← Chapters

အခန်း ၂၆၅

Vol. 27 Ch. 265

အခန်း ၂၆၅

Vol. 27 Ch. 265

အပိုင်း ၂၆၅

ကျိဖုပေါင်ကုမ္ပဏီ၏ ပထမထပ်နှင့် ဒုတိယထပ်တို့တွင် ဧည့်ခံပွဲများဖြင့် အလွန်စည်ကားနေသော်လည်း လင်းဖန်ကမူ ထိုအထဲတွင် ပါဝင်ဆင်နွှဲခြင်းမရှိဘဲ ရုံးခန်းထဲ၌သာ အလုပ်ရှုပ်နေခဲ့သည်။

သူသည် ဝန်ထမ်းအချက်အလက်များကို တစ်ခုပြီးတစ်ခု အသေးစိတ်ဖတ်ရှုကာ ကုမ္ပဏီမှ ခန့်အပ်ထားသမျှသော ဝန်ထမ်းအားလုံး၏ အကြောင်းကို အလွတ်ရလုနီးပါး မှတ်သားနေခဲ့သည်။

​တစ်နာရီခွဲခန့် ကြာပြီးနောက်တွင်မှ သူသည် စာရွက်စာတမ်းများကို ပိတ်ကာ ထိုင်ခုံတွင် မှီရင်း မျက်စိမှိတ်ကာ အနားယူလိုက်သည်။

ကုမ္ပဏီကို တရားဝင် ဖွင့်လှစ်ပြီးပြီ ဖြစ်သော်လည်း စီအီးအို (CEO) တစ်ဦးအနေဖြင့် သူလုပ်ဆောင်ရမည့် အလုပ်များစွာ ကျန်ရှိနေသေးသည်။ စျေးကွက်ဌာန၊ ပြည်သူ့ဆက်ဆံရေးဌာနနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာန စသည်ဖြင့် ဌာနပေါင်းစုံအတွက် လုပ်ငန်းလမ်းညွှန်ချက်များ ချမှတ်ပေးရန် လိုအပ်သည်။ ခေါင်းဆောင်ပိုင်းက လမ်းကြောင်းမပြလျှင် အောက်ခြေဝန်ထမ်းများအနေဖြင့် မည်သို့အလုပ်လုပ်ရမည်ကို သိကြမည်မဟုတ်ပေ။

​ထို့ကြောင့် နောက်တစ်နေ့ နံနက် ၉ နာရီတွင် နံပါတ် (၁) အစည်းအဝေးခန်းမ၌ အရေးကြီးသောအစည်းအဝေးတစ်ခု ကျင်းပရန် သူ စီစဉ်လိုက်သည်။

​ဂျီဖူးပေါင်ကုမ္ပဏီ၏ ပထမဆုံးသော လုပ်ငန်းညှိနှိုင်းအစည်းအဝေး

​နံနက် ၉ နာရီမထိုးမီကတည်းက အစည်းအဝေးခန်းမအတွင်း၌ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများ ရောက်ရှိနေကြပြီဖြစ်သည်။ လူတိုင်းက တိုးတိုးတိတ်တိတ်သာ စကားပြောဆိုနေကြပြီး အခန်းတွင်း၌ စနစ်တကျ ပြင်ဆင်ထားသော အမည်ကတ်ပြားများအတိုင်း နေရာယူထားကြသည်။

​၉ နာရီ တိတိတွင် အစည်းအဝေးခန်းမတံခါး ပွင့်သွားပြီး လင်းဖန် ဝင်ရောက်လာသည်။ လူတိုင်းသည် စကားပြောခြင်းကို ချက်ချင်းရပ်ကာ မတ်တတ်ရပ်၍ ကြိုဆိုလိုက်ကြသည်။

အားလုံးက ဤအစည်းအဝေးကို ဦးဆောင်မည့်သူမှာ မည်သူဖြစ်ကြောင်း သိကြသည်။ အစည်းအဝေးစားပွဲ၏ ထိပ်ဆုံးနေရာတွင် 'လင်းဖန်' ဟူသော အမည်ကတ်ပြားကို အထင်အရှား မြင်တွေ့နေရသောကြောင့် ဖြစ်သည်။

​"ဟူး..."

​ဝင်ရောက်လာသော ခန့်ညားသည့် လူငယ်လေးကို ကြည့်ရင်း လူတိုင်းက သတိလက်လွတ် သက်ပြင်းချမိကြသည်။ လင်းဖန်၏ မျက်လုံးများက နက်နဲတည်ငြိမ်လှသော်လည်း သူ၏ ငယ်ရွယ်သော အသက်အရွယ်မှာ အားလုံးကို အံ့အားသင့်စေသည်။

အသက် ၂၀ ကျော် လူငယ်လေးတစ်ဦးက ယွမ် ၃၀၀ ဘီလီယံဖြင့် စတင်ထားသော ကျိဖုပေါင် ဟိုးလ်ဒင်းကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် တာဝန်ကို ယူထားသည်မှာ မယုံနိုင်စရာပင်။

​သူသည် လုံထန်အုပ်စုကို တစ်ဦးတည်း ၁၀၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားသော သူဌေးကြီး မဟုတ်ပါလော။ လုံထန်အုပ်စုအကြောင်း မသိလျှင် သင်သည် ခေတ်နောက်ကျနေပြီဟု ဆိုရမည်ဖြစ်သည်။

ကမ္ဘာကျော် 'တန်ရွမ်စနစ်သုံးစမတ်ဖုန်း၊ 'မျက်သူငယ်နှစ်ထပ်' လုံခြုံရေးစနစ်နှင့် 'ဟိုလိုဂရပ်ဖစ်'ပုံရိပ်ယောင်ပြစက်များ စသည့် နည်းပညာနယ်ပယ်ပေါင်းစုံကို စိုးမိုးထားသော ထိုအုပ်စု၏ နောက်ကွယ်တွင် လင်းဖန် ရှိနေသည်။

​လုံထန်အုပ်စုသည် တကယ်တော့ ထူးဆန်းသော သတ္တဝါကြီးများ စုဝေးနေသည့် စခန်းတစ်ခုနှင့် တူသည်။

၎င်း၏ လက်အောက်ခံ ကုမ္ပဏီခွဲတစ်ခုချင်းစီသည်ပင် တန်ဖိုး ဘီလီယံပေါင်းများစွာ ရှိနေသည်။ ထို့ကြောင့် အစည်းအဝေးသို့ တက်ရောက်လာသူများသည် လင်းဖန်၏ အကြောင်းကို ကြိုတင်လေ့လာထားကြပြီးဖြစ်ရာ သူသည် အမှန်တကယ်ပင် အတိုင်းအဆမရှိ နက်နဲသော ပုဂ္ဂိုလ်ဖြစ်ကြောင်း နားလည်ထားကြသည်။

​"ဒီမှာရှိနေတဲ့သူတွေထဲမှာ ကျွန်တော်နဲ့ ဆုံဖူးတဲ့သူတွေရှိသလို မဆုံဖူးသေးတဲ့သူတွေလည်း ရှိပါလိမ့်မယ်။"

​လင်းဖန်သည် လူတိုင်း၏ အကြည့်များအောက်တွင် တည်ငြိမ်စွာ ထိုင်ချလိုက်သည်။ သူ၏ ခေါင်းဆောင်မှု အရှိန်အဝါမှာ ဖုံးကွယ်ထား၍မရအောင် ထွက်ပေါ်နေသည်။

​"ခင်ဗျားတို့အားလုံး ကျွန်တော့်ကို သိကြမှာပါ။ ဒါပေမဲ့ သိတယ်ဆိုတာက သိတာပါပဲ။ ကျွန်တော့်ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စတွေနဲ့ ဓာတ်ပုံတွေကိုတော့ အပြင်ကို မပေါက်ကြားစေတာ အကောင်းဆုံးပါပဲ။"

​ဟောင်ကောင်သည် ပြည်မကြီးနှင့် မတူသဖြင့် ဤနေရာမှ ဝန်ထမ်းများ၏ လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်ကို သူ အပြည့်အဝ မယုံကြည်နိုင်သေးပေ။

ထို့ကြောင့် မထိန်းချုပ်နိုင်သော ကိစ္စရပ်များ မဖြစ်ပွားစေရန် ကြိုတင်သတိပေးလိုက်ခြင်း ဖြစ်သည်။ ပြည်မကြီးရှိ လုံထိန်အုပ်စုတွင်မူ ဝန်ထမ်းတိုင်းသည် လင်းဖန်၏ ဓာတ်ပုံနှင့် အချက်အလက်များကို အပြင်သို့ မပေါက်ကြားစေရန် စည်းကမ်းတင်းကျပ်ထားပြီး ဖြစ်သည်။

​နည်းပညာကုမ္ပဏီတစ်ခုအနေဖြင့် ဝန်ထမ်းတိုင်းသည် လုပ်ငန်းခွင်ဝင်ရောက်စဉ်ကတည်းက 'လျှို့ဝှက်ချက် ထိန်းသိမ်းခြင်း သဘောတူညီချက်ကို လက်မှတ်ရေးထိုးရသည်။

အထူးသဖြင့် စီမံခန့်ခွဲမှု အဆင့်ရှိသူများမှာ အလုပ်မှ ထွက်ပြီး သုံးနှစ်အတွင်း တူညီသော လုပ်ငန်းခွင်သို့ မဝင်ရောက်ရန်ပါ ကတိကဝတ်ပြုရသည်။

​ဤသဘောတူညီချက်မှာ စာရွက်တစ်ရွက်မျှသာ မဟုတ်ဘဲ ချိုးဖောက်ပါက ပြင်းထန်သော အကျိုးဆက်များကို ခံစားရမည် ဖြစ်သည်။

ယနေ့ ကုမ္ပဏီတစ်ခု၏ လျှို့ဝှက်ချက်ကို ချိုးဖောက်သူအား မည်သည့်ကုမ္ပဏီကြီးကမျှ လက်ခံမည်မဟုတ်သဖြင့် မိမိ၏ အနာဂတ်မှာလည်း ပျက်စီးသွားပေလိမ့်မည်။

​ဟောင်ကောင်ရှိ ကျိဖုပေါင်ကုမ္ပဏီတွင်လည်း ထိုကဲ့သို့သော စည်းကမ်းများ ရှိသော်လည်း ဤနေရာမှ ဝန်ထမ်းအများစုမှာ အခြားရှယ်ယာရှင်များက ခေါ်ယူလာသူများ ဖြစ်ကြသဖြင့် လင်းဖန်အနေဖြင့် ၎င်းတို့၏ သစ္စာရှိမှုကို အပြည့်အဝ မယုံကြည်သေးပေ။

သူသည် မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲသူ ဖြစ်သော်လည်း လူ့သဘာဝ၏ မတည်မြဲမှုကိုမူ လျစ်လျူမရှုထားပေ။

​............................................................

All Chapters