အပိုင်း(၂၇၀)-မြင့်မြတ်သော သားတော်နှင့် မြင့်မြတ်သော သမီးတော်
Vol. 003 Ch. 270
တောင်ထိပ်တစ်နေရာတွင် ခရမ်းရောင်ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်သည် ထိုင်ခုံတွင်ထိုင်ကာ သူ့လက်ချောင်းမှ လက်စွပ်အား ပျင်းရိစွာ ကြည့်နေလေသည်။
မီးတော်ရွှီလင်းသည် တော်ဝင်ကြင်ရတော်ခုံတွင်ထိုင်နေသော သူ့အားကြည့်ကာ ပြောလိုက်သည် “သခင် အဲလူကို ထပ်ပြီးစဉ်းစားနေတာမဟုတ်လောက်ပါဘူးနော်”
“ဟုတ်တယ်လေ မရဘူးလား” ဝူလင်းယူသည် သူ့လက်ချောင်းမှ လက်စွပ်အား လှည့်လိုက်သည်။ ထို မှော်ဝင်လက်စွပ်သည် ရှီမာယူယူ၏ အသွင်ပြောင်းလက်စွပ်နှင့် ခပ်ဆင်ဆင်ဖြစ်သည်။ ထိုအချိန်က သူမအား ပေးခဲ့သော လက်စွပ်နှင့် တစ်ပုံစံတည်းဖြစ်သည်။
“ကျွန်တော်နားမလည်တော့ဘူး” မီးတောက်ရွှီလင်း ခေါင်းထောင်ကာ “မြင့်မြတ်တဲ့သမီးတော်က သခင့်အတွက် ပြန်လာတာ ဒါပေမယ့် သခင်ကရှောင်နေတယ်၊ ဒီနှစ်အတွင်းမှာ သခင် သူမကို တွေ့ခဲ့တဲ့အချိန်က လက်တစ်ဖက်နဲ့တင် ရေတွက်လို့ရတယ်၊ ဒါပေမယ့် သခင့်လက်က လက်စွပ်ကို ကြည့်နေတဲ့အရေအတွက်ကို မရေနိုင်ဘူး”
“မင်းနားမလည်ဘူးလား” ဝူလင်းယူပြုံးကာ ပြောလိုက်သည် “တကယ်တာ့ ငါလည်း နားမလည်ဘူး၊ ဟူး… သူမက ဒီအတိုင်းအရှုပ်ထုပ်လေးပဲဟာကို ဘာလို့သူမကိုပဲ စဉ်းစားမိနေတာလဲ”
“သခင့်ရဲ့ မျက်လုံးတွေ ထိခိုက်ပြီး ကန်းသွားတာဖြစ်မယ်” မီးတောက်ရွှီလင်း အထင်သေးသည့်သဘောနှင့်ပင် “ရှေ့ကိုမမြင်တဲ့ သခင်နောက်ကို ငါဘာလို့လိုက်ခဲ့တာပါလိမ့်၊ သခင်က တကယ့်ကို ကသိကအောက် ဖြစ်စေတာပဲ”
ဝူလင်းယူ မငြင်းပဲ မီးတောက်ရွှီလင်း၏ စိတ်ပျက်သောအကြည့်အောက်မှပင် ငြိမ်နေလိုက်သည်။ သူကိုယ်တိုင်လည်း နားမလည်ပေ။ သူတို့တွေ့ဆုံခဲ့သည်မှာ နှစ်ပေါင်းများစွာကြာသွားသော်လည်း သူ့စိတ်ထဲမှ သူမ၏ပုံရိပ်သည် မှေးမှိန်သွားခြင်းမရှိခဲ့ပါ။ သိပ်မကြာခင်ကပင် သူမအား ပိုလွမ်းလာခဲ့သည်။ အခုဆို သူမ ဘယ်လိုနေမလဲ။ သူမလည်း သူ့အကြောင်း တွေးမိရဲ့လား။ အခုလက်ရှိ သူမ အဆင့်ဘယ်လောက် ရောက်သွားပြီလဲ။ သူမဘေးမှာ နောက်ယောက်ျားလေးတစ်ယောက် တွေ့နေပြီလား။
နောက်ဆုံးမေးခွန်းအရောက်တွင် သူ ဆက်ထိုင်နေရန်မဖြစ်တော့ကြောင်း ဝူလင်းယူခံစားမိလိုက်သည်။
နှစ်တွေကြာပြီးတော့ အဲကောင်လေးက သူ့အကြောင်းမေ့သွားတယ်ဆိုရင် သူဘာလုပ်ရမလဲ။ ဒီလိုကိစ္စမျိုးကို သူအဖြစ်မခံနိုင်ပါ။
“နန်းတော်သခင်က တံခါးပိတ်ကျင့်ကြံသွားတာမကြာသေးဘူး၊ သူ့ကို သွားတွေ့ပြီး ယိလင်းတိုင်းပြည် က ပညာရှိစံအိမ်တော်ကို သွားကြည့်ရမယ်”
ဝူလင်းယူသည် ပြောလျှင် ပြောသည့်အတိုင်းလုပ်သည့်လူမျိုးဖြစ်သည်။ သူ အကြောင်းပြချက် ရှာတွေ့ပြီ ဖြစ်သောကြောင့် ချက်ချင်းထကာ လျှောက်သွားလေသည်။
ထိုလူ အလျင်စလိုထွက်သွားသည်ကို မီးတောက်ရွှီလင်းမြင်သော် စိတ်ပျက်သည့်အကြည့်ဖြင့် ကြည့်သောလည်း မတတ်သာပဲ ထိုလူ့နောက်သို့ လိုက်သွားရပြန်သည်။
ဝူလင်းယူ အိမ်ဆောင်အပြင်ဘက်သို့ရောက်သောအခါ ပညာရှိစံအိမ်တော်၏ မြင့်မြတ်သော သမီးတော်နှင့် တွေ့လေသည်။ သူမအားတွေ့သည်နှင့် သူအားမရှိသလို လုပ်တော့သည်။
“လင်းယူ ဘယ်တွေရောက်နေတာလဲ”
ဝူလင်းယူသည် သူမအား အခုမှ သတိထားမိသည့်ပုံဖြင့် အံ့သြပြလိုက်သည်။ သူ ဖျော့တော့စွာ ပြုံးပြီး ပြောလိုက်သည် “သြော် ဝေဝေပဲ၊ ငါ သိပ်နေမကောင်းလို့ ငါ့ကိုကြည့်ပေးဖို့ ဆရာကြီးကိုသွားရှာမလို့”
“ထပ်ပြီး နေမကောင်းပြန်ဘူးလား၊ ကျွန်မ ကြည့်ပေးမယ်လေ” ဘေဝေဝေသည် သူ့အား ပူပန်စွာကြည့်လေသည်။
“မလိုဘူး ရွှီလင်းရှိတယ်၊ ငါမင်းကို ဒုက္ခမပေးချင်ဘူး၊ နန်းတော်သခင်ကြီးက တံခါးပိတ်ကျင့်ကြံနေတာ၊ အခု ငါ ပြန်သွားတဲ့အချိန်ကို ဒီပညာရှိစံအိမ်တော်ကို မင်းစောင့်ရှောက်ဖို့ နေခဲ့ရမယ်လေ” ဝူလင်းယူသည် လိမ္မာပါးနပ်စွာ ငြင်းဆိုလေသည်။
“ဒါပေမယ့် ရှင်ဒီအခြေအနေနဲ့ သွားလို့ဖြစ်ပါ့မလား” ဘေဝေဝေသည် သူနှင့်အတူသွားကာ သူ့အား ကူပေးချင်သည် သို့သော် သူသည် သူမအား ရှောင်နေခဲ့သည်။
“ငါ့ဘေးမှာ ရွှီလင်းရှိရင် ဘာမှမဖြစ်ပါဘူး” ဝူလင်းယူသည် ရွှီလင်း၏ ကျောကို မှီလိုက်သည်။
မီးတောက်ရွှီလင်းသည် သူ့အား သဘောမတူသော်လည်း လိုက်ဟန်ဆောင်ပေးရသည်။ သူ သူအားတွဲကာ ဘေဝေဝေအားပြောလိုက်သည် “မြင့်မြတ်တဲ့သမီးတော် သူ့ကို စိတ်ပူဖို့မလိုပါဘူး၊ ကျွန်တော် သူ့ကို ပြန်ခေါ်သွားပါမယ်”
ဘေဝေဝေ လက်ပြန်ချကာ ပြောလိုက်သည် “ဒါဆိုလည်း ကောင်းပြီလေ မင်း သူ့ကို ဂရုစိုက်ပေးပါ”
“ဟုတ်ကဲ့ပါ” မီးတောက်ရွှီလင်းသည် သူ၏ မူလပုံစံပြောင်းသွားကာ ဝူလင်းယူသည် သူ့အပေါ်တွင် ထိုင်လိုက်သည်။
“ဝေဝေ သူတော်စင်စံအိမ်တော်ရဲ့ ကိစ္စကို….”
“အဲဒါ ကျွန်မကိုအပ်ထားလိုက် ကျွန်မ ဖြေရှင်းလိုက်မယ်” ဘေဝေဝေပြောလိုက်သည်။
“အဲဒါဆိုအဆင်ပြေတယ် ငါထွက်သွားရင် စိတ်ချရတာပေါ့၊ ရွှီလင်း သွားရအောင်” ဝေလင်းယူသည် ပြောပြီးသည်နှင့် မီးတောက်ရွှီလင်းကျောကို ပုတ်လိုက်လေသည်။
မီးတောက်ရွှီ်လင်းသည် သူ့အားသယ်တောင်ကာ ကောင်းကင်သို့ပျံတက်ပြီး ထွက်သွားလေသည်။
သူတို့နန်းတော်နှင့် အဝေးသို့ရောက်သောအခါ ဝူလင်းယူသည် သူ၏မူလမျက်နှာထားကို ပြင်ဆင်ကာ ရွှီလင်း၏ ကျောပေါ်တွင် ထိုင်လိုက်သည်။ သူသည် လက်နှစ်ဖက်ကို ခေါင်းနောက်တွင်ထားကာ အလွန်အမင်းကျေနပ်နေလေသည်။
“သခင် ယိလင်းတိုင်းပြည်ကို သွားမှာမလား ဘာတွေတွေဝေနေတာလဲ” မီးတောက်ရွှီလင်း သည် ပြေးနေရာမှ ရပ်လိုက်သည်။
“သွားမှာပဲ ဒါပေမယ့် မသွားခင်ကို ဆရာကြီးကိုသွားရှာရဦးမယ်၊ သူလည်း ယိလင်းတိုင်းပြည်ကို သွားချင်တယ်လို့ ပြောနေလို့ အဲဒါကြောင့် သူ့ကို ခေါ်သွားမလို့” ဝူလင်းယူပြောလိုက်သည်။
“အဲနေရာမှာ ဘာကောင်းတာရှိလို့လဲ” မီးတောက်ရွှီလင်း ပြောလိုက်သည် “သခင့်ရဲ့ဆရာက တစ်ယောက်ယောက်ကို ရှာမလို့စဉ်းစားနေတာလား”
“မဟုတ်ဘူး၊ သူက ဆေးဖက်ဝင်ပစ္စည်းရှာနေတာ၊ ယိလင်းတိုင်းပြည်မှာပဲ တွေ့ရတယ်လို့ ပြောတယ်” ဝူလင်းယူပြောလိုက်သည်။
“သခင်လည်းသိတယ်မလား၊ ဒီအတိုင်း ယူလာခိုင်းလို့ရတယ်လေ” မီးတောက်ရွှီလင်းသည် နားမလည်ပေ။
“အဲလူအိုကြီးရဲ့ခေါင်းထဲမှာ ဘာတွေရှိလဲ ဘယ်သူသိမလဲ” ဝူလင်းယူပြောလိုက်သည် “အဲဒီလူအိုကြီးက ထူးဆန်းတယ်၊ သူကိုယ်တိုင်သွားချင်တာက လျှောက်သွားချင်လို့လဲဖြစ်နိုင်တာပဲ”
“အဲဒါဆိုလည်း ပြီးတာပါပဲ သခင်တို့ ဆရာ တပည့်နှစ်ယောက်လုံးက ထူးဆန်းနေတာ” မီးတောက်ရွှီလင်းသည် ပြောပြီးသည်နှင့် အရှိန်မြင့်ကာ ပညာရှိစံအိမ်တော်ကိုနောက်ချန်ထားပြီး လျင်မြန်စွာထွက်သွားလေသည်။
သူတို့သည် စွန့်ပစ်တောင်သို့လာပြီးနောက် ဝူလင်းယူသည် ဘက်စုံဖြတ်လမ်းတည်ဆောက်ကို ထုတ်လိုက်သည်။ သူသည် မြေပေါ်ကိုပစ်လိုက်ပြီး အသက်ဝင်လာပြီးနောက် အလင်းတောက်လာသည် အထိ စောင့်ပြီး လျှောက်ဝင်သွားလိုက်သည်။ သူသည် လျင်မြန်စွာပင် ပျောက်ကွယ်သွားလေသည်။
သူတို့ပျောက်ကွယ်ပြီးမကြာမီတွင် ဘေဝေဝေသည် အဖြူရောင်နှင်းဝိညာဉ်သားရဲစီးကာ နောက်မှလိုက်လာခဲ့သည်။
“သခင် သူတို့ကိုယ်ရောင်ကိုယ်ဝါက ဒီမှာပျောက်သွားတယ်” တောင်ကြားသို့ရောက်သောအခါ ဝိညာဉ်သားရဲက ပြောလိုက်သည်။
ဘေဝေဝေသည် ဝိညာဉ်သားရဲပေါ်မှ ခုန်ဆင်းကာ မြေပေါ်ရှိဖြတ်လမ်းကျောက်တုံးကို ကြည့်ရင်း ပြော လိုက်သည် “ဒါက ဝူလင်းယူ ပြန်သွားရင်သုံးတဲ့ သူ့ရဲ့ဖြတ်လမ်းကျောက်တုံးပဲ၊ သုံးပြီးတာနဲ့ တည်ဆောက်မှုက ပျောက်သွားတာ နှမြောစရာပဲ သူဘယ်သွားလဲဆိုတာ ငါတို့မှန်းလို့မရဘူး”
“သခင်….” ဝိညာဉ်သားရဲသည် သူမ အနည်းငယ်စိတ်ပျက်သွားသည်ကို မြင်သည်နှင့် သူမအား နှစ်သိမ့်ပေးချင်သည်။
“ရတယ် အနည်းဆုံးတော့ သူတကယ်သွားတယ်ဆိုတာ ငါတို့သေချာသွားတာပေါ့ ပြီးတော့ သူအပြင်မှ တခြားမိန်းမတစ်ယောက်ကို သွားမရှာလောက်ပါဘူး” ဘေဝေဝေသည် ပြုံးပြီးပြောလိုက်သည် “လင်းယူက ငါ့တစ်ယောက်တည်း အပိုင်ပဲ ငါ့ဆီကနေ သူ့ကို လုယူရဲယူကြည့်ပါလား….”
သူမ စကားမဆုံးခင်တွင်ပင် သူမလက်ထဲမှ ဖြတ်လမ်းကျောက်တုံးသည် အမှုန့်ဖြစ်သွားလေသည်။ သူမ လက်ဖဝါးဖြန့်လိုက်ရာ မြေပေါ်သို့ အမှုန့်များကျသွားလေသည်။
“သွားရအောင် ငါတို့ပြန်ကြမယ်” သူမသည် ဝိညာဉ်သားရဲကျောတွင်ထိုင်ကာ တောင်ကြားမှ ထွက်သွား လေသည်။
တစ်ဖက်တွင် ဝူလင်းယူသည် တိတ်ဆိတ်သောတောင်ကြားတွင် ပေါ်လာသည်။ ထိုနေရာသည် တောင်တန်းဖြစ်ကာ ထိုနေရာအား ဘယ်သူမှမသိပေ။
ရုတ်တရပ်ပင် သူလှုပ်ရှားသွားကာ အေးစက်သော မဲ့ပြုံးပြုံးလိုက်သည်။
“ဘာဖြစ်လို့လဲ” မီးတောက်ရွှီလင်း မေးလိုက်သည်။
“ငါ့ဖြတ်လမ်းကျောက်တုံးကို တစ်ယောက်ယောက်ကိုင်လိုက်တယ်” ဝူလင်းယူပြောလိုက်သည်။
“ဘယ်သူသွားပြီး ထိတာလဲ” သူပြောသည်ကို မီးတောက်ရွှီလင်း ကြားသောအခါ ကျောက်တုံးပေါ်တွင် ဝူလင်းယူ၏ အသိစိတ်ကို သိသောကြောင့် တစ်စုံတစ်ယောက်ကိုင်လိုက် သည်မှာ သေချာသည်။
“ဘေဝေဝေ” ဝူလင်းယူ ပြောလိုက်သည် “မြင့်မြတ်တဲ့သမီးတော်တွေက ပြောင်းဖို့ခက်မယ် ထင်တာ၊ သူမကတော့ အဆင်ပြေမယ်ထင်တာ၊ သူမလည်း အတူတူပဲကိုး”
“အဲဒီတွယ်ကပ်နေတဲ့သူမက မုန်းစရာကောင်းပေမယ့် အနည်းဆုံးတော့ ရိုးသားသေးတယ်၊ ဒီတစ်ယောက်က ဟန်များတယ်” မီးတောက်ရွှီလင်းသည် မခံနိုင်ပဲ ဝေဖန်လေသည်။
“ဟုတ်တယ်၊ ယူယူကတော့ အရိုးသားဆုံးပဲ သူမက ဟန်ဆောင်တာမရှိဘူး” ဝူလင်းယူပြောလိုက်သည်။
မီးတောက်ရွှီလင်းသည် မျက်လုံးလှန်မိတော့သည်။ သူမနှင့်ပတ်သတ်လျှင် သူ့အတွက်ကတော့ အကုန်ကောင်းနေတာပဲ၊ သူကတော့ တကယ်မျှော်လင့်ချက်မရှိတော့ဘူး။
ဝူလင်းယူသည် ဂျင်ဂိုပင်အောက်လာကာ တည်ဆောက်ခြင်းကျောက်တုံး အနည်းငယ်ပစ်လိုက် သည်။ တောင်တစ်ခုလုံးသည် သွင်ပြင်တစ်ခုလုံး ပြောင်းသွားကာ လုံးဝနေရာအဖြစ်ပြောင်းသွားလေ သည်။
သူလျှောက်သွားကာ လက်ဝေ့ပြလိုက်ရာ ထိုကျောက်တုံးများသည် သူ့လက်ထဲသို့ ပျံဝင်လာလေသည်။ တောင်ကြားသည် မူလပုံစံအဖြစ်ပြန်ပြောင်းသွားလေသည်။
“အဘိုးကြီး ကျွန်တော်ပြန်လာပြီ” သူ အထဲသို့ခေါ်ကာ မြက်ပင်အိမ်သို့ လာလိုက်သည်။
အိုမင်းသော်လည်း ကြည်လင်သောအသံသည် အိမ်ထဲမှ ထွက်လာသည် “မင်းပြန်လာမယ်ဆိုတာ ငါသိတယ် ကောင်စုတ်လေး၊ လာခဲ့ မင်းဝိညာဉ်ကို အဟာရဖြစ်စေမယ့် တစ်ခုကို အခုလေးတင် လေ့လာပြီး ဖန်တီးနေတာ”
ဝူလင်းယူ ဆွံ့အ,သွားသည်။ သူလာလျှင် အမြဲဒီလိုပဲဖြစ်သည်။ နှစ်ပေါင်းများစွာကြာသော်လည်း ဒီအဘိုးကြီးသည် ဒီအတိုင်းပင်။
သူ မဝင်ပဲ တံခါးရှေ့တွင် ရပ်ကာ ပြောလိုက်သည် “အဘိုးကြီး ကျွန်တော် ယိလင်းတိုင်းပြည်သွားမလို့၊ ဆရာလည်း သွားချင်တယ်လို့ပြောနေတာမလား သွားရအောင်”
ကျွမ်းကျင်စွာလုပ်နိုင်စွမ်းရှိသော အဘိုးကြီးသည် အိမ်ထဲမှ ထွက်လာသည်။ သူ ချက်ချင်းပင် သူ့လက်ကိုဆွဲကာ အိမ်ထဲသို့ ဆွဲခေါ်သွားကာ ပြောလိုက်သည် “မင်းဒီမှာ နှစ်ပြီးမှ သွားလို့ရမယ်၊ ငါ ဒါအတွက် အားထုတ်ထားတာ အလဟသတ်မဖြစ်စေနဲ့”
“ဘုန်း…”
အဝတ်အစားဝတ်ထားသော တစ်စုံတစ်ယာက်သည် မြစ်ထဲသို့ ကျသွားကာ ဆေးရည်များဖြင့် မရေမတွက်နိုင်အောင် ရေချိုးရတော့သည်။