← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

64 01

အခန်း 64 တုံ့ဆိုင်းခြင်း

တံခါးအပြင်ဘက်တွင် အေးမြသောလေ တိုက်ခတ်နေသော်လည်း တုံနွမ်နန်းဆောင် အတွင်းတွင် မြေအောက် အပူပေးစနစ်ကို ပြုလုပ်ထားသဖြင့် နွေဦးကဲ့သို့ နွေးထွေးနေသည်။

ရှင်ယီနင်သည် ကုတင်ဘေးတွင် ထိုင်လျက် လက်ချောင်းထိပ်များဖြင့် သွေးခုန်နှုန်းကို ဖိ၍ ဂရုတစိုက် စမ်းသပ်နေစဉ် သူ၏ ကျောဘက်တွင် အကြိမ်ကြိမ် ချွေးများ ထွက်နေသည်။

တစ်ဝက်မှာ ပူ၍၊ တစ်ဝက်မှာ ကြောက်လန့်နေခြင်းကြောင့်ပင်။

သူသည် သမားတော်တစ်ဦးဖြစ်ပြီး လူနာများကို ကုသကယ်တင်ရန် အားသာသူ ဖြစ်ကာ၊ နန်းတော်တွင်း အာဏာလွန်ဆွဲပွဲများကို ကျင့်သားရနေသော စာပေအမတ် မဟုတ်ပေ။

မေဝမ့်ရှုးသည် ပုံမှန်အားဖြင့် စိတ်နေစိတ်ထား နူးညံ့သည်။ အတင်းအကြပ် ဖိအားပေးသော အမူအရာကို ပြသလေ့မရှိသဖြင့် လူများက သူမသည် စကားပြောဆိုရန် လွယ်ကူသည်ဟု ထင်မှတ်မှားတတ်ကြသည်။ သို့သော် ခက်ခဲသော ကိစ္စများ ကြုံလာသောအခါ ဆုံးဖြတ်ချက်ချသူ မှာ သူမသာ ဖြစ်သည်။

သို့သော် ယနေ့တွင်မူ သူမသည် အလွန်အကျွံ သောက်ထားသဖြင့် နက်နက်ရှိုင်းရှိုင်း မူးယစ်နေသည်။

အလွန်ချိုမြိန်စွာ အိပ်ပျော်နေပြီး၊ လေးလံသော အသက်ရှူသံ၊ အဝတ်စကို မလွှတ်တမ်း ဆုပ်ကိုင်ထားသော ပင်ကိုယ်ဗီဇ အမူအရာတို့သည် ဧကရာဇ်ရှေ့တွင် အကုန်အစင် ပေါ်လွင်နေသည်။

အကယ်၍ တစ်စုံတစ်ခု မှားယွင်းသော တုံ့ပြန်မှု၊ မသင့်လျော်သော အပြုအမူ၊ သို့မဟုတ် မသင့်လျော်သော အိပ်မက်ထဲမှ ရေရွတ်သံ တစ်ခုခုက ဧကရာဇ်အား သံသယ ဝင်စေပါက...

သူမ-မေအမတ် တစ်စုံတစ်ရာ ဖြစ် မဖြစ် မသိရသော်လည်း ရှင်ယီနင်ကမူ သူ့ကိုယ်သူ မြို့တော် အနောက်ဘက် ကွပ်မျက်ရာနေရာတွင် ချည်နှောင်ခံရပြီး တစ်ချက်တည်းဖြင့် နှစ်ပိုင်းဖြတ် ကွပ်မျက်ခံရမည်ကို သေချာ သိနေသည်။

ရှင်ယီနင်၏ အကြည့်များသည် ဟိုမှ ဤမှ လွင့်ပျံနေပြီး စိတ်ပျက်အားငယ်စွာ တွေးသည်။ ‘ဒါ ဘယ်လို အခြေအနေဆိုးကြီးလဲ’

“နိုးပါဦး၊ ငါ့တစ်ယောက်တည်းကို မထားခဲ့ပါနဲ့၊ ဧကရာဇ်ကို ဘယ်လို တုံ့ပြန်ရမလဲ”

ဆယ့်ငါးမိနစ်ကြာပြီးနောက် ရှင်နန်းတွင်းသမားတော်သည် ဧကရာဇ်ရှေ့တွင် ခိုင်မာသော စိတ်ဖြင့် ရပ်လျက် ယနေ့ စစ်ဆေးမှု ရလဒ်ကို အစီရင်ခံသည်။

“ကျွန်တော်က မေအမတ်ရဲ့ သွေးခုန်နှုန်းကို စမ်းသပ်ခဲ့ပါတယ်။ မေအမတ်က အခုနှစ်မျာ အအေးရောဂါ ပိုမိုဆိုးရွားလာပြီး ဆောင်ဦးနဲ့ ဆောင်းရာသီးမှာ အအေးဒဏ်ကြောင့် မကြာခဏ ထိတ်လန့်တာ အိပ်မပျော်တာ ဖြစ်ပေါ်တတ်လေ့ ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေနဲ့ ယှဉ်ရင် ရောဂါက ပိုပြီး ဆိုးဝါးလာတဲ့ လက္ခဏာရပ်များ အမှန်တကယ်ပင် ရှိပါတယ်။ ငယ်ရွယ်သေးလို့ ပြင်ပမှာ အထင်အရှား မတွေ့ရသေးတာပါ။ တကယ်လို့ ဆက်လက်ပြီး စိတ်ပင်ပန်း လူပင်ပန်း အလုပ်လုပ်နေမယ် ဆိုပါက သုံးနှစ်မှ ငါးနှစ်အတွင်း ရောဂါက ပိုပိုဆိုးဝါးလာပြီး ကုသရန်ခက်ခဲသော နက်နဲသည့် ရောဂါအသွင် ပြောင်းလဲသွားမှာ သေချာပါတယ်။ မွေးရပ်မြေကို ပြန်ပြီး တိတ်တိတ်ဆိတ်ဆိတ် အနားယူတာက မေအမတ်ရဲ့ ရောဂါသက်သာစေဖို့ လိုအပ်တဲ့ ကုထုံးဆိုတာက မလွဲသာတဲ့ အမှန်တရားပါ”

64 02

လော့ရှင်းယွမ်သည် နံရံဘေးရှိ ခေါက်ထိုင်ခုံတွင် ထိုင်နေသည်။ ဘေးရှိ ခရမ်းရောင် စန္ဒကူးသစ် ထွင်းဖောက်ထားသော ဘိုးပွင့်ပုံပါ သစ်သား စားပွဲ ပေါ်တွင် ဧည့်ခံပွဲမှ သယ်ဆောင်လာသော ဝိုင်အိုး တစ်လုံး တင်ထားပြီး လက်ထဲတွင် ရွှေခွက်ကို ဆုပ်ကိုင်ထားသည်။

ရှည်လျားသော အစီရင်ခံစာကို တိတ်ဆိတ်စွာ နားထောင်ပြီးနောက် သူက လျစ်လျူရှုဟန်ဖြင့် မေးသည်။ “ရောဂါက ပိုပို ဆိုးဝါးလာပြီး ကုသရန်ခက်ခဲသော နက်နဲသည့် ရောဂါအသွင်ဆိုတာက ဘယ်လောက်ထိ ဆိုးဝါးနိုင်သလဲ”

ရှင်ယီနင်သည် ခေတ္တရပ်နားပြီး ကုလားကာနောက်တွင် နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေသူကို စိတ်ပျက်အားငယ်စွာ လှည့်ကြည့်သည်။

“နက်နဲတဲ့ ရောဂါ ဆိုတာက အသက်တိုစေပြီး ငယ်ရွယ်စဉ်မှာ သေဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်”

လော့ရှင်းယွမ်သည် တိတ်ဆိတ်စွာပင် ဝိုင်တစ်ကျိုက် သောက်လိုက်သည်။

“မွေးရပ်မြေရဲ့ ရေနဲ့မြေက ရောဂါကို ကုသရာမှာ ဘယ်လို အထောက်အကူ ဖြစ်စေတယ်ဆိုတဲ့ အခြေခံက ဘာလဲ” ခဏကြာ စဉ်းစားပြီး‌နောက် သူက ထပ်မံ မေးသည်။ “မြို့တော်မှာ ကမ္ဘာပေါ်က အကောင်းဆုံး သမားတော်တွေနဲ့ ဆေးဝါးတွေ အကုန်ရှိနေတာတောင် မွေးရပ်မြေမှာ အနားယူတာက ဘာလို့ မြို့တော်ထက် ပို‌ကောင်းရမှာလဲ”

‘အကြောင်းက မေအမတ်ရဲ့ မွေးရပ်မြေမှာ ဧကရာဇ်မင်းမြတ် မရှိ‌တော့လို့‌ပေါ့...’ ရှင်ယီနင် စိတ်ထဲမှာ ကျိန်ဆဲလိုက်မိသည်။ သို့သော် နှုတ်ဖြင့် ဆိုမထွက်နိုင်။

သူသည် ပါးစပ်ဖြင့် များများ မပြောရဲသောကြောင့် ခိုင်မာ‌သော စိတ်ဖြင့် ပြန်ဖြေသည်။

“ပထမဆုံးက ရင်းနှီးတဲ့ ရေနဲ့မြေ၊ ပတ်ဝန်းကျင်က လူနာရဲ့ စိတ်နဲ့ ခန္ဓာကို သက်သာရာရစေပါတယ်။ ဒုတိယအချက်က အနားယူနေချိန်မှာ အေရး‌ပေါ် အလုပ်တွေ မရှိ‌တော့ဘဲ လူနာရဲ့ စိတ်နေစိတ်ထားက သဘာဝအတိုင်း ပြေလျော့ ငြိမ်းချမ်းသွားပါတယ်။ လူဆိုတာ သတ္တဝါအေပါင်းရဲ့ ဝိညာဉ်ပဲလေ။ စိတ်နဲ့ ခန္ဓာက တစ်ခုတည်းပါ။ စိတ်နေစိတ်ထား ပြေလျော့လာရင် ခန္ဓာကိုယ်မှာလည်း ထင်ဟပ်လာတာ‌ပေါ့”

လော့ရှင်းယွမ်က ကြားဖြတ် ပြောသည်။

“ဒါဆိုရင် မွေးရပ်မြေရဲ့ ရေနဲ့မြေက ရောဂါကို ကုသတာ မဟုတ်ဘူး။ အဓိကက မြို့တော်မှာ အလုပ်တွေလုပ်ရတာ စိတ်ပင်ပန်းပြီး သူ့ကို ပင်ပန်း‌စေတာပဲ‌ပေါ့”

ရှင်ယီနင်သည် ခြောက်ကပ်ကပ်ဖြင့် ဖြေလိုက်ရသည်။ (ဟိဟိ တစ်လိမ်ကနေ နှစ်လိမ်ဆင့်လို့ သမားတော်ရှင် ဒူးတုန်နေရပါပြီ)

“မှန်လှပါ”

64 03

“ဒါဆိုရင်...” လော့ရှင်းယွမ်က စဉ်းစားနေသည်။ “သူ့ကို မြို့တော်မှာပဲထားပြီး ရာထူးတာဝန်တွေ ဖြုတ်ပေးလိုက်မယ် ‌နေ့စဥ် စိတ်ပင်ပန်းစရာ မလို‌တော့ဘူးဆိုရင်... အနားယူလို့ရတာပဲ”

ရှင်ယီနင်သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို ခံစားမိသဖြင့် ချက်ချင်း ထပ်ပေါင်း ပြောရပြန်သည်။

“မွေးရပ်မြေရဲ့ ရင်းနှီးတဲ့ ရေနဲ့မြေ၊ ဆွေမျိုးတွေ ဝန်းရံမှုက ရောဂါကို ကုသရာမှာ အရမ်းကို အထောက်အကူ ဖြစ်စေပါတယ်”

လော့ရှင်းယွမ်သည် စဉ်းစားလျက်၊ သူ့ကိုယ်သူ ဝိုင်လောင်းပြီး ဝိုင်အိုးတစ်ဝက်ကို ဖြည်းဖြည်းချင်း ‌သောက်ပြီး‌နောက် လက်ထဲမှ ရွှေခွက်ကို ခရမ်းရောင် စန္ဒကူးသစ် စားပွဲ‌ပေါ် တင်လိုက်ပြီး အမိန့်ပေးသည်။

“နန်းဆောင်ထဲမှာ လေမလာဘူး။ ပြတင်းပေါက် ဖွင့်လိုက်”

ရှင်ယီနင်သည် ပိတ်ထား‌သော ထွင်းထားသည့် သစ်သားပြတင်း‌ပေါက်ကို တစ်ဝက် ဖွင့်လိုက်ပြီး

“မြေအောက် အပူ‌ပေးစနစ်က အရမ်းပူလွန်းနေလို့ ဖြစ်နိုင်ပါတယ်”

“မြေအောက် အပူ‌ပေးစနစ်က ပူလွန်းနေတာတင် မဟုတ်ဘူး။ ထောင့်တစ်နေရာမှာ အမွှေးနံ့သာ မီးရှို့ထားတာ၊ အနံ့က အရမ်း မွှန်နေတယ်။ သွားကြည့်လိုက်၊ အထဲမှာ ဘယ်လို အမွှေးနံ့သာမျိုးလဲ”

ရှင်ယီနင်သည် ဇိမ်ခံကုတင်အောက်ရှိ ကြေးနီ အမွှေးနံ့သာအိုး တစ်လုံးကို တွေ့ရှိရသည်။ ကြေးနီချောင်းဖြင့် မီးခိုးပြာများကို ဖယ်ရှားပြီး နှာခေါင်းနားတွင် ထား၍ နမ်းကြည့်သည်။

“သာမန် စိတ်ငြိမ်စေတဲ့ အမွှေးနံ့သာပါ။ မေအမတ်က ဒီည အတော်လေး အိပ်ပျော်နေပါပြီ၊ ကျွန်တော်မျိုး မီးငြှိမ်းလိုက်ရမလား”

“အင်း” လော့ရှင်းယွမ်က အင်းဟု ပြောပြီး “ဒီလောက် ‌သောက်ထားတာ၊ မနက် အလင်းရောင် ထွက်တဲ့အထိ အိပ်ပျော်နေနိုင်ပြီ‌ပေါ့” သူသည် ညာဘက်လက်မတွင် ဝတ်ဆင်ထား‌သော ‌ကျောက်စိမ်း ရွှေလင်းယုန် လက်စွပ်ကို ဖြည်းဖြည်းချင်း ပွတ်သပ်ပြီး

“ရှင်ယီနင်၊ မင်းက ‌ဆေးပညာအပြင် အမွှေးနံ့သာကိုပါ ကျွမ်းကျင်သလား”

ရှင်ယီနင်: “အမွှေးနံ့သာက ‌ဆေးပညာရဲ့ ဘာသာရပ်ခွဲတစ်ခု ဖြစ်လို့ အနည်းငယ် ‌လေ့လာဖူးပါတယ်” ရှင်ယီနင်သည် ဧကရာဇ်သည် အဘယ်ကြောင့် ရုတ်တရက် ဤအကြောင်းအရာကို ထုတ်ဖော်ပြောဆိုသည်ကို မသိသဖြင့် သတိထား၍ ပြန်ဖြေသည်။

ရှင်ယီနင်: “‌ဈေးကွက်မှာ ရောင်းချတဲ့ သာမန် အမွှေးနံ့သာအမျိုးအစား‌ေတွကို နမ်းကြည့်ရင် ဘာလဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ဒါပေမဲ့ ရှားပါးပြီး အဖိုးတန်တဲ့ အမွှေးနံ့သာတွေ ဆိုရင်တော့ ကျွန်တော်မျိုး အတိအကျ မသိနိုင်ပါ”

64 04

လော့ရှင်းယွမ်: “အိုး” လော့ရှင်းယွမ်၏ လေသံသည် အလွန် သာမန်ဖြစ်သည်။

လော့ရှင်းယွမ်: “နန်းတော်မှာ ပုံမှန်သုံးတဲ့ အမွှေးနံ့သာဆိုရင်ကော...”

“ဘယ်လိုနာမည် ရှိပါသလဲ၊ ဘယ်အရောင် ရှိပါသလဲ၊ ကျွန်တော် စစ်ဆေးဖို့ မီးခိုးပြာတွေ ရှိပါသလား”

လော့ရှင်းယွမ်: “အဲဒီ အမွှေးနံ့သာရဲ့ နာမည်က သိပ်ကောင်း” လော့ရှင်းယွမ်၏ နှုတ်ခမ်းတွင် အပြုံးဖျော့ဖျော့ တစ်ခု ‌ပေါ်လာသည်။

“အိပ်မက်ချိုချို အမွှေးနံ့သာလို့ ခေါ်တယ်”

ရှင်ယီနင်သည် အနည်းငယ် တုန်လှုပ်သွားသည်။

“အိပ်မက်ချိုချို အမွှေးနံ့သာ... ကျွန်တော် သိပါတယ်”

“ဒါပေမဲ့ အိပ်မက်ချိုချို အမွှေးနံ့သာက နန်းတော်မှာ ပုံမှန် သုံးတဲ့ အမွှေးနံ့သာ လုံးဝ မဟုတ်ပါဘူး။ ဧကရာဇ်မင်းမြတ်၊ အဲဒီအမွှေးနံ့သာမှာ အိန္ဒိယနိုင်ငံရဲ့ ဒတ္တရပန်ကို သုံးထားတာပါ။ ထိတ်လန့်တာနဲ့ အိပ်မပျော်တဲ့ ဝေဒနာ ခံစားရသူတွေ သုံးရင် စိတ်ငြိမ်ပြီး အိပ်ပျော်စေပါတယ်။ တစ်ခါတစ်ရံ သုံးတာက ပြဿနာမရှိ‌ပေမဲ့ များများ သုံးတာကို လုံးဝ ရှောင်ရပါမယ်။ များများ သုံးရင် စွဲလမ်းမှု ဖြစ်ပေါ်စေပြီး ခေါင်းကိုက်တာကို ဖြစ်စေပါတယ်။ တော်ဝင် သမားတော်တွေက ဘယ်မိဖုရားအတွက်မဆို အိပ်မက်ချိုချို အမွှေးနံ့သာကို အသုံးပြုရင် အဆင့်ဆင့် အစီရင်ခံရပြီး မှတ်တမ်းတင်ရပါတယ်”

++++++

All Chapters