အပိုင်း(၂၆၇)-တောင်နေကြတ်တိုင်းပြည်မှ ဂယက်များ (၃)
Vol. 003 Ch. 267
သူတို့သည် ကွက်မျက်ကွင်းပြင်နှင့် သိပ်မဝေးသော လက်ဖက်ရည်ဆိုင်သို့သွားရာ သူတို့ဝင်ဝင်ချင်းပင် လူနှစ်ယောက်ပြောစကားများကို ကြားလိုက်သည် “အားလုံးကိုတောင်းပန်ပါတယ်၊ ကျွန်တော်တို့ ဒီနေ့ဆိုင် မဖွင့်ပါဘူး”
“ကိစ္စမရှိဘူး ကျွန်တော်တို့လက်ဖက်ရည်သောက်ဖို့လာတာမဟုတ်ဘူး” ရှီမာယူယန် ပြောလိုက်သည်။
“ခင်ဗျားက..”
“ကျွန်တော်တို့ လူရှာဖို့လာတာ”
“လူလာရှာတာ.. ဒီမှာ ဘယ်သူမှမရှိပါဘူး…”
“ကျွန်တော်တို့ သူတို့ကိုလာရှာတာ” ရှီမာယူယူ ပြောအပြီးတွင် အသံအား ပိုကျယ်ကာ ပြောလိုက်သည် “ရှီမာခစ် ဘာလို့ ဒီမှာလာပုန်းနေတာလဲ”
“ရွှတ်….”
အောက်ထပ်အခန်းမှ တံခါးများသည် ပွင့်လာကာ ရှီမာခစ်ထွက်လာသည် “ကောင်စုတ်လေး မင်းဒီကို လာရဲတယ်၊ ဒီနေ့ ငါ့ညီအစ်ကိုအစား လက်စားချေရမယ်”
“တစ်ယောက်တည်းနဲ့လား အိမ်မက်မက်နေသေးတယ်” ရှီမာယူယူသည် နှာခေါင်းအားဆိတ်ရင်း ပြောလေသည်။
“ဟင် မင်းရဲ့ဝိညာဉ်သားရဲက ပေါ်မလာတာ အတော်ကြာနေပြီ ဒီနေ့ ဘယ်လိုပြေးရမလဲဆိုတာ မင်းကိုပြပေးမယ်” ရှီမာခစ်ပြောလိုက်သည်။
“ခင်ဗျားကြီး ဦးနှောက်က ပဲမှုန့်တွေပဲရှိတာလား” ရှီမာယူယူသည် သူ့အား မကျေမနပ်ကြည့်ပြီး ခုံကိုဆွဲထုတ်ကာ “ခင်ဗျားတို့ လူနည်းနည်းလောက်နဲ့ ကျွန်တော် ကြောက်မယ်ထင်လား၊ အခုဟာစွန်မရှိလည်း ခင်ဗျားတို့က ကျွန်တော်ရဲ့ ပြိုင်ဘက်မဟုတ်သေးဘူး”
“မင်းက လေလုံးကြီးလိုက်တာ” သတ်လတ်ပိုင်းအရွယ် အမျိုးသမီးသည် လျှောက်လာကာ ရှီမာခစ်၏ ဘေးတွင် ရပ်လိုက်သည်။
“သူက ရှင့်ရဲ့ ညီကိုသတ်သွားတဲ့သူလား”
“ဟုတ်တယ်” ရှီမာခစ်သည် ရှီမာယူယူအား ကြောက်မက်ဖွယ်အကြည့်ဖြင့် ကြည့်လိုက်သည်။ “သူ့ကြောင့်သာ မဟုတ်ရင် ငါ့ညီက သေမှာမဟုတ်ဘူး”
“ဟင်…ဒီမှာ ငါတို့တွေ့မှတော့ မင်းရဲ့အသက်ကို ငါယူမယ်”
“သြော် ရှီမာခစ်ရဲ့ ညီကို သတ်တာ ကျွန်တော်ဆိုတာ သိတော့ ခင်ဗျားက ဒေါသထွက်ရအောင် ခင်ဗျားက သူ့အမျိုးသမီးလား”
“ရိုင်းလိုက်တာ”
ရှီမာယူယူသည် သူမ နားရွက်အားဆွဲကာ ပြောလိုက်သည် “ကျွန်တော့်ကို အော်စရာမလိုပါဘူး ခင်ဗျားရဲ့ဂုဏ်ကို ထိခိုက်လိမ့်မယ် ခင်ဗျားက မဟုတ်တောင် အိုပြီး ရုပ်ဆိုးနေပြီ အခုအော်တော့ ရှီမာယိသာဆိုရင် ခင်ဗျားကို ကျွန်တော်ကြိုက်မှာမဟုတ်ဘူး”
“ပါးစပ်ပိတ်” သက်လတ်ပိုင်းအရွယ် အမျိုးသမီးသည် ဒေါသထွက်သွားသည်။
“ညီမလေး ၃ မင်း သူ့ထောင်ချောက်ထဲကျသွားပြီ” လူများသည် အိမ်ထဲမှထွက်လာကြသည်။ သူတို့အားလုံးသည် ဝိညာဉ်သူတော်စင်များဖြစ်ကြသည်။
ဆေးတံသောက်နေသော လူအိုကြီးသည် “သူတို့က ကလေးသာသာပဲရှိတယ်၊ သူတို့ကို ဂရုစိုက်စရာမလိုဘူး၊ ဒီအတိုင်း အပြီးသတ်လိုက်တော့”
“အသေအချာပေါ့ ငါတို့လာတာ ရှီမာမျိုးနွယ်ကို တစ်ယောက်မကျန်သတ်ဖို့ပဲမလား”
“အငယ်လေးတွေဆိုတော့ ငါတို့ တစ်ယောက် နှစ်ယောက်နဲ့တင် တိုက်လို့ဖြစ်တယ်”
“ရှီ်မာခစ် သူတို့က ခင်ဗျားရဲ့ မျိုးနွယ်ကဆိုတော့ ခင်ဗျားပဲ ဆုံးဖြတ်ပါ”
“ကောင်းပြီ”
ရှီမာခစ်သည် ခေါင်းညိတ်ကာ ရှီမာယူယူအား တိုက်ခိုက်ရန် ပြင်ဆင်လေသည်။
“နောက်ဆုတ်နေ ငါ ငါအဘိုးအစား လက်စားချေပေးမယ်” ရှီမာယူယူ မတ်တတ်ရပ်ကာ သူမလက်ထဲတွင် ဝိညာဉ်ချီကို စုစည်းလိုက်သည်။ သူမ ဝိညာဉ်ချီ စုစည်းပြီးသောအခါ သူ့အား ဦးဆောင်တိုက်ခိုက်လေသည်။
“ဘုန်း….”
ရှီမာခစ်သည် တိုက်ခိုက်ရန် အသင့်မဖြစ်သေးသောကြောင့် ကြမ်းပေါ်သို့ လဲကျသွားလေသည်။
“အဆင့် ၃ ဝိညာဉ်သူတော်စင်လား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ဒီလောက်ငယ်တာကို ဘယ်လိုလုပ် အဆင့် ၃ ဝိညာဉ်သူတော်စင် ဖြစ်နေတာလဲ”
ရှီမာယူယူသည် ရှီမာခစ် ဘေးသွားကာ သူ့ရင်ဘတ်ပေါ်သို့ ခြေထောက်ဖြင့် ထောက်ရင်းနှင့် “ကျွန်တော် ခင်ဗျားကို သင်ခန်းစာပေးဖို့လာတာမဟုတ်ဘူး၊ ဒါပေမယ့် ခင်ဗျား လွန်ခဲ့တဲ့ ၅နှစ်က ဒုံချန်းတိုင်းပြည်လာတုန်းက အဆင့်မြင့်တဲ့ ဝိညာဉ်နယ်ရှင်ဖြစ်နေပြီ အခုနှစ်အများကြီးကြာတာတောင် ဝိညာဉ်သူတော်စင် အဆင့် ၂ပဲရှိသေးတယ်၊ ကျွန်တော်သာ ခင်ဗျားနဲ့ အဆင့်တူဖြစ်နေတယ်ဆိုရင် ကိုယ့်ကိုယ်ကို သတ်သေလိုက်မယ်”
“လွန်ခဲ့တဲ့ ၂နှစ်ကမှ မင်းက အဆင့်၂ ဝိညာဉ်နယ်ရှင်လေ ဘယ်လိုလုပ် ဒီလောက်မြန်မြန်ကြီး ဝိညာဉ်သူတော်စင် ဖြစ်သွားတာလဲ” ရှီမာခစ်သည် သွေးအန်ထုတ်ရင်း ပြောလေသည်။
“အဲဒါ ကျွန်တော့်အရည်အချင်းလေ” ရှီမာယူယူသည် ရယ်မောရင်း ပြောလေသည် “အရင်က ခင်ဗျားတို့ တစ်အုပ်စုလုံး ကျွန်တော့်ဘိုးဘွားတွေကို အကျဉ်းချခဲ့တုန်းက သူတို့မထွက်ပြေးနိုင်ခဲ့ဘူး၊ အဲဒါကို တရားမျှတမှုပြန်ယူပေးရမယ်၊ ခင်ဗျားမျိုးရိုးနာမည်ကလည်း ရှီမာမျိုးနွယ်ဖြစ်နေတော့ ခင်ဗျားကို မြန်မြန် အဆုံးသတ်ပေးမယ်”
သူမ ပြောပြီးနောက်တွင် သူမ ဖိအားပေးကာ ရှေ့ထွက်လာပြီး သူ့အား အဆုံးသတ်ရန် ပြင်လိုက်သည်။
“ရပ်ဦး” နောက်တစ်ခန်းမှ အသံထွက်လာကာ စံတင်ဝိညာဉ်စွမ်းအင်၏ လွှမ်းမိုးမှုကြောင့် သူ့အားသတ်ခြင်းကို ရပ်တန့်လိုက်ရသည်။
“ဘုန်း…”
“အာ…”
ရှီမာခစ်သည် သွေးများအန်ထုတ်လေသည်။ သူ ခေါင်းမော့လာပြီးမှ ပြန်လဲကျသွားကာ အသက်ကို လုရှုနေရသည်။
“ရဲတင်းလိုက်တာ၊ ငါမင်းကို တားတာတောင် မင်းသတ်မလို့လုပ်နေတယ်” နာလန်ဟုန်သည် အိမ်ထဲမှ ထွက်လာကာ သူမအား အန္တရာယ်ပြုမည့်ပုံဖြင့် ကြည့်လိုက်သည်။
ရှီမာယူယူသည် ရှီမာခစ်ပေါ်မှ ခြေထောက်အားဖယ်ကာ နာလန်ဟုန်အားကြည့်ပြီး ပြောလိုက်သည် “ခင်ဗျားက ကြောင်နေတာလား၊ ခင်ဗျားက ကျွန်တော်နဲ့ ဘာဆိုင်လို့ ခင်ဗျားစကားနားထောင်ရမှာလဲ၊ သူ့ကို ခင်ဗျားကာကွယ်နေတာ သိနေတာပဲ ဘာလို့ ကျွန်တော်က ရပ်ရမှာလဲ”
“မင်းအမှားလုပ်လိုက်ပြီဆိုတာကို ငါရှင်းအောင် ပြပေးမယ်” နာလန်ဟုန်ပြောလိုက်သည်။
သူသည် ရှီမာယူယူအား အကြင်နာမဲ့စွာကြည့်လိုက်သည်။ ပြီးခဲ့သည့် ၂နှစ်အတွင်းတွင် သူသည် အဆင့်များ အဆက်မပြတ်တက်ခဲ့သည်။ “ဒါက နာလန်မျိုးနွယ်က လက်ခံနိုင်ရင်တောင် ရှီမာမျိုးနွယ်ဆိုရင် လက်ခံနိုင်စရာမှရှိဘူး၊ သူတို့နဲ့ရှင်းစရာရှိရင် သေချာပေါက်ရှင်းရမယ်”
တခြားသော စံတင်ဝိညာဉ်များသည်လည်း သူပြောသည်ကို လက်ခံကြကာ ရှီမာယူယူအား လူသတ်မည့်အကြည့်ဖြင့် ကြည့်လိုက်ကြသည်။
“ရှီမာခစ်က နာလန်မျိုးနွယ်အဖွဲ့သားဖြစ်နေပြီ၊ မင်းတို့် သူ့ကို ငါတိုု့ရှေ့မှာသတ်လို့မရဘူး၊ ဒီနေ့ မင်းတို့်ဘယ်သူမှ ငါတို့်ထွက်သွားခွင့်မပြုနိုင်ဘူး” နာလန်ဟုန်ပြောလိုက်သည်။
“ယူယူ သူတို့နဲ့မပြောနဲ့တော့ ဒီအတိုင်း လက်စသတ်လိုက်တော့ ငါတို့ဝူရန်ကို သွားကူရဦးမယ်မလား” ရှီမာယူယန် ပြောလိုက်သည်။
“တိုက်ပွဲမြန်လေ မြန်မြန်ဖြေရှင်းပြီးလေပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဟင် မင်းတို့်လိုကလေးတွေက ငါတို့်ကို သတ်ချင်နေတာလား”
“ကျွန်တော်တို့အရင်လှုပ်ရှားမယ်လို့ ဘယ်သူပြောလဲ အ,လိုက်တာ” ရှီမာယူယူ ပြောပြီးသည်နှင့် သူ၏ ဝိညာဉ်သားရဲကိုခေါ်လိုက်သည်။
သူ ဝိညာဉ်သားရဲခေါ်သည်ကို မြင်သည်နှင့် ကျန်သောသူများလည်း သူတို့၏ ဝိညာဉ်သားရဲများကို ခေါ်လေသည်။ မကြာမီတွင် လက်ဖက်ရည်ဆိုင်သည် ဝိညာဉ်သားရဲများနှင့် ပြည့်နှက်သွားလေသည်။
“ဟင် ရှီမာမျိုးနွယ်က ချမ်းသာပေမယ့် ရိုင်းလိုက်တာ၊ သူတို့မှာ ဝိညာဉ်သားရဲ တစ်ကောင်စီ အတွဲလိုက်ရှိတာပဲ” အစပိုင်းတွင်ပြောသော အမျိုးသမီးက ပြောလိုက်သည် “ဒါပေမယ့် မင်းတို့လူ နည်းနည်းလောက်နဲ့ ငါတို့နဲ့ တိုက်နိုင်မယ်ထင်လား”
ထိုအချိန်တွင် ဟိန်းသံလေးသည် ဒုတိယအထပ်မှ ပေါ်လာကာ “ယူယူ ဖြေရှင်းပြီးသွားပြီ”
“မင်းဘယ်အချိန်တုန်းက ရောက်တာလဲ”
“ငါ ခေါင်းနည်းနည်းမူးသလိုပဲ”
“ကောင်စုတ်လေး မင်းဘာလုပ်လာတာလဲ”
“ခွမ်း ခွမ်း”
ဝိညာဉ်သူတော်စင်များသည် တစ်ယောက်ပြီးတစ်ယောက်လဲကျကာ ဟိန်းသံလေးသည် အချိန်ကိုစောင့်ဆိုင်းကာ ကြည့်နေလေသည်။
“မင်းသူတို့ကို ဘာလုပ်လိုက်တာလဲ” နာလန်ဟုန်သည် တစ်ယောက်ပြီးတစ်ယောက်လဲ ကျသွားသည်ကို ကြည့်ပြီး တုန်လှုပ်နေသည်။
“ကျွန်တော် ဘာမှမလုပ်ဘူး၊ ဒီအိပ်ဆေးကို စမ်းသပ်ပြီး သူတို့ကို အိပ်ခိုင်းလိုက်တာပဲ” ရှီမာယူယူသည် ဂုဏ်ယူစွာပြောလေသည် “ရလဒ်အရကတော့ စံတင်ဝိညာဉ်တွေကို သက်ရောက်မှု မရှိပေမယ့် သူတော်စင်ဝိညာဉ်တွေအပေါ်တော့ အသုံးဝင်သားပဲ”
“တကယ်မိုက်တယ်၊ အခုစံတင်ဝိညာဉ်လက်တစ်ဆုပ်စာပဲရှိတော့မယ် ပိုလွယ်သွားပြီ” ရှီမာယူယန်သည် ကျေနပ်စွာပြောလေသည်။
“ဟင် ဝိညာဉ်သားရဲနည်းနည်းလောက်နဲ့ မလေးမစားလုပ်ရဲတယ်”
“ကျွန်တော်တို့မှာ နည်းနည်းပဲရှိတယ်လို့ ဘယ်သူပြောလဲ” ရှီမာယူယန်သည် နောက်ထပ် ဝိညာဉ်သားရဲတစ်ကောင်ကို ခေါ်ထုတ်လိုက်လေသည်။
အဆင့်တစ်ဝိညာဉ်သားရဲအင်အားသည် ဝိညာဉ်နယ်ရှင်နှစ်ယောက်အားနှင့်ညီမျှသည်။ ရှီမာယူယန် ၏ သားရဲများသည် အဆင့် ငါးမှခြောက်အထိရှိကာ နာလန်ဟုန်နှင့် တူညီသည်။
သူတို့တွင် ဝိညာဉ်သားရဲများနောက်ထပ်ရှိနေသေးသည်ကို နာလန်မျိုးနွယ်များမြင်သောအခါ အသိအမှတ်ပြုလိုက်ရတော့သည်။
“ရာဟွောင်၊ ငှက်လေး ဟိန်းသံထောင်ချီ ဆော့ကြမယ် နီရဲ မင်းရော ကစားချင်လား ဒါဆို သွားကြမယ်”
ရှီမာယူယူ၏ စကားဆုံးသည်နှင့် ဝိညာဉ်သားရဲလေးကောင်သည် သူမဘေးတွင် ပေါ်လာ သောကြောင့် နာလန်မျိုးနွယ် ထိတ်လန့်သွားတော့သည်။