← Chapters

အပိုင်း(၂၆၅)-တောင်နေကြတ်တိုင်းပြည်မှ ဂယက်များ (၁)

Vol. 003 Ch. 265

အပိုင်း(၂၆၅)-တောင်နေကြတ်တိုင်းပြည်မှ ဂယက်များ (၁)

Vol. 003 Ch. 265

ရှီမာယူရန်သည် ဒေါသထွက်နေသော ရှီမာယူယန်အား တည်ငြိမ်စွာကြည့်ကာ ပြောလိုက်သည် “ဘာတွေစိတ်ပူနေတာလဲ၊ အဲပစ္စည်းက ဖက်တီးကျူပြောသလို ကောင်းလားဆိုတာကြည့်ချင်တယ်၊ ဒီလောက် စွမ်းအားအဆင့်က မင်းကို ထိခိုက်အောင် မလုပ်နိုင်ပါဘူး”

“အာ…”

အိမ်ထဲရှိလူများသည် သူတို့နှစ်ယောက်အားကြည့်ပြီး ရယ်မောကြသည်

“သွားကြမယ်” အစပိုင်းတွင် ဝူရန်ဖေ၏ စိတ်သည် ပူပန်နေရာမှ သူတို့နှစ်ယောက် စနောက်နေသည်ကို တွေ့ပြီး အနည်းငယ် စိတ်အေးသွားလေသည်။

“အင်း ငါတို့လည်း သွားကြမယ်” ရှီမာယူလင်း ပြောလိုက်သည် “မင်း ကိုယ့်ဘာသာသွားရင် နာလန်မျိုးနွယ်က လူတွေရဲ့ တိုက်ခိုက်တာကို ခံရနိုင်တယ်”

“အမှန်ပဲ” ရှီမာယူယန် ခေါင်းညိတ်သည်။

သည်လိုနှင့် သူတို့အဖွဲ့သည် တည်းခိုဆောင်မှ ဝံ့ကြွားစွာထွက်သွားကာ ကွက်မျက်သည့်ရင်ပြင်သို့ ဦးတည်ကြလေသည်။

ရှီမာယူယူသည် ဆန်းမျိုးနွယ်ဝင်များ ခေါ်ထုတ်ပြီးမကြာခင်တွင်ပင် သူမတို့အား လူတစ်စုကတား လိုက်လေသည်။

“သခင်မ… သခင်ကြီးက သခင်မတို့ကို ခေါ်ဖို့ပြောလိုက်တယ်” ခေါင်းဆောင် ပြောလိုက်သည်။

“သခင်ကြီးက ဘယ်မှာလဲ”

“သခင်ကြီးက လီမျိုးနွယ်ကို သွားနှင့်လိုက်ပြီ၊ သူက လီမျိုးနွယ်ကို လမ်းတစ်ဝက်ကနေတား ချင်နေတယ်” ခေါင်းဆောင်ပြောလေသည်။

“ကွက်မျက်မယ့် ရင်ပြင်မှာ လူတွေဘယ်လောက်ရှိလဲ”

“မျိုးနွယ်တော်တော်များများ အဲရောက်နေကြတယ်၊ အခုဆိုရင် လူတစ်ထောင်လောက်ရှိနေပြီ”

“ဖီလေးရော အဲဒီကိုသွားတာလား” သူမ သားဖြစ်နေသည့်အတွက် စိတ်အပူဆုံးမှာ ဆန်းမူယုပင်ဖြစ်သည်။

“မင်းသားလေးက အဲနေရာကို သွားလိုက်ပါပြီ”

“ငါ့ သူငယ်ချင်းတွေရော” ရှီမာယူယူမေးလိုက်သည်။

“သူတို့လည်း သွားကြပြီ”

ရှီမာယူယူသည် သူမ ရှီမာမျိုးနွယ်ကို အနည်းငယ်စိုးရိမ်မိသည်။ ထို့ကြောင့် သူမ ဆန်းမူယုအားပြောလိုက်သည် “အဒေါ်ယု ဆန်းမျိုးနွယ်က အစောင့်တွေရောက်လာပြီဆိုတော့ ကျွန်တော်လည်း အဲဒီကိုသွားပြီး သူတို့နဲ့ ပူးပေါင်းလိုက်တော့မယ်”

သူမသည် တစ်ဖက်တွင် ဖြစ်ပျက်နေသည့်အရာများကို စိုးရိမ်နေသည်ကို ဆန်းမူယု သိသောကြောင့် ပြောလိုက်သည် “မင်းကိုလမ်းပြပေးဖို့ လူထည့်ပေးလိုက်မယ် ဂရုစိုက်ပါ”

“ဟုတ်ကဲ့ပါ”

ရှီမာယူယူနှင့် အစောင့်တစ်ယောက်သည် ဝူရန်ဖေနှင့် တခြားသူများနှင့် လမ်းတစ်ဝက်တွင် ဆုံကြလေသည်။ သူမသည် နောက်မှ ရှီမာမျိုးနွယ်ဝင်များကို တွေ့လိုက်ရသောအခါ သူမ မျက်နှာ ချက်ချင်းပျက်သွားလေသည်။

“အစ်ကိုကြီး အိမ်မှာပဲ နေလို့ ပြောခဲ့တယ်မလား၊ ဘာလို့ဒီကိုလာတာလဲ”

ရှီမာယူမင်သည် သူမ မျက်နှာပျက်သွးသည်ကိုမြင်သောအခါ သူမ နဖူးအား လက်ဖြင့် ရိုက်ကာ ပြောလိုက်သည် “အဘိုးရော ငါတို့ရော မင်းကိုစိတ်ပူတယ်လေ”

ဟုတ်ပြီ၊ ကောင်းပြီ။ ထိုစကားတစ်ခွန်းနှင့်ပင် သူမ မငြင်းသာတော့ပဲ ဒေါသမထွက်နိုင်တော့ပေ။

“ဟူး မင်း.. မင်းက ငါတို့်ထဲမှာ အငယ်ဆုံးပဲ မင်းကို ကာကွယ်ပေးရမှာက ငါတို့ပဲ ဆိုတာ ရှင်းနေတာပဲ၊ ဘယ်လိုလုပ် မင်းက ငါတို့ကို ပြောင်းပြန်စိတ်ပူနေတာလဲ” ရှီမာယူရွှီ ပြောလိုက်သည် “အခု ငါတို့်က မင်းကို ကာကွယ်ပေးမယ်ဆိုတာ မမေ့ပါနဲ့”

ရှီမာယူယူ၏ စိုးရိမ်စိတ်များ တစ်ခဏအတွင်း ပျောက်သွားလေသည်။ မှန်သည်၊ သူမသည် သူမ၏ နွေးထွေးသော မိသားစုအားကာကွယ်ချင်သည်၊ သို့သော် သူမအား ကာကွယ်ချင်သည့် သူတို့ စိတ်အား မေ့နေခဲ့သည်။

သူမ ခေါင်းညိတ်ကာ ပြုံးပြီး ပြောလိုက်သည် “ကောင်းပါပြီ အစ်ကိုတို့လာတာပြီး ကျွန်တော့်ကို ကာကွယ်ပေးတာကို စောင့်ပါမယ်”

ပြောပြီးနောက်တွင် ရှီမာယူမင်၏ လက်အားတွန်းပြီး သူမ ခေါင်းအားပွတ်လိုက်သေးသည်။

“ဟုတ်တယ် ဟုတ်တယ်၊ ငါတို့်က ညီအစ်ကိုတွေပဲ နားလည်လား” ရှီမာယူလီသည် တကျည်ကျည်လုပ်လိုက်သည်။

“နားလည်ပါပြီ” ရှီမာယူယူ ပြောလိုက်သည် “နောက်ဆိုရင် ကျွန်တော်က အဘိုးနဲ့ အစ်ကိုတွေကို ကာကွယ်ပါမယ်၊ အစ်ကိုတို့ကလည်း ကျွန်တော့်ကို ကာကွယ်ပေး၊ ကျွန်တော်တို့ အချင်းချင်းကာကွယ်ကြမယ်”

“ကောင်းပြီ ငါတို့လည်း မင်းကာကွယ်ပေးရမယ်” ရှီမာယူမင်းသည် သူမအား ကြင်နာစွာ ကြည့်လိုက်သည်။

“ဝါး ဝါး ဝါး တကယ် ကြည်နူးစရာပဲ” ရှီမာယူယန်သည် ဘေးတွင် ရပ်နေကာ အားကျသော စိတ်ဖြစ်မိသည်။ သူပြေးသွားကာ ပြောလိုက်သည် “ယူယူ ငါလည်း မင်းအစ်ကိုကြီးပဲ မင်း ငါ့လည်း ကာကွယ်ပေးရမယ်”

ရှီမာယူယူ မျက်လုံးလှန်ကာ ပြောလိုက်သည် “မင်းမှာ ကာကွယ်ဖို့ ဖက်တီးရဲ့ သံချပ်ကာရှိနေတာပဲ၊ ငါ့ကို မလိုပါဘူး”

“မဖြစ်ဘူး မဖြစ်ဘူး မင်း ငါ့ကို ကာကွယ်ဖို့လိုတယ်” ရှီမာယူယန်သည် စနောက်နေသည်။

ရှီမာယူရှင်းသည် သူမ နဖူးပေါ်သို့ သူမလက်အားတင်ပေးလိုက်ပြီး “အသက်ဘယ်လောက်ရှိနေပြီလဲ မရှက်ဘူးလား”

“မမ မမ သက်သန့်လေးလည်း မမကို ကာကွယ်ပေးချင်တယ်၊ မမက သက်တန့်လေးရဲ့ မမလေ ဟုတ်တယ်မလား” သက်တန့်လေးသည် ဟာစွန်၏ ပုခုံးပေါ်မှ ပျံလာကာ ယူယူ၏ အကျီၤလက်အား သူမ၏ လက်သည်းများဖြင့် ဆွဲကိုက်လိုက်သည်။

“ဟုတ်တယ်” ရှီမာယူယူသည် သက်တန့်လေးအား ဟာစွန်၏ ပုခုံးပေါ်သို့ ပြန်တင်ပေးလိုက်ပြီး ပြောလိုက်သည် “ဒါပေမယ့် အခုတော့ မင်းယောကျ်ားနဲ့နေလိုက်ဦး၊ သူကမှ မင်းကို သေချာကာကွယ်ပေးနိုင်မှာ ဟုတ်ပြီလား”

“သက်တန့်လေးသိပါတယ်၊ သက်တန့်လေး ကောင်းပေးပါမယ် ဟုတ်တယ်မလား ယောက်ျား” သက်တန့်လေး ပြောလိုက်သည်။

ဟာစွန်သည် သက်တန့်၏ ခေါင်းအားပုတ်ကာ ပြောလိုက်သည် “မင်းနောက်ဆိုရင် သူမနဲ့ မပေါင်းနဲ့တော့၊ သူမက မင်းကို မဟုတ်တာတွေသင်ပေးတာ၊ ပြီးတော့ ငါက မင်းဦးလေး နားလည်ရဲ့လား”

“မမကပြောတယ် ဦးလေးကလည်း ယောကျ်ားဖြစ်လာမှာတဲ့ ဦးလေးက အဖေရဲ့သူငယ်ချင်းပဲဟာကို” သက်တန့်လေးသည် လေးနက်စွာပြောလေသည်။

“အဟွတ် အဟွတ်”

သက်တန့်လေး၏ စကားများကြောင့် တစ်ဖွဲ့လုံးသည် မှင်တက်သွားကာ ရယ်ချင်စိတ်အား မြိုသိပ်ကာ ချောင်းဟန့်ချင်ယောင်ဆောင်လိုက်ကြသည်။

သူတို့သည် ရှီမာယူယူအားကြည့်လိုက်ကြသည်၊ ဘယ်လိုလုပ် ကလေးကို ဒါမျိုးတွေ သင်ပေးရတာလဲ…. တစ်ဖက်မှာ ငှက်ပေါက်လေးဖြစ်သော်လည်း ထိုကဲ့သို့ သင်ပေးခြင်းမှာ မမှန်ကန်ပေ။

ဟာစွန်၏ မျက်နှာမှာ မည်းလာပြီး ရှီမာယူယူအားကြည့်ကာ သူမသည် သူ့အား မဲ့ပြုံးပြုံးပြီး ‘ဟီးဟီး’ ဟု ရယ်ပြလေသည်။ “ငါက ကိုယ့်ဘာသာကိုယ်ပြောနေတာကို သူမ ကြားသွားမယ် မထင်လို့ပါ၊ အဲဒီ… ဝူရန် မြန်မြန်သွား၇အောင် မင်းအမေနဲ့ တခြားသူတွေ ရောက်နေလောက်ပြီ”

သူ့အမေအကြောင်းကြားလိုက်သည်နှင့် ဝူရန်ဖေသည် ချက်ချင်းစိတ်ပူလာကာ ပြောလိုက်သည် “ကောင်းပြီ”

သူမ စကားလမ်းကြောင်းလွှဲခြင်းနှင့် အခွင့်အရေးအသုံးချသည်ပညာတွင် ညံ့သည်ကို အားလုံးခံစားမိလိုက်ကြသည်။

ထိုအဖွဲ့သည် ဆက်သွားကာ ရှီမာယူယူမေးလိုက်သည် “ယူယန် အဲဒီမြေခွေးအိုကြီးက တကယ်ပဲ မစိုးရိမ်ပဲ လွှတ်လိုက်တာလား”

သူမ သူ့အဘိုးအား မြေခွေးအိုကြီးဟု ခေါ်ခြင်းကို ရှီမာယူယန် မတတ်သာပဲ ပြောလိုက်သည် “မင်းသွားတော့ ငါတို့်ကို အဘိုးက မင်းနဲ့လိုက်ချင်လား မလိုက်ချင်လား ခေါ်မေးတယ်၊ ပြီးတော့ တွေ့ဆုံပွဲအမှီပြန်လာဖို့ မှာလိုက်တယ်၊ ငါတို့လည်း ၂နှစ်လောက် အိမ်မှာပဲ ကျင့်ကြံနေတော့ မလေ့ကျင့်ရတာကြာတော့ လာခဲ့လိုက်တာ”

“အဲဒီ မြေခွေးအိုကြီးကတော့ ဂရုမစိုက်တတ်လိုက်တာ ဟုတ်တယ်မလား” ရှီမာယူယူ ပြောလိုက်သည် “မမျှော်လင့်ထားပဲ ကံဆိုးသွားရင် ပြိုင်ပွဲမှာ မင်းတို့ ပါလို့မရတော့ဘူးလေ”

“မင်းရှိနေမှာတော့ ငါတို့ခန္ဓာကိုယ်မှာ အသက်ရှုနေသေးရင်ကို ရတယ်လို့ အဘိုးကပြောလိုက်တယ်”

“……”

ရှီမာယူယူသည် ရှီမာယူယန်အား မျက်စောင်းထိုးလိုက်သော်လည်း ပြန်မဖြေပေ။ သို့သော် ဒီအခြေအနေများ အားလုံးရှင်းသွားပါက အားလုံးကို မြေခွေးသား ကျွေးမွေးရမည်ဟု တွေးထားလိုက်သည်။

သူတို့သည် လျင်မြန်စွာပင် ကွက်မျက်မည့်ကွင်းပြင်သို့ရောက်လေသည်။ အစောင့်များသည် သူတို့အား မြင်သောအခါ လက်နက်များဖြင့် ချိန်ထားလေသည်။ သို့သော် သူတို့အင်အားမမျှသည်ကို သိသဖြင့် နောက်ဆုတ်သွားကြလေသည်။

ကွက်မျက်သည့် ရင်ပြင်သည် မြို့တော်၏ အနောက်တောင်တွင်တည်ရှိ၍ ဘောလုံးကွင်းလောက် အကျယ်ရှိသည်။ အရှေ့တွင် ကျောက်ဖြင့်ပြုလုပ်ထားသော စင်ရှိ၍ တော်ဝင်ပုလ္လင်တင်ထားသည်။ စင်ဘေးတွင် အစောင့်အဖွဲ့များရပ်နေကြသည်။

လူတစ်စုသည် စင်ရှေ့တွင် ဒူးထောက်ရန် ဖိအားပေးခံထားရသည်။

ဝူရန်ဖေနှင့် တခြားသူများသည် ဖြေးညင်းစွာလျှောက်လာကြသည်။ အစောင့်များသည် အမိန့်လက်ခံမရရှိသောကြောင့် လက်နက်များဖြင့် ချိန်ရုံမျှချိန်ကာ နောက်ဆုတ်သော်လည်း ပြန်မတိုက်ခိုက်ကြပေ။

ဝူရန်ဖေနှင့် ရုပ်တူသော ယောက်ျားတစ်ယောက်သည် ပုလ္လင်ပေါ်တွင် ထိုင်နေသည်။ ဝူရန်ဖေဝင်လာသည်ကို သူမြင်သောအခါ ပုလ္လင်လက်ရန်းပေါ်တွင် တင်ထားသော လက်သည် လက်သီး ဆုပ်ထားလိုက်တော့သည်။

“ဝူရန်ဖေ မင်းအသက်ရှိသေးတာပဲ” ဝူရန်ဒုံသည် သူ၏ ညီလေးဖြစ်သော ဝူရန်ဖေအားကြည့်လိုက်သည်။

“မင်းတောင် မသေသေးတာပဲ ဘယ်လိုလုပ်ငါသေရမလဲ” ဝူရန်ဖေသည် ကွင်းပြင်အလယ်တွင်ရပ်ကာ စင်ပေါ်တွင် ရှိသော ဝူရန်ဒုံအားကြည့်လိုက်သည်။

“ဟင်… အဲနှစ်က မင်းကို လူတွေအများကြီးသတ်ဖို့ကြိုးစားခဲ့တယ်၊ ဒါပေမယ့် မင်းလွတ်သွားခဲ့တယ်၊ ဒီနေ့တော့ မထင်မှတ်ပဲ ထောင်ထားတဲ့ထောင်ချောက်က မိသွားပြီပဲ မင်း လွတ်လမ်းမရှိတော့ဘူး”

“တကယ်လား၊ ဒါပေမယ့် ဒီနေ့ငါ ထွက်ပြေးဖို့အစီအစဉ်မရှိဘူး” ဝူရန်ဖေသည် ဓားရှည်ကိုထုတ်ကာ ဝူရန်ဒုံကို ကြည့်လိုက်သည် “အဲနှစ်က မင်းက ငါ့အိမ်ရှေ့စံနေရာကို လုယူခဲ့တယ်၊ ပြီးတော့ ကျွမ်းကျင်သူတွေလွှတ်ပြီး င့ါကို ဆိုဖီယာတောင်တန်းထိ လိုက်ပြီး သတ်ဖို့ကြိုးစားခဲ့တယ်၊ အခုတော့ မင်းက ငါထွက်လာဖို့အတွက် ဆန်းမျိုးနွယ်တွေရဲ့ အသက်နဲ့ခြိမ်းခြောက်ခဲ့တယ်၊ ဒီနေ့တော့ ငါအရင်အကြွေးတွေရော အခုလက်အကြွေးပါ ဆပ်ပေးမယ်၊ အဲနေရာကနေ မင်းကို ဆွဲချမယ်”

All Chapters