အပိုင်း(၂၆၉)-တောင်နေကြတ်တိုင်းပြည်မှ ဂယက်များ (၅)
Vol. 003 Ch. 269
ရှီမာယူယူနှင့် တခြားသူများ တည်းခိုဆောင်သို့ရောက်ကာ နားပြီး တစ်ခဏအကြာတွင် ဘေဂုံထန်နှင့် တခြားသူများ ပြန်လာသည်။
“ဘယ်လိုလဲ” ရှီမာယူယူသည် လက်ဖက်ရည်ငှဲ့ရင်း မေးလိုက်သည်။
ဝေကျိရွှီလျှောက်လာကာ ထိုင်ပြီး မပြောခင်ကို လက်ဖက်ရည် တစ်ကျိုက်သောက်ပြီးမှ “ဝူရန်နန်းတော်ကို ပြန်ရသွားပြီ အစက ငါတို့ကို ပြန်လိုက်ပို့ချင်နေတာ ဒါပေမယ့် ငါတို့ကျင့်သားမရလို့ ကိုယ့်ဘာသာပဲပြန်ခဲ့လိုက်တယ်”
ရှီမာယူယူ စားပွဲပေါ်ကို မှီကာ ပြောလိုက်သည် “အဲကောင်ဝူရန်က တောင်နေကြတ်တိုင်းပြည်ရဲ့ ဘုရင်ဖြစ်လာတော့မှာပေါ့”
“ဟုတ်တယ်၊ ငါတို့ထွက်လာတော့ သူ ထီးနန်းဆက်ခံမယ့်အကြောင်းကို လူတွေပြောနေတာကြား ခဲ့တယ်” ဖက်တီးကျူပြောလိုက်သည်။
“နောက်ဆိုရင် ငါတို့တောင်နေကြတ်တိုင်းပြည်မှာ အေးဆေးလျှောက်သွားလို့ရပြီပေါ့ ဟား ဟား ဟား” ရှီမာယူယူ ဟားတိုက်ရယ်မောလေသည်။
သူတို့သည် သူမအား အကဲဖြတ်သလိုနှင့်ကြည့်ကာ ပြောလိုက်သည် “မေ့လိုက်ပါ၊ သူ့ကြောင့် မဟုတ်တောင် မင်း အေးဆေးလျှောက်သွားလို့ရနေတာပဲ”
“အစုတ်ပလုတ် ငါအဲလောက်အားနည်းတာ ဘယ်လိုလုပ် ရဲရဲလျှောက်ရဲမှာလဲ” ရှီမာယူယူ ပြောလေသည် “ဒါပေမယ့် နောက်ရက်ပိုင်းကို ဝူရန်အရမ်းအလုပ်များလောက်တယ်၊ ငါတို့ကို ဂရုစိုက်ဖို့ အချိန်ရှိမှာမဟုတ်ဘူး ငါတို့်အပြင်ထွက်ရင် သတိထားဖို့လိုမယ်”
“အပြင်မှာအားလုံးက အံ့ဖွယ်သားရဲစီးပြီးရောက်လာတဲ့ အဖွဲ့အကြောင်းပြောနေကြတယ် အားလုံးက မင်းတို့အားလုံးအကြောင်းကို သိချင်နေကြတယ်”
ဝေကျိရွှီလည်း ပြောလိုက်သည် “မင်းတို့အားလုံး မျက်နှာဖုံးတပ်ထားတာကံကောင်းတယ် မဟုတ်ရင် တပ်အုပ်စု တစ်ခုလုံးနဲ့ဆိုရင် သတင်းက မျိုးနွယ်ကြီးတွေထိရောက်မှာ အသေချာပဲ”
“အဲလိုတွေ ဖြစ်လာမယ်ဆိုတာသိလို့ မျက်နှာဖုံးတပ်မယ်လို့ ပြောတာ” ရှီမာယူယူ ပြောလိုက်သည် “နာလန်မျိုးနွယ်က ကျွမ်းကျင်သူတွေအကုန်လုံး သွေးအန်ပြီး အမြစ်ပြတ်သွားတာပဲ စဉ်းစားတာနဲ့တင်ကို ပျော်နေပြီ”
“ဟားဟား ဒီတစ်ခါတော့ သူတို့တကယ်ပဲ သွေးအန်ချင်သွားလောက်တယ်” ဖက်တီးကျူသည် ပြုံးရင်း ပြောလေသည် “အစက သူတို့ တောင်နေကြတ်တိုင်းပြည်ကို လက်ဝါးကြီးအုပ်ချင်နေတာ၊ ဒါပေမယ့် ငါတို့နဲ့ ပတ်သတ်လိုက်တော့ နှစ်ခါနာတာပဲ၊ သူတို့ စံတင်ဝိညာဉ်တွေနဲ့ သူတော်စင်ဝိညာဉ်တွေပါ ဆုံးရှုံးလိုက်ရတယ်”
“နာလန်မျိုးနွယ်အတွက် သင်ခန်းစာရဦးမှာ မဟုတ်ဘူး၊ ဒါက ဒီတစ်ခေါက် မင်းတွေ့ဆုံပွဲအတွက် အကျိုးသက်ရောက်မှုတော့ ဖြစ်လိမ့်မယ်” ဝေကျိရွှီ ပြောလိုက်သည်။
“ယူယူ နင်တွေ့ဆုံပွဲကို ပါဖို့အစီအစဉ်ရှိလား” ဘေဂုံထန်မေးလိုက်သည်။
“မလောပါနဲ့ တွေ့ဆုံပွဲရောက်ဖို့ ၂လလောက်လိုသေးတယ်၊ တစ်လလောက်အလိုမှ သွားကြမယ်” ရှီမာယူယူ ပြန်ဖြေသည် “သွားဖို့ မဆုံးဖြတ်ခင်ကို ဝူရန်ငါတို့အကူအညီလိုမလားကြည့်ဦးမယ်”
“အဲဒါကောင်းတယ်”
“ဟုတ်သားပဲ ဝူရန် နေဖို့ဆုံးဖြတ်ရင် မင်းတို့လည်း သူနဲ့အတူတူနေချင်လား” ရှီမာယူယူမေးလို က်သည်။
ရှီမာယူယူထိုကဲ့သို့ မေးမည်ဟု သူတို့သုံးယောက် မမျှော်လင့်ထားသဖြင့် တစ်ခဏမျှ မှင်တက်သွား သည်။
တစ်ခဏအကြာတွင် ဝေကျိရွှီ ပြောလိုက်သည် “ငါတို့ တာဝန်က အဆင့်မြင့်တိုင်းပြည်ထိ မင်းကို စောင့်ရှောက်သွားဖို့ပဲ၊ ငါတို့ ဘယ်မှာပဲ ကျင့်ကြံကျင့်ကြံ ငါ့အတွက်တော့အတူတူပဲ”
ဖက်တီးကျူ ခေါင်းကုပ်ကာ ပြောလိုက်သည် “ငါ မင်းနောက်လိုက်နေဦးမှာပဲ”
မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် သူမနောက်လိုက်ခဲ့ကာ သူမသည် သူတို့အား အကူအညီများပေးခဲ့သောကြောင့် အောင်မြင်ခဲ့ကြသည်။ သူတို့သည် သူမဘက်တော်သားများ အမြဲတမ်းဖြစ်နေဦးမည်။
ဘေဂုံထန်သည် သေချာစွာပြောလေသည် “သူ တောင်နေကြတ်တိုင်းပြည်ရဲ့ ဘုရင်လုပ်မှာ မဟုတ်ဘူး”
“ငါလည်းအဲလိုထင်တယ်” ဝေကျိရွှီ ပြောလိုက်သည် “ဝူရန်ရဲ့ စိတ်အားထက်သန်မှုက ဘယ်မှာမဆိုဖြစ်တယ်”
“ဟင် ငါတို့် အမြင့်လောကကို ဘယ်တော့သွားရမလဲ” ရှီမာယူယူ ပြောလိုက်သည် “ဆရာ ဘယ်လိုနေလဲ ငါလည်း သိချင်တယ်”
“မကြာခင်ဖြစ်လာမှာပါ” ဝေကျိရွှီ ပြောလိုက်သည် “အခုချိန်မှာ ငါတို့ကျင့်ကြံတဲ့ နှုန်းကလည်း မနှေးပါဘူး၊ နောက်နှစ်နည်းနည်းလောက်ဆိုရင် ငါတို့ရောက်နိုင်ပါတယ်”
“တကယ်တော့ နင် စိတ်ပူစရာမလိုဘူး” ဘေဂုံထန်ပြောလိုက်သည် “နင့်မှာ ဆရာ့ရဲ့လိပ်ပြာ အမှတ်အသားရှိနေတာပဲ၊ အဲဒါရှိနေသ၍တော့ နင့်ဆရာအဆင်ပြေမှာပါ”
ရှီမာယူယူ သူမ နဖူးအား ရိုက်လိုက်သည်။ သူမ အသိစိတ်အနက်ဆုံးနေရာတွင် သူမဘေးတွင် ဝိညာဉ်ကျမ်းကို ဖော်ထုတ်နေသော ပုံရိပ်ယောင် ဖျော့ဖျော့လေးသည် စွဲထင်နေတုန်းပင်ဖြစ်သည်။
ဒီနေ့တွင် သူတို့သည် တိုက်ပွဲကြီးတစ်ခုကို ဖြတ်ကျော်ခဲ့ပြီးဖြစ်သည်။ သူတို့သည် ဒီနေ့ညတွင် ကျင့်ကြံမည်မဟုတ်ပဲ တည်းခိုဆောင်ရှိ အိမ်တွင် သောက်ကြစားကြ ပျော်ကြမည်။ ညတစ်ဝက် ကျော်မှပင် အနားယူကြမည်။
လူငယ်တစ်စုသည် အထိန်းအချုပ်မရှိ သောက်ကြလေသည်။ နောက်တစ်နေ့တွင် သူတို့သည် အရက်နာကျသဖြင့် ရှီမာယူယူသည် ဆေးတစ်အိုးပြင်ထားကာ ထိုဆေးသည် ခါးလွန်းသဖြင့် တစ်ဖွဲ့လုံး အော်ကြလေသည်။
ထို လေး ငါးရက်အတွင်းတွင် ဝူရန်ဖေ ပေါ်မလာပေ။ သူသည် ငါးရက်မြောက်နေ့ညနေတွင်မှ တည်းခိုဆောင်သို့ ရောက်လာသည်။
ထိုအချိန်တွင် ရှီမာယူယူသည် ကြက်ကင် ပန်းကန်အား သယ်ဆောင်နေချိန်ဖြစ်သည်။ သူ့အဝတ်အစားမှာ ထူးထူးခြားခြား ပြောင်းလဲမှုမရှိသည်ကို တွေ့သည်နှင့် သူမ သူ့အား စေ့စေ့စပ်စပ် ကြည့်ကာ မေးလိုက်သည် “မင်း ဘာလို့ နဂါးဝတ်ရုံမဝတ်တာလဲ”
ဝူရန်ဖေသည် လက်ဆန့်ထုတ်ကာ ရှီမာယူယူ၏ ခေါင်းအားတွန်းလိုက်ပြီး ပြောလိုက်သည် “ငါ ထီးနန်းမဆက်ခံဘူး”
“မင်း ထီးနန်းမယူဘူးလား”
“အင်း ဒီရက်တွေကို ငါပြဿနာတွေ ဖြေရှင်းနေတာ” ဝူရန်ဖေသည် အဖွဲ့အလယ်တွင် ထိုင်ပြီး အကြောဆန့်ကာ ပြောလေသည် “ငါ လွတ်လပ်တာကို ကျင့်သားရပေမယ့် ဒီမှာ ၁ရက် ၂ရက်လောက် ကပ်နေရတာကို ကျင့်သားမရသေးဘူး”
အားလုံးသည် သူ့အား စနောက်ကြလေသည် “မင်းက နန်းတော်ထဲမှာပဲ ကြီးလာခဲ့တာကို”
“လွတ်လပ်တဲ့စိတ်ကတော့ ပြန်မရနိုင်ဘူး” ဝူရန်ဖေသည် ပန်းကန်လုံးနှင့် တူ ယူကာ စတင်စားတော့သည်။
“ဒါဆို မင်းက ထီးနန်းမယူဘူးဆိုတော့ မင်းဦးလေးနဲ့ အဘိုးတွေက ဘာပြောလဲ” ရှီမာယူယန် မေးလိုက်သည်။
“သူတို့အတွက် သင့်တော်တဲ့လူကို ငါရှာတွေ့ထားတယ်” ဝူရန်ဖေပြောလိုက်သည် “ငါ လှည့်ပတ် ပြောလိုက်တော့ သူတို့လည်း သဘောတူကြတယ်”
“မင်း ဆယ်ကျော်သက်ပဲရှိသေးတဲ့ မင်းရဲ့ ညီလေးကို ပေးလိုက်တာတော့ မဟုတ်လောက်ပါဘူးနော်” ဖက်တီးကျူ ပြောလိုက်သည်။
“အင်း သူက အခုဆယ်ကျော်သက်ပဲရှိသေးတာ၊ ဒါပေမယ့် အချိန်ဘယ်လောက်မှမလိုတော့ပါဘူး” ဝူရန်ဖေ ပြောလိုက်သည် “ဝူရန်ဒုံရဲ့ လက်အောက်မှာ အသက်ရှင်နေနိုင်တာက သူကလည်း အားမနည်းဘူး ဆိုတာ ပြနေတာပဲ”
“ဒါပေမယ့် မင်း ညီအရင်းမှမဟုတ်တာ၊ ဆန်းမျိုးနွယ်က အဲဒါကို အဆင်ပြေတယ်တဲ့လား” ဝေကျိရွှီ ပြောလိုက်သည်။
“သူ့အမေက ဆုံးသွားတာကြာပြီး ငါ့အမေကပဲ သူ့ကို စောင့်ရှောက်လာခဲ့တာ၊ အဲဒါကြောင့် သူ့ကိုပါ ခေါ်ဖို့ ငါ့အမေကို ပြောလိုက်တာ၊ ဒီလိုနဲ့ သူက ထီးနန်းဆက်ခံလိမ့်မယ်၊ ပြီးတော့ ဆန်းမျိုးနွယ်ကလည်း အဲဒါကို ဘာမှ ပြောမှာမဟုတ်ဘူး” ဝူရန်ဖေ ပြောလိုက်သည် “အဲဒါကြောင့် ငါ တောင်နေကြတ်တိုင်းပြည်မှာ ခဏလောက်တော့ နေဖို့လိုမယ်”
“အင်း မင်းတောင်နေကြတ်တိုင်းပြည်ကနေ ထွက်လာတာ ကြာပြီဆိုတော့ ဒီမှာနေပြီး မင်းအမေကို သေချာလေး စောင့်ရှောက်ပေးရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည်။
ဝူရန်ဖေသည်လည်း ထိုကဲ့သို့ တွေးသည်။ သူသည် နှစ်ပေါင်းများစွာထွက်ခွာပြီးဖြစ်၍ အခု သူမနှင့်တွေ့သည့်အချိန်တွင် သူမအား သေချာစောင့်ရှောက်ပေးချင်သည်။
“ဒါပေမယ့် ဒီအချိန်အတွင်းမှာ မင်းတို့နဲ့မရှိခဲ့ရင်တောင် ငါ ကျင့်ကြံဖို့အခွင့်အရေးကို ဆုပ်ကိုင်မှာပါ မင်းတို့ မြင့်မြတ်တဲ့လောကကို သွားမယ့်အချိန်ကျရင် ငါလည်း မင်းတို့်နဲ့အတူ လိုက်မှာပါ”
“အိုခေ”
ဝူရန်ဖေသည် စားသောက်ပြီးသည်နှင့် ပြန်သွားလေသည်။ ဒီလူသည် ညစာလာစားခြင်း ဟုတ်သည် မဟုတ်သည်ကို ရှီမာယူယူ သိချင်မိသည်။
ထို့နောက်တွင် ဝူရန်ဖေသည် နောက်ရက်ပိုင်းအတွင်း ပေါ်မလာခဲ့ပေ။ နောက်တစ်ကြိမ် သူပေါ်လာချိန်တွင် သူ့ညီ ထီးနန်းဆက်ခံသည့် ပွဲအား တက်ရောက်ရန် လာဖိတ်ကြားခြင်းဖြစ်သည်။
ရှီမာယူယူနှင့် တခြားသူများသည် ထိုကဲ့သို့ ပွဲမျိုးကို တက်ရောက်ဖူးခြင်းမရှိခဲ့သောကြောင့် သဘောတူလိုက်ကြသည်။
ဘယ်သူမှမသိသော်လည်း ရှီမာယူယူနှင့် တခြားသူများသည် အရေးပါသော ဇာတ်ကောင်များဖြစ်ကြသည်ကို ဆန်းမျိုးနွယ်များ ရင်းနှီးပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့အား တော်ဝင်မိသားစု၏ ဧည့်သည်အဖြစ်ဖိတ်ကြားခြင်းကို ဝမ်းမြောက်ဝမ်းသာ ဖိတ်ကြားခဲ့သည်။
ပွဲစသည့် အချိန်ရောက်သောအခါ ဝူရန်ဖေ၏ ညီဖြစ်သူကို ရှီမာယူယူ မြင်လိုက်ရသည်။ သူသည် ဝူရန်ဖေမှ လွဲ၍ တော်ဝင်မိသားစုတိုက်ပွဲတွင် အသက်ရှင်ကျန်သော ကလေးဖြစ်သည်။
သူသည် ၁၆နှစ်ဖြစ်ကာ သူမ ဝူရန်ဖေကို စတွေ့သည့်အချိန်တုန်းက ဝူရန်ဖေ၏ အသက်အရွယ်ပင်ဖြစ်သည်။ သူ့မျက်နှာမှာ နုပျိုနေသော်လည်း သူ့အကြည့်များသည် ရင့်ကျက်သည်။ သူ့အကြည့်များသည် ဉာဏ်ထက်မြက်ကာ လုပ်နိုင်စွမ်းရှိသည်။
ပွဲ လုပ်ငန်းစဉ်များမှာ အသေးစိတ်ကာ ရှုပ်ထွေးသည်။ ရှီမာယူယူနှင့် တခြားသူများသည် ဆက်ခံပွဲကို တက်ရောက်ကြပြီး ပြန်သွားကြကာ ညစာစားပွဲကိုတော့ မတက်ရောက်ကြပေ။
ထိုနေရာမှ ပြဿနာများ ဖြေရှင်းပြီးသားဖြစ်လေသည်။ ရှီမာယူလင်း သူမအား လာရှာကာ သူတော်စင်မြို့တော်တွင် တွေ့ဆုံပွဲစီစဉ်ပြီးဖြစ်သည်ဟု ပြောလာသည်။
အစပိုင်းတွင် ထိုမြို့အား ဘာကြောင့် သူတော်စင်မြို့တော်ဟု ခေါ်ဆိုခြင်းကို ရှီမာယူယူနားမလည်ပေ။ နောက်မှပင် ပညာရှိစံအိမ်တော်များရှိသော မြို့ဖြစ်သောကြောင့်ဖြစ်သည်ကို သိခဲ့ရသည်။
ပညာရှိစံအိမ်တော်ကိုကြည့်ရင်းနှင့် ရှီမာယူယူသည် သူမ နှုတ်ခမ်းအားနမ်းသွားသော လူအကြောင်းကို အမှတ်တမဲ့ စဉ်းစားမိသွားသည်။