အပိုင်း(၂၇၁)- လက်ထပ်ခြင်းအကြောင်းဆွေးနွေးဖို့ အရွယ်ရောက်နေပြီ
Vol. 003 Ch. 271
ရှီမာယူယူနှင့် တခြားသူများ တောင်နေကြတ်တိုင်းပြည်သို့ ထွက်ခွာချိန်တွင် ဝူရန်ဖေ လိုက်ပို့ပေးသည်။ သို့သော် သူ သူတို့နှင့် လိုက်မသွားပေ။
တွေ့ဆုံပွဲစမည့်အချိန်တွင် သူသည် တောင်နေကြတ်တိုင်းပြည်မှ လူများနှင့်အတူ ပြိုင်ပွဲအား ဧည့်သည်တစ်ယောက်အနေနှင့် သွားမည်ဖြစ်သည်။
သူတော်စင်မြို့တော်သည် တိုင်းပြည်၄ခုအလယ်တွင် တည်ရှိသော်လည်း တိုင်းပြည် ၄ခုလုံးနှင့် သက်ဆိုင်ခြင်းမရှိပေ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော နေရာပင်ဖြစ်သည်။
ထိုနေရာသည် မြို့တော်အုပ်ချုပ်ရေးမှူးမရှိသော်လည်း ဘယ်သူမှလာပြီး မနှောင့်ယှက်ရဲပေ။ အင်အားကြီးလူများ အနှောင့်အယှက်မပေးရဲပေ။
ပညာရှိစံအိမ်တော်သည် အားလုံး၏ စိတ်ထဲတွင် အနှိုင်းမဲ့နေရာ တစ်ခုဖြစ်သည်။ အမြော်အမြင်ရှိခြင်း ကို မယုံကြည်သော သူများပင် ပညာရှိစံအိမ်တော်နှင့်ပတ်သတ်၍ မကောင်းမှုများ မကျူးလွန်ရဲပေ။ ထိုအကြောင်းကို တခြားသူများပြောသည်ကို ရှီမာယူယူကြားသောအခါ ပညာရှိစံအိမ်တော်သည် ထိုတိုင်းပြည်ရှိ အင်အားကြီးများထက်ပိင် မြင့်သည်ကို ရုတ်တရက်ခံစားလိုက်ရသည်။ အားလုံးထက်ပင် သန်မာနေလေသည်။
ပညာရှိစံအိမ်တော်အပြင် ထိုနေရာတွင် အဂ္ဂိရတ်ပညာရှင်၊ လက်နက်သခင်၊ သားရဲထိန်း ကျောင်းသူသခင်အသင်းနှင့် တခြားသော အသင်းများလည်းရှိသည်။ ထိုအသင်းများသည် အသင်းများ အားလုံးတွင် အကြီးဆုံးဖြစ်သည်။ ထိုနေရာသို့ဝင်သွားပါက တခြားနေရာရှိ ရာထူးများထက် ပိုမြင့်သည် ဖြစ်သည်။
ထို့ကြောင့်ပင် ထိုနေရာသို့ ကျူးကျော်ဝင်ရောက်ရဲသော သူမရှိပေ။ ဘယ်အင်အားကြီးကမှ မပြိုင်ဆိုင်ရဲပေ။
ရှီမာယူယူနှင့် တခြားသူများသည် တောင်နေကြတ်တိုင်းပြည်၏ နယ်နိမိတ်သို့ ဖြတ်လမ်း တည်ဆောက်မှု စီးနင်းကာ ရောက်လာသည်။ သူမသည် ဖြတ်လမ်းတည်ဆောက်မှုစီးရာတွင် မူးသောကြောင့် တစ်ရက်နားကာ သူတော်စင်မြို့တော်သို့ သားရဲပျံများစီးသွားရန် ဆုံးဖြတ်လိုက်ရသည်။
သူတော်စင်မြို့တော်သည် လွှမ်းမိုးမှုမြင့်မားသော်လည်း အပြင်ကမ္ဘာနှင့် ဆက်သွယ်ထားသော ဖြတ်လမ်းတည်ဆောက်မှုမရှိပေ။ သူတို့ တိုင်းပြည်၏ နယ်နိမိတ်သို့ရောက်သောအခါ သားရဲပျံများစီးကြလေသည်။
ရှီမာယူယူနှင့် တခြားသူများသည် တည်းခိုဆောင်သို့လာလိုက်ကြသည်။ တည်းခိုဆောင်များအားလုံး သည် တွေ့ဆုံပွဲမကြာခင် စတော့မည်ဖြစ်၍ ပြည့်နေကြသည်။ သူတို့ မတတ်သာတော့ပဲ နှစ်ယောက် တစ်ခန်းယူ ကာ အနည်းဆုံး ဆယ်ခန်းယူရလေသည်။
“ဧည့်သည်တော်တို့ ဒါ ခင်ဗျားတို့ အခန်းနံပါတ်နဲ့ သော့တွေပါ” တည်းခိုဆောင်ပိုင်ရှင်သည် ရှီမာယူယန်လက်ထဲသို့ သော့များထည့်လိုက်လေသည်။
“သွားရအောင် အရင်ဆုံးယူယူနားရအောင် ခေါ်သွားမယ်” ရှီမာယူယန်သည် ရယ်မောကာ ပြောလေသည်။
သူမ မူးဝေနေသည်ကို မြင်သည့်အခါတိုင်း သူပျော်ခဲ့သည်။ အဟွတ် အဟွတ် အဲဒါ မဟုတ်ဘူး။
သူမ ကံမကောင်းတာကို ဒီလူကပျော်နေတာကို ရှီမာယူယူ မပြောနိုင်ပေ။ သူမ မျက်စောင်းထိုးကာ သော့ယူပြီး လှည့်ထွက်လိုက်သည်။
“ငါ မင်းနဲ့တစ်ခန်းသုံးမယ်” ရှီမာယူရန်သည် ရှီမာယူယူနောက်လိုက်သွားသည်။
သူမသည် မိန်းကလေးဖြစ်ကြောင်းကို သူမအစ်ကိုများသိသောကြောင့် သူတို့ညီမကို တခြားယောက်ျားလေးနှင့် တစ်ခန်းတည်း သုံးခြင်းကို ခွင့်မပြုနိုင်ပါ။
ကျန်သော သော့များကို ရှီမာယူယူ တခြားသူများကို ပေးပြီးနောက် အားလုံးသည် ကိုယ့်အခန်းကိုယ် ဝင်သွားလေသည်။
ထိုအချိန်တွင် အမျိုးသမီးနှစ်ယောက် ဝင်လာသည်။ တစ်ယောက်မှာ အဖြူရောင် ဂါဝန်ဝတ်ထားပြီး နောက်တစ်ယောက်မှာ ဆွဲဆောင်မှုရှိသော အနီရောင်ဝတ်ထားသည်။ နှစ်ယောက်လုံးမှာ မထင်မှတ်လောက်အောင် လှပသည်။
“တည်းခိုဆောင်ပိုင်ရှင် ကျွန်မတို့ကို အခန်းနှစ်ခန်းပေးပါ” အနီရောင်ဝတ်ထားသော အမျိုးသမီးသည် တည်းခိုဆောင်ပိုင်ရှင်အား ပြောလိုက်သည်။
“ကျွန်တော် သခင်မတို့နှစ်ယောက်ကို တောင်းပန်ပါတယ် အခန်းတွေပြည့်နေပါပြီ” တည်းခိုဆောင်ပိုင်ရှင်သည် တောင်းပန်သည်။
“ပြည့်နေပြီဟုတ်လား” အနီရောင်ဝတ်ထားသော အမျိုးသမီးသည် မျက်မှောင်ကြုတ်သည်။
“ဟုတ်ပါတယ် နောက်ဆုံးကျန်တဲ့ ဆယ်ဆန်းကို သူတို့်ယူသွားပါတယ်” တည်းခိုဆောင်ပိုင်ရှင်သည် အပေါ်သို့မတက်ရသေးသော ရှီမာယူယန်နှင့် တခြားသူများကို ညွှန်ပြလေသည် “တခြား တည်းခိုဆောင်တွေ သွားစုံစမ်းလိုက်ပါလား”
“ကျွန်မတို့ တခြားတည်းခိုဆောင်တွေလည်း စုံစမ်းပြီးပြီ သူတို့မှာလည်း အခန်းတွေမရှိတော့ဘူး” အနီရောင် ဝတ်ထားသော အမျိုးသမီးပြောလိုက်သည် “ကျွန်မတို့်အတွက် အခန်းတစ်ခန်းလောက်ရအောင် လုပ်ပေးဖို့ စဉ်းစားပေးပါ”
“ဧည့်သည်တော်တို့ ကျွန်တော်တောင်းပန်ပါတယ်၊ ကျွန်တော်တို့မှာ တကယ်အခန်းမရှိတော့မလို့ပါ” တည်းခိုဆောင်ပိုင်ရှင်သည် ခက်ခက်ခဲခဲပြောလေသည် “သူတို့ကို အခန်းပေးနိုင်မလားလို့ သွားပြောကြည့်ပါလား”
“ဘာ ကျွန်မတို့က သွားမေးရမှာလား၊ ကျွန်မတို့်ကို ဘယ်သူတွေလို့ထင်လို့လဲ ကျွန်မတို့က….”
“အနီရောင်တိမ်တိုက်” အဖြူရောင်ဝတ်ထားသော အမျိုးသမီးသည် ထိုအမျိုးသမီးပြောမည့်စကားကို တားလိုက်သည်။
“အစ်မ” အနီရောင်တိမ်တိုက်သည် ထိုအမျိုးသမီးအော်လိုက်သောကြောင့် အသိစိတ်ပြန်ကပ်သွား လေသည်။ သူတို့၏ သရုပ်မှန်ကို မဖော်ပြဟု သူမတို့ ဆရာအား ကတိပေးခဲ့သည်ကို သတိရသွားသည်။
အဖြူရောင်ဝတ်ထားသော အမျိုးသမီးသည် ရှီမာမျိုးနွယ်ရှေ့လာကာ ပြုံးပြပြီး ပြောလေသည် “အားလုံးပဲ အခုဖြစ်နေတဲ့အခြေအနေကို မြင်မှာပါ၊ ကျွန်မတို့ကို အခန်းတစ်ခန်းလောက်ပေးနိုင်မလား ကျွန်မတို့ တစ်ညပဲနေပြီး မနက်ဖြန်ကို အခန်းပြန်ပေးပါမယ်”
ရှီမာယူယူသည် လှေကားတက်နေတုန်းဖြစ်သည်။ သူမသည် အောက်ထပ်မှ စကားသံများကြားသဖြင့် ဆက်မလျှောက်ပဲနေလေသည်။ အဖြူရောင်ဝတ်ထားသော အမျိုးသမီးပြောသောစကားများကို ကြားသောအခါ သူမပြောလိုက်သည် “ယူယန် သူတို့ကအမြဲတမ်း အပြင်မှာသွားလာနေရတာ၊ သူတို့အတွက် အခန်းတစ်ခန်း လောက်ပေးလိုက်ပါ”
ရှီမာယူယူ ထိုအကြောင်းပြောမည်ဟု ထင်မထားသဖြင့် ရှီမာယူယန် အနည်းငယ်အံ့ြ သသွားလေသည်။ သို့သော် သူခေါင်းညိတ်ကာ ပြောလိုက်သည် “ကျွန်တော်တို့်လည်း ခင်ဗျားတို့လိုပဲ တစ်ညပဲနေမှာ မင်းတို့အားလုံး အတူနေပြီး တစ်ခန်းလွှတ်ပေးလိုက်”
“ကောင်းပြီ” သူညွှန်ပြသော လူသည် သော့ကို အဖြူရောင်ဝတ်ထားသော အမျိုးသမီး လက်ထဲထည့်လိုက်လေသည်။
သူမ သူ့အားပြုံးပြပြီး ခေါင်းမော့ကာ ရှီမာယူယူအားကြည့်ကာ ပြောလေသည် “ကျေးဇူးအများကြီး တင်ပါတယ်”
ရှီမာယူယူ သူမအားခေါင်းပြန်ညိတ်ပြကာ လှည့်ပြီး အပေါ်တက်သွားလေသည်။
ခဏအကြာတွင် ရှီမာယူယန်၊ ရှီမာယူလင်းနှင့် တခြားသူများသည် သူမဆီသို့ လာလည်ကြသည်။ သူတို့စကားပြောရင်းနှင့် အမျိုးသမီးနှစ်ယောက်ကို အခန်းပေးရသ ည့်အကြောင်းအရင်းကို မေးလေသည်။
ရှီမာယူယူသည် အိပ်ရာပေါ်တွင် လှဲနေကာ ပြောလိုက်သည် “အဲကောင်မလေးနှစ်ယောက်က အဂ္ဂိရတ်ပညာရှင်တွေ”
“အဂ္ဂိရတ်ပညာရှင်တွေ ဟုတ်လား”
“အင်း” ရှီမာယူယူ ခေါင်းညိတ်ကာ ပြောလိုက်သည် “ပြီးတော့ အဖြူရောင်အမျိုးသမီးရဲ့ အဆင့်က မနိမ့်ဘူး၊ ဆေးဖိုအနံ့ နည်းနည်းရနေတယ်၊ ဆေးဖက်ဝင်ပစ္စည်းတွေပြည့်နေတဲ့ နေရာမှာ အကြာကြီးနေဖူးရင် သိလိမ့်မယ်”
“မင်း အဝေးမှာရပ်နေတာတောင် သိနေတယ်ဆိုတော့ မင်းမှာ ခွေးနှာခေါင်းများရှိနေတာလား” ရှီမာယူယန် စလေသည်။
ရှီမာယူယူ မျက်လုံးလှန်ကာ ပြောလိုက်သည် “ဟို အနီရောင်တိမ်တိုက်လို့ ခေါ်တဲ့တစ်ယောက်က သူမတို့ သရုပ်မှန်ကို ဖော်ချင်တာ ဒါပေမယ့် အနီရောင်ဝတ်ထားတဲ့တစ်ယောက်ကြောင့် ရပ်သွားတာလေ၊ အဲနှစ်ယောက်က မျိုးရိုးမြင့်တဲ့ထဲကလို့ ထင်တယ်၊ ကဲပါ အဲဒါက အရေးမကြီးဘူး၊ သူတို့ကို အခန်းတစ်ခန်းပေးလိုက်တာ ကြင်နာမှုကိုပြလိုက်တာပဲ”
ရှီမာယူယန် နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည် “မင်း အဲဒီမိန်းမလှလေး နှစ်ယောက်ကို မခွဲနိုင်တာမဟုတ်ဘူးလား”
“မိန်းမလှလေးတွေကကောင်းပါတယ်၊ သူတို့က နှစ်သက်စရာပါပဲ သူတို့က မင်းလို ညစ်ပတ်တဲ့သူထက်စာရင် တော်သေးတယ်” ရှီမာယူယူ ပြောလိုက်သည်။
“ငါက ဘာလို့ညစ်ပတ်ရတာလဲ”
“ရှေးစကားပုံတွေအရ အမျိုးသမီးတွေက ရေနဲ့လုပ်ထားပြီး အမျိုးသားတွေကတော့ အညစ်အကြေးနဲ့လုပ်ထားတာတဲ့ မင်းက အညစ်အကြေးနဲ့လုပ်ထားတာမဟုတ်ရင် ဘာလဲ”
“ဒီလိုပြောကြေးလား” ရှီမာယူယန်သည် မှင်တက်သွားသည်။
“ဒါပေါ့”
“ဒါဆို မင်းလည်း အညစ်အကြေးနဲ့လုပ်ထားတာမဟုတ်ဘူးလား”
“ငါ မင်းနဲ့ဘာမဟုတ်တာလေးကို မငြင်းခုန်တော့ဘူး” ရှီမာယူယူ ပြောလိုက်သည် “ယူလင်း ငါတို့ သူတော်စင်မြို့တော်ရောက်ရင် နေဖို့နေရာရှိလား ငါတို့သူတို့လို အဖြစ်မခံနိုင်ဘူး သွားပြီးနေဖို့ရှာထားရမယ်”
“အဲဒါကို မစိုးရိမ်နဲ့ သူတော်စင်မြို့တော်မှာ င့ါအိမ်ရှိတယ်” ရှီမာယူလင်း ပြောလိုက်သည်။
“ကောင်းတာပေါ့” ရှီမာယူယူ ပြောလိုက်သည်။ ထို့နောက်တွင် သူတို့အား သူမ နှင်ထုတ်ကာ “ငါနားတော့မယ် သွားကြတော့”
“အိုခေ”
သူတို့ထွက်သွားသည်နှင့် ရှီမာယူရန် သူမဘေးလာသည်။ ရှီမာယူယူ စကားပြောရန်ဟန်ပြင်နေသည်ကို ကြည့်ကာ ပြောလိုက်သည် “ညီလေး ၅ မင်းသရုပ်မှန်ကို ဘယ်တော့ပြမှာလဲ ယောက်ျားလေးလို တစ်သက်လုံး ဟန်ဆောင်နေပြီး ဖြေရှင်းနေတာ မဟုတ်သေးဘူး”
“ကျွန်တော် ယောကျ်ားလေးလိုနေဖို့ ကျွန်တော့်အဖေက အဘိုးကိုဘာလို့ပြောခဲ့တာလဲ မသိတော့ဘူး၊ ဒါပေမယ့် သူပြောခဲ့တာဆိုတော့ တစ်ခုခုရှိမှာပဲ၊ မျိုးနွယ်နဲ့ပတ်သတ်တာ တစ်ခုခုပဲနေမှာ၊ ကျွန်တော့် အဖေကိုရှာတွေ့ရင် အဆင်သွားနိုင်တာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“အဲဒါ နှစ်တွေကြာဦးမယ်ဆိုရင်ရော..” ရှီမာယူရန် သက်ပြင်းချကာ ပြောလိုက်သည် “မင်းနဲ့ရွယ်တူ မိန်းကလေးတွေတောင် အမေဖြစ်နေကြပြီ…”
“အဟွတ် အဟွတ် အစ်ကို ၃ ဘာလို့အဲအကြောင်းပြောတာလဲ၊ တခြားသာမာန် မိန်းကလေးတွေက အဲလိုပဲ၊ အသက် ၁၀ကျော်က ဝိညာဉ်သခင်တစ်ယောက်အတွက်တော့ ငယ်သေးတယ်၊ ကျွန်တော့်ကို အပျိုကြီးလို့တော့ မပြောနဲ့” သူပြောသည်ကို ရှီမာယူယူလျင်မြန်စွာ ပြန်လည်ချေပသည်။ ဒီလိုမျိုးစကားတွေက သူမနှင့် လုံးဝမလိုက်ဖက်ပေ။