← Chapters

အပိုင်း(၂၇၃)-သူတို့ရှေ့ရေးအား ပိတ်ပင်ခြင်း

Vol. 003 Ch. 273

အပိုင်း(၂၇၃)-သူတို့ရှေ့ရေးအား ပိတ်ပင်ခြင်း

Vol. 003 Ch. 273

“နာလန်မျိုးနွယ်ဟုတ်လား” ကျောက်စိမ်းသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည် “နာလန်မျိုးနွယ် က ဒီတောင်မရောက်သေးဘူး ဘာလို့ အခန်းတွေ သိမ်းထားတာလဲ ရှီမာမျိုးနွယ်ကို အရင်ပေးလိုက်ပါ”

“မပေးနိုင်ဘူး” လီမူပြောလိုက်သည် “နာလန်မျိုးနွယ်က ရောက်နေပြီ ဒီနေ့ကို ဒီရောက်လိမ့်မယ်”

“အခန်း တစ်ခန်းတောင် ထုတ်မပေးနိုင်ဘူးလား” ကျောက်စိမ်းသည် ဒေါသထွက်လာသည်။

“ညီမ ကျွန်တော် နာလန်မျိုးနွယ်ဝင်တွေကို အတည်ပြုပြီးသားမို့လို့ပါ၊ သူတို့ရောက်လာရင် မျက်နှာမပျက်ချင်ဘူး” လီမူပြောလိုက်သည်။

“ရှင်…ကောင်းပြီ ဒီနေရာကို ရှင့်ကိုပေးမယ်၊ သူတို့ကို တခြားနေရာခေါ်သွားမယ်” ကျောက်စိမ်း စိတ်တိုလေသည်။

“ညီမ သူတို့ကို လမ်းမှာပဲတွေ့လာတာပဲမလား သူတို့ကို ဘာလို့ဂရုစိုက်နေတာလဲ” လီမူသည် မကျေနပ်စွာ ပြောလေသည်။

“သူတို့က ကျွန်မကိုကူညီဖူးတယ်၊ အဲဒါကြောင့် သူတို့ကို သူတော်စင်မြို့တော် ကို ခေါ်သွားပေးမယ်လို့ ပြောခဲ့တယ်၊ လမ်းတစ်ဝက်မှာတင်ပဲ ဘယ်လိုလုပ် ပစ်ထားမလဲ၊ ရှင်က ဒီမှာပဲ နာလန်မျိုးနွယ်ကိုစောင့်ချင်တယ် ပြောမှတော့ ကျွန်မ သူတို့နဲ့သွားမယ်” ကျောက်စိမ်းသည် ပြောပြီးသည်နှင့် ထွက်သွားလေသည်။

“ညီမ”

“ညီမ”

“သခင်မလေး”

“အစ်ကို၊ အစ်မ သူမ…. ကျွန်မတို့ဘယ်လိုလုပ်မလဲ” အနီရောင်တိမ်တိုက်သည် လီမူအား ကြည့်လိုက်သည်။

လီမူသည် အေးစက်စွာရယ်မောပြီး ပြောလိုက်သည် “ဒီမြို့သေးသေးလေးမှာ ရှိတဲ့ တည်းခိုဆော င်တွေ အားလုံး အကုန်ပြည့်နေပြီ ဘယ်ကိုသွားသွား အချိန်ကုန်တာပဲ အဖတ်တင်မယ်၊ နေစရာ ဘယ်မှာမှ မရှိရင် ဒီပဲပြန်လာလိမ့်မယ်”

“ဒါဆို အဲဒီလူတွေက…” အနီရောင်တိမ်တိုက်သည် စိုးရိမ်စွာပြောလေသည်။

“သူတို့ကို ဂရုစိုက်စရာမလိုဘူး သူတို့သေသွားရင် အကောင်းဆုံးပဲ” လီမူသည် ပြောပြီးသည်နှင့် လှည့်ကာ သူ့စားပွဲသို့ ပြန်သွားလေသည်။

လမ်းပေါ်သို့ရောက်သည်နှင့် ကျောက်စိမ်းသည် ရှီမာယူယူနှင့် တခြားသူများကိုသာ စဉ်းစားမိသည်။ သူမသည် သူတို့ဘက်လှည့်ကာ ပြောလိုက်သည် “အခုဖြစ်တဲ့ကိစ္စအတွက် ကျွန်မ တောင်းပန်ပါတယ်၊ အစ်ကိုလီက အမြဲတမ်းအဲလိုပဲ၊ ကျွန်မ ရှင်တို့ကို တခြားတည်းခိုဆောင်ကို လိုက်ပို့ပါမယ်”

သူမ တခြားဘာမှထပ်မပြောတော့ပဲ သူမနောက်လိုက်ခဲ့သည်။

“အဲဒီ မင်းရဲ့ ဂိုဏ်းတူအစ်ကိုက အရမ်းအားကောင်းလား” ဖက်တီးကျူမေးလိုက်သည်။

“သူက အရည်အချင်းတော့ရှိတယ် ကျွန်မအဖေ့အကြိုက်ပေါ့” ကျောက်စိမ်း ပြောလိုက်သည် “ဒါပေမယ့် ကျွန်မကတော့ မကြိုက်ဘူး၊ သူ့ကို လုံးဝကို မုန်းတာ”

“မင်းက သခင်မလေးမလား”

“ကျွန်မက သခင်မလေးဆိုပေမယ့် ကျွန်မအရည်အချင်းက သူနဲ့တော့ယှဉ်လို့မရဘူး၊ သူက အားလုံးအတွက် အရေးကြီးနေတယ်” ကျောက်စိမ်း ပြောလိုက်သည် “တော်ပြီ သူ့အကြောင်းမပြောတော့ဘူး၊ တခြား တည်းခိုဆောင်တွေ သွားကြည့်ရအောင်”

သူတို့သည် လမ်းတစ်လျှောက်စုံစမ်းကြသော်လည်း တည်းခိုဆောင်များတွင် အခန်းလွတ်များ မကျန်တော့ပေ။

ထိုအချိန်တွင် မှောင်စပြုနေပြီဖြစ်သည်။ ရှီမာယူယူ ပြောလိုက်သည် “အခန်းမရှိမှတော့ တောင်တွေပေါ်သွားပြီး စခန်းချကြတာပေါ့”

“မရဘူး အပြင်မှာ အန္တရာယ်အရမ်းများတယ်၊ ကျွန်မ အဖေနဲ့ တခြားသူတွေရှိရင်တောင် အပြင်မှာ တွေ့ကရာ စခန်းမချရဲဘူး” ကျောက်စိမ်းသည် ချက်ချင်းပင် ကန့်ကွက်သည်။

“ကိစ္စမရှိဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် တစ်ညပဲကို” ရှီမာယူယန် ပြောလိုက်သည်။

“အင်း အပြင်မှာ စခန်းချဖို့ကို သဘောတူတယ်၊ လမ်းမှာတော့ မိုးမလင်းချင်ဘူး” ရှီမာယူရှင်း ပြောလိုက်သည်။

“သခင်မလေးကျောက်စိမ်း အပြင်မှာတော့ သွားမနေသင့်ပါဘူး” တည်းခိုဆောင်ပိုင်ရှင် ပြောလိုက်သည် “အပြင်မှာ အခုက အရင်ကထက် ပိုအန္တရာယ်များနေပြီ”

“ဘာလို့လဲ”

“ဒီလောက်လူတွေအများကြီးက ဒီလိုမြို့သေးသေးလေးကိုလာကြတာက အပြင်မှာ မလုံခြုံလို့ ဒီမှာ လုံခြုံတယ်ဆိုပြီး ပုန်းဖို့လာကြတာ၊ ခင်ဗျားတို့ အခုအပြင်သွားမယ်ဆိုရင် ပိုပြီးအန္တရာယ်များနိုင်တယ်” တည်းခိုဆောင် ပိုင်ရှင်ပြောလိုက်သည်။

“တစ်ညလောက်တောင် နေလို့မရဘူးလား” ရှီမာယူရှင်း ပြောလိုက်သည်။

တည်းခိုဆောင်ပိုင်ရှင်သည် လက်ရမ်းပြကာ ပြောလိုက်သည် “အဲဒီကနေပြန်တာတဲ့ ကြေးစားတွေပြောတာ သူတော်စင်မြို့တော်ဘက်ကို ဦးတည်ပြီး တစ်ခုခုဖြစ်ခဲ့တယ်တဲ့၊ ဝိညာဉ်သားရဲတွေ ဒီကိုလာကြတယ်၊ ဘာမှမဖြစ်ချင်ရင်တော့ ဒီမှာပဲနေတာကောင်းပါလိမ့်မယ်”

“သြော် အဲအကြောင်းကို ငါဘယ်လိုလုပ်မေ့မလဲ” ကျောက်စိမ်းသည် မျက်မှောင်ကြုတ်လိုက်သည်။

“ဘာလဲ” ရှီမာယူယူ မေးလိုက်သည်။

ကျောက်စိမ်းသက်ပြင်းချကာ ပြောလိုက်သည် “သားရဲတစ်သောင်းတောင်မှာ နှစ်တိုင်း ဒီလိုဖြစ်လေ့ရှိ တယ် တောင်ပေါ်က ဝိညာဉ်သားရဲတွေအကုန်လုံးက လှုပ်လှုပ်ရှားရှားဖြစ်ကြတယ်၊ ပြီးတော့ သူတော်စင် မြို့တော်က တည်ဆောက်မှုတစ်ခုကို ဆောက်လုပ်ခဲ့တယ်၊ တစ်လလောက်ကြာတယ်၊ ကြည့်ရတာ ငါတို့ဒီမှာ ရက်နည်းနည်းလောက် နေရဦးမယ်ထင်တယ်”

“ဟုတ်တယ်၊ အဲဒါပဲ အခုက လတစ်ဝက်ကြာသွားပြီဆိုတော့ နောက်ထပ်လတစ်ဝက်ပဲကျန်တော့မယ်၊ ဒီလတစ်ဝက်လောက်ကို ဒီဟောအကျယ်ကြီးမှာနေရင်ရော” တည်းခိုဆောင်ပိုင်ရှင် ပြောလိုက်သည် “အကုန်လုံး က အစကတည်းက အခန်းမှာထားကြတာ၊ တခြားသူတွေကို မမေးပဲ ပေးလို့မရလို့ပါ တစ်ခန်း နှစ်ခန်းရှိရင်ကို ပေးပါတယ်၊ ဒါပေမယ့် ခင်ဗျားတို့က လူတွေများနေတော့ ကျွန်တော့်အတွက်လည်း ခက်ခဲလို့ပါ”

“ကိစ္စမရှိဘူး ဆိုင်ရှင် နေလို့ရမယ့် နေရာကျယ်ကျယ်ကိုပဲ ပြောလိုက်ပါ” ရှီမာယူယူ ပြောလိုက်သည်။

“ခင်ဗျားတို့အားလုံး အပြင်မှာ တကယ်နေကြမလို့လား” တည်းခိုဆောင်ပိုင်ရှင်သ ည် ခေါင်းမာသော ရှီမာယူယူနှင့် တခြားသူများကို ကြည့်ကာ သက်ပြင်းချလိုက်သည် “ဒီကနေ သိပ်မဝေးတဲ့ကန်တစ်ကန်မှာ ရှိတဲ့ နေရာကတော့ မဆိုးဘူး၊ ဒီနဲ့နီးတော့ တစ်ခုခုဖြစ်လာရင်တောင် အခွင့်အရေးရတာနဲ့ ပြန်ပြေးလာလို့ရတယ်”

ရှီမာယူယူ မရှင်း၍ ပြန်မေးလိုက်သည် “သူတော်စင်မြို့တော်က တည်ဆောက်မှုအကြီးစားကို လုပ်ပြီးပြီပဲ ဘာလို့ ကာကွယ်ခြင်းတည်ဆောက်မှုကို အသက်မသွင်းတာလဲ”

“သူတော်စင်မြို့တော်ကို အသက်သွင်းမယ့်သူတွေကို ဝိညာဉ်သားရဲတွေက ဦးတည်ပြီး တိုက်ခိုက်ခဲ့တယ်၊ ဒါပေမယ့် ဒီက မြို့သေးတဲ့အတွက် သာမာန်တည်ဆောက်မှုကိုပဲ အသက်သွင်းထားတာ၊ တကယ်ကောင်းတဲ့ ကာကွယ်ခြင်း တည်ဆောက်မှုမရခင်အထိတော့ ဘယ်လိုအခြေအနေမျိုးဖြစ်လာလာ စောင့်ရုံပဲရှိ တော့ တယ်” ကျောက်စိမ်းရှင်းပြသည်။

“ဟုတ်တယ်” တည်းခိုဆောင်ပိုင်ရှင် ထပ်ပြောသည်။ “ဒီတည်ဆောက်မှုအသေးစားက ဝင်တာထွက်တာ ကို မတားနိုင်ဘူး၊ ဒါပေမယ့် ကြီးတဲ့တစ်ခုသာ အသက်သွင်းလိုက်ရင်တော့ မြို့လေးက အပြင်လူတွေကို ပိတ်ထားပြီး ဘယ်သူမှ ဝင်လို့ထွက်လို့မရဘူး”

ရှီမာယူယူ သက်ပြင်းချကာ “ကြည့်ရတာ ငါတို့ ဒီမှာရှိဖို့ အချိန်ကောင်းမဟုတ်ဘူးထင်တယ်”

ကျောက်စိမ်းသည် စိတ်ဆိုးကာ ပြန်တောင်းပန်သည် “တောင်းပန်ပါတယ် ကျွန်မလိုချင်တာတွေ့လို့ ပျော်သွားတာကြောင့်ပါ ဒီလိုအရေးကြီးတဲ့ဟာကို မေ့သွားတယ်၊ အရင်ကတည်းကပြောခဲ့ရင် ဒီကိုရောက်လာ မှာ မဟုတ်ဘူး၊ ဒီနေ့ည ဒီမှာပဲနေပြီး မြို့လေးကို မနက်ဖြန်မှ ပြန်ရင်ရော”

“ကိစ္စမရှိဘူး၊ ရောက်လာမှာတော့ ဒီကရှုခင်းတွေကိုကြည့်ချင်တယ်” ရှီမာယူယူပြောလိုက်သည် “ကျွန်တော် အားလုံးကိုခေါ်ပြီး အဲမှာ ကျင့်ကြံမယ်”

“ငါတို့်လည်း ပြန်မသွားတော့ဘူး” ရှီမာယူလီ ပြောလိုက်သည်။

“အဲလိုဆိုမှတော့ ကျွန်မလည်း ရှင်တို့နဲ့ အတူလိုက်မယ်” ကျောက်စိမ်း ပြောလိုက်သည်။

“မင်းက ငါတို့နဲ့လိုက်နေမလို့လား၊ ဘာလို့လဲ” ရှီမာယူရှင်းသည် မရှင်းသဖြင့် မေးလိုက်သည်။

သူတင်မဟုတ်ပဲ ရှီမာမျိုးနွယ်အားလုံး ထင်မထားပေ။

“ကျွန်မကြောင့်သာမဟုတ်ရင် ရှင်တို့အားလုံး စောစောသတိထားမိပြီး ဒီကိုရောက်လာမှ မဟုတ်ဘူးလေ” ကျောက်စိမ်းရှင်းပြသည် “ပြီးတော့ နောက်ဆုံးကျန်တဲ့အခန်းတွေကို အစ်ကိုလီက ယူထားတယ်လေ ကျွန်မ အဲလူကို ကောင်းကောင်းသိတယ်၊ တည်ဆောက်မှုနဲ့ ကောင်းကောင်း ကာကွယ်နိုင်တဲ့အထိ ရှင်တို့နဲ့ ကျွန်မနေမယ်”

“မိန်းကလေးကျောက်စိမ်း အဲလိုလုပ်ဖို့မလို…” ရှီမာယူယူ ပြောလိုက်သည်။

“ရှင်တို့နဲ့လိုက်ဖို့ ကျွန်မဆုံးဖြတ်ပြီးသွားပြီ” ကျောက်စိမ်းသည် ယုံကြည်ချက်အပြည့်ဖြင့် ပြောလေသည်။

“အဲဒါဆိုလည်း…. ကောင်းပါပြီ” ရှီမာယူယူ သဘောတူလိုက်သည်။ သူမသည် သူတော်စင်မြို့တော်ကို မသွားခင် ဒီကအခြေအနေကို နားလည်ချင်သည်။

“သခင်မလေး” လူတစ်ယောက်သည် လျှောက်လာကာ ပြောလိုက်သည် “အစ်ကိုလီက သခင်မလေးကို ပြန်ခေါ်ခိုင်းလိုက်ပါတယ်”

ကျောက်စိမ်းသည် ထိုလူအားကြည့်ပြီး ပြောလိုက်သည် “ငါ ငါ့သူငယ်ချင်းတွေနဲ့ အပြင်မှာ စခန်းချမလို့လို့ အစ်ကိုလီကို သွားပြန်ပြောလိုက်”

သူမ ပြောပြီးနောက်တွင် ထိုလူအားလျစ်လျူရှုကာ ရှီမာယူယူနှင့် တခြားသူများ နောက်သို့လိုက်ပြီး မြို့ငယ်လေးမှ ထွက်ခဲ့လိုက်သည်။

လီမူသည် သတင်းလက်ခံရရှိသောအချိန်တွင် သူ မြစ်ဘေးတွင်ရောက်နေပြီဖြစ်သည်။ သူသည် ပြေးသွားသော်လည်း သူမ၏ အေးစက်သောစကားလုံးများကြောင့် ပြန်လာခဲ့လိုက်သည်။

ကျောက်စိမ်းသည် ရှီမာယူယူတို့နှင့်အတူ စခန်းချနေသည်ကို သူမြင်သောအခါ သူ့စိတ်များသည် မနာလိုစိတ်များ ပြည့်နေခဲ့သည်။

“အစ်ကိုလီ နာလန်မျိုးနွယ်လူတွေ ရောက်နေပါပြီ” တပည့်တစ်ယောက်သည် လျှောက်လာကာ လီမူအား ပြောလိုက်သည်။

“ငါသိပြီ” လီမူသည် သူတို့ရှိသောဘက်အား တစ်ချက်ကြည့်ပြီးနောက် သူ့လူများခေါ်ကာ ထွက်သွားလေသည်။

ဒီကောင်ကိုတော့ သေချာပေါက်ပွဲလုပ်ပေးရတော့မယ်။

All Chapters