အခန်း ၃၅၆
Vol. 31 Ch. 356
အပိုင်း (၃၅၆) - နဂါးကြေးခွံပြောင်းပြန်ဓား
ဆရာကြီး ယူက အနည်းငယ် ခေါင်းညိတ်ပြလျက် ဆိုသည်
"သီအိုရီ အရပြောရရင်တော့ ရှိပါတယ်... လွန်ခဲ့တဲ့ အနှစ် သုံးဆယ်ကျော်က လင်ရှောင်း လည်း အဖြေကို ရှာဖို့ ဒီလာခဲ့ဖူးတယ်၊ ဒါကြောင့် အခု ဆရာကြီး ကူ ဒီအဖြေကို ပြန်ရှာဖို့ ရောက်လာတာကို ကျွန်တော် အမှတ်ရနေမိတာပါ..."
ကူမော့က
"ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး..."
ဆရာကြီး ယူက ပြောသည်
"အတွင်းမိစ္ဆာက လူသားတွေရဲ့ စွမ်းအားထက် သာလွန်တဲ့ အထူး သက်ရှိ တစ်မျိုးပါ၊ ပြီးတော့ သီအိုရီ အရ လောကရဲ့ ဒဏ္ဍာရီတွေ ထဲမှာဆိုရင်... တားမြစ်ချက် ဆယ့်သုံးခု ဟာ ကျန်းရိုရွှီး နဲ့ ကပ်ရောဂါ နတ်ဘုရား တို့ကလွဲရင် လူ့လောကက မဟုတ်ကြပါဘူး... အဲဒီအဓိပ္ပာယ်က ဒီ တားမြစ်ချက် ဆယ့်သုံးခု ဟာ တကယ်တော့ တစ်ခုနဲ့တစ်ခု ပြန်လည် ထိန်းချုပ်နိုင်စွမ်း ရှိတယ် ဆိုတာပါပဲ...
"ဒါကြောင့် နဂါးရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတဲ့ နဂါးအကြေးခွံပြောင်းပြန် ဓားနဲ့၊ မဟာ နေမင်း မိစ္ဆာ အနုပညာ တို့ဟာ အတွင်းမိစ္ဆာကို တိုက်ရိုက် သတ်နိုင်စွမ်း ရှိရပါမယ်... ဒုတိယ အနေနဲ့ကတော့ မီးချီလင်၊ အရောင်ခုနစ်မျိုးရှိသော ဒေါင်း နဲ့ လိပ်နက်ဆိုတဲ့ ဒီ ဒဏ္ဍာရီလာ နတ်သားရဲ သုံးကောင် ဟာလည်း အတွင်းမိစ္ဆာကို သတ်နိုင်တဲ့ စွမ်းအား ရှိနိုင်ပါတယ်..."
"ဒဏ္ဍာရီ တွေအရဆိုရင် မိုးပြာ နဂါး ၊ မီးချီလင်၊ အရောင်ခုနစ်မျိုးရှိသော ဒေါင်း နဲ့ လိပ်နက် တို့ဟာ လောကမှာ အစင်ကြယ်ဆုံးနဲ့ အမြင့်မြတ်ဆုံး ဖြစ်တဲ့ ဝိညာဉ် စွမ်းအင် လေးမျိုး ဖြစ်ကြပြီး၊ နှစ်ပေါင်း သန်းချီ ကြာမှ ဖြစ်ပေါ်လာတာ ဖြစ်သလို အတွင်းမိစ္ဆာတွေ မွေးဖွားလာတာနဲ့လည်း ဆက်စပ်နေပါတယ်...
သူတို့က ဆင်တူတဲ့ စွမ်းအား ပိုင်ဆိုင်ထားကြလို့၊ ဒီစွမ်းအား လေးမျိုးဟာ အတွင်းမိစ္ဆာကို ပြန်လည် တိုက်ခိုက်နိုင်လိမ့်မယ်လို့ ကျွန်တော် ခန့်မှန်းမိတာပါ..."
"မဟာ နေမင်း မိစ္ဆာ အနုပညာ နဲ့ ပတ်သက်ရင်တော့၊ အဲဒါက မိစ္ဆာ သိုင်းပညာ အားလုံးရဲ့ အစ ပဲ၊ လောကမှာရှိတဲ့ မိစ္ဆာ အငွေ့အသက်တွေ အားလုံးကို စုစည်းပြီး အစင်ကြယ်ဆုံး မိစ္ဆာ စွမ်းအား အဖြစ် ပေါင်းစည်းနိုင်တယ်လို့ ကောလာဟလ တွေ ရှိပါတယ်၊ အဲဒါက အတွင်းမိစ္ဆာတွေရဲ့ ကို ယှဉ်နိုင်ဖို့ သာလွန်တဲ့ စွမ်းအားတစ်ခုကို ပေးစွမ်းနိုင်မှာပါ..."
"လင်ရှောင်း ဟာ အဲဒီတုန်းက ကျွန်တော့်ကို ရှာဖို့ ကျမ်းစာဆောင်ကို လာခဲ့ဖူးတယ်၊ သူကိုယ်တိုင်လည်း စာရွက်စာတမ်း အများအပြားကို လေ့လာခဲ့ပေမဲ့ အတွင်းမိစ္ဆာကို ကိုင်တွယ်မယ့် နည်းလမ်းကို ရှာမတွေ့ခဲ့ပါဘူး ။ ဒါပေမဲ့ နဂါးအကြေးခွံပြောင်းပြန် ဓား ပဲ ဖြစ်ဖြစ်၊ မဟာ နေမင်း မိစ္ဆာ အနုပညာ ဒါမှမဟုတ် မီးချီလင် စတာတွေဟာ ဘာအထောက်အထား မှ မရှိဘူး။ ဒဏ္ဍာရီတွေနဲ့ တချို့သော သမိုင်းမှတ်တမ်း အပေါ် အခြေခံထားတဲ့ ကျွန်တော့်ရဲ့ ခန့်မှန်းချက်တွေ သက်သက်ပါပဲ..."
" ကျမ်းစာဆောင်ကနေတစ်ဆင့် အတွင်းမိစ္ဆာကို ကိုင်တွယ်မယ့် နည်းလမ်းကို ရှာချင်နေတယ်လို့ ကြားလို့သာ၊ မင်းရဲ့ အချိန်တွေကို အလဟဿ မဖြစ်စေချင်လို့ ဒီနေ့ ကျွန်တော် အထူးတလည် လာပြီး သတိပေးတာပါ ။
ဒီ နည်းလမ်း လို့ ခေါ်တဲ့ အရာတွေ အတွက်တော့ ကျေးဇူးပြုပြီး စိတ်ထဲ အရမ်း မထားပါနဲ့ဦး... တားမြစ်ချက် ဆယ့်သုံးခု ဟာ တကယ် ရှိတယ်လို့ ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားပေမဲ့၊ ပိုင်ယွီကျင်း ကလွဲရင် ဘာသဲလွန်စမှ ရှာမတွေ့နိုင်ဘူး..."
ကူမော့က
"ကျွန်တော် နားလည်ပါပြီ၊ လမ်းညွှန်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဆရာကြီး..."
ဆရာကြီး ယူက အနည်းငယ် ပြုံးပြကာ ဆိုသည်...
"ကျွန်တော် ပထမထပ်မှာ စာဖတ်နေပါ့မယ်... တကယ်လို့ စာအုပ် တစ်ခုခု လိုအပ်ရင် ပြောပါ၊ ကျွန်တော် ရှာပေးပါ့မယ်..."
ကူမော့က ခပ်ဖွဖွ ရယ်မောလိုက်ပြီး ဆိုသည်...
"အခုတော့ ကျွန်တော့်အတွက် ဘာစာအုပ်မှ မလိုတော့ပါဘူး..."
ဆရာကြီး ယူက နှုတ်ဆက်ပြီးနောက် လှည့်ထွက်သွားလေသည်
ကျန်းတာအိုယီက မေးလိုက်သည်...
"မင်း အတွင်းမိစ္ဆာကို တကယ်ပဲ မြင်ခဲ့တာလား..."
ကူမော့က အနည်းငယ် ခေါင်းညိတ်ပြလျက်
"ကျွန်တော်တင် မကဘူး၊ လင်ရှောင်း လည်း မြင်ခဲ့တယ်လေ... သူက သိုင်းပညာတွေကို ဖျက်ဆီးချင်ရတဲ့ ရည်ရွယ်ချက်က အတွင်းမိစ္ဆာကို အားနည်းသွားအောင် လုပ်ဖို့ပါ၊ ဘာလို့လဲဆိုတော့ အတွင်းမိစ္ဆာရဲ့ စွမ်းအင်က ကျင့်ကြံသူတွေရဲ့ စိတ်ဝိညာဉ် အနှစ်သာရကို ဝါးမြိုရာကနေ ရတာမို့လို့ပဲ၊ ကျင့်ကြံသူက ပိုပြီး အစွမ်းထက်လေလေ အကျိုးသက်ရောက်မှုက ပိုကောင်းလေလေပေါ့..."
"ဒါကြောင့် လောကမှာ သိုင်းပညာတွေနဲ့ ကျင့်ကြံသူတွေ မရှိတော့ရင် အတွင်းမိစ္ဆာက သူ့ရဲ့ စွမ်းအင်တွေကို ဆုံးရှုံးသွားပြီး ပျောက်ကွယ်သွားလိမ့်မယ်လို့ လင်ရှောင်းက ယုံကြည်နေတာ... ဒါက သူ သိုင်းပညာ ဖျက်ဆီးရေး အစီအစဉ်ကို စတင်ခဲ့ရတဲ့ အဓိက အကြောင်းရင်းပဲ..."
ကျန်းတာအိုယီက ခေါင်းညိတ်ပြလျက် ဆိုသည်...
"ငါ နားလည်ပါပြီ... ဒါဆို အခုရော..."
ကူမော့က ပြောသည်...
"ကျွန်တော်လည်း အတွင်းမိစ္ဆာကို သတ်ချင်တာပဲ၊ ဒါပေမဲ့ လင်ရှောင်းရဲ့ နည်းလမ်းကိုတော့ မသုံးပါဘူး... အဲဒီအစား ဆရာကြီး ယူ ပြောခဲ့တဲ့ တားမြစ်ထားတဲ့ အရာတွေကို ရှာဖို့ပဲ ကျွန်တော် ကြိုးစားချင်ပါတယ်..."
ကျန်းတာအိုယီ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်...
"ဖုန်လိုင် ကျွန်း ကို သွားလိုက်ပါ... ဖုန်လိုင် ကျွန်း က အရမ်းကို လျှို့ဝှက်ဆန်းကြယ်တယ်... အဲဒီမှာ ပိုင်ယွီကျင်း ရှိသလို၊ ဗဟုသုတ အရမ်း ကြွယ်ဝတဲ့ ကျွန်းသခင်ကြီး နဲ့ ကျွန်းသခင်လေး တို့လည်း ရှိတယ်... အရေးအကြီးဆုံး အချက်ကတော့ ဖုန်လိုင် ကျွန်းမှာမသေမျိုး အဖြစ်ကို တက်လှမ်းဖို့ ကြိုးစားနေကြတဲ့ ချီကျင့်ကြံသူတွေနဲ့ ပြည့်နှက်နေတာ..."
"ဒါကြောင့် ဖုန်လိုင် ကျွန်း ဟာ ကောင်းကင်တံခါး နဲ့ အတွင်းမိစ္ဆာတွေကို မကြာခဏ ကိုင်တွယ်နေရမှာပဲ၊ သူတို့က အတွင်းမိစ္ဆာတွေ အကြောင်းကို အသိဆုံး ဖြစ်ရမယ်... တကယ်လို့ သူတို့တောင်မှ အတွင်းမိစ္ဆာတွေကို ကိုင်တွယ်မယ့် နည်းလမ်းကို မသိဘူး ဆိုရင်တော့၊ လောကမှာ ကိုင်တွယ်မယ့် နည်းလမ်း ရှိမှာ မဟုတ်တော့ဘူ"
"အဲဒါ မှန်တာပေါ့"
ကူမော့ ရုတ်တရက် သဘောပေါက်သွားပြီး ပြောလိုက်သည်...
"ဟုတ်ပါတယ်၊ ဖုန်လိုင် ကျွန်း ဟာ ချီကျင့်ကြံသူတွေ အတွက် မြင့်မြတ်တဲ့ နယ်မြေ တစ်ခုပဲလေ... လောကမှာ ဘယ်သူကမှ သူတို့ထက် ချီကျင့်ကြံသူတွေ အကြောင်းကို ပိုမသိနိုင်သလို၊ ကောင်းကင်တံခါး နဲ့ အတွင်းမိစ္ဆာ အကြောင်းကိုလည်း သူတို့ထက် ပိုသိမယ့်သူ မရှိပါဘူး”
ကျန်းတာအိုယီက ဆိုသည်...
"အဲဒါ မှန်တာပေါ့၊ ဒါဆိုရင်တော့ ငါတို့တွေ အတူတူ သွားကြတာပေါ့..."
ကူမော့ ခေါင်းညိတ်ပြလျက် မေးမြန်းလိုက်သည်
"ဒါနဲ့၊ ဒီက ကိစ္စတွေကို ရှင်းလို့ ပြီးပြီလား..."
ကျန်းတာအိုယီက သက်ပြင်းချလျက် ပြောလိုက်သည်
"အဲဒီလောက် မမြန်ပါဘူး... စီနီယာ အစ်ကိုက လုံဟူတောင်ရဲ့ ဂိုဏ်းချုပ် ဖြစ်နေပြီးတော့ ကုန်းဆွန်ကျွယ် နဲ့ ပူးပေါင်းနေခဲ့တာလေ... ဒီကိစ္စက အရမ်း ကြီးမားပါတယ်... ဒီကာလအတွင်းမှာ... ကုန်းဆွန်ကျွယ်ရဲ့ လက်အောက်ခံတွေ က ဂိုဏ်းပေါင်းစုံက လူအများအပြားကို သတ်ဖြတ်ခဲ့ကြတယ်လေ... မင်း ကုန်းဆွန်ကျွယ်ကို သတ်လိုက်တယ် ဆိုပေမဲ့၊ လုံဟူတောင် အနေနဲ့ ဒီပြစ်မှုတွေ အတွက် တာဝန်ယူရမှာပဲ...
"အဲဒီအပြင် လောဘကြီးသော နတ်ဘုရား ကျင့်စဉ်ကို ကျင့်ကြံသူ အများအပြားက သိုင်းလောက မှာ လှုပ်ရှားနေတုန်းပဲ၊ အဲဒါက သေချာပေါက် ကြီးမားတဲ့ ကမောက်ကမ ဖြစ်စေလိမ့်မယ်... ဒါပေမဲ့ ကောင်းတဲ့ အချက် တစ်ခုကတော့ သူတို့ထဲက ဘယ်သူ့ဆီမှာမှ ပြီးပြည့်စုံတဲ့ ကျင့်စဉ် မရှိလောက်ဘူး... တံခါးခြောက်ချပ်အဖွဲ့ ကလည်း ဖမ်းမိထားတဲ့ သူတွေကတစ်ဆင့် တခြား ကျင့်ကြံသူတွေရဲ့ သရုပ်မှန်ကို စုံစမ်းစစ်ဆေးဖို့ ကြိုးစားနေပါတယ်... ဟူး..."
ကျန်းတာအိုယီက သက်ပြင်းချလျက် ဆိုသည်...
"ဒီတစ်ခါတော့ ကောင်းကင်ဆရာကြီး စံအိမ် ဟာ အရှက်တကွဲ ဖြစ်ခဲ့ရသလို လျော်ကြေးတွေ ပေးရလို့လည်း ဒေဝါလီ ခံရလုနီးပါး ဖြစ်နေပြီ... ငါတို့ အနေနဲ့ သိုင်းလောကက ဖြောင့်မတ်တဲ့ ဂိုဏ်းတွေကိုလည်း ရှင်းပြချက် တစ်ခု ပေးဖို့ လိုတယ်... ဒါကြောင့် ငါ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပြီ ။ တောင်ကို ဆယ်နှစ်တိုင်တိုင် ပိတ်ထားမယ်"
ကူမော့က မျက်မှောင်ကြုတ်ကာ ပြောသည်...
"လုံဟူတောင် ဟာ သိုင်းလောကရဲ့ ခေါင်းဆောင် ဆိုတဲ့ ဘွဲ့ကို တရားဝင် ရမထားဘူး ဆိုပေမဲ့၊ အမြဲတမ်း အဲဒီလိုပဲ ရှိခဲ့တာလေ... သိုင်းလောကဟာ စနစ်တကျ ရှိဖို့အတွက် လုံဟူတောင်ကို အားကိုးနေရတာ... တကယ်လို့ လုံဟူတောင် သာ တောင်ပိတ်လိုက်ရင် သိုင်းလောကဟာ ကမောက်ကမ ဖြစ်သွားမှာကို ကျွန်တော် စိုးရိမ်မိတယ်...
အထက် ဂိုဏ်းသုံးခုထဲက ဖုန်လိုင် ကျွန်းကို ထားလိုက်ဦး၊ ကျန်နေတဲ့ ဆန်းလန် ဓားဂိုဏ်း က ယွင်ကျိုးမှာတော့ အဆင်ပြေနေပေမဲ့..."
"နိုင်ငံတစ်ဝန်းလုံးက သိုင်းလောကကို အုပ်ချုပ်ဖို့တော့ မလုံလောက်သေးပါဘူး..."
ကျန်းတာအိုယီက သက်ပြင်းချလျက် ပြောလိုက်သည်...
"ငါ အဲဒီ အကြောင်းပြချက်ကို နားလည်ပါတယ်၊ ဒါပေမဲ့ အခု လုံဟူတောင် ဟာ ဒီလောက် ကြီးမားတဲ့ အရှက်ရစရာ ကိစ္စနဲ့ ကြုံခဲ့ရတော့ မျက်နှာ အကုန် ပျက်သွားပြီလေ... ဖြောင့်မတ်တဲ့ သိုင်းလောကကို ဆက်ပြီး ဦးဆောင်ဖို့ ဘာအရည်အချင်း ရှိတော့မှာလဲ..."
"အဲဒီအပြင် လုံဟူတောင် ဟာ ဒီတစ်ခါ နိုင်ငံတစ်ဝန်းလုံးက သိုင်းလောကသား တွေကို အကြီးအကျယ် ဒုက္ခရောက်စေခဲ့တာ ဆိုတော့၊ စနစ်တကျ ရှိအောင် လုပ်ဖို့လည်း မတတ်နိုင်တော့ဘူးလေ... အတင်းအကျပ် ပိတ် ခံရမယ့် အစား၊ အခုပဲ တောင်ပိတ်မယ်လို့ ကြိုပြီး ကြေညာလိုက်တာက ငါတို့ရဲ့ နောက်ဆုံး ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့အတွက် ပိုကောင်းပါတယ်..."
ကူမော့ ပြန်စဉ်းစားကြည့်လိုက်သောအခါ ကျန်းတာအိုယီ၏ ကျိုးကြောင်းပြချက်မှာ မှန်ကန်နေကြောင်း သဘောပေါက်လိုက်၏။ လုံဟူတောင်သည် သိုင်းလောက၏ အစီအစဉ်များကို ဆက်လက် ထိန်းသိမ်းရန် မစွမ်းဆောင်နိုင်တော့ချေ။ ၎င်းမှာ... အလွန် ရိုးရှင်းသော သဘောတရား ပင် ဖြစ်လေသည်။
ဥပမာအားဖြင့် ဂိုဏ်းနှစ်ခုကြား ပဋိပက္ခ တစ်ခု ဖြစ်လာပြီး လုံဟူတောင်က ကြားဝင် ဖြေရှင်းပေးမည် ဆိုပါက၊ ဂိုဏ်းတစ်ခုက
"ငါတို့ ဂိုဏ်းက လူတွေ သာ လုံဟူတောင်မှာ မသေခဲ့ရင် ဂိုဏ်း ဒီလို အခြေအနေ ရောက်မှာ မဟုတ်ဘူး"
ဟု သနားစဖွယ် ပြောလိမ့်မည် ဖြစ်သလို၊ အခြား တစ်ဖက်ကလည်း
"လော့ထျန်း မဟာ အခမ်းအနား သာ မရှိခဲ့ရင်၊ ငါတို့ ဂိုဏ်းချုပ်လည်း ဒဏ်ရာ ရမှာ မဟုတ်ဘူး၊ ဒါဆိုရင် တခြားသူတွေရဲ့ အနိုင်ကျင့်တာကို ဘယ်လိုလုပ် ခံရမှာလဲ"
ဟု ပြောကြပေလိမ့်မည်။
ဤသို့သော အခြေအနေနှင့် ကြုံတွေ့ရပါက၊ လုံဟူတောင် တပည့်များ အနေဖြင့် ပြဿနာများကို ထိန်းသိမ်းရန် ဆိုသည်မှာမူ မဖြစ်နိုင်တော့ချေ။
...
ကူမော့သည် လုံဟူတောင်တွင် ရက်အနည်းငယ် ထပ်မံ နေထိုင်ခဲ့ပြီး ကျန်းတာအိုယီ၏ ဒဏ်ရာများ ပြန်လည် သက်သာလာစေရန် ကူညီပေးခဲ့လေသည်။ ထို့နောက် သူသည် ယွင်ကျိုးကို ပြန်မည့် ဆန်းလန် ဓားဂိုဏ်း အဖွဲ့နှင့်အတူ လုံဟူတောင်မှ ထွက်ခွာခဲ့လေသည်။
မထွက်ခွာမီမှာပင်...
ကျန်းတာအိုယီသည် ဉာဏ်အလင်းရခြင်း အသီးများ အားလုံးနီးပါးကို ကူချူတုန်းအား ပေးအပ်ခဲ့လေသည်။
ကူမော့နှင့် ကူချူတုန်းတို့ လုံဟူတောင်မှ ထွက်ခွာသည့် ထိုနေ့မှာပင်၊ ဧည့်သည် နှစ်ဦး ရောက်ရှိလာကြ၏။ ဝဝကစ်ကစ် တာအို ဘုန်းကြီး နှစ်ပါး ပင် ဖြစ်လေသည် ။ သူတို့သည် ဖုန်လိုင် မသေမျိုး ကျွန်းမှ လာကြသူများ ဖြစ်သဖြင့် ကျန်းတာအိုယီ ကိုယ်တိုင် လက်ခံ တွေ့ဆုံခဲ့လေသည်။