အပိုင်း(၂၆၁)-ဝိတ်ချသင့်တယ်
Vol. 003 Ch. 261
“ဖေလေး ဒါအန္တရာယ်များလွန်းတယ်၊ ဘယ်လိုလုပ် သူငယ်ချင်းတွေပါခေါ်လာရတာလဲ” ဆန်းလန် ပြောလေသည် “သား မြန်မြန်သွားတာကောင်းမယ်၊ ဝူရန်ဒုံသိသွားရင် သားတို့လွတ်မှာမဟုတ်ဘူး”
“အဘိုး မစိုးရိမ်ပါနဲ့၊ အဘိုးတို့ကို ခေါ်ထုတ်ဖို့ ကျွန်တော်လာတာ” ဝူရန်ဖေ ပြောလိုက်သည်။
“ငါထွက်လို့မရဘူးလို့ပြောတယ်မလား၊ သားအသက်ရှင်နေတာသိရရင် အဘိုးစိတ်ချပြီ” ဆန်းလန် ပြောလိုက်သည်။
“ဟုတ်တယ် ဖေလေး မြန်မြန်သွားတော့” ဝူရန်ဖေ၏ အဘွားသည်လည်း ပြောလေသည်။
ဝူရန်ဖေ ရှီမာယူယူအားကြည့်ပြီး ပြောလိုက်သည် “ယူယူ ငါမင်းကိုပဲ ဒုက္ခပေးရတော့မယ်”
ရှီမာယူယူခေါင်းညိတ်ကာ ဟိန်းသံထောင်ချီကို ခေါ်လိုက်သည်။ လူတစ်ယောက်နှင့် သားရဲတစ်ကောင်တို့ ပေါင်းစပ်လိုက်သောအခါ အားလုံးရှေ့တွင်ပင် ဆန်းလန်နောက်တစ်ယောက် ထွက်ပေါ်လာသည်။
“ဒါက” ထောင်ထဲမှ လူများသည် အံ့သြသဖြင့် အော်လိုက်ကြသည်။
“အဘိုး ဒီရက်ပိုင်းကို ယူယူက အဘိုးအစားနေပေးလိမ့်မယ်၊ ဝူရန်ဒုံ သတိထားမိမှာမဟုတ်ဘူး၊ အပြင်က ကိစ္စတွေ အင်အားတွေပူးပေါင်းလာဖို့ကို ကျွန်တော်တို့ တာဝန်ယူမယ်” ဝူရန်ဖေ ပြောလိုက်သည် “အဲနေ့ကျရင် ယူယူက အဘွားနဲ့ ဦးလေးတို့ကို ခေါ်ပြီး ကျွန်တော်တို့ အပြင်မှာတွေ့ကြမယ်”
ဆန်းလန်သည် သူ၏ နောက်တစ်ကိုယ်ခွဲကိုတွေ့သည်နှင့် အလွန်အမင်းအံ့သြသွားသည်။ ကိုယ်ရောင်ကိုယ်ဝါကို ကြည့်သည်ဖြစ်စေ မကြည့်သည်ဖြစ်စေ သူ့အတိုင်းပင်။
“ဒါပေမယ့် ငါတို့ သူငယ်ချင်းလေးက အန္တရာယ်မများဘူးလား” သူ စိုးရိမ်သေးတုန်းဖြစ်သည်။
ဝူရန်ဖေ ပြုံးပြီးပြောလိုက်သည် “သူဒီထဲမှာရှိရင် အန္တရာယ်ရှိတာ သူမဟုတ်ဘူး သူတို့ပဲ”
သူ၏ မြေးသည် ယူယူနှင့် ပတ်သတ်၍ ယုံကြသည်ကိုကြည့်ပြီး ဆန်းလန်သည် သူမ၏ သူ့ပုံစံကို လက်ခံလိုက်သည်။ သူခေါင်းညိတ်ကာ ပြောလိုက်သည် “ဒါဆို ငါ မင်းတို့နဲ့လိုက်ခဲ့မယ်”
“ကောင်းပါပြီ အဘိုး သွားရအောင်”
“ခဏလေးနေဦး” ရှီမာယူယူသည် သူတို့အားတားကာ ပြောလိုက်သည် “အဘိုးဆန်း အဘိုးရဲ့ ကျင့်စဉ်ရပ်အောင် ဆေးတိုက်ထားတာလား”
“ဟုတ်တယ်” ဆန်းလန် ခေါင်းညိတ်သည်။
“ကျွန်တော် နည်းနည်းလောက်စမ်းကြည့်လို့ရမလား”
“ကောင်းပြီ”
ရှီမာယူယူသည် ဆန်းလန်၏ သွေးကြောကိုစမ်းကာ ဝူရန်ဖေအားပြောလိုက်သည် “ပျင်းတဲ့ဆေးတော့ မဟုတ်ဘူး၊ သူ့အတွက် မင်းနောက်မှ ဆေးဖော်ပေးလိုက်ပေါ့ မင်းတခြားဆေးဖက်ဝင်ပစ္စည်းတွေ လိုမယ်ဆို ပေမယ့် ရော့ ဒါက အဓိကလိုတဲ့ပစ္စည်းတွေ”
ပြောပြီးနောက်တွင် သူမသည် မြေသားအနည်းငယ်ပေကျံနေသော ဆေးဖက်ဝင်ပစ္စည်းတချို့ထုတ်ကာ ဝူရန်ဖေအားပေးလိုက်သည်။
ဆေးဖက်ဝင်ပစ္စည်းအားကြည့်လိုက်သည်နှင့်ပင် ဘယ်လိုဆေးမျိုးထုတ်ရမည်ကို ဝူရန်ဖေသိသည်။ သူ ဆေးဖက်ဝင်ပစ္စည်းများယူကာ ပြောလိုက်သည် “ဒါဆိုလဲ ကောင်းပြီ မင်းကိုဒုက္ခပေးရတော့မယ်”
“အေးဆေးပေါ့” ရှီမာယူယူ ပြုံးသည်။
“မမ ကျွန်မ မမနဲ့နေခဲ့မယ်” သက်တန့်လေးပြောသည်။
“သက်တန့်လေး အပြင်မှာ မင်းယောက်ျားနဲ့ပဲ ငါ့ကိုစောင့်နေ၊ ဒီမှာဆို အရမ်းပျင်းစရာကောင်းလိမ့်မယ်” ရှီမာယူယူသည် သက်တန့်လေး၏ ခေါင်းအားပုတ်ရင်း ပြောလေသည်။
ဟာစွန်သည် ရှီမာယူယူအား စိတ်ထဲမထားတော့ပဲ သက်တန့်လေးအား ခေါ်ကာ လှည့်ပြီးထွက်သွား လေသည်။
ဟာစွန်ထွက်သွားသည်ကို ဝူရန်ဖေမြင်သောအခါ သူလျင်မြန်စွာပင် ဆန်းလန်အား ဆွဲခေါ်ပြီး တံခါးပိတ်လိုက်သည်။
“ယူယူ ငါတို့နဲ့အတူ ထောင်ထဲမှာနေစေရတာ တောင်းပန်ပါတယ်” အဘွားက တောင်းပန်လေသည်။
“အဘွား ယဉ်ကျေးလွန်းနေပါပြီ” ရှီမာယူယူသည် နံရံဘက်လာကာ ထိုင်ချပြီး ပြောလေသည် “ကျွန်တော် ဝူရန်ကို သိလာတာ ခြောက်နှစ်ရှိပြီ သူအရင်က ကျွန်တော့်ကို ကူညီဖူးတယ်၊ အခုမှသာ ကျွန်တော်က ပြန်ကူညီရတာ”
“သားက ဖေလေးနဲ့ အကြာကြီးသိခဲ့တာလား” အဘွားသည် အံ့သြစွာပြောလေသည်။
နောက်ကြောင်းပြန်ရမည်ဆိုလျှင် သူပျောက်သွားချိန်မှစ၍ ရှီမာယူယူသည် သူနှင့် သိကျွမ်းခဲ့ခြင်း ဖြစ်သည်။
“ဟုတ်၊ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်အကြာကြီးသိရုံတင်မကဘူး၊ အတူတူလည်း နေကြတယ်၊ အိပ်တာနဲ့ ကျင့်ကြံနေတုန်းကလွဲရင် အားလုံးက အမြဲအတူရှိကြတယ်” ရှီမာယူယူ ပြောလေသည်။
“အားလုံး ဟုတ်လား”
“ဟုတ်ပါတယ်၊ ကျွန်တော်တို့ ငါးယောက်ပါ” ရှီမာယူယူ ပြောလေသည်။
“ယူယူ ဖေလေး ဒီနှစ်တွေမှာ ဘာတွေလုပ်ခဲ့လဲဆိုတာ အဘွားတို့ကို ပြောပြနိုင်မလား” အဘွားသည်လည်း ထိုင်လိုက်သည်။
“ရတာပေါ့” ရှီမာယူယူသည် ပြုံးပြီး သဘောတူလိုက်သည်။
ထို့နောက်တွင် သူမသည် ဝူရန်ဖေနှင့် ပတ်သတ်၍ သိသမျှကို ပြောပြလေသည်။ သူမသည် သူမ၏ မြေးသည် သန်မာလာသည်နှင့် အတူ အခက်အခဲများကြုံတွေ့ရသည်ဟုကြားသည် နှင့် ပျော်ရွှင်ခြင်းနှင့်အတူ နာကျင်ရသည်။
သူတို့ရဲဘော်ရဲဘက်များ အကြောင်းကြားသောအခါ ဝူရန်ဖေ၏ ဆွေမျိုးများသည် သူမအား ကျေးဇူးတင် ကြသည်။
“သူ့ကို အဲလိုပတ်ဝန်းကျင်မှာ ကြီးပြင်းအောင် လုပ်ပေးလို့ကျေးဇူးတင်ပါတယ်၊ သူသာ သားတို့နဲ့မတွေ့ရင် ဒီနေ့လို အခြေအနေမျိုးနဲ့တွေ့ရင် လုပ်ဖို့နည်းလမ်းရှိမှာမဟုတ်ဘူး” အဘွားသည် စိတ်ရင်း အမှန်နှင့် ပြောလေသည်။
“ဒါကတော့ သူနဲ့တွေ့ခဲ့ရတာပဲ” ရှီမာယူယူသည် ပြုံးပြီးပြောလေသည် “ဟုတ်သားပဲ ကျွန်တော် အားလုံးအတွက် ဆေးဖော်ပေးမယ်”
“မင်းက အဂ္ဂိရတ်ပညာရှင်လား” အသက်၂၀အရွယ် မိန်းမပျိုကမေးလိုက်သည်။
“နည်းနည်းပဲသိတာပါ” ရှီမာယူယူ ပြောလိုက်သည်။
သူမ ဟိန်းသံလေးအားခေါ်ကာ အတားအဆီးလုပ်ခိုင်းလိုက်ပြီး ဆေးဖက်ဝင်ပစ္စည်းများပြည့်နေသော စားပွဲနှင့် ဆေးဖိုအားထုတ်လိုက်သည်။ ထိုဆေးဖက်ဝင်ပစ္စည်းများသည် အစောက ဝူရန်ဖေအားပေးလိုက်သော အဓိက ဆေးဖက်ဝင်ပစ္စည်းများဖြစ်သည်။
ဟိန်းဟံလေးသည် သူ့လက်သည်းများဝေ့ရမ်းကာ အခန်းတစ်ခုလုံးအား ချိပ်ပိတ်လိုက်သည်။ အပြင်မှလူများသည် သူမ ဆေးဖော်နေသည်ကို မမြင်နိုင်တော့ပေ။
ထို့နောက်တွင် သူမ သန့်စင်ခြင်း၊ ဖော်စပ်ခြင်းနှင့် ပေါင်းစပ်ခြင်းအဆင့်များ လုပ်ဆောင်သည်။ ဆေးများသည် အဆင့်မမြင့်သော်လည်း သူမ လုပ်နေကျအတိုင်းပင် အာရုံစူးစိုက်သည်။၏
ဆန်းမျိုးနွယ်ဝင်များသည် အဂ္ဂိရတ်ပညာရှင်များ မွေးထုတ်ပေးနိုင်သော်လည်း သူတို့မျက်စိရှေ့တွင် ဆေးဖော်ခြင်းကို မြင်ရခဲလှသည်။ အားလုံးသည် သိချင်သည်ဖြင့် ရှီမာယူယူ ဆေးဖော် သည်ကို ကြည့်နေကြသည်။
ရှီမာယူယူသည် ဆေးဖော်ရာမှ ဆေး၄သုတ်ဖော်အပြီးတွင် ဆေးဖိုသိမ်းလိုက်ပြီး ဟိန်းသံလေးကို အတားအဆီးဖျက်ခိုင်းလိုက်လေသည်။
သူမ ဆေးထုတ်ပြီး အဘွားကိုပေးလိုက်ပြီး ကျန်သောသူများကို ဟိန်းသံလေးအား လိုက်ပေး ခိုင်းလိုက်လေသည်။
ဟိန်းသံလေးသည် ကျောက်ပုလင်းအားကိုင်ကာ ထောင်တံခါးဆီပျံသွားသော်လည်း သူ၏ လုံးဝ နေသော ခန္ဓာကိုယ်သည် တိုင်နှစ်တိုင်ကြားတွင် ညှပ်နေလေသည်။
“ယူယူ ယူယူ ငါညှပ်နေပြီ” ဟိန်းသံလေး အော်လေသည်။
“ငါမြင်သားပဲ” ရှီမာယူယူ ပြောလိုက်သည် “မင်း ဝပါလို့ ဘယ်သူကပြောလို့လဲ မင်းဝိတ်ချသင့်ပြီ”
“ငါ့လို ချောတဲ့ သားရဲကဘာလို့ ဝိတ်ချဖို့လိုမှာလဲ” ဟိန်းသံလေးသည် တိုင်အကြားတွင် ညှပ်နေရာမှ သူ့ခန္ဓာကိုယ်အား လှည့်လိုက်ရာ သေးသွားသည်။ သူအလွယ်တကူပင် ထွက်သွားနိုင်သည်။
သူသည် ဆေးများကို တစ်ယောက်ချင်းစီလိုက်ပေးပြီး ပြန်လာသည်။ သူပြန်လာပြီး အခန်းထဲ သို့ရောက်သောအခါ သူ့ခန္ဓာကိုယ်သည် မူလအရွယ်အစားပြန်ဖြစ်သွားသည်။
“အဘွား ဒီဆေးတွေအကုန်စားပြီး ထိုင်နားလိုက်ပါပြီး မနက်ဖြန်ကို ကျင့်ကြံခြင်း စွမ်းရည်တွေပြန်ကောင်းလာပါလိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
အဘွားသည် ဆေးယူကာ သက်ပြင်းချရင်း စိုးရိမ်စွာပြောလေသည် “ငါတို့်က ဖြေဆေးရှိနေပြီ ယုလေးနဲ့ တခြားသူတွေဘာလုပ်နေလဲဆိုတာ သိချင်လိုက်တာ၊ သူမလည်း အဘွားတို့လိုပဲ အကျဉ်းကျနေပေမယ့် သူမက သတ်သတ်နေနေရတယ်၊ သူမ ဘာလုပ်နေလဲ အဘွားတို့မသိဘူး”
“အဒေါ်ယုက ဒီမှာ အကျဉ်းကျနေတာမဟုတ်ဘူးလား၊ ကျွန်တော်တို့ အပြင်မှာ မှန်းလာတာ အမှန်ပဲပေါ့ ကျွန်တော်ရောက်လာတုန်းက သူမ ဒီမှာပဲရှိတယ်ထင်နေတာ” ရှီမာယူယူ ပြောလေသည် “ဒါပေမယ့် ကိစ္စမရှိပါဘူး၊ ကျွန်တော် ဟိန်းသံလေးကို ဆေးပို့ိခိုင်းလိုက်မယ်”
“ဒါပေမယ့် ယုလေးရဲ့နန်းတော်က အတားအဆီးအပြင်မှာ ဘယ်သူဝင်ဝင် အတားအဆီးကိုထိရမယ် အဲကျရင် အစောင့်တွေရောက်လာလိမ့်မယ်” အဘွားပြောလေသည်။
“ကိစ္စမရှိဘူး၊ အဲအတားအဆီးတွေက ဟိန်းသံလေးကို မတားနိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“အဘွား မစိုးရိမ်ပါနဲ့ ကျွန်တော့်ကိုသာ အပ်ထားလိုက်ပါ” ဟိန်းသံလေးသည် ချစ်စရာကောင်းအောင် လုပ်ပြသည်။
ရှီမာယူယူ ဆေးများကို ဟိန်းသံလေးအား ပေးပြီး ပြောလိုက်သည် “မင်းအဲဒီရောက်ရင် ပြန်မလာနဲ့ အဒေါ်ယုကို ကာကွယ်ပေးနေ၊ အဲနေ့ကျရင် အဒေါ်ယုကို ခေါ်ပြီး ငါတို့်နဲ့တွေ့မယ်”
“ကောင်းပြီ” ဟိန်းသံလေးသည် တစ်ခါတစ်ရံမနာခံပေ။ သို့သော် ဒီလိုအချိန်မျိုးဆိုလျှင် စိတ်ချရသည်။
“မင်းသွားရင် မင်းကို သူမ ယုံအောင် ဒါလေးပေးလိုက်မယ်” အဘွားသည် သူမ ဆံပင်မှ ဆံထိုးယူကာ ဟိန်းသံလေးအားပေးလိုက်သည်။
ဟိန်းသံလေးသည် ဆံထိုးယူပြီး ကျောက်စိမ်းပုလင်းကို ဖက်လိုက်သည်။ သူ့ခန္ဓာကိုယ် လှုပ်ရှားလိုက်ရာ လျင်မြန်စွာပင် အဖြူစက်ကလေးဖြစ်ကာ ပစ္စည်းများကို ယူပြီးထွက်သွားလေသည်။