အပိုင်း(၂၆၂)-နာလန်မျိုးနွယ်က လူတွေလွှတ်လိုက်တယ်
Vol. 003 Ch. 262
ဟိန်းသံလေးသည် အခန်းမှထွက်ကာ အဘွားညွှန်းလိုက်သည့်အတိုင်း ဆန်းမူယု၏ နန်းတော်သို့လာလိုက်သည်။ သို့သော် သူ သိပ်မသွားခင်မှာပင် လမ်းပျောက်လေသည်။
“ယူယူ ငါလမ်းပျောက်နေပြီ” သူသည် စာချုပ်အဆက်အသွယ်သုံးကာ ယူယူအား ဆက်သွယ် လိုက်သည်။
“အာ..” ဟိန်းသံလေးသည် လမ်းမှားတတ်သည်ကို ရှီမာယူယူ မထင်ထားပေ “မင်းအခုဘယ်မှာလဲ”
“ငါလဲ ဘယ်ရောက်နေလဲမသိဘူး” ဟိန်းသံလေး အော်လေသည် “အရမ်း အဆင့်မြင့် တဲ့နန်းတော်ကိုတွေ့တယ်၊ လူတွေအများကြီးပဲ အာ…ယူယူ ငါ အဲဒီလူဆိုးကြီးကိုတွေ့တယ်”
“လူဆိုးကြီးဟုတ်လား ဘယ်လူဆိုးကြီးလဲ” ရှီမာယူယူ မေးလိုက်သည်။
“နာလန်မျိုးနွယ်က ဟိုလူကြီးလေ အရင်တစ်ခေါက် လင်ချွန်းမြို့တော်မှာတွေ့ခဲ့တဲ့ လူကြီး” ဟိန်းသံလေး ပြောလေသည် “သူ အခု အဝါရောင်ဝတ်ထားတဲ့ လူငယ်တစ်ယောက်နဲ့ စကားပြောနေတယ်”
“အဲနေရာပုံစံကို ငါ့ကိုပြောပြ” ရှီမာယူယူပြောလိုက်သည်။
ဟိန်းသံလေးသည် ထိုနေရာအားပြောပြလိုက်ပြီးနောက် သူမသည် ဝူရန်ဖေ၏ အဘွားကိုပြန်ပြောပြရာ “အဲဒါ ဝူရန်ဒုံရဲ့ နန်းဆောင်ပဲ၊ အဝါရောင်အဝတ်အစားဝတ်ထားတာ သူဖြစ်ရမယ်”
“ဝူရန်ဒုံက ဘယ်လိုလုပ် နာလန်မျိုးနွယ်နဲ့ ပူးပေါင်းဖြစ်သွားတာလဲ” ရှီမာယူယူ သံသယဝင်မိသည် “ဟိန်းသံလေး သူတို့ဘာပြောလဲဆိုတာ သွားနားထောင်လိုက်”
“အိုခေ ယူယူ” ဟိန်းသံလေးသည် အတားအဆီးအား ကျော်ဖြတ်ကာ အိမ်အနီးသို့သွားလိုက်သည်။
ထိုနန်းဆောင်တွင် ကျွမ်းကျင်သူအများအပြားရှိနေသော်လည်း သူ့အား သတိထားမိသည့်သူ မရှိပေ။
သူ၏ တိုက်ပွဲအရည်အချင်းမှာ မသန်မာသော်လည်း ရှီမာယူယူ၏ လမ်းညွှန်ချက်ဖြင့် ထိုအပိုင်းတွင် သူသည် အတုမရှိဖြစ်လေသည်။ သူထင်မြင်ချက်အရ ဟာစွန်သည်ပင်လျှင် သူ့အားနိုင်မည်မဟုတ်ပေ။
အိမ်ထဲတွင် နာလန်ဟုန်နှင့် ဝူရန်ဒုံတို့သည် မျက်နှာချင်းဆိုင်ကာ အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေကြလေသည်။
“မင်းကြီး ဘာလုပ်ဖို့အစီအစဉ်ရှိလဲ” နာလန်ဟုန် မေးလိုက်သည်။
ဝူရန်ဒုံ မျက်နှာပျက်သွားကာ ပြောလိုက်သည် “မင်းပြောတာအမှန်ပဲလား၊ ရှီမာမျိုးနွယ်က တကယ်ပဲလူလွှတ်လိုက်တာလား”
“ဟုတ်တယ်” နာလန်ဟုန်ပြောလိုက်သည် “ဝူရန်ဖေနဲ့ ရှီမာမျိုးနွယ်က ကောင်လေးနဲ့က အရမ်းရင်းနှီးတယ်၊ လွန်ခဲ့တဲ့ရက်ပိုင်းက သူတို့ရှီမာမျိုးနွယ်ကထွက်သွားတယ်ဆိုတာ သတင်းရတယ်၊ ပြီးတော့ ဝူရန်ဖေနဲ့ တခြားသူတွေနေတဲ့ အိမ်ကလွတ်နေတယ်”
“အဲဝူရန်ဖေက ရှီမာမျိုးနွယ်ကို ခေါ်လာရဲတယ်” ဝူရန်ဒုံ ကြိမ်းမောင်းလိုက်သည် “ဒါပေမယ့် အဲလိုဖြစ်လာမှတော့ ရှီမာမျိုးနွယ်က ကောင်လေးတစ်ယောက်ပဲဟာ သူက ငါ့တောင်နေကြတ်တိုင်းပြည်ကို ဘယ်လိုလုပ်နိုင်မှာလဲ၊ အဲအတွက်နဲ့ ငါတို့အတူလုပ်လုပ်မယ်ဆိုရင် မြို့တော်အလဲအလှယ်လုပ်ရမယ် ငါ အဲအတွက်နဲ့ င့ါတောင်နေကြတ်တိုင်းပြည်က အသုံးအဖြုန်းမကြီးနိုင်ဘူး”
“မဟုတ်သေးဘူး အဲကောင်လေးက တစ်ယောက်တည်းမဟုတ်ဘူး၊ ရှီမာမျိုးနွယ်က လူတော်တော်များများ ပျောက်သွားတယ်၊ သူ့နောက်ကို သူတို့ ဒီကိုလိုက်မလာဘူးလို့ မင်းကြီးပြောနိုင်လား” နာလန်ဂုံပြောလိုက်သည် “ပြီးတော့ ကျွန်တော်တို့ နာလန်မျိုးနွယ်က ရှီမာမျိုးနွယ်ကို နိုင်အောင်လုပ် ပေးနိုင်တာတင်မဟုတ်ဘူး တခြားသူတွေကို နိုင်ဖို့လည်း ကူညီပေးနိုင်ပါတယ်၊ မင်းကြီးနောက်မှာ လီမျိုးနွယ်ရှိ တယ်ဆိုပေးမယ့် အများစုက ဝူရန်ဖေကိုထောက်ခံနေတုန်းပဲ၊ သူသေသွားတယ်ဆိုတာ သူတို့မယုံကြဘူး၊ သူပေါ်လာရင် မြို့တော်က လူတစ်ဝက်လောက်က မင်းကြီးကို ပုန်ကန်ကြမယ်ထင်တယ်၊ သူ့ကို နိုင်ဖို့အင်အားအလုံအလောက်ရှိလား”
ဝူရန်ဒုံသည် တည်ငြိမ်နေသည်။ သူသည် ထိုအကြောင်းကို စိုးရိမ်သည်။ သူသည် ဝူရန်ဖေထွက်လာရန် မျှားခေါ်လိုက်သော်လည်း သူပေါ်လာသည်နှင့် ဖိအားရှိမည်ကိုတော့ သိသည်။ တခြားသူများသည် သူ့အားထောက်ခံပါက သူ ဒုက္ခအတိရောက်မည်ဖြစ်သည်။
နာလန်ဟုန်သည် ဝူရန်ဒုံ၏ ဖိအားကိုမြင်သည်နှင့် သူထိုအကြောင်းကို စိုးရိမ်နေသည်ကိုသိသောကြောင့် ဆက်ပြောလိုက်သည် “မြို့တော်မှာ မင်းကြီးကိုစောင့်ကြည့်နေတဲ့သူတွေ အများကြီးရှိပါတယ် မင်းကြီးမှာရှိတဲ့ အင်အားကို သူတို့သိကြတယ်၊ အဲဒီဆန်းလန်လည်း အကျဉ်းချခံထားရပေမယ့်လည်း သူ့နောက်လိုက်တဲ့သူ တွေက မင်းကြီးကို ပုန်ကန်နိုင်တယ်၊ သူတို့က မင်းကြီးအင်အားကိုသိကြတယ် ဒါပေမယ့် ကျွန်တော်တို့ နာလန်မျိုးနွယ်က မင်းကြီးရဲ့ လျှို့ဝှက်အင်အားပဲ”
“မင်းက ဖြစ်နိုင်ချေတစ်ခုထဲကို ပြောနေတာပဲ” ဝူရန်ဒုံပြောလိုက်သည်။
“ဟုတ်ပါတယ် ဒါက ဖြစ်နိုင်ချေပါ ဒါပေမယ့် တကယ်ဖြစ်လာရင် ဘယ်လိုလုပ်မလဲ” နာလန်ဟုန်ပြောလိုက်သည် “ဒီဖြစ်နိုင်ချေက မင်းကြီးမှန်းချက်ကို ဖြုတ်ချမယ်ဆိုရင် ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ၊ ပြီးတော့ ကျွန်တော်တို့လိုချင်တဲ့ မြို့တော်က မင်းကြီးရဲ့ အလယ်ပိုင်းဝူတိုင်းပြည်တစ်လျှောက်မှာ အသေးဆုံးမြို့ပဲ မင်းကြီးရဲ့ နယ်မြေအကျယ်ကြီးမှာဆိုရင် ခေါင်းပေါ်က ဆံပင် တစ်မျှင်စာပဲရှိပါ တယ်၊ ပြီးပြည့်စုံတဲ့ အစီအစဉ်အတွက် မြို့တော်အလဲအလှယ်လုပ်ဖို့က တကယ်ကို အကျိုးအမြတ်ရှိမယ့် ကုန်သွယ်မှုပါပဲ”
ဝူရန်ဒုံသည် တစ်ခဏမျှစဉ်းစားကာ ပြောလိုက်သည် “ကောင်းပြီ ငါ မင်းနဲ့ပူးပေါင်းမယ်”
“မင်းကြီးက အမြော်အမြင်ရှိလှပါတယ်” နာလန်ဟုန် ပြုံးကာပြောလိုက်သည် “ပိုပြီးအသေးစိတ်ကို ဆွေးနွေးကြမယ်၊ အဲလိုဆိုရင် ငါတို့လူဘယ်လောက်လိုမလဲ”
“ကောင်းပြီ”
ဟိန်းသံလေးသည် သူကြားသမျှကို ရှီမာယူယူအား အစီအစဉ်ဆွေးနွေးသမျှကို အသေးစိတ် ပြောပြလေသည်။ သူသည် နာလန်ဟုန်ထွက်သွားသည်အထိ နန်းဆောင်တွင်နေခဲ့လေသည်။
ဟိန်းသံလေး ပြောသည်များကို ရှီမာယူယူကြားပြီးနောက် အလွန်အံ့သြသွားလေသည်။ ရှီမာမျိုးနွယ်က လူတစ်စုထွက်သွားတယ် ဟုတ်လား။ သူတို့ဘယ်သွားကြတာလဲ။ သူမကို ရှာဖို့လာတာတော့ မဖြစ်နိုင်ဘူး။
“တစ်ခြားတစ်ခုခုရှိနေလို့ ထွက်သွားတာဖြစ်နိုင်တယ်” သူမ ကိုယ့်ဘာသာဖြေသိမ့်လိုက်သည်။ သူမသည် ဆန်းမူယု၏ နန်းဆောင်အား ဟိန်းသံလေးရှာတွေ့စေရန် အဘွားအား လမ်းညွှန်းခိုင်းလေသည်။
ဇိမ်ခံနန်းဆောင်သည် လက်ရှိတွင် အေးစိမ့်ကာ တိတ်ဆိတ်နေသည်။ နန်းတောင်တွင် အစေခံ၃ ယောက်သာ ရှိကာ ဘယ်သူမှမရှိပေ။
ဟိန်းသံလေးဝင်သွားချိန်တွင် ပြတင်းပေါက်အားငေးကြည့်နေသော သက်လတ်ပိုင်းအရွယ် လှပသော အမျိုးသမီး တစ်ယောက်ထိုင်နေသည်ကို မြင်လိုက်ရသည်။
“တော်ဝင် ကိုယ်လုပ်တော် စောစောနားသင့်ပါပြီ” အနီရောင်ဝတ်ထားသော အစေခံတစ်ယောက် လျှောက်လာကာ ပြောလိုက်သည်။
“ဟုတ်ပါတယ် တော်ဝင်အပျိုတော်ရဲ့ ကျင့်စဉ်ကို လက်ရှိချိပ်ပိတ်ခံထားရတော့ သခင်မရဲ့ ခန္ဓာကိုယ်က သာမာန်လူအတိုင်းပဲဖြစ်နေတယ်၊ နေမကောင်းဖြစ်ရင် ဘယ်လိုလုပ်မလဲ” အစေခံနောက်တစ်ယောက်သည် ရှေ့တိုးကာ ပြောလေသည်။
ထိုနန်းတွင်းသူသည် ဆန်းမျိုးနွယ်မှ အစေခံဖြစ်ကာ ဆန်းမူယုနှင့် ဆက်ဆံရေးကောင်း သည်ကို မြင်ရသည်။ သူမသည် ယက်တောင်ယူကာ သူမအား ယက်ခပ်ပေးလိုက်လေသည်။
ဆန်းမူယုသည် တုန့်ပြန်မှုမရှိပဲ ပြတင်းပေါက်အပြင်မှ လကို ကြည့်ရုံမျှကြည့်ကာ ပြောလိုက်သည် “ရှင်းရှင်း ဖေလေး သေသွားရင် ငါ နေကောင်းလား မကောင်းလား ဘယ်သူမှ ဂရုစိုက်မှမဟုတ်ဘူး”
“တော်ဝင်အပျိုတော် မင်းသားလေးက အသက်ရှင်နေသေးပါတယ်” ရှင်းရှင်း ဖျောင်းဖျလေသည် “သူသာ အသက်မရှင်တော့ဘူးဆိုရင် ဝူရန်ဒုံက ဒီလိုမျိုးမလုပ်ပါဘူး၊ မင်းသားအသက်ရှင်နေသးတာကို သူသိသွားလို့ မင်းသားလေးကို မျှားခေါ်တယ်ဆိုပြီး တစ်ယောက်ပြောတာကြားလိုက်တယ်”
“ဖေလေးသာ အသက်ရှင်ရင် သူ့ကို ဒီလိုမလာစေချင်ဘူး၊ ဒီမှာအန္တရာယ်အရမ်းများတယ်၊ သူလာမယ်ဆိုရင် ဝူရန်ဒုံရဲ့ ထောင်ချောက်မိသွားလိမ့်မယ်”
“အဲဒီ ဝူရန်ဒုံက ဒီလိုမျိုးလုပ်ရဲသေးတယ်၊ သူအဆုံးသတ်မကောင်းမှာတော့ မြင်နေပြီ” အနီရောင် ဝတ်ထားသော အစေခံပြောလိုက်သည်။
“တော်ဝင်အပျိုတော် သွားပြီးနားလိုက်ပါ” ရှင်းရှင်း ဆက်ပြီးအကြံပေးသည်။
ဆန်းမူယုခေါင်းရမ်းကာ “အဖေနဲ့ တခြားသူတွေဘာလုပ်နေလဲ မသိတော့ဘူး၊ ငါတို့ကို ကွပ်မျက်မယ့် နေ့က နီးလာပြီ၊ သူတို့ အကျဉ်းထောင်မှာပဲရှိသေးတယ်၊ ငါက သူတို့သမီးဖြစ်ပြီး မကယ်နိုင်ဘူး”
“စိတ်အေးအေးထားပါ သခင်မရဲ့အဖေက ထောင်ကနေထွက်သွားပါပြီ”
လေထဲမှ အသံထွက်ပေါ်လာသည်နှင့် အိမ်ထဲမှ လူ၄ယောက်သည် အလွန်အံ့သြသွားလေသည်။
“ဘယ်သူလဲ” ရှင်းရှင်းနှင့် တခြားသူများသည် ရှေ့တိုးကာ ဆန်းမူယုပတ်လည်တွင် ကာကွယ် လိုက်ကြသည်။
“အလှလေး သခင်မက တကယ်လှတာပဲ”
ဟိန်းသံလေး၏ ခန္ဓာကိုယ်သည် ကြီးကြီးလာကာ ဆန်းမူယု၏ ရင်ခွင်ထဲသို့ဝင်လိုက်သည်။
“ဒါဘာကြီးလဲ” အပြာရောင်ဝတ်ထားသော အစေခံသည် ဟိန်းသံလေးထွက်ပေါ်လာသည်ကို တွေ့ သည်နှင့် အော်လိုက်သည်။
ဟိန်းသံလေးသည် ဆန်းမူယု၏ ရင်ခွင်ထဲတွင် လှဲကာ မျက်လုံးကျွတ်ကျမတတ်ကြည့်နေလေသည်။
ဆန်းမူယုသည် စိတ်အေးအေးထားကာ ပြောလိုက်သည် “မင်းဘယ်သူလဲ ဘယ်လိုဝင်လာတာလဲ”
ဟိန်းသံလေးသည် သူ့တွင်ရှေ့ဆံမြိတ်မရှိသည်ကို နောင်တရကာ ဂုဏ်ယူစွာဖြင့်ပြောလေသည် “ကျွန်တော်က ချောမောတဲ့မြင့်မြတ်တဲ့ ဟိန်းသံလေးပဲ အလှလေးကို ကာကွယ်ဖို့လာတာပါ”