← Chapters

Chapter 1396 - 1397

Vol. 94 Ch. 1396 - 1397

Chapter 1396 - 1397

Vol. 94 Ch. 1396 - 1397

Chapter 1396 ခဏအတွင်း သတ်ဖြတ်ခြင်း

ထိုစကားကိုကြားသော် ဖန်ရှန့်ယွီ၏ မျက်နှာ မည်းမှောင်သွားပြီး မကောင်းသော လေသံဖြင့် မေးလိုက်သည်။

“မင်း ဘာပြောတာလဲ”

*ငါ့ခေါင်းမှာ သွေးပေစေချင်တယ်တဲ့လား*

*ဒီကောင် ရူးနေတာလား*

သွမ့်မူယန်နှင့် အခြားသူများလည်း အလွန် အထင်သေးဟန်များ ပြလာသည်။ လင်းဝူယာက သေတွင်းတူးသည်ကို သူတို့ မည်သို့မှ မမြင်သော်လည်း နဂါးအသွင်ပြောင်းခြင်းအဆင့်က သူတို့အရှေ့၌ လေကျယ်ရဲသည်တဲ့လား။

*သူ ဦးနှောက်များ ချောင်နေတာလား*

“ကျုပ် သူများကိစ္စကို ဝင်မပါချင်ပင်မယ့် ခင်ဗျားက သေတွင်းတူးနေတာကိုး”

ယဲ့ဖန်က ခေါင်းခါ၍ ဖန့်ရှန်ယွီအား ခက်ထန်စွာ ကြည့်လိုက်သည်။

“ခင်ဗျားက သေတွင်းတူးနေမှတော့ သတ်ပေးရတာပေါ့”

ထိုစကားသံအဆုံး၌ ဖန့်ရှန်ယွီနှင့် အခြားသူများ သူတို့ အထင်မှားလေသလားဟုပင် သံသယ ဝင်သွားကြသည်။

*နဂါးအသွင်ပြောင်းခြင်းအဆင့်လေးက ငါတို့ကို ဘယ်လိုတောင် ပြောရဲတာလဲ*

*ငါတို့ကို သေပြီလို့များ ထင်နေတာလား*

“မိုးကောင်းကင်က ဘယ်လောက် မြင့်မားတဲ့မသိတဲ့ ကောင်ပဲ၊ ငါ မင်းကို အခွင့်အရေး ပေးခဲ့ပြီးပြီ၊ မင်းက မယူချင်မှတော့ သေလိုက်တော့”

ဖန့်ရှန်ယွီက အေးစက်စွာ ခနဲ့လိုက်ပြီး သူ့နောက်လိုက်များကို အမိန့်ပေးလိုက်သည်။

“ဒီကောင့်ကို သတ်လိုက်၊ သူ့ဘေးက ကောင်မလေးကိုတော့ အရှင်ထားလိုက်”

ထိုအခါ ဘုရင်အဆင့်များစွာက အန္တရာယ်ပေးတော့မည့် အပြုံးများဖြင့် ယဲ့ဖန်ထံ ချဉ်းကပ် လာကြသည်။

“ဟေ့ကောင် သေမယ့်နည်းလမ်းကို ရွေးလိုက်”

“ဟေ့ကောင် ဒူးထောက်ပြီး ဒီဘိုးဘိုးကို အရိုအသေပေးရန် မင်းကို ပိုပျော်စရာကောင်းတဲ့ နည်းနဲ့ သေရအောင် လုပ်ပေးမယ်”

ဘုရင်အဆင့်များက ရယ်မောနေပြီး ယဲ့ဖန်အား ကုန်းပေါ်မှ ငါးသဖွယ် အချိန်မရွေး သတ်၍ ရနိုင်သည်ဟု တွက်ကာ အထင်သေးသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

ဤသည်ကိုမြင်သော် ယဲ့ဖန်က နတ်ဆိုးဆန်သော အပြုံးမျိုး ပြုံးလိုက်ပြီး အေးစက်စွာ ပြောလိုက်သည်။

“ငါ မလှုပ်ရှားခင် ငါ့ရှေ့က ထွက်သွားလိုက်”

ထိုစကားကိုကြားသော် လူတိုင်း နေရာမှာတင် ကြက်သေ သေသွားကြသည်။

*ဒီကောင် ဘာပြောလိုက်တာလဲ*

*ငါတို့ကို ထွက်သွားခိုင်းတာလား*

*မင်း နောက်နေတာလား*

ဘုရင်အဆင့် သိုင်းပညာရှင်များက ခက်ထန်သော မျက်နှာထားမျိုး ဖြစ်လာကြသည်။ တစ်ဖက်လူက နဂါးအသွင်ပြောင်းခြင်းအဆင့် ဖြစ်သော်လည်း သူတို့ကို အထင်သေးနေသည်။ ဤသည်က ကိုယ့်သေတွင်း ကိုယ်တူးခြင်းပင်။

“သူ့ကိုသတ်”

တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ဘုရင်အဆင့်များက ဒေါသတကြီး ဟစ်ကြွေး လာကြသည်။

ထို့နောက် လူတစ်စုသည် ပြိုင်တူ ပြေးတက်လာကြပြီး သူတို့၏ ခန္ဓာကိုယ်မှ လူသတ်လိုသော အရှိန်အဝါ ထွက်ပေါ်လာသည်။ ယင်းက အလွန်အမင်း ကြောက်စရာကောင်းလှပြီး ဆောင်းတွင်း လေအေးတိုက်သကဲ့သို့ ခိုက်ခိုက်တုန်လာစေသည်။

“နေခွင်းလက်သီး”

“ဓားရှစ်ချက်”

“နဂါးခန္ဓာ”

ဘုရင်အဆင့်များက ပြိုင်တူ တိုက်ခိုက်လာသဖြင့် ယန်စွမ်းအင်များက တစ်ဟုန်ထိုး ပျံ့လွင့် လာပြီး ယင်းအရှိန်အဝါက ယဲ့ဖန်၏ ခန္ဓာကိုယ်ကို ထိုးဖောက်မတတ်ပင်။

*ဒီမောက်မာတဲ့ကောင်ကို အသေသတ်ရမယ်၊ ငါတို့ကို အထင်သေးရဲတာ၊ သူ့ကို ပြင်းပြင်း ထန်ထန် အပြစ်ပေးရမယ်၊ ပြီးတော့ သူ့ကို နုတ်နုတ်စင်းရမယ်*

သူတို့ အရူးအမူး တိုက်ခိုက်နေကြသည်။ လက်ရှိတွင် ဘုရင်အဆင့်များအားလုံး ဒေါပွနေကြပြီး သူတို့၏ အသန်မာဆုံး သိုင်းကွက်များကို ထုတ်ဖော်နေ၏။

“ကျွတ် ကျွတ် ဒီလောက် ဘုရင်အဆင့်တွေ အများကြီးရဲ့ လက်ထဲမှာ သေရမှာမို့ အဲ့ကောင် ကံကောင်းတယ် ပြောရမယ်”

ဖန့်ရှန်ယွီ သရော်လိုက်သည်။ သွမ့်မူယန်က မျက်လုံးကိုမှိတ်ကာ စိတ်ကို လျှော့ထားပြီး အထက်စီးဆန်သော အမူအရာဖြင့် ယဲ့ဖန်ကို ကြည့်ပင်မကြည့်ချေ။ ဤသို့သော အမှိုက်ကောင်မျိုးက သူ လှည့်ကြည့်ရန် မထိုက်တန်ပါ။

“ဟားဟားဟား အရူးတွေ၊ သူတို့က ငါ့မိတ်ဆွေတွေ မင်းတို့ တကယ် ထင်နေတာလား၊ ငါ လင်းဝူယာက ဘယ်လိုလုပ် သူတို့နဲ့ မိတ်ဆွေဖြစ်ဖို့ အရည်အချင်း ရှိမှာလဲ”

ရုတ်တရက် ကြမ်းပြင်ပေါ် လဲနေသော လင်းဝူယာက ကျယ်လောင်စွာ ရယ်မော၍ ထရပ်လေသည်။

ထိုစကားကိုကြားသော် သွမ့်မူယန်နှင့် ဖန့်ရှန်ယွီ၏ အမူအရာက မသိမသာ ပြောင်းလဲသွားပြီး လင်းဝူယာအား ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

*ဒီကောင် ဘာပြောချင်တာလဲ*

ထိုအချိန်၌ လေထုအခြေအနေက ရုတ်တရက် တင်းမာလာပြီး လူသတ်လိုသော အရှိန်အဝါများက ယဲ့ဖန်ကို ရစ်ပတ်လာ၏။

ရုတ်ချည်းဆိုသလိုပင် ယဲ့ဖန်ဘက်က လှုပ်ရှားလာသည်။ သတိပေးချက်မရှိဘဲ လျင်မြန်စွာ လှုပ်ရှားလာသည်။

သူ့ကိုယ်မှ ယန်စွမ်းအင်က မီးတောင်ပေါက်ကွဲသကဲ့သို့ ဝုန်းခနဲ ပေါက်ကွဲထွက်ပေါ် လာလေသည်။ သူ့မျက်လုံးတွင် ဒေါသရိပ်များ ပြည့်နှက်နေပြီး ရှေ့သို့ လှမ်းလိုက်သည်။

သူသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး သူ့ရှေ့မှ ဘုရင်အဆင့်များအား မုန်တိုင်းသဖွယ် ချဉ်းကပ် တိုက်ခိုက် လေသည်။

“ရွှစ် ရွှစ်”

အရှိန်က အလွန် လျင်မြန်လှသဖြင့် သာမန်မျက်လုံးနှင့် မမြင်လိုက်နိုင်ပါ။ ထို့နောက် တစ်ခဏ အကြာတွင် ယဲ့ဖန်၏ ပုံရိပ်က ထိုဘုရင်အဆင့်များ၏ အနောက်သို့ ရောက်သွားသည်။

လူတိုင်း ကြက်သေ သေသွားပြီး ဘာဖြစ်သွားမှန်း မသိလိုက်ချေ။ ထို့နောက်တွင်မူ သွေးများ ပန်းထွက်လာသည်။

ဘုရင်အဆင့်များအားလုံး နာကျင်စွာ အော်ဟစ်လာပြီး သူတို့၏ ခန္ဓာကိုယ်များ ပြင်းထန်စွာ တုန်ခါလာပြီး ခန္ဓာကိုယ်မှ သွေးများ ပန်းထွက်နေ၏။

ဤဘုရင်အဆင့် ခြောက်ယောက်၊ ခုနစ်ယောက်လုံး ပြိုင်တူ ပြင်းထန်သော ဒဏ်ရာများ ရထားကြောင်း လူတိုင်း သေချာမြင်လိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်က အမျိုးအမည်မသိသော အရာကြောင့် ပွင့်ထွက်နေကာ သွေးများ စိမ့်ထွက်နေလေသည်။

မကြာခင်မှာပင် တစ်ယောက်ပြီး တစ်ယောက် ကြမ်းပြင်ပေါ် လဲကျသွားပြီး အသက် မရှိတော့ချေ။

ဤဘုရင်အဆင့်များသည် သူတို့ သေသွားသည်အထိ အဘယ်ကြောင့် သူတို့ ခပ်မြန်မြန် ရှုံးသွားရသလဲ မသိကြချေ။ ဤသည်က လုံးဝ ယုတ္တိမတန်လှပါ။

ထိုအခိုက်တွင် လူတိုင်း အသက်အောင့်ထားမိပြီး သေမတတ် ကြောက်လန့်နေကြသည်။

“ဘာလို့လဲ … ဘာလို့ ဒီလို”

ဖန့်ရှန်ယွီ မျက်ခုံးလှုပ်သွားပြီး သူ့ရင်ထဲ၌ မုန်တိုင်းထန်နေကာ သရဲသဘက်ကို တွေ့လိုက်ရ သကဲ့သို့ ကြက်သေ သေသွားမိသည်။

သွမ့်မူယန်တောင်မှ မျက်လုံးပြန်ပွင့်လာပြီး ယဲ့ဖန်အား မယုံသင်္ကာ ကြည့်နေကြသည်။

*နဂါးအသွင်ပြောင်းခြင်းအဆင့်က ဘုရင်အဆင့် ခြောက်ယောက်၊ ခုနစ်ယောက်ကို ချက်ချင်း သတ်ပစ်လိုက်တာလား*

*ဒါက … မယုံနိုင်စရာပါလား*

“တောက် တောက်”

ယဲ့ဖန်၏ လက်မှ သွေးများ တတောက်တောက် ကျနေပြီး ယင်းက ယဲ့ဖန် ယခုလေးတင် လုပ်ခဲ့သည့် ရက်စက်သော လုပ်ရပ်အား သက်သေ ထူနေသလိုပင်။

*မျက်တောင်တောင် မခတ်ဘဲ သတ်ပစ်တယ်*

*သပ်ရပ်တိကျလိုက်တာ ဗြုတ်စဗျင်းတောင်းလည်း မဖြစ်ဘူး*

*သူ့အတွက် လူသတ်တာက အေးဆေးပြီး ရိုးစင်းတဲ့အရာပဲ*

*သူ့မျက်နှာမှာ ဘာအမူအရာလေးမှတောင် မရှိဘူး*

သူသည် လူတစ်ယောက် ဖြစ်သောကြောင့် လက်ရှိတွင် ဒေါသထွက်ကာ မောက်မာ၍ ဘဝင်မြင့်နေသင့်သော်လည်း ယခု ဘာခံစားချက်မှ မရှိသည့်ပုံက ကျောချမ်းဖွယ်ကောင်းပြီး လူမဆန်လှပေ။

ဖန့်ရှန်ယွီ ထိန်းချုပ်မရအောင် တုန်ယင်သွားပြီး ဘုရင်အဆင့်များ ပြိုင်တူတိုက်ခိုက်ပါ သော်လည်း လူတစ်ယောက်တည်းထံ၌ အသတ်ခံလိုက်ရသည်ကို လက်မခံနိုင် ဖြစ်နေ၏။

နောက်ဆုံးအလောင်းတစ်ခု မြေကြီးပေါ် လဲကျသွားချိန်တွင် လူတိုင်း စိတ်ဓာတ်ကျသွားပြီး သွေးများဖြင့် စိုနေသော ကြမ်းပြင်ကို ကြောင်ကြည့်ကာ အဖြစ်မှန်ကို မယုံနိုင် ဖြစ်နေလေသည်။ သူတို့ နားမလည်နိုင်ပါ။

*ဒီလူက နဂါးအသွင်ပြောင်းခြင်းအဆင့်မှ ဟုတ်ရဲ့လား*

သွမ့်မူယန် ရုတ်တရက် မျက်နှာမည်းမှောင်သွားပြီး လင်းဝူယာကို ကြည့်လိုက်သည်။

“သူက ဘယ်သူလဲ”

“ဟားဟားဟား သွမ့်မူယန် မင်း ဝမ်ကောဖူကို ပြန်မလာတာ ဘယ်လောက် ကြောက်နေပြီလဲ၊ မင်း သူ့ကိုတောင် မသိဘူးလား”

လင်းဝူယာ ရုတ်တရက် ပြန်ခနဲ့လိုက်သည်။ ယခုအခါ၌ ဝမ်ကောဖူတွင် ယဲ့ဖန်အား မသိသူ မရှိပါ။

ထိုစကားကိုကြားသော် သူ့ရှေ့မှ လူငယ်က ဝမ်ကောဖူက ဖြစ်ကြောင်း သွမ့်မူယန် ပိုပို၍ သေချာလာသည်။ သူ ဝမ်ကောဖူသို့ ပြန်မလာသည်မှာ လဝက်မျှ ရှိနေပြီ ဖြစ်သောကြောင့် ယဲ့ဖန်က မည်သူမှန်း မသိပေ။

“ဟားဟား သူက သတ်ဖြတ်ခြင်းနတ်ဆိုး၊ မင်း ရင်ဆိုင်ရတော့မယ့် အိပ်မက်ဆိုးကွ”

လင်းဝူယာ အလွန်ပျော်ရွှင်စွာ ရယ်လိုက်သည်။ သူ့ဖခင်အတွက် လက်စားချေနိုင်ပြီဟု သူ ခံစားမိနေ၏။

ယဲ့ဖန်၏ အကျင့်စရိုက်အရ အပြစ်ရှိသော ဖန့်ရှန်ယွီအား အခါတစ်ရာကျော်မျှ သတ်လျင်တောင်မှ လက်လျော့နိုင်မည် မဟုတ်လောက်ပါ။

သူ့စိတ်ထဲတွင် ဖန့်ရှန်ယွီသည် သေလူ ဖြစ်ပြီးနေလေပြီ။ သူနှင့်အတူ သွမ့်မူယန်တောင်မှ အတူတကွ မြေမြှုပ်ခံရပေလိမ့်မည်။

သွမ့်မူယန် မျက်မျောင်ကြုတ်သွားပြီး ယခင်ကဲ့သို့ မောက်မာ၍ ရက်စက်သော အမူအရာမျိုး ရှိမနေတော့ချေ။ အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်၏ ခန္ဓာကိုယ်မှ အလွန် အန္တရာယ်များသော အရှိန်အဝါကို သူ ခံစားမိနေ၍ ဖြစ်သည်။

“မင်း ငါ့လူတွေကို သတ်ရဲတယ်ပေါ့လေ”

တစ်ခဏကြာသော် ဖန့်ရှန်ယွီ ဒေါကန်လာ၏။ ဤဘုရင်အဆင့် သူ့လူများသည် သူ ငွေကုန်ကြေးကျခံ၍ ဝယ်ယူထားရသူများ ဖြစ်လေသည်။

သို့သော် ယခု ထိုလူများအားလုံးက သူ့ရှေ့မှ မျိုးမစစ်ကောင်လေးထံ၌ ချက်ချင်း အသတ်ခံလိုက် ရသည်တဲ့လား။

“ငါ မင်းလူတွေကို သတ်ရဲရုံတင်မကဘူး၊ မင်းကိုလည်း သတ်ရဲတယ်၊ မင်း ယုံလား”

ယဲ့ဖန်က သူ့ကို အေးစက်စွာ ကြည့်လိုက်ပြီး မာကြောသော လေသံက ငရဲပြည်က နတ်ဆိုးသံလိုပင် ကြောက်စရာကောင်းလှ၏။

“ကောင်းပြီ သိပ်ကောင်းတယ်”

ဖန့်ရှန်ယွီက အပြုံးကြီး ပြုံးလိုက်ပြီး ဘေးနားမှ သွမ့်မူယန်အား ကြည့်၍ ပြောလိုက်သည်။

“မင်းကိုပဲ အားကိုးတော့မယ်”

ထိုအခါ သွမ့်မူယန်က ပြေးတက်လာသဖြင့် ကြမ်းပြင် တုန်ခါလာပြီး ငလျင်လှုပ်သကဲ့သို့ ဖြစ်လာလေသည်။

ထို့နောက် သူသည် ဒေါသမာန်ပါသော လက်သီးဖြင့် ယဲ့ဖန်၏ မျက်နှာကို ပိတ်ထိုးလိုက်သည်။ လေပြင်းများ တိုက်ခတ်လာလေသည်။

ဤသည်ကိုကြည့်ပြီး ဖန့်ရှန်ယွီ၏ မျက်နှာတွင် ရက်စက်သော အမူအရာပေါ်လာပြီး အားပါးတရ ရယ်မောလိုက်သည်။

“ဒါ ငါနဲ့ရန်သူဖြစ်ရင် ဖြစ်လာမယ့် အဆုံးသတ်ပဲ၊ မျိုးမစစ်လေး မင်း အေးအေးဆေးဆေး သေလို့ရပြီ၊ မင်းကောင်မလေးကိုတော့ ငါ ကောင်းကောင်းကြီး ဂရုစိုက်လိုက်ပါ့မယ်”

လူတိုင်း ခေါင်းတခါခါ ဖြစ်နေကြသည်။ သွမ့်မူယန်ကိုတောင်မှ တိုက်ခိုက်လာအောင် ဖိအားပေးခဲ့သဖြင့် ဤလူငယ်၌ အသက်ရှင်ခွင့် ရှိနိုင်ပါမည်လော။ သူ သေရပေလိမ့်မည်။

သွမ့်မူယန်သည် ဝမ်ကောဖူ၌ အဆင့်သုံးဆယ် နေရာ၌ ရှိသူ ဖြစ်သည်။ သူတော်စင်သခင်အဆင့် တောင်မှ သူ့လက်သီးချက်ကို မခံယူရဲသဖြင့် မည်မျှ ကြောက်စရာကောင်းကြောင်း တွေးကြည့်နိုင်ပေသည်။

ဤလက်သီးချက်က ယဲ့ဖန်ကို တစ်စစီ ဖြစ်စေနိုင်ရန် လုံလောက်ပေသည်။ သူတို့ ယဲ့ဖန်အတွက် စိတ်မကောင်းသလို ခံစားမိသည်။ သူ့ကောင်မလေးအား တစ်ညတာ အသုံးတော်ခံ ခိုင်းလိုက်လျင် သူ အသက်ရှင်နိုင်သေးသော်လည်း သူက ခေါင်းမာလွန်းခဲ့သည်။

ယခု ယဲ့ဖန်သည် ဆိုးရွားသော သေခြင်းအား ရင်ဆိုင်ရပေတော့မည်။ ယဲ့ဖန်က လက်သီးဖြင့် တိုက်ခိုက်လာသော သွမ့်မူယန်အား အေးတိအေးစက် ပြုံးကာ ကြည့်နေပြီး ပြန်လည်၍ လက်သီးဖြင့် ထိုးလိုက်သည်။

လူတိုင်း အတွေးထဲ၌ ဗလာဖြစ်သွားကြသည်။

*ဒီကောင် ဘာလုပ်ချင်နေတာလဲ*

*သူက သွမ့်မူယန်ကို အနီးကပ်တိုက်စစ်နဲ့ ပြန်တိုက်မလို့လား*

*ရူးနေတာလား*

ဝမ်ကောဖူတွင်းမှာတောင်မှ သွမ့်မူယန်က အနီးကပ် တိုက်စစ်၌ ထူးချွန်သူ ဖြစ်ပြီး လက်သီးချင်း ယှဉ်လျင် ပထမလူဖြစ်သည်။

*ဒီကောင်က မြန်မြန်မသေမှာ စိုးနေတာလား*

*အရူး*

*တုံးလိုက်တာ*

လူတိုင်း မှင်တက်သွားကြသည်။ ဤသို့ မောက်မာသောလူကို သူတို့ တစ်ခါမှ မမြင်ဖူးပါ။

*မီးကို တိုးချင်နေတဲ့ ပိုးပျံကောင်ပဲ၊ ကိုယ့်သေလမ်း ကိုယ်ရှာနေတာ*

“ဟားဟား အရူး သွမ့်မူယန်က သူတော်စင်သခင်အဆင့်အောက်မှာ အနီးကပ် တိုက်စစ်မှာ အထူးချွန်ဆုံးပဲ၊ မင်းက ဘယ်က သတ္တိရလာတာလဲ”

ဖန့်ရှန်ယွီ ရယ်မောနေပြီး ယဲ့ဖန် လက်ကျိုး၍ ငယ်သံပါအောင် အော်ဟစ်နေမည့် မြင်ကွင်းကို မျှော်လင့်နေမိသည်။

သွမ့်မူယန်တောင်မှ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ သူ့မျက်နှာက အလွန်အမင်း ကြည့်ရဆိုးနေသည်။

သူ အထင်သေးခံရသလို ခံစားနေရသည်။

*ဒီကောင်က ငါ့ကို အထင်သေးနေတာလား*

*မဟုတ်ရင် သူက ဘာလို့ သူ့ကိုယ်သူ အထင်ကြီးနေတာလား*

*သေချင်နေတာပဲ*

*သေလိုက်တော့*

သွမ့်မူယန်၏ မျက်လုံးတွင်း၌ ရက်စက်မှုက ပိုမိုသိပ်သည်းလာပြီး သူ့ကိုယ်တွင်းမှ ယန်စွမ်းအင်က မုန်တိုင်းသဖွယ် ထွက်ပေါ်လာကာ သူ့လက်သီးက ပိုမိုကြောက်စရာကောင်း၍ ကြမ်းတမ်းလာသည်။ သူ ဒေါသထွက်ကာ ယဲ့ဖန်ကို အသေသတ်ချင်နေ၏။

သူ ယဲ့ဖန်ကို လက်သီးတစ်ချက်တည်းဖြင့် သတ်ချင်နေသည်။ သွမ့်မူယန်ဟူသော သူ့အား အထင်သေးလျင် ဘာဖြစ်မလဲဆိုသည်ကို ယဲ့ဖန်ကို သိစေချင်နေသည်။

“ဂျွတ် ဂျွတ်”

ထိုစဉ် အရိုးကျိုးသံများ ထွက်ပေါ်လာပြီး လေနှင့်အတူ သွေးစနှင့် အသားစများ လွင့်ပါ လာသည်။

“အား”

လူတိုင်း သက်ပြင်းချလိုက်သည်။ ဤသို့သော ရလဒ်မျိုး ဖြစ်လာမည်ဟု သူတို့ ခန့်မှန်းခဲ့ မိသည့်ပုံပင်။

*ဒါ အဲ့ကောင်လေးရဲ့ အော်သံ မဟုတ်လား*

Chapter 1397 မင်းအသက်ကို မင်း ကယ်နိုင်လို့လား

“အား”

မကြာခင်မှာပင် ငယ်သံပါအောင် အော်ဟစ်သောအသံက နားကွဲမတတ် ထွက်ပေါ်လာသဖြင့် ကြက်သီးမွေးညင်း ထလာရသည်။

ဖန့်ရှန်ယွီက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“အလှလေး မင်းကောင်လေးတော့ မကြာခင် သေတော့မယ်နဲ့တူတယ်”

“ပြီးတော့ မင်း … မျိုးမစစ်လေး ဒါ မင်းခေါ်တဲ့ အကူအညီ မဟုတ်လား၊ အဲ့ကောင်က ငါ့ဖိနပ် တိုက်ဖို့တောင် မထိုက်တန်ဘူး”

ဖန့်ရှန်ယွီက လင်းဝူယာ၏ ကျိုးနေသောလက်ကို နင်းလိုက်သဖြင့် လက်မှဝေဒနာကြောင့် သူ့မျက်နှာ ရှုံ့မဲ့သွားသည်။

လင်းဝူယာက နာကျင်မှုကို သည်းခံ၍ ထီမထင်ဟန် ပြုံးလိုက်သည်။

“အဲ့လိုလား”

*ဟမ်*

*ဒီအချိန်မှာတောင် လင်းဝူယာက ရယ်နိုင်သေးတာလား*

ထိုအချိန်တွင် လူတစ်ယောက် လွင့်ထွက်လာပြီး နံရံနှင့် ဝင်ဆောင့်လေသည်။ ထိုအခါ လူတိုင်း မျက်လုံး ကျွတ်ကျမတတ် ဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် လွင့်ထွက်လာသူက ယဲ့ဖန် မဟုတ်ဘဲ သွမ့်မူယန် ဖြစ်နေသောကြောင့်ပင်။

သွမ့်မူယန်၏ မျက်နှာတစ်ခုလုံးသည် နာကျင်မှုကြောင့် ရှုံ့မဲ့နေပြီး ညာလက်ကျိုးကာ လက်ချောင်းများ လိမ်ဖယ်၍ အရိုးများပင် မြင်နေရသည်။

ဤသည်ကိုမြင်သော် လူတိုင်း မှင်တက်သွားကြပြီး နေရာမှာတင် ကျောက်ရုပ်သဖွယ် မလှုပ်မယှက် ရပ်နေမိသည်။

*သွမ့်မူယန် တကယ် ရှုံးသွားတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*သူက ဘုရင်အဆင့်လေ၊ ကိုယ်ကာယခွန်အားနဲ့ အနီးကပ်တိုက်စစ်မှာ နံပါတ်တစ် ဖြစ်နေ တဲ့လူက ဘယ်လိုလုပ် ဒီလိုအနီးကပ် တိုက်စစ်မှာ ရှုံးရတာလဲ*

*ငါတို့အရှေ့က မြင်ကွင်းက အိပ်မက်ပဲ ဖြစ်မယ်*

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

သွမ့်မူယန် ကိုယ်တိုင်တောင်မှ နားဝေတိမ်တောင် ဖြစ်နေပြီး နဂါးအသွင်ပြောင်းခြင်းအဆင့်ကို သူ ရှုံးသွားလိမ့်မည်ဟု ထင်မထားမိချေ။ ထို့အပြင် တစ်ချက်တည်းဖြင့် ရှုံးနိမ့်သွားခြင်း ဖြစ်သည်။ ရှုံးနိမ့်သွားပုံက ရိုးစင်းလွန်းသည်။

“မင်းက ဘယ်သူလဲ”

သွမ့်မူယန် ဒေါတသကြီး အော်ဟစ်နေသည်။ သူ အလွန်အမင်း ရူးမတတ် ဖြစ်နေ၏။ သူ မယုံနိုင်ပါ၊ မယုံသည်ထက် လက်မခံနိုင်သည်က ပိုမှန်ပေသည်။

ဝမ်ကောဖူ၌ သူ၏ အားပြင်းသော လက်သီးချက်ကို ခုခံနိုင်သူ မရှိပါ။ ထို့ကြောင့်ပင် သူ၏ ခွန်အားကို အလွန် ယုံကြည်မှုရှိနေခြင်း ဖြစ်သည်။ သို့သော် ယနေ့အခါ၌ ယဲ့ဖန်က သူ၏ မာနကို နင်းချသွားခဲ့သည်။

သူသည် အသန်မာဆုံး ခန္ဓာကိုယ်ရှိသူဟု ကျော်ကြားသော်လည်း သူ့အရှေ့မှလူက လက်သီး တစ်ချက်တည်းဖြင့် သူ့အရိုးများကို ပျက်စီးစေသည်။ ဤသည်ကို သူ မည်သို့ လက်ခံနိုင်ပါမည်နည်း။

ယဲ့ဖန်သည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ခြင်းဖြစ်သော်ငြားလည်း သူ့ရှေ့သို့ ချက်ချင်း ရောက်လာသည်။ သူ၏ မျက်လုံးများက ခံစားချက်ကင်းမဲ့နေပြီး ထည်ဝါသော ကိုယ်နေဟန်ထား ရှိနေကာ ခက်ထန်စွာ အော်ငေါက်လိုက်သည်။

“ဒူးထောက်စမ်း”

ပြင်းထန်သော ဖိအားက သွမ့်မူယန်ပေါ်သို့ တောင်တစ်လုံးသဖွယ် ပိကျလာ၏။ သွမ့်မူယန် ဒူးနှစ်ဘက်လုံး ကွေးသွားပြီး ကြမ်းပြင်နှင့် ဒူးခေါင်းသို့ အရှိန်ဖြင့် ပစ်တိုက်ကျသွားလေသည်။

သူ့မျက်လုံးတွင် ကြောက်လန့်စိတ် ပြည့်နှက်နေကာ သူ့မျက်စိရှေ့မှ မြင်ကွင်းကို လက်မခံနိုင် ဖြစ်နေလေသည်။

သူသည် နဂါးအသွင်ပြောင်းခြင်းအဆင့် တစ်ယောက်ထံ၌ ဒူးထောက်ရန် ဖိအားပေးခံနေရပြီး ပြန်တိုက်ရန်လည်း အင်အားမဲ့နေ၏။

*ပြန်မတိုက်နိုင်ပါလား*

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

*သူက ဘုရင်အဆင့်လေ*

ဘေးလူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာသည်။ လူတိုင်း လည်ချောင်းထဲ၌ တစ်စုံတစ်ရာ တစ်ဆို့နေသကဲ့သို့ အသံပင် မထွက်နိုင်ချေ။

သွမ့်မူယန် ပြန်ထရန် ကြိုးစားလေသည်။ သူသည် ဝမ်ကောဖူ၌ နာမည်ကျော် ပါရမီရှင်ဖြစ်ပြီး ကိုယ်ကာယ၌ အသန်မာဆုံးသူအဖြစ် ကျော်ကြားသူ ဖြစ်ပေသည်။ သူ ဘယ်လိုလုပ် ဒူးထောက်နိုင်ပါမည်နည်း။

ထို့နောက်တွင်မူ သူ၏ ခန္ဓာကိုယ်မှ ထူးဆန်းသော အသံ ထွက်ပေါ်လာပြီး သူ၏ အရိုးများသည် ဖိအားကို တောင့်မခံနိုင်သကဲ့သို့ တုန်ယင်လာ၏။

ထို့နောက် သူ တဖြည်းဖြည်း ထရပ်လိုက်သည်။ တစ်ပေ၊ နှစ်ပေ၊ ထို့နောက်တွင်မူ သူ ခါးမတ် လာသည်။ ဤရိုးရှင်းသော လှုပ်ရှားမှုအား ပြုလုပ်ရန် သူ ငါးမိနစ်နီးပါး အချိန်ယူလိုက်ရသည်။ သူ ထိုသို့လုပ်နိုင်ပြီးသည်နှင့် ကျောတွင် ချွေးစေးများဖြင့် စိုရွှဲလာသည်။

“ဝေါ့”

သူ ဆက်တိုက် သွေးအန်နေလာရသည်။ လက်ရှိတွင် သူတို့နှစ်ယောက်ကြားမှ ခြားနားမှုက မည်မျှ သိသာနေကြောင်းကို လူတိုင်း သိမြင်သွားသည်။

ယဲ့ဖန်က သွမ့်မူယန်ကို အမှန်တကယ် အနိုင်ပိုင်သွားလေသည်။ သူ၏အဖြစ်ကိုကြည့်ပြီး ယဲ့ဖန်က သရော်ပြုံး ပြုံးလိုက်သည်။

“ငါ မင်းကို ဒူးထောက်လို့ ပြောနေတယ်လေ”

“ဒုန်း”

ဖိအားက တစ်ဟုန်ထိုး မြင့်တက်လာပြီး သွမ့်မူယန် ကြမ်းပြင်သို့ ဒုန်းခနဲ ပစ်ကျသွားသည်။

“အား”

သူ့ထံမှ စူးရှသော အော်သံ ထွက်ပေါ်လာသည်။ တောင်တစ်လုံး သူ့ပေါ် ပိကျလာသည်ဟု ခံစားမိကာ တစ်ကိုယ်လုံး ကြေမွလုနီးပါး ဖြစ်နေသည်ဟု ထင်မှတ်မှားရသည်။ ဝေဒနာက သူ့အား ရူးမတတ် ဖြစ်စေသည်။

ဖန့်ရှန်ယွီ သွေးပျက်ကာ တစ်ကိုယ်လုံး တုန်ယင်လာ၏။

*သွမ့်မူယန်တောင်မှ ရှုံးသွားတာလား*

“မင်း မာနကြီးနေခဲ့တာ မဟုတ်ဘူးလား”

ယဲ့ဖန်က သွမ့်မူယန်ကို အထင်သေးစွာ ငုံ့ကြည့်၍ သူ့ခေါင်းကို နင်းလိုက်သည်။

“အခု ငါ့ကို တောင်းပန်”

သွမ့်မူယန် အံကြိတ်၍ ပြန်အော်လိုက်သည်။

“ငါ ဘယ်သူလဲ မင်းသိလား၊ ငါက ယွိကျဲ့နယ်မြေရဲ့ အရှင်သခင် ဧကရာဇ် သွမ့်မူရဲ့မြေးပဲ၊ မင်း ငါ့ကို သတ်လိုက်ရင် ယွိကျဲ့နယ်မြေတစ်ခုလုံးက မင်းကို အသာထားမှာ မဟုတ်ဘူး”

*ယွိကျဲ့နယ်မြေလား*

ထိုနာမည်ကိုကြားသော် ဆေးပညာရှင်တိုင်း အကြီးအကျယ် မျက်နှာပျက်သွားကြသည်။ ယွိကျဲ့နယ်မြေသည် နယ်မြေကောင်း မဟုတ်ပေ။ ၎င်းသည် နတ်ဆိုးများနှင့် မိစ္ဆာများ စုဝေးနေသော နေရာဖြစ်ပြီး မကောင်းမှုမှန်သမျှ ပြုလုပ်သော နေရာဖြစ်သည်။ ယင်းသည် တစ်လောကလုံး သွေးချောင်းစီးစေခဲ့ပြီး မရေတွက်နိုင်သော လူများစွာကို သတ်ခဲ့သဖြင့် ကြောက်စရာကောင်းလှသည်။

နတ်ဘုရင်အဆင့်တစ်ယောက်၊ သူတော်စင်သခင်အဆင့် ရှစ်ယောက်၊ ဘုရင်အဆင့် ကိုးဆယ့် သုံးယောက်နှင့် မရေတွက်နိုင်သော နဂါးအသွင်ပြောင်းခြင်းအဆင့်များနှင့် ဈာန်ဝင်စားခြင်း အဆင့်များ။

ယင်းသည် ယွိကျဲ့နယ်မြေ၏ အောင်မြင်မှုမှတ်တမ်းဖြစ်ကာ ထိုသိုင်းပညာရှင်များအား ငရဲသို့ ဆွဲချခဲ့သည်။

နောက်ဆုံးတွင် တစ်ကမ္ဘာလုံးဆိုင်ရာ အဖွဲ့အစည်းက စစ်သည်တော်များ အတူတကွ စေလွှတ်လိုက်မှသာ ယွိကျဲ့နယ်မြေကို နှိမ်နင်းနိုင်ခဲ့သည်။

သို့သော် နိုင်ငံပေါင်းစုံ၏ အင်အားကို ပေါင်းစည်းခဲ့သော်ငြားလည်း သူတို့ကို အမြစ်ဖြတ် မသုတ်သင်နိုင်ဘဲ သူတို့အား ထပ်မံ၍ မသောင်းကျန်းအောင်သာ ဖိနှိပ်နိုင်ခဲ့သည်။

ယွိကျဲ့နယ်မြေသည် လူရမ်းကား အဖွဲ့အစည်းတစ်ခုလိုပင်။ သူတို့သည် အချိန်အားလျော်စွာ လောကကို ဝင်နှောင့်တတ်သော်လည်း ယခုထက်ထိ မည်သူမှ မတားနိုင်သေးချေ။

ထို့အပြင် သမိုင်းမှတ်တမ်းများအရ ယွိကျဲ့နယ်မြေသည် နိုင်ငံပေါင်းစုံ ဝိုင်းတိုက်ခဲ့သည့် အချိန်မှလွဲ၍ တစ်ခါမှ မရှုံးဖူးချေ။

ထို့အတူ ယွိကျဲ့နယ်မြေ၏ အရှင်သခင် ဧကရာဇ်သွမ့်မူသည် နှစ်တစ်သောင်းအတွင်း မွေးဖွား လာသည့် မဟာနတ်ဆိုးဟု ကျော်ကြားလေသည်။

နှစ်နှစ်ထောင်တည်းနှင့် သူသည် နတ်ဘုရင်အဆင့်အား တက်လှမ်းနိုင်ခဲ့သလို နတ်ဆိုး မိစ္ဆာများကို လွှမ်းမိုးကာ သူတို့အား ဦးညွှတ်လာအောင် လုပ်အာ ခွေးသဖွယ်၊ မြင်းသဖွယ် အမှုထမ်းလာအောင် ပြုလုပ်နိုင်ခဲ့သည်။

သန်မာသည်ဟုသော စကားလုံးနှင့်ပင် သူ့အား မဖော်ပြနိုင်ဘဲ ကြောက်စရာကောင်းသည်ဟုပင် ခေါ်ရပေမည်။ ဤသွမ့်မူယန်က ထိုဧကရာဇ် သွမ့်မူ၏ မြေးဖြစ်နေသည်တဲ့လား။

ထိုစကားကိုကြားသော် ဖန့်ရှန်ယွီ အားပါးတရ ပြုံးလိုက်မိသလို စိတ်လှုပ်ရှားကာ ထခုန်မိမတတ် ဖြစ်သွားရသည်။

အစက သူ သေရလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း မထင်မှတ်ဘဲ သူ့အသက်ကို ကယ်နိုင်မည့် မျှော်လင့်ချက်ကို ရှာတွေ့ခဲ့လေပြီ။

ဧကရာဇ်သွမ့်မူ၏ မြေး၊ ထိုဂုဏ်ပုဒ်တစ်ခုတည်းနှင့်ပင် ကျုံးကျိုးအင်ပါယာတစ်ခုလုံးက မည်သူမှ သွမ့်မူယန်၏ ဆံပင်ကို ထိရဲမည် မဟုတ်ပါ။

“အဲ့တော့ မင်းက တောင်းပန်မှာလား၊ မတောင်းပန်ဘူးလား”

သို့သော် ယဲ့ဖန်က မကြားလိုက်သကဲ့သို့ အေးစက်စွာ မေးမြဲမေးလေသည်။ ထိုအခါ လူတိုင်း ကြက်သေ သေသွားကြသည်။

*ဒီလူ သွမ့်မူယန် ပြောလိုက်တာကို မကြားဘူးလား*

*သူက ယွိကျဲ့နယ်မြေ အရှင်သခင်ရဲ့ မြေးလေ*

*မင်းသာ သူ့ကိုသတ်ရဲရင် ဝမ်ကောဖူကတောင်မှ မင်းကို ဘေးကင်းအောင် ထားနိုင်မှာ မဟုတ်ဘူး*

*ဒီလူ အရေးကိုမလုပ်တာလား*

“ငါ ပြောတာကို မင်း သေချာမကြားဘူးလား၊ ငါက ဧကရာဇ်သွမ့်မူရဲ့ မြေးလို့ ပြောနေတယ်လေ”

သွမ့်မူယန်က ယဲ့ဖန် နားကြားမှားနေသည်ဟု သေချာပေါက် ထင်မှတ်နေ၏။ သူ၏နောက်ခံကို သိသွားလျင် မည်သူမှ သူ့ကို မထိရဲပါ။

တစ်လောကလုံးက သူ့အဘိုးကို ကြောက်လန့်ကြသည်။ ယဲ့ဖန်က အဘယ်ကြောင့် မကြောက်ရသနည်း။

“ငါ ကြားသားပဲ၊ အဲ့သဘောက မင်း ငါ့ကို မတောင်းပန်ဘူးဆိုတဲ့ သဘောပဲလေ ဟုတ်တယ် မလား”

ယဲ့ဖန်၏ မျက်လုံးက ပို၍ အေးစက်လာပြီး သူ့တစ်ကိုယ်လုံးမှ လူသတ်ချင်‌သော အငွေ့အသက်က မြင့်တက်လာသည်။

“ဖုန်းယဲ့ စိတ်လိုက်မာန်ပါ မလုပ်နဲ့၊ ဧကရာဇ်သွမ့်မူက ဒီလောကမှာ ပြိုင်ဘက်ကင်းတဲ့ နတ်ဆိုးပဲ၊ သူက နတ်ဘုရင်အဆင့်ကိုတောင် သတ်နိုင်တာ၊ ဒေါသနဲ့ မဆင်မခြင် မလုပ်နဲ့”

လင်းဝူယာ ချက်ချင်း သတိပေးလိုက်မိသည်။ ယဲ့ဖန်က သွမ့်မူယန်ကို သတ်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မိသော်လည်း တစ်ဖက်လူ၏ နောက်ခံက ကြီးလွန်းနေ၏။

ဧကရာဇ်သွမ့်မူ ထိုစကားလုံးက ကြားလိုက်ရုံနှင့် ကြောက်လန့်စေသည်။ ထိုစကားလုံးက ငိုနေသော ကလေးကိုပင် အငိုရပ်စေ၏။ သူတို့လိုလူက မည်သို့ ရန်စရဲမည်နည်း။

ယဲ့ဖန်က သွမ့်မူယန်ကို တကယ် သတ်လိုက်လျင် ဝမ်ကောဖူတောင်မှ သူ့အား ဘေးကင်း နိုင်အောင် လုပ်ပေးနိုင်မည် မဟုတ်ပါ။

“မင်း မြင်လား၊ မင်းမိတ်ဆွေကတောင် ရပ်ဖို့ အကြံပေးနေပြီ၊ သူ ပြောတာကို နားထောင်လိုက်တာ ပိုကောင်းတယ်၊ ငါ့နောက်ခံက မင်း တွေးနိုင်တဲ့အရာ မဟုတ်ဘူး၊ မင်း ငါ့ကို ဆံပင်တစ်ချောင်းဘဲ ထိကြည့်လိုက်၊ ကျုံးကျိုး အင်ပါယာတစ်ခုလုံး ပြာကျသွားမယ်”

သွမ့်မူယန် ရုတ်တရက် သရော်လိုက်ပြီး ယဲ့ဖန်အား လွှမ်းမိုးနိုင်သူသဖွယ် ကြည့်လိုက်သည်။ ယဲ့ဖန်က သေချာပေါက် သဘောတူလိမ့်မည်ဟု ထင်နေပုံရသည်။

*ဘယ်သူက ကိုယ့်အသက်ကိုယ်ရင်းမည်နည်း*

“အဲ့တော့ မင်း ရွေးချယ်ပြီးပြီပေါ့”

ယဲ့ဖန် ခေါင်းခါလိုက်ပြီး သွမ့်မူယန်၏ ခေါင်းကို ခြေထောက်ဖြင့် ထပ်နင်းလိုက်သည်။

“မင်း”

သွမ့်မူယန် မျက်လုံးပြူးသွားပြီး မျက်နှာတစ်ခုလုံး ထိတ်လန့်ကာ ဖြူရော်နေ၏။ ယဲ့ဖန်က သူ့ကို သတ်ရဲလိမ့်မည်ဟု ထင်မထားမိချေ။

*ဒီလူ ရူးနေတာလား*

“ဂျွတ်”

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်၌ သွမ့်မူယန်၏ ဦးခေါင်းသည် ယဲ့ဖန်၏ ခြေထောက်အောက်တွင် ကြေမွသွားကာ ဦးနှောက်ပင် အပြင်ထွက်လာ၏။

ဖရဲသီးတစ်လုံးသဖွယ် ခြေထောက်ဖြင့် နင်းချေခံလိုက်ရလေပြီ။ သွေးထွက်သံယို များ၍ ရက်စက်လွန်းသည်။

ယဲ့ဖန်ပေါ်သို့ ကြောက်လန့်သော အကြည့်များ ကျရောက်လာသည်။ အားလုံး၏ စိတ်က အချိန်အတော်ကြာသည်အထိ မတည်ငြိမ်သေးဘဲ ဤအဖြစ်အား အမှန်တရားဟု မယုံနိုင်သေးပေ။

*သူ သွမ့်မူယန်ကို တကယ် သတ်လိုက်တာလား*

*ဧကရာဇ်သွမ့်မူရဲ့မြေးကို သတ်လိုက်တာလေ*

*သူတော့ ယွိကျဲ့နယ်မြေတစ်ခုလုံးရဲ့ ရန်သူ ဖြစ်လာတော့မှာပဲ*

*အရူး*

*ဒီလူ ရူးနေပြီ*

*ဒီအပြုအမူက လက်မခံနိုင်စရာပဲ၊ ဒါ သေတွင်းတူးနေတာ*

လူတိုင်း ရင်တုန်နေကာ ကောင်းကင် ပေါက်ပြဲသွားသည်ကို မြင်လိုက်ရသကဲ့သို့ ထိတ်လန့် နေကြသည်။

*ဒီလူ ဘာလုပ်နေမှန်းရော သိရဲ့လား*

သူ၏ အပြုအမူကြောင့် ကျုံးကျိုး အင်ပါယာတစ်ခုလုံး သွေးမြေကျကာ အုတ်အော်သောင်းနင်း ဖြစ်ပေတော့မည်။

“အခု မင်းအလှည့်ပဲ”

ထို့နောက် ယဲ့ဖန်က တစ်ဖက်ရှိ ဖန့်ရှန်ယွီအား လူသတ်ချင်စိတ် အပြည့်ဖြင့် လှည့်ကြည့် လာသည်။

“မင်း ဘာလုပ်ချင်တာလဲ၊ ငါ မင်းကို သတိပေးနေတယ်နော်၊ ပြဿနာ မရှာနဲ့၊ ငါက အခု ကျုံးကျိုး အင်ပါယာကို ကိုယ်စားပြုပြီး နိုင်ငံခြားက ဆေးပညာရှင်နဲ့ ယှဉ်ပြိုင်မယ့်လူ၊ မင်း ငါ့ကို တစ်ခုခု လုပ်လိုက်ရင် ဆေးဆိုင်က မင်းကို ဒီအတိုင်း ထားမှာ မဟုတ်ဘူး”

ဖန့်ရှန်ယွီ ချွေးပြန်နေသည်။ သူ ထိုသို့ပြောလိုက်ချိန်တွင် တုန်ယင်နေပြီး အသံက ငိုသံပင် ပေါက်ချင်နေ၏။

သူ အမှန်တကယ် ကြောက်လန့်နေပြီး ခြေထောက်များ မခိုင်တော့ဘဲ ပေါင်ခြံပင် စိုရွှဲတော့မည်ဟု ခံစားနေရသည်။

သွမ့်မူ ဧကရာဇ်၏ မြေးကိုတောင်မှ ယဲ့ဖန်ကို အရေးမစိုက်ခဲ့သေးသည်ပဲ။ သူ ဤသို့ ပြောလိုက်လျင် ယဲ့ဖန်က သူ့ကို သက်ညှာပေမည်လော။

ထိုအခိုက်တွင် ယဲ့ဖန်က အလွန် အေးစက်သော အမူအရာနှင့် သူ့လည်ပင်းကိုညှစ်ကာ လေထဲသို့ မြှောက်လိုက်သည်။

ဆေးပညာရှင်များအားလုံး ပွက်လောရိုက်သွားသည်။

*ဒီနတ်ဆိုးက သူ့ဒေါသအတိုင်း သတ်တော့မှာလား*

*ဖန့်ရှန်ယွီကိုတောင် သတ်တော့မယ်လား*

“ငါ့ကို မသတ်ပါနဲ့”

ဖန့်ရှန်ယွီ ခက်ခက်ခဲခဲ ပြောလိုက်ရသည်။ သူ တဖြည်းဖြည်း အသက်ရှူရကြပ်လာပြီး မျက်နှာက ခရမ်းရောင်သန်းလာကာ အသက်ရှူကြပ်ကာ သေတော့မည်ပုံပင်။

ယဲ့ဖန်က ဖန့်ရှန်ယွီကို စိုက်ကြည့်၍ ပြုံးလိုက်သည်။

“ဆေးပညာရှင်တစ်ယောက် အနေနဲ့ မင်း အခြားသူတွေရဲ့ အသက်ကို ကယ်နိုင်တယ်၊ အခု မင်းအသက်ကို မင်း ကယ်နိုင်လား”

All Chapters