← Chapters

အခန်း ၃၆၁

Vol. 31 Ch. 361

အခန်း ၃၆၁

Vol. 31 Ch. 361

အပိုင်း (၃၆၁) - ချီထျန်းရှု၏ အတိတ်

ယွင်ကျိုးရှိ ဆန်းလန်ဓားဂိုဏ်းသည် ဒေသခံအစိုးရနှင့် ညှိနှိုင်းကာ ချန်ကျားရွာမှ အသက်ရှင်ကျန်ရစ်သူ ရှောင်ပိုင်နှင့် အဘွားအိုမြေးအမိတို့ကို ခေါ်ဆောင်လာခဲ့သည်။

ရှောင်ပိုင်သည် ထူးခြားပြီး ကြမ်းတမ်းသော ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်ထားသော်လည်း စိတ်ပိုင်းဆိုင်ရာ မပြည့်စုံသဖြင့် မသမာသူများ၏ အသုံးချခံရမည်ကို စိုးရိမ်သောကြောင့် ဂိုဏ်းသို့ ခေါ်လာရခြင်းဖြစ်သည်။ အဘွားအိုသည်လည်း ရှောင်ပိုင်က ကပ်တွယ်နေခြင်းကြောင့်

သူမ၏မြေးကို ဂိုဏ်းဝင်အဖြစ် လက်ခံမည်ဟူသော ကတိကြောင့် လိုက်ပါလာခဲ့ရာ လဝက်ခန့် ခရီးနှင်ပြီးနောက် ဆန်းလန်ဓားဂိုဏ်းသို့ ရောက်ရှိခဲ့ကြသည်။

ဆန်းလန်တောင် ခြေရင်း၌ ချီထျန်းရှု ကိုယ်တိုင် ကူမော့ကို လာရောက် ကြိုဆိုလေသည်။ နှုတ်ဆက်စကားများ ပြောကြားပြီးနောက် ချီထျန်းရှုသည် သကြားလုံး စားနေသော ရှောင်ပိုင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်...

"ဒါက မင်း စာထဲမှာ ပြောခဲ့တဲ့ မိန်းကလေးလား..."

ကူမော့က အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။ ချီထျန်းရှုက မေးမြန်းလိုက်သည်...

"မင်းတောင်မှ ဘာမှ ရှာမတွေ့ခဲ့ဘူးလား..."

ကူမော့က အနည်းငယ် ခေါင်းယမ်းလိုက်လေသည်။ သူသည် လမ်းခရီး တစ်လျှောက်လုံး ရှောင်ပိုင်၏ စိတ်ဝိညာဉ် ကို လေ့လာခဲ့သော်လည်း အောင်မြင်မှု မရရှိခဲ့ချေ။ ဆန့်ကျင်ဘက် အနေဖြင့် ကူချူတုန်းမှာမူ ရှောင်ပိုင်တို့နှင့် ညိအမသဖွယ် ခင်မင်သွားခဲ့လေသည်။ ချန်ရှောင်လုံ ဟု အမည်ရသော ကောင်လေးနှင့် ကလေးစိတ်သာ ရှိသော ရှောင်ပိုင်တို့သည် ကူချူတုန်း ပေးသော သကြားလုံးနှင့် မုန့်များကြောင့် သူမနောက်သို့ တကောက်ကောက် လိုက်နေကြတော့၏။

ကံကောင်းထောက်မစွာဖြင့် ဤအချက်ကြောင့် ကူမော့ ရှောင်ပိုင်၏ စိတ်ဝိညာဉ် ကို လေ့လာရာတွင် သူမက ပူးပေါင်းဆောင်ရွက်ခဲ့လေသည်။

ကူမော့က မေးမြန်းလိုက်သည်...

"မကြာသေးခင်က ဘာမှတ်တမ်းတွေများ ရှာတွေ့ခဲ့လဲ..."

ချီထျန်းရှုက ခေါင်းယမ်းလျက် ပြောလိုက်သည်...

"တက်လှမ်းခြင်း နယ်ပယ်နဲ့ ပတ်သက်တဲ့ မှတ်တမ်းက အလွန် ရှားပါးတယ်၊ ပြီးတော့ မင်းစာထဲမှာ ဖော်ပြထားတဲ့ အခြေအနေမျိုးက တစ်ခါမှ မကြားဖူးဘူး..."

ကူမော့က ပြောသည်...

" ကိုယ်တိုင် သွားကြည့်လိုက်ပါဦး၊ မင်းက သိုင်းပညာ အစစ်အမှန် အနှစ်သာရကို ကျင့်ကြံထားသူဆိုတော့ စိတ်ဝိညာဉ် စွမ်းအားပိုင်းမှာ ကျွမ်းကျင်တယ် မဟုတ်လား..."

ချက်ချင်းပင် ချီထျန်းရှုသည် ရှောင်ပိုင် ရှိရာသို့ လျှောက်သွားလေသည်။ ရှောင်ပိုင်သည် အလွန် ကြောက်လန့်သွားပြီး ကူချူတုန်း၏ အနောက်တွင် ပုန်းကွယ်နေတော့၏။ ကူချူတုန်းက အလျင်အမြန်ပင် နှစ်သိမ့်ပေးလိုက်သည်...

"ရှောင်ပိုင်... မကြောက်နဲ့... ဒီအဘိုးကြီးက ရှောင်ပိုင်ကို စစ်ဆေးရုံတင်ပါ... မကြောက်နဲ့နော်... ရှောင်လုံရော ငါရော ဒီမှာ ရှိတယ်..."

ကူချူတုန်း ပြောသည်ကို ကြားသောအခါ ရှောင်ပိုင်သည် ကြောက်လန့်တုန်ယင်စွာဖြင့် ထွက်လာခဲ့လေသည်။ ချီထျန်းရှုသည် အပြုံးတစ်ခု ပြသလိုက်ပြီးနောက် ရှောင်ပိုင်၏ နဖူးကို လက်ညှိုးဖြင့် ထိတွေ့လိုက်လေသည်။ ထိုအခိုက်အတန့်တွင် ချီထျန်းရှု၏ ဓားလမ်းစဉ် အစစ်အမှန် အနှစ်သာရမှာ ထွက်ပေါ်လာတော့၏။

ခဏအကြာတွင် ချီထျန်းရှုသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး အံ့သြစွာဖြင့် ...

"ဒီလို ထူးဆန်းတဲ့ အရာမျိုး တကယ် ရှိနေတာပဲ... ရုပ် ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်က လုံးဝ ကွဲပြားနေတယ်... ဒါက တက်လှမ်းခြင်း နယ်ပယ်မှာပဲ ဖြစ်ပေါ်တတ်တဲ့ ဒဏ္ဍာရီလာ အခြေအနေမျိုးပဲ..."

ကူမော့က ပြောလိုက်သည်...

"ဟုတ်တယ်... ဒါပေမဲ့ သူမရဲ့ စိတ်ဝိညာဉ် တက်လှမ်းခြင်း နယ်ပယ်ကို ရောက်ဖို့ အဝေးကြီး လိုသေးတယ်... အရေးအကြီးဆုံး အချက်က သူမရဲ့ စိတ်ဝိညာဉ် စွမ်းအားက ပြည့်စုံနေတာပဲ... အဲဒီတင်မကဘူး၊ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ကြမ်းတမ်းတဲ့ စွမ်းအားတစ်ခု ရှိနေသေးတယ်... အဲဒါက အတွင်းအားလည်း မဟုတ်သလို သိုင်းပညာ အနှစ်သာရလည်း မဟုတ်ဘူး... ချီကျင့်ကြံသူတွေရဲ့ စွမ်းအားနဲ့ နည်းနည်း ဆင်တူပေမဲ့ လုံးဝတော့ မဟုတ်ပြန်ဘူး... ငါလည်း တစ်ခါမှ မမြင်ဖူးဘူး..."

ချီထျန်းရှုက ပခုံးတွန့်ပြရင်း ဆိုသည်...

"ငါလည်း တစ်ခါမှ မမြင်ဖူးဘူး... ဒါပေမဲ့ ကိစ္စမရှိပါဘူး... ဒီမိန်းကလေးကို မရန်စသရွေ့တော့ ပြဿနာ မရှိနိုင်ပုံရတယ်... သူမကို ငါတို့ ဆန်းလန်တောင်မှာပဲ ခဏ နေခိုင်းထားလိုက်တာပေါ့... တကယ်တမ်းကျတော့ သူမက မင်းနဲ့အတူ နေတာက ပိုသင့်တော်မယ်လို့ ငါ ထင်တယ်... သူမ ဒေါသထွက်ပြီး ပေါက်ကွဲလာခဲ့ရင်တောင် မင်းက အချိန်မရွေး ထိန်းချုပ်နိုင်မှာလေ..."

ကူမော့က နှုတ်ခမ်းတွန့်လိုက်သည်...

"မင်းကတော့ ဟန်ဆောင်ပြန်ပြီ... ငါ့ရှေ့မှာ လာပြီး အားနည်းချင်ယောင် ဆောင်မနေနဲ့..."

ချီထျန်းရှုသည် တခြားသူများကို လှည့်စားရန် အားနည်းချင်ယောင် ဆောင်တတ်သူမျိုး ဖြစ်လေသည်။ အစောပိုင်းက ကူမော့သည် ချီထျန်းရှုအား နိုင်ငံ၏ သတ္တမမြောက် အစွမ်းအထက်ဆုံး သိုင်းသမား တစ်ဦးအဖြစ် သာ ထင်မှတ်ခဲ့သော်လည်း၊ လောကထိပ်တန်း ဆယ်ဦးစာရင်းဝင်သူ တစ်ဦး ဖြစ်လိမ့်မည်ဟု မထင်ခဲ့ချေ။

နောက်ပိုင်းတွင် ကျန်းတာအိုယီနှင့် စုချန်းချိုးတို့ နှစ်ဦးစလုံးက ချီထျန်းရှု၏ အစွမ်းနှင့် ပတ်သက်၍ အလွန် ချီးကျူးခဲ့ကြသည်။ ၎င်းတို့က ချီထျန်းရှုတွင် သိုင်းလောက တစ်ခုလုံးကို သူနှင့်အတူ ဖျက်စီးနိုင် စွမ်းရှိသည်ဟု တစ်ညီတစ်ညွတ်တည်း မှတ်ချက်ပေးခဲ့ကြလေသည်။ ဆယ်စုနှစ် အနည်းငယ်အတွင်း တည်ထောင်ခဲ့သော ဆန်းလန်ဓားဂိုဏ်းသည် ထိပ်တန်း ဂိုဏ်းကြီး သုံးဂိုဏ်းတွင် ပါဝင်လာခဲ့ခြင်း၏ အဓိက အကြောင်းရင်းမှာ ဤအချက်ပင် ဖြစ်လေသည်။

ကူမော့၏ စကားကို ကြားသောအခါ ချီထျန်းရှုက ခပ်ဖွဖွ ရယ်မောကာ ပြောလိုက်သည်...

"ငါ အမှန်အတိုင်း ပြောတာပါ... ဒီမိန်းကလေးက ငါ့ဆီမှာထက် မင်းဆီမှာ ရှိနေတာက ပိုသင့်တော်ပါတယ်... တကယ်လို့ သူမ ထိန်းချုပ်လို့ မရတော့ရင် မင်းကတော့ ထိန်းနိုင်ပေမဲ့ ငါကတော့ မတတ်နိုင်ဘူးလေ... ငါကတော့ သူမကို သတ်ပစ်ရုံပဲ ရှိမှာ..."

ကူမော့ ခဏမျှ စဉ်းစားကြည့်လိုက်ရာ ချီထျန်းရှု၏ စကားမှာ ယုတ္တိရှိသည်ဟု ယူဆသဖြင့် ပြောလိုက်သည်...

"အဲဒီအကြောင်း နောက်မှ ဆွေးနွေးကြတာပေါ့... အရင်က ငါ ရှာခိုင်းထားတဲ့ တုန်းယန် ရွာ အကြောင်းရော တစ်ခုခု သိရပြီလား... ဒီမိန်းကလေးက ယွင်ကျိုးက တုန်းယန် ရွာ အကြောင်းကို ခဏခဏ ပြောနေတာလေ... ဖြစ်နိုင်တာက သူမရဲ့ နောက်ကြောင်းနဲ့ ပတ်သက်နေမှာ ဒါမှမဟုတ် အဲဒီရွာကနေ သူမရဲ့ ထူးခြားတဲ့ စိတ်ဝိညာဉ် စွမ်းအားရဲ့ အကြောင်းရင်းကို ရှာတွေ့နိုင်မှာပေါ့..."

ချီထျန်းရှုက အနည်းငယ် ခေါင်းယမ်းလျက် ဆိုသည်...

"မင်း ငါ့ဆီ စာရေးပြီးတာနဲ့ ယွင်ကျိုး အုပ်ချုပ်ရေးရုံးကို လူလွှတ်ပြီး ချက်ချင်း စုံစမ်းခိုင်းခဲ့တယ်... တုန်းယန် ရွာ၊ တုန်းယ ရွာ နဲ့ အသံထွက် ဆင်တူတဲ့ ရွာတွေ အကုန် ရှာခိုင်းခဲ့တာ... ငါ အနှစ် သုံးဆယ်လောက်ရှိတဲ့ မှတ်တမ်းတွေအထိ ရှာခိုင်းခဲ့ပေမဲ့ အဲဒီနာမည်နဲ့ ရွာ မတွေ့ခဲ့ဘူး... ငါ စိုးရိမ်တာက..."

"ချီအာကူ..."

ရုတ်တရက် အနောက်ဘက်မှ တိုးညင်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။ ၎င်းမှာ အလွန် တိုးညင်းသော်လည်း ချီထျန်းရှု၏ စကားကို ဖြတ်တောက်သွားခဲ့၏။ သူသည် တုန်တုန်ယင်ယင်ဖြင့် နောက်သို့ ခက်ခဲစွာ လှည့်ကြည့်လိုက်လေသည်။

ရှောင်ပိုင်သည် ကြောင်အအ ပုံစံဖြင့် ရှိနေဆဲ ဖြစ်သော်လည်း သူမ၏ မျက်ဝန်းများမှာ ဇဝေဇဝါ ဖြစ်မှုများဖြင့် ပြည့်နှက်နေသည်ကို သူ တွေ့လိုက်ရ၏။ ချီထျန်းရှုသည် သူမအနားသို့ ပြေးသွားကာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်...

"မင်း အခု ဘာပြောလိုက်တာလဲ... နောက်တစ်ခါ ထပ်ပြောပါဦး..."

ရှောင်ပိုင်သည် ထိတ်လန့်သွားပြီး ကူချူတုန်း၏ အနောက်သို့ အလျင်အမြန် ပုန်းကွယ်သွားကာ၊ ကြောက်လန့်နေသော မျက်ဝန်းများဖြင့် ချီထျန်းရှုကို ကြည့်နေတော့၏။ ဤသည်ကို မြင်သောအခါ ချီထျန်းရှုသည် အသက်ကို ပြင်းပြင်းရှူကာ တည်ငြိမ်အောင် ထိန်းလိုက်ပြီး ကူချူတုန်းကို ပြောလိုက်သည်...

"မိန်းကလေး ကူ... ကျေးဇူးပြုပြီး သည် ရှောင်ပိုင်ကို ခုနက ဘာပြောလိုက်တာလဲလို့ မေးပေးပါဦး..."

ကူချူတုန်းသည် သူမ၏ အိတ်ကပ်ထဲမှ သကြားလုံး တစ်လုံးကို ထုတ်ယူကာ ရှောင်ပိုင်ထံ ကမ်းပေးရင်း ညင်သာစွာ ပြောလိုက်သည်...

"ရှောင်ပိုင်... ရှောင်ပိုင်... ခုနက ပြောလိုက်တဲ့ စကားကို နောက်တစ်ခါလောက် ပြောပြပါဦး..."

ရှောင်ပိုင်သည် သကြားလုံးကို ယူလိုက်ပြီး၊ ချီထျန်းရှုကို လက်ညှိုးထိုးပြလျက် တစ်လုံးချင်း ပြောလိုက်သည်...

"ချီ... အာ... ကူ..."

ချီထျန်းရှု၏ မျက်နှာအမူအရာမှာ အလွန်လေးနက်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ယင်နေတော့၏။ ကူချူတုန်းက ချီထျန်းရှုကို လက်ညှိုးထိုးပြကာ အလျင်အမြန် မေးမြန်းလိုက်သည်...

"ရှောင်ပိုင် ဆိုလိုတာက သူက ချီအာကူ လားဟင်..."

ရှောင်ပိုင်က ခေါင်းကို အလျင်အမြန် ယမ်းလိုက်ပြီး၊ ချီထျန်းရှု၏ လက်ချောင်းကို လက်ညှိုးထိုးပြကာ တိုးတိုးလေး ရေရွတ်လိုက်သည်...

"ချီ... အာ... ကူ..."

ချီထျန်းရှု၏ သူငယ်အိမ်များ ကျုံ့ဝင်သွားပြီးနောက်၊ လက်ညှိးကို မြှောက်ကာ မှိန်ပျပျ ဓားအနှစ်သာရ တစ်ခု ထွက်ပေါ်လာလေသည်။ ရှောင်ပိုင်က အလျင်အမြန် အော်ဟစ်လိုက်တော့၏...

"ချီအာကူ... ချီအာကူ... ချီအာကူ..."

ချီထျန်းရှုက ဓားအနှစ်သာရကို ပြန်လည် သိမ်းဆည်းလိုက်သော အခါမှသာ ရှောင်ပိုင်သည် ချက်ချင်း တိတ်ဆိတ်သွားတော့၏။ ထိုအခိုက်အတန့်တွင် ရှောင်ပိုင်အပေါ် ထားရှိသော ချီထျန်းရှု၏ အကြည့်များမှာ ပြောင်းလဲသွားလေသည်။

သူသည် ရှောင်ပိုင်၏ ခေါင်းကို ညင်သာစွာ ပုတ်ရန် လက်လှမ်းလိုက်သော်လည်း၊ ရှောင်ပိုင်မှာ ကြောက်လန့်သွားသဖြင့် ကူချူတုန်း၏ အနောက်သို့ အလျင်အမြန် ဆုတ်သွားပြန်လေသည်။ ချီထျန်းရှုသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး သူ၏ မျက်ဝန်းများတွင် နောင်တရသော အရိပ်အယောင်များ ပေါ်လာတော့၏။ သူသည် သက်ပြင်းချကာ ပြောလိုက်သည်...

"ကလေးမလေး... မင်း တကယ်ပဲ ဒုက္ခခံခဲ့ရတာပဲ... အခုကစပြီး မင်း လည်း ဆန်းလန်ဓားဂိုဏ်းမှာပဲ နေပါတော့... မင်းရဲ့ စိတ်တွေ ပြန်မှန်လာအောင် ငါ အစွမ်းကုန် ကြိုးစားပေးပါ့မယ်..."

ကူမော့သည် ချီထျန်းရှု ဘေးသို့ လျှောက်သွားကာ မေးမြန်းလိုက်သည်...

"ဘာဖြစ်လို့လဲ..."

ချီထျန်းရှု၏ မျက်ဝန်းများတွင် အတိတ်ကို ပြန်လည် တမ်းတသော အရိပ်အယောင်များ ပေါ်လာကာ ပြောလိုက်သည်...

"သူမက ငါ့မိတ်ဆွေဟောင်း တစ်ယောက်ရဲ့ မျိုးဆက် ဖြစ်ရမယ်..."

ကူမော့က သိလိုစိတ်ဖြင့် မေးလိုက်သည်...

"မင်း ဘယ်လိုလုပ် သိတာလဲ... ချီအာကူ ဆိုတဲ့ နာမည်က လျှို့ဝှက်ချက် တစ်ခုလား..."

ချီထျန်းရှုက ဖြည်းညင်းစွာ ပြောပြလေသည်...

"အဲဒါက ငါ့ရဲ့ ငယ်နာမည်ပဲ... ငါက ဆင်းရဲတဲ့ လယ်သမား မိသားစုမှာ မွေးခဲ့တာလေ... ငါ့မိဘတွေက ပညာမတတ်တော့ ပြုစုရ လွယ်အောင်ဆိုပြီး အာကူ (ခွေးလေး) လို့ နာမည်ပေးခဲ့ကြတာပေါ့..."

"ငါ အသက် ရှစ်နှစ် အထိတော့ စစ်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မိသားစုထဲမှာ ငါ တစ်ယောက်တည်းပဲ အသက်ရှင် ကျန်ရစ်ခဲ့တာလေ... ငါ့မှာ ဘာအသက်ရှင်နိုင်စွမ်းမှ ရှိလို့ မဟုတ်ဘဲ၊ ငါ့ရဲ့ ဆရာနဲ့ တွေ့ခဲ့ရလို့ ကံကောင်းခဲ့တာ သက်သက်ပါပဲ...

သူမက ကောင်းကင်က ဆင်းသက်လာတဲ့ နတ်သမီး တစ်ပါးလို ငါ့ရှေ့မှာ ပေါ်လာခဲ့တာ... အဲဒီနောက် သူမက ငါ့ကို ဂိုဏ်းထဲ သွင်းပေးပြီး သိုင်းပညာတွေ သင်ပေးခဲ့တာပေါ့... ချီအာကူ ဆိုတဲ့ နာမည်ကို သိတာ လောကမှာ သူမ တစ်ယောက်တည်းပဲ ရှိတာလေ..."

"ငါက နောင်ကျရင် သိုင်းလောကက မဟာသူရဲကောင်းကြီး တစ်ယောက် ဖြစ်လာမယ့်သူ ဆိုတော့၊ အာကူ ဆိုတဲ့ နာမည်နဲ့ မသင့်တော်ဘူးလို့ သူမက ပြောခဲ့တယ်... ဒါနဲ့ သူမက ဓားပေါ်မှာ ထျန်းရှု ဆိုတဲ့ စကားလုံး နှစ်လုံးကို ရေးထိုးပေးခဲ့တာပေါ့...

ငါဟာ နောင်ကျရင် သိုင်းလောကမှာ အတောက်ပဆုံး သူရဲကောင်း ဖြစ်လာလိမ့်မယ်လို့ သူမက ပြောခဲ့ဖူးတယ်... သူမက လောကမှာ ပြီးပြည့်စုံဆုံး အမျိုးသမီး တစ်ယောက်ပါပဲ..."

"ရှင့်ဆရာက အမျိုးသမီး တစ်ယောက်လား..."

ကူချူတုန်းက အံ့သြစွာ မေးလိုက်သည်။

ချီထျန်းရှုက ခေါင်းညိတ်ပြလျက် ဆိုသည်...

"ဟုတ်တယ်... သူမနာမည်က ယူကျင့်ဟုန် လို့ ခေါ်တယ်... သူမက တစ်ချိန်တုန်းက ယွင်ကျိုးမှာ ထင်ရှားကျော်ကြားခဲ့တာပေါ့၊ မိန်းကလေး ကူ လိုမျိုးပေါ့လေ... အဲဒီအချိန်က သူမဟာ ယွင်ကျိုးရဲ့ တစ်ဦးတည်းသော အမျိုးသမီး မဟာသိုင်းဆရာကြီး လည်း ဖြစ်ခဲ့တာလေ... သူမ အသက် သုံးဆယ်မှာတင် မဟာသိုင်းဆရာကြီး ဘွဲ့ကို ရရှိခဲ့တာဆိုတော့၊ အဲဒီနှစ်ဟာ ငါ သူမရဲ့ တပည့် ဖြစ်လာခဲ့တဲ့ ဆယ်နှစ်မြောက် နှစ်ပေါ့..."

"အဲဒီနှစ်မှာပဲ သူမ အိမ်ထောင်ပြုခဲ့တယ်... ငါက သူမရဲ့ တစ်ဦးတည်းသော တပည့်ဆိုတော့ ငါ့ကိုလည်း သူမ ခင်ပွန်းရဲ့ အိမ်ကို ခေါ်သွားချင်ခဲ့တာပေါ့... ဒါပေမဲ့ ငါက အဲဒီတုန်းက လူကြီး တစ်ယောက် ဖြစ်နေပြီဆိုတော့ အဆင်မပြေတာနဲ့ ငါ မလိုက်ခဲ့ဘူး... သူမရဲ့ မင်္ဂလာဆောင်ကို ပို့ဆောင်ပေးပြီးတဲ့ နောက်မှာတော့ ငါလည်း ဓားတစ်လက်ကို ကိုင်ပြီး သိုင်းလောကထဲ လှည့်လည်သွားလာခဲ့တော့တာပဲ..."

"အဲဒီနောက်မှာတော့... ငါ တဖြည်းဖြည်းနဲ့ နာမည်ကြီးလာပြီး၊ ယွင်ကျိုးမှာ အငယ်ဆုံး မဟာသိုင်းဆရာကြီး ဖြစ်လာခဲ့တာပေါ့... အဲဒီတုန်းက ငါ အသက် နှစ်ဆယ့်ငါးနှစ် ရှိပြီ၊ ဆန်းလန်တောင်က တိုက်ပွဲမှာ အနိုင်ရခဲ့ပြီး ဆန်းလန်ဓားဂိုဏ်းကို တည်ထောင်ခဲ့တာလေ...

ဒါပေမဲ့ အဲဒီအချိန်မှာ ငါ့ဆရာကတော့ သိုင်းလောကမှာ နာမည် ပျောက်နေပြီ... သူမ အိမ်ထောင်ပြုပြီးတဲ့နောက် သူမရဲ့ ရုပ်ရည်ကို ပြောင်းလဲလိုက်ပြီး မိသားစုနဲ့အတူ တိတ်ဆိတ်စွာ နေထိုင်ခဲ့တာ၊ သိုင်းလောကထဲကို ဘယ်တော့မှ ပြန်မလာတော့ဘူးလေ...

ငါကလည်း သူမကို ဘယ်သူမှ လာမနှောင့်ယှက်စေချင်လို့ ငါ့ရဲ့ ဆရာ ဘယ်သူလဲဆိုတာကို မပြောပြခဲ့ဘူး... ဒါကြောင့် သိုင်းလောကမှာ ငါ့ရဲ့ ဆရာကို ဘယ်သူမှ မသိကြသလို၊ ငါ့ကလွဲလို့ သူမ ဘယ်မှာ ရှိနေလဲဆိုတာကိုလည်း ဘယ်သူမှ မသိခဲ့ကြဘူးလေ...

လွန်ခဲ့တဲ့ အနှစ် ငါးဆယ်အထိပေါ့၊ အဲဒီတုန်းက ငါ အသက် နှစ်ဆယ့်ရှစ်နှစ် ရှိပြီ၊ ယွင်ကျိုး ကောင်းကင် အဆင့်သတ်မှတ်ချက်မှာ နံပါတ် ၁ ဖြစ်နေပြီလေ... အမြဲတမ်း တိတ်ဆိတ်စွာ နေထိုင်တတ်ပြီး အပြင်ကို တစ်ခါမှ မထွက်ဖူးတဲ့ ဆရာဟာ ရုတ်တရက်ဆိုသလို ဆန်းလန်တောင်ကို ရောက်လာခဲ့တယ်... အဲဒီနေ့က မိုးတွေ အရမ်း ရွာနေခဲ့တာကို အခုထိ မှတ်မိနေတုန်းပဲ...

အဲဒီနေ့က ဆရာရဲ့ အပြုအမူတွေက အတော်လေး ထူးဆန်းနေခဲ့တယ်... ပုံမှန်ဆိုရင် ငါကပဲ သူမဆီ သွားလည်တာလေ၊ သူမက ငါ့ဆီကို တစ်ခါမှ မလာဖူးဘူး... ပြီးတော့ ယောကျ်ားနဲ့ မိန်းမဆိုတော့ အထင်လွဲမှာ စိုးလို့၊ ငါ နှစ်စဉ်နှစ်တိုင်း သူမဆီ သွားလည်ရင်တောင်မှ သူမက ငါ့ကို တစ်ယောက်တည်း ဘယ်တော့မှ မတွေ့ဘူး၊ သူမရဲ့ ကလေးတွေ ဒါမှမဟုတ် ခင်ပွန်းနဲ့ အတူတူပဲ တွေ့တာလေ...

ဒါပေမဲ့ အဲဒီနေ့မှာတော့ သူမက ဆန်းလန်တောင်ကို တစ်ယောက်တည်း လာခဲ့ပြီး ငါ့ကို သီးသန့် တွေ့ဆုံခဲ့တယ်... အကြာကြီး စကားပြောခဲ့ကြပြီး ငါ့ရဲ့ ငယ်ဘဝ အကြောင်းတွေကို သူမက ပြန်ပြောပြနေခဲ့တာ... အဲဒီနေ့မှာ အနှစ်အတော်ကြာပြီးမှ သူမက ငါ့ကို ချီအာကူ လို့ ပြန်ခေါ်ခဲ့တာပေါ့...

သူမရဲ့ ထူးဆန်းတဲ့ အမူအရာတွေကို ငါ သတိထားမိလို့ မေးမြန်းခဲ့ပေမဲ့ ဘာမှ မပြောခဲ့ဘူး... သူမက ဆန်းလန်တောင်မှာ နာရီဝက်လောက်ပဲ နေခဲ့ပြီး၊ ငါ့ရဲ့ ဓားအစွမ်းတွေ ပါဝင်တဲ့ ဓားပုံတူ တစ်ချပ်ကို ဆွဲပေးဖို့ပဲ သူမက တောင်းဆိုခဲ့တယ်...

ငါ ဆရာ့နောက်ကနေ တောင်အောက်အထိ လိုက်သွားခဲ့ပေမဲ့ တစ်နေရာမှာ သူမကို မျက်ခြည်ပြတ်သွားခဲ့တယ်... အဲဒီတုန်းက ငါက ယွင်ကျိုးရဲ့ နံပါတ် ၁ မဟာသိုင်းဆရာကြီး ဖြစ်နေပြီဆိုတော့ ငါ့ရဲ့ သိုင်းပညာတွေက ဆရာ့ထက် သာနေပြီလို့ ထင်ခဲ့ပေမဲ့ ငါ သူမကို မျက်ခြည်ပြတ်သွားခဲ့တာပဲ... အဲဒီအစား ဆရာက ငါ မသိအောင် စာတစ်စောင်ကို တိတ်တဆိတ် ထည့်ပေးသွားခဲ့တယ်...

အဲဒီစာထဲမှာတော့၊ အစိုးရ အရာရှိ တစ်ဦး ဖြစ်တဲ့ သူ့ရဲ့ ဆရာသခင်ကြီး ဟာ နန်းတွင်းက အာဏာလုပွဲတွေကြားမှာ ပါဝင်မိသွားပြီး အမှားလုပ်မိခဲ့လို့ သုတ်သင်ခံရတော့မယ့် အခြေအနေ ရောက်နေပြီလို့ ဖော်ပြထားတယ်... ဒါကြောင့် သူမက သူမရဲ့ မိသားစုကို ခေါ်ပြီး လုံးဝ ပုန်းအောင်းနေထိုင်တော့မှာ မို့ ငါ့အတွက် စိုးရိမ်လို့ နောက်ဆုံးအကြိမ် လာတွေ့တာလို့ ဆိုထားတယ်...

နောက်ပိုင်းမှာ ငါ သူမရဲ့ အိမ်ကို သွားကြည့်ခဲ့ပေမဲ့ အဲဒီအိမ်က ဖျက်ဆီးခံထားရတာကိုပဲ တွေ့ခဲ့ရတယ်... ဒါပေမဲ့ နန်းတွင်းကတော့ ဘယ်သူ့ကိုမှ မဖမ်းဆီးနိုင်ခဲ့ပါဘူး... အဲဒီအချိန်ကစလို့ အနှစ် ငါးဆယ် ရှိသွားခဲ့ပြီ၊ ဆရာကို ငါ နောက်ထပ် မတွေ့ရတော့သလို၊ သူမနဲ့ ပတ်သက်တဲ့ ဘာသဲလွန်စမှလည်း ရှာမတွေ့ခဲ့တော့ဘူးလေ...

အဲဒီအကြောင်း ပြောရရင်တော့... “

ချီထျန်းရှုက သက်ပြင်းချလိုက်သည်...

"ငါ့ရဲ့ ဓားအနှစ်သာရကြောင့် ချီအာကူ ဆိုတဲ့ နာမည်ကို ခေါ်နိုင်တဲ့ ဒီကလေးမလေးဟာ ဆရာရဲ့ မျိုးဆက် ဖြစ်ရမယ်... ဆရာ ပုန်းအောင်းနေထိုင်ဖို့ ထွက်သွားတုန်းက ငါ့ရဲ့ ဓားအနှစ်သာရ ပါတဲ့ ပုံကို ယူသွားခဲ့သလို၊ ကလေးကိုလည်း အဲဒီအကြောင်း ပြောပြထားခဲ့လို့ ဖြစ်ရမယ်... ဒါပေမဲ့ သူမရဲ့ အခု အခြေအနေကတော့ မိသားစုအတွင်း တစ်ခုခု ဖြစ်ပျက်ခဲ့လို့ ဖြစ်ရမယ်..."

All Chapters