← Chapters

အခန်း ၃၅၉

Vol. 31 Ch. 359

အခန်း ၃၅၉

Vol. 31 Ch. 359

အပိုင်း (၃၅၉) - ထူးဆန်းသော အမျိုးသမီး ၁

မိုးသည်းထန်နေသော ညအချိန်တွင် ခရီးသွားရခြင်းမှာ အလွန် ခက်ခဲလှပေသည်။

သို့သော်လည်း ကူချူတုန်းသည် သူမ၏ ကောချန်မိစ္ဆာဓား ကို ချက်ချင်း ထုတ်ယူလိုက်ပြီး၊ အလင်းရောင် ရရှိရန်အတွက် မိစ္ဆာမီးတောက် ကို အသက်သွင်းလိုက်လေသည်။ ထိုအဖွဲ့သည် အချိန်အများကြီး မပေးလိုက်ရဘဲ တောင်ခြေရှိ တောင်ပေါ်ရွာလေးသို့ ရောက်ရှိသွားကြတော့၏။

အဝေးမှပင် ရွာအတွင်းရှိ နေရာအနှံ့မှ ထူထပ်သော မီးခိုးများ ထွက်ပေါ်နေသည်ကိုမြင်တွေ့လိုက်ရပြီး၊ အချို့ နေရာများတွင်မူ မိုးဒဏ်ကြောင့် မငြိမ်းသေးသော မီးတောက်များကိုပင် တွေ့မြင်နေရဆဲ ဖြစ်လေသည်။

လူတိုင်းမှာ ပြင်းထန်လှသော သွေးညှီနံ့ကို ရရှိလိုက်ကြရာ၊ သည်းထန်လှသော မိုးကပင်လျှင် မဖုံးကွယ်နိုင်လောက်အောင် ပြင်းထန်လှပေသည်။

ချက်ချင်းပင် ဆန်းလန်ဓားဂိုဏ်း တပည့် များ သူတို့၏ ဓားများကို ဆွဲထုတ်ကာ ရွာအတွင်းသို့ ပြေးဝင်သွားကြတော့၏။ ရွာမှာ တကယ်ကို ဆိုးရွားသော အခြေအနေသို့ ရောက်ရှိနေပြီး၊ နေရာအနှံ့တွင် အလောင်းများ ပြန့်ကျဲနေကာ၊ အကောင်းအတိုင်း ကျန်ရစ်သော အလောင်းမှာ အလွန်ပင် ရှားပါးလှပေသည်။ အများစုမှာ ခြေလက်များ ပြတ်တောက်နေကြပြီး၊ သွေးများနှင့် မိုးရေများမှာ ရောနှောကာ စီးဆင်းနေကြတော့၏။

"အား"

ရွာ၏ တစ်နေရာမှ စူးရှသော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။

ချက်ချင်းပင် လူတိုင်း ထိုနေရာသို့ အပြေးအလွှား သွားကြတော့၏။

ထိုအခိုက်အတန့်တွင် မီးတောက်များ လွှမ်းခြုံနေသော ဝင်းငယ်တစ်ခုအတွင်း၌၊ ဆံပင်ဖရိုဖရဲနှင့် အမျိုးသမီး တစ်ဦးသည် မြေကြီးပေါ်တွင် ဒူးထောက်နေသော သက်လတ်ပိုင်း အမျိုးသား တစ်ဦး၏ ရင်ဘတ်ကို ဆွဲဖြဲနေလေသည်။

မီးလင်းနေသော အလင်းရောင်အောက်တွင်၊ ထိုအမျိုးသမီးမှာ မီးခိုးရောင် အဝတ်အစားများကို ဝတ်ဆင်ထားပြီး၊ သူမ၏ ဆံပင်များမှာ ဖရိုဖရဲ ဖြစ်နေကာ၊ သွေးအိုင်ထဲတွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရ၏။

သူမနှင့် မလှမ်းမကမ်းတွင် အဘွားအို တစ်ဦးသည် ငါးနှစ် သို့မဟုတ် ခြောက်နှစ်အရွယ် ကောင်လေး တစ်ဦးကို ပွေ့ဖက်ထားလျက် မိုးထဲတွင် တုန်ယင်နေလေသည်။

ထိုအမျိုးသမီးသည် အမျိုးသား၏ ရင်ဘတ်ကို ဆွဲဖြဲလိုက်ပြီးနောက်၊ အဘွားအိုနှင့် ကောင်လေးဘက်သို့ လှည့်ကြည့်လိုက်လေသည်။ ထို့နောက် သူမသည် အလောင်းကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး ၎င်းတို့ဆီသို့ လျှောက်လှမ်းသွားတော့၏။

"ရပ်စမ်း... မင်းလို ယုတ်မာတဲ့ မိစ္ဆာမ"

ထိုအခိုက်အတန့်မှာပင် သည်းထန်သော မိုးရေစက်များကြားမှ ချန်ရှူး၏ ဓားရှည်မှာ ဓားအိမ်အတွင်းမှ လျှပ်စီးအလား ထွက်ပေါ်လာပြီး၊ မိုးထဲသို့ ခုတ်ပိုင်းဝင်ရောက်သွားကာ၊ သူ၏ လက်ကောက်ဝတ်ကို တစ်ချက်ခါလိုက်သည်နှင့် ဓားသွားမှာ ကြယ်ပျံတစ်စင်းအလား ဝင်း၏ အလယ်ဗဟိုဆီသို့ ပျံသန်းသွားတော့၏။

မိုးရေစက်များမှာ လေထဲတွင် ပုတီးစေ့ကန့်လန့်ကာတစ်ခုဖြစ် နေသော်လည်း မြန်ဆန်လှသော ဓားကြောင့် တစ်ခုပြီးတစ်ခု ကြေမွသွားရသည်။ ဓား၏အမြန်နှုန်းမှာ ငွေရောင်မျဉ်းတစ်ကြောင်းအလား မြင်တွေ့ရပြီး စူးရှသောအသံနှင့်အတူ မီးခိုးရောင်ဝတ်စုံဝတ်အမျိုးသမီးထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။

ထိုအမျိုးသမီးသည် မိုးထဲတွင် ငြိမ်သက်စွာရပ်နေပြီး သူမ၏အဝတ်အစားများမှာ စိုစွတ်နေခြင်းမရှိပေ။ သူမသည် လေပြင်းများချဉ်းကပ်လာသံကို ကြားရသည့်အခါမှ ဖြည်းညင်းစွာ မော့ကြည့်သည်။ သူမ၏မျက်ဝန်းများမှာ ရေကန်ကြီးတစ်ခုအလား တည်ငြိမ်နေပြီး သူမ၏ပတ်လည်တွင် ဖြူဖျော့သော အပြာရောင်အရှိန်အဝါတံတိုင်းတစ်ခု ပေါ်ထွက်လာသည်။

"ချွင် "

မိုးထဲတွင် သတ္တုချင်းထိခတ်သံ ပဲ့တင်ထပ်သွားသည်။ ဓားထိပ်ဖျားမှာ အရှိန်အဝါတံတိုင်းကို ထိတွေ့သည့်အခိုက် မရေမတွက်နိုင်သော မီးပွားများ ပေါက်ကွဲထွက်လာသည်။ ဓားရှည်မှာ ဧရာမကျောက်ဆောင်ကြီးကို တိုက်မိသည့်အလား နောက်သို့လန်ထွက်သွားသည်။

ချန်ရှူး၏ပုံရိပ်မှာ ပျံလွှားတစ်ကောင်အလား လှုပ်ရှားသွားပြီး လေထဲသို့ခုန်တက်ကာ တုန်ခါနေသောဓားရိုးကို ဖမ်းဆုပ်သည်။ ခါးကိုလိမ်၍ အမိုးပေါ်ရှိကျောက်တုံးများကို အားပြုကာ ကောင်းကင်မှနေ၍ လျှပ်စီးအလား အောက်သို့ ပြင်းထန်စွာခုတ်ချလိုက်သည်။

ဓားသွားမှာ မိုးကိုခုတ်ပိုင်းသွားစဉ် ထက်မြက်သောဓားစွမ်းအင်များ ထွက်ပေါ်လာပြီး အောက်ခြေရှိအပြာရောင်ကျောက်ပြားများကို ကွာထွက်စေကာ ဖုန်မှုန့်များအဖြစ် ပြောင်းသွားသည်။

မိုးကြိုးအလား ပြင်းထန်သော ဓားချက် ကျရောက်လာချိန်တွင် မီးခိုးရောင်ဝတ်စုံဝတ် အမျိုးသမီးမှာ တည်ငြိမ်စွာပင် လက်ကိုမြှောက်၍ ဓားသွားကို အချိန်ကိုက် ဖမ်းဆုပ်လိုက်သည်။

ချန်ရှူးသည် သူ၏လက်ကောက်ဝတ်တွင် ကြီးမားသောအားအင်ကို ခံစားလိုက်ရသည်။ ဓားကို ပြန်လည်မရုပ်သိမ်းနိုင်မီမှာပင် ထိုအမျိုးသမီးက သူ၏လက်မောင်းကို အရှိန်ပြင်းပြင်း ဝှေ့ယမ်းလိုက်သည်။

"ဘုန်း"

ချန်ရှူးသည် ခုခံ၍မရသော စွမ်းအားကြောင့် ကြိုးပြတ်သောစွန်အလား နောက်သို့ လွင့်ထွက်သွားသည်။ လက်ထဲရှိဓားမှာလည်း လွတ်ထွက်သွားပြီး မြေပြင်တွင် စိုက်ဝင်သွားသည်။

သူသည် ဝင်းနံရံကို ပြင်းထန်စွာ ဝင်တိုက်မိသဖြင့် နံရံမှာ ဝုန်းခနဲ ပြိုကျသွားသည်။ အုတ်ချပ်များနှင့် မြေကြီးများမှာ သူကို ခါးအထိ မြှုပ်နှံသွားပြီး မိုးရေစက်များနှင့် ရွှံ့မှုန့်များသာ လွင့်ဝဲကျန်ရစ်သည်။

မိုးများ ရွာသွန်းနေဆဲဖြစ်သော်လည်း ထိုအမျိုးသမီးမှာ ဝင်းအတွင်း တိတ်ဆိတ်စွာ ရပ်နေဆဲဖြစ်သည်။ သူမသည် အဘွားအိုနှင့် မြေးဖြစ်သူရှိရာသို့ ဆက်လက် လျှောက်လှမ်းသွားသည်။

ချန်ရှူးသည် အပျက်အစီးများကြားမှ အလျင်အမြန် တွားသွား ထွက်ပေါ်လာပြီး အော်ဟစ်လိုက်သည်

"သူ့ကို တားကြစမ်း”

ချက်ချင်းပင်...

ဆန်းလန်ဓားဂိုဏ်း တပည့်အုပ်စု တစ်စုမှာ အတွင်းသို့ ပြေးဝင်လာကြပြီး၊ မီးခိုးရောင် ဝတ်စုံဝတ် အမျိုးသမီးကို ဝန်းရံရန် ဓားဝင်္ကပါ တစ်ခုကို အလျင်အမြန် ဖွဲ့စည်းလိုက်ကြလေသည်။

မီးခိုးရောင် ဝတ်စုံဝတ် အမျိုးသမီးမှာ ရပ်တန့်သွားပြီး၊ ဟာကွက်တစ်ခုကို ရှာဖွေနေသည့်အလား သူမ၏ ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်လေသည်။

ချန်ရှူးသည် မြေကြီးပေါ်တွင် စိုက်ဝင်နေသော ဓားရှည်ကို အလျင်အမြန် ကောက်ယူလိုက်ပြီး၊ ဝင်္ကပါ တစ်ခု ဖွဲ့စည်းရန်နှင့် မီးခိုးရောင် ဝတ်စုံဝတ် အမျိုးသမီးကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ပြင်ဆင်လိုက်လေသည်။

"ခဏလောက် စောင့်ပါဦး..."

ထိုအခိုက်အတန့်မှာပင် ကူမော့ လျှောက်ဝင်လာပြီး ပြောလိုက်သည်

"အကြီးအကဲ ချန်... ဒီမှာ တစ်ခုခု မှားယွင်းနေပုံ ရတယ်... ဒီကို လာတဲ့ လမ်းမှာ ဒီရွာထဲမှာ လူနှစ်မျိုး ရှိနေတာကို သတိပြုမိခဲ့တယ် ။ရွာသားတွေနဲ့ သိုင်းသမားတွေ ပေါ့... သူတို့မှာ မြင်းတွေနဲ့ လက်နက်တွေ ရှိကြတယ်၊ ပြီးတော့ သူတို့ သေဆုံးပုံကလည်း နှစ်မျိုး ကွဲပြားနေတယ်လေ... ရွာသားတွေ အားလုံးက ဓားတွေနဲ့ လက်နက်တွေကြောင့် သေဆုံးနေကြတာ ဖြစ်ပြီး၊ သိုင်းသမား တွေကတော့ အပိုင်းပိုင်းအစစ ဆွဲဖြဲခံထားရတာပဲ..."

ချန်ရှူးမှာ မှင်သက်သွားပြီး မေးမြန်းလိုက်သည်

"ဆရာကြီး ကူ... တစ်ခုခု အထင်လွဲနေတာ ရှိတယ်လို့ ဆိုလိုတာလား..."

ကူမော့သည် အလယ်ဗဟိုတွင် ဝန်းရံခြင်း ခံထားရသော အမျိုးသမီးကို ကြည့်ကာ ပြောလိုက်သည်

"ရွာသားတွေဟာ အဲဒီ သိုင်းလောကသား တွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတာ ဖြစ်ပြီး၊ ဒီမိန်းကလေးက သူတို့အတွက် ကလဲ့စားချေပေးနေတာ ဖြစ်ရမယ် လို့ ကျွန်တော် ထင်ပါတယ်..."

ချန်ရှူး၏ သူငယ်အိမ်များ အနည်းငယ် ကျုံ့ဝင်သွားပြီး ပြန်ပြောသည်

"အဲဒါ ယုတ္တိရှိပါတယ်... သေသေချာချာ ပြန်စဉ်းစားကြည့်ရင် ဒီအမျိုးသမီးက ငါ့ ကို ဒဏ်ရာရအောင် လုပ်ဖို့ ရည်ရွယ်ချက် ရှိပုံမရဘူးပဲ"

"သူတို့ အားလုံး သေရမယ်"

သူမသည် ရေအိုင်များကို ဖြတ်ကျော်ကာ ခြေဆောင့်လိုက်ပြီး၊ သံကြိုးများမှ လွတ်မြောက်လာသော အရူးမ တစ်ဦးအလား၊ ပြင်းထန်သော အားအင်ဖြင့် ဆန်းလန်ဓားဂိုဏ်း တပည့်များကို ဝင်တိုက်လိုက်လေသည်။

ဖွဲ့စည်းထားသော ဓားဝင်္ကပါမှာ ချက်ချင်းပင် လှိုင်းထသွားပြီး၊ သူမထံမှ ပေါက်ကွဲထွက်လာသော လူသတ်လိုသည့် အရှိန်အဝါကြောင့် ဓားစွမ်းအင် အတော်များများမှာ ကြေမွသွားရလေသည်။ သွေးညှီနံ့နှင့် ရက်စက်မှုများ ရောနှောနေသော အရှိန်အဝါကြောင့် ဝါရင့် တပည့်များပင်လျှင် အလိုအလျောက် နောက်သို့ ခြေလှမ်းဝက်ခန့် ဆုတ်လိုက်ရလေသည်။

ထိုအခိုက်အတန့်မှာပင် ကူမော့၏ ပုံရိပ်မှာ ပျောက်ကွယ်သွားတော့၏။ သူသည် မီးခိုးရောင် ဝတ်စုံဝတ် အမျိုးသမီး၏ ရှေ့တွင် မလှုပ်မယှက် ရပ်နေပြီ ဖြစ်ကာ၊

သူ၏ ပုံရိပ်မှာ အမျိုးသမီး၏ သွေးနီရောင် သန်းနေသော သူငယ်အိမ်များအတွင်း ရောင်ပြန်ဟပ်နေ၏။

သူမ၏ လက်သည်းများမှာ သားကောင်ကို အပေါ်မှ စီးမိုး တိုက်ခိုက်လိုက်သော သိမ်းငှက် တစ်ကောင်အလား ကူမော့၏ မျက်နှာဆီသို့ ထိုးစိုက်လာတော့၏။ လက်သည်းများမှာ လူသတ်လိုသည့် အရှိန်အဝါများကြောင့် လက်မဝက်ခန့် ရှည်လျားသော ဓားသွားများအဖြစ် ပြောင်းလဲသွားပြီး၊ ၎င်းတို့ လေထုကို ဆုတ်ဖြဲသွားသံမှာ ဓားသွား တစ်လက်ထက်ပင် ပိုမို စူးရှနေတော့၏။

ကူမော့သည် ခံစားချက်မျှ မရှိသော အမူအရာဖြင့် မီးခိုးရောင် ဝတ်စုံဝတ် အမျိုးသမီး၏ လက်သည်းများ သူ၏ လည်ချောင်းဆီသို့ တိုးဝင်လာသည်ကို ခွင့်ပြုထားလေသည်။ သို့သော်လည်း ထိုလက်သည်းများမှာ ကူမော့၏ အကာအကွယ် အတွင်း စိုက်ဝင်သွားသကဲ့သို့ တစ်ပေခန့် အကွာတွင် ရုတ်တရက် ရပ်သွားတော့၏။

အမျိုးသမီး၏ လက်မောင်းများပေါ်ရှိ သွေးကြောများ ဖောင်းကြွလာပြီး လက်ချောင်း ဆယ်ချောင်းစလုံးမှာ တုန်ယင်နေသော်လည်း၊ အနည်းငယ်မျှပင် ရှေ့သို့ ဆက်မတိုးနိုင်ခဲ့ချေ။

ကူမော့သည် သူ၏ လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်ပြီး၊ လက်ညှိုး တစ်ချောင်းတည်းဖြင့် အမျိုးသမီး၏ နဖူးကို ညင်သာစွာ ထိတွေ့လိုက်လေသည်။

All Chapters