အခန်း ၃၅၃
Vol. 31 Ch. 353
အပိုင်း (၃၅၃) ကုန်းဆွန်ကျွယ်နှင့် လင်ရှောင်းတို့ကို သုတ်သင်ခြင်း - ၂
သို့သော် ထိုအခိုက်အတန့်မှာပင်...
ကူမော့သည် ထူးဆန်းသော စွမ်းအင် လှုပ်ခတ်မှု တစ်ခုကို ရုတ်တရက် အာရုံခံမိလိုက်လေသည်။ ၎င်းမှာ သိုင်းပညာ၏ အစစ်အမှန် အနှစ်သာရ ဟု ထင်ရသလို၊ ဝိညာဉ် စွမ်းအားနှင့်လည်း ဆင်တူနေပြီး အလွန် ထူးခြားလှပေသည်။
ထိုအခိုက်အတန့်တွင် ကူမော့၏ သူငယ်အိမ်အတွင်းသို့ အမည်းရောင်မြူခိုးများ တိုးဝင်လာပြီးနောက် သူ၏ မျက်ဝန်းအစုံသည် အောက်ခြေမရှိသော အမည်းရောင်ရေကန်ကြီးအလား ပြောင်းလဲသွားခဲ့သည်။ ထို့နောက် ပေသုံးဆယ်ပတ်လည်အတွင်းရှိ လောကကြီးတစ်ခုလုံးသည် အရောင်အသွေးများ ကွယ်ပျောက်ကာ အဖြူနှင့် အမဲသာရှိသော မှင်ခြယ်ပန်းချီကားတစ်ချပ်အသွင်သို့ ချက်ချင်း ကူးပြောင်းသွားခဲ့သည်။
လေထဲတွင် ဝဲနေသော မိုးရေစက်များနှင့် သွေးစက်များသည်လည်း စီးဆင်းမှုကင်းမဲ့လျက် ခဲနေသော ဖန်စေ့များကဲ့သို့ ရပ်တန့်သွားကြသည်။ ထိုသို့ အရာခပ်သိမ်း ငြိမ်သက်နေသော အဖြူအမဲကမ္ဘာအတွင်း၌ ကူမော့သည် မိုးထဲမှ ထွက်ပေါ်လာသော လင်ရှောင်း၏ ပုံရိပ်ကို အထင်အရှား မြင်တွေ့လိုက်ရခြင်းပင် ဖြစ်သည်။
ကူမော့သည် ရှေးဟောင်း မှင်ခြယ် ပန်းချီကား တစ်ချပ်အတွင်းသို့ ရောက်နေသည့်အလား လင်ရှောင်း၏ ရှေ့တွင် ပေါ်လာပြီး အံ့သြစွာဖြင့် ပြောလိုက်လေသည်။
"ဒါက တက်လှမ်းခြင်း အဆင့်ကို ရောက်သွားပြီး နောက် အခြေအနေလား..."
လင်ရှောင်းက ပြုံးလျက် ပြောလိုက်လေသည်။
"ငါ့ကို တစ္ဆေ တစ်ကောင် ဒါမှမဟုတ် ဝိညာဉ် တစ်ခု လို့ပဲ မင်း သတ်မှတ်လို့ ရပါတယ် ကူမော့... ဒီအခြေအနေမှာတော့ မင်း ငါ့ကို သတ်လို့ မရတော့ဘူး"
အဖြူအမဲ နယ်ပယ်အတွင်း၌ အလင်းနှင့် အရိပ်တို့သည် မှင်စွန်းနေသော ပုရပိုက်စုတ်များအလား ပျံ့နှံ့နေခဲ့သည်။ ကူမော့သည် ခြေဖျားဖြင့် မြေပြင်ကို ဖွဖွလေးထောက်ကာ ထိုက်ရွှီးဓားကို အရှိန်အဟုန်ဖြင့် ဝှေ့ယမ်းလိုက်ရာ ငွေဖြူရောင်ဓားအလင်းများက လင်ရှောင်း၏ လည်ချောင်းဆီသို့ မိုးသက်မုန်တိုင်းအလား ဦးတည်သွားခဲ့သည်။
သို့သော်လည်း ထိုဓားသွားမှာ လင်ရှောင်း၏ ပုခုံးကို ထိမှန်ခြင်းမရှိဘဲ ဟင်းလင်းပြင်ကိုသာ ဖောက်ထွင်းသွားခဲ့သဖြင့် လေထုအတွင်း၌ တုန်ခါမှုတစ်ခုသာ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် ကူမော့သည် ကိုယ်ကို လျင်မြန်စွာလှည့်၍ ညာလက်ဝါးမှ မီးတောက်များကို ထုတ်ဖော်ကာ ပြင်းထန်သော လက်ဝါးချက်ဖြင့် တိုက်ခိုက်ခဲ့ပြန်သည်။ ထိုပူလောင်လှသော လေပြင်းကြောင့် ပတ်ဝန်းကျင်လေထုမှာ ပုံပျက်သွားခဲ့သော်လည်း လင်ရှောင်း၏ ခန္ဓာကိုယ်ကိုမူ တိုက်ရိုက်ဖောက်ထွင်းသွားခဲ့သည်။
ကူမော့သည် သူ၏ မွေးရာပါချီကို အစွမ်းကုန် ထုတ်လွှတ်၍ ဆက်တိုက် တိုက်ခိုက်ခဲ့သော်လည်း လင်ရှောင်းကို အနည်းငယ်မျှပင် ထိတွေ့နိုင်ခြင်း မရှိခဲ့ချေ။ လင်ရှောင်းသည် မှန်ပေါ်တွင် ကပ်ညှိနေသော ပုံရိပ်ယောင်တစ်ခုကဲ့သို့ပင် ဖြစ်နေပြီး စစ်မှန်သောချီနှင့် သိုင်းပညာအနှစ်သာရများ၏ တိုက်ခိုက်မှုကို ခံနေရသော်လည်း ဒဏ်ရာတစ်စုံတစ်ရာ မရရှိဘဲ ထိုနေရာလွတ်အတွင်း အမှန်တကယ် ရှိမနေသကဲ့သို့ ဖြစ်နေတော့သည်။
လင်ရှောင်းက
"အသုံးမဝင်ပါဘူး... ငါ့ရဲ့ ရုပ် ခန္ဓာကိုယ်က အထောက်အပံ့ ဖြစ်သလို အဟန့်အတားလည်း ဖြစ်နေတာလေ... မင်း ငါ့ရဲ့ ခန္ဓာကိုယ်ကို သတ်လိုက်ကတည်းက ငါတို့ရဲ့ ရလဒ်ဟာ သရေပဲလို့ သတ်မှတ်ပြီးသား ဖြစ်သွားပြီ..."
"ဒါက တက်လှမ်းခြင်း နယ်ပယ်ပဲ... တက်လှမ်းခြင်း ဆိုတာ သာမန်ထက် ကျော်လွန်သွားတာကို ဆိုလိုတာဖြစ်ပြီး၊ အဲဒီလို ကျော်လွန်သွားခြင်းဟာ လူတစ်ယောက်ရဲ့ သက်ရှိ အဆင့်အတန်းကို မြှင့်တင်လိုက်တာပဲ... ငါက မင်းရှေ့မှာ ရပ်နေတယ် ဆိုပေမဲ့ ငါတို့က မတူညီတဲ့ ကမ္ဘာမှာ တည်ရှိနေတာလေ... တခြားသူတွေကို အန္တရာယ် ပေးနိုင်ဖို့ ငါ့မှာ ခန္ဓာကိုယ် ရှိဖို့လိုအပ်တယ်၊ အလားတူပဲ တခြားသူတွေကလည်း ငါ့ရဲ့ ခန္ဓာကိုယ်ကိုပဲ အန္တရာယ် ပေးနိုင်တယ် ဆိုတာပေါ့..."
ကူမော့က ပြုံးလျက် ပြောသည်...
"ဒါဆို မင်းက အတွင်းမိစ္ဆာကို မသတ်နိုင်ဘူးလို့ ခံစားနေရတာဟာ အတွင်းမိစ္ဆာရဲ့ သက်ရှိ အဆင့်အတန်းက ပိုမြင့်နေလို့ ပေါ့..."
လင်ရှောင်းက အနည်းငယ် ခေါင်းညိတ်ပြလျက် ဆိုသည်...
"ဟုတ်တယ်... ဒါပေမဲ့ တက်လှမ်းခြင်း နယ်ပယ် ဆိုတာ ငါတို့ လူသားတွေ ရောက်ရှိနိုင်တဲ့ အမြင့်ဆုံး အဆင့်ပဲ... ဒဏ္ဍာရီလာ မသေမျိုး နယ်ပယ် မှာပဲ အတွင်းမိစ္ဆာတွေကို သတ်နိုင်တဲ့ အရာတစ်ခုခု ရှိကောင်းရှိနိုင်လိမ့်မယ်၊ ဒါပေမဲ့ အတွင်းမိစ္ဆာတွေက ကောင်းကင်တံခါးမှာ စောင့်ကြပ်နေကြတော့ ငါတို့ ဝင်လို့မရဘူး...
အဲဒီတုန်းက ငါ့ရဲ့ ကျင့်ကြံမှုကို ဖိနှိပ်ထားပြီး တက်လှမ်းခြင်း နယ်ပယ်ရဲ့ ခြေလှမ်းဝက် အဆင့်မှာပဲ နေခဲ့တာ၊ အခုထိလည်း အဲဒီအဆင့်မှာပဲ ရှိသေးတယ်... ငါက တက်လှမ်းခြင်း နယ်ပယ်ကို မရောက်နိုင်လို့ မဟုတ်ဘူး၊ အတွင်းမိစ္ဆာတွေကို ကိုင်တွယ်ဖို့ ယုံကြည်မှု မရှိလို့ပဲ... ကျန်းရိုရွှီး ကတော့ အတွင်းမိစ္ဆာတွေကို သွားရောက် စိန်ခေါ်ခဲ့ပြီး နောက်ဆုံး ရလဒ်ကတော့ အရှုံးကြီး ရှုံးသွားခဲ့တာပဲ မဟုတ်လား..."
ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဆိုသည်...
"မင်း ပြောတဲ့ တက်လှမ်းခြင်း နယ်ပယ် ဆိုတာက အဓိပ္ပာယ် မရှိဘူးလို့ ငါ ထင်တယ်... လူသားတွေက မင်းကို သတ်လို့ မရတာကလွဲရင် မင်းကလည်း တခြားသူတွေကို သတ်လို့ မရဘူးလေ၊ ဒါဆိုရင် မင်းက တစ္ဆေတစ်ကောင်နဲ့ ဘာမှ ကွာခြားတာ မဟုတ်ဘူး..."
လင်ရှောင်းက ပြန်ပြောသည်...
"နယ်ပယ် ဆိုတာ တိုက်ခိုက်ရေး စွမ်းအားနဲ့ မတူဘူးလေ... မင်း အတွင်းအားကို ကျင့်ကြံပြီး ယင်ယန် ဟန်ချက်ညီတာ ဒါမှမဟုတ် ဉာဏ်အလင်းရသွားတဲ့ အခါမှာလည်း မဟာတာအိုအပေါ် နားလည်မှု တချို့ ရလာတာကိုပဲလေ၊ မင်းရဲ့ တိုက်ခိုက်ရေး စွမ်းအား တိုးတက်လာတာမဟုဘူး ..."
"တက်လှမ်းခြင်း ဆိုတာကတော့ သက်ရှိ အဆင့်အတန်း ပြောင်းလဲသွားတာပဲ... တိုက်ခိုက်ရေး စွမ်းအား ကတော့ သိုင်းပညာ အပေါ်မှာပဲ မှုတည်နေတုန်းပဲ... သေချာတာပေါ့၊ ‘ ခန္ဓာ မရှိဘဲနဲ့ တခြားသူတွေကို အန္တရာယ် မပေးနိုင်ဘူး' ဆိုတာက မင်းလို အားကောင်းတဲ့ ဆရာကြီးတွေ အတွက်ပဲ အကျုံးဝင်တာပါ... သာမန်လူ တစ်ယောက် ဆိုရင်တော့..."
ထိုသို့ ပြောရင်း သူက ဘေးဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်လေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အားကောင်းလှသော စိတ်ဝိညာဉ် စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး၊ လူတစ်ဖက်စာခန့် ရှိသော သစ်သားတိုင်ကြီးမှာ ပေါက်ကွဲထွက်သွားတော့၏။
ကူမော့က အနည်းငယ် ခေါင်းညိတ်ပြလျက် ဆိုသည်...
"ငါ နားလည်ပါပြီ... ဒါဆို တက်လှမ်းခြင်း ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို စွန့်ပယ်ပြီး စိတ်ဝိညာဉ်က သာမန်ထက် ကျော်လွန်သွားတာ ပေါ့... သက်ရှိ အဆင့်အတန်း မြင့်တက်လာတယ် ဆိုတာကလည်း လူသား တစ်ယောက်ကနေ စိတ်ဝိညာဉ် ခန္ဓာကိုယ် သို့မဟုတ် မူလ ဝိညာဉ် အဖြစ် ပြောင်းလဲသွားတာ ပေါ့လေ..."
လင်ရှောင်းက ခေါင်းညိတ်ပြသည်...
"အဲဒီလို နားလည်တာလည်း မှန်ပါတယ်..."
ကူမော့က ဇဝေဇဝါဖြင့် မေးမြန်းလိုက်သည်...
"ဒါဆို ဘာလို့ ရုပ် ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ် နှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း တက်လှမ်းနိုင်အောင် မကြိုးစားတာလဲ..."
လင်ရှောင်း ခေတ္တ တုံ့ဆိုင်းသွားပြီးနောက် ပြောသည်...
"ရှေးယခင် ကတည်းက တက်လှမ်းခြင်း ဆိုတာ စိတ်ဝိညာဉ် တက်လှမ်းခြင်းပဲ ရှိခဲ့တာ၊ ဘာလို့လဲဆိုတော့ တက်လှမ်းခြင်းရဲ့ အခြေအနေဟာ သေမျိုး ခန္ဓာကိုယ်ကို စွန့်ပယ်ဖို့ လိုလို့ပဲ... သေမျိုး အဖြစ်ကနေ မခွာဘဲနဲ့ ဘယ်လိုလုပ် မသေမျိုး ဖြစ်လာနိုင်မှာလဲ..."
ကူမော့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်၏။
လင်ရှောင်းက ပြုံးလျက် ပြောသည်...
"ဒါကြောင့် ကူမော့... ငါတို့ နှစ်ယောက် ပူးပေါင်းသင့်တယ်... မင်းရဲ့ ပါရမီနဲ့ အရည်အချင်းတွေအရ မင်းဟာ တစ်သက်လုံး သေမျိုး တစ်ယောက် အဖြစ်နဲ့ပဲ ကျေနပ်နေမှာ မဟုတ်ဘူး... သေချာပေါက် သာမန်ထက် ကျော်လွန်ဖို့ ကြိုးစားမှာပဲ၊ အဲဒီအခါကျရင် မင်းလည်း အတွင်းမိစ္ဆာတွေဆီကနေ လွတ်မှာ မဟုတ်ဘူး..."
"အတွင်းမိစ္ဆာက ငါတို့ထက် ပိုမြင့်တဲ့ အဆင့်မှာ ရှိနေတာ... သူတို့က ကောင်းကင်တံခါးကို ပိတ်ဆို့ထားကြတယ်၊ သူတို့ကို မသတ်နိုင်သရွေ့ ငါတို့ မသေမျိုး အဖြစ်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး... ကူမော့... အတွင်းမိစ္ဆာတွေရဲ့ အားနည်းချက်က ရှင်းနေတာပဲ... သူတို့က အာဟာရ အဖြစ် စိတ်ဝိညာဉ် အနှစ်သာရတွေကို အဆက်မပြတ် လိုအပ်တယ်...
သာမန်လူတွေမှာ စိတ်ဆန္ဒပဲ ရှိတာ၊ အနှစ်သာရ မရှိဘူး... လောကမှာ သိုင်းပညာတွေသာ မရှိတော့ရင် အနှစ်သာရတွေလည်း ရှိတော့မှာ မဟုတ်ဘူး၊ အဲဒီအခါကျရင် အတွင်းမိစ္ဆာတွေလည်း ပျောက်ကွယ်သွားလိမ့်မယ်..."
"အဲဒီအချိန်ကျရင် ငါတို့တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်ရာက လူတွေလို ဖြစ်သွားမှာပေါ့... ငါတို့ရဲ့ နယ်ပယ်က အဆင့်တစ်ခုကို ရောက်တာနဲ့ သဘာဝအတိုင်း တက်လှမ်းနိုင်ပြီး မသေမျိုး နယ်ပယ်ကို ဝင်ရောက်ကာ မသေမျိုးတွေ ဖြစ်လာလိမ့်မယ်..."
"လွတ်လပ်ပြီး ဘာအနှောင်အဖွဲ့မှ မရှိတဲ့ မသေမျိုးတွေ ပေါ့လေ..."
ကူမော့က ခေါင်းကို အနည်းငယ် ယမ်းလျက် ဆိုသည်...
"ဒါပေမဲ့ ငါကတော့ မင်းကို သတ်ချင်နေတုန်းပဲ..."
လင်ရှောင်းကလည်း ခေါင်းကို အနည်းငယ် ယမ်းလျက် ပြန်ပြောသည်...
"မင်း ငါ့ကို သတ်လို့ မရပါဘူး... မင်းရဲ့ သိုင်းပညာတွေက အရမ်း မြင့်မားပြီး လောကမှာ နံပါတ် ၁ လို့ ခေါ်ထိုက်ပါတယ်၊ ဒါပေမဲ့ မင်းရဲ့ ချီ သန့်စင်ခြင်း နယ်ပယ်ကတော့ မမြင့်သေးဘူး... ငါ့ကို သတ်ချင်ရင် မင်းကိုယ်တိုင် တက်လှမ်းခြင်း နယ်ပယ်ကို ရောက်မှ ဖြစ်မှာ... ဒါပေမဲ့ တက်လှမ်းခြင်း နယ်ပယ်ကို ရောက်လို့ မင်းရဲ့ အတွင်းမိစ္ဆာကို တွေ့လိုက်ရတဲ့ အခါကျရင်တော့ ငါ့ကို သတ်ချင်တဲ့စိတ် ရှိတော့မှာ မဟုတ်ပါဘူး..."
ကူမော့က မျက်မှောင်ကြုတ်ကာ သံသယဖြင့် မေးမြန်းလိုက်သည်...
" ငါ့ရဲ့ အတွင်းမိစ္ဆာကို ငါ တွေ့ပြီးသွားပြီလေ၊ ဒါပေမဲ့ အဲဒါက မင်းကို သတ်ချင်တဲ့ ငါ့ရဲ့ ဆန္ဒကို ဘာမှ သက်ရောက်မှု မရှိပါဘူး..."
ဤစကားကို ကြားသောအခါ လင်ရှောင်း၏ မျက်နှာပေါ်ရှိ တည်ငြိမ်သော အမူအရာမှာ ပြောင်းလဲသွားပြီး အံ့သြတကြီးဖြင့် မေးလိုက်သည်...
"မင်း အတွင်းမိစ္ဆာကို တွေ့ပြီးပြီ ဟုတ်လား... အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
ကူမော့လည်း ဇဝေဇဝါ ဖြစ်သွားပြီး မေးလိုက်သည်...
"ငါ နတ်ဘုရား သဘာဝနဲ့ လူသားဆန်မှုရဲ့ နောက်ကွယ်ကို မြင်သွားပြီ ဆိုတာ မင်း မသိဘူးလား..."
လင်ရှောင်းက ပြောသည်...
"အဲဒါက အတွင်းမိစ္ဆာနဲ့ ဘာဆိုင်လို့လဲ... ငါလည်း အဲဒီတုန်းက အဲဒီနောက်ကွယ်ကို မြင်ခဲ့တာပဲလေ..."
ကူမော့က သံသယဖြင့် မေးမြန်းလိုက်သည်...
"နတ်ဘုရား သဘာဝနဲ့ လူသားဆန်မှု ဆိုတာ အတွင်းမိစ္ဆာတွေ ဖန်တီးထားတဲ့ ထောင်ချောက်တစ်ခုပဲ မဟုတ်လား... မင်း နတ်ဘုရား သဘာဝကိုပဲ ရွေးရွေး၊ လူသားဆန်မှုကိုပဲ ရွေးရွေး၊ မင်းဟာ အတွင်းမိစ္ဆာရဲ့ ထောင်ချောက်ထဲကို ကျသွားမှာပဲ..."
လင်ရှောင်းက ခေါင်းညိတ်ပြလျက် ဆိုသည်...
"ငါ သိပါတယ်... အဲဒီတုန်းက ငါ အနည်းငယ် မြင်ခဲ့မိလို့ နောက်ဆုံးမှာ နတ်ဘုရား သဘာဝရော လူသားဆန်မှုကိုပါ ငါ မရွေးချယ်ခဲ့တာပေါ့..."
ကူမော့က ဆက်ပြောသည်...
"ဒါဆို မင်း အတွင်းမိစ္ဆာကို တွေ့ခဲ့တာပဲ မဟုတ်လား... ဘာကိုမှ မရွေးချယ်ခဲ့တဲ့ အခါမှာ နတ်ဘုရား သဘာဝနဲ့ လူသားဆန်မှုက တစ်ခုတည်း အဖြစ် ပေါင်းစည်းသွားတယ်၊ အဲဒါက အတွင်းမိစ္ဆာပဲလေ... အဲဒီနောက်မှာ ငါ အဲဒါကို အနိုင်ယူပြီး သတ်ပစ်ခဲ့တာပဲ... အဲဒါက အတွင်းမိစ္ဆာရဲ့ စိတ်ဆန္ဒလေး တစ်စပဲ ဆိုရင်တောင်မှ ငါ အတွင်းမိစ္ဆာကို သေချာပေါက် တွေ့ခဲ့တာပဲ..."
လင်ရှောင်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး ကူမော့ကို လက်ညှိုးထိုးကာ မယုံနိုင်စရာ ကောင်းလောက်အောင် အော်ဟစ်လိုက်သည်...
"မင်း... မင်း... မင်း ဆိုလိုတာက... မင်း နတ်ဘုရား သဘာဝနဲ့ လူသားဆန်မှုရဲ့ နောက်ကွယ်ကို မြင်ပြီးတဲ့နောက်၊ အဲဒီ နှစ်ခု ပေါင်းစည်းသွားတာဟာ အတွင်းမိစ္ဆာ လို့ ဆိုလိုတာလား...”
ကူမော့က သံသယဖြင့် မေးမြန်းလိုက်သည်...
"မင်း မသိဘူးလား..."
လင်ရှောင်း၏ မျက်ဝန်းများတွင် ဇဝေဇဝါ ဖြစ်မှုများ ထင်ရှားစွာ ပေါ်လာပြီး ပြောလိုက်သည်...
"ငါ မသိဘူး... အဲဒါက သာမန် နှလုံးသားရဲ့ စမ်းသပ်မှု တစ်ခုပဲလို့ ငါ ထင်ခဲ့တာ၊ ဒါကြောင့် ဘာမှ မလှုပ်ရှားဘဲ စိတ်ဆန္ဒနဲ့ပဲ ကျော်လွှားဖို့ ငါ ရွေးချယ်ခဲ့တာ... မဟုတ်ဘူး၊ မင်းက အတွင်းမိစ္ဆာကို... အနိုင်ယူပြီး သတ်ပစ်ခဲ့တယ် လို့ရော ပြောလိုက်တာလား..."
ကူမော့က ခေါင်းညိတ်ပြလျက် ဆိုသည်...
"ဟုတ်တယ်... မဟုတ်ရင် ငါ ဘယ်လိုလုပ် ဒီလောက် မြန်မြန် နိုးလာနိုင်မှာလဲ..."
လင်ရှောင်းက ကြောင်အအဖြင့် ရေရွတ်လိုက်သည်...
"အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... အဲဒါက အတွင်းမိစ္ဆာရဲ့ စိတ်ဆန္ဒလေး တစ်စပဲ ဆိုရင်တောင်မှ တက်လှမ်းခြင်း နယ်ပယ်က သက်ရှိ ပုံစံ လေ... မင်းက အဲဒါကို ထိတောင် မထိနိုင်ဘဲနဲ့ ဘယ်လိုလုပ် သတ်နိုင်မှာလဲ..."
ကူမော့ ခဏမျှ စဉ်းစားပြီးနောက် တစ်ခုခုကို ရုတ်တရက် သဘောပေါက်သွားကာ ပြောလိုက်သည်...
"ငါ့ကို ပြောပါဦး... ငါ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က တက်လှမ်းခြင်း နယ်ပယ်ကို ရောက်သွားတဲ့ ဖြစ်နိုင်ခြေ ရှိမလား..."