← Chapters

စော်ကားခြင်း

Vol. 001 Ch. 6

စော်ကားခြင်း

Vol. 001 Ch. 6

ထေ့ကျူးက ဝမ်ကျောက်၏ လှောင်ပြောင်သံများ အောက်တွင် တိတ်ဆိတ်နေသည်။

"ဒီကောင်က ပင်ကိုပါရမီ မပါဘူးလို့ အစကတည်းက ပြောသားပဲ ... သူက အခု မိသားစုကိုတောင် မျက်နှာပျက်စေတယ် ... ကျွန်တော် ပထမ စမ်းသပ်မှု အောင်ပြီးနောက် သူ့ကို လုံးဝ မတွေ့ရတော့ဘူး ... နောက်ရက် နည်းနည်းကြာပြီးမှ သူက စမ်းသပ်မှု သုံး ခုလုံး ကျရှုံးခဲ့တာကို ကြားခဲ့ရတယ်… အမှန်ဆို သူ မသွားခဲ့သင့်ဘူး ... ကျွန်တော်က ဦးလေးလေး ရဲ့သားကို လွှတ်ခဲ့သင့်တယ်လို့ ထင်တယ် ... "

ထေ့ကျူး၏ ဦးလေးလေးက မျက်မှောင်ကြုတ် လိုက်ပြီး ပြောလိုက်သည်။

"ဝမ်ကျောက် ... မင်းက အင်မော်တယ် တစ်ယောက် ဖြစ်လာရင်တောင်မှ ငါ့ရဲ့သား လုပ်နိုင်၊ မလုပ်နိုင် ဆိုတာ မင်းသိနိုင်လို့လား ... အတင့်ရဲတယ် ... "

ဝမ်ကျောက်၏ မျက်လုံးထဲတွင် အေးစက်သော အရောင်တစ်ချက် လက်သွားသည်။ သူက မသိမသာ ရယ်လိုက်သော်လည်း ဘာမှမပြောတော့ချေ။

ထေ့ကျူး၏ အဖေက ၁၀နှစ်ခန့် အိုစာသွားပြီး ကုလားထိုင်ပေါ် ပြိုလဲကျသည်။

ထေ့ကျူး၏ အမေက အလွန် ထိတ်လန့်သွားပြီး ဖြစ်ပျက်နေသည်ကို မယုံနိုင်စွာဖြင့် ကြည့်နေသည်။

သူမက မေးလိုက်သည် ... "ထေ့ကျူး ဒါအမှန်ပဲလား ... "

ထေ့ကျူးက သူ၏နှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်ထားသည်။ ဝမ်လင်း မြေပေါ်သို့ ဒူးထောက် ကျသွားပြီး သူက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အမေနဲ့အဖေ ... သားကို အင်မော်တယ်တွေက မရွေးချယ်ခဲ့ဘူး ... သားတောင်းပန်ပါတယ် ... နောက်ဘဝကျမှပဲ ကျေးဇူးပြန်ဆပ်ပါ့မယ် ... "

ထေ့ကျူး၏ အမေက ဝမ်လင်း၏ စိက်ပျက်မှုကို နားလည် စာနာသည်။ သူမက ဝမ်လင်းထံကို ပြေးသွားပြီး သူမ၏သားကို ပြေးထူလိုက်သည်။

"သား မစိုးရိမ်ပါနဲ့ ... အင်မော်တယ်တွေက မရွေးတော့လဲ ဘာမှမဖြစ်ဘူး ... ခရိုင်က ကျင်းပပေးတဲ့ စာမေးပွဲ ရှိသေးတာပဲ ... သား ကိုယ့်ကိုယ်ကိုယ်ယ် တွန်းအား အရမ်းမပေးပါနဲ့ ... မိုက်မဲတဲ့ အရာတွေလည်း မလုပ်နဲ့နော် ... သားရဲ့အဖေနဲ့အမေက သားဖြစ်ထွန်းမယ်ဆိုတာ သိပြီးသားပါ...."

ထေ့ကျူး၏ အဖေလည်း စိတ်မကောင်း မဖြစ်တော့ချေ။ သူကိုယ်တိုင်ကလည်း သူ့သား၏ စိတ်အခြေအနေကို နားလည်သည်။ သူကလည်း စိုးရိမ် ထိတ်လန့်သွားပြီး သူ့သားအနီးကို ကပ်သွားသည်။

သူ့သားကို အသာလှုပ်ကိုင် လိုက်ရင်း စိတ်လှုပ်ရှားစွာဖြင့် ထေ့ကျူး၏ အဖေက ပြောလိုက်သည်။

"ထေ့ကျူး ... သားဘာမှ လျှောက်မလုပ်ရဘူးနော် ... အဖေ့စကားကို နားထောင်ပါ ... အိမ်ကိုပြန်ကြမယ် ... ပြီးရင် နောက်နှစ် ခရိုင်စာမေးပွဲအတွက် ပြင်ဆင်ကြမယ် ... "

အနီးအနားမှ ဆွေမျိုးများက ထေ့ကျူး၏ မိသားစုနှင့် ဝေးရာကို အလျင်အမြန် ရွေ့သွားကြသည်။ သူတို့က ပြဇာတ်တစ်ခုကို ကြည့်နေရသလိုမျိုး ထေ့ကျူး၏ အဖြစ်အပျက်ကို ကြည့်ကာ တီးတိုးဝေဖန် ပြောဆိုနေကြသည်။

ဦးလေးခြောက်က လှောင်ပြောင် သရော်သလို ပြောလိုက်သည်။

" ဒီကောင်လေးမှာ အစကတည်းက ပင်ကိုစွမ်းရည် မရှိပါဘူးလို့ သိသားပဲ ... ဘယ်လိုလုပ် ဝမ်ကျောက်နဲ့ ယှဉ်လို့ရမှာလဲ ... "

"မှန်တယ် ... အရွေးမခံရဘဲနဲ့ ဘယ်လိုလုပ် အရွေးခံရတယ်ဆိုပြီး ဆက်ဆံရမှာလဲ ... ဘယ်လောက် အရှက်မရှိ လိုက်သလဲ ... လောင်အာ မင်းအသက်ကြီး နေပါပြီ ... ဘာလို့ ဒီလောက်တောင် တုံးရတာလဲ ... အဖေက သူ့ရဲ့အမွေတွေ မင်းကို မပေးခဲ့တာ အံသြစရာ မဟုတ်ဘူးပဲ ... " ထေ့ကျူး၏ ဦးလေးသုံးကလည်း ထေ့ငေါ့ပြီး ပြောလိုက်သည်။

"သူ့ရဲ့သားက တော်တယ် ဆိုတာကလည်း လိမ်ညာထားတာပဲ ဖြစ်ရမယ် ... သူကိုယ်တိုင် ကလည်း အသုံးမကျတဲ့သူမှန်း သူ့ကိုယ်သူသိလို့ လိမ်ညာပြီးတော့ သူ့သားရဲ့ဂုဏ်ကို မြင့်ခဲ့တာပဲ ... အခုတော့ အကုန်လုံး ပေါ်ကုန်ပြီ ... "

ဦးလေးငါးကလည်း အရုပ်ဆိုး အကျည်းတန်သော မျက်နှာဖြင့် ပြောလိုက်သည်။

ဆွေမျိုး တစ်ယောက်ကလည်း သရော်လိုက်သည် ... "စမ်းသပ်မှု သွားဖြေတာ သုံးယောက်မှာ သူပဲကျလာတယ် ... ထေ့ကျူးက ဝမ်မိသားစုမှာ အညံ့ဆုံးကလေးပဲ ... ယောင်းမ ငါနင့်ကို အစ်ကိုနှစ်နဲ့ ကောင်းတဲ့ကံ ရှိတယ်လို့ ပြောခဲ့တယ် ... အခုမြင်ပြီမလား ... နင့်ရဲ့ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်မှာ အခုကစပြီး နင့်ရဲ့ ကံကောင်းမှုတွေက ကျဆင်းလာနေပြီ..."

ထေ့ကျူး၏ ဒေါ်လေး တစ်ယောက်ကလည်း သရော်ပြုံး ပြုံးလိုက်ပြီး ပြောလိုက်၏..." ငါပြောတာ မမှန်လို့လား ... ပြီးခဲ့တဲ့ ရက်က ထေ့ကျူးကို ငါကိုယ်တိုင် အနီးကပ် တွေ့ခဲ့တယ် ... သူက ဘယ်လိုလုပ် ဝမ်ကျောက်၊ ဝမ်ဟို တို့နဲ့ ယှဉ်လို့ရမှာလဲ.. ... "

ဆွေမျိုးအမျိုးသမီး နောက်တစ်ယောက်ကလည်း မညှာမတာ ထပ်ပြောလိုက်သည် ...

"ထေ့ကျူးမှာ ပင်ကိုစွမ်းရည် မရှိတာ မြင်ပြီးသား ... သူ့ရဲ့အဖေနဲ့အမေကို ကြည့်လိုက် ... သူတို့က ဘယ်လိုလုပ် တော်တဲ့ ကလေးတစ်ယောက်ကို မွေးထုတ်နိုင်မှာလဲ ... အစ်ကိုအကြီးဆုံးနဲ့ အစ်ကိုသုံးတို့ရဲ့ ကလေးတွေအားလုံးက တော်ကြ ထက်မြက်ကြတယ်. ... ထေ့ကျူး ... ဒီနာမည်ကိုက ကျက်သရေတုံး လိုက်တာ..."

"ငါလည်း တော်တော် ကန်းတာပဲ ... ကိုယ့်ရဲ့သမီးကိုတောင် မီးတွင်းထဲ ခုန်ချခိုင်းဖို့ လုပ်မိတော့မလိုပဲ ... ထေ့ကျူးကို အင်မော်တယ်တွေက မရွေးမှန်း ကြိုသိလို့သာပေါ့ ... မဟုတ်လို့ သူနဲ့သာ လက်ထပ် လိုက်ရရင် ငါ့သမီးလေး ငါ့ကို ဘယ်လောက်တောင် မုန်းနေလိုက်မလဲ ... ထေ့ကျူးရဲ့အမေ ... ဒီကိစ္စကို မေ့လိုက်ပါတော့ ... အင်မော်တယ် ဖြစ်မလာမှတော့ ဘယ်သူက လက်ထပ်ချင်မှာလဲ ... အခု ရှင်တို့က ငန်းသားစားချင်နေတဲ့ ဖားပြုပ်နဲ့ တူမနေဘူးလား ... "

အချိန်ခဏလေး အတွင်းမှာ ဆွေမျိုးအားလုံးက အထက်ဖား အောက်ဖိတတ်သည့် လူစားမျိုး ဖြစ်သွားကြ၏။ သူတို့က ထေ့ကျူး၏ မိသားစုကို စတင်၍ ပြစ်တင်ဝေဖန် ကြတော့သည်။

ခုနက အဖြစ်အပျက်နှင့် နှိုင်းယှဉ်လိုက်လျှင် သူတို့၏ပြောဆို ဆက်ဆံပုံကား ကောင်းကင်နှင့် မြေကြီးလို ပြောင်းလဲသွားခဲ့ပြီ။ သူတို့ပေးခဲ့သော လက်ဆောင်များကိုလည်း မျက်နှာပြောင် တိုက်ကာ ပြန်ယူသွားကြသည်။ သူ့မိဘများ၏ ဖြူရော်နေသည့် မျက်နှာများကို ကြည့်ကာ ထေ့ကျူးက လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားမိသည်။ စော်ကားပြောဆိုသော စကားများကို နားထောင်ပြီး သူ့ကိုယ်သူ အမှန်တကယ် သေသွားရန် ဆုတောင်းနေမိသည်။

ဝမ်ကျောက်၏အဖေက ကျိတ်ရယ်လိုက်ကာ သရော်လိုက်သည်။

"လောင်အာ ... ငါမင်းကို မပြောခဲ့ဘူးလား ... အင်မော်တယ်ရဲ့တပည့် ဖြစ်ဖို့ဆိုတာ ကံတရားကလည်း မင်းဘက်မှာ ရှိဖို့လိုတယ် ... မင်းရဲ့သားမှာ ပင်ကိုစွမ်းရည် မရှိရင် အခွင့်အရေးဆိုတာ လုံးဝရှိလာမှာ မဟုတ်ဘူး ... မင်းကတော့ ဖြစ်နိုင်တယ်လို့ ယုံကြည်နေတယ် ... အခုကြည့်လေ မင်းရဲ့သားကို သေချင်စိတ်ပေါက် နေအောင် မင်းကလုပ်နေတာ ... ဒီလောက် လိုအပ်လို့လား ... "

ထေ့ကျူး၏ အဖေက ဒေါသတွေကို မထိန်းချုပ်နိုင်တော့ပေ။ သူက အော်ပြောလိုက်သည် ...

"ဝမ်ထန်းရှန် မင်းပါးစပ်ကို ပိတ်ထားလိုက် ... အဖေသေတဲ့နေ့က ငါ့အတွက် အမွေတွေ ခွဲပေးခဲ့တယ် ... မင်းက အခြားဆွေမျိုးတွေနဲ့ ပေါင်းပြီး ငါ့အမွေကို လုယူခဲ့တယ် ... အခုလည်း ငါ့ကို စော်ကားနေတယ် ... ငါ ဝမ်ထန်းရွှီက သည်းခံလိမ့်မယ်လို့ ထင်နေတာလား ... "

"ပြီးတော့ မင်းရဲ့ လူတွေကလည်း မင်းအတိုင်းပဲ ... စောစောပိုင်းတုန်းကတော့ ငါ့ကို ဂုဏ်ပြုနေပြီး ... အခုကျတော့ စော်ကားနေတယ် ... ငါ့ရဲ့သားက စိတ်ဒဏ်ရာ ရနေပြီးပြီ ... အဲဒါတောင် မင်းက ပိုပြီး နာကျင်အောင် လုပ်နေတယ် ... မင်း လူမှဟုတ်သေးရဲ့လား ... "

ဝမ်ထန်းရှန် ခေတ္တ တိတ်ဆိတ်သွားပြီး ပြောလိုက်၏။

"ဘာလို့ ပြီးပြီးသားတွေ ပါလာရတာလဲ ... ငါ မင်းကို ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ သတိပေးလိုက်မယ် ... မင်းရဲ့သားက ဘာပင်ကို စွမ်းရည်မှ မရှိဘူး ... ဒါပေမဲ့ မင်းက ငါ့ကိုဘာလို့ ဒေါသလာထွက် နေရတာလဲ ... ဒီလို အဖေမျိုးနဲ့ ဒီသားက ဘာမှ အောင်မြင်ဖြစ်ထွန်းမှာ မဟုတ်ဘူး ... "

စော်ကားမှု ပြောဆိုသော စကားများက ဝမ်းနည်းနေသော ဝမ်လင်း၏ နှလုံးသားကို ဆူးဖြင့် ထိုးဆွနေသလို ခံစားရစေသည်။ သူက လူတိုင်းကို အေးစက်စွာ ကြည့်လိုက်ပြီး ထိုလူများ၏ မျက်နှာများကို တစ်သက် မမေ့အောင် သူ့နှလုံးသားထဲမှာ မှတ်သား ထားလိုက်သည်။

"မင်း.. ... ငါ မင်းကို သေအောင် သတ်မယ် ... "

ထေ့ကျူး၏ အဖေက သူ့ဒေါသကို မထိန်းနိုင်တော့ပဲ ကုလားထိုင်ကို ကောက်ယူလိုက်၏။

ဦးလေးလေးက အပြေးအလွား သူ့ကို တားဆီးလိုက်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"အစ်ကို စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ ... အစ်ကိုကြီးမှာ အစေခံတွေ အများကြီး ရှိတယ် ... ကျွန်တော့် စကား နားထောင်ပါ ... သူ့အတွက်နဲ့ စိတ်ရှုပ်မခံပါနဲ့ ... "

ထေ့ကျူး၏ ဦးလေးလေးက ဝမ်ထန်းရှန်ကို စူးစူးဝါးဝါး ကြည့်လိုက်ပြီး ပြောသည်…

"အစ်ကိုကြီး ဒီလို ပြောသင့်လို့လား ... ကျွန်တော် ဒီထက်ပိုပြီး နားမထောင်နိုင်တော့ဘူး ... အစ်ကိုနှစ် ကို ထပ်ပြီး စော်ကားရဲရင် ကျွန်တော့်ကို အပြစ်မတင်နဲ့ ... မိသားစုဆိုတာလည်း ဂရုစိုက်မှာ မဟုတ်ဘူး ... ဝမ်မိသားစုက ကြီးမားတယ် ဆိုပေမဲ့လည်း ကျွန်တော့်မှာ ခရီးထွက်ရင်းရခဲ့တဲ့ မိတ်ဆွေတွေ အများကြီး ရှိတယ် ... ကျွန်တော့်ကို ထပ်ပြီး တွန်းအားမပေးပါနဲ့ ... "

ဝမ်ထန်းရှန် မှင်တက်သွားသည်။ ညီငယ်လေး၏ အဆက်အသွယ်များကို သူတကယ် လန့်သည်။

"လောင်စီ ... မင်းပြောတာတွေက အဓိပ္ပာယ် မရှိဘူး ... လောင်အာရဲ့သားက ပင်ကိုစွမ်းရည် မရှိလို့ မရှိဘူးပြောတာ ငါတို့မမှားဘူး ... အကြီးက အငယ်ကို ဆုံးမတာကရော ဘာမှားလို့လဲ ... မင်းက ဘာလို့ အဓိပ္ပာယ် မရှိတာတွေ လာပြောနေတာလဲ.. ... " မိသားစုမှ တတိယအကြီးဆုံး ဦးလေးက မကျေမနပ်ဖြင့် ပြောလိုက်သည်။

***

All Chapters