အခန်း ၂၆၆
Vol. 27 Ch. 266
အပိုင်း ၂၆၆
ကျိဖုပေါင်၏ နည်းပညာတော်လှန်ရေးနှင့် (3D Code)
အစည်းအဝေးတွင် လင်းဖန်သည် မဆိုင်းမတွဘဲ လိုရင်းကိုသာ တည့်တည့်ပြောလိုက်သည်။
"ကျိဖုပေါင်ရဲ့ နောက်ကွယ်မှာ ထောက်ပံ့မှုတွေ အများကြီးရှိနေပေမဲ့ အခုအချိန်မှာ လုပ်ငန်းကို ဘယ်လိုပုံစံနဲ့ အကောင်အထည်ဖော်မလဲဆိုတာက ကုမ္ပဏီရဲ့ အဓိကအချက်ပဲ။"
"ဥပမာအားဖြင့် ဟာ့ဒ်ဝဲပိုင်းမှာ နိီဗားနားက ထောက်ပံ့ထားတယ်။ ထန်ရွမ်စနစ်ရဲ့ ဗားရှင်း ၁.၀ မှာ ကျိဖုပေါင် ပါဝင်မှာမဟုတ်ပေမဲ့ ဗားရှင်း ၂.၀ မှာတော့ တပါတည်း ထည့်သွင်းပေးသွားမှာပါ။ အဲဒီအချိန်ကျရင် အသုံးပြုသူအရေအတွက်ဟာ အလိုလို များပြားလာလိမ့်မယ်။ ဒါပေမဲ့ ဖုန်းတစ်လုံးရောင်းရတိုင်း အသုံးပြုသူတစ်ယောက် တိုးလာတယ်ဆိုတဲ့ ကိန်းဂဏန်းအလှတွေကို ကျွန်တော် မလိုချင်ဘူး။ အဲဒီထက်စာရင် တကယ့်လက်တွေ့ အသုံးပြုနေတဲ့ အချက်အလက်ကိုပဲ ကျွန်တော် ပိုပြီး အလေးထားတယ်။"
လင်းဖန်၏ စကားများက အစည်းအဝေးတက်ရောက်လာသူများကို အံ့အားသင့်စေခဲ့သည်။
သူက ဆက်လက်၍ "ကျိဖုပေါင်ကို အချိန်တိုအတွင်းမှာ အောင်မြင်အောင် လုပ်ရမယ်။ ကြော်ငြာဌာနအနေနဲ့ လူတိုင်းသိသွားအောင် ဆန်းသစ်တဲ့ ကြော်ငြာတွေ ဖန်တီးပါ။ စျေးကွက်ဌာနကလည်း စူပါမားကတ်တွေ၊ ဘတ်စ်ကားနဲ့ မြေအောက်ရထား ကုမ္ပဏီတွေနဲ့ ချက်ချင်း ညှိနှိုင်းဆောင်ရွက်ရမယ်။ ကျွန်တော်တို့ရဲ့ ငွေပေးချေမှုစနစ်ဟာ အခုရှိနေတဲ့ စနစ်တွေထက် အဆပေါင်းများစွာ ပိုပြီး ခေတ်မီတယ်ဆိုတာ သက်သေပြရမယ်" ဟု ပြတ်သားစွာ ညွှန်ကြားလိုက်သည်။
ဟောင်ကောင်တွင် ဘတ်စ်ကားနှင့် မြေအောက်ရထားလုပ်ငန်းများသည် ပုဂ္ဂလိကပိုင်များ ဖြစ်ကြရာ တစ်ခုနှင့်တစ်ခု ငွေပေးချေမှုစနစ် မတူညီကြပေ။ ထိုသို့သော အခြေအနေမျိုးတွင် လုံထန်အုပ်စုက တီထွင်ထားသည့် (3D Code) နည်းပညာသည် အရာအားလုံးကို ပြောင်းလဲပစ်မည်ဖြစ်သည်။
လူအများစုမှာ ကျူအာကုဒ် (QR Code) ကို သိကြသော်လည်း (3D Code) မှာမူ လူသိနည်းသေးသည်။ ကျူအာကုဒ်သည် အချက်အလက်များကို နှစ်ဖက်မြင် (2D) ပုံစံဖြင့် သိမ်းဆည်းခြင်းဖြစ်ပြီး ယခုအခါ ကမ္ဘာအနှံ့၌ အသုံးပြုနေကြပြီဖြစ်သည်။
သို့သော် လုံထန်အုပ်စု၏ ၃ ဒီကုဒ်မှာမူ ကျူအာကုဒ်ထက် အချက်အလက် သိမ်းဆည်းနိုင်စွမ်း ပိုမိုမြင့်မားကာ လုံခြုံရေးပိုင်းတွင်လည်း ပိုမိုစိတ်ချရသည်။
လင်းဖန်သည် သူ၏ နိီဗားနားဖုဖုန်းကို ထုတ်ယူကာ အစည်းအဝေးခန်းမရှိ မျက်နှာပြင်ကြီးပေါ်တွင် သရုပ်ပြလိုက်သည်။
"ဒါဟာ 3D Code ပါ။ ကျူအာကုဒ်နဲ့ ဆင်တူပေမဲ့ အလယ်မှာ ကျိဖုပေါင်ရဲ့ အမှတ်တံဆိပ် (Logo) ပါဝင်တာက ထူးခြားချက်ပါ။ အခု ကျွန်တော် ဒီပုံစံကို ဖုန်းနဲ့ စကင်ဖတ် (Scan) လိုက်မယ်။"
"ဘိ..." ဟု မြည်သံနှင့်အတူ တစ်စက္ကန့်ပင်မပြည့်မီ ဖုန်းမျက်နှာပြင်ပေါ်တွင် ကျိဖုပေါင်၏ တရားဝင် ဝက်ဘ်ဆိုက် ပေါ်လာခဲ့သည်။
"ဒီကုဒ်ဟာ ဝက်ဘ်ဆိုက်တွေကို ဖွင့်ပေးနိုင်ရုံတင်မကဘဲ ငွေပေးချေမှုတွေကိုပါ လုပ်ဆောင်နိုင်တယ်။ ကျူအာကုဒ်နဲ့ မတူတာကတော့ ဒီကုဒ်ကို ကျိဖုပေါင် အက်ပလီကေးရှင်းထဲမှာ တိုက်ရိုက် ထည့်သွင်းထားတာပါ။ ဆိုလိုတာက ကျိဖုပေါင် အသုံးပြုသူတွေမှသာ ဒီကုဒ်ကို သုံးနိုင်မှာဖြစ်ပြီး ဒါဟာ ကျွန်တော်တို့အတွက် သီးသန့်ဖြစ်နေပါလိမ့်မယ်။"
..........................................................