← Chapters

အခန်း (၈၇၄-၈၇၆)

Vol. 59 Ch. 874-876

အခန်း (၈၇၄-၈၇၆)

Vol. 59 Ch. 874-876

အပိုင်း ( ၈၇၄ ) နောက်ဆုံး တာဝန်တစ်ခု

ခနအကြာမှာတော့ ရင်းနှီးတဲ့ မျက်နှာတစ်ခုက

စခရင်ပေါ်မှာ ပေါ်လာခဲ့တယ်..။ ပထမ အထူးတပ်ဖွဲ့ ကို ဦးဆောင်ပြီး တောင်ပိုင်းစတုတ္ထနယ်မြေ စစ်ဆင်ရေးရဲ့ သွေးချောင်းစီး တိုက်ပွဲတွေထဲက ဖိအားတွေ ရှိနေပေမဲ့

မာစတာ ဂျက် ကတော့ အေးဆေးစွာပဲ ရှိနေခဲ့တယ်။သူမက ခါတိုင်းလိုပါပဲ..။

မဟုတ်ဘူး.. အမှန်တော့ သူမက မြောက်ပိုင်းစတုတ္ထနယ်မြေ ရဲ့ ဘေးကင်းတဲ့နေရာမှာ ရှိနေတုန်းကထက်တောင် ပိုပြီး ကြည့်ကောင်းနေသခဲ့တာပါ..။ အန္တာတိက မှာရှိတဲ့ လူတိုင်း ခံစားနေရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေက သူမကို

မသက်ရောက်နိုင်သလို ဖြစ်နေခဲ့တယ်..။ သူမရဲ့ မျက်လုံးအောက်မှာ အမြဲတမ်းရှိနေတတ်တဲ့ မျက်ကွင်းညိုနေတာတွေလည်း ပျောက်ကွယ်သွားပြီး ထူးဆန်းလောက်အောင် အင်အားပြည့်ဝနေတဲ့ ပုံစံ ပေါက်နေခဲ့ပါတယ်..။

…ဆန်နီ ကတော့ ဒါ ဘာကြောင့်လဲဆိုတာနဲ့ ပတ်သက်ပြီး သံသယတစ်ခု ရှိနေခဲ့တယ်..။

ဝိဥာဥ် ရိတ်သိမ်းသူ က သူ့ကို တောက်ပစွာ ပြုံးပြလာခဲ့ပြီး

“ဟေး.. ဆန်နီ.. အခြေနေ ဘယ်လိုလဲ..”

သူကတော့ ရိုးရိုးရှင်းရှင်းပဲ ခေါင်းငြိမ့်ပြလိုက်ပါတယ်..။

“ကျရှုံးမူအဆင့် သားရဲတွေရဲ့ အသိုက်ကို ကျွန်တော်တို့ ရှင်းလိုက်ပြီ..။ ဒါပေမဲ့ ဒွန်း ကတော့ ဒဏ်ရာရသွားတယ်..။ သူ ပြန်ကောင်းဖို့ ရက်အနည်းငယ်တော့ လိုလိမ့်မယ်..”

လွန်ခဲ့တဲ့ တစ်လအတွင်းမှာ မာစတာ ဂျက် နဲ့ သူ့ရဲ့ ဆက်ဆံရေးက တဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်..။ သူတို့ဟာ အရင်ကထက် ပိုပြီး နီးစပ်လာသလို ရင်းနှီးမှုလည်း ပိုရှိလာကြတယ်..။ ဒီလို ရဲဘော်ရဲဘက်စိတ် ဆိုတာက တိုက်ပွဲပေါင်း များစွာကို ပခုံးချင်းယှဉ် တိုက်ခိုက်ပြီးမှသာ ရရှိနိုင်တာ ဖြစ်သလို.. သူတို့ နှစ်ယောက်စလုံးက ရှားပါးလှတဲ့ နောက်ခံတူညီမှုတွေ ရှိနေတာကြောင့်လည်း ပါပါတယ်။

မြို့ပြင်က ကြွက်နှစ်ကောင် က အစိုးရရဲ့

အထူးချွန်ဆုံး နိုးထသူ တွေကို ဦးဆောင် တိုက်ပွဲဝင်နေရတာက ရယ်စရာ မကောင်းဘူးလား။

ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ.. ဝိဥာဥ် ရိတ်သိမ်းသူ ရဲ့ တိုက်ခိုက်ပုံတွေကို စောင့်ကြည့်လာပြီးတဲ့နောက်မှာ ဆန်နီ ဟာ သူမရဲ့ အားနည်းချက်သဘာဝကို နားလည်လာပြီလို့ ခံစားလိုက်ရပါတယ်..။ အဲဒါကတော့ တကယ်ကို ကြောက်စရာကောင်းတဲ့ အရာပါပဲ..။

အရင်.. သူ မေ့ပျောက်ကုန်းမြေ ကို မရောက်ခင် တုန်းက.. မာစတာ ဂျက် ကို နိုးထသူ အများအပြားက ကြောက်ကြတယ်လို့ ဆရာဂျူးလိယက် က ပြောခဲ့ဖူးပါတယ်..။လူအိုကြီး ပြောပုံအရဆိုရင် သူမရဲ့ ပြဿနာရှိတဲ့ စရိုက်က သူတော်စင် တစ်ယောက် ဖြစ်လာနိုင်မဲ့ အခွင့်အရေး မှန်သမျှကို ဖျက်ဆီးပစ်နေခဲ့တာပါ..။အမှန်တော့ သူ ပြောခဲ့တာက..

ဘယ်သူက စိတ်ရောဂါရှိတဲ့ လူသတ်သမားတစ်ယောက်ကို သူတော်စင် ဖြစ်လာအောင် ကူညီချင်မှာလဲ.. ဆိုတာပါပဲ..။

နောက်ပိုင်း ဆန်နီ ကိုယ်တိုင် နိုးထသူ

အဖွဲ့အစည်းရဲ့ တရားမဝင် စည်းမျဉ်းတွေကို ပိုသိလာတဲ့အခါမှာ.. ဒီ ကောလာဟလတွေကအုပ်စိုးသူများ က သူမကို နှိမ်ချင်လို့ ဖန်တီးထားတဲ့ အကြောင်းပြချက်တစ်ခု သက်သက်ပဲလို့ ယုံကြည်ခဲ့ဖူးပါတယ်..။သူတို့ကို ဒူးမထောက်ပဲ ပိုပြီး သန်မာလာချင်တဲ့ မြို့ပြင်က ကြွ​က်ကလေး တစ်ကောင်အပေါ်မှာထားတဲ့ ဆက်ခံသူ​တွေရဲ့ မာနတစ်ခု မျိုးပါ။

သို့ပေမဲ့ အခုတော့.. သူ သိပ်ပြီး မသေချာတော့ပါဘူး..။

ဂျက် က သူမ သတ်လိုက်တဲ့သူတွေရဲ့ ဝိဥာဥ်အဆီအနှစ်တွေကို စုပ်ယူနိုင်တဲ့ ထူးဆန်းတဲ့ စွမ်းရည်ရှိနေတာကို ဆန်နီ မြင်တွေခဲ့ရပါတယ်..။ ပြီးတော့ သူမ ဟာ အစွမ်းထက်ပေမဲ့ သူမရဲ့ အက်ကွဲနေတဲ့ အမြုတေ ကနေ အဆီအနှစ်တွေက ပေါက်နေတဲ့ အိုးတစ်လုံးလိုမျိုး အမြဲတမ်း ယိုစိမ့်နေတာကိုလည်း သူ တွေ့ခဲ့ရပါသေးတယ်..။ နောက်ပိုင်း သူ သတိထားမိတာကတော့ သူမမှာ တခြား နိုးထသူ တွေလိုမျိုး အဆီအနှစ်တွေကို သဘာဝအတိုင်း ပြန်လည်ဖြည့်တင်းနိုင်တဲ့ စွမ်းရည် မရှိတာပါပဲ..။

ဒါကြောင့် ဝိဥာဥ် ရိတ်သိမ်းသူ ရဲ့ အားနည်းချက်က သူမကို လူသတ်မှုတွေ အမြဲတမ်း ကျူးလွန်နေဖို့ တွန်းအားပေးနေတယ်လို့ သူ သံသယဖြစ်မိပါတယ်..။ သူမရဲ့ ကွဲအက်နေတဲ့ အမြုတေကိုအသက်မဲ့ပြီး အားအင်ကုန်ခမ်းသွားတာမျိုး မဖြစ်စေဖို့အတွက် သတ်ဖြတ်ခြင်းကသာ တစ်ခုတည်းသော နည်းလမ်းဖြစ်နေတဲ့ ပုံပါပဲ..။

ဒါက ကိစ္စ အတော်များများကို ရှင်းပြနိုင်ပါတယ်..။ သူမ အန္တာတိက ကို လာဖို့ ရွေးချယ်ခဲ့တဲ့ တကယ့် အကြောင်းပြချက်ကနေစပြီး.. အစိုးရက ဘယ်တုန်းကမှ လူလို မဆက်ဆံခဲ့တဲ့ မြို့ပြင်က မိန်းကလေးတစ်ယောက်က ဘာလို့ အစိုးရရဲ့ သစ္စာရှိ အေးဂျင့်တစ်ယောက် ဖြစ်လာဖို့ ဆုံးဖြတ်ခဲ့တာလဲ ဆိုတာအထိပေါ့..။

အာဏာပိုင်တွေအတွက် အလုပ်လုပ်ပေးတာက သိပ်ပြီး ဂုဏ်ရှိတဲ့ အလုပ်တော့ မဟုတ်ပေမဲ့.. အဲဒီမှာ လုံးဝ မပြတ်မလပ် ရှိနေတာကတော့ သတ်ပစ်ရမဲ့ ရန်သူတွေပါပဲ..။

ဒါကြောင့်.. ဝိဥာဥ် ရိတ်သိမ်းသူ ဂျက် ကို လူသတ်ရတာ ဝါသနာပါတဲ့သူ အဖြစ် သတ်မှတ်ကြတာက မှားတော့မမှားပါဘူး..။ သူတို့က သူမရဲ့ ဒီလို စွဲလမ်းမှုနောက်ကွယ်က အကြောင်းပြချက်ကိုပဲ မှားယွင်းနေကြတာပါ..။

ဒီတော့ မေးခွန်းတစ်ခုက ပေါ်လာခဲ့တယ်..။ သူမကို သူ တကယ် ယုံကြည်လို့ ရပါ့မလား..။ ဝိဥာဥ် ရိတ်သိမ်းသူ ရဲ့ အဆီအနှစ်တွေ ကုန်ခမ်းနေတဲ့အချိန် ဘေးနားမှာ ဆန်နီ တစ်ယောက်တည်းသာ ရှိနေရင် ဘာဖြစ်လာနိုင်မလဲ..။

ဒါကတော့ သူ့ရဲ့ သံသယက မှန်ကန်နေမယ်ဆိုရင်ပေါ့..။

…ဆန်နီ ဒီအကြောင်းကို တွေးနေတုန်းမှာပဲ မာစတာ ဂျက် က ပြုံးလိုက်ပြီး ကင်မရာရှေ့မှာ သူမရဲ့ လက်ကို ဝှေ့ယမ်းပြလိုက်ပါတယ်..။ သူမလက်ထဲမှာတော့ ထူးဆန်းတဲ့ အဆောင်တစ်ခု.. မဟုတ်ဘူး.. တကယ်တော့ သာမန် လက်ဝတ်ရတနာ တစ်ခုများလား..။အဲဒါက ကြယ်လေးလုံး ထွင်းထုထားတဲ့ ရွှေရောင် စက်ဝိုင်းပုံစံ မျိူး ဖြစ်ပြီး ဘေးပတ်လည်မှာ လှပတဲ့ ပန်းခက်လက်ရာတွေနဲ့ အပေါ်ဘက်မှာ ခရမ်းရောင် ဖဲကြိုးလေးတစ်ခု တပ်ထားပါတယ်..။

'အဲတာက ဘယ်လို ငရဲ မျိုးလဲ..'

သူ့ရဲ့ ဇဝေဇဝါ ဖြစ်နေတဲ့ မျက်နှာကို မြင်တော့ သူမက ခေါင်းခါလိုက်တယ်..။

“ဘုရားရေ.. ဆန်နီ.. ဒါက ဘာလဲဆိုတာ မင်း

မသိဘူးလား..။ ဒါက ဗာလာ ရဲ့ အထွတ်အထိပ်ကြယ်ပွင့် လေ..။စစ်ဘက်ဆိုင်ရာ ဂုဏ်ထူးဆောင် တံဆိပ် တွေထဲမှာတော့ အမြင့်ဆုံးပဲ..။ ဒါက မင်းရဲ့ တံဆိပ်ပဲ.. ငတုံးရဲ့..။ နောက်ဆုံးတော့ စစ်ဌာနချုပ်ကနေ ဒါကို ထုတ်ပေးဖို့ ငါ ကြိုးစားနိုင်ခဲ့ပြီ..."

ဆန်နီ မျက်တောင်ခတ်လိုက်တယ်..။

“အိုး.. ဒါက.. ကောင်းတာပေါ့..”

မာစတာ ဂျက် က စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းတစ်ချက် ချလိုက်ပါတယ်..။

“…ပြီးတော့ ဒီတံဆိပ် နဲ့အတူ ထောက်ပံ့မှု အမှတ်တွေ အများကြီးလည်း ဆုလာဘ်အဖြစ် ပါသေးတယ်..”

ချက်ချင်းဆိုသလိုပဲ သူ့ရဲ့ မျက်နှာက လန်းဆန်းသွားခဲ့တယ်..။

“အိုး..အကောင်းဆုံးပဲ..”

နောက်ဆုံးတော့ ဝိဥာဥ် ရိတ်သိမ်းသူ က ကျေနပ်သွားပြီး ခေါင်းငြိမ့်လိုက်ပါတယ်..။

“ဒီလို ဖြစ်လာဖို့ တော်တော်လေး နားချလိုက်ရတယ်..။ ဘာပဲဖြစ်ဖြစ် ငါတို့ လူချင်းတွေ့တဲ့အခါမှပဲ မင်းကို ပေးတော့မယ်..။ဒီအကြောင်း ပြောရရင်.. အစီအစဉ်တွေက နည်းနည်း ပြောင်းသွားပြီး..။ ငါတို့ မတွေ့ခင် မင်း နောက်ထပ် တာဝန်တစ်ခုကို အရင် ပြီးအောင် လုပ်ရလိမ့်မယ်..။ အာ.. ဒါပေမဲ့ မစိုးရိမ်ပါနဲ့..။ ဒီတာဝန်က အေးအေးဆေးဆေးပဲ ဆိုတော့.. မင်းရဲ့လူတွေ ပြန်ကောင်းဖို့ အချိန် အများကြီး ရမှာပါ..”

ဆန်နီ ကတော့ သူမကို သံသယရှိတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့တယ်..။ မာစတာ ဂျက် က အန္တာတိက အလယ်ပိုင်း မြေပုံကို ယူလိုက်ပြီး နေရာအချို့ကို မှတ်သားလိုက်ပါတယ်..။

“မင်းတို့နဲ့ အတူရှိနေတဲ့ တပ်မဟာကတော့ တောင်ဘက်ကို ဆက်သွားတော့မှာ မဟုတ်ဘူး..။ဘာလို့လဲဆိုတော့ အဲဒီမှာ လူနေထူထပ်တဲ့ မြို့ကြီးတွေ မရှိတော့လို့ပဲ..။ ဒါပေမဲ့ ဒီကုန်းမြေရဲ့ အစွန်းဆုံး တောင်ဘက်မှာတော့ အတော်လေး အရေးကြီးတဲ့ သုတေသန စခန်းတစ်ခု ရှိတယ်..။ အဲဒါက မင်းတို့ အခုရှိနေတဲ့ နေရာကနေဆိုရင် ကီလိုမီတာ လေးရာလောက် ဝေးတယ်..”

ဆန်နီ မြေပုံကို လေ့လာလိုက်တယ်..။ အန္တာတိက အလယ်ပိုင်းက သမုဒ္ဒရာထဲမှာ လဲလျောင်းနေတဲ့ ဧရာမ မြွေကြီးတစ်ကောင်နဲ့ တူနေပြီး.. ဂျက် ပြောတဲ့ စခန်းကတော့ အဲဒီမြွေရဲ့ အမြီးဖျားလေးမှာ ရှိနေတာပါ..။

“အဲဒီမှာ ဘာဖြစ်လို့လဲ..”

သူမက ပုခုံးတွန့်ပြလိုက်တယ်..။

“မင်းရဲ့ တာဝန်က အဲဒီစခန်းကို သွားပြီး.. အရေးကြီးပုဂ္ဂိုလ် ကို ကာကွယ်ပေးဖို့နဲ့.. သူ့ကို အနီးဆုံး ခံတပ်မြို့တော် ဆီကို ခေါ်လာပေးဖို့ပဲ..။ အဲ့ စခန်းမှာ မာစတာ တစ်ယောက် ဦးဆောင်တဲ့ ဒေသခံ နိုးထသူ အစောင့်တပ်ဖွဲ့လည်း ရှိတော့ ရှိပါတယ်..။ သာမန် ဝန်ထမ်းတွေနဲ့ သိပ္ပံပညာရှင်တွေကို ဘေးကင်းရာ ပို့ပေးဖို့ကတော့ သူတို့ရဲ့ တာဝန်ပေါ့..။ မင်းတို့ကလည်း ဒီတိုင်း ပြန်လာချင်ရင် ပြန်လာလို့ ရတယ်..။ ဒါပေမဲ့ သူတို့က ခရီးစဉ်မှာ ကူညီပေးဖို့ စစ်ကူတွေကို မျှော်လင့်နေတာဆိုတော့.. အဲလို ပြန်လာလိုက်ရင် မကောင်းဘူးပေါ့.."

ဆန်နီ ခနလောက် စဉ်းစားလိုက်ပြီးမှ ခေါင်းငြိမ့်လိုက်တယ်..။

“ကြားရတာတော့ လွယ်သားပဲ..”

'..ဟုတ်တယ်.. ဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။ ဆိုးရွားတာတစ်ခုခုတော့ ကျိန်းသေ ပေါက် ဖြစ်လာတော့မှာ..'

မာစတာ ဂျက် ပြုံးလိုက်ပြီး.

“လွယ်လွယ်လေးပဲလေ.. မဟုတ်ဘူးလား..။ ဘာပဲဖြစ်ဖြစ် ဒါပြီးရင်တော့ ငါတို့တွေ ခံတပ်မြို့တော်ရဲ့ တံတိုင်းတွေထဲမှာ အချိန်အကြာကြီး နေပြီး အနားယူလို့ ရပါပြီ..။ ကံကောင်းပါစေ..”

အပိုင်း ( ၈၇၄ ) ပြီး၏။

အပိုင်း ( ၈၇၅ ) လမ်းဟောင်းများ

နောက်တစ်ရက်မှာတော့ ဆန်နီ နဲ့ သူ့ရဲ့ အဖွဲ့ဟာ ဒဏ်ရာဒဏ်ချက်တွေ ပြည့်နှက်နေတဲ့ တပ်မဟာကြီးဆီကနေ ခွဲထွက်လာခဲ့ကြတယ်..။ စစ်သည်တွေနဲ့ စစ်ယာဉ်တန်းကြီးကတော့ အရှေ့ဘက် တောင်ထိပ်တွေရဲ့ နောက်ကွယ်မှာရှိတဲ့ မြို့ကြီးတစ်မြို့ဆီကို အဝေးပြေးလမ်းမကြီးအတိုင်း ချီတက်သွားကြပါတယ်..။ တစ်ချိန်တည်းမှာပဲ

ရိုင်နို ကတော့ တောင်ဘက်ကို ဆက်လက် ဦးတည်နေခဲ့တယ်..။

“ကီလိုမီတာ လေးရာလား..။ သုတေသနစခန်းကို ရောက်ဖို့ ဘယ်လောက်ကြာမယ်လို့ မင်းထင်သလဲ..”

ဆန်နီ ကတော့ အခုအချိန်မှာ အကာအကွယ်တပ်ဆင်ထားတဲ့ သံချပ်ကာယာဉ်ရဲ့ ခေါင်းခန်းထဲမှာ ရှိနေပြီး.. နံရံကို မှီရင်း ရှေ့ကို ကြည့်နေခဲ့တယ်..။ လူစတာ က မောင်းနှင်သူခုံကနေ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး တွေဝေစွာနဲ့ ပုခုံးတွန့်ပြလိုက်ပါတယ်..။

“ပြောရခက်တယ် ဆျာ..။ ဒီနေရာရဲ့ မြေမျက်နှာသွင်ပြင်က တကယ်ကို ကြမ်းတမ်းလွန်းတယ်..။ ကမ်းရိုးတန်း လွင်ပြင်ကို မရောက်ခင် တောင်တန်း တော်တော်များများကို ကျော်ဖြတ်ရလိမ့်မယ်..။ ဟိုနားဒီနားမှာ လမ်းဟောင်းတချို့ ရှိနေပြီး.. ဖြတ်လမ်းအဖြစ် သုံးလို့ရတဲ့ ဥမင်လိုဏ်ဂေါင်းတွေလည်း ရှိနေတယ်..။ ဒါပေမဲ့ အဲဒီလမ်းတွေကို ဘယ်သူမှ ဂရုမစိုက်တာ နှစ်ပေါင်း ငါးဆယ်လောက် ရှိပြီဆိုတော့.. အခုဆို ကျောက်တုံးဝင်္ကပါကြီးလို ဖြစ်နေပြီ..။ ဒါကြောင့်.. အနည်းဆုံးတော့ ရက်အနည်းငယ် ကြာလိမ့်မယ်..။ အိပ်မက်ဆိုး သားရဲ အုပ်စုတွေနဲ့ မတိုးအောင် သေချာ ဂရုစိုက်မယ်ဆိုရင်တော့ တစ်ပတ်လောက်တောင် ကြာသွားနိုင်တယ်..”

သူ ခနလောက် တုံ့ဆိုင်းနေပြီးမှ ထပ်ပြောလာခဲ့တယ်..။

“ဒါပေမဲ့ တောင်တန်းတွေကို ထားခဲ့ပြီး ကမ်းရိုးတန်း လမ်းမကြီးအတိုင်း မောင်းမယ်ဆိုရင်တော့.. တစ်ရက်တည်းနဲ့ ရောက်အောင် ပို့ပေးနိုင်တယ်လေ..”

အန္တာတိက အလယ်ပိုင်းရဲ့ ဒေသအများစုက တောင်ထူထပ်တဲ့ သဘာဝရှိနေတာကြောင့်.. အမြန်နှုန်းနဲ့ ရွေ့လျားဖို့ဆိုတာ ပြဿနာတစ်ခု ဖြစ်နေခဲ့တယ်..။ လေကြောင်းက သွားရင် ပိုမြန်နိုင်ပေမဲ့.. ဒီလို အခြေအနေမျိုးမှာ လေယာဉ်ကို သုံးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်မှာ မဟုတ်ပါဘူး..။

အကြောင်းပြချက်ကတော့ ရိုးရှင်းပါတယ်..။ ပျံသန်းနိုင်တဲ့ ယာဉ်တစ်စီးပေါ်မှာ လုံလောက်တဲ့ သံချပ်ကာတွေ တင်ဖို့ဆိုတာ မဖြစ်နိုင်လို့ပါပဲ..။ ထွက်ပေါက် တွေရဲ့ နှောင့်ယှက်မှုကြောင့် အီလက်ထရွန်နစ်နဲ့ လမ်းညွှန်စနစ်တွေက ချက်ချင်း ပျက်စီးသွားနိုင်တာတင် မကပဲ.. ကီလိုမီတာ တစ်ရာအတွင်းမှာ ရှိသမျှ အိပ်မက်ဆိုး သားရဲတွေက လေယာဉ်ကို မြင်သွားပြီး ဝိုင်းတိုက်ချတာကို ခံရနိုင်တာကြောင့် ဖြစ်ပါတယ်..။

နိုးထသူ အနည်းငယ်သာ ဝေဟင်မှာ ထိရောက်အောင် တိုက်ခိုက်နိုင်တာကြောင့်.. တောင်ပံပါတဲ့ သားရဲတွေရဲ့ ဝိုင်းတိုက်ခိုက်မူကို ခံရတာ ဒါမှမဟုတ် မြေပြင်ကနေ ပစ်ခတ်မှုတွေနဲ့ ကြုံရတာက သူတို့အတွက် အဆိုးရွားဆုံး အိပ်မက်ဆိုးပါပဲ..။

ဒီလိုနဲ့ပဲ အန္တာတိက အလယ်ပိုင်းကို မြန်မြန် ဖြတ်ကျော်နိုင်မဲ့ နည်းလမ်း မရှိဘူးလို့ မဆိုလိုပေ..။ ကမ်းရိုးတန်းနားမှာ မြေမျက်နှာသွင်ပြင်က ပိုပြီး ပြန့်ပြူးတာကြောင့် အေးစက်တဲ့ သမုဒ္ဒရာကမ်းခြေတလျှောက်မှာ အဆင်ပြေတဲ့ အဝေးပြေးလမ်းမကြီးတစ်ခု ရှိနေခဲ့တယ်..။ ပြဿနာကတော့ အဲဒီလမ်းကနေ သွားဖို့က လုံးဝ ဘေးမကင်းတာပါပဲ..။အထူးသဖြင့် ဒီရက်ပိုင်းတွေမှာပေါ့..။

သမုဒ္ဒရာထဲမှာလည်း အိပ်မက်ဆိုး သားရဲတွေ ပြည့်နှက်နေခဲ့တယ်..။ မငြိမ်သက်တဲ့ ရေမျက်နှာပြင် အောက်မှာ ကြောက်စရာကောင်းတဲ့ အရာမျိုးစုံက ပုန်းအောင်းနေကြပါတယ်..။

ဆန်နီ သက်ပြင်းချလိုက်ပြီး..

“…မလုပ်ပါနဲ့.. ကမ်းရိုးတန်းနားကို မသွားတာ ပိုကောင်းမယ်..။ အဲဒီ လမ်းဟောင်း ဥမင်တွေကိုလည်း ရှောင်လိုက်ရအောင်.။တောင်ပေါ်ကနေသာ အေးဆေး ဖြတ်မောင်းလိုက်တော့ လူစတာ..။ ဘာပဲဖြစ်ဖြစ် ဒွန်း ပြန်ကောင်းဖို့ကလည်းအချိန်လိုသေးတာပဲ..”

လူငယ်လေးက ပြုံးလိုက်တယ်။

“ဟုတ်ကဲ့ပါ ဆျာ..။ အမိန့်အတိုင်း လုပ်ပါ့မယ်..”

ဆန်နီ က သူ့ကို စိတ်ပျက်လက်ပျက် ကြည့်လိုက်ပြီးမှ ခေါင်းခါယမ်းလိုက်တယ်..။ သူ့ရဲ့

မွန်ဂရယ် ဆိုတာကို သိလိုက်ရကတည်းက လူစတာက ဖားယားသလို ပြုမူနေခဲ့တာပါ..။ ဒါက နည်းနည်းတော့ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်..။

“ကောင်းပြီလေ.. ဒါဆိုလည်း..”

သူက ရိုင်နို ရဲ့ အနောက်ဘက်ကိုလျှောက်သွားလိုက်ပြီး တရားထိုင်ဖို့ လုပ်လိုက်တယ်..။ ပြီးခဲ့တဲ့ တစ်လအတွင်းမှာ ဝိဥာဥ် အဆီအနှစ်တွေကို ပြန်လည်ဖြည့်တင်းဖို့က ဘယ်လောက်တောင် အရေးကြီးတယ်ဆိုတာကို အန္တာတိက မှာရှိတဲ့ နိုးထသူ အားလုံး နာကျင်စွာပဲ သိရှိခဲ့ကြပါတယ်..။ ပတ်ဝန်းကျင်မှာ အိပ်မက်ဆိုး သားရဲတွေ များလွန်းသလို တိုက်ခိုက်ရတဲ့ တိုက်ပွဲတွေကလည်း အရမ်းများနေခဲ့တယ်..။ မိမိရဲ့ အဆီအနှစ် လက်ကျန်ကို ထိန်းသိမ်းထားနိုင်ခြင်းက ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းရဲ့ ခြားနားချက် ဖြစ်နေတတ်ပါတယ်..။ ဒါက ဘယ်လောက်ကြာကြာနဲ့ ဘယ်လောက် ကောင်းကောင်း တိုက်ခိုက်နိုင်မလဲဆိုတာကို သတ်မှတ်ပေးတဲ့ ရှောင်လွှဲလို့မရတဲ့ ကန့်သတ်ချက်လည်း ဖြစ်ပါတယ်..။

ဆန်နီ ရဲ့ အဆီအနှစ် ပမာဏက တခြား မာစတာ တွေထက် လေးဆလောက် ပိုများပေမဲ့.. အဆီအနှစ် ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ နှုန်းကတော့ နှစ်ဆလောက်ပဲ ပိုမြန်ပါတယ်..။ အကျိုးဆက်အနေနဲ့ အဆီအနှစ်တွေ အပြည့်ပြန်ဖြစ်ဖို့ သုံးရက်ကနေ လေးရက်အထိ အချိန်ယူခဲ့ရတယ်..။ အိပ်စက်ခြင်း၊ အနားယူခြင်းနဲ့ တရားထိုင်ခြင်းတွေက ကူညီပေးနိုင်ပေမဲ့.. အန္တာတိက မှာ ဘယ်သူက အနားယူဖို့ အချိန်ရှိမှာလဲ..။

သူတို့အားလုံးဟာ အဆီအနှစ် ပြတ်လပ်မှု ဒဏ်ကို ခံစားရင်း တိုက်ခိုက်ရတာကို ကျင့်သားရနေကြရပြီ ဖြစ်ပါတယ်..။ ဒါကလည်း ရက်တွေ ကြာလာလေလေ စစ်ဆင်ရေးက ပိုခက်ခဲလာပြီး လူတိုင်း ပင်ပန်းနွမ်းနယ်နေရတဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုပါပဲ..။ သူ့ရဲ့ အဖွဲ့ကတော့ လူစတာ ကြောင့် တခြားသူတွေထက် အခြေအနေ ပိုကောင်းနေပေမဲ့.. ဆန်နီ ကိုယ်တိုင်ကတော့ ဒီလူငယ်လေးရဲ့ ထူးခြားတဲ့ စွမ်းရည် ကို အသုံးမပြုနိုင်ခဲ့ပါဘူး..။

…ကံကောင်းတာက နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ ပြင်းထန်တဲ့ တိုက်ပွဲတွေ မရှိနိုင်တာပါပဲ..။ ဒါကပဲ ဆုလာဘ်တစ်ခုလို ဖြစ်နေခဲ့တယ်..။

ဆန်နီဟာ မျက်လုံးတွေကို မှိတ်ထားရင်း အနားယူနေပြီး.. သူ့ရဲ့ အရိပ်တွေကတော့ ရှေ့က လမ်းကြောင်းကို ကင်းထောက်နေကြပါတယ်..။

ရိုင်နို ဟာ အတော်လေးကြီးမားပေမယ့်လည်း

မထင်မှတ်ထားလောက်တဲ့ ဖျတ်လတ်မှုနဲ့ တောင်တန်းတွေရဲ့ မတ်စောက်တဲ့ လျှိုမြောင်တွေကို ကျော်တက်နေခဲ့တယ်..။ အပေါ်က ကောင်းကင်ယံမှာတော့ တောင်ပိုင်း အလင်းတန်းတွေက ဝေဝါးတဲ့ အလင်းရောင်တွေနဲ့ တောက်ပနေပေမဲ့.. တောင်တန်းတွေကတော့ အမှောင်ထဲမှာ နစ်မြုပ်နေပါတယ်..။

ညဘက်မှာ ဒီလို ကြောက်စရာကောင်းတဲ့ လျှိုမြောင်တွေကြားထဲ သံချပ်ကာယာဉ်ကြီးကို မောင်းနှင်ရတာက သတ္တိမရှိတဲ့သူတွေ လုပ်နိုင်တဲ့အရာ မဟုတ်ပါဘူး..။ အမှားသေးသေးလေး တစ်ခုကပဲ အသက်အန္တရာယ်ရှိတဲ့ အမြင့်ကနေ ပြုတ်ကျသွားစေနိုင်ပါတယ်..။ ဒါပေမဲ့ လူစတာ ကတော့ အဆင်ပြေပုံ ရနေခဲ့တယ်..။ သူက သူ့ရဲ့ ကံကောင်းခြင်း အဆောင်ကိုတောင် ဆင့်ခေါ်ထားပြီး စိုးရိမ်တကြီးနဲ့ မကြာခန ပွတ်သပ်နေခဲ့ပါတယ်..။

အရာအားလုံးက အေးဆေးနေပုံ ပါပဲ..။

သူတို့ဟာ ဖြည်းဖြည်းချင်းနဲ့ မှန်မှန်ကန်ကန်ပဲ ခရီးစဉ်ဆီကို ဦးတည်နေကြတယ်..။ ဆန်နီ ကတော့ မြင်ရသမျှ မြေမျက်နှာသွင်ပြင်တွေကို အတတ်နိုင်ဆုံး မှတ်သားထားဖို့ ကြိုးစားနေခဲ့ပါတယ်..။ သုတေသနစခန်းကနေ အရေးကြီးပုဂ္ဂိုလ် ကို သွားကြိုပြီးရင် ဒီလမ်းအတိုင်းပဲ ပြန်လာရနိုင်တာကို သူ သိနေလို့ပါပဲ..။ အန္တာတိက တောင်တန်းတွေရဲ့ တောင်ဘက် အစွန်းပိုင်းကတော့ တကယ်ကို ဝင်္ကပါကြီး တစ်ခုလိုပါပဲ..။

မြင့်မားတဲ့ တောင်ထိပ်တွေက ကောင်းကင်ယံကို ထိုးတက်နေပြီး.. တောင်စောင်းတွေမှာတော့ ပျက်စီးနေတဲ့ လမ်းဟောင်းတွေ ရှိနေခဲ့တယ်..။ ကျောက်ဆောင်ကြီးတွေကို ဖောက်ထွင်းထားတဲ့ မှောင်မည်းနေတဲ့ ဥမင်ပေါက်ကြီးတွေကလည်း မကြာခန ပေါ်လာတတ်ပြီး.. သူ့ကို စိုးရိမ်စိတ်တွေ ဝင်လာစေပါတယ်..။

ဒီလမ်းတွေနဲ့ ဥမင်တွေကို သူ မမွေးခင်ကတည်းက..တည်ဆောက်ခဲ့ကြတာပါ..။ အဲဒီတုန်းက ကမ္ဘာကြီး ပျက်စီးနေချိန်မှာ လူသားတွေဟာ စစ်ပွဲတွေနဲ့အတူ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးဖို့ အလုပ်ရှုပ်နေခဲ့ကြပါတယ်..။ ယင်းနောက်မှာတော့ အိပ်မက်ဆိုး အခိုက်အတန့် ရောက်လာပြီး အရာအတော်များများ ပြောင်းလဲသွားခဲ့တယ်..။ အခုဆိုရင် လမ်းဟောင်းတွေက စွန့်ပစ်ခံထားရပြီး ပျက်စီးနေပြီ ဖြစ်ပေမဲ့ ရိုင်နိုကတော့ အသုံးချလို့ ရနေပါသေးတယ်..။

ခရီးစဥ်ကတော့ နှေးကွေးနေခဲ့တယ်..။ ပွင့်နေတဲ့ ထွက်ပေါက် တွေနဲ့ လှည့်လည်သွားလာနေတဲ့ အိပ်မက်ဆိုး သားရဲ အုပ်စုတွေကို ရှောင်နေရတာကြောင့် ပိုလို့တောင် နှေးနေခဲ့ပါတယ်..။

နောက်ဆုံးမှာတော့.. တောင်တန်းတွေကို ဖြတ်ကျော်ပြီး အန္တာတိက အလယ်ပိုင်းရဲ့ တောင်ဘက်အစွန်းက ကမ်းရိုးတန်းလွင်ပြင်ကို ဆင်းသက်ဖို့ လေးရက်နီးပါး ကြာသွားခဲ့တယ်..။ ဒီနေရာကနေဆိုရင်တော့ သူတို့ သွားရမဲ့နေရာကို အရှိန်အပြည့်နဲ့ သွားလို့ ရပါပြီ..။ရိုင်နို က အရှိန်မြှင့်ပြီး လွင်ပြင်ကို ဖြတ်ကျော်လာတဲ့အချိန်မှာပဲ.. ပြင်းထန်တဲ့ နှင်းမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ မြင်ကွင်းတွေကို သုညနီးပါးအထိ ပိတ်ဆို့လိုက်ပါတယ်..။

……အဲ့အချိန်ကနေစပြီး အရာအားလုံးက စတင် လွဲချော်တော့ တာပါပဲ..။

အပိုင်း ( ၈၇၅ ) ပြီး၏။

အပိုင်း ( ၈၇၆ ) LO49

ဆန်နီ တစ်ယောက် လန့်နိုးလာခဲ့တယ်..။ ရိုင်နို ရဲ့ ရင်းနှီးနေတဲ့ အသံတွေနဲ့ တုန်ခါမှုတွေက အရာအားလုံး အဆင်ပြေနေကြောင်း နဲ့ ပန်းတိုင်ဆီကို အရှိန်အပြည့်နဲ့ မောင်းနှင်နေတယ်ဆိုတာကို ပြောပြနေပါတယ်..။သူတို့ကို ဘယ်သူမှ တိုက်ခိုက်နေပုံလည်း မရပါဘူး..။

သို့ပေမဲ့ အကြောင်းပြချက် တစ်ချို့ကြောင့် သူက မလုံခြုံမှုကို ခံစားနေခဲ့ရတယ်..။ ဆန်နီ မျက်မှောင်ကျုတ်လိုက်ပြီး ကုတင်ပေါ်ကနေ ဆင်းလိုက်ပါတယ်..။ ယင်းနောက် ယာဉ်မောင်းခန်းဆီကို လျှောက်သွားလိုက်တယ်..။ လမ်းမှာတော့ ဒုတိယထိန်းချုပ်ခန်းမှာ စစ်ဆေးမှုတွေ လုပ်နေတဲ့ ကင်မ် နဲ့ ကုန်တင်ခန်းက အလုပ်ခုံမှာ ရိုင်ဖယ်ကို ပြင်ဆင်နေတဲ့ ဆမ်မာရာ တို့ကို ဖြတ်ကျော်လာခဲ့ပါတယ်..။

ရိုင်နို ရဲ့ အရှေ့ဘက်ကို ရောက်တဲ့အခါမှာတော့ ဆန်နီ ဟာ သံချပ်ကာ လေကာမှန်ကနေတစ်ဆင့် ကမ္ဘာကြီးကို လွှမ်းခြုံထားတဲ့ အဖြူရောင် နှင်းမုန်တိုင်း ကြီးကို တိတ်တဆိတ် ကြည့်နေခဲ့တယ်..။သူက အပြင်ဘက် ကင်မရာတွေကနေတစ်ဆင့် ကြည့်လို့ရတယ် ဆိုပေမဲ့လည်း သူ့ရဲ့ ကိုယ်ပိုင်မျက်လုံးကိုပဲ ပိုပြီး ယုံကြည်ပါတယ်..။

…ဘယ်အရာကမှ ထူးခြားနေတာမျိုး မရှိပါဘူး..။

သူ ခနလောက် တွေဝေနေပြီးမှ လူစတာ ကို လှမ်းမေးလိုက်တယ်..။

“ခုနက တစ်ခုခု ဖြစ်သွားသေးလား..”

လူငယ်လေးက သူ့ကို ဇဝေဇဝါနဲ့ တစ်ချက်ကြည့်လိုက်ပါတယ်..။

“ဟင်.. မဖြစ်ပါဘူး ..။အိုး.. လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က မြေငလျင်လှုပ်ခတ်မှု နည်းနည်း ဖြစ်သွားပေမဲ့ ဒါက ပုံမှန်ပါပဲ..။မကြာခန ဖြစ်တတ်ပါတယ်..။ စိတ်မပူပါနဲ့ ဆျာ.. နောက်နာရီဝက်လောက်ဆိုရင် စခန်းကို ရောက်ပါပြီ..”

ဆန်နီ အတွေးနက်သွားခဲ့တယ်..။

“…ကောင်းပြီလေ..”

သူက ဧည့်ခန်းကို ပြန်သွားပြီး ကော်ဖီတစ်ခွက် ဖျော်လိုက်ပါတယ်..။ ပြီးနောက် ထိန်းချုပ်ခန်းဆီကို လျှောက်သွားလိုက်တယ်..။

“ကင်မီ.. သုတေသနစခန်းကို ဆက်သွယ်လိုက်ပါ..။ ငါတို့ မကြာခင် ရောက်တော့မယ်လို့ ပြောလိုက်ဦး..”

သူမက စစ်ဆေးနေတဲ့ ဆော့ဖ်ဝဲလ်ကို ခေတ္တရပ်လိုက်ပြီး လှိုင်းထုတ်လွှတ်စက်ကို ဖွင့်ကာ ဆက်သွယ်မှုတောင်းဆိုချက်ကို ပို့လိုက်တယ်..။ မိနစ်အနည်းငယ်ကြာတဲ့အထိ လိုင်းပေါ်မှာ ဆူညံသံတွေပဲ ကြားနေရပါတယ်..။ ကင်မ် မျက်မှောင်ကျုတ်လိုက်ပြီး ရိုင်နို ရဲ့ အင်တင်နာတိုင်တွေကို အဆုံးအထိ မြှင့်တင်ကာ နောက်တစ်ကြိမ် ထပ်ပြီး ခေါ်ဆိုလိုက်တယ်..။

ဒါပေမဲ့ ဘာမှ ထူးခြားမလာပါဘူး..။

ဆန်နီ က ကော်ဖီကို တစ်ငုံ သောက်လိုက်ပြီး..

“ဘာလဲ.. ဘယ်သူမှ ပြန်မထူးဘူးလား..”

သူမက မော်နီတာတွေကို သေချာကြည့်ပြီးမှ

တုံ့ဆိုင်းတဲ့ လေသံနဲ့ ပြောလာခဲ့တယ်..။

“မဟုတ်ဘူး .. အဲဒါကြောင့် မဟုတ်ဘူး..။ တစ်ခုခုကြောင့် ကျွန်မတို့ရဲ့ အချက်ပြလှိုင်းက မထွက်သွားနိုင်သလို ဖြစ်နေတယ်..”

သူက ခေါင်းနောက်ဖက်ကို ကုတ်လိုက်တယ်..။

“ဒါဆိုရင် စစ်ဌာနချုပ်ကို ဆက်သွယ်လိုက်..။ စခန်းရဲ့ အခြေအနေကို မေးကြည့်ရအောင်..”

ကင်မ် က သူ ခိုင်းတဲ့အတိုင်း လုပ်ပေမဲ့လည်း ဘာရလဒ်မှ ထွက်မလာခဲ့ပါဘူး..။ သူမရဲ့ မျက်နှာက အနည်းငယ် ပျက်ယွင်းသွားခဲ့တယ်..။

“ဒါက.. စစ်ဌာနချုပ်ကိုလည်း ဆက်သွယ်လို့ မရတော့ဘူး ဆျာ..။ ဆက်သွယ်ရေးစနစ် အားလုံး ပြတ်တောက်သွားပုံ ရတယ်..”

ဆန်နီ ခနလောက် တိတ်ဆိတ်သွားခဲ့တယ်..။

“ဒါဆို ငါတို့က အားလုံးနဲ့ အဆက်အသွယ် ပြတ်သွားတာပေါ့..။ နှင်းမုန်တိုင်းကြောင့်လား..”

ဒီနောက်ပိုင်းမှာ တည်ငြိမ်တဲ့ ဆက်သွယ်ရေးရဖို့ ခက်ခဲလာတာ မှန်ပေမဲ့ အခုလို လုံးဝ ပြတ်တောက်သွားတာမျိုးတော့ မကြုံဖူးသေးပါဘူး..။ ဆန်နီ က ရိုင်နို ရဲ့ ဆက်သွယ်ရေးစနစ်ကို အဆင့်မြှင့်ဖို့အတွက် အမှတ်တွေ အများကြီး အသုံးချထားခဲ့တာပါ..။

ကင်မ် က တွေဝေစွာနဲ့..

“ကျွန်မလည်း အသေအချာ မပြောတတ်တော့ဘူး ဆျာ..။ ရိုးရိုး နှင်းမုန်တိုင်းတစ်ခုက အချက်ပြလှိုင်းကို ဒီလောက်အထိ နှောင့်ယှက်နိုင်စရာ အကြောင်း မရှိပါဘူး..”

ဆန်နီ က သူ့ မျက်နှာကို ပွတ်သပ်လိုက်တယ်..။

“ဒါက သိပ်မကောင်းတော့ဘူး..”

သူ သက်ပြင်းချလိုက်ပြီး နှင်းမုန်တိုင်းထဲကို အရိပ်တွေ စေလွှတ်လိုက်တယ်..။ အဖြူရောင်နှင်းတွေထဲမှာ ပုန်းအောင်းနေနိုင်တဲ့ အန္တရာယ်တွေကို ရှာဖွေဖို့ အရိပ်တွေက ရိုင်နို ဘေးပတ်ပတ်လည်ကို ပျံ့နှံ့သွားကြပါတယ်..။ ဒါပေမဲ့ အရိပ်တွေ ဘယ်လောက်ပဲ အသေအချာ ရှာဖွေပါစေ.. ဘာမှ ထူးခြားတာမျိုး မတွေ့ရပါဘူး..။

ဆန်နီ ဟာ ခရီးစဉ်ရဲ့ ကျန်ရှိတဲ့ အချိန်တစ်လျှောက်လုံး သတိကြီးကြီးနဲ့ စောင့်ကြည့်နေခဲ့တယ်..။ ဘာမှ မဖြစ်ပဲ မိနစ်တွေ ကုန်ဆုံးသွားပါတယ်..။ မကြာခင်မှာပဲ ဧည့်ခန်းထဲကနေ လှုပ်ရှားသံ အနည်းငယ် ကြားလိုက်ရတယ်။.. ဘယ်လီ၊ ချီတင် နဲ့ ဒွန်း တို့က အိပ်မက်ကမ္ဘာ ကနေ ပြန်လာပြီး အိပ်စက်ခြင်း သေတ္တာ ထဲကနေ ထွက်လာကြတာပါ..။ သူတို့အားလုံးက အနားရသွားကြသလိုမျိုး လန်းဆန်းနေကြတယ်..။ ဒွန်း က အနည်းငယ် နေမကောင်းသေးပုံ ရပေမဲ့ သူ့ရဲ့ ဒဏ်ရာကတော့ ပျောက်ကင်းဖို့ အတော် နီးစပ်နေပါပြီ..။

ဒီလိုနဲ့ပဲ နာရီဝက်လောက် အချိန်ကုန်ဆုံးသွားခဲ့တယ်..။ ရိုင်နို ရဲ့ အားကောင်းတဲ့ မီးမောင်းတွေက စခန်းတံခါးဝကို မရောက်ခင်မှာတင် ဆန်နီ က သုတေသနစခန်းကို လှမ်းမြင်နေခဲ့ရတယ်။

ဒီစခန်းက သိပ္ပံစခန်းထက် ခံတပ် အခြေချစခန်းတစ်ခုနဲ့ ပိုတူနေခဲ့တယ်..။ ဒါက သမုဒ္ဒရာကမ်းခြေနဲ့ အန္တရာယ်ရှိလောက်အောင် နီးကပ်စွာ တည်ရှိနေပြီး အပြင်ဘက်မှာ ထူထဲတဲ့ တံတိုင်းကြီး ရှိနေကာ မှောင်မည်းနေတဲ့ လှိုင်းလုံးတွေဆီကို ဦးတည်ထားတဲ့ အားကောင်းတဲ့ စက်သေနတ်စင်တွေ ရှိနေခဲ့ပါတယ်..။ ကြောက်စရာကောင်းတဲ့ ခံတပ်ကြီးရဲ့ အပေါ်မှာတော့ အခုံးပုံစံ အဆောက်အဦးကြီးတစ်ခုက ကောင်းကင်ယံအထိ ထိုးထွက်နေပြီး အနက်ရောင် ကောင်းကင်ယံမှာ အဖြူရောင် အလှဆင်ထားသလိုပါပဲ..။ အဆောက်အဦး က ပြီးပြည့်စုံစွာ ချောမွေ့နေတဲ့ ဥကြီးတစ်လုံးနဲ့ ဆင်တူနေပါတယ်..။

ဒီစခန်းမှာ တရားဝင်နာမည် မရှိပဲ LO49 လို့သာ လူသိများပါတယ်..။ ဒီမှာ ဘယ်လို သုတေသနမျိုးတွေ လုပ်နေလဲဆိုတာကို ဆန်နီ မသိပေမဲ့ တက်ရောက်သူ အဆင့် ကပ္ပတိန် တစ်ယောက် အပါအဝင် နိုးထသူ အစောင့်တပ်ဖွဲ့ အင်အားအတော်များများ ရှိနေတာကို ကြည့်ရင် ဒါက တကယ်ကို အရေးကြီးတဲ့ နေရာဖြစ်မှာပါပဲ..။

ဒီမှာရှိတဲ့ သိပ္ပံပညာရှင်တွေက တကယ်ကို တန်ဖိုးရှိတဲ့ အလုပ်တွေကို လုပ်နေတယ်ဆိုတဲ့အဓိက သက်သေကတော့ ဆန်နီ နဲ့ သူ့ရဲ့ စစ်သည်တွေကိုယ်တိုင် သူတို့ကို လာကြိုဖို့ စေလွှတ်ခံလိုက်ရတာပါပဲ..။

“လူစတာ.. အရှိန်လျှော့တော့.. ရောက်တော့မယ်..”

ရိုင်နို က တဖြည်းဖြည်းနဲ့ အရှိန်လျှော့လိုက်ပြီး အခြေချစခန်းနားကို ချဉ်းကပ်သွားခဲ့တယ်..။ မကြာခင်မှာပဲ မီးမောင်းတွေက ရှေ့မှာ ရပ်ထားတဲ့ သယ်ယူပို့ဆောင်ရေးယာဉ်တန်းလေးကို အလင်းဖြာသွားခဲ့ပါတယ်..။သူတို့က စစ်ကူတွေ ရောက်လာတာနဲ့ ဝန်ထမ်းတွေကို ခေါ်ထုတ်သွားဖို့ စောင့်နေကြတဲ့ ပုံပါပဲ..။

ဆန်နီဟာ ခနလောက်တော့ ကြောက်စိတ်ဝင်လာသလို ခံစားလိုက်ရတယ်..။ စခန်းတစ်ခုလုံးက လူသူကင်းမဲ့နေပြီး လမ်းမတွေပေါ်မှာ တစ္ဆေတွေပဲ ရှိနေသလို ခံစားချက်မျိုးပါပဲ....။

ဒါပေမဲ့လည်း တံခါးဝက စက်သေနတ်စင်တွေက လှုပ်ရှားလာပြီး ချဉ်းကပ်လာတဲ့ သံချပ်ကာယာဉ်ဆီကို ချိန်ရွယ်လိုက်ပါတယ်..။ တံတိုင်းပေါ်က အားကောင်းတဲ့ မီးမောင်းတွေက ပွင့်လာပြီး ဆီးနှင်းတွေကို ဖြတ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို စူးရှတဲ့ အလင်းရောင်တွေနဲ့ လွှမ်းခြုံသွားစေခဲ့တယ်..။

ရိုင်နို ကတော့ ယာဉ်တန်းနားမှာ ရပ်သွားခဲ့ပါပြီ..။ တစ်ချိန်တည်းမှာပဲ ခံတပ်ရဲ့ လေးလံတဲ့ တံခါးကြီးတွေက ပွင့်လာပြီး လူတစ်ယောက်တည်း နှင်းမုန်တိုင်းထဲကို လမ်းလျှောက် ထွက်လာတာ တွေ့လိုက်ရတယ်..။

ဆန်နီ က သက်ပြင်းတစ်ချက်ချပြီး ရိုင်နို ရဲ့ တံခါးကို ဖွင့်ကာ အေးစက်တဲ့ အပြင်ဘက်ကို ဆင်းလိုက်ပါတယ်..။

သူက ရှေ့ကို လျှောက်သွားပြီး သူစိမ်းကို အကဲခတ်ကြည့်လိုက်တယ်..။

ဒီလူက အရပ်ရှည်ပြီး သန်မာကာ အသက် လေးဆယ်ဝန်းကျင်လောက် ရှိပုံ ရပါတယ်..။ သူက ဆန်နီ နဲ့ ဆင်တူတဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး အပေါ်ကနေ ဇစ်ဖွင့်ထားတဲ့ အနွေးထည်ကို ထပ်ဝတ်ထားခဲ့တယ်..။ သူ့မှာ အနက်ရောင် ဆံပင်တွေ ရှိပြီး ဥာဏ်ကောင်းတဲ့မျက်လုံးတွေကို ပိုင်ဆိုင်ထားပါတယ်..။ပင်ပန်းနွမ်းနယ်နေတဲ့ သူ့ရဲ့ မျက်နှာပေါ်မှာတော့ တည်ငြိမ်တဲ့ အမူအရာ တစ်ချို့ ရှိနေခဲ့တယ်....။

ခြုံပြောရရင်တော့ ဒီလူရဲ့ ပုံစံက အတွေ့အကြုံရှိပြီး စည်းကမ်းရှိတဲ့သူတစ်ယောက်ဆိုတာကို ပြသနေပါတယ်..။

ဆန်နီ ဟာ ခြေလှမ်းအနည်းငယ်အကွာမှာ ရပ်လိုက်ပြီး သူ့ကို ခေါင်းညိတ်ပြလိုက်တယ်..။

“ကျွန်တော်က တက်ရောက်သူ ဆန်းလပ်စ် ပါ..။ ရွှေ့ပြောင်းရေးတပ်မတော် ပထမ အထူးတပ်ဖွဲ့ ရဲ့ ကပ္ပတိန် ဆိုလည်း ဟုတ်ပါတယ်..။ ကျွန်တော်တို့ လာမယ့်အကြောင်း ခင်ဗျားတို့ဆီ အကြောင်းကြားစာ ရောက်ထားပြီးလောက်ပြီထင်တယ်..”

အရပ်ရှည်တဲ့ လူကြီးက ခနလောက် ငြိမ်သက်ကာ သူ့ကို အကဲခတ်နေပြီးမှ ပြန်ပြီး ခေါင်းညိတ်ပြလိုက်တယ်..။

“ကျွန်တော်က တက်ရောက်သူ ဗန် ပါ..”

သူက ဆန်နီ ဆီကို လက်ကမ်းပေးလိုက်ပြီး တည်ငြိမ်တဲ့ အသံနဲ့ ပြောလိုက်ပါတယ်..။

“…LO49 ကနေ ကြိုဆိုပါတယ်..မာစတာ

ဆန်းလပ်စ် ..”

အပိုင်း ( ၈၇၆ ) ပြီး၏။

All Chapters