← Chapters

တစ် နှစ် သုံး ကျပြီ

Vol. 003 Ch. 264

တစ် နှစ် သုံး ကျပြီ

Vol. 003 Ch. 264

ဟိန်းသံလေး အချိန်ရရင်ရသလို သတင်းများစုဆောင်းရန် နန်းတော်ထဲသွားလာရန် ရှီမာယူယူ စေခိုင်းထားသည်။

လမ်းပျောက်တတ်သော ဟိန်းသံလေးသည် လမ်းပျောက်နေခြင်းကြောင့်ပင် သတင်းများ စွာကြားခဲ့လေသည်။ သူသည် သတင်းများကို ရှီမာယူယူကိုပြောပြီး ရှီမာယူယူသည် ရာဟွောင်မှတစ်ဆင့် ဝူရန်ဖေနှင့် တခြားသူများကို သတင်းပြန်ပေးလေသည်။

ထို့ကြောင့်ပင် သူမသည် အပြင်မှဖြစ်ပျက်သမျှကို မစိုးရိမ်တော့ပေ။ ဝူရန်ဖေ လုပ်ငန်းစဉ်စတင်သည်နှင့် သူမသည် ပူးပေါင်းရန် အာရုံစိုက်ခဲ့သည်။

ရက်များလျင်မြန်စွာကုန်ဆုံးသွားကာ မြို့တော်တစ်ခုလုံးတွင် တင်းမာသောအခြေအနေများ ဖြစ်ပေါ်နေလေသည်။ လမ်းများတွင် ကင်းလှည့်ခြင်းများ ပိုမိုများပြားလာကာ သူစိမ်းများလည်း များစွာ သွားလာကြလေသည်။ ဖုံးဖိ၍မရသော ကိစ္စကြီးဖြစ်နေပြီကို အားလုံး ခန့်မှန်းမိကြသည်။

သူတို့အား စီရင်ချက်မချခင် တစ်ညအလိုတွင် အားလုံးပြင်ဆင်ပြီးပြီဖြစ်ကြောင်းကို ရာဟွောင်မှတစ်ဆင့် ရှီမာယူယူပြန်ကြားလေသည်။ နောက်တစ်နေ့တွင် သူမသည် အားလုံးကိုခေါ်ကာ လမ်းတစ်လျှောက်ကို သုတ်သင်ရှင်းလင်းသွားလေသည်။

နောက်တစ်နေ့မနက်တွင် အစောင့်တပ်ဖွဲ့တစ်ဖွဲ့လာနေပြီဖြစ်ကြောင်းကို ရှီမာယူယူ ပြောပြလေသည်။

“သခင်ကြီးဆန်း သခင်ကြီးတို့ကိုလမ်းပြပေးဖို့ နိမ့်ကျတဲ့အစောင့်တွေက ခေါ်သွားပေးပါမယ်” အစောင့်ခေါင်းဆောင်သည် ရှီမာယူယူနှင့် တခြားသူများ၏ အခန်းသို့လာကာ အေးစက်စွာ ပြောလေသည်။

ရှီမာယူယူ သူ့အားတည်ငြိမ်စွာကြည့်ကာ ပြောလိုက်သည် “မင်းတို့ပဲလား”

“ကျွန်တော်တို့ ဒီလောက်လာတာကိုက သခင်ကြီးတို့ကို အများကြီးအလေးပေးလွန်းနေပြီ” အစောင့်ခေါင်းဆောင် ပြောလေသည် “အခုအချိန်တွေ ဖြုန်းပစ်နေတာပဲ၊ ကျွန်တော်တို့ သခင်ကြီးတို့ကို ရှင်းပစ်ဖို့ကို ဒီလောက်တောင်မလိုဘူး သွားကြမယ်”

“ငါဘာသာသွားမယ်၊ တံခါးဖွင့်လိုက်” ရှီမာယူူယူ ပြောလိုက်သည်။

သူမ၏ အထက်စီးဆန်သော အပြုအမူအား အစောင့်မြင်သောအခါ နှာမှုတ်လိုက်လေသည်။ သူ လက်ဝေ့ပြရာ နောက်မှလူများ ရှေ့ရောက်လာကာ တံခါးဖွင့်လိုက်ရာ ဆန်းမျိုးနွယ်ဝင်များ ထွက်လာကြသည်။

“သွားကြမယ်” အစောင့်ခေါင်းဆောင် အမိန့်ပေးလိုက်သည်။

“ငါတို့ ကိုယ့်ဘာသာလျှောက်နိုင်တယ်၊ ငါတို့ကို ခေါ်သွားဖို့မလိုဘူး” ရှီမာယူယူသည် သူမ၏ မူလအသံအသုံးပြုကာ ပြောလိုက်သည်။

“ဘာပြောလိုက်တာလဲ” အစောင့်ခေါင်းဆောင်သည် ရှီမာယူယူအားကြည့်ကာ သူမအသံသည် သေးနေသည်ဟု ခံစားမိပြီး သူမအား စေ့စပ်ကြည့်ရှုနေလေသည်။

ရှီမာယူယူပြုံးပြီး သူမ မူလပုံစံပြန်ပြောင်းကာ ပြောလိုက်သည် “ငါ သူတို့ကို ဘယ်လိုခေါ်ထုတ်ရမလဲဆိုတာ ငါသိတယ်လို့ပြောတာ၊ အဲအတွက် မင်းတို့စိတ်ပူဖို့မလိုဘူး”

“မင်းဘယ်သူလဲ” အစောင့်ခေါင်းဆောင်သည် လက်နက်ထုတ်ကာ ရှီမာယူယူအား ညွှန်ပြလေသည်။

“အဲလိုမလုပ်နဲ့ ခဏနေရင် မင်းတို့ အင်အားတွေမကျန်ပဲနေလိမ့်မယ်၊ မင်း အားကိုချွေတာသင့်တယ်” ရှီမာယူယူ မဲ့ပြုံးပြုံးကာ အစောင့်အားကြည့်ရင်း ပြောလိုက်သည် “တစ် နှစ် သုံး ကျဆုံးကြ”

“ဘုန်း”

“ဘုန်း”

သူမ ပြောပြီးနောက်တွင် ထိုအစောင့်များသည် လဲကျသွားလေသည်။

“ယူယူ မင်းက တကယ်အသုံးဝင်တာပဲ” ဆန်းမျိုးနွယ်၏ လူငယ်မျိုးဆက်မှ လူငယ်သည် ပျော်ရွှင်စွာ အော်လေသည်။

ရှီမာယူယူ မြေပေါ်မှ ကျောက်စိမ်းပုလင်းကောက်ယူကာ အဖုံးပိတ်ပြီး ပြောလိုက်သည် “အဆိပ်က ဝိညာဉ်သူတော်စင်တောင်မှ သက်ရောက်နိုင်တယ်၊ ဒါက အလုံပိတ်နေရာမှာပဲသုံးတာ ငါတို့အပြင်ရောက်ရင် တခြားအဆိပ်အမျိုးအစားတွေကိုလည်း ပြောပြမယ်၊ သွားရအောင် အဒေါ်ယုကိုအရင် သွားခေါ်မယ်၊ လမ်းတစ်လျှောက်ကိုလည်း ရှင်းလင်းသွားရဦးမယ်”

“သွားကြမယ်”

နန်းတော် အပြင်ဘက်တွင် ဟိန်းသံလေးသည် သူ့လက်သည်းများဖြင့် ပုတ်ကာ ပြောနေလေသည် “ဒါက ယူယူ လုပ်ထားတဲ့ ထောင်အသစ်ပဲ ဘယ်လိုထင်လဲ လဲကျမလိုတောင်ဖြစ်သွားတယ်မလား”

အစောင့်အဖွဲ့သည် လက်ရှိတွင် သူ့အားလက်နက်များဖြင့် ချိန်ထားကြသည်။ သူသည် ပျံသွားကာ အဖြူရောင်အမှုန့်များဖြင့် ဖြန်းလိမ့်မည်ကို သူတို့ထင်မထားကြပေ။ ခု သူပြောမှပင် အနည်းငယ် မူးဝေသွားသည်ကို ခံစားရသည်။

“မဖြစ်ဘူး ငါတို့ အဆိပ်မိပြီ”

အစောင့်များသည် တစ်ယောက်ချင်းစီလဲကျသွားကာ သတိမေ့မြောသွားကြလေသည်။

ဆန်းမူယုသည် အစေခံ၃ယောက်ကိုခေါ်ပြီး ထွက်လာရာ မြေပေါ်တွင် လဲနေသော လူများကို မြင်လိုက်လေသည်။ သူမ မေးလိုက်သည် “မင်းအားလုံးကို သတ်လိုက်တာလား”

ဟိန်းသံလေးသည် ခေါင်းရမ်းကာ ရိုးသားသော မျက်နှာပေးလုပ်ကာ “ကျွန်တော်က ဘယ်လိုလုပ် အဲလောက် ရက်စက်မလဲ သူတို့ကို သတိမေ့အောင် လုပ်ပြီး ရက်နည်းနည်းလောက် အိပ်ခိုင်းလိုက်တာပဲ”

“မင်းရဲ့ အမှုန့်က အဲလောက်ကြာအောင် သတိမေ့သွားတာလား” ရှင်းရှင်းမေးလိုက်သည်။

“ဒါပေါ့” ဟိန်းသံလေး ပြောလိုက်သည် “ယူယူ ဒါကိုတီထွင်ထားတာ၊ ယူယူက ဖြစ်တယ်ဆို ဖြစ်တယ်ပဲ ရပြီ သူတို့ထွက်လာပြီးပြီလို့ ယူယူပြောတယ် သူတို့်နဲ့သွားတွေ့ကြမယ်”

“ကောင်းပြီ”

“ဟိန်းသံလေး” ရှီမာယူယူ၏ အသံကြောင့် လူ၄ယောက်နှင့် သားရဲတစ်ကောင်တို့ လှည့်ကြည့်ကြလေသည်။ သူတို့သည် သူတို့ဆီသို့ ပြေးလာသော လူတစ်စုအားတွေ့လိုက်ရသည်။

“အမေ” ဆန်းမူယုသည် သူတို့ဆီသို့ တဟုန်ထိုးပြေးသွားကာ ဝူရန်ဖေ၏ အဘွားဆီ သို့လာလိုက်လေသည်။ သူမအား စိတ်လှုပ်ရှားစွာကြည့်လေသည် “အမေ အဆင်ပြေလား”

“အဆင်ပြေတယ် ယူယူနဲ့ရှိနေတော့ ဘာအန္တရာယ်မှ မရှိဘူး” အဘွားသည် ရယ်နေလေသည်။

ဆန်းမူယုသည် ရှီမာယူယူအားကြည့်ကာ ပြောလိုက်သည် “ကျေးဇူးတင်ပါတယ် ဖေလေးမှာ မင်းလို သူငယ်ချင်း ရှိတာ တော်တော်ကံကောင်းတယ်”

“အဒေါ်ယု ကြင်နာတတ်လိုက်တာ” ရှီမာယူယူပြုံးကာ ပြန်ဖြေလေသည် “ဒီရက်ပိုင်းကို ဟိန်းသံလေး အဒေါ်ကို နှောင့်ယှက်သေးလား”

“ဟင်” သူမဆိုလိုသည်ကို ဆန်းမူယု သိပ်နားမလည်ပေ။

ရှီမာယူယူ ဟိန်းသံလေးနားရွက်ဆွဲကာ ပြောလိုက်သည် “ဒီကောင်က နည်းနည်းနှာဗူးထတယ်၊ မိန်းမလှလေးတွေ မြင်ရင်ကို သားရည်ကျတတ်လို့ ဒီအချိန်အတွင်းကို အဒေါ်ကို သူနှောင့်ယှက်မှာစိုးလို့”

“အာ..” ဆန်းမူယု ပြုံးပြီးပြောလိုက်သည် “ဟိန်းသံလေးက တကယ်ချစ်စရာကောင်းတယ်”

“တော်ပြီ သွားကြမယ် ငါနန်းတော်ထဲက လူတွေအားလုံးကို သတိမေ့အောင် လုပ်ထားလိုက်ပြီ သွားရအောင် ဖေလေးနဲ့သွားတွေ့မယ်၊ ငါတို့တစ်ယောက်ယောက်နဲ့ မိလာပြီး သူ့မေးလာတာ၊ သူပြောတာ ဝူရန်ဒုံက မြို့တော်ကို ချိပ်ပိတ်လိုက်ပြီတဲ့”

“ကောင်းပြီ သွားကြမယ်” ဆန်းမူယု ပြောလိုက်သည်။

ရှီမာယူယူနှင့် တခြားသူများသည် နန်းတော်အပြင်ဘက်သို့ ဦးတည်ကာ ဟိန်းသံလေးသည် အရှေ့မှ အမှုန့်ဖြူးကာ လျင်မြန်စွာ ထွက်ကြလေသည်။

ဝူရန်ဒုံှနှင့် နာလန်ဟုန်တို့် ကွက်မျက်သည့်ရင်ပြင်သို့ရောက်နေပြီဆိုသည်ကို သိသည်နှင့် ဝူရန်ဖေ တို့သည် ထိုနေရာသို့ ဦးတည်လေသည်။ တခြားသော ဆန်းမျိုးနွယ်များလည်း ထိုနေရာသို့ သွားကြသဖြင့် သူတို့လည်း ထိုနေရာသို့ သွားကြလေသည်။

တည်းခိုဆောင်တွင် ရှီမာယူယူတို့သည် ဆန်းမျိုးနွယ်ဝင်များကို နန်းတော်အပြင် ခေါ်ထုတ် နေပြီဖြစ်ကြောင်းကို ရာဟွောင်သည် ဝူရန်ဖေတို့အား ပြောပြလေသည်။

“မျိုးနွယ်ခေါင်းဆောင် ဝူရန်ဒုံက ထွက်သွားပြီ သူ ကွက်မျက်တဲ့ကွင်းပြင်ကို သွားတာဖြစ်မယ်” အစောင့်တစ်ယောက် သတင်းပို့လေသည် “သူက မျိုးနွယ်ဝင်တွေကို ဖမ်းပြီး အဲဒီကိုခေါ်သွားမှာ၊ အခုသူ့လူတွေ သခင်ကြီးကိုခေါ်လာမှာကို စောင့်နေတယ်၊ အားလုံးက စောင့်နေကြတယ်”

ဝူရန်ဖေ မတ်တတ်ရပ်ကာ ပြောလေသည် “အဘိုး လီမျိုးနွယ်ကလူတွေကို ဖြေရှင်းဖို့ခေါ်သွားလိုက်ပါ ကျွန်တော်သွားပြီး တိုက်ပွဲဝင်မယ်”

“ကောင်းပြီ သား သတိထားဦး” ဝူရန်ဖေ ပြောလိုက်သည်။

ဆန်းလန်သည် သူနှင့်အတူ လူများခေါ်ကာ ထွက်သွားလေသည်။ သူတို့်သည် ဘေဂုံထန်နှင့် တခြားသူများနှင့် ရင်းနှီးနေပြီဖြစ်သည်။ သူတို့တွင် အထွတ်အထိပ်သားရဲဟာစွန်လည်းရှိသဖြင့် စိုးရိမ်မှု ကင်းမဲ့စွာပင် ထွက်သွားကြလေသည်။

ဖက်တီးကျူသည် အကြောဆန့်ကာ ပြောလေသည် “ငါ ဒီ၂နှစ်အတွင်းကို အမှန်အကန်မတိုက်ရသေးဘူး၊ ဒီနေ့တော့ ကြွက်သွားတွေကို အလုပ်ပေးရတော့မယ်”

“ငါတို့ တိုက်ဖို့ ဒီကိုလာတာမဟုတ်ဘူး၊ မင်း သက်သက်သာသာလုပ်ဦး” ဝေကျိရွှီ ပြောလေသည်။

“ငါသိတယ် အဲဒါကြောင့်ပဲ ကြိုပြင်ဆင်လာတာ” ဖက်တီးကျူသည် လက်နက်တချို့ထုတ်ကာ အားလုံးကို ပေးဝေလိုက်ပြီး ပြောလေသည် “ငါအားတဲ့အချိန်တုန်းက ဒါတွေကိုလုပ်ထားတာ အဆင့်ကတော့ သိပ်မမြင့်ဘူး၊ ဒါပေမယ့် တိုက်ခိုက်မှု အင်အားကတော့ တခြားလက်နက်တွေလောက်တော့မဟုတ်သေးဘူး”

“အဆင့်မြင့်တဲ့တိုက်ခိုက်မှုတွေကို မနိုင်နိုင်ဘူးဆိုရင် ဘာအတွက် ထုတ်တာလဲ” ရှီမာယူယန် ပြောလိုက်သည်။

“တိုက်ပွဲရှုပ်ယှက်ခတ်နေရင် တခြားသူတွေ ထိခိုက်အောင်လုပ်တာကိုတော့ တားနိုင်တယ်လေ၊ မလိုချင်ရင် ပြန်ပေး” ဖက်တီးကျူသည် လက်ဆန့်ထုတ်ကာ ပြောရင်း ပြန်ယူနေလေသည်။

ရှီမာယူယူ နောက်ဆုန်ကာ သံချပ်ကာဝတ်ကာ ပြောလေသည် “မင်းအရည်အချင်းက မဆိုးဘူးလို့တော့ မပြောနိုင်ဘူး ကြည့်ရာတ ထူပေမယ့် ဝတ်တဲ့အချိန်မှာ မလေးဘူး”

“ဘုန်း” ရုတ်တရက်ပင် ဗိုက်အားအထိုးခံလိုက်ရာ နောက်သို့ ခြေ၂လှမ်းဆုတ်သွားလေသည်။

ရှီမာယူယူသည် တိုက်ခိုက်သူမား စိတ်တိုစွာကြည့်ကာ မေးလိုက်သည် “ယူရန် ဘာလို့လုပ်တာလဲ”

All Chapters