အခန်း ၆၅
Vol. 7 Ch. 65
65 01
အခန်း 65
“ဒီလိုကိုး” လော့ရှင်းယွမ်သည် ထင်ရှားစွာပင် စိတ်မပါတော့ ဟန်ပြပြီး ဆိုလိုက်သည်။ “ကျန်း အနည်းငယ် ပြင်ဆင်ထားတာပါ။ မင်း ပြောသလိုဆိုရင် မကြာခဏ သုံးဖို့ မသင့်တော်ဘူးပေါ့”
လော့ရှင်းယွမ်သည် ကျောက်စိမ်း လက်စွပ်ကို ဖြည်းဖြည်းချင်း ပွတ်သပ်ပြီး၊ နံဘေးနားရှိ ပြတင်းပေါက်ဘေးမှ ကုတင်ကို မျက်လုံးဖြင့် ဝေ့ကြည့်သည်။
“ပြတင်းပေါက်ဘေးက ကုတင်အောက်မှာ သိမ်းထားတဲ့ အနီရောင် သစ်သား သေတ္တာထဲကဟာကို ယူထုတ်ကြည့်။ မင်း ပြောတဲ့ အမျိုးအစား ဟုတ်၊ မဟုတ်”
ရှင်ယီနင်သည် ကုတင်ဆီသို့ လျှောက်သွားပြီး ကုတင်ဘေးတွင် ဒူးထောက်ကာ အောက်တွင် သိမ်းထားသော အနီရောင် သစ်သား သေတ္တာငယ်ကို ဆွဲထုတ်သည်။
“ဒါပါပဲ၊ အိပ်မက်ချိုချို အမွှေးနံ့သာ ပါပဲ” သူသည် ခိုင်မာစွာ အတည်ပြုသည်။
ရှင်ယီနင်သည် ဧကရာဇ်၏ကိုယ်ပေါ်မှ ပြင်းထန်သော ဝိုင်နံ့ကို ရသဖြင့် သမားတော်စိတ် ပြန်လည် နိုးထလာပြီး သတိပေးလိုက်မိသည်။
“ဧကရာဇ်မင်းမြတ်က ဒီနေ့ဝိုင်ကို အလွန်အကျွံ သုံးဆောင်ခဲ့ပါတယ်။ ကျေးဇူးပြုပြီး တော်ဝင်နဂါးကိုယ်ကို ဂရုစိုက်တော်မူပါ”
လော့ရှင်းယွမ်သည် သူပြောသည်ကို လျစ်လျူရှုပြီး ရွှေလင်းယုန် လက်စွပ်ကို ပွတ်သပ်ရင်း ရုတ်တရက် မေးသည်။
“ရှင်ယီနင်၊ မင်း ကျန်းဆီမှာ အမှုထမ်းနေတာ ဘယ်နှစ်နှစ် ရှိပြီလဲ”
ရှင်ယီနင်သည် ဧကရာဇ်၏ ရည်ရွယ်ချက်ကို စဉ်းစားပြီး အမွှေးနံ့သာအိတ်ထဲမှ အမွှေးနံ့သာလုံး တစ်လုံးကို ကောက်ယူ၍ သတိတကြီး လှမ်းပေးသည်။
ရှင်ယီနင်: “ခုနစ်နှစ် ရှိပါပြီ”
လော့ရှင်းယွမ်: “ခုနစ်နှစ်၊ မတိုတောင်းတဲ့ အချိန်ပဲလေ”
လော့ရှင်းယွမ်သည် ပြုံးလိုက်ပြီး လက်ဖဝါးပေါ်ရှိ သိမ်မွေ့သော သင်းရနံ့ရှိ အမွှေးနံ့သာလုံးကို ကြည့်ရင်း ရုတ်တရက် စကားဝိုင်းကို ပြောင်းလိုက်သည်။
“ပြောရမယ်ဆိုရင် ကျန်း လွန်ခဲ့တဲ့ ရက်အနည်းငယ်က အိပ်မက်တစ်ခု မက်ခဲ့တယ်။ ရွှယ်ချင့်ကို အိပ်မက် မက်ခဲ့တယ်”
“အဲဒါက အရမ်း ရူးသွပ်တဲ့ အိပ်မက်ပဲ။ သူက အိပ်မက်ထဲမှာ မိန်းကလေးတစ်ယောက် ဖြစ်နေခဲ့တာ”
ရှင်ယီနင်၏ ခြေထောက်များ ပျော့ခွေသွားပြီး ကုတင်ဘေးရှိ သစ်သားခြေထောက်ကို ဒုန်းခနဲ ကန်လိုက်မိသည်။
“ဧကရာဇ်မင်းမြတ် ခွင့်လွှတ်တော်မူပါ။ ကျွန်တော်မျိုး... ကျွန်တော်မျိုးလည်း ဒီနေ့ည ဝိုင်ကို အလွန်အကျွံ သောက်မိပါတယ်”
လော့ရှင်းယွမ်က ဂရုမစိုက်ပေ။
“အိပ်မက်ထဲမှာတောင် ကျန်း အံ့ဩမိတယ်၊ ဘာလို့ ဒီလို ရူးသွပ်တဲ့ အိပ်မက်ကို မက်ရတာလဲလို့။ နိုးလာတဲ့အခါမှာတော့... တကယ်သာဆိုရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ တွေးမိတယ်”
ရှင်ယီနင်၏ဦးရေပြားများက ထုံကျင်လာပြီး အသံတုန်ယင်နေမှုကို မဖုံးကွယ်နိုင်ဘဲ ကုတင်လက်ရန်းကို ထောက်၍ အားတင်းကာ ပြုံးလိုက်ရသည်။
65 02
“ဧကရာဇ်မင်းမြတ် အများကြီး မတွေးပါနဲ့၊ အိပ်မက်တွေက အမြဲတမ်း အချည်းနှီးပါပဲ။ ဘယ်လို.. ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
“ဟုတ်တယ်၊ အိပ်မက်ထဲမှာ အချည်းအနှီးပဲ၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” လော့ရှင်းယွမ်သည် အသံ နိမ့်နိမ့်ဖြင့် သက်ပြင်းချသည်။
“သူ့ရဲ့ ရုပ်ရည်က နူးညံ့ပြီး လှပတဲ့ အမျိုးသမီးလို မျက်နှာ ရှိပေမဲ့ ရင်တွင်းက ရဲရင့်ပြီး ခိုင်မာတယ်။ ကမ္ဘာပေါ်မှာ ဘယ်မိန်းကလေးက ဒီလို သတ္တိ ရှိမှာလဲ”
“သူ့ရဲ့ ရုပ်ရည်ကြောင့် လူ ဘယ်နှစ်ယောက်က လှည့်စားခံခဲ့ရလဲ။ ကျန်းကတော့ သေချာပေါက် သိတယ်။ သူက အမြဲတမ်း သတ္တိရှိတယ်။ လူအများစု မစဉ်းစားရဲတဲ့ ကိစ္စတွေကို သူ စဉ်းစားရဲတယ်။ လူအများစု မလုပ်ရဲတဲ့ ကိစ္စတွေကို သူ လုပ်ရဲတယ်။ ချီအုပ်စုကို ဖယ်ရှားဖို့ လင်အမတ်ကတာင်မှ ကျန်းကို နောက်ထပ် နှစ်အနည်းငယ် စောင့်ပါဦးလို့ အကြံပေးခဲ့တာ။ ရွှယ်ချင့် တစ်ယောက်တည်းကသာ နှစ်ေပါင်းများစွာ ဒုက္ခခံပြီး ခါးသီးမှုတွေ အများကြီး ကြုံတွေ့ဖို့ လိုလို့လား။ အချိန်တန်ပြီ။ အားကုန်ထုတ် တိုက်ပွဲဝင်ဖို့ အချိန်ရောက်ပြီလို့ ကျန်းကို အကြံပေးခဲ့တယ်”
“သူသာ မိန်းကလေး တစ်ယောက် ဖြစ်ခဲ့ရင် အမတ်အဖြစ် ဆယ်နှစ်ကြာ အယောင်ဆောင်ခဲ့ရင်... ဧကရာဇ်ကို လှည့်စားမှု ဖြစ်လိမ့်မယ်”
ရှင်ယီနင်သည် နောက်ထပ်တစ်ကြိမ် ကုတင်၏ သစ်သားခြေထောက်ဖြင့် တိုက်မိပြန်သည်။
လော့ရှင်းယွမ်က အမှုမထားဘဲ ဂရုမစိုက် ရက်ရောစွာ လက်ဝှေ့ယမ်းပြသည်။
“ဧကရာဇ်ကို လှည့်စားမှုက ခွင့်လွှတ်လို့ မရတဲ့ ပြစ်မှုကြီးပဲ။ သူ ဒီလို ပြစ်မှုကြီးကို ကျူးလွန်ခဲ့ရင် သူ့ရဲ့ ဆရာတောင်မှ တောင်းပန်နိုင်မှာ မဟုတ်ဘူး။ ကျန်းက သူ့ကို ရာထူးက ရုပ်သိမ်းပြီး ထောင်ထဲ ထည့်နိုင်တယ်။ ဒီအချိန်ကစပြီး၊ ကမ္ဘာပေါ်မှာ မေအမတ်ဆိုတာ မရှိတော့ဘူး၊ ကျန်းရဲ့ ရွှယ်ချင့်ပဲ ရှိတော့မယ်”
“ဧကရာဇ်မင်းမြတ်၊ ဒါဟာ အိပ်မက်တစ်ခုမျှသာပါ...”
“ရှင်ယီနင်” လော့ရှင်းယွမ်သည် သူ၏ အကြည့်ကို လှည့်၍ ပြတင်းပေါက်ဘက်သို့ လှည့်လိုက်သည်။
“မင်း ကြိုပြီး သိနေခဲ့တာ မဟုတ်လား”
ရှင်ယီနင်သည် သေလုမတတ် ထိတ်လန့်သွားသည်။ သို့သော် သူသည် သေသည်အထိ ခုခံသည်။
“ဧကရာဇ်မင်းမြတ် ဘာကို ပြောနေမှန်း ကျွန်တော်မျိုး နားမလည်ပါဘူး”
လော့ရှင်းယွမ်သည် ပြုံးလိုက်သည်။
“ကျန်းကို လာပြီး မသိချင်ယောင်ဆောင်နေတယ်။ လွန်ခဲ့တဲ့တစ်ပတ် မေအိမ်တော်မှာ ကျန်း ထိန်းချုပ်မှု လွှတ်သွားတဲ့နေ့က မင်းကိုယ်တိုင် ကြုံခဲ့တယ် မဟုတ်လား။ ထပ်ပြီး ငြင်းဆိုနေရင် ကျန်း မင်းကိုလည်း ဧကရာဇ်ကို လှည့်စားမှုနဲ့ အပြစ်ပေးလိုက်ရမလား”
ရှင်ယီနင်သည် စကားပင် မဆိုနိုင် ဖြစ်သွားရပြီး ချွေးအေးများ ကျဆင်းလာကာ မြေပြင်ပေါ် ဒူးထောက်လိုက်သည်။
“ဧကရာဇ် ကျွန်တော်မျိုးဟာ သမားတော်လေးပါပဲ။ လူ့ခန္ဓာကိုယ်ရဲ့ အာရုံခံစားမှုတွေမှာ ထက်မြက်ပါတယ်။ ထူးခြားတာကို မတွေ့နိုင်ရင် တော်ဝင်သမားတော် ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါ ဒါပေမဲ့ ကျွန်တော်မျိုး.. စကားတစ်ခွန်းမှ မကျွံခဲ့ပါဘူး”
65 03
“မင်းသာ စကားတစ်ခွန်းလောက် ကျွံသွားခဲ့ရင် မင်း ဒီနေရာမှာ အကောင်းအတိုင်း ရပ်နေနိုင်အုံးမှာလား” လော့ရှင်းယွမ်က တည်ငြိမ်စွာ ပြုံးသည်။
“ကံကောင်းတာက မင်းက ကံကောင်းတဲ့လူတစ်ယောက်။ ကျန်းက ဉာဏ်ကောင်းတဲ့လူတွေကို အမြဲတမ်း နှစ်သက်တယ်”
ရှင်ယီနင်၏ ကျောဘက်တွင် ကြောက်လန့်မှုကြောင့် ချွေးအေးတစ်လွှာ စိုစွတ်လာပြီး ချက်ချင်း ဦးညွှတ်၍ အရိုအသေးပေးလိုက်သည်။
“ဧကရာဇ်က ထက်မြက်လှပါတယ်”
လော့ရှင်းယွမ်သည် ရုတ်တရက် ထပ်မံ၍ စကားဝိုင်းကို ပြောင်းလိုက်သည်။
“အိပ်မက်ချိုချို အမွှေးနံ့သာ”
သူ၏ လက်ချောင်းထိပ်များသည် လက်ဖဝါးပေါ်ရှိ နို့နှစ်ရောင် အမွှေးနံ့သာလုံးကို ပွတ်သပ်နေသည်။ “ကျန်း ပြင်ဆင်ထားပြီးသားပါ။ သူက နန်းတော်ထဲမှာ ရှိတယ်။ ဒီအမွှေးနံ့သာကို မီးရှို့ပြီး နန်းဆောင်ထဲ ပို့လိုက်ရုံပါပဲ။ သူကလည်း ဒီည မူးနေတယ်။ နွေးထွေးတဲ့ ကုလားကာအတွင်းမှာ မွှေးရနံ့တွေ ပျံ့နှံ့နေပြီး၊ သူ ဘာမှ မသိလိုက်ခင်မှာပဲ သူ့ကို ခေါ်ဆောင်ပြီး ဒီအချိန်ကစပြီး ကျန်းဘေးမှာ ထားရှိနိုင်တယ်...”
ရှင်ယီနင်၏ မျက်နှာသည် ပြောင်းလဲသွားပြီး၊ မတ်တပ်ရပ်ပြီးခါမှ မြေပြင်ပေါ် ပြန်လည် ဝပ်တွား၍ ဦးခေါင်းကို မြေပြင်ပေါ် ပြင်းထန်စွာ ထိခတ်လိုက်သည်။
“ဧကရာဇ်မင်းမြတ်” သူသည် ကြောက်လန့်လွန်းသဖြင့် အသံပင် ပြောင်းလဲသွားသည်။ “ဧကရာဇ်မင်းမြတ် သတိနဲ့ စဉ်းစားတော်မူပါ ဧကရာဇ်မင်းမြတ်”
ရှင်ယီနင်၏ အသည်းများ ကွဲကြေလုမတတ် ခံစားရပြီး၊ ယနေ့ည အိပ်မက်ချိုချို အမွှေးနံ့သာ မီးရှို့ပြီး ဧကရာဇ် အိပ်ယာထဲ ဝင်သွားပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များကို သတိရသည်။ ထို့အပြင် စောစောက ပြောခဲ့သော ‘မိန်းကလေးအဖြစ် ဆယ်နှစ်ကြာ အမတ်အယောင်ဆောင်ပြီး ဧကရာဇ်ကို လှည့်စားမှု’ ၏ ရလဒ်၊ မေရွှယ်ချင့်၏ ကံကြမ္မာ...
သူသည် ရုတ်တရက် သတ္တိတစ်ခု ရရှိလာပြီး အသက်ကို စွန့်လွှတ်လျက် လော့ရှင်းယွမ်၏ ခြေထောက်နှစ်ဖက်ကို ခိုင်မြဲစွာ ပြေးဖက်ကာ အော်ဟစ်လိုက်သည်။
“ဧကရာဇ်မင်းမြတ်၊ ရွှယ်ချင့် ဆယ်နှစ်ကြာ အတူရှိခဲ့တာကို စဉ်းစားတော်မူပါ ဆောင်းတွင်း ညဉ့်နက်ကြီးမှာ ဧကရာဇ်မင်းမြတ်ကို ကာကွယ်ဖို့အတွက် ချီသူခိုးကို ရန်ပြုခဲ့တာကြောင့် အပြစ်ပေးခံရပြီး ရေခဲနဲ့နှင်းတွေကြားမှာ သေလုနီးပါး ဖြစ်ခဲ့ရတယ်။ ဒီအချိန်ကစပြီး ဒဏ်ရာများ၊ ရောဂါများ ခံစားခဲ့ရတယ် သမာဓိရှိတဲ့ အမှုထမ်း တစ်ဦးဟာ ဂုဏ်မရှိရင်တောင် ကျေးဇူးတော့ ရှိတယ် မဟုတ်လား၊ ဧကရာဇ်မင်းမြတ် ရွှယ်ချင့်ကို လွှတ်ပေးတော်မူပါ ဉာဏ်ပညာရှိသော ဧကရာဇ်နှင့် သမာဓိရှိသော အမှုထမ်း ဆိုပြီး သမိုင်းမှာ ကောင်းမြတ်သော မှတ်တမ်းတစ်ခုကို ဖန်တီးပေးပါ”
လော့ရှင်းယွမ်သည် ထိုင်နေမြဲ မလှုပ်မယှက်။
အိပ်မက်ချိုချို အမွှေးနံ့သာလုံးကို လျော့ရဲရဲ ဆုပ်ကိုင်ထားသော လက်ဖဝါးသည် ရုတ်တရက် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်။ ခဏအကြာတွင် ဖြည်းဖြည်းချင်း ပြန်လည် ဖြေလျှော့သည်။
65 04
လက်ဖဝါးကို ဖြန့်ထားပြီး မလှုပ်မယှက်ကိုင်ထားဆဲဖြစ်ပြီး၊ မှုန်မှိုင်းသော အကြည့်သည် လက်ထဲတွင် အမှုန့်ဖြစ်သွားပြီ ဖြစ်သော အမွှေးနံ့သာလုံးကို ကြာမြင့်စွာ စိုက်ကြည့်နေသည်။
တပ်..
ပြတင်းပေါက်အပြင်ဘက်မှ စီးဆင်းနေသော ရေနှင့် ဝါးချောင်း များမှ ကြည်လင်သော အသံ ထွက်ပေါ်လာသည်။
ထိုကြည်လင်သော အသံသည် မိုးခြိမ်းသံ တစ်ခုပမာ မှောင်မိုက်သော သစ်တောထဲတွင် တုံ့ဆိုင်းနေသော ညဥ့်သားရဲကို နိုးထစေခဲ့သည်။
လော့ရှင်းယွမ်သည် ထရပ်၍ ပြတင်းပေါက် တစ်ခုလုံးကို ဆွဲဖွင့်လိုက်သည်။
တိုးဝှေ့နေသော ညလေထဲတွင် လက်ထဲမှ အမွှေးနံ့သာ အမှုန်အမွှားများကို ပျံ့လွင့်အောင် လွှင့်ပစ်လိုက်သည်။
“တော်ပြီ၊ ဉာဏ်ပညာရှိသော ဧကရာဇ်နှင့် သမာဓိရှိသော အမှုထမ်း၊ ကောင်းမြတ်သော မှတ်တမ်း”
မှိန်သော ဖယောင်းတိုင်မီးသည် လေထဲတွင် တရီရီ လှုပ်ခါနေသည်။ ငယ်ရွယ်သော ဧကရာဇ်သည် ပြတင်းပေါက်ဘောင်ကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားပြီး ထိန်းချုပ်ထားသည်။ ပြတင်းပေါက် အပြင်ဘက်မှ ည၏ မှောင်မိုက်သော အရောင်ကို ရင်ဆိုင်နေသော မျက်လုံးနက်များတွင်မူ နာကျင်မှု၏ ပါးလွှာသောအလွှာ တစ်ခု ပေါ်လာပြီး၊ သွားများ ကြားမှ စကားလုံး သုံးလုံးကို တစ်လုံးချင်းစီ ညှစ်ထုတ်လိုက်သည်။
“ထွက်သွားတော့”
++++++