အပိုင်း(၂၆၆)-တောင်နေကြတ်တိုင်းပြည်မှ ဂယက်များ (၂)
Vol. 003 Ch. 266
ဝူရန်ဖေပြောသည်ကိုကြားပြီးနောက် ဝူရန်ဒုံသည် ရယ်မောကာ ဝူရန်ဖေအား လက်ညိုးထိုးပြီး ပြောလေသည် “ဒီနေ့ဆိုရင် ငါ့မှာ ဘက်တော်သားတွေများနေပြီ၊ မင်းကို သတ်တာအပြင် နောက်မျိုးဆက်တွေရော ဆန်းမျိုးနွယ်ဝင်တွေတစ်ခုလုံးပါ ငါသတ်လို့ရတယ်”
“မင်းက တခြားသူတွေရဲ့အင်အားပေါ်မှာ မှီခိုနေရတာ၊ ဒါပေမယ့် မင်းငါနဲ့ မျှမျှတတ တစ်ယောက်ချင်းစီတိုက်ရဲလား” ဝူရန်ဖေသည် သူ၏ ဓားရှည်ဖြင့် ဝူရန်ဒုံအား ညွှန်ပြလိုက်သည်။
“ငါက ဘာလို့မင်းနဲ့ တိုက်ရမှာလဲ” ဝူရန်ဒုံသည် လှောင်ပြုံးပြုံးကာ “ငါ အမိန့်ပေးရင် ချက်ချင်းလှုပ်ရှားမယ့်သူတွေ ငါ့မှာအများကြီးရှိတယ်၊ မင်းလိုလူနဲ့ တစ်ယောက်ချင်းစီတိုက်စရာ မလိုဘူး”
“မင်းက လိုချင်တာရှိရင် တခြားသူတွေရဲ့အားကို မှီခိုဖို့ပဲ သိတယ်၊ မင်းဘာသာမင်း သန်မာလာဖို့ကို ဘယ်တော့မှ မစဉ်းစားဘူး၊ မင်းလိုလူမျိုးက ဘယ်တော့မှသန်မာလာမှမဟုတ်ဘူး၊ မင်းအမြဲတမ်း အားနည်းနေဦးမှာပဲ မင်းက အမြဲငကြောက်ပဲ”
ထိုစကားများအပေါ်တွင် ဝူရန်ဒုံဒေါသထွက်ကာ ပြောလိုက်သည် “မင်းပြောတဲ့စကားတွေက နည်းလမ်းကျလား မကျလား ငါသိချင်တယ်၊ ငါ့ကိုတောင် ငကြောက်လို့ခေါ်လိုက်သေးတယ်၊ ငါ မင်းရဲ့မျိုးနွယ်တစ်ခုလုံးကို မင်းရှေ့မှာပဲ အမြစ်ဖြတ်ပစ်မယ်”
“ဒါကတော့ လုပ်နိုင်တဲ့ မင်းအရည်အချင်းမှာပဲ မူတည်တယ်” ဝူရန်ဖေသည် အေးစက်စွာ ပြောလိုက်သည်။
ဝူရန်ဒုံသည် ဝူရန်ဖေ၏ မျက်နှာအမူအရာအားကြည့်ပြီး စိတ်လှုပ်ရှားလာသည်။ သူသည် ဘေးရှိလူအား မေးလိုက်သည် “ဆန်းလန်နဲ့ တခြားသူတွေကို ဘာလို့ခေါ်မလာတာလဲ”
“မင်းကြီး သူတို့အမှန်ဆို အခုလောက်ကို ရောက်သင့်ပြီ” အစောင့် ပြန်ဖြေလိုက်သည်။
“ဒါဆို ဘာလို့မရောက်သေးတာလဲ လူလွှတ်ပြီး သွားစုံစမ်းခိုင်းလိုက်” ဝူရန်ဒုံ ဒေါသထွက်သွားသည်။
ထိုအချိန်တွင် အစောင့်တစ်ယောက်သည် တုန်ယင်ကာ စင်ပေါ်တက်လာပြီး သတင်းပို့လေသည် “အရှင်မင်းကြီး၊ မကောင်းတော့ဘူး၊ သူတို့က ထောင်ကနေ ပြန်ပေးဆွဲခံလိုက်ရပြီ”
“ပြန်ပေးဆွဲခံရတယ်ဟုတ်လား” ဝူရန်ဒုံသည် ချက်ချင်းပင် မတ်တတ်ရပ်ကာ ပြောလေသည် “သူတို့ကို အစောင့်တွေအများကြီးချထားတယ်မလား ဘယ်လိုလုပ် ပြန်ပေးဆွဲခံရတာလဲ”
“အရှင်မင်းကြီး ဒီနိမ့်ကျတဲ့သူက မသိလိုက်ပါဘူး၊ သူတို့ အချိန်အတော်ကြာတဲ့အထိ ထွက်မလာလို့ လူလွှတ်ပြီး ကြည့်ခိုင်းလိုက်တာ မြေပေါ်မှာလဲကျနေတဲ့ အစောင့်တွေပဲတွေ့ရတယ်၊ တရားခံကိုတော့ မတွေ့ရပါဘူး”
“အသုံးမကျတဲ့အကောင်တွေ” ဝူရန်ဒုံ ကျိန်ဆဲလေသည် “မြန်မြန်သွားရှာကြ”
“ဟုတ်ကဲ့ပါ အရှင်မင်းကြီး” အစောင့်သည် တုန်ယင်စွာဖြင့် ထွက်သွားလေသည်။
“ဝူရန်ဒုံ ငါကိုရှာနေတာလား” ဆန်းမူယုသည် ဆန်းမျိုးနွယ်မှ လူများခေါ်လာကာ ကွက်မျက်သည့်ကွင်းပြင်တွင် ပေါ်လာလေသည်။
“တော်ဝင်မိဖုရားလား” ကွင်းပြင်မှလူများသည် သူမအား မှတ်မိကြသည် “သူက နန်းတော်ထဲမှာ အကျဉ်းချခံထားရတာမလား ဘယ်လိုထွက်လာတာလဲ”
ဝူရန်ဒုံသည် ဆန်းမူယုအားမြင်သောအခါ အလွန်အံ့သြလေသည်။ သူမနောက်မှ ဆန်းမျိုးနွယ် ဝင်များအား မြင်သောအခါ မျက်နှာအလွန်အမင်းပျက်သွားကာ “တကယ်လွတ်လာတာပဲ”
“ဟုတ်တယ် ငါတို့လွတ်လာတယ်” ဆန်းမူယု ပြောလိုက်သည် “ငါတို့ကို အကျဉ်းချထားတဲ့အချိန်တုန်းက ငါတို့သေမှပဲထွက်လို့ရမယ်လို့ မင်းပြောခဲ့တယ်လေ”
ဝူရန်ဖေသည် လှည့်ကြည့်လိုက်ရာ ဆန်းမူယုအား မြင်လိုက်ရသည်။ သူသည် ရှင်းနှီးသော မျက်နှာအား မြင်လိုက်ရသောအခါ ပါးစပ်ဖွင့်ကာ ပြန်ပိတ်လိုက်ပြီး ဘာစကားမှ ဝင်မပြောပေ။
“ဖေလေး” ဆန်းမူယုသည် ဝူရန်ဖေအားမြင်ပြီး ပြေးလာကာ သူ့အား ဖက်ပြီး မျက်ရည်များ ကျတော့သည်။
“အမေ” ဝူရန်ဖေသည် ဆန်းမူယု၏ လက်မောင်းအားဆုပ်ကိုင်ပြီး ပြောလေသည် “ဒီနှစ်တွေမှာ အမေ့ကို ကျွန်တော် စိတ်အရမ်းပူခဲ့တယ်”
“သား တကယ်အသက်ရှင်နေတာပဲ၊ ဘာလို့ စောစောအကြောင်းမကြားတာလဲ” ဆန်းမူယုသည် သူ့အား ရိုက်သော်လည်း သူမမျက်နှာမှ ဂရုစိုက်မှုနှင့် ပူပန်မှုမှာ အထင်းသားပေါ်နေသည်။
“တောင်းပန်ပါတယ် အမေ၊ ဒီက အခြေအနေတွေကို ကျွန်တော်မသိဘူး၊ အဲဒါကြောင့် ကျွန်တော် ရှေ့မထွက်လာရဲဘူး” ဝူရန်ဖေသည် စိတ်မကောင်းစွာ ပြောလေသည် “အစက ကျွန်တော် ဝိညာဉ်သူတော်စင် အဆင့်ရောက်မှ ပြန်လာချင်တာ၊ ဒီလိုဖြစ်လာတာပဲ”
“ဒီကလေးကတော့လေ ဝိညာဉ်သူတော်စင်ဖြစ်တာ အဲလောက်လွယ်လို့လား” ဆန်းမူယု ပြောလိုက်သည် “မင်း သူတော်စင်အဆင့်မရောက်ရင် ပြန်မလာဖို့စိတ်ကူးထားတာပေါ့”
“အမေ သားအခုကို ဝိညာဉ်သူတော်စင်အဆင့်ရောက်နေပါပြီ ဒီနှစ်အတွင်းမှာပဲ ဖြစ်တာဆိုတော့ မကြာသေးဘူး” ဝူရန်ဖေ ပြောလိုက်သည်။
“ဘာ သားက ဝိညာဉ်သူတော်စင်အဆင့်ရောက်သွားပြီ ဟုတ်လား” ဆန်းမူယုသည် အံ့သြစွာ အော်လိုက်သည်။
“အင်း..” ဝူရန်ဖေ ခေါင်းညိတ်သည်။
“ကောင်းတယ် ကောင်းတယ် ငါ့သားက သန်မာတာပဲ” ဆန်းမူယုသည် ပျော်ရွှင်စွာပြောလေသည်။
ရှီမာယူယူသည် အပြောင်းအလဲအားကြည့်ပြီး သူမ မိဘများကို ရုတ်တရက် သတိရသွားသည်။ သူတို့ ပြန်တွေ့ချိန်တွင် ဘယ်လိုဖြစ်လာမလဲဆိုသည်ကို သူမ သိချင်မိသည်။
သူမသည် ဘေဂုံထန်၏ စကတ်ကိုဆွဲကာ သူမ နားတွင်ကပ်ကာ ပြောလိုက်သည် “ဒီကိုလာခဲ့ ငါ သူတို့နဲ့ သွာပြီး နာလန်မျိုးနွယ်နဲ့ စာရင်းသွားရှင်းမယ်”
“နင်တို့် လူနည်းနည်းလောက်နဲ့ အဆင်ပြေပါ့မလား” ဘေဂုံထန် မေးလိုက်သည်။
“ငါတို့မှာ အံ့ဖွယ်သားရဲတွေ ရှိနေတာလည်း မမေ့နဲ့ဦး” ရှီမာယူယူပြောလိုက်သည် “ဒီမှာ နာလန်မျိုးနွယ်ဝင်တွေမရှိတာ သတိမထားမိဘူး၊ ဒါပေမယ့် ဒီကနေ သိပ်မပြင်းတဲ့ ကြောက်မက်ဖွယ် ကိုယ်ရောင်ကိုယ်ဝါ ခံစားမိနေတယ် အဲဒီမှာ သူတို့ရှိနေမယ်ထင်တယ်”
“ဒါဆို နင်တို့် သတိထားကြဦး မနိုင်နိုင်ဘူးဆိုရင် ဟာစွန်ကိုပါခေါ်သွား” ဘေဂုံထန် ပြောလိုက်သည်။
“ငါသိတယ်” ရှီမာယူယူ ခေါင်းညိတ်သည်။
သူမသည် သူမ ကွက်မျက်သည့်ကွင်းပြင်မှ ထွက်သွားမည်ဖြစ်ကြောင်းကို ပြသသည့်အနေနှင့် ရှီမာမျိုးနွယ်ဝင်များကို လက်ပြလိုက်သည်။
“ညီလေး ၅ မင်းဘာလို့သွားမှာလဲ” ရှီမာယူလီ မေးလိုက်သည်။
“အစ်ကိုတို့ကိ ရှီမာမျိုးနွယ်ဝင်တွေကြောင့် ဒီကိုလာတာမလား၊ သူတို့နဲ့ စာရင်းရှင်းရမှာ အသေအချာပဲလေ၊ ကျွန်တော်တို့ ဒီမှာမရှိလည်း ဝူရန် ပြဿနာမရှိပါဘူး” ရှီမာယူယူ ပြောလိုက်သည်။
“သူတို့ဒီအတိုင်း တိုက်မယ်ဆိုရင် မြို့တော်တစ်ခုလုံးကို သက်ရောက်တာတွေဖြစ်မယ်” ရှီမာမျိုးနွယ်၏ နောက်လိုက်တစ်ယောက်ကပြောလိုက်သည် “တော်ဝင်မိသားစုမှာ လျှို့ဝှက်စောင့်ရှောက်သူတွေရှိတယ်၊ ဒီတစ်ခါ သူတို့ကာကွယ်မယ့်သူက ဘယ်သူဖြစ်မလဲ သိချင်မိတယ်”
“အဲဒီ စောင့်ရှောက်တဲ့သူတွေ ပေါ်မလာဘူးပဲ” ရှီမာယူယန် ပြောလိုက်သည်။
“ဘာလို့လဲ၊ အဲစောင့်ရှောက်သူတွေက တော်ဝင်မိသားစုကို ကာကွယ်ပေးရမှာမဟုတ်ဘူးလား” ရှီမာယူလီ မေးလိုက်သည်။
“မဟုတ်ဘူး” ရှီမာယူယန် ခေါင်းရမ်းလိုက်သည် “အဲဒီ စောင့်ရှောက်သူတွေက တောင်နေကြတ် တိုင်းပြည် အန္တရာယ်နဲ့ကြုံမှ ပေါ်လာတာ၊ ဒီလို အတွင်းပိုင်းတိုက်ပွဲလောက်နဲ့ သူတို့ထွက်မလာဘူး”
“ဟုတ်တယ် အဲလိုစောင့်ရှောက်သူတွေက ဘယ်သူ့မှာ ဘယ်လိုအင်အားရှိတာကို ဂရုမစိုက်ဘူး၊ မင်းက တော်ဝင်မိသားစုဖြစ်နေသ၍ မင်းအားလုံးကို ချေမှုန်းလည်း ဂရုမစိုက်ကြဘူး၊ တစ်ယာက်ပဲ ကျန်ရင်တောင် သူတို့ ပေါ်လာမှာမဟုတ်ဘူး၊ ဒါပမေယ့် အပြင်က တခြားသူတွေက တော်ဝင်မိသားစုကို သတ်မယ်ဆိုရင်တော့ သူတို့ ထွက်လာလိမ့်မယ်” ရှီမာယူရှင်း ရှင်းပြသည်။
“ဒါက ရှင်သန်ဖို့အတွက် အသင့်တော်ဆုံးပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ညီလေး ၅ ဒီကို နာလန်မျိုးနွယ်ဝင် ဘယ်နယောက်လာလဲ ဆိုတာ သိလား” ရှီမာယူမင် မေးလိုက်သည်။
“အင်း ဒီတစ်ခေါက်လာတဲ့သူတွေက အားမနည်းဘူး ဝိညာဉ်သူတော်စင် ဆယ်ယောက်၊ စံတင်ဝိညာဉ် ဆယ်ယောက်” ရှီမာယူယူ ပြောလိုက်သည်။ “အဲထဲကမှ အဆင့် ၄ ဝိညာဉ်စံတင်အဆင့်ရှိတဲ့ နာလန်ဟုန်က အသန်မာဆုံးပဲ”
“ကြည့်ရတာ နာလန်မျိုးနွယ်က ဒီနေရာမှာဖြစ်တာတွေကို သိပ်အလေးမထားတာဘူးထင်တယ်” ရှီမာယူယန် ပြောလိုက်သည်။
“စံတင်ဝိညာဉ် ဆယ်ယောက်လေ၊ ဒီအင်အားက သန်မာတာပဲမလား ဒါဆို ဘာလဲ” ရှီမာယူယူ မေးလိုက်သည်။
“ငါတို့မှာ အံ့ဖွယ်သားရဲတွေအများကြီးရှိမယ်လို့ သူတို့ထင်တောင်ထင်မှာမဟုတ်ဘူး” ရှီမာယူရန် ပြောလိုက်သည်။
“ပြီးတော့ ဟာစွန်က ဒီ၂နှစ်အတွင်းကို အပြင်ကို ထွက်မှမထွက်ခဲ့တာ၊ လောကအမြင့်ကို သွားပြီလို့ သူတို့ ထင်နေကြမှာ” ရှီမာယူလင်း ထပ်ပြောလေသည်။
ထိုအချိန်တွင် ရှီမာခစ်သည် ထွက်ပြေးလာသော လူတစ်စုနှင့် အတူရှိလေသည်။ သူသည် ရှီမာမျိုးနွယ်၏ အခြေအနေကို နာလန်မျိုးနွယ်အား ပြောပြထားသည်။ သို့သော် သူတို့သည် နာလန်မျိုးနွယ်အကြောင်းကို များများစားစား မသိပေ။ ရှီမာယူယူသာ အံ့ဖွယ်သားရဲများကို မထိန်းကျောင်းခဲ့ပါက၊ နီရဲပျားဘုရင်မ ရရှိကာ အားလုံးကို ပျားရည်မပေးထားပါက သူတို့သည် ဒီတစ်ခေါက်တိုက်ပွဲတွင် ရှုံးမည် ဖြစ်သည်။
“သူတို့ကို ဟာစွန်ကိုသာပြလို့ကတော့ ဒီပွဲမှာ ဝင်ပါတာကို နောင်တရသွားမယ်” ရှီမာယူလီ ကြိမ်းမောင်းလေသည်။
“ဟုတ်တယ် ရှီမာခစ်လည်း လာမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
ရှီမာယူယန်သည် ပျော်ရွှင်သည့်ပံပျောက်သွားသည်ကို ရှီမာမျိုးနွယ်များ မြင်သောအခါ မှင်တက်သွားသည်။ သူပြောလိုက်သည် “အဘိုးကမှာလိုက်တယ်၊ ငါတို့ သစ္စာဖောက်ကိုတွေ့ခဲ့ရင် သေချာပေါက် ဥပဒေအတိုင်း လုပ်မှာပဲတဲ့”
“ငါတို့ သက်ညှာစရာမလိုဘူးပဲ” ရှီမာယူယူသည် လက်ချောင်းများကို ဆိတ်ဆွဲသည့် ပုံစံလုပ်ကာ ပြောလိုက်သည် “ဒါပေမယ့် ငါလည်း အစကတည်းက သက်ညှာဖို့ အစီအစဉ်မရှိပါဘူး”
အားလုံးသည် မျက်လုံးပင့်လိုက်ကြသည်။ ဒါဆို အစကတည်းက ဘာလို့ပြောနေသေးလဲ။ သူမက လှောင်နေတာပဲမဟုတ်လား။