... ဒီလိုလုပ်ပါ၊ ဒီနေ့တော့ အရင်ပြန်လိုက်ဦး။ ခင်ဗျားရဲ့ အခြေအနေကို ဆေးပညာဆောင်ကို ကျွန်တော် တင်ပြပေးထားမယ်။ သတင်းထူးတာနဲ့ ဒီအသံလွှင့်မန္တန်ကနေတစ်ဆင့် အကြောင်းကြားလိုက်ပါ့မယ်"
တာဝန်ခံထျန်းက အသံလွှင့်မန္တန်စက္ကူတစ်ခုကို ချန်အန်အား ပေးလိုက်သည်။ ချန်အန်က ၎င်းကို လက်ခံယူကာ တာဝန်ခံထျန်း၏ လက်ထဲသို့ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အနည်းငယ်ကို ထည့်ပေးလိုက်ပြီး "ကျေးဇူးတင်ပါတယ် တာဝန်ခံထျန်း" ဟု ဆိုလိုက်သည်။
"မလိုပါဘူး... ဒါက ကျွန်တော့်အတွက် အလုပ်မဟုတ်ပါဘူး"
တာဝန်ခံထျန်းမှာ ဝိညာဉ်ကျောက်တုံးများကို လက်ခံရရှိသောအခါ မျက်လုံးများ ပိတ်သွားသည်အထိ ပြုံးပျော်သွားတော့သည်။
ထိုစဉ် ချန်အန်က အိမ်၌ ကျန်ရစ်သော ဇနီးနှင့် သမီးများကို ရုတ်တရက် သတိရကာ စိုးရိမ်တကြီး မေးလိုက်သည်။
"တာဝန်ခံထျန်း... တစ်ခုလောက် မေးပါရစေဦး။ ကျွန်တော့်မှာ ဇနီးနဲ့ သမီး စုစုပေါင်း ခြောက်ယောက်ရှိတယ်။ တကယ်လို့ ကျွန်တော် ဂိုဏ်းထဲဝင်ဖြစ်ရင် သူတို့ကိုပါ တစ်ခါတည်း ခေါ်လာလို့ ရမလားခင်ဗျ"
"ရတာပေါ့" တာဝန်ခံထျန်းက ပြုံး၍ ဖြေလိုက်သည်။
ချန်အန် သက်ပြင်းချနိုင်သွားပြီး "ဒါဆိုရင် တော်ပါသေးတယ်" ဟု ပြုံးလျက် ဆိုလိုက်သည်။
မကြာမီ သူသည် တာဝန်ခံထျန်း၏ ရှေ့မှ ဓားစီး၍ ဂိုဏ်း၏ အပြင်ဘက်နယ်မြေမှ ထွက်ခွာလာခဲ့သည်။
သူ ထွက်ခွာလာစဉ် အမျိုးသမီး ကျင့်ကြံသူ အနည်းငယ်နှင့် ဆုံမိသည်။ သူမတို့မှာ ဂိုဏ်း၏ တာဝန်တစ်ခုမှ ပြန်လာသည့် အမျိုးသမီး တပည့်များ ဖြစ်ပုံရသည်။ သူမတို့၏ ရုပ်ရည်နှင့် ကိုယ်လုံးကိုယ်ပေါက်မှာ အတော်လေး ထင်ပေါ်ပြီး လှပကြသည်။
သို့သော် ချန်အန်သည် ယခုအချိန်တွင် မိန်းကလေးများနှင့် လူပျိုလှည့်ရန် စိတ်မဝင်စားဘဲ အိမ်သို့သာ အမြန်ဆုံး ပြန်လိုနေသည်။ အိမ်ထောင်ပြုရန် ကိစ္စကိုမူ ဂိုဏ်းထဲဝင်ပြီးမှသာ သူ စဉ်းစားမည် ဖြစ်သည်။
"မိတ်ဆွေ... ခင်ဗျားကို ကြည့်ရတာ မျက်မှန်းမရဘူးပဲ။ ဘယ်အဆောင်ကလဲ"
ချန်အန်က အလွန်ချောမောလွန်းသဖြင့် ထိုအမျိုးသမီးတပည့်များမှာ ဓားစီး၍ အနားသို့ ကပ်ကာ လာရောက်စကားပြောကြသည်။
ချန်အန်က ရိုးသားစွာပင် — "ကျွန်တော်က ရက်ဝုဒ်တောအုပ်က တစ်ကိုယ်တော် ကျင့်ကြံသူပါ။ ဂိုဏ်းထဲဝင်ဖို့ လာလျှောက်တာပါ။ လျှောက်လွှာတင်ပြီးလို့ အခု အိမ်ပြန်မလို့ပါ" ဟု ဖြေလိုက်သည်။
"သြော်... ဒါဆို ဘယ်အဆောင်ကို ဝင်ဖို့ စိတ်ကူးထားတာလဲ"
"ဆေးပညာဆောင်ပါ"
"ဆေးဆရာမိတ်ဆွေ... နာမည်က ဘယ်လိုခေါ်လဲ"
"ကျွန်တော့်မျိုးရိုးက ချန် ပါ။ အိမ်မှာ အရေးကြီးတဲ့ ကိစ္စရှိလို့ ကျွန်တော် အရင် သွားနှင့်ပါရစေဦး။ နောက်မှ ဆုံကြတာပေါ့"
ထိုသို့ပြောပြီးနောက် ချန်အန်က အရှိန်မြှင့်ကာ ထွက်ခွာသွားသည်။ ထိုအမျိုးသမီးတပည့်လေးများမှာ သူ့ကို ဆွဲဆောင်နိုင်လောက်သည့် အလှမျိုး မရှိသေးချေ။ ချန်အန်၏ စံနှုန်းမှာ အတော်လေး မြင့်မားလှသည်။
"အာ... ခုနက သူ့ဆီက အသံလွှင့်မန္တန် တောင်းဖို့ မေ့ကျန်ခဲ့တယ်" ဟု အမျိုးသမီးတပည့်တစ်ဦးက နှမြောတသစွာ ပြောလိုက်သည်။ သူမ၏ ဘေးမှ သူငယ်ချင်းကမူ "ရပါတယ်... တာဝန်ခံထျန်းဆီ သွားမေးလိုက်ရင် ရတာပဲ။ သူက ဆေးဆရာချန်ရဲ့ အချက်အလက်တွေကို သိမှာပါ" ဟု ပြန်ပြောလိုက်သည်။
တောအုပ်နီ၊ ဆေးပင်တစ်ရာလမ်းကြား..
ချန်အန် အိမ်ပြန်ရောက်သောအခါ မိုးချုပ်လုနီးပါး ရှိနေပြီဖြစ်သည်။ ထမင်းစားခန်းသို့ ရောက်သောအခါ စားပွဲပေါ်တွင် လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော ဟင်းလျာများကို တွေ့လိုက်ရသည်။ ဟင်းရှစ်မျိုးနှင့် စွပ်ပြုတ်တစ်မျိုး... ပုံမှန်ထက် ပိုမိုစုံလင်လှသည်။
အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်နာရီခန့်ကပင် ချန်အန်သည် ဂိုဏ်းသို့ လျှောက်လွှာတင်ခဲ့ကြောင်း အသံလွှင့်မန္တန်မှတစ်ဆင့် ဇနီးသည်များကို အကြောင်းကြားထားပြီး ဖြစ်သောကြောင့်ဖြစ်သည်။ အဆင်မပြေစရာ မရှိလျှင် သူတို့အားလုံး ဂိုဏ်းသို့ ပြောင်းရွှေ့နေထိုင်ခွင့် ရတော့မည် မဟုတ်ပါလား။ ဇနီးသည်များမှာ အလွန်ဝမ်းသာသဖြင့် ဤကဲ့သို့ ခမ်းနားသော ညစာကို ပြင်ဆင်ထားကြခြင်း ဖြစ်သည်။
ညစာစားပွဲတွင် ချန်အန်က ယနေ့ကြုံတွေ့ခဲ့ရသမျှကို ပြောပြလိုက်သည်။ သွေးရောင်နီမီးဂိုဏ်း' ကို နှိမ်နင်းခဲ့ပုံနှင့် မြေခွေးမိစ္ဆာနှင့် ထပ်မံဆုံတွေ့ကာ အသက်အန္တရာယ် ကြုံခဲ့ရပုံများကို ပြောပြသောအခါ ဇနီးသည်များမှာ စိုးရိမ်တကြီး နားထောင်နေကြသည်။
သူမတို့မှာ ချန်အန် အပြင်ထွက်တိုင်း ဘေးအန္တရာယ် ကြုံနေရသဖြင့် အမြဲပူပန်နေကြရသည်။
တစ်နာရီခန့်အကြာတွင် မိသားစု ခုနစ်ယောက်လုံး ဗိုက်ဝသွားကြသည်။ သို့သော် သူတို့က ပန်းကန်များကို ချက်ချင်း သိမ်းဆည်းခြင်း မပြုဘဲ စုထိုင်ကာ စကားပြောနေကြသည်။ သမီးကြီး 'ချန်ယုကျန်း' က မနက်ဖြန် စောင်းမကျင့်ချင်သဖြင့် မိခင်ဖြစ်သူ ဆောင်ဟွာရင်း' ကို ချွဲနွဲ့နေသည်။
'ဝမ်ကျိယန်' က 'ရှန်ချင်းယီ' ကို ကျင့်စဉ်နှင့် ပတ်သက်၍ မေးမြန်းနေပြီး 'ဂူရှင်းယွဲ့' မှာမူ မိသားစု၏ ပျော်ရွှင်စရာ အခိုက်အတန့်ကို ပြုံးလျက် ငေးကြည့်နေသည်။
သမီးငယ် 'ချန်ရီခဲ့'ကမူ ဖခင်ဖြစ်သူထံ လာရောက်ကာ ခြေထောက်ကို ဖက်တွယ်ထားသည်။ ချန်အန်က ပြုံး၍ သူမကို ဘေးရှိ ကုလားထိုင်ပေါ်တွင် တင်ကာ ကစားပေးနေလိုက်သည်။
သူသည် သမီးငယ်ကို ချော့မြူရင်း သိုလှောင်အိတ်ထဲမှ ယနေ့ရရှိခဲ့သော စစ်သုံ့ပန်း ပစ္စည်းများကို ထုတ်ယူ စစ်ဆေးလိုက်သည်။ ဇနီးနှင့် သမီးများအတွက် သင့်တော်မည့် လက်နက်များ၊ ကျင့်စဉ်စာအုပ်များကို ခွဲဝေပေးလိုက်သည်။
ဆုဟွာရင်း (ပန်းနတ်သမီး သွေးမျိုးဆက်) အတွက် ဝိညာဉ်ပင်များ စိုက်ပျိုးနည်း စာအုပ်ကို ပေးလိုက်သည်။ နောင်တွင် ဆေးပင်များကို သူမကိုယ်တိုင် စိုက်ပျိုးနိုင်ရန် ဖြစ်သည်။
ဂူရှင်းယွဲ့ (မြေဓာတ်စွမ်းအင်) အတွက် မြေဓာတ်ကျင့်စဉ် အချို့ကို ပေးလိုက်သည်။
ဝမ်ကျိယန် (မီးဓာတ်စွမ်းအင်) ကိုမူ အနာဂတ်တွင် သူ၏ လက်ထောက် ဆေးဆရာမ ဖြစ်လာစေရန် အခြေခံ ဆေးဖော်စပ်နည်း ကျင့်စဉ်ကို ပေးလိုက်သည်။
ရှန်ချင်းယီ အတွက်မူ ကောင်းမွန်သော ဓားအချို့ကို ရွေးချယ်ပေးလိုက်သည်။
သမီးလေး နှစ်ယောက်အတွက်မူ အမျိုးမျိုးသော မုန့်များနှင့် ကစားစရာများကို ပေးလိုက်သည်။
ချန်အန်သည် ဇနီးလေးဦးနှင့် သမီးနှစ်ဦးလုံးကို တစ်ဦးနှင့်တစ်ဦး ခွဲခြားခြင်းမရှိဘဲ မျှတစွာ ဝေမျှပေးလိုက်လေသည်။
........................................................