← Chapters

အခန်း (၈၈၃-၈၈၅)

Vol. 59 Ch. 883-885

အခန်း (၈၈၃-၈၈၅)

Vol. 59 Ch. 883-885

အပိုင်း ( ၈၈၃ )ရန်သူကို ထွက်တိုက်ခြင်း

သားရဲတွေက မိနစ်ပိုင်းအတွင်းမှာတင် LO49 ကို ရောက်လာတော့မှာဖြစ်တာကြောင့် ပြင်ဆင်ဖို့နဲ့ အစီအစဉ်ဆွဲဖို့ အချိန်အများကြီး မရှိတော့ပါဘူး..။ စူးရှတဲ့ အချက်ပေးသံတွေက စခန်းတစ်ခုလုံးမှာ ပျံ့နှံ့သွားခဲ့ပြီး.. တံတိုင်းတွေပေါ်က အစွမ်းထက် မီးမောင်းကြီးတွေကလည်း ပွင့်လာကာ နှင်းဖုံးနေတဲ့ လွင်ပြင်ကို အလင်းရောင်တွေနဲ့ လွှမ်းခြုံပေးလိုက်တယ်..။ အရပ်သားတွေက ခိုလှုံရာနေရာတွေဆီ အလုအယက် ပြေးနေကြသလို.. စစ်သားတွေကလည်း ခံစစ်နေရာတွေကို အမြန်သွားရောက် နေရာယူနေခဲ့ကြပါတယ်..။

ဆန်နီ နဲ့ သူ့အဖွဲ့သားတွေကလည်း နောက်ကနေ လိုက်ပါသွားခဲ့ပြီး.. တိုက်ပွဲအတွက် တည်ငြိမ်စွာ ပြင်ဆင်ရင်း သူတို့ရဲ့ မှတ်သားမှု တွေကို ဆင့်ခေါ်လိုက်ကြတယ်..။ ခါးသီးလှတဲ့ အအေးဒဏ်ထဲမှာ လမ်းလျှောက်ရင်း သူက စကားပြောလိုက်ပါတယ်..။

“အိပ်မက်ဆိုး သားရဲတွေကို ရှင်းလင်းပြီးသွားရင်.. ငါတို့ သင်္ဘောပေါ် တက်ရတဲ့အထိ လူတိုင်း နိုးနိုးကြားကြား ရှိနေမှရမယ်..။ မင်းတို့ လုပ်ထုံးလုပ်နည်းကို သိပြီးသားပဲ..။ ငါတို့ အနည်းဆုံး တစ်ပတ်လောက်တော့ အိပ်ရမှာ မဟုတ်ဘူး..။ နှစ်ပတ်လည်း ဖြစ်သွားနိုင်တယ်..။ ချီတင် ဆီကနေ စိတ်ကြွဆေးတွေ ယူထားကြပြီး တစ်ယောက်ကိုတစ်ယောက် စောင့်ကြည့်ကြပါ..”

အထူးတပ်ဖွဲ့ဝင် တွေဟာ ညည်းညူလိုက်ကြတယ်..။ သူတို့တွေက အိပ်စက်လို့ မဖြစ်လောက်အောင် အန္တရာယ်များတဲ့ နေရာတွေမှာ တာဝန် ထမ်းဆောင်ဖူးကြပြီးသားပါ..။ တစ်ပတ်လောက် အိပ်ရေးပျက်တာက စိတ်ပျက်ဖို့ကောင်းပေမဲ့ သူတို့ လုပ်နိုင်ပါသေးတယ်..။ ဒါပေမဲ့ နှစ်ပတ်ဆိုတာကတော့ ငရဲကျသလို ခက်ခဲမဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်လာမှာ အသေအချာပါပဲ..။

‘အာရီယက်နီ သင်္ဘော အချိန်မီ ရောက်လာဖို့ပဲ မျှော်လင့်ရမှာပဲ..’

ထိုင်ပြီး စောင့်နေရတာကလွဲလို့ သူတို့မှာ တခြား ရွေးချယ်စရာမှ မရှိပါဘူး..။

အဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က ဆန်နီ ကို လှမ်းခေါ်လိုက်ပါတယ်..။

“ဟေး.. ရှင်.. အဲ.. မာစတာ ဆန်းလပ်စ်.. ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ်ပေါ့.. ဘာတွေ ဖြစ်နေတာလဲ..”

သူ ဘေးဘက်ကို လှည့်ကြည့်လိုက်တဲ့အခါမှာတော့.. အအေးဒဏ်ကြောင့် တုန်ရီနေတဲ့ ပရော်ဖက်ဆာ အိုဘယ် ရဲ့ လက်ထောက် ဘတ် ကို တွေ့လိုက်ရတယ်..။ သူမက အရပ်သားအဝတ်အစားတွေပေါ်မှာ ဓာတ်ခွဲခန်းဝတ်စုံ ပါးပါးလေးကို ထပ်ဝတ်ထားတာပါ..။ ဒီမိန်းကလေး က ဆံပင်တွေကို နောက်ဘက်မှာ စည်းထားတယ် ဆိုပေမဲ့.. ဆံနွယ်အချို့ကတော့ လေထဲမှာ လွင့်ပျံ့နေခဲ့တယ်..။

သူမရဲ့ ဖြူဖျော့တဲ့ မျက်နှာမှာ စိတ်ရှုတ်တဲ့ အမူအရာတစ်ချို့ ရှိနေပေမဲ့..ဒီ ဒေါသမျက်နှာဖုံး ရဲ့ နောက်ကွယ်မှာ ကြောက်ရွံ့မှုနဲ့ ထိတ်လန့်မှုတွေ ပုန်းကွယ်နေတာကို သူ မြင်နိုင်ပါတယ်..။

ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာ ဆန်နီ က သိပ္ပံပညာရှင်တွေနဲ့ နီးနီးကပ်ကပ် အချိန်ကုန်ဆုံးခဲ့တာပါ..။ သူ အနားမှာ မရှိတဲ့အချိန်မှာတောင် သူ့ရဲ့ အရိပ် တစ်ခုက အမြဲ စောင့်ကြည့်ပေးခဲ့တယ်..။ သူက အဘိုးကြီးနဲ့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပြီး.. ပထမမျိုးဆက် ရဲ့ ရုန်းကန်ခဲ့ရတဲ့ အချိန်တွေ၊ အရင်က ကမ္ဘာကြီးအကြောင်းနဲ့ အိပ်မက်ဆိုး အခိုက်အတန့် အပေါ် သိပ္ပံနည်းကျ နားလည်မှုတွေ.. ဒါမှမဟုတ် နားမလည်မှုတွေ အကြောင်းကို လေ့လာခဲ့ရပါတယ်..။

ဒါကြောင့် သူက ဘတ် ကိုလည်း အတော်လေး သိကျွမ်းနေပြီလို့ ပြောလို့ရပါတယ်..။ ဒါ့ကြောင့်သူမက သူ့နာမည်ကို မမှတ်မိသလိုမျိုး တမင် ဟန်ဆောင်နေတာကို သူ ကောင်းကောင်း သိနေတာပါ..။

‘ဘုရားသခင်တို့.. သူမက ငါ့ထက်တောင် ပိုပြီး စိတ်ထား သေးသိမ်နေတပါလား..’

ထာဝရချိန်းရဲ့ သံမဏိတွေက လေဟာနယ်ထဲကနေ ပေါ်ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံလိုက်တဲ့အချိန်မှာပဲ.. ဆန်နီ က ဒီမိန်းကလေးကို ကြည့်ကာ ပြုံးလိုက်တယ်..။

“ဘာဖြစ်နေတယ် ထင်လို့လဲ..။ ထွက်ပေါက် အကြီးကြီးတစ်ခု ပွင့်သွားပြီ..။ အိပ်မက်ဆိုး သားရဲတွေ အများကြီး ဒီဘက်ကို လာနေတယ်လေ..။ ငါတို့ အခု သွားပြီး ချက်ချင်း ရှင်းပစ်လိုက်မယ်..။ မင်းကတော့ ပြန်သွားပြီး သိပ္ပံပညာရှင်တွေကို စုစည်းပြီးရင် လုံခြုံတဲ့ အခန်းထဲမှာ သွားပုန်းနေလိုက်..။ ဟုတ်ပြီလား..”

သူမ ခနလောက် တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်ပြလိုက်တယ်..။

“အင်း.. ကောင်းပြီလေ..”

ဒီလိုပြောပြီးတာနဲ့ ဘယ်လီ က လှည့်ထွက်သွားပြီး သုတေသန ဗဟိုဌာန တံခါးထဲကို ပြေးဝင်သွားခဲ့ပါတယ်..။ ဆန်နီ ခေါင်းခါလိုက်ပြီး ရှေ့ကို ဆက်လျှောက်လာခဲ့တယ်..။ မကြာခင်မှာပဲ သူတို့က မြောက်ဘက် တံတိုင်းပေါ်ကို ရောက်သွားပြီး ကျယ်ပြောလှတဲ့ ကမ်းရိုးတန်း လွင်ပြင်ကြီးကို လှမ်းကြည့်လိုက်ကြပါတယ်..။

ဘယ်သားရဲမှ စခန်းကို မရောက်သေးပေမဲ့ ဒါက အချိန်တစ်ခုပဲ လိုတော့တာပါ။ အလိုအလျောက် ပစ်ခတ်တဲ့ စက်သေနတ် တွေက အင်ဂျင်သံတွေ ဆူညံလာတဲ့အချိန်မှာတော့.. ဆမ်မာရာဟာ သူမရဲ့ ရိုင်ဖယ်သေနတ်ကို တံတိုင်းအစွန်းမှာ တင်လိုက်ပြီး မှန်ပြောင်းကနေတဆင့် ကြည့်လိုက်တယ်..။

ပြောင်လက်နေတဲ့ သံချပ်ကာဝတ်စုံကို ဝတ်ဆင်ထားပြီး.. လက်ထဲမှာ ဒိုင်းတစ်ခုနဲ့ ဓား အတို

တစ်လက် ကို ကိုင်ထားတဲ့ ဗန် က ဆန်နီ ကို ကြည့်လိုက်ပါတယ်..။

“မင်း ဘယ်လို ထင်လဲ..”

ဆန်နီ ခနလောက် တိတ်ဆိတ်နေခဲ့တယ်..။ သူ့ရဲ့ အရိပ်တွေက အိပ်မက်ဆိုး သားရဲ အုပ်ကြီး နောက်ကို လိုက်နေဆဲ ဖြစ်တာကြောင့် သူက သားရဲတွေကို သေချာ လေ့လာနေတာပါ..။

​ဒါပေါ့ သူ ကံကောင်းတယ်လို့ ပြောခဲ့တာက ရိုးရိုးသားသား ပြောခဲ့တာပါပဲ..။ တတိယအဆင့် ထွက်ပေါက် တွေထဲမှာဆိုရင် ဒီတစ်ခုက သိသိသာသာ အားနည်းနေခဲ့တာပါ..။ ခေါ်သံ ရဲ့ စွမ်းအားကို ဘာလို့ ဒီလောက်အထိ သက်ရောက်မှု ရှိနေရတာလဲဆိုတာကိုတောင် သူ နာမလည်နိုင် ဖြစ်မိပါတယ်..။ဥပမာအားဖြင့် ဒီကနေ ထွက်လာတဲ့ သားရဲလှိုင်းရဲ့ စွမ်းအားက ကျောက်တုံးသားရဲတွေ နဲ့ ယှဉ်ရင် ဘာမှ မဟုတ်တော့ပေ..။ အဲဒီတုန်းက အထူးတပ်ဖွဲ့ဝင် တွေဟာ ပျက်ပြားခြင်းအဆင့် သားရဲ အများကြီးကို ရင်ဆိုင်ခဲ့ရတာပါ..။

ဒီတစ်ကြိမ်မှာတော့ နှစ်ကောင်ပဲ ရှိပြီး အဲဒီထဲမှာ အသန်မာဆုံးကတောင် နတ်မိစ္ဆာ အဆင့်လောက်ပဲ ရှိပါတယ်..။ ဒါပေမဲ့ “အဆင့်လောက်ပဲ” ဆိုတဲ့ စကားလုံးက ပျက်ပြားခြင်းအဆင့် နတ်မိစ္ဆာ အတွက် သုံးဖို့ မထိုက်တန်ပါဘူး။

နောက်ဆုံးမှာတော့ ဆန်နီ စကားပြောလာခဲ့တယ်..။

“ဒါက သိပ်ပြသနာမရှိပါဘူး..။ ကျွန်တော်က ထွက်ပေါက် အစောင့်အကြပ် ကို ကိုင်တွယ်မယ်..ခင်ဗျား ကတော့ တခြား ပျက်ပြားခြင်းအဆင့် တစ်ကောင်ကို ကိုင်တွယ်လိုက်..။ နိုးထသူ ကင်မ် က ခင်ဗျားကို ကူညီပေးလိမ့်မယ်..။ လုပ်နိုင်မယ်ထင်လား..”

သာမန် နိုးထသူ တစ်ယောက်ကို ကျရှုံးမူအဆင့် သားရဲတစ်ကောင်နဲ့ တိုက်ခိုက်ခိုင်းတာက မလွယ်ကူတဲ့ တောင်းဆိုမှုပါပဲ..။ ဒါပေမဲ့ သာမန် မာစတာ တစ်ယောက်ကို ပျက်ပြားခြင်းအဆင့် တစ်ကောင်နဲ့ ရင်ဆိုင်ခိုင်းတာကတော့ အဲဒီလောက် မခက်ခဲပါဘူး..။ ဘာလို့လဲဆိုတော့ မာစတာ တွေအားလုံးက အထူးချွန်ဆုံး လူတွေမို့လို့ပါ..။ နိုးထသူ နဲ့ တက်ရောက်သူ ကြားမှာ အခြေခံကျတဲ့ ကွာခြားချက် ရှိပါတယ်..။နိုးထသူ အများစုက သူတို့ ဖြစ်လာမဲ့အရာကို ရွေးချယ်ခွင့် မရှိကြပေမဲ့.. တက်ရောက်သူ တွေကတော့ သူတို့ရဲ့ ရွေးချယ်မှုကြောင့်သာ ဒီအဆင့်ကို ရောက်လာနိုင်ကြလို့ပါပဲ..။

ဒါ့ကြောင့် ဗန် အနေနဲ့ ပျက်ပြားခြင်းအဆင့် အသားစား သားရဲ တစ်ကောင်နဲ့ တိုက်ပွဲမှာ အသက်ရှင်နိုင်မယ်လို့ ဆန်နီ က ယုံကြည်နေတာပါ..။

ဒေသခံ မာစတာ က ခနလောက် တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်တယ်..။

“ငါ ကိုင်တွယ်လိုက်မယ်..”

ဆန်နီ ပြုံးလိုက်မိတယ်။

“အဲလို စိတ်ဓာတ်ပဲ ဖြစ်ရမှာပေါ့..”

ဒီလိုပြောပြီးတာနဲ့ သူက ရှေ့ကို ခြေလှမ်းလိုက်ပြီး တံတိုင်းပေါ်ကနေ မှောင်မိုက်အေးစက်တဲ့ အမှောင်ထုထဲကို ခုန်ချလိုက်ပါတယ်..။ ခံတပ်က စစ်သားတွေကတော့ သူ့ရဲ့ ရုတ်တရက် ခုန်ချမှုကြောင့် လန့်သွားကြပေမဲ့.. အထူးတပ်ဖွဲ့ဝင် တွေကတော့ ဘာမှ မဖြစ်သလိုပါပဲ..။ သူတို့ ကပ္ပတိန် ရဲ့ ထူးဆန်းတဲ့ လုပ်ရပ်တွေကို သူတို့က အသားကျနေကြပါပြီ။

ဆန်နီဟာ နှင်းတွေပေါ် ဆင်းသက်လိုက်ပြီးတာနဲ့ အခြေအနေကို ခနလောက် အကဲခတ်လိုက်တယ်..။ သူ သူတော်စင် ကို ဆင့်ခေါ်သင့်သလားလို့ တွေးနေတာပါ..။နောက်ဆုံးတော့ လောလောဆယ် မခေါ်သေးဖို့ ဆုံးဖြတ်လိုက်ပါတယ်..။ ရန်သူက သူ ထင်ထားတာထက် ပိုပြီး အန္တရာယ်များမှသာ သူမရဲ့ အကူအညီကိုလိုအပ်မှာပါ..။

ဒါပေမဲ့ ဆန်နီ က နှစ်သိမ့်ခြင်းပြစ်ဒဏ် ကိုတော့ ဆင့်ခေါ်လိုက်တယ်..။

သူ့လက်က လှပတဲ့ ဓားရှည်ရဲ့ မဟူရာ ဓားရိုးကို ဆုပ်ကိုင်လိုက်တာနဲ့ တစ္ဆေဆန်တဲ့ တီးတိုးသံတွေက သူ့စိတ်ကို စတင် တိုက်ခိုက်လာပါတော့တယ်..။ ခေါ်သံ ရဲ့ နှိပ်စက်မှုကြောင့် ပင်ပန်းနေပြီဖြစ်တဲ့ သူ့စိတ်အတွက် ဒီအပို ဝန်ထုတ်ဝန်ပိုးက ပိုပြီး လေးလံနေသလိုပါပဲ..။ ဆန်နီ မျက်နှာရှုံ့လိုက်ပြီး ခေါင်းကို ခါယမ်းကာ အဲဒီအသံတွေကို မောင်းထုတ်လိုက်တယ်..။

‘အတော် စိတ်ရှုပ်ဖို့ကောင်းတာပဲ..’

နှစ်သိမ့်ခြင်းပြစ်ဒဏ် က သူ့ရဲ့ စဥ်းစားဆင်ခြင်နိုင်စွမ်းကို နှောက်ယှက်နေသလို.. တီးတိုးသံတွေကလည်း ဖြည်းဖြည်းချင်း ပိုရှင်းလင်းပြီး ..ပိုကျယ်လောင် လာခဲ့ပါတယ်။

အဲ့အချိန်မှာပဲ ဆမ်မာရာ ရဲ့ ရိုင်ဖယ်သေနတ်က စတင်ပစ်ခတ်လိုက်ပြီး.. အသံထက်မြန်တဲ့ ကျည်ဆန်ရဲ့ အသံက အထက်တစ်နေရာကနေ ပေါက်ကွဲထွက်လာပါတယ်..။ ခနအကြာမှာတော့ စက်သေနတ်တွေက အသက်ဝင်လာပြီး ချဉ်းကပ်လာတဲ့ သားရဲအုပ်ကြီးထဲကို တန်စတင်ကျည်ဆန်တွေ မိုးရွာသလို ပစ်ခတ်ကြပါတော့တယ်။

ဆန်နီ ပြုံးလိုက်ရင်း သူ့ရဲ့ ကြွက်သားတွေထဲကို အဆီအနှစ်တွေ စီးဆင်းစေကာ ကျည်ဆန်တွေရဲ့ နောက်ကို လိုက်ပါသွားလိုက်ပါတယ်..။

အပိုင်း ( ၈၈၃ ) ပြီး၏။

အပိုင်း ( ၈၈၄ ) ရက်စက်သော ဓားရှည်

အရိပ် လေးခုက နှင်းတွေထဲမှာ သွားလာရင်းအိပ်မက်ဆိုး သားရဲ အုပ်ကြီးနောက်ကို လိုက်ပါနေကြတယ်..။တောက်ပတဲ့ ကျည်ဆန် တစ်ထောင့်က အမှောင်ထုထဲမှာ ဖြတ်သန်းသွားပြီးသားရဲ တစ်ကောင်ကို ဖျက်ဆီးပစ်လိုက်တဲ့အချိန်မှာတော့.. သားရဲ တွေဟာ ရှေ့ကို အရှိန်အဟုန် နဲ့ တိုးဝင်သွားပြီး ရန်သူတွေကို ရင်ဆိုင်ဖို့ ပြေးတက်လာတဲ့ အထီးကျန် ပုံရိပ်နဲ့ ပေါင်းစပ်သွားခဲ့ပါတယ်..။

နောက်ထပ် တစ်ခနမှာတော့ ကျည်ဆန်တွေက သားရဲအုပ်ကြီးရဲ့ ရှေ့ဆုံးတန်းကို တရစပ် ပစ်ခတ်သွားလာခဲ့တယ်။.. အရိုး သံချပ်ကာ အပိုင်းအစတွေနဲ့ အသားစတွေက အေးစက်တဲ့ လေထုထဲကို လွင့်စဉ်သွားခဲ့ပါတယ်..။

ဆန်နီ က သူ့အရိပ် တစ်ခုကို ခန္ဓာကိုယ် ပတ်ပတ်လည်မှာ ရစ်ပတ်ထားပြီး.. တစ်ခုကို သူ့ သံချပ်ကာ ပေါ်မှာ၊ နောက်တစ်ခုကို သူ့ရဲ့ ဓားသွား ပေါ်မှာ ရစ်ပတ်ထားလိုက်တယ်..။ နောက်ဆုံး အရိပ် တစ်ခုကတော့ သူ့ကို ကျော်ဖြတ်သွားပြီး LO49 ခံတပ်ရဲ့ မြင့်မားတဲ့ တံတိုင်းကြီးဆီကို ပြန်သွားခဲ့ပါတယ်..။ သူ့ရဲ့ တာဝန်ကတော့ ပရော်ဖက်ဆာ အိုဘယ် ကို ရှာပြီး အရပ်သားတွေ ရှိတဲ့ ခိုလှုံရာနေရာမှာ မမျှော်လင့်ထားတာတွေ ဖြစ်မလာအောင် စောင့်ကြည့်နေဖို့ပါ။

..စိတ်မကောင်းစရာ​က.. စက်သေနတ် တွေဟာ သူ မျှော်လင့်ထားသလောက် မထိရောက်ခဲ့ပါဘူး..။ သားရဲ အချို့က နှေးကွေးသွားသွားကြပေမဲ့.. ကျည်ဆန် အများစုက သူတို့ရဲ့ ထူထဲတဲ့ အရေခွံတွေပေါ်မှာ ဘာမှ မဖြစ်ပဲ လွင့်စင်သွားခဲ့တယ်..။ ဒါပေမဲ့ ခံတပ်ရဲ့ ခုခံရေး စနစ်တွေကတော့ တောက်ပတဲ့ ပစ်ခတ်မှု အလင်းရောင်တွေ.. တဒုန်းဒုန်းမြည်နေတဲ့ ပစ်ခတ်သံတွေကြားမှာ အိပ်မက်ဆိုး သားရဲတွေပေါ်ကို ငရဲမီးတွေလို ရွာသွန်းနေဆဲပါပဲ..။ အမြှောက်တွေရဲ့ ထူထဲတဲ့ ပြောင်းဝတွေကနေ နဂါး တစ်ကောင်ရဲ့ အသက်ရှူသံလိုမျိုး မီးတောက်ရှည်ကြီးတွေနဲ့ပွင့်ထွက်လာခဲ့တယ်..။

‘ကျောဘက်ကနေ အပစ်မခံရအောင် သတိထားဖို့ လိုတယ်..’

ဆန်နီဟာ ရှေ့ကို အရှိန်နဲ့ ခုန်ဝင်လိုက်ရင်း ချဉ်းကပ်လာတဲ့ သားရဲအုပ်ကြီးရဲ့ ရှေ့ဆုံးတန်းနဲ့ ထိပ်တိုက် တွေ့ဆုံသွားခဲ့တယ်..။ ထူးဆန်းတဲ့ ပုံစံမျိုးစုံ နဲ့ စွမ်းရည်မျိုးစုံ ရှိနေတဲ့ အသားစား သားရဲ အုပ်ကြီး နဲ့ တိုက်ခိုက်ဖို့ သူ အချိန် မရပါဘူး..။ဒီသားရဲတွေအကြောင်း သေချာ မသိတာကြောင့် ဆန်နီ ဆိုရင်တောင် ဒီသားရဲ လှိုင်းထဲမှာပဲ နစ်မွန်းသွားမယ့် အန္တရာယ် ရှိနေခဲ့ပါတယ်..။

ဒါပေမဲ့.. သူတို့ကို အနည်းငယ်လောက် နှေးကွေးသွားအောင်တော့ သူ လုပ်နိုင်ပါသေးတယ်..။

နှစ်သိမ့်ခြင်းပြစ်ဒဏ် ရဲ့ ကျောက်စိမ်း ဓားသွားက နိုးထသူ သားရဲ တစ်ကောင်ရဲ့ ခန္ဓာကိုယ်ကို မျဉ်းကြောင်း တစ်ခုလို ဖြတ်သန်းသွားပြီး နှစ်ပိုင်း ဖြစ်သွားစေခဲ့တယ်..။ လှပပြီး ကျိန်စာသင့်နေတဲ့ ဒီဓားရဲ့ စွမ်းအားကို ဆန်နီ အခုထိ အံ့ဩနေဆဲပါပဲ..။ သူ့လက်ထဲမှာ အလွန် ပေါ့ပါးနေတာကြောင့် ဘာမှ မကိုင်ထားသလို ခံစားနေရပြီး.. ရန်သူ့ ခန္ဓာကိုယ်ကို ဘာမှ မခုခံနိုင်သလိုမျိုး လွယ်လွယ်ကူကူပဲ ဖြတ်သန်းသွားခဲ့တာပါ..။

ဒါက လေနဲ့ ပြုလုပ်ထားတဲ့ ဓားနဲ့ ရေကို ဖြတ်နေရသလို ခံစားချက်မျိုးပါပဲ..။

သူ့ရဲ့ အရှည်ကြောင့် ကျောက်စိမ်း ဓားရှည် က အံ့ဩစရာကောင်းလောက်အောင် ပေါ့ပါးပြီး လျင်မြန်နေခဲ့တယ်..။ သူက လေထဲမှာ လှပစွာ ကခုန်နေပြီး သွေးမြစ်တွေ စီးဆင်းစေဖို့အတွက် တောင်းဆိုနေသလိုတောင် ထင်မှတ်ရပါတယ်..။ ဒါကြောင့်ပဲ ဆန်နီ က သူ့ရဲ့ တိုက်ကွက်တွေကို နည်းနည်းလေး ပြင်ဆင်လိုက်ရတယ်..။

နှစ်သိမ့်ခြင်းပြစ်ဒဏ် က သူ အရင်က သုံးနေကျ ဓားရှည် နဲ့ အရွယ်အစားခြင်း တူပေမဲ့ အများကြီး ပိုပြီး ပေါ့ပါးပါတယ်..။ ပြီးတော့ အသွားနှစ်ဖက် ပါရှိပြီး သေစေလောက်တဲ့ ထိုးချက်တွေအတွက် ပြီးပြည့်စုံတဲ့ ထိပ်ဖျားလည်း ရှိနေခဲ့တယ်..။ဓားရှည် ကို သုံးတဲ့ အခြေခံ နည်းစနစ်တွေက အတူတူပဲ ဖြစ်ပေမဲ့.. ဒီဓားက ပိုလျင်မြန်၊ ပိုမြန်ဆန် ပြီး ပိုခန့်မှန်းရခက်တဲ့ ဓားကွက်တွေအတွက် သင့်တော်ပါတယ်..။

ကံကောင်းတာကတော့ ဆန်နီ က လက်နက်မျိုးစုံနဲ့ တိုက်ပွဲပုံစံ အမျိုးမျိုးကို ကျွမ်းကျင်တာကြောင့်.. အကောင်းဆုံး ရလဒ် ထွက်လာအောင် အကုန်လုံးကို ပေါင်းစပ်နိုင်ခဲ့တာပါပဲ။

..ဒါပေမဲ့ ဒီ အောက်တန်းကျတဲ့ သားရဲတွေကို သတ်ဖြတ်ဖို့က နည်းစနစ် ကျွမ်းကျင်မှုတွေ အများကြီး မလိုအပ်ပေ..။ ဒီလို သားရဲ အနိမ့်စားတွေအတွက်ကတော့ အမြန်နှုန်း တစ်ခုတည်းနဲ့တင် လုံလောက်ပါတယ်..။

သူက ပထမဆုံး သားရဲကို နှစ်ပိုင်း ခုတ်ပိုင်းလိုက်ပြီး ကိုယ်အလေးချိန်ကို နည်းနည်း ရွှေ့လိုက်ကာ.. ဘေးကို ခြေလှမ်း တစ်လှမ်း လှမ်းရင်း နောက်တစ်ကောင်ကို အလွယ်တကူ ခေါင်းဖြတ်လိုက်တယ်..။ ဒီကောင်က ကျရှုံးမူအဆင့် ဖြစ်တာကြောင့် နှစ်သိမ့်ခြင်းပြစ်ဒဏ် ရဲ့ ကျောက်စိမ်း ဓားသွားကို ခုခံမှု အနည်းငယ် ရှိပေမဲ့.. ခုတ်ပိုင်းဖို့အတွက်တော့ အလွန် လွယ်ကူနေဆဲပါပဲ..။

အဖြူရောင် နှင်းတွေပေါ်မှာ အနက်ရောင် သွေးတွေ မိုးရွာသလို ကျရောက်လာခဲ့တယ်..။

ဆန်နီ က သားရဲအုပ်ကြီးထဲကနေ ခွဲထွက်လာတဲ့ သားရဲ နှစ်ကောင်ကို ရှင်းလိုက်တဲ့အချိန်မှာတော့.. သားရဲ အုပ်ကြီးက သူ့ဆီကို ရောက်လာခဲ့ပါပြီ..။သူက အိပ်မက်ဆိုး သားရဲ အများအပြားနဲ့ ထိပ်တိုက် မတွေ့တော့ဘဲ အရိပ်ထဲကို ပျော်ဝင်သွားပြီး.. သူတို့ အလယ်တည့်တည့် မီတာ နှစ်ဆယ်လောက် အကွာကနေ ပြန်ပေါ်လာခဲ့တယ်..။ နှစ်သိမ့်ခြင်းပြစ်ဒဏ် က လေထဲမှာ အသံတွေ မြည်ဟီးနေပြီး နောက်ထပ် အသက် တစ်ချောင်းကို ရိတ်သိမ်းလိုက်ပြန်ပါတယ်..။

ပြီးတာနဲ့ သူက ထပ်ပြီး ပျောက်ကွယ်ခဲ့တယ်..။

ဒီလိုနဲ့ပဲ ဆန်နီဟာ သားရဲ တစ်ကောင်ကနေ တစ်ကောင်ဆီကို ခုန်ကူးရင်း မကြာခင်မှာပဲ အသားစား သားရဲ အုပ်ရဲ့ အလယ်တည့်တည့်ကို ရောက်သွားခဲ့ပါတယ်..။ ဒီနေရာမှာတော့ ထွက်ပေါက် အစောင့်အကြပ် က သေးငယ်တဲ့ သားရဲတွေ အထက်မှာ မြင့်မားစွာ မတ်တပ်ရပ်နေခဲ့တယ်..။

ပျက်ပြားခြင်းအဆင့် နတ်မိစ္ဆာ.. က ကျန်တဲ့ သားရဲ တွေနဲ့ မတူပါဘူး..။ သူက ပိုမြင့်တယ်၊ ပိုသန်မာတယ်၊ ပြီးတော့ ပိုပြီး ရှေးကျပုံ ရနေခဲ့တယ်..။ အရေးကြီးဆုံးကတော့ သူက ဆန်နီ ကို

အေးစက်တဲ့ ခံစားချက်တွေနဲ့ ဖုံးလွှမ်းသွားစေတာပါပဲ..။ သူ့ရဲ့ မသိစိတ်အာရုံ က အန္တရာယ်ကို သတိပေးနေပြီး.. ဒီရန်သူက သန်မာတယ်၊ ကြောက်စရာကောင်းတယ်၊ အန္တရာယ်များတယ်.. သေစေနိုင်တယ်လို့ ဆက်တိုက် ပြောနေခဲ့ပါတယ်..။

ဒီသားရဲက အရိုးနဲ့ လုပ်ထားသလိုမျိုး ထူးဆန်းတဲ့ ကြေးခွံတွေ ရှိနေပြီး အရပ်ရှည်တဲ့ ဧရာမ သားရဲ တစ်ကောင်လို ဖြစ်နေခဲ့တယ်..။ သူက အမာရွတ် အမှတ်အသားတွေ ရှိနေပေမဲ့ ဘယ်လိုမှ ဖျက်ဆီးလို့ မရတဲ့ပုံစံပေါက်နေခဲ့တာပါ..။ နတ်မိစ္ဆာ ရဲ့ မျက်နှာနေရာမှာတော့ မျက်နှာရှိရမယ့်အစား.. အရိုး တစ်ခုက ရက်စက်တဲ့ ချို တစ်ချောင်းလို ရှေ့ကို ထွက်နေခဲ့ပါတယ်..။

ဆန်နီ ခနလောက် တုံ့ဆိုင်းသွားခဲ့တယ်..။

‘..မင်းက တကယ် ရုပ်ဆိုးတဲ့ ကောင်ပဲ..’

ယင်းနောက်မှာတော့ တွေးနေဖို့ အချိန် မရှိတော့ပါဘူး..။ ဆန်နီ အရိပ်ထဲကနေ မပေါ်လာခင်ကတည်းက နတ်မိစ္ဆာ က သူ့ကို မြင်နေခဲ့ပြီး.. ကြောက်စရာကောင်းတဲ့ လက်သီးတွေနဲ့ ရန်သူကို သွေးအိုင်ထဲ ရောက်အောင် ချေမှုန်းဖို့ ကြိုးစားလာခဲ့တယ်..။ ဆန်နီ တိတ်တဆိတ်ကျိန်ဆဲလိုက်ပြီး နောက်ကို ခုန်ဆုတ်လိုက်ပါတယ်..။ ထွက်ပေါက် အစောင့်အကြပ် က ဘာမှ မရှိတဲ့ အေးစက်တဲ့ မြေပြင်ကိုသာ ထိုးမိသွားတာကြောင့် မြေပြင်က ကွဲအက်သွားပြီး တစ်ချက်တည်းနဲ့တင် မြေငလျင် ငယ်တစ်ခု ဖြစ်သွားခဲ့တယ်..။

လက်သီးကျရောက်တဲ့ နေရာကနေတဆင့် အစွမ်းထက်တဲ့ လှိုင်းတစ်ခု ပျံ့နှံ့သွားပြီး အိပ်မက်ဆိုး သားရဲ အချို့ကို လွှင့်စင်သွားစေခဲ့ပါတယ်..။သာမန် လူသား တစ်ယောက်သာ အနားမှာ ရှိနေရင် ဒီ လှိုင်းတစ်ခုတည်းနဲ့တင် သူတို့ရဲ့ ကိုယ်တွင်းအင်္ဂါတွေ ပေါက်ကွဲပြီး ချက်ချင်း သေဆုံးသွားမှာ အသေအချာပါပဲ..။

ကံကောင်းတာကတော့ ဆန်နီ က သာမန် မဟုတ်ပါဘူး..။ သူ့ရဲ့ သံချပ်ကာနဲ့ တက်ရောက်မူ အဆင့် ခန္ဓာကိုယ်က လှိုင်းကို စုပ်ယူလိုက်တာကြောင့် အနည်းငယ် တုန်ခါသွားတာကိုသာ ခံစားလိုက်ရပါတယ်..။ ဒါပေမဲ့ ဒီ ငလျင် အငယ်စား ကတင် သူ့ကို မြေပြင်ပေါ် လဲကျသွားအောင် လုပ်ဖို့ လုံလောက်နေခဲ့တယ်..။

‘အာ.. မကောင်းဘူး..’

ပုံမှန်ဆိုရင်တော့ ဒီလိုအဆင့် သတ္တဝါနဲ့ တိုက်ပွဲမှာ မြေပြင်ပေါ် လဲကျသွားတာက သေခြင်းတရားပါပဲ..။ ပျက်ပြားခြင်းအဆင့် နတ်မိစ္ဆာ ဆိုတာက ရန်သူ ပြန်ထလာပြီး နေရာမယူနိုင်ခင်မှာတင်အဆုံးသတ် တိုက်ကွက်ကို ထုတ်ဖို့ လုံလောက်တဲ့ အရှိန် ရှိပါတယ်.. ။ဒါပေမဲ့ ဒီတစ်ခါမှာတော့ တိုက်ခိုက်မှု က ဖြစ်မလာခဲ့ပေ..။

သတ္တဝါ ရဲ့ လက်သီးတွေ ကျရောက်တဲ့နေရာက အရိပ်တွေဟာ ရုတ်တရက် ရှေ့ကို တိုးထွက်လာပြီး အနက်ရောင် ခြေချင်းဝတ်တွေလိုမျိုး သူ့ရဲ့ လက်ကောက်ဝတ်တွေကို ရစ်ပတ်ထားလိုက်တယ်..။ ထွက်ပေါက် အစောင့်အကြပ် က မတ်တပ်ရပ်ပြီး နောက်ထပ် တိုက်ကွက် တစ်ခုကို ထုတ်ဖို့ ကြိုးစားပေမဲ့.. အရိပ် ခြေချင်းတွေရဲ့ ဆွဲငင်မှုကြောင့် ပြန်လဲကျသွားခဲ့ပါတယ်..။

သူက စစ်မြေပြင်တစ်ခုလုံးမှာ နိမိတ်မကောင်း တဲ့ အသံနဲ့ အော်ဟစ်လိုက်ပြီး သန်မာတဲ့ ကြွက်သားတွေကို ဆန့်ထုတ်လိုက်တယ်..။ခနအကြာမှာတော့ အနက်ရောင် ခြေကျင်း တွေက အပိုင်းပိုင်း ပြတ်ထွက်သွားတာကြောင့် သူလွတ်မြောက်သွားခဲ့ပါတယ်..။

သို့ပေမဲ့ သူ ဖမ်းခံထားရတဲ့ အချိန်တိုလေး ကတင် ဆန်နီ အတွက် လုံလောက်နေခဲ့ပါပြီ..။

အပိုင်း ( ၈၈၄ ) ပြီး၏။

အပိုင်း ( ၈၈၅ ) အနန္တ စားသုံးသူ

ဆန်နီဟာ အချိန်တိုလေးအတွင်းမှာ ရရှိလာတဲ့ အခွင့်အရေး ကိုအသုံးချပြီး မြေပြင်ပေါ်ကနေ အမြန်ပြန်ထကာ ရှေ့ကို ပြေးထွက်သွားလိုက်တယ်..။ ပြီးတာနဲ့ ဧရာမ သားရဲကြီးရဲ့ ဒူးဆစ်ကို ဖုံးအုပ်ထားတဲ့ သံချပ်ကာပြား နှစ်ခုကြားက အက်ကြောင်း သေးသေးလေးထဲကို ကျောက်စိမ်းဓားနဲ့ ထိုးသွင်းလိုက်ပါတယ်..။ နှစ်သိမ့်ခြင်းပြစ်ဒဏ် ရဲ့ ပါးလွှာတဲ့ ဓားသွားက အက်ကြောင်းထဲကို လွယ်လွယ်ကူကူ ဝင်ရောက်သွားပြီး နတ်မိစ္ဆာ ရဲ့ အသားကို နက်ရှိုင်းစွာ ကိုက်ခဲလိုက်တာကြောင့် အနက်ရောင် သွေးအချို့ ထွက်လာခဲ့တယ်..။

ဒါက သူ နောက်ကို ပြန်မဆုတ်ခင် အချိန်လေးမှာ လုပ်နိုင်ခဲ့တဲ့ အရာပါပဲ။

ဆန်နီ ပေးလိုက်တဲ့ အပေါ်ယံ ဒဏ်ရာက သတ္တဝါကို သေစေနိုင်တာမျိုး မဟုတ်သလို.. ပြင်းပြင်းထန်ထန် အားနည်းသွားစေတာမျိုးလည်း မဟုတ်ပါဘူး..။

ဒါပေမဲ့ အဲလောက်ထိ ဖြစ်ဖို့လည်း မလိုအပ်ပေ..။

[နိမိတ်မကောင်းသော တီးတိုးသံ] စွမ်းရည် ရဲ့ ရောဂါကူးစက်မူက ထက်မြက်တဲ့ ကျောက်စိမ်းဓားသွားကနေတဆင့် ဂိတ်ပေါက် အစောင့်အကြပ် ဆီကို ကူးစက်သွားခဲ့ပါပြီ..။

‘မင်းရဲ့ စိတ်ဓာတ်က ဘယ်လောက်အထိ ကြံ့ခိုင်မလဲ ဆိုတာ ကြည့်ကြတာပေါ့ ခွေးသားလေး..’

ထာဝရချိန်း ရဲ့ အစွမ်းထက်တဲ့ စိတ်ပိုင်းဆိုင်ရာ အကာအကွယ် ရှိနေတာတောင်မှ.. နှစ်သိမ့်ခြင်းပြစ်ဒဏ် ရဲ့ ကြောက်မက်ဖွယ် တီးတိုးသံတွေက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုကို အဆက်မပြတ် တိုက်ခိုက်နေခဲ့တာပါ..။ဒါပေါ့ အိပ်မက်ဆိုးသားရဲတွေကို စိတ်မှန်တယ်လို့ တွေးနေတာကိုက ထူးဆန်းတဲ့ အရာတစ်ခုပါပဲ။ဘာပဲဖြစ်ဖြစ် သူတို့အားလုံးက အစကတည်းက ရူးသွပ်နေကြတာပဲ မဟုတ်ဘူးလား..။

ဒါပေမဲ့ ဆန်နီ ကတော့ မျှော်လင့်ချက် ကြီးကြီးမားမား ထားထားပါတယ်..။ဘယ်လောက်ပဲ လှည့်စားတတ်တဲ့ သတ္တဝါဖြစ်ပါစေ.. နတ်မိစ္ဆာ ဆိုတာ နတ်မိစ္ဆာ ပါပဲ.. ။သူက ခံစားချက်ရှိတဲ့ သတ္တဝါ တစ်ကောင်ပါ..။ ဒီ သတ္တဝါတွေကို အန္တရာယ်များစေတဲ့ အသိဉာဏ် ဆိုတာကလည်း ဖျက်ဆီးပစ်လို့ ရနိုင်ပါတယ်။

နောက်ဆုံးမှာတော့ ဂိတ်ပေါက် အစောင့်အကြပ် က နောက်ထပ် တိုက်ကွက် တစ်ခုကို ထုတ်ဖော်လိုက်တယ်..။ ဒီ တိုက်ကွက်က မြန်လွန်းတာကြောင့် ဆန်နီ တုံ့ပြန်ဖို့တောင် အချိန် မရခဲ့ပါဘူး..။သူက တခြား ရွေးချယ်စရာ မရှိတာကြောင့် အံကိုကြိတ်လိုက်ပြီး

နှစ်သိမ့်ခြင်းပြစ်ဒဏ် ရဲ့ ဓားသွားနဲ့သာ ခုခံလိုက်တယ်..။ နောက်ထပ် လှိုင်းတစ်ခုက ပေါက်ကွဲထွက်သွားပြီး.. သူကိုယ်တိုင်လည်း အမြှောက်ဆန် တစ်ခုလို နောက်ကို လွင့်စင်သွားခဲ့ပါတယ်..။

‘သောက်ကျိုးနဲပြီ..’

ဆန်နီ နောက်ကို လွင့်ထွက်သွားရင်း လမ်းမှာ ရှိနေတဲ့ အိပ်မက်ဆိုး သားရဲ အချို့ကို ဝင်တိုက်မိသွားခဲ့တယ်..။ ပြင်းထန်တဲ့ ထိခိုက်မှုတွေကြောင့် သူ့တစ်ကိုယ်လုံးကို တုန်ခါသွားပြီး.. အသားစ အပိုင်းအစတွေတောင် လေထဲကို လွင့်စင်ကုန်ကြပါတယ်..။ ဂိတ်ပေါက် အစောင့်အကြပ် နဲ့ မီတာ ဒါဇင်ပေါင်းများစွာ အကွာမှာ ပြုတ်ကျသွားတဲ့အချိန်မှာတော့..မြေပြင်နဲ့ လျောတိုက်သွားကာ.. နှင်းတွေပေါ်မှာ နက်ရှိုင်းတဲ့ အစင်းကြောင်းကြီး တစ်ခု ဖြစ်သွားခဲ့ပါတယ်..။

သို့ပေမဲ့ ဒီလို ဖြစ်နေတာတောင် သူ့ရဲ့ နှုတ်ခမ်းထက်မှာ ရက်စက်တဲ့ အပြုံးတစ်ခု ရှိနေခဲ့ပါသေးတယ်..။ ဘာလို့လဲဆိုတော့ သူ မလဲကျခင်

အချိန်လေးမှာပဲ နတ်မိစ္ဆာ ရဲ့ လက်ကောက်ဝတ်ကို ဓားနဲ့ ခြစ်မိအောင် လုပ်နိုင်ခဲ့လို့ပါပဲ..။

ဧရာမ သားရဲကြီးက သူ့အနားကို ရောက်နေပြီ ဖြစ်တာကြောင့်.. ဆန်နီ က အချိန်မဆွဲတော့ပဲ ချက်ချင်း ပြန်ထကာ ရှေ့ကို ပြေးထွက်သွားလိုက်တယ်..။

အချိန်တစ်နလောက်.. သူက ပျက်ပြားခြင်းအဆင့် သားရဲကြီးရဲ့ ဘေးမှာ ဆက်တိုက် ကခုန်ရင်း တိုက်ခိုက်နေခဲ့တယ်..။သူ့အတွက်ကတော့ အချိန်က အနန္တနီးပါး ကြာနေသလိုပါပဲ။ဆန်နီအရိပ်တွေထဲကို ဝင်လိုက်..အရိပ်ရုပ်သွင်ဖော်ခြင်း ကို သုံးလိုက် နဲ့..ဒီ ကြောက်စရာကောင်းတဲ့ သတ္တဝါကို စက္ကန့်ပိုင်းလောက် အသာစီးရအောင် အသည်းအသန် ကြိုးစားနေခဲ့ရတယ်..။ ဧရာမ သားရဲကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ နောက်ထပ် အပေါ်ယံ ဒဏ်ရာတွေ အများကြီး ပေါ်လာခဲ့ပါပြီ။.. သွေးစက်တွေက သူ့ရဲ့ အရိုး သံချပ်ကာ ပေါ်မှာ ဆက်တိုက် စီးကျနေခဲ့တယ်..။

အစပိုင်းမှာတော့ နတ်မိစ္ဆာ က ဘာမှ ဖြစ်ပုံမရပါဘူး..။ ဒါပေမဲ့ မကြာခင်မှာပဲ..

ပထမဆုံးအနေနဲ့ သူ့ရဲ့ လှုပ်ရှားမှုတွေက အနည်းငယ် နှေးကွေးသွားပြီး မတည်မငြိမ် ဖြစ်လာခဲ့တယ်..။

ပြီးတော့ သူ့ရဲ့ ခန္ဓာကိုယ်က တောင့်တင်းလာခဲ့ပါတယ်..။

သတ္တဝါက တုန်လှုပ်သွားပြီး သူ့ရဲ့ ခေါင်းကို သူကိုယ်တိုင် ပြန်ထိုးလိုက်တယ်..။သူ့ကြည့်ရတာတော့ မူးဝေနေတာကို ဖျောက်ဖျက်ဖို့ ကြိုးစားနေသလိုပါပဲ..။

ဧရာမ သားရဲကြီးရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဒဏ်ရာတွေ များလာလေလေ.. နိမိတ်မကောင်းတဲ့ တီးတိုးသံတွေက ပိုပြီး ကျယ်လောင်လာလေလေပါပဲ..။

နောက်ဆုံးမှာတော့ နတ်မိစ္ဆာ က မထင်မှတ်ထားတဲ့ အနေအထားနဲ့ အေးခဲ ရပ်တန့်သွားခဲ့တယ်။ သူ့ရဲ့ လက်မောင်းတွေ တွဲလောင်းကျနေပြီး လည်ပင်းကလည်း ထူးဆန်းတဲ့ ပုံစံနဲ့ စောင်းနေခဲ့တာပါ..။ သူက စက္ကန့်အနည်းငယ် ကြာတဲ့အထိအောင်ကို မလှုပ်မယှက် ရှိနေခဲ့ပါတယ်..။

ယင်းနောက်မှာတော့ ကမ္ဘာကြီးကိုတောင် တုန်ခါသွားစေနိုင်တဲ့ ကျောချမ်းဖွယ် အော်ဟစ်သံကြီးတစ်ခု ထွက်ပေါ်လာခဲ့တယ်..။

‘သောက်ကျိုး....’

ထွက်ပေါက် အစောင့်အကြပ် ရဲ့ အသိစိတ် လား.. ဒါမှမဟုတ် စိတ်ဖောက်ပြန်မှု လား. အဲတာက ဘာပဲဖြစ်ဖြစ် သူ့ရဲ့ အသိဉာဏ်ကို ထိန်းချုပ်ထားတဲ့ အရာတစ်ခုခုက ပြိုလဲသွားခဲ့ပါပြီ။.. အဆုံးမရှိတဲ့ သွေးဆာမှုနဲ့ ရူးသွပ်မှုတွေက.. သားရဲကြီးကို လွှမ်းမိုးသွားတဲ့ ပုံပါပဲ..။သူက ရက်စက်ကြမ်းကြုတ်တဲ့ အော်ဟစ်သံကြီးကို ပြုလုပ်ရင်း .. ကြွက်သားတွေ၊ အရိုးတွေနဲ့ သတ်ဖြတ်လိုတဲ့ ဒေါသတွေ ပြည့်နှက်နေတဲ့ တောင်ကြီး တစ်လုံးလို ဆန်နီ ဆီကို ခုန်ဝင်လာပါတော့တယ်..။

ဆန်နီ ဟာ ဒီ ကြောက်စရာကောင်းတဲ့ မြင်ကွင်းကို ခနလောက် စိုက်ကြည့်နေပြီးမှ.. အရိပ်ထဲကို တည်ငြိမ်စွာ ခြေလှမ်းလိုက်တယ်။ယင်းနောက် ရူးသွပ်နေတဲ့ သတ္တဝါရဲ့ နောက်ဘက် မီတာ နှစ်ဆယ်လောက် အကွာမှာ ပြန်ပေါ်လာခဲ့ပါတယ်..။

သူ ပျောက်ကွယ်သွားတာက နတ်မိစ္ဆာ အပေါ်မှာ သက်ရောက်မှု ရှိပုံ မရပါဘူး..။ ဒီ ရူးသွပ်သွားတဲ့ သတ္တဝါက သူ့ကို သတိ မထားမိတော့တာ တောင် ဖြစ်နိုင်ပါတယ်..။ သူက ရှည်လျားတဲ့ လက်မောင်းကြီးတွေကို ရှေ့ကို ဆန့်ထုတ်လိုက်ပြီး အနီးဆုံးမှာ ရှိနေတဲ့ အိပ်မက်ဆိုး သားရဲ တစ်ကောင်ကို ဖမ်းကာ ရက်ရက်စက်စက် ဆွဲဖြဲပစ်လိုက်ပါတယ်..။

ယင်းနောက် ဒီလို ဆွဲဖြဲခံထားရတဲ့ အလောင်းကို မြင်ရတာနဲ့တင် မကျေနပ်သေးဘဲ.. ဆက်တိုက်အော်ဟစ်ကာ ဘေးနားက သားရဲ အုပ်ကြီးထဲကို ခုန်ဝင်သွားပြီး ခန္ဓာကိုယ်တွေကို အပိုင်းပိုင်း ပြတ်သွားအောင် သတ်ဖြတ်ပါတော့တယ်..။ စက္ကန့်အနည်းငယ်အတွင်းမှာတင် အဲဒီ ရူးသွပ်နေတဲ့ နတ်မိစ္ဆာ က ဆန်နီ သတ်ခဲ့တာထက်

ပိုများတဲ့ အိပ်မက်ဆိုး သားရဲတွေကို သတ်ပစ်လိုက်ပါပြီ..။

' သောက်ကျိုးနဲ..’

သောင်းကျန်းနေတဲ့ ထွက်ပေါက် အစောင့်အကြပ် ကို ကြည့်ရင်း ဆန်နီ တစ်ယောက် တုန်လှုပ်သွားခဲ့တယ်..။ နှစ်သိမ့်ခြင်းပြစ်ဒဏ် က တကယ့်ကို ကြောက်စရာကောင်းတဲ့ လက်နက် တစ်ခုပါပဲ..။

..သူကပဲ စိတ်ထင်နေတာလား.. ဒါမှမဟုတ် ကျောက်စိမ်းဓားရဲ့ တီးတိုးသံတွေကပဲ နည်းနည်း ပိုပြီး ရှင်းလင်းလာတာလား..။

ဒီ အသံတွေကို သူ နားလည်နိုင်လာပြီလို့ တကယ်ပဲ ခံစားနေခဲ့ရတယ်..။ သူသာ နည်းနည်းလေး ပိုပြီး နားထောင်လိုက်ရင်.. နည်းနည်းလေး ပိုပြီး ကြာကြာလေးပေါ့.. ဟုတ်တယ်.. အဲလိုဆိုရင် သူ သေချာပေါက် သိနိုင်တော့မှာပါ..။

ကျန်ရှိတဲ့ တိုက်ပွဲကတော့ အချိန်သိပ်ပြီး မကြာခဲ့ပါဘူး..။ ဗန် ရဲ့ နိုးထသူ တွေ နဲ့ အသားစား သားရဲ တွေက ရှေ့တန်းမှာ တိုက်ခိုက်နေကြပြီး.. ရူးသွပ်နေတဲ့ နတ်မိစ္ဆာ ကတော့ အလယ်ပိုင်းကို ဆက်တိုက် ဖျက်ဆီးနေခဲ့တယ်..။ အိပ်မက်ဆိုး သားရဲ အများအပြားက အသက်ရှင်ဖို့အတွက် ထွက်ပေါက် အစောင့်အကြပ် ကို ပြန်တိုက်ခိုက်ဖို့ ကြိုးစားကြပေမဲ့ အားလုံး ရှုံးနိမ့်ခဲ့ကြပါတယ်..။

သို့ပေမဲ့ ဆန်နီ ကတော့ မရှုံးနိမ့်ပေ..။

အသိဉာဏ် မရှိတဲ့ ရန်သူကို သတ်ရတာက လိမ္မာပါးနပ်တဲ့ ရန်သူကို သတ်ရတာထက် အများကြီး ပိုလွယ်ပါတယ်..။ ပြီးတော့ ရူးသွပ်နေတဲ့ ဧရာမ သားရဲကြီးက စဉ်းစားနိုင်စွမ်းတွေ အားလုံး ပျောက်ဆုံးသွားတဲ့ ပုံပါပဲ..။ [နိမိတ်မကောင်းသော တီးတိုးသံ] ရဲ့ ကျိန်စာ မိသွားတာကြောင့် သူက ရူးသွပ်နေတဲ့ သားရဲ တစ်ကောင်အဖြစ် ပြောင်းလဲသွားခဲ့ပါပြီ..။ ဆန်နီ ဟာ ဒီ အချက်ကို အသုံးချပြီး ပျက်ပြားခြင်းအဆင့် နတ်မိစ္ဆာ ရဲ့ အာရုံကို တခြား သားရဲတွေဆီ ရောက်အောင် လုပ်ထားတယ်။ပြီးတာနဲ့.. သူ့ရဲ့ သံချပ်ကာတွေကို စနစ်တကျ ဖျက်ဆီးပစ်လိုက်ပါတယ်..။

လှည့်ကွက်ကတော့ သူ့ရဲ့ မြင်ကွင်းထဲမှာ မနေဖို့ ဖြစ်ပြီး ဧရာမ သားရဲကြီးကို နောက်ကျောကနေပဲ တိုက်ခိုက်ဖို့ပါ..။ဒါပေါ့.. အိပ်မက်ဆိုး သားရဲ အုပ်ကြီးထဲမှာ အဝိုင်းမခံရအောင် သွားလာရတာက မလွယ်ကူပေမဲ့.. စစ်မြေပြင်မှာ ဖြစ်နေတဲ့ ပရမ်းပတာ အခြေအနေတွေကြောင့် ဆန်နီ့အတွက် ဒီတာဝန်က ပုံမှန်ထက်တောင် ပိုပြီး လွယ်ကူနေပါသေးတယ်..။

နောက်ဆုံးမှာတော့ သူက ထွက်ပေါက် အစောင့်အကြပ် ကို သွေးတွေထွက်အောင် လုပ်ပြီး.. ဒဏ်ရာ ပေါင်းများစွာနဲ့ သူ့ရဲ့ အင်အားကို လျှော့ချနိုင်ခဲ့တယ်။ယင်းနောက်.. တုန်လှုပ်နေတဲ့ သူ့ရဲ့ အနက်ရောင် နှလုံးသားကို နောက်ဆုံးမှာ ထိုးဖောက်နိုင်ခဲ့ပါတယ်..။

ခနအကြာမှာတော့ အခိုက်အတန့် ရဲ့ အသံက တိုက်ပွဲသံတွေကြားထဲကနေပဲ သူ့နားထဲကို ရောက်လာခဲ့ပါတယ်..။

[သင်သည် ပျက်ပြားခြင်းအဆင့် နတ်မိစ္ဆာ တစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည်။အနန္တ စားသုံးသူ ]

[..သင့်အရိပ်က ပိုမို သန်မာလာခဲ့သည် ]

ဧရာမ သားရဲကြီးရဲ့ အလောင်းက မြေပြင်ပေါ်ကို ပြိုလဲကျသွားပြီး မြေပြင်ကို တုန်ခါသွားစေခဲ့တယ်..။

ဆန်နီ က ဒီ အလောင်းကို ခနလောက် အံ့ဩသင့်စွာ စိုက်ကြည့်နေမိပါတယ်..။

ပျက်ပြားခြင်းအဆင့် နတ်မိစ္ဆာ တစ်ကောင်.. ရုတ်တရက်ဆိုသလိုပဲ သူ မေ့ပျောက်ကုန်းမြေ ကို စရောက်သွားတုန်းက..သူ့ကို သေလုမတတ် ကြောက်အောင် လုပ်ခဲ့တဲ့ ဧရာမ ငါးမန်းကြီး ကို သတိရသွားခဲ့တာပါ..။ အဲဒီကောင်ကလည်း ပျက်ပြားခြင်းအဆင့် သတ္တဝါ တစ်ကောင်ပါပဲ..။ နတ်မိစ္ဆာ ဒါမှမဟုတ် နတ်ဆိုး တစ်ကောင်လည်းဖြစ်နိုင်ပါတယ်..။

တစ်နေ့မှာ သူက ဒီလို ကြောက်စရာကောင်းတဲ့ သတ္တဝါကြီးလိုမျိုး သားရဲတွေကို သတ်နိုင်လိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ..။

ဆန်နီ ခေါင်း ခါယမ်းလိုက်ရင်း နှစ်သိမ့်ခြင်းပြစ်ဒဏ် ကို ဝှေ့ယမ်းကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တယ်..။

အခုတော့ ကျန်နေတဲ့ အမှိုက်တွေကို ရှင်းလင်းရမယ့် အချိန် ရောက်ပါပြီ..။

အပိုင်း ( ၈၈၅ ) ပြီး၏။

All Chapters