အပိုင်း(၂၇၂)- ဒါက နာလန်မျိုးနွယ်အတွက် ပြင်ထားတာ
Vol. 003 Ch. 272
နောက်တစ်နေ့မနက်တွင် ရှီမာယူယူနှင့် တခြားသူများသည် ထွက်ခွာရန်ပြင်ဆင်ကြသည်။ သူတို့ထွက်သွားသည်နှင့် ထိုအမျိုးသမီးနှစ်ယောက်နှင့် တွေ့လေသည်။
အဖြူရောင်ဝတ်အမျိုးသမီးသည် ပြုံးနေသော်လည်း အနီရောင်တိမ်တိုက်သည် မာနကြီးစွာရှိေ လသည်။
“မနေ့က ကျွန်မတို့ကို အခန်းပေးတာကျေးဇူးတင်ပါတယ်၊ မဟုတ်ရင် ကျွန်မတို့် လမ်းဘေးမှာ အိပ်ရတော့မှာ” အဖြူရောင်၊ ကျောက်စိမ်းဝတ်ထားသော အမျိုးသမီးသည် ပြုံးပြီးပြောလေသည်။
“ကိစ္စမရှိပါဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် မနေ့ကလည်း ကျေးဇူးတင်စကားပြောပြီးပြီပဲ” ရှီမာယူယူ ပြန်ဖြေ လေသည်။
ရှီမာယူယန် အခန်းများပြန်အပ်ကာ လျှောက်လာပြီးပြောလေသည် “သွားရအောင် မဟုတ်ရင် ငါတို့ နဂါးတောင်ကို မနက်ဖြန်ည မရောက်ပဲနေလိမ့်မယ်”
နဂါးတောင်အကြောင်းပြောသည်ကို ကျောက်စိမ်းကြားသောအခါ သူမ မေးလိုက်သည် “ရှင်တို့လည်း သူတော်စင်မြို့တော်ကို သွားမလို့လား”
“ဟုတ်ပါတယ် ခင်ဗျားတို့လည်း အဲဒီကိုသွားမလို့လား” ရှီမာယူယန် မေးလိုက်သည်။
“ဟုတ်ပါတယ် ကျွန်မတို့်အားလုံး သူတော်စင်မြို့တော်ကိုသွားမယ့်အတူတူ အတူတူသွားကြတာ ဘယ်လိုလဲ နှစ်ယောက်ပိုပါလာတာ စိတ်တော့မရှိလောက်ပါဘူးနော်” ကျောက်စိမ်းသည် ပြုံးရင်းပြောလေသည်။
“အစ်မ” အနီရောင်တိမ်တိုက်သည် သဘောအတူသည့်အနေနှင့် မျက်မှောင်ကြုတ်လေသည်။
“ကိစ္စမရှိဘူး” ကျောက်စိမ်းသည် အနီရောင်တိမ်တိုက်ကို ပြောလိုက်သည်။ “ဘယ်လိုပဲဖြစ်ဖြစ် ငါတို့် တစ်လမ်းတည်းသွားကြမှာပဲ”
“မင်းတို့က သူတော်စင်မြို့တော်က လူတွေလား” ရှီမာယူရှင်း မေးလိုက်သည်။
“ဟုတ်ပါတယ် ဆရာက ခိုင်းလိုက်တာလေးရှိလို့ သွားရှာလာတာ အခုပြီးလို့ ပြန်မလို့ပါ” ကျောက်စိမ်း ပြောလိုက်သည်။
“ဒါလည်း ကောင်းတာပဲ ကျွန်တော်တို့က သူတော်စင်မြို့တော်ကို မရောက်ဖူးကြဘူး၊ ကျွန်တော်တို့ကို ခေါ်သွားဖို့ တစ်ယောက်လောက်ရှာမလို့ စဉ်းစားနေကြတာ” ရှီမာယူယန် ပြုံးပြီးပြောလိုက်သည် “မိန်းမလှလေး နှစ်ယောက် လိုက်မယ်ဆိုတော့ ကျွန်တော်တို့က ဝမ်းသာပါတယ်”
အနီရောင်တိမ်တိုက်သည် ဝမ်းမသာသော်လည်း ကျောက်စိမ်းစကားကို နားထောင်သေးသည်။ သည်လိုနှင့် သူတို့နောက်ကို သူမလိုက်ခဲ့ရပြန်သည်။
သူတို့ မြို့ငယ်လေးမှ ထွက်လာပြီးသည့်နောက်တွင် မြောက်ဘက်သို့ ဦးတည်ကြသည်။ တောင်များထူထပ်သော အလယ်တွင် နဂါးတောင်တစ်ခုသာ နားနေရန် နေရာသေးတစ်ခုရှိသည်။
သူတို့သည် ညမရောက်ခင်ထို နေရာငယ်တစ်ခုကို လျင်မြန်စွာသွားရန်လိုသည်။
ဖက်တီးကျူသည် ထိုနေရာအား လုံးဝနားမလည်တော့ပဲ သိချင်စိတ်ဖြင့် မေးလိုက်သည် “ငါတို့် တောင်တွေပေါ်မှာ နားလို့ရတာပဲမလား၊ ဘာလို့ နဂါးတောင်က နေရာကျဉ်းကျဉ်းလေးကို သွားမှာလဲ”
“ရှင် တောင်တန်းက သားရဲတစ်သောင်းအကြောင်းမကြားဖူးဘူးလား” ကျောက်စိမ်းသည် အံ့သြစွာမေးလိုက်သည်။
ဖက်တီးကျူသည် ခေါင်းကုပ်ကာ ပြောလိုက်သည် “မကြားဖူးဘူး”
“ရှင်က တောသားပဲ ရှင်ဒီအကြောင်းကို မသိဘူးလား” အနီရောင်တိမ်တိုက်သည် ဖက်တီးကျူအား အထင်သေးစွာ ကြည့်လိုက်သည်။
ကျောက်စိမ်းသည် သူတို့အားအထင်မသေးပဲ ပြောလိုက်သည် “သူတော်စင်မြို့တော်က သားရဲတစ်သောင်းတောင်ထဲမှာရှိတယ်၊ သားရဲတစ်သောင်းတောင်က တခြားတောင်တန်းတွေနဲ့ မတူဘူး၊ ညရောက်ရင် ဝိညာဉ်သားရဲတွေ စိတ်ရိုင်းဝင်လာတာ အရမ်းအန္တရာယ်များတယ်၊ ရှင်တို့ အဲဒီ သားရဲတွေနဲ့ တွေ့မယ်ဆိုတာ ပြောစရာတောင်မလိုဘူး”
ထိုအကြောင်းအား ကြားဖူးသည်မှာ ပထမဆုံးဖြစ်၍ ရှီမာယူယူ ရေရွတ်လိုက်သည် “အဲဒီ သားရဲတစ်သောင်းတောင်က မြေကြီးနဲ့ဆန့်ကျင်ဘက်ဆိုတော့ တခြားတောင်တန်းတွေနဲ့ယှဉ်ရင် အချိန်စီးဆင်းမှုက ပြောင်းပြန်လား”
“ဘာပြောလိုက်တာလဲ” ကျောက်စိမ်းသည် သူမ သေချာမကြားလိုက်ရသောကြောင့် မေးလိုက်သည်။
“အဟွတ် အဟွတ် ဘာမှ မဟုတ်ပါဘူး” ရှီမာယူယူ မေးလိုက်သည် “အဲဒီ နဂါးတောင်ရဲ့ နားနေမယ့် နေရာကျဉ်းကျဉ်းလေးမှာ ကျွန်တော်တို့ကို ကာကွယ်မယ့် အတားအဆီးလိုမျိုးဟာ ရှိလား”
“ဟုတ်သားပဲ” ကျောက်စိမ်းပြောလိုက်သည် “ခရီးတစ်ထောက်နားတဲ့သူတွေအတွက် သူတော်စင်မြို့တော်က လူတွေက နဂါးတောင်နေရာသေးသေးလေးမှာ မြင့်မြတ်တဲ့လောကက တည်ဆောက်မှုသခင်တွေက ကာကွယ်ခြင်းတည်ဆောက်မှု လုပ်ထားတယ်”
“အဲလောက်အန္တရာယ်များတာကို သူတို့ဘာလို့ ဖြတ်လမ်းတည်ဆောက်မှု မလုပ်တာလဲ” ဝေကျိရွှီ မေးလိုက်သည်။
“အရင်ကတော့ ရှိခဲ့တယ်၊ ဒါပေမယ့် နေရာက မငြိမ်တော့ သူတို့လည်း ဖြတ်လမ်းတည်ဆောက်မှု လုပ်ဖို့ နည်းလမ်းမရှိတော့ဘူး” ကျောက်စိမ်း ရှင်းပြလေသည်။
“ဒါဆို နေရာပြောင်းလို့ရတာပဲ” ဖက်တီးကျူပြောလိုက်သည်။
ကျောက်စိမ်းပြုံးကာ ခေါင်းရမ်းပြီး ပြောလိုက်သည် “သူတော်စင်မြို့တော်က ဒီမှာရှိနေတာ နှစ်တစ်ထောင်ကျော်ပြီ၊ အကြောင်းအရင်းတော့ရှိတယ်၊ ရှင်တို့ပြောင်းချင်တိုင်း ပြောင်းလို့မရဘူး”
“ဒါဆို သားရဲတစ်သောင်းတောင်က အဲလောက်အန္တရာယ်များတာ မင်းတို့နှစ်ယောက် ကိုယ့်ဘာသာ သွားရမှာ မကြောက်ဖူးလား” ရှီမာယူယန် မေးလိုက်သည်။
“ဒီနဲ့ နဂါးတောင်ကြားမှာ အန္တရာယ်အဲလောက်မများဘူး၊ ကျွန်မတို့ကို လာကြိုဖို့ နဂါးတောင်မှာ စောင့်နေတဲ့သူရှိတယ်” ကျောက်စိမ်း ပြန်ဖြေလိုက်သည် “ကျွန်မတို့ မြို့တော်ကို ထွက်လာပြီဆိုတော့ သားရဲပျံပေါ် တက်ကြမယ်”
“ကျွန်မတို့ သားရဲပျံက အရမ်းမြန်တယ် နောက်ကျ ကျန်နေခဲ့ဦးမယ်” အနီရောင် တိမ်တိုက် ပြောလိုက်သည်။
“စိုးရိမ်ဖို့ မလိုပါဘူး” ရှီမာယူယန် ပြောလိုက်သည် “ယူယူ ငှက်လေးကိုထုတ်လိုက်လေ သူက အမြန်ဆုံးပဲဟာကို”
“အိုခေ” ရှီမာယူယူခေါင်းညိတ်ကာ ငှက်လေးခေါ်ပြီး သူ၏ မူလပုံစံကို ပြောင်းလိုက်သည်။
“တောင်ပံလေးခုငှက်” ကျောက်စိမ်းသည် အနည်းငယ်အံ့သြသွားသည်။ ဒီလိုမျိုးသားရဲပျံမျိုး… ဒီလိုဝိညာဉ်သားရဲတွေ သူတို့ဆီမှာရှိလိမ့်မယ်လို့ သူတို့ ထင်မထားပေ။
အနီရောင်တိမ်တိုက်၏ မျက်နှာအမူအရာပျက်သွားသည်။ သူတို့နောက်ကျကျန်ခဲ့မည်ဟု မခံချင်အောင် သူမ ပြောသော်လည်း တစ်ဘက်မှာ အမြန်ဆုံးသော သားရဲပျံကို ထုတ်လိုက်သည်။ သူမ ကိုယ့်မျက်နှာကိုယ် ပြန်ရိုက်လိုက်သလိုပင်။
ကျောက်စိမ်းသည် အတွေ့အကြုံများ၍ ဗဟုသုတရှိသောကြောင့် မြန်မြန်ပင် ဖုံးဖိကာ ပြော လိုက်သည် “ကျွန်မတို့ သားရဲပျံတွေက ရှင်တို့လောက်မမြန်ဘူးဆိုတော့ အတူတူသွားလို့ရ မလား”
ရှီမာယူယူ သူမအားကြည့်လိုက်ရာ သူမ အကြည့်သည် မကောင်းသည့်သဘော မရှိပဲ တည်ငြိမ်နေသည်ကို တွေ့သည်သဖြင့် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
အားလုံးတက်ပြီးချိန်တွင် ငှက်လေးသည် အတောင်ပံများဖြန့်ကာ ပျံသန်းသွားလေသည်။ သူသည် လျင်မြန်စွာပင် မြို့လေးကို စွန့်ခွာခဲ့သည်။
“ရှီမာမျိုးနွယ်ကတော့ ပထမအဆင့်စွမ်းအားရှိတာပဲ၊ တကယ် အခြေခိုင်တယ်” ကျောက်စိမ်းသည် ငှက်လေး၏ အရှိန်ကို ခံစားမိသဖြင့် အသိအမှတ်ပြုလိုက်သည်။
အစပိုင်းတွင် နဂါးတောင်သို့ ညပိုင်းတွင်ရောက်မည်ဟု ခန့်မှန်းထားသောလည်း ငှက်လေးသည် မြန်လွန်းသောကြောင့် ညနေခင်းတွင် ရောက်သွားလေသည်။
“ဒါက မြို့လေးရော ဟုတ်ရဲ့လား” နဂါးမြို့တော်အတွင်းရှိ အိမ်များ အစုလိုက်ဖြစ်သည်ကို ရှီမာယူယူမြင်သည်နှင့် မျက်တောင်ခတ်မိသည်။
မြို့မှာ သေးသည်ဆိုသော်လည်း ပြည့်စုံသည်။ အသုံးအဆောင် ပစ္စည်းများမှာလည်း ကောင်းမွန်သည်။ ကျောက်စိမ်းသည် ငှက်လေးပေါ်မှဆင်းကာ သူတို့်အားကြည့်ရင်းပြောလိုက်သည် “တည်းခိုဆောင်တွေနဲ့ ဆိုင်တွေက မရှိတာ မရှိဘူး ဈေးကြီးတာပဲရှိတယ်”
“သွားဝင်ကြည့်ရအောင်” ရှီမာယူယူလည်း ဆင်းပြီး ပြောလိုက်သည်။
ငှက်လေးသည် ခန္ဓာကိုယ် အသေးအဖြစ်ပြန်ပြောင်းကာ သူမ ပခုံးပေါ်သို့ ပျံသွားလေသည်။
သူတို့မြို့လေးအတွင်း လမ်းလျှောက်ဝင်သွားရာ တိတ်ဆိတ်နေမည်ဟု ထင်ထားသော်လည်း မြို့မှာ သက်ဝင်လှုပ်ရှားနေလေသည်။ ကြေးစားများ၊ သူတို့ကဲ့သို့ တွေ့ဆုံပွဲသို့ ပါဝင်ရန် ပြင်ဆင်နေကြသော ကျင့်ကြံသူများနှင့် ပြည့်နှက်နေလေသည်။
“ဒီလိုနေရာမှာ လူတွေအများကြီးပြည့်နေမယ်လို့ ထင်မထားဘူး” ဝေကျိရွှီသည် အံ့သြစွာပြောလေသည်။
“အမှန်ပဲ တကယ်ကို အမြင်ကျယ်စေတယ်” ရှီမာယူရှင်းနှင့် တခြားသူများသည် ပထမဆုံးရောက်ဖူးသည်ဖြစ်၍ ထိုနေရာအကြောင်းကို သိချင်နေကြသည်။
ကျောက်စိမ်းသည် သူတို့အား မြို့အလယ်ရှိ တည်းခိုဆောင်သို့ခေါ်သွားကာ ပြောလိုက်သည် “ဒါက ဒီမှာအကြီးဆုံးပဲ ကျွန်မတို့ ဂိုဏ်းတူအစ်ကိုက ကျွန်မတို့ကို ဒီမှာလာကြိုကြမှာ”
ရှီမာယူယူနှင့် တခြားသူများသည် ဝင်သွားသောအခါ အားလုံး၏ ကြည့်ခြင်းကိုခံရလေသည်။ သူတို့နှစ်ယောက်မှာ ရင်းနှီးနေသကဲ့သို့ပင်။
“ညီမ” ခပ်တောင့်တောင့်ရှိသော ယောက်ျားတစ်ယောက်သည် သူတို့အားမြင်သည်နှင့် လျှောက်လာကာ ပြောလေသည် “ညီမတို့ ဘာလို့ ဒီနေ့မှရောက်လာတာလဲ ကျွန်တော်တို့ ဒီမှာစောင့်နေတာ တစ်လခွဲရှိပြီ တစ်ခုခုဖြစ်နေပြီလို့တောင်ထင်နေတာ၊ ကျွန်တော်တို့ စိုးရိမ်လို့ သေတော့မယ်”
ကျောက်စိမ်းသည် ထိုလူများကို မနှစ်သက်သောကြောင့် ဟန်ဆောင်ပြုံးကာ သူမ အမူအရာမှာ ပေါ့တော့တော့ ဖြစ်လေသည်။ သူမ အသံမှာ အေးစက်ကာ ပြောလိုက်သည် “အစ်ကိုလီ ဘာလို့ တစ်ယောက်တည်းလာတာလဲ”
“ပညာရှိစံအိမ်တော်မှာ ကိစ္စတစ်ခုဖြစ်ခဲ့တယ်၊ အဲဒါကြောင့် အစ်ကိုဟန်ကို အခေါ်လွှတ်လိုက်တဆယ်၊ ဆရာကလည်း ညီမတို့နှစ်ယောက်ကို စိုးရိမ်နေလို့ လူခေါ်ပြီး ညီမတို့ကို ဒီမှာလာကြိုခိုင်းတာ” လီမူ ရှင်းပြသည်။
“သြော်” ကျောက်စိမ်း ပြန်ဖြေသည်။
သူမသည် လီမူကို မနှစ်သက်သော်လည်း ထိုကဲ့သို့ဖြစ်လာသောကြောင့် ဘာမှထပ်မပြောတော့ပေ။
“ဒီလူတွေက ဘယ်သူတွေလဲ” လီမူသည် သူမ ဝင်အလာတွင်ပျော်ရွှင်စွာ စကားပြောလာသည်ကို မမေ့ပဲ သူတို့အား အေးစက်စွာ ကြည့်လိုက်သည်။
“လမ်းမှာ တွေ့လာတဲ့ သူငယ်ချင်းတွေပါ” ကျောက်စိမ်းပြန်ဖြေလေသည်။ ထို့နောက် သူမ တည်းခိုဆောင်ပိုင်ရှင်ဆီသွားပြီး ပြောလိုက်သည် “ဆိုင်ရှင် သူတို့အတွက် အခန်းတွေပြင်ပေးပါ”
“ကျွန်တော်တောင်းပန်ပါတယ် သခင်မလေး ကျောက်စိမ်း၊ အခန်းတွေက ခင်ဗျားအစ်ကို ယူထားတာနဲ့ ပြည့်နေပါပြီ အခန်းမရှိတော့ပါဘူး” တည်းခိုဆောင်ပိုင်ရှင်ပြောလေသည်။
“အစ်ကိုတစ်ယောက်တည်းကပဲ အခန်းယူထားတာမလား သူတို့ကိုနေခိုင်းလိုက်ပါ” ကျောက်စိမ်းပြောလိုက်သည်။
“ညီမ တောင်းပန်ပါတယ် ဒါပေမယ့် အဲအခန်းတွေက နာလန်မျိုးနွယ်ဝင်တွေအတွက် ပြင်ပေးထားတာပါ”