← Chapters

အပိုင်း(၂၆၃)-နောက်တစ်ဖွဲ့ရောက်လာပြီ

Vol. 003 Ch. 263

အပိုင်း(၂၆၃)-နောက်တစ်ဖွဲ့ရောက်လာပြီ

Vol. 003 Ch. 263

ဟိန်းသံလေးသည် အထက်စီးဆန်စွာမိတ်ဆက်သည်ကို ကြားပြီးနောက် ရယ်မိသည် “ချစ်စရာကောင်လေးပဲ ဘယ်ကလာတာလဲ”

“ထောင်ကလာတာပါ” ဟိန်းသံလေး ပြောလိုက်သည်။

“ထောင်က ဟုတ်လား”

“ဟုတ်တယ်၊ ကျွန်တော့်ယူယူက အလှလေးဆီကို ဆေးပို့ဖို့ ကျွန်တော့်ကိုခိုင်းလိုက်တာပါ၊ သခင်မရဲ့ အမေကလည်း ဆံထိုးပေးလိုက်ပါတယ်” ဟိန်းသံလေးသည် ဆံထိုးနှင့် ကျောက်စိမ်းပုလင်းကို ထုတ်ကာ ပြောလိုက်သည် “ဆန်းမျိုးနွယ်က ထောင်ထဲမှာ ကုပြီးပါပြီ၊ သခင်မတစ်ယောက်ပဲ ကျန်ပါတော့တယ်”

“မင်းအမှန်တွေ ပြောနေတာလား” ဆန်းမူယုသည် သူမနားကိုပင် မယုံနိုင်တော့ပေ။

ဟိန်းသံလေးသည် ဆံထိုးအား သူမလက်ထဲပေးကာ ပြောလိုက်သည် “ကြည့်ပါလား ဒါက သခင်မရဲ့အမေက ကျွန်တော့်ကိုပေးလိုက်တာ၊ ယူယူလည်အတူရှိနေတာဆိုတော့ သူတို့စိုးရိမ်စရာမရှိဘူး”

“ဒါ အမေ့ရဲ့ ဆံထိုးပဲ” ဆန်းမူယုသည် သူမအမေ၏ ဆံထိုးကိုမြင်သည်နှင့် ရှိုက်ငိုတော့သည်။

ဟိန်းသံလေးသည် လျင်မြန်စွာပျံသွားကာ သူ၏ အမွေးထူးသော လက်ကလေးများဖြင့် လက်ကိုင်ပုဝါကို ပေးကာ ပြောလိုက်သည် “အလှလေး မငိုပါနဲ့ သူတို့ထောင်ထဲမှာ ကောင်းကောင်းရှိနေပါတယ်၊ ဝူရန်ဖေနဲ့ တခြားသူတွေ ဒီရောက်လာရင်စုပြီး ဝူရန်ဒုံကို နန်းချဖို့စောင့်နေကြပါတယ်”

မျက်ရည်များကို သုတ်နေသော ဆန်းမူယုသည် ရုတ်တရက် မင်တက်သွားလေသည်။ သူမသည် ဟိန်းသံလေးအား ဆွဲကာ ပြောလိုက်သည် “မင်းဘာပြောလိုက်တာလဲ ဖေလေး ပြန်လာတာလား”

“အာ…” ဟိန်းသံလေးသည် ရုန်းကာ ပြောလိုက်သည် “အလှလေးက ကျွန်တော့်ကို ဖက်တာ ကြိုက်ပေမယ့် အဲလောက်ကြီးအားနဲ့မဖိပါနဲ့”

နန်းတွင်းသူ ၃ယောက်သည် ဟန်းသံလေးအားကြည့်နေကာ သူတို့သခင်မနှင့် ဆော့ကစားနေသည်ကို မတတ်သာပဲကြည့်နေရတော့သည်။

ဆန်းမူယုသည် ဟိန်းသံလေးပြောသည်ကိုကြားပြီးနောက် သူ့အား အားလျော့ပေးကာ ပြောလိုက်သည် “တောင်းပန်ပါတယ်၊ ငါအရမ်းစိတ်လှုပ်ရှားသွားလို့ ဖေလေးပြန်လာပြီဟုတ်လား”

“ဟုတ်ပါတယ် သူ ကျွန်တော့်ယူယူနဲ့အတူ ပြန်လာတာပါ” ဟိန်းသံလေး ပြောလိုက်သည် “အလှလေး မစိုးရိမ်ပါနဲ့ သူအဆင်ပြေပါတယ် သူ မမိပါဘူး၊ သူက အခု သခင်မရဲ့ အဖေနဲ့အတူရှိနေပါတယ်၊ နန်းတော်ကို တိုက်ခိုက်ဖို့အတွက် တခြားသူတွေနဲ့ဆက်သွယ်ဖို့ ပြင်ဆင်နေပါတယ်”

“ငါ့အဖေက နန်းတော်ကထွက်သွားပြီဟုတ်လား၊ သူ ပျောက်သွားတာ ဝူရန်ဒုံမသိဘူးလား၊ ဖေလေးပြန်လာတာ သူသိသွားရင် ဘာတွေဖြစ်မလဲ” ဆန်းမူယုသည် စိုးရိမ်စွာပြောလေသည်။

“သူမသိနိုင်ပါဘူး ယူယူက သခင်မရဲ့အဖေအစား ထောင်ထဲမှာနေပေးနေပါတယ်” ဟိန်းသံလေးသည် သူမအား နှစ်သိမ့်သည်။

“ဟိန်းသံလေး အခုအခြေအနေကို ငါ့ကိုအသေးစိတ်ရှင်းပြပါဦး” ဆန်းမူယုသည် စိတ်တည်ငြိမ် အောင်ထားကာ ဟိန်းသံလေးအားပြောလိုက်သည်။

“ဟုတ်ကဲ့ပါ” ဟိန်းသံလေး ခေါင်းညိတ်ကာ လက်ရှိအခြေအနေအား ပြောပြလေသည်။ ထို့နောက်တွင် သူထပ်ပြောလေသည် “အဲဒါကြောင့် အလှလေး စိတ်မပူပါနဲ့ ကျွန်တော်တို့ အစီအစဉ်သေချာဆွဲထားပါတယ်”

ဆန်းမူယုသည် နားထောင်ပြီးနောက် စိတ်အေးသွားလေသည်။ သို့သော် အနည်းငယ် စိတ်ပူစိတ်ကျန်သေးကာ မေးလိုက်သည် “သူတို့အဲလိုလုပ်လို့ ပေါ်သွားရင် အဆင်ပြေပါ့မလား”

“ပြေမှာပါ သူတို့ပေါ်သွားရင်တောင် ဟာစွန်က သူတို့ကို ကာကွယ်ပေးမှာပါ” ဟိန်းသံလေး ပြောလိုက်သည်။

“ဟာစွန်က ဘယ်သူလဲ” ရှင်းရှင်း မေးလိုက်သည်။

“သူက ကျွန်တော့်ယူယူရဲ့ စောင့်ရှောက်သူပါ သူက အထွတ်အထိပ်သားရဲပါ” ဟိန်းသံလေး ပြောလိုက်သည်။

“အထွတ်အထိပ်သားရဲ ဟုတ်လား” အလှလေး ၄ယောက်သည် အံ့သြသွားကာ ပြောလိုက်သည် “အထွတ်အထိပ်သားရဲက မင်းသခင်ရဲ့ စောင့်ရှောက်သူဟုတ်လား”

“ဟုတ်ပါတယ်”

“သြော် ဟုတ်တယ်၊ အထွတ်အထိပ်သားရဲတစ်ကောင် ဆိုဖီယာတောင်တန်းကနေထွက်လာတာ ကြားတယ်၊ သူက မင်းသခင်ရဲ့ စောင့်ရှောက်သူဖြစ်လိမ့်မယ်လို့ ထင်မထားဘူး” သူမသည် ဟိန်းသံလေး ပြောသည်ကို ကြားပြီးနောက် စိုးရိမ်စိတ်များ လျော့ပါးသွားလေသည်။

“ဟုတ်သားပဲ ဆေးမြန်မြန်သောက်လိုက်၊ သခင်မ ဒီအတိုင်းသောက်လိုက်တာနဲ့ မနက်ဖြန်ကျရင် သက်သာလာပြီး ကျင့်ကြံလို့ရမယ်လို့ ယူယူကပြောလိုက်တယ်” ဟိန်းသံလေး ပြောလိုက်သည်။

“ဒါဆို မင်းကရော” ဆန်းမူယုမေးလိုက်သည်။

“ကျွန်တော်က နန်းဆောင်ကို ကာကွယ်ရမှာလေ သခင်မတို့အားလုံးကို ကျွန်တော်ကာကွယ်ပေးမယ်” ဟိန်းသံလေး ပြောလိုက်သည် “သခင်မတို့ကို ကာကွယ်ပေးလို့ ကျွန်တော့်ယူယူက ပြောလိုက်တယ်”

“ဒါဆို မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ” အနီရောင်ဝတ်အစေခံ မိန်းကလေးသည် ပြုံးပြီး ပြောလိုက်သည်။

“မိဖုရား၊ အခုအပြင်က အခြေအနေကိုသိပြီဆိုတော့ စိုးရိမ်စရာမရှိတော့ပါဘူး၊ အခု ဆေးစားလိုက်ပါ အဲဒါမှ တစ်ခုခုဖြစ်ရင် လုံခြုံမှာ” ရှင်းရှင်းပြောလိုက်သည်။

“ကောင်းပြီ” ဆန်းမူယု သဘောတူလိုက်သည်။

သူမ စိတ်ထဲမှ ဝန်ထုတ်ဝန်ပိုးအား လွှတ်ချလိုက်သည်နှင့် ဆန်းမူယု၏ မျက်နှာမှာ လန်းဆန်းသွားပြီး စိုးရိမ်မှုများလည်း ပျောက်ကွယ်သွားလေသည်။

ထိုညတွင် ဆန်းမူယုနှင့် တခြားသူများသည် အဆိပ်များကို ကုသနိုင်ခဲ့သည်။ ဟိန်းသံလေးသည် အနားရှိစားပွဲတွင် လှဲကာ သူ၏ ရဲတင်းလှသောအကြည့်ဖြင့် ဆက်တိုက်ကြည့်နေလေသည်။

ထောင်ထဲတွင် ရှီမာယူယူသည် ဟိန်းသံလေးဆီမှ ဆန်းမူယု၏ လက်ရှိအခြေအနေအား ဖော်ထုတ် နေသည်။ သူမသည် ဆန်းမျိုးနွယ်ဝင်များကို သတင်းတဆင့်ပြန်ပြောပေးသောကြောင့် အားလုံး စိတ်အေး ရသည်။

သို့သော် ရှီမာယူယူသည် နာလန်ဟုန်လုပ်သည်များကို စဉ်းစားလိုက်လျှင် အနည်းငယ် စိတ်ပူနေ သေးသည်။

ရှီမာမျိုးနွယ်ဝင်တွေက သူမကို ရှာဖို့တကယ်ပဲ လူတွေလွှတ်လိုက်တာလား။

“အဲလိုတော့မဖြစ်နိုင်ဘူး” ရှီမာယူယူ ရေရွတ်လိုက်သည် “အဲမြေခွေးအိုက သူ့လူတွေ အန္တရာယ်များတဲ့နေရာကို လွှတ်ဖို့ကို သဘောတူမှာမဟုတ်ဘူး”

သို့သော် နှစ်ရက်အကြာတွင် ရာဟွောင်ပြောလာသော သတင်းသည် သူမအား လှုပ်ရှားစေသည်။

“သခင် သခင်လေးယူလင်းနဲ့ တခြားသူတွေ ဒီရောက်နေတယ်” ရာဟွောင်ပြောလိုက်သည်။

ရှီမာယူယူသည် ရင်ခုန်သံတွေမြန်လာကာ သူမနဖူးအား အကူအညီမဲ့စွာ ကိုင်ရင်း “သူတို့ဒီကို ဘာလာလုပ်တာလဲ”

“သူတို့ကိုမေးပြီးပြီ သခင်လေးယူလင်းက လေ့ကျင့်ဖို့လို့ပြောတယ်” ရာဟွောင် ပြန်ဖြေသည်။

ရှီမာယူယူသည် ရှီမာယူလင်း၏ မျက်နှာအားမြင်ယောင်ကာ မေးလိုက်သည် “သူတို့ဘယ်နှယောက်လာ တာလဲ”

“သခင်ရဲ့ အစ်ကိုလေးယောက်ရော၊ သခင်လေးယူယန်နဲ့ မိန်းကလေးနှစ်ယောက်ဖြစ်တဲ့ ယူလန်နဲ့ ယူရှင်းရောပဲ၊ ကျွန်တော်မမှတ်မိတဲ့ တခြားသူနည်းနည်းလဲပါသေးတယ်၊ ဒါပေမယ့် သူတို့ကလည်း တွေ့ဆုံပွဲကို သွားမယ်လို့ပြောတယ်” ရာဟွောင်ပြောလိုက်သည်။

ရှီမာယူယူသည် အံကြိတ်ကာ ပြောလိုက်သည် “အဲမြေခွေးအိုကြီးကတော့ သူတို့ကို ဒီလာဖို့ကို ခွင့်ပြုလိုက်တယ်ဟုတ်လာ။ သူ့မြေးတွေ အသက်သေမှာ မစိုးရိမ်ဘူးလားမသိဘူး”

ရာဟွောင်သည် ရှီမာယူယူ၏ ဆိုလိုချက်ကို နားလည်ကာ ပြောလိုက်သည် “သခင်လေးကပြောတာက အဘိုးက သူတို့ကို သခင်လေးနဲ့အတူအန္တရာယ်မကျစေဘူးတဲ့၊ သူတို့ တကယ်ပဲ တွေ့ဆုံပွဲတက်ဖို့ လွှတ်လိုက်တာတဲ့”

ရှီမာယူယူ သူမ လက်သီးဆုပ်အား ဆုပ်လိုက် လွှတ်လိုက်လုပ်ကာ သူ၏ဒေါသကို ချုပ်တည်းထားရသည်။ သူမ ထိုသို့လုပ်ပြီးနောက်တွင် ဒေါသအားမျိုသိပ်ထားကာ ပြောလိုက်သည် “မြေခွေးအို ကြီး စောင့်နေဦးပေါ့”

“ယူယူ ဘာဖြစ်လို့လဲ” ရှီမာယူယူ ဒေါသထိန်းချုပ်ထားသည်ကို ဝူရန်ဖေ၏အဘွား မြင်သောအခါ မေးလိုက်သည်။

“ဘာမှမဟုတ်ပါဘူး မြေခွေးအို အကိုက်ခံရလို့ပါ” ရှီမာယူယူသည် ပြုံးပြီးနောက် ရာဟွောင်ဘက်လှည့်ကာ ပြောလိုက်သည် “သူတို့လျှောက်မသွားဖို့ပြောလိုက်၊ သူတို့ဒီရောက်နေတာ နာလန်မျိုးနွယ်ကလူတွေ သိတယ်၊ သူတို့ကို ပြဿနာသွားမရှာဘူးလို့ မပြောနိုင်ဘူး”

“ဟုတ်ကဲ့ပါ သခင် ကျွန်တော်ပြောလိုက်ပါ့မယ်” ရာဟွောင်ပြောလေသည်။

“အင်း ပြီးရင် ပြောလိုက်ဦး သူတို့ခြေတွေ လက်တွေပြတ်ရင် ငါကုပေးဖို့နည်းလမ်းမရှိဘူးလို့ပြောလိုက်ဦး” ရှီမာယူယူ ထပ်ပြောလေသည် “အားလုံးကို မသိချင်နဲ့လို့ပြီးတော့ စပြီးပြဿနာမရှာပါနဲ့လို့”

“ဟုတ်ကဲ့ပါ သခင်”

ရာဟွောင်သည် ရှီမာယူယူပြောသမျှကို ရှီမာယူယန်နှင့် တခြားသူများကို ပြောပြလေသည်။ ရှီမာယူယန်သည် ခေါင်းညိတ်ကာ ပြောလေသည် “ငါတို့ ခြေတွေလက်တွေမပြတ်ဘူးဆိုရင်တောင် အပြင်မှာ လျှောက်မသွားသင့်ဘူး”

“ငါတော့ ယူယူဒေါသထွက်နေတာကို တွေးလို့ရနေပြီ” ရှီမာယူရှင်းသည် နှုတ်ခမ်းတွန့်ကာ ရယ်မော လေသည်။

“ဟုတ်တယ် တကယ်တော့ သူက ငါတို့ထက်သာငယ်တာ ငါတို့်ကို စောင့်ရှောက်တဲ့တာဝန်ယူထားတဲ့ ပုံလုပ်တတ်တယ်” ရှီမာယူလန် ပြောလေသည် “သူဒီလိုလုပ်တာတွေ့ပေမယ့် ဒုံချန်းတိုင်းပြည်က အဲဒီအကျင့် ယုတ်တဲ့လူနဲ့ မဆက်စပ်မိဘူး”

“ယူယူ ဒေါသထွက်ပေမယ့် သူမမှားဘူးလေ၊ ငါတို့တစ်ယောက်တည်းသွားတာတို့ကို တတ်နိုင်သမျှ ရှောင်ရမယ်၊ နာလန်မျိုးနွယ်ကလူတွေက ငါတို့နဲ့ အကြောတည့်တာမဟုတ်ဘူး” ယူလင်းပြော လေသည်။

“ငါတို့လည်း သိတယ်” ရှီမာယူယန် ပြောလိုက်သည် “ငါတို့ဒီလာတာ တောင်နေကြတ်တိုင်းပြည်နဲ့ နာလန်မျိုးနွယ်အကြားက ဆက်ဆံရေးကိုဖျက်ဆီးဖို့လာတယ်ဆိုတာ သူသိရင်တော့သွေးတောင် အန်ထွက်မ လားမသိဘူး”

ရှီမာယူလင်းသည် ရှီမာယူယန်အားစိုက်ကြည့်ကာ ပေါ့ပါးစွာပြောလိုက်လေသည် “မင်းပြောကြည့်ပါ လား သူဘယ်လိုဖြစ်သွားမလဲလို့လေ”

All Chapters