အပိုင်း(၂၆၀)-ဆန်းမျိုးနွယ်
Vol. 003 Ch. 260
“ဦးလေးဂွီ စိတ်ချပါ၊ ကျွန်တော်အလောမကြီးပါဘူး” ဝူရန်ဖေ ပြောလိုက်သည် “ကျွန်တော်က အရင်ကလို ကလေးမဟုတ်တော့ဘူး၊ ကျွန်တော်ရောက်လာမှတော့ ကျွန်တော့်အမေ၊ တော်ဝင် ကိုယ်လုပ်တော်နဲ့ ကျန်တဲ့သူတွေကို သေချာပေါက်ကယ်မှာပါ”
“မင်းသားလေး အရွယ်ရောက်လာပြီ” ဦးလေးဂွီသည် မျက်ရည်သုတ်ကာ ပြောလေသည်။
“မြို့တော်က လက်ရှိအခြေအနေကို ပြောပါဦး၊ ဝူရန်ဒုံရဲက အောက်မှာ ဘယ်သူရှိနေတာလဲ” ဝူရန်ဖေ ပြောလိုက်သည် “သူတို့က ကျွန်တော့်ကို သစ္စာဖောက်ရဲမှတော့ သူတို့ကို အမြစ်ဖြုတ်ပစ်မယ်”
ဝူရန်ဖေကို ထိုအတိုင်းမြင်လိုက်ရသောအခါ ဦးလေးဂွီသည် မှင်တက်သွားသော်လည်း ဝမ်းသာစိတ်ဖြစ်မိသည်။ ဝူရန်ဖေသည် ထိုကဲ့သို့ ခြိမ်းခြောက်တတ်ခြင်းမရှိသည်ကို သိူသည်။ သူထိုကဲ့သို့ ပြောခြင်းမှာ အရည်အချင်းရှိ၍ ဖြစ်ရမည်။
ဦးလေးဂွီသည် မြို့တော်ရှိအခြေအနေကို တစ်ညလုံးပြောပြလေသည်။ လီမျိုးနွယ်တွင် မည်သည့်အင်အားရှိသည်၊ ဆန်းမျိုးနွယ်နှင့် နီးစပ်သည်မှာ ဘယ်အရာမျိုး၊ ဘယ်အဖွဲ့က ပုံမှန်ပဲရှိပြီး ဘယ်အဖွဲ့မှာ အောင်နိုင်သူဖြစ်ကြောင်း၊ ဘယ်အဖွဲ့မှာ လူအင်အားရှိသလဲဆိုသည်မျိုး၊ စံတင်ဝိညာဉ်နှင့် သူတော်စင်ရှိကြောင်းအား အတိအကျပြောလေသည်။
အကြောင်းအားလုံးမှာ အပေါ်ယံမျှသာဖြစ်သည်။ နောက်ကွယ်မှ အကြောင်းများကိုတော့ သူ ကိုယ်တိုင်လည်း မသိပေ။
ထိုအကြောင်းများကို ရှင်းနှီးနေသည်ကို ဝေကျိရွှီမြင်ရသဖြင့် အကြောင်းအရင်းအားမေးလေသည်။
“ငါ မင်းသားလေးပြန်လာမယ်ဆိုတာ အမြဲယုံနေတယ်၊ ဒါကြောင့်ပဲ မြို့တော်မှာ ဖြစ်ပျက်သမျှတွေကို မျက်ခြေမပြတ် စောင့်ကြည့်နေတာ” ဦးလေးဂွီ ပြောလေသည် “ဒီနှစ်တွေမှာ ငါဘာသိဘာသာ နေနေတယ်လို့ ထင်ရပေမယ့် ဒီအကြောင်းတွေကို နားဆွံ့နေခဲ့တယ်”
“ဦးလေးဂွီအတွက် ခက်ခဲမှာပဲ” ဝူရန်ဖေသည် ကျေးဇူးတင်စွာပြောလေသည်။
“မင်းသားလေး ချဲ့ကားပြောနေပြန်ပါပြီ”
“ဦးလေးဂွီ ပြောတဲ့အတိုင်းဆိုရင် ဝူရန်ဒုံရဲ့လွှမ်းမိုးမှုက တော်တော်ကြီးတာပဲ” ရှီမာယူယူ ပြောလိုက် သည်။
အိမ်ထဲရှိ လူများသည် သူမအား မျက်လုံးလှန်ကာကြည့်လိုက်သည်။ အဲဒါ သေချာနေတာပဲမလား။ ဘယ်ဘုရင်ရဲ့ လွှမ်းမိုးမှုက မကြီးပဲနေပါ့မလဲ။
“မင်းတို့ ငါ့ကိုဘာလို့ကြည့်ကြတာလဲ” ရှီမာယူယူ ပြောလိုက်သည် “ငါမပြီးသေးဘူး”
“ပြောပါ”
ရှီမာယူယူ ချောင်းဟန့်ကာ ဆက်ပြောသည် “ငါပြောတာက တစ်ဖက်က အင်အားကအရမ်းကောင်း တယ်၊ ငါတို့် လူနည်းနည်းလောက်နဲ့ဆိုရင် သူ့ကို နန်းချဖို့မဖြစ်နိုင်ဘူး၊ ငါတို့ အဲအင်အားအကုန်လုံးကို ငါတို့ဖက်ပါလာအောင် လုပ်ရမယ်”
“ဒါပေမယ့် ဒီလောက်အချိန်တိုလေးနဲ့ အဲလောက်အင်အားအများကြီး ဘယ်လိုရမလဲ” ဖက်တီး ကျူ မေးလိုက်သည်။
“တကယ်တော့ သခင်ကြီးဆန်းသာဒီမှာ ရှိရင် ငါတို့ ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်လိမ့်မယ်” ဦးလေးဂွီ ပြောလိုက်သည် “အင်အားအများစုက သူ အမိန့်ကိုလိုက်နာကြတယ်၊ သူက နန်းတော်ထဲမှာ ပိတ်မိပြီး ထွက်လာလို့မရဘူး”
“ဒါဆို ကျွန်တော်တို့ သူမကို ကယ်ရမှာလား” ဖက်တီးကျူပြောလိုက်သည်။
“မရဘူး၊ သခင်ကြီးဆန်းသာ ထွက်လာရင် ဝူရန်ဒုံက ကိုယ်ရံတော်ထည့်ပေးလိုက်မှာပဲ အဲအချိန်ကျရင် ကိစ္စတွေရှုပ်ထွေးသွားလိမ့်မယ်” ဦးလေးဂွီ ပြောလိုက်သည်။
ရှီမာယူယူ စဉ်းစားပြီးနောက် ပြောလိုက်သည် “သူမကို လူလဲလိုက်ရင်ရောဘယ်လိုလဲ၊ အဲလိုဆိုရင် ဘယ်သူမှမသိဘူး၊ ကျွန်တော်တို့ အဲလူတွေနဲ့ လျှို့ဝှက်ဆက်သွယ်ဖို့ အဆင်ပြေလိမ့်မယ်”
“အကြံကတော့ ကောင်းပါတယ်၊ ဒါပေမယ့် လုပ်ဖို့နည်းလမ်းမရှိဘူး၊ အခုချိန်မှာ သူမနဲ့တူတဲ့လူကို ရှာဖို့ မဖြစ်နိုင်ဘူး” ဦးလေးဂွီ ပြောလိုက်သည်။
“အဲဒါတော့ မသေချာဘူး” ရှီမာယူယူသည် ဟိန်းသံထောင်ချီအား ခေါ်ထုတ်ကာ သူနှင့် ပေါင်းစပ်လိုက်သည်။ ထို့နောက်တွင် သူမသည် ဝူရန်ဖေအသွင်ပြောင်းလိုက်သည်။ တူရုံတင်သာမက သူတို့၏ ရောင်ဝါသည်ပင်လျှင် တူညီသည်။
“ဘယ်လိုလုပ်လိုက်တာလဲ၊ တကယ်ကိုတူတာပဲ” ဦးလေးဂွီသည် ရှီမာယူယူအားကြည့်ပြီး ကွာခြားမှုကို မပြောနိုင်တော့ပေ။
ရှီမာယူယူနှင့် ဟိန်းသံထောင်ချီတို့ ခွာသွားပြီး ပြောလိုက်သည် “ဒါပေမယ့် အဲဒါမျက်လုံးကို လှည့်စားတာပဲရှိတယ်၊ ကျွန်တော်က ဝူရန်ဖေဖြစ်သွားတာမဟုတ်ဘူး၊ အပေါ်ယံတူတာပဲရှိတယ်”
ဦးလေးဂွီသည် တုန်လှုပ်သွားကာ ရုတ်တရက် သိလိုက်သည် “မင်းက ပုံမှားလုပ်နိုင်တာလား”
“အဲလိုမျိုးပဲဆိုပါတော့” ရှီမာယူယူပြောလိုက်သည် “ကျွန်တော်သွားပြီး သခင်မဆန်းအစား အစားထိုးမယ် အဲလိုဆိုရင်ရော”
“ကောင်းတယ် ကောင်းတယ် အဲလိုဆိုရင် မင်းကအတုဆိုတာ ဘယ်သူမှ မပြောနိုင်မှာမဟုတ်ဘူး” ဦးလေးဂွီသည် စိတ်လှုပ်ရှားစွာပြောလေသည်။
“ဒါဆို ငါ အယောင်ဆောင်တာကို တာဝန်ယူမယ်၊ ငါတို့် သူတို့ကို ကယ်ပြီးရင် ဒီမှာပဲစုကြမယ်” ရှီမာယူယူ ညွှန်ကြားသည်။
“ဒါဆို ငါအပြင်ကကိစ္စတွေအားလုံးကို တာဝန်ယူမယ်” ဝေကျိရွှီ ပြောလိုက်သည်။
“ဒါဆို အဆင်ပြေသွားပြီ၊ ငါရာဟွောင်ကို ဒီမှာထားခဲ့မယ်၊ အဲအချိန်ကျရင်တော့ သူက ငါတို့်စာချုပ်ကြောင့် ဒီကအခြေအနေကို သတိပြုမိလိမ့်မယ်” ရှီမာယူယူ ပြောလေသည်။
“ကောင်းပြီ”
“အချိန်မရှိဘူး၊ ငါတို့် ဒီနေ့ညပဲ သခင်ကြီးဆန်းကို လူလဲမယ်” ရှီမာယူယူ ပြောလိုက်သည် “ဟာစွန် ငါ့ကို အထဲပို့ဖို့ နည်းလမ်းရှိလား”
ဟာစွန် ခေါင်းညိတ်သည်။ ထိုကိစ္စမျိုးသည် သူ့အတွက်အသေးအဖွဲ့ကိစ္စဖြစ်၍ ပြောရန်ပင်မလိုပေ။
“ငါမင်းနဲ့သွားမယ်၊ မဟုတ်ရင် ငါ့အဘိုးက မင်းကိုမယုံပဲနေလိမ့်မယ်” ဝူရန်ဖေပြောလိုက်သည်။
“ယုတ္တိရှိတယ်” ရှီမာယူယူသည် အပြုံးဖြင့် ပြောလေသည်။
တစ်နာရီခွဲအကြာတွင် ရှီမာယူယူနှင့် ဝူရန်ဖေတို့သည် နန်းတော်အကျဉ်းထောင်သို့ ရောက်နေလေပြီဖြစ်သည်။ သူတို့သည် ဆန်းမျိုးနွယ်ဝင်များနှင့် လျင်မြန်စွာ တွေ့ကြလေသည်။
ဆန်းမျိုးနွယ်ဝင်မှ အရေးပါသောလူများသည် ထိုနေရာတွင် ရောက်နေကြသည်။ သုံးယောက် တစ်ခန်းဖြင့် အကျဉ်းချခံထားရာ အခန်းပေါင်းဆယ်ခန်းကျော်ရှိလေသည်။
ဝူရန်ဖေဝင်သွားသည်နှင့် ဆန်းမျိုးနွယ်ဝင်များ အကျဉ်းချခံထားရသည်ကို မြင်သည်နှင့် မျက်ရည်ဝဲ မိလေသည်။
“အဘိုး၊ အဘွား၊ ဦးလေး….” သူသည် ဆန်းလန်၏ အခန်းရှေ့ပြေးသွားပြီး အထဲက လူတွေကို အော်ခေါ်လေသည်။
သူတို့ဝင်သွားချိန်တွင် တစ်စုံတစ်ယောက်လာနေသည်ကို သိကြသည်။ သူတို့သော် ဝူရန်ဒုံ၏ လူများအဖြစ် ထင်မှတ်ကြကာ အလေးမထားမိကြပေ။ သူတို့သည် ရုတ်တရက် ဝူရန်ဖေ၏ အသံကြားလိုက်ရာ ထင်ယောင်ထင်မှားအထင်နှင့် ဘယ်သူ့မှ သူ့ကို အကြည့်ကြပေ။
“အဘိုး၊ အဘွား” ဝူရန်ဖေ ထပ်ခေါ်လိုက်သည်။
ထိုတစ်ကြိမ်တွင် ထင်ယောင်ထင်မှားမဟုတ်သည်ကို ဆန်းလန်သိသည်နှင့် ရုတ်တရက် မျက်လုံးဖွင့်ကြည့်လိုက်သည်။ ဝူရန်ဖေ အပြင်တွင်ရှိနေသည်ကိုတွေ့သည်နှင့် ချက်ချင်းမတ်တတ်ရပ်ကာ ပြောလိုက်သည် “ဖေလေး၊ မင်းပြန်လာပြီလား”
“ဟုတ်ကဲ့ပါ အဘိုး ကျွန်တော်ပြန်လာပြီ” ဝူရန်ဖေသည် သော့ထုတ်ပြီး တံခါးဖွင့်ကာ ခေါင်းငုံ့ပြီးလျှောက်လာသည်။
“ဖေလေး ပြန်လာပြီပဲ မင်းတကယ်ပဲ” ဝူရန်ဖေ၏ အဘွားသည် ရှေ့တိုးကာ သူ့လက်ကို ဆုပ်ကိုင်လေသည်။ ခဏအကြာတွင် သူမသည်မျက်ရည်များ ကျတော့သည်။
“အဘွား ကျွန်တော်ပါ ကျွန်တော်ပြန်လာပြီ” ဝူရန်ဖေ သူမအား ဆုပ်ကိုင်သည်။ “အဘွား ကျွန်တော်တောင်းပန်ပါတယ်၊ အဘွားတို့ကို ဒုက္ခရောက်အောင် လုပ်မိတယ် အခုမှပဲ ပြန်လာဖြစ်တော့တယ်”
“သားလေး အသက်ရှင်နေရင်တော်ပါပြီ” အဘွားသည် မျက်ရည်များကို သုတ်သည်။
“ဟားဟား ငါတို့ ဖေ အသက်ရှင်သေးတယ်” ဝူရန်ဖေ၏ ဦးလေးနှင့် အဒေါ်တို့သည် သူအသက်ရှင်နေသည်ကို ပီတိဖြစ်နေကြသည်။
“ဦးလေး အဒေါ် ရက်နည်းနည်းလောက်စောင့်ပါ အပြင်မှာအကုန်ဖြေရှင်းပြီးသွားရင် ကျွန်တော် ဦးလေးတို့ကို လာကယ်ပါမယ်” ဝူရန်ဖေ ပြောလိုက်သည်။
ဝူရန်ဖေ ရင့်ကျက်၍ လူကြီးဆန်လာသည်ကို ဆန်းလန်တွေ့သည်နှင့် ပြောလိုက်သည် “ဖေလေး အဲဒီဝူရန်ဒုံက မင်းရောက်လာဖို့ ငါတို့ကိုချုပ်ထားတာ၊ မင်းအသက်ရှင်နေသေးတယ်လို့ သူထင်နေတယ်၊ ဘယ်လိုလုပ် ပြန်လာတာလဲ”
“အဘိုး စိတ်အေးအေးထားပါ ကျွန်တော်ပြန်လာပြီဆိုတော့ ကျွန်တော့်မှာ ပြင်ဆင်ထားတာရှိပါတယ်” ဝူရန်ဖေပြောလိုက်သည် “အဲဒီ ဝူရန်ဒုံက ကျွန်တော့်အသက်ကိုလိုချင်တယ် ဟုတ်လား၊ အရင်နှစ်တွေက ကိစ္စတွေတောင် သူနဲ့မရှင်းရသေးဘူး”
“ငါသိသလောက်တော့ အဲဒီဝူရန်ဒုံက နန်းတော်မှာ အကုန်ပြန်စတယ်လို့ကြားတယ်၊ မင်းပြန်လာတော့ သူ့တပ်သားတွေနဲ့ ဘယ်လိုသဘောတူထားတာလဲ” ဆန်းလန်ပြောလိုက်သည်။
“အဲဒါကတော့ အဘိုးကိုပဲအားကိုးရမှာလဲ” ဝူရန်ဖေ ပြုံးကာပြောလိုက်သည် “ဒီအကြောင်းကို ကျွန်တော် ဦးလေးဂွီနဲ့ တိုင်ပင်ထားပြီးသားပါ ကျွန်တော်တို့ အဘိုးကိုတိတ်တိတ်လေးခေါ်ထုတ်သွားမယ် ပြီးမှ ကျွန်တော်တို့ဘက်အင်အားကြီးအောင် လုပ်မယ်၊ အဲနေ့ကျရင် ကျွန်တော်တို့ ဝူရန်ဒုံကို နန်းချမယ်”
“ငါဘယ်လိုထွက်မလဲ၊ ငါထွက်ရင် ထွက်တာတစ်နာရီလောက်ကြာတာနဲ့ကို မင်းပြန်လာတာကို ဝူရန်ဒုံသိသွားလိမ့်မယ်” ဆန်းလန် ပြောလေသည်။
“သူမသိပါဘူး” ဝူရန်ဖေ ရှီမာယူယူအား ဆွဲရင်းပြောလေသည် “အဘိုး လူနှစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်၊ ဒါ ယူယူ ဒါက ဟာစွန် ယူယူက အဘိုးအစား ဒီမှာ နေပေးလိမ့်မယ်၊ သူတို့ ထွက်သွားတာ သိလိုက်မှာမဟုတ်ဘူး”
“အဘိုးဆန်းကို နှုတ်ဆက်ပါတယ်” ရှီမာယူယူ ပြုံးကာ အရိုအသေပေးနှုတ်ဆက်လေသည်။