← Chapters

အခန်း ၃၉၂

Vol. 40 Ch. 392

အခန်း ၃၉၂

Vol. 40 Ch. 392

အခန်း (၃၉၂)

သို့သော်လည်း နန်းတွင်းအမတ်များ၏ အကြံပြုချက်အရ ဝေ့တိုင်းပြည်ဘုရင်က လှည့်ကွက်ငယ်လေးတစ်ခုကို အသုံးပြုခဲ့ပေသည်။ သူက လက်နက်ချစာလွှာကို ကျန်းပေမင်းသား၏ တပ်မတော်ထံသို့ မပို့ဆောင်ဘဲ၊ ချင်တိုင်းပြည် မြို့တော်ဆီသို့လည်း မပို့ဆောင်ဘဲ ရှောင်မို၏ တပ်စခန်းဆီသို့ ပေးပို့ခဲ့ခြင်းပင် ဖြစ်လေ၏။

ဝေ့တိုင်းပြည်ဘုရင်၏ လက်နက်ချစာလွှာကို မြင်လိုက်ရသောအခါ ရှောင်မိုက အနည်းငယ် ပြုံးလိုက်မိပြီး ရယ်စရာကောင်းနေသည်ဟုပင် ခံစားလိုက်ရပေသည်။ ဝေ့တိုင်းပြည် နန်းတွင်းက ဘာတွေ တွေးတောနေသည်ဆိုသည်ကို သူ သဘာဝကျကျပင် သိရှိနားလည်ထားလေ၏။

သို့သော် မြောက်ပိုင်းတပ်မတော်၏ ကြီးမားလှသော အရှိန်အဟုန်ကြီးရှေ့တွင် ဤကဲ့သို့သော သွေးခွဲရန် ကြိုးပမ်းသည့် သေးသိမ်သော လှည့်ကွက်လေးက မည်သို့လုပ် ထိရောက်နိုင်ပါမည်နည်း။

ရှောင်မိုက ဝေ့တိုင်းပြည်ဘုရင်၏ လက်နက်ချစာလွှာကို ရှောင်ရှီ၏ တပ်စခန်းဆီသို့ တိုက်ရိုက် ပေးပို့လိုက်လေ၏။

ရှောင်ရှီကလည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် ထိုစာလွှာကို ချင်တိုင်းပြည် မြို့တော်ဆီသို့ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ဆက်လက်ပေးပို့လိုက်ပေသည်။

ချင်တိုင်းပြည်ရဲ့ဘုရင်က ဝေ့တိုင်းပြည်ဘုရင်၏ လက်နက်ချမှုကို ပြတ်ပြတ်သားသားပင် ငြင်းပယ်လိုက်လေ၏။

ယခုအချိန်တွင် လက်နက်ချမှုကို လက်ခံလိုက်ပါက သေဆုံးဒဏ်ရာရမှုအချို့ကို ရှောင်ရှားနိုင်မည်ဖြစ်သော်ငြားလည်း ဤလောကတွင် ဝေ့တိုင်းပြည်တစ်ခုတည်း ကျန်ရှိနေခြင်း မဟုတ်ချေ။

ချူတိုင်းပြည်၊ ယန်တိုင်းပြည်၊ ကျင်းတိုင်းပြည်တို့အပြင် အင်အားအကြီးမားဆုံးဖြစ်သော ချီတိုင်းပြည်နှင့် အခြားသော နိုင်ငံကြီး ခြောက်နိုင်ငံလည်း ကျန်ရှိနေသေးပေသည်။

အကယ်၍ အုပ်စိုးရှင်တိုင်းသာ အဆုံးစွန်ထိ ခုခံတိုက်ခိုက်ပြီးနောက်မှ လက်နက်ချကြမည်ဆိုလျှင်... ထို့အပြင် လက်နက်ချပြီးသည့်တိုင်အောင် အမည်ခံ မြို့စားနယ်စားဘွဲ့လေးဖြင့် ကောင်းမွန်သော အစားအသောက်၊ အဝတ်အစားများကို ခံစားနေရဦးမည်ဆိုပါက...

နိုင်ငံကြီးများကို အသာထား၊ အခြားသော နိုင်ငံငယ်လေးများ၏ အုပ်စိုးရှင်များကကော မည်သို့ တွေးတောကြမည်နည်း။

ချင်တိုင်းပြည်ရဲ့ဘုရင်က တပ်မတော်ကို ဆက်လက်ထိုးစစ်ဆင်ရန်နှင့် ဝေ့တိုင်းပြည် မြို့တော်ကို တိုက်ရိုက်ချေမှုန်းရန် အမိန့်ပေးလိုက်လေတော့သည်။

အမှန်တကယ်တော့ ရှောင်မိုက ချင်တိုင်းပြည်ရဲ့ဘုရင် မည်သို့လုပ်ဆောင်မည်ဆိုသည်ကို တစ်ခွန်းမျှ မပြောရသေးမီကတည်းက ကြိုတင်ခန့်မှန်းမိပြီး ဖြစ်လေ၏။

ထို့ကြောင့် ချင်တိုင်းပြည်ရဲ့ဘုရင်၏ အကြောင်းပြန်စာကို စောင့်ဆိုင်းနေစဉ်အတွင်း ရှောင်မိုက တစ်ခဏမျှပင် မရပ်နားခဲ့ဘဲ နောက်ထပ် မြို့သုံးမြို့ကို ဖောက်ထွင်းသိမ်းပိုက်နိုင်ခဲ့ပေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ဝေ့တိုင်းပြည်ဘုရင် လက်နက်ချရန် ကြိုးပမ်းခဲ့သည့်သတင်းက ပျံ့နှံ့သွားခဲ့ရာ ဝေ့စစ်သည်များ၏ စိတ်ဓာတ်ကို အကြီးအကျယ် ထိခိုက်စေခဲ့လေ၏။

သို့သော် ရှာဟောက်နန်ကလည်း အခြေအနေကို ပြန်လည်ထိန်းသိမ်းရန် အစွမ်းကုန် ကြိုးစားနေခဲ့ပေသည်။

သို့သော် နောက်ဆုံးတွင်မူ ရှာဟောက်နန်မှာ ပြိုကျတော့မည့် အိမ်ကြီးတစ်လုံးကို ကျားကန်ပေးထားရသော သစ်ပင်တစ်ပင်အလား ဖြစ်နေခဲ့ချေပြီ။

ရှောင်ရှီအနေဖြင့် ရှေ့သို့တိုးရန်ပင် မလိုအပ်တော့ချေ။ ရှာဟောက်နန်နှင့် အခြေအနေကို ထိန်းထားနိုင်သရွေ့ မြောက်ပိုင်းတပ်မတော်၏ အခြားသော စစ်ကြောင်းများသည် ဝေ့တိုင်းပြည် မြို့တော်ကို သိမ်းပိုက်နိုင်ကြမည်သာ ဖြစ်လေ၏။

နောက်ထပ် လဝက်ခန့် ကုန်လွန်သွားခဲ့ပြန်ပေသည်။

ရှောင်ရှီက နောက်ဆုံးတွင် မင်ယွဲ့မြို့ကို ဖောက်ထွင်းသိမ်းပိုက်နိုင်ခဲ့လေ၏။ ရှာဟောက်နန်က ဤအခွင့်အရေးကို အသုံးချ၍ နောက်ဆုတ်သွားခဲ့ပြီး မြို့နှစ်မြို့ကိုပင် စွန့်လွှတ်ကာ ကာကွယ်ရေးမျဉ်းကို ကျုံ့ပစ်ပြီး ပြန်လည်နေရာချထားရန် စီစဉ်လိုက်ပေသည်။

တစ်ချိန်တည်းမှာပင် ရှောင်အိမ်တော်၏ ပထမသခင်လေး ရှောင်ယီချွမ်သည် စစ်မြေပြင်သို့ ရောက်ရှိလာခဲ့လေ၏။

ရှောင်ရှီက ရှောင်ယီချွမ်အား ရှေ့တန်းမှ ဦးဆောင်တိုက်ခိုက်ရန် တပ်ဦးစစ်သူကြီးအဖြစ် ခန့်အပ်လိုက်ပြီး ရှောင်ယီချွမ်ကလည်း ဖခင်ဖြစ်သူ၏ မျှော်လင့်ချက်များကို စိတ်ပျက်မသွားစေခဲ့ချေ။

ရှောင်အိမ်တော်၏ ပထမသခင်လေး စစ်မြေပြင်ပေါ်သို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် သူသည် တောင်တန်းကြီးတစ်ခုအလား ဧရာမလူထွားကြီးတစ်ဦးအဖြစ်သို့ အသွင်ပြောင်းသွားကာ စစ်မြေပြင်ပေါ်တွင် သောင်းကျန်းနေခဲ့ရာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းလှပေသည်။

အစ်ကိုဖြစ်သူ ရောက်ရှိလာမှုကြောင့် ရှောင်ယီရှဲမှာ အလွန်အမင်း ကျေနပ်အားရသွားခဲ့ပြီး သူ၏အစ်ကိုက ရှောင်မိုထက် များစွာ သာလွန်သည်ဟု ယုံကြည်နေခဲ့လေ၏။

ရှောင်ရှီကိုယ်တိုင်ကလည်း သားအကြီးဆုံး၏ ကျင့်ကြံခြင်းစွမ်းရည်အပေါ် အလွန်အမင်း ကျေနပ်နေခဲ့ပေသည်။

လုကွမ်သို့ ဝင်ရောက်ပြီးနောက် ရှောင်ရှီက ရှာဟောက်နန်၏ ရည်ရွယ်ချက်များကို ရိပ်မိသွားပြီး ဟွာထင်ကို စောင့်ကြပ်ရန် တစ်စုံတစ်ယောက်ကို စေလွှတ်ရန် လိုအပ်လာခဲ့လေ၏။

ဟွာထင်ကိုသာ ထိန်းသိမ်းထားနိုင်သရွေ့ ဗဟိုစစ်ကြောင်းမှ ဝေ့တိုင်းပြည် စစ်ကူများ လုယိုဘက်သို့ အနောက်ဘက်ဆီ ရွေ့လျားလာမည့်လမ်းကို ပိတ်ဆို့ထားနိုင်မည်ဖြစ်ပြီး ရှောင်ရှီအနေဖြင့် လုရှီးမြို့ကို ငြိမ်းချမ်းစေရန် အချိန်ရရှိမည်ဖြစ်ကာ ထိုမှတစ်ဆင့် ဝေ့နှင့် ကျီကျိုးအကြား ဆက်သွယ်ရေးကို ဖြတ်တောက်ပြီး ဝေ့တိုင်းပြည်ကို တဖြည်းဖြည်း ချေမှုန်းနိုင်မည် ဖြစ်ပေသည်။

ထို့ကြောင့် ဟွာထင်မှာ လုရှီးကာကွယ်ရေးမျဉ်း၏ အရှေ့ဘက်ခြမ်းမှ ဒိုင်းကာကြီးတစ်ခုဖြစ်ပြီး အကယ်၍ ၎င်းသာ ကျဆုံးသွားပါက လုရှီးဆီသို့သွားရာ တံခါးပေါက်ကြီးများ အပွင့်သား ဖြစ်သွားမည်သာ ဖြစ်လေ၏။

အထူးသဖြင့် သူ၏ အစ်ကိုကြီး ပြန်လည်ရောက်ရှိလာချိန်တွင် စွမ်းဆောင်မှုတစ်ခု ရယူရန် အခွင့်အရေးကို မြင်တွေ့လိုက်ရသောအခါ ရှောင်ယီရှဲက သူ့ကိုယ်သူ စွမ်းဆောင်နိုင်ပြီဟု ယူဆကာ ဟွာထင်ကို စောင့်ကြပ်ရန် ကိုယ်တိုင် တာဝန်ယူတောင်းဆိုခဲ့လေသည်။

ရိုးရိုးသားသား ပြောရလျှင် ရှောင်ရှီသည် သူ၏ ဒုတိယသားအပေါ် အလွန်အမင်း စိတ်ပျက်နေခဲ့ပြီဖြစ်ပြီး ယခုတစ်ကြိမ် မြို့တော်သို့ ပြန်ရောက်ပါက အထက်တန်းလွှာ မိသားစုတစ်ခုမှ မိန်းကလေးကောင်းတစ်ဦးကို ရှာဖွေပေးကာ အေးချမ်းစွာ နေထိုင်ခွင့်ပြုတော့မည်ဟုပင် တွေးတောနေခဲ့ပေသည်။

သို့သော် ဖခင်တစ်ဦးအနေဖြင့် သူ၏ သားများအားလုံး အောင်မြင်မှုတစ်ခုခု ရရှိစေရန် သို့မဟုတ် အနည်းဆုံးတော့ အသုံးမကျသူများ မဖြစ်လာစေရန် သဘာဝကျကျပင် မျှော်လင့်နေဆဲ ဖြစ်လေ၏။

အကြိမ်ကြိမ်အခါခါ စဉ်းစားချင့်ချိန်ပြီးနောက် ရှောင်ရှီက ရှောင်ယီရှဲကို နောက်ဆုံးအခွင့်အရေး တစ်ကြိမ်ပေးရန်နှင့် ဟွာထင်ကို စောင့်ကြပ်စေရန် ဆုံးဖြတ်လိုက်လေတော့သည်။

ဘာပဲပြောပြော ဟွာထင်က ကာကွယ်ရလွယ်ကူပြီး တိုက်ခိုက်ရခက်ခဲတဲ့အပြင် သဘာဝခံတပ်ကြီးတစ်ခု နေရာယူထားတာပဲလေ။ သူက ဟွာထင်ပေါ်မှာပဲနေပြီး အောက်ကို မဆင်းသရွေ့ အဆင်ပြေမှာပါ။

ထို့အပြင် ရှောင်ရှီက အထက်တန်းစား စစ်သည်များကိုပါ ရှောင်ယီရှဲအတွက် အထူးသီးသန့် ချထားပေးခဲ့သေးပေသည်။

ရှောင်ယီရှဲ မထွက်ခွာမီ ရှောင်ရှီက သူ့အား ခုခံကာကွယ်ရန်သာ အာရုံစိုက်ပြီး အခြားမည်သည့်အရာကိုမျှ ထည့်မတွေးရန် အထပ်ထပ်အခါခါ သတိပေးမှာကြားခဲ့လေ၏။

ရှောင်ယီရှဲကလည်း နားလည်ပါသည်ဟု ဝန်ခံခဲ့ပေသည်။

သို့သော် ဟွာထင်သို့ ရောက်ရှိပြီးနောက် ရှောင်ယီရှဲသည် တောင်ကြားတံခါးကို ထိန်းသိမ်းရန်နှင့် ခံတပ်များ တည်ဆောက်ရန် ရှောင်ရှီ၏ အမိန့်ကို မလိုက်နာခဲ့ချေ။ ယင်းအစား သူက ရေအရင်းအမြစ်နှင့် ပင်မလမ်းမကြီးကို စွန့်လွှတ်ခဲ့ပြီး တပ်များကို ဦးဆောင်ကာ တောင်ပေါ်တွင်သာ တပ်စွဲထားလိုက်လေ၏။

ဝမ်ဖိန်က သူ့ကို အကြိမ်ကြိမ် အကြံပေးခဲ့သော်ငြားလည်း ရှောင်ယီရှဲက "အမြင့်နေရာကနေ နေရာယူထားပြီးတော့ တားဆီးမရနိုင်တဲ့ အရှိန်အဟုန်နဲ့ အောက်ကို တိုက်ဆင်းမယ်" ဟူသော အကြောင်းပြချက်ဖြင့် ငြင်းပယ်ခဲ့ပြီး ဝမ်ဖိန်အား တောင်ခြေတွင် အကူအညီပေးရန် တပ်ဖွဲ့အနည်းငယ်သာ ပေးအပ်ခဲ့လေသည်။

ဝေ့စစ်သူကြီး ကျန်းဟူက သူ၏ တပ်မတော်နှင့်အတူ ရောက်ရှိလာချိန်တွင် မြောက်ပိုင်းတပ်မတော်၏ ရေအရင်းအမြစ်ကို ချက်ချင်း ဖြတ်တောက်လိုက်ပြီး တောင်ထိပ်ကို ဝိုင်းရံပိတ်ဆို့လိုက်လေ၏။ ရှောင်ယီရှဲ၏ တပ်မတော်မှာ ရေပြတ်လပ်မှုကြောင့် ဖရိုဖရဲဖြစ်သွားခဲ့ပြီး ဖောက်ထွက်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

ကျန်းဟူက အခွင့်အရေးကို အရယူကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ရာ ရှောင်ယီရှဲ၏ တပ်ဖွဲ့များ ပြိုကျပျက်စီးသွားပြီး စစ်သည်များမှာလည်း ထွက်ပြေးကုန်ကြလေတော့သည်။

ဝမ်ဖိန်က စစ်သည် တစ်ထောင်ကျော်ကို ဦးဆောင်၍ စည်တီးကာ သူတို့၏ နေရာကို အခိုင်အမာ ကာကွယ်နေခဲ့လေ၏။ ကျန်းဟူက ခြုံခိုတိုက်ခိုက်မည်ကို သံသယဝင်ကာ နောက်သို့ ဆက်လက်မလိုက်လံတော့သဖြင့် ဝမ်ဖိန်သည် ကျန်ရစ်နေသော စစ်သည်များကို စုစည်း၍ ဆုတ်ခွာနိုင်ခဲ့ပေသည်။

ဟွာထင် ကျဆုံးသွားပြီးနောက် ရှာဟောက်နန်က ကျန်းဟူအား သူ၏တပ်မတော်ကို ဦးဆောင်လျက် လုရှီးသို့ တိုက်ရိုက်ဝင်ရောက်ရန် အမိန့်ပေးလိုက်လေ၏။ ရှောင်ရှီ၏ ဘေးတောင်ပံမှာ ဟာလာဟင်းလင်း ဖြစ်သွားခဲ့ပြီး သူ့ကို အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားစေခဲ့ပေသည်။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် ရှောင်ရှီသည် သူ သိမ်းပိုက်ထားပြီးဖြစ်သော ပြည်နယ်သုံးခုကို စွန့်လွှတ်ကာ ဝမ်တန်းမြို့သို့ ဆုတ်ခွာရန် အတင်းအကျပ် ဖိအားပေးခံလိုက်ရလေတော့သည်။

ဝေ့တပ်မတော်က သက်ပြင်းချနိုင်သွားပြီးနောက်တွင် သူတို့သည် ရှောင်ရှီ၏ ဘယ်ညာ တောင်ပံများကို ထပ်မံဖိအားပေးလာခဲ့ကြပြန်ပေသည်။ တစ်ချိန်တည်းမှာပင် ရှောင်မိုနှင့် လျှိုရှင်းတို့ ဦးဆောင်သော တပ်မတော်နှစ်ခုမှလွဲ၍ သုံးကြောင်းခွဲထားသော တပ်မတော်၏ ချီတက်မှုမှာလည်း ရပ်တန့်သွားခဲ့ရလေ၏။

ပို၍ဆိုးရွားသည်မှာ ဤအောင်ပွဲက ဝေ့တပ်မတော်၏ စိတ်ဓာတ်ခွန်အားများကို အကြီးအကျယ် မြင့်တက်သွားစေခဲ့ခြင်းပင် ဖြစ်လေသည်။

ရှောင်ယီရှဲသည် ကြီးလေးသော ရာဇဝတ်မှု ကျူးလွန်မိသွားကြောင်းကို သူ ကောင်းစွာ သိရှိထားပေသည်။ စစ်ဘက်ဆိုင်ရာ ဥပဒေအရ စစ်စခန်းသို့ ပြန်လည်ရောက်ရှိချိန်တွင် သူ ကွပ်မျက်ခံရမည် ဖြစ်ပြီး ဖခင်ဖြစ်သူ၏ သံမဏိစည်းကမ်းများကြောင့် သူ့ကို ချမ်းသာပေးမည်ဆိုသည်မှာ လုံးဝ မဖြစ်နိုင်တော့ချေ။

ထို့ကြောင့် ရှောင်ယီရှဲသည် ကျန်ရစ်နေသော သူ၏တပ်ဖွဲ့များကို ဦးဆောင်ကာ စစ်မြေပြင်ကို ဖြတ်ကျော်၍ ချူတိုင်းပြည်ဆီသို့ ထွက်ပြေးရန် ရည်ရွယ်လိုက်လေ၏။

ရှောင်ယီရှဲ၏ လက်အောက်ရှိ ရှုံးနိမ့်လာသော စစ်သည်များက မကျေမနပ် ဖြစ်နေကြသော်ငြားလည်း ရှောင်ယီရှဲက တပ်မတော်ကို ဆက်လက်ရွေ့လျားစေရန် "လျှို့ဝှက်အမိန့်" ဟူသော အကြောင်းပြချက်ကို အသုံးပြုခဲ့သဖြင့် သူတို့မှာ နာခံရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိခဲ့ချေ။

သို့သော် မမျှော်လင့်ဘဲ တိုက်ဆိုင်မှုတစ်ခုအဖြစ် ရှောင်ယီရှဲသည် ရှောင်မိုနှင့် သွားရောက်ဆုံမိလေတော့သည်။

ရှောင်မိုက ရှောင်ယီရှဲကို အလွယ်တကူပင် ဖမ်းဆီးလိုက်ပြီး ရှောင်ရှီ၏ ပင်မစစ်စခန်းသို့ အစောင့်အကြပ်များဖြင့် ပို့ဆောင်စေလိုက်လေ၏။

သူ၏သားကို ကြည့်ရင်း ရှောင်ရှီက လေးလံစွာ သက်ပြင်းချလိုက်ပြီး ခေါင်းဖြတ်ကွပ်မျက်ရန် အမိန့်ပေးလိုက်ပေသည်။

ရှောင်ယီချွမ်၏ သနားညှာတာမှု တောင်းခံမှုများမှာလည်း အချည်းနှီးသာ ဖြစ်သွားခဲ့လေ၏။

ရှောင်ယီရှဲ သေဆုံးသွားသောညတွင် ရှောင်ရှီသည် သူ၏ တဲနန်းအတွင်း၌ အချိန်အကြာကြီး တစ်ယောက်တည်း ထိုင်နေခဲ့ပြီး သူ ဘာတွေ တွေးတောနေသည်ကို မည်သူတစ်ဦးတစ်ယောက်ကမျှ မသိရှိခဲ့ကြချေ။

နောက်တစ်နေ့တွင် ရှောင်ရှီက အခြားစစ်ကြောင်းများအပေါ် ကျရောက်နေသော ဖိအားများကို တတ်နိုင်သမျှ လျှော့ချပေးနိုင်ရန်အတွက် ပင်မတပ်မကြီးအား ရှာဟောက်နန်ကို ဟန့်တားထားရန် အမိန့်ပေးလိုက်လေ၏။ တစ်ချိန်တည်းမှာပင် သူသည် ရှောင်မိုကို စစ်ကူပေးရန်အတွက် သူ၏တပ်ဖွဲ့များကို ခွဲထုတ်ပေးလိုက်ပြီး ရှောင်မိုအား လုံလောက်သော ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုပါ အပ်နှင်းလိုက်ပေသည်။ ဝေ့တိုင်းပြည် မြို့တော်ကို တိုက်ခိုက်ရန်ပင် ဖြစ်လင့်ကစား ရှောင်မိုချမှတ်သော မည်သည့်ဆုံးဖြတ်ချက်ကိုမဆို ရှောင်ရှီထံသို့ အစီရင်ခံရန် မလိုအပ်တော့ချေ။

ထို့အပြင် စစ်ဘက်ဆိုင်ရာ တိုက်ပွဲအစီရင်ခံစာများ အားလုံးကိုလည်း ရှောင်မို၏ တပ်စခန်းဆီသို့သာ ပေးပို့ရမည် ဖြစ်လေ၏။

ရှောင်မိုမှာ ဘေးတောင်ပံတွင် ရှိနေသော်ငြားလည်း ယခုအခါတွင် ပင်မတပ်မကြီး၏ အခန်းကဏ္ဍကို ထိရောက်စွာ ကိုင်တွယ်ထားနိုင်ပြီ ဖြစ်ပေသည်။

နောက်ထပ် နှစ်လခန့် ကုန်လွန်သွားခဲ့ပြန်ပေသည်။

ရှောင်မို၏ တပ်မတော်သည် ဝေ့တိုင်းပြည် မြို့တော်၏ တံခါးဝသို့ ပထမဆုံး ရောက်ရှိလာခဲ့ချေပြီ။

ဝေ့တိုင်းပြည်ဘုရင်အနေဖြင့် ရှာဟောက်နန်ထံသို့ သတင်းပေးပို့နိုင်စေရန် ရှောင်မိုက ကောင်းကင်ပျံသန်းခွင့် ပိတ်ပင်ခြင်း အစီအရင်ကို တမင်သက်သက် မချထားဘဲ နေခဲ့လေ၏။

မျှော်လင့်ထားသည့်အတိုင်းပင်။

ဝေ့တိုင်းပြည်ဘုရင်က ရှာဟောက်နန်အား မြို့တော်ကို ကာကွယ်ရန်အတွက် ချက်ချင်းပြန်လာရန် အမိန့်ပေးလိုက်လေ၏။ မဟုတ်ပါက သူ့ကို သစ္စာဖောက်အဖြစ် သတ်မှတ်မည်ဟု ဆိုလေသည်။

ထိုစာကို မြင်လိုက်ရသောအခါ ရှာဟောက်နန်က ကောင်းကင်ကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး သူ၏ ဆံပင်အမည်းများမှာလည်း တစ်ညတည်းနှင့် လုံးဝ ဖြူဖွေးသွားခဲ့ရလေတော့သည်။

နောက်တစ်နေ့တွင် ရှာဟောက်နန်သည် မြို့ကို စွန့်လွှတ်လိုက်ပြီး သူ၏ တပ်ဖွဲ့များကို ဦးဆောင်ကာ မြို့တော်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့လေ၏။

ရှောင်မိုသည် ရှာဟောက်နန်က သူ့ကို ဘေးတိုက်ဝင်ရောက်တိုက်ခိုက်လာမည်ကို အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့ပြီး ဖြစ်ပေသည်။

သို့သော် သူ အံ့အားသင့်သွားရသည်မှာ ရှာဟောက်နန်က တိုက်ခိုက်လာခြင်းမရှိဘဲ သံတမန်တစ်ဦးကို စေလွှတ်လာခဲ့ခြင်းပင် ဖြစ်လေ၏။

"စစ်သူကြီးရှာဟောက်က ဒီကို သံတမန်လွှတ်ဖို့ ဘယ်လိုထူးချွန်တဲ့ အကြံဉာဏ်တွေများ ရလာလို့ပါလိမ့်" ရှောင်မိုက သံတမန်ကို တွေ့ဆုံမေးမြန်းလိုက်ပေသည်။

သံတမန်ဖြစ်သူ ကျန်းချိုးက နက်ရှိုင်းစွာ သက်ပြင်းချလိုက်ပြီးနောက် ပြောဆိုလိုက်လေသည်။

"စစ်သူကြီးရှာဟောက်က... ဆီးနှင်းမင်းသားထံကို လက်နက်ချအညံ့ခံပါတယ်။"

All Chapters