အပိုင်း(၂၆၈)-တောင်နေကြတ်တိုင်းပြည်မှ ဂယက်များ (၄)
Vol. 003 Ch. 268
စာချုပ်သားရဲများသည် အံ့ဖွယ်အဆင့်ဖြစ်နေသည့်အချက်မှာ နာလန်မျိုးနွယ်အား ပို၍ ဖိအားဖြစ်စေသည်။
သူတို့သည် စံတင်ဝိညာဉ်ဖြစ်လာချိန်တွင် အဆင့်မြင့်ဝိညာဉ်သားရဲ တစ်ကောင် နှစ်ကောင်သာ ပိုင်ဆိုရသည်။ သို့သော် သူတမသည် အံ့ဖွယ်သားရဲများပိုင်ဆိုင်ခြင်းမှာ လက်မခံနိုင်စရာဖြစ်သည်။
အထူးသဖြင့် ရှီမာမျိုးနွယ်မှ လူငယ်များ၏ လုပ်နိုင်စွမ်းမှာ နာလန်မျိုးနွယ်နှင့်ယှဉ်လျှင် သေချာပေါက် ပို၍ သန်မာသည်။
လွန်ခဲ့သည့်၂နှစ်တွင် ရှီမာယူယူသည် အဆင့်များစွာတက်ခဲ့ပြီး ဝိညာဉ်နယ်ရှင်အဖြစ်မှ ဝိညာဉ် သူတော်စင်အဖြစ် ဆက်တိုက်တက်ခဲ့ရာ ရာဟွောင်သည်လည်း သူမနှင့်အတူ အဆင့် တက်ခဲ့သည်။
တူညီစွာပင်…. ရှီမာယူယန်၏ စာချုပ်သားရဲများသည်လည်း စာချုပ်ဆက်ဆံရေးကြောင့်ပင် ပိုင်ရှင် ကြီးထွားလာသည့်အတိုင်း အဆင့်တက်ခဲ့ကြသည်။
စာချုပ်ချုပ်ခြင်းအားခံနိုင်ရည်ရှိသော အံ့ဖွယ်အဆင့်ရှိသော သားရဲများကို ကံကောင်းစွာပင် ဖမ်းမိခဲ့သည်။ အဆင့်များတက်ခြင်းသည်လည်း ထမင်းစားရေသောက်ကဲ့သို့ပင် လွယ်ကူနေခဲ့သည်။ ဘယ်လောက်တောင် ပျော်စရာကောင်းလိုက်လဲ။
“ဟုတ်သားပဲ အားလုံးလုပ်ကြမယ်၊ မြန်မြန်ဖြေရှင်းပြီးရင် ပြီးတာပဲ အဲဒါပြီးရင် သွားကူညီလို့ရတယ်” ရှီမာယူယူ ပြေလိုက်သည်။
ကွက်မျက်သည့်ကွင်းပြင်တွင် လူများစတင်တိုက်ခိုက်နေရာ သူတို့လည်း တိုက်ခိုက်နေသည့်အသံများ ကို ကြားရသည်။
“သူတော်စင်ဝိညာဉ်အများဆုံး သတ်ပေးနိုင်တဲ့သူကို ငါ ယူယူရဲ့ပျားရည်တစ်ပုလင်း ဆုပေးမယ်” ရှီမာယူယန်သည် ငြိမ်သက်နေသာ သားရဲများကို ပြောလိုက်သည်။ ရှီမာယူယူအသည် ရှီမာယူယန်အား အံ့သြစွာ ပင်ကြည့်နေတော့သည်။
သူမသည် ရှီမာယူယန်အား မသိမသာခွင့်ပြုချက်ပေးလိုက်သည်။
သူမ မငြင်းပဲခွင့်ပြုချက်ပေးလိုက်သည်ကို ဝိညာဉ်သားရဲများမြင်သောအခါ သားရဲအုပ်တစ်စုလုံးသည် တဟုန်ထိုး တိုက်ကြလေသည်။
နာလန်မျိုးနွယ်သည်လည်း သူတို့၏ ဝိညာဉ်သားရဲများကို အလျင်စလို ထုတ်ကြသော်လည်း ထိုအုပ်စုအား နိုင်ရန် မဖြစ်နိုင်ပေ။
ရှီမာယူယူသည် အခြေအနေအားအခွင့်ကောင်းယူကာ အပြင်သို့ထွက်ပြီး ပျံနိုင်သောသားရဲပေါ်တက်ပြီး ရန်သူ၏ တိုက်ခိုက်မှုကို ရှောင်ရှားလိုက်သည်။
နာလန်မျိုးနွယ် ကံဆိုးသွားသည်။ အစပိုင်း သူတို့၏ အစီအစဉ်မှာ တောင်နေကြတ်တိုင်းပြည်သို့ ကျူးကျော်ကာ သူတို့အင်အားကို ချဲ့ထွင်ရန်ဖြစ်သည်။ သို့သော် ရှီမာမျိုးနွယ်နှင့် ကြုံလိုက်ရသောအခါ သူတို့သည် ရိုက်နှက်ခံရကာ တိုက်ခိုက်မှုကို ရှောင်ရှားရတော့သည်။
အထူးသဖြင့် လျှို့ဝှက်တိုက်ခိုက်မှုများကြောင့် အချိန်တိုင်းပင် သူတို့သည် ဒဏ်ရာများရကြတော့ သည်။
တိုက်ပွဲမှာ အလွန်ပြင်းထန်၍ တခြားသူများ၏ အာရုံစိုက်ခြင်းကိုခံရကာ ပွဲကြည့်ပိရိသတ်များသည် တိုက်ပွဲ တစ်စိတ်တစ်ပိုင်းဟုသာ ထင်မြင်ကြကာ နာလန်မျိုးနွယ် လဲပြိုတော့မည်ကို သိလိုက်ကြသည်။
စံတင်ဝိညာဉ်တွေလည်းရှိတယ်၊ အဲလူတွေက ဘယ်သူတွေလဲ။ နာလန်မျိုးနွယ်တောင် ကြေမွသွားတယ်။
ဝူရန်ဒုံသည် ကျောက်စိမ်းစင်ပေါ်တွင် စံတင်ဝိညာဉ်များ၏ အလယ်တွင်ထိုင်ကာ ဝူရန်ဖေ ဦးဆောင်သော ဆန်းမျိုးနွယ်များ တိုက်ခိုက်သည့် တိုက်ပွဲကိုကြည့်နေသည်။ ထို့အပြင် ဆန်းလန်သည် အကူအညီများ ထပ်မံခေါ်ထားလေသည်၊ သူသည် မူလအစီအစဉ်အားဖျက်၍ နာလန်မျိုးနွယ်အား အကူအညီတောင်းရန် ပြင်သော်လည်း နာလန်မျိုးနွယ်သည် တခြားတစ်ဖွဲ့နှင့် တိုက်နေသည်ကို မြင်လိုက်ရသည်။ သူတို့သည် လေပေါ်တွင် ဝိညာဉ်သားရဲများဝန်းရံခြင်းကို ခံထားရလေသည်။
“အဲလူတွေက ဘယ်သူတွေလဲ” သူသည် မှင်တက်စွာမေးလိုက်သည်။
“သူတို့အကုန်လုံး မျက်နှာဖုံးတွေဝတ်ထားကြတယ်၊ ကြည့်ရသလောက်တော့ သူတို့က ဆန်းမျိုးနွယ်ကမဟုတ်ဘူးထင်တယ်” စံတင်ဝိညာဉ်တစ်ယောက်သည် ဝူရန်ဒုံဘေးတွင် ရပ်ကာ ပြန် ဖြေသည်။
သူတို့ လက်ဖက်ရည်ဆိုင်မှ ထွက်သည်နှင့် ရှီမာယူယူ မျက်နှာဖုံးချွတ်လိုက်သည်။ မျက်နှာ ဖုံးများသည် သူတို့အား မမြင်ရရန် ကာကွယ်ခြင်းအတွက်ဖြစ်ပြီး လူကြားထဲဝင် ရောနိုင်ရန်ဖြစ်သည်။ သူတို့မျက်နှာဖုံးဝတ်ထားပါက သူတို့အား ဘယ်သူမှ မှတ်မိမည်မဟုတ်ပေ။
အမှန်တကယ်တော့ ဆန်းမျိုးနွယ်မှာ နောက်တန်းကို တာဝန်ယူထားခြင်းဖြစ်သည်။ သူတို့ဘက် ရှိ အမည်မသိထို လူများသည် သူတို့အတွက်တိုက်ခိုက်ပေးကာ နာလန်မျိုးနွယ်မှ စံတင်ဝိညာဉ်များ ထိုနေရာသို့ ရောက်နေသည်ကိုလည်း သိနေသည်။
နာလန်မျိုးနွယ်သည် သန်မာသော်လည်း ရှီမာမျိုးနွယ်မှ အံ့ဖွယ်အဆင့် ဝိညာဉ်သားရဲများထံတွင် အရေးနိမ့်နေလေသည်။
သိပ်မကြာခင်တွင် နာလန်မျိုးနွယ်တိုက်ပွဲမှာ ပြီးဆုံးသွားကာ စံတင်ဝိညာဉ်အချို့မှာ ကျရှုံးပြီး သူတို့၏ စာချုပ်သားရဲများမှာ သေဆုံးလေသည်။ ရှီမာယူယန်သည် သူတို့အား ဖမ်းဆီးကာ ဘုရင်အား တွေ့ရန်ခေါ်သွားလေသည်။
သူတို့သည် သားရဲပျံများကျောပေါ်တက်လိုက်ကြပြီး ဝူရန်ဖေအား ကူပေးရန် ကွက်မျက်သည့် ရင်ပြင်သို့ ဦးတည်သွားကြလေသည်။
ဟာစွန်သည် အောက်မှ သူတို့အားကြည့်နေကာ ရှီမာယူယူသည် ငှက်လေးပေါ်တွင် အလယ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူမ ဒီလောက်ထိရောက်လာမည်ကို သူမထင်ထား ပေ၊ သူမသည် နန်းတော်မှ ထွက်ပြေးစဉ် မနေ့ကအတိုင်းပင်ဖြစ်သည်။
သူသည် ကွက်မျက်သည့်ကွင်းပြင်တွင် ရပ်နေကာ သူဘာမှမလုပ်ခင်တွင်ပင် သူ့ဘေးနားတွင် ဖြစ်နေသော တိုက်ပွဲမှာ လေတွင်ပျောက်ကွယ်သွားလေသည်။
သက်တန့်လေးသည် ပခုံးပေါ်တွင်ပေါ်လာကာ တက်ကြွနေလေသည်။ ပန်းငါးပွင့် တံခါးများ လှုပ်ရှားနေသည်ကို မြင်သည့်အခါ သူမသည် စိတ်လှုပ်ရှားစွာ အော်နေလေသည်။
ရှီမာယူယူသည် ခေတ်ဆန်သော ချပ်ဝတ်တန်ဆာဝတ်ထားသည်ကို ဝူရန်ဖေတွေ့သောအခါ နှုတ်ခမ်းတွန့်လိုက်လေသည်။
သူသည် ဝူရန်ဒုံကို ညွှန်ပြကာ ပြောလိုက်သည် “ဒီနေ့ ကျွန်တော်တို့နှစ်ယောက်လုံး ကျရှုံးသွားနိုင်တယ်၊ သူတို့က အညံ့ခံတဲ့သူကိုတော့ မသတ်လောက်ပါဘူး”
သူ့စကားများသည် ရှုပ်ယှက်ခတ်နေသော အခြေအနေကို ငြိမ်သွားစေကာ အားလုံးသည် တိုက်ခိုက်ရာ မှ ရပ်သွားကာ သူ့အားကြည့်နေကြလေသည်။
ဝူရန်ဖေသည် ဟာစွန်အားကြည့်လိုက်ရာ ဟာစွန်သည် အံ့ဖွယ်သားရဲကိုယ်ရောင်ကိုယ်ဝါကို ဖြန့်ကျက်လိုက်ရာ ကွင်းပြင်တစ်ခုလုံး တုန်လှုပ်သွားလေသည်။
“ဒါ အသွင်ပြောင်းအံ့ဖွယ်အဆင့်သားရဲပဲ”
“သူက အဆင့်မြင့်အံ့ဖွယ်သားရဲပဲ”
“သူက ယိလင်းကုန်းမြေကိုသွားပြီမဟုတ်ဘူးလား၊ ဘာလို့ဒီရောက်နေတာလဲ”
“ဘုရားရေ သူပြန်လာပြီး အဆင့်မြင့် ဝိညာဉ်သားရဲတွေ ပြန်ခေါ်လာတယ်”
“သူတို့မှာ အဆင့်မြင့် ဝိညာဉ်သားရဲတွေလည်းရှိနေတယ်၊ ငါတို့ဘာလို့ တိုက်ခိုက်နေဦးမှာလဲ”
“အမှန်ပဲ သူ မပြောရင်တောင် အညံ့ခံတဲ့သူကို မသတ်ဘူးလို့ ဝူရန်ဖေပြောတ ယ်မလား၊ မြန်မြန်အညံ့ခံကြမယ်”
“ဟုတ်တယ် ဟုတ်တယ်”
ဟာစွန်သည် သူ့ကိုယ်ရောင်ကိုယ်ဝါအား ထုတ်ဖော်လိုက်ရာ စံတင်ဝိညာဉ်အပါအဝင် ကွင်းပြင်တစ်ခုလုံး လွှမ်းခြုံသွားလေသည်။
ထိုကဲ့သို့ အင်အားသည် တောင့်ခံနိုင်ရန် မဖြစ်နိုင်ပေ။
ဟာစွန်ပြောသည့်အတိုင်းပင် သူတို့အားလုံးတွင် အင်အားရှိသောကြောင့် သူသည် စွမ်းအားအပြည့် အဝမထုတ်ပဲ သက်ညှာပေးထားသည်။
သူ့စွမ်းရည်အကြောင်း စဉ်းစားရင်းနှင့်ပင် ရှီမာယူယူတွင်ရှိသော စာချုပ်သားရဲအကြောင်းတွေးမိသောအခါ သူသာထွက်လာပါက ဘယ်လိုပုံဖြစ်မလဲ။
ဝူရန်ဖေသည် ရှေ့တစ်လှမ်းတိုးကာ ပြောလိုက်သည် “အညံ့ခံတဲ့သူကို ငါတို့မသတ်ဘူး”
အစောင့်များသည် ဝူရန်ဖေအားကြည့်ကာ ကောင်းကင်တွင် စံတင်ဝိညာဉ်များနှင့် သားရဲပျံများတွေ့ သောအခါ လက်ထဲရှိ လက်နက်များသည် မြေပြင်ပေါ်သို့ကျသွားလေသည်။
ထို့အတူပင် စံတင်ဝိညာဉ်များနှင့် သူတော်စင်ဝိညာဉ်များသည်လည်း အညံ့ခံကြသည်။
ဝူရန်ဒုံ၏ မျက်နှာသည် အရောင်ပြောင်းကာ တုန်ယင်ပြီး ဝူရန်ဖေသည် သူနှင့်ပြောင်းပြန်ဖြစ်သွားသ ည်ကို မယုံကြည်နိုင်ပေ။
“မင်းအုပ်ချုပ်တာက ရက်စက်တယ် ပြီးတော့ မင်းရဲ့နည်းလမ်းတွေက ကြမ်းတမ်းတယ်၊ တော်ဝင် ကိုယ်ရံတော်တွေတောင်မှ မင်းအတွက်အသက် မစွန့်ကြဘူး၊ အဲဒါက မင်းကျရှုံးတာကို ပြနေတာပဲ” ဝူရန်ဖေ ပြောလိုက်သည် “မင်းရဲ့ ကလိမ်ကကျစ်ကျတာရယ် မနာလိုတတ်တဲ့စိတ်ရယ် မရိုးသားတာ ရယ်က မင်းအမှားဖြစ်သွားတာပဲ၊ အဲနှစ်က ဘုရင်ဖခမည်းတော်က ငါ့ကို အိမ်ရှေ့စံဖြစ်စေချင်တုန်းက မင်းက ငါ့ကို လက်သီးပုန်းထိုးခဲ့တယ်၊ မင်းအမြဲတမ်းငါ့ကို နာကျည်းနေတာမလား ဒီနေ့ ငါတို့ရဲ့ ရှည်လျားတဲ့ ရန်စဖြေရှင်းဖို့ မျှမျှတတ တိုက်ဖို့အတွက် မင်းကိုအခွင့်အရေးပေးမယ်”
ဝူရန်ဒုံသည် ဝူရန်ဖေအား ဒေါသထွက်သော မျက်လုံးများဖြင့် ကြည့်ကာ လက်နက်ဆွဲပြီး ဝူရန်ဖေဆီသို့ ပျံသွားလေသည်။
ရှီမာယူယူသည် ငှက်လေးကျောပေါ်တွင်ထိုင်ကာ တိုက်ပွဲအား အေးဆေးစွာကြည့်နေလေ သည်။
“ယူယူ ငါတို့တိုက်ခိုက်ချက်ကို သူတို့ဘယ်လောက် တောင့်ခံနိုင်မယ်ထင်လဲ” ရှီမာယူယန် သည် ရှီမာယူယူအား မေးလိုက်သည်။
“၁၄ချက်” ရှီမာယူယူ ပြန်ဖြေလိုက်သည်။ “ဝူရန်က သူ့ကတ်ကို မှန်မှန်ကန်ကန် သုံးနိုင်ရင် သုံးချက်ဆိုလောက်ပြီ”
သူမသည် ဝူရန်ဒုံ၏ အဆင့်ကိုသိကာ ဝူရန်ဖေထက်အသက်ကြီးသော်လည်း သူ့အဆင့်သည် ဝူရန်ဖေထက် အနည်းငယ်နိမ့်ပြီး သူ့ခြေလှမ်းများသည် ပေါ့တန်ကာ သူအနိုင်ရခြင်းမှာ မဖြစ်နိုင်ပေ။
သူမ ခန့်မှန်းချက်အတိုင်းပင် ဝူရန်ဒုံသည် ၁၄ချက် လှုပ်ရှားမှုမပြည့်ခင်ပင် ဝူရန်ဖေ၏ ရိုက်ချက်ဖြင့် သေဆုံးသွားလေသည်။ သူ၏ အရိုးပြာပင်မကျန်ခဲ့ပေ။
ဝူရန်ဖေသေဆုံးမှုနှင့်အတူ သူ့လူများသည် အညံ့ခံကာ တစ်ရက်ကြာတိုက်ပွဲတွင် အလံဖြူထောင်လိုက်တော့သည်။
ရှီမာယူယူသည် ဝူရန်ဖေအားကြည့်ပြီး သူမနှင့်အတူ ရှီမာမျိုးနွယ်အား ခေါ်ကာ ပျံသန်းသွားတော့သည်။ သူတို့ လူသူကင်းမဲ့သောနေရာအရောက်တွင် စာချုပ်သားရဲများ သိမ်းလိုက်ကြပြီး အပေါ်ဝတ်အကျီများ လဲကာ မျက်နှာဖုံးများ ချွတ်ပြီး တည်းခိုဆောင်သို့ ပြန်သွားလိုက်ကြသည်။