← Chapters

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း ၃၀၁

Vol. 31 Ch. 301

အခန်း (၃၀၁)

" မင်းဘယ်သူလဲ။ " လုံကျန်းက မျက်နှာပျက်သွားပြီး ချက်ချင်း လှည့်ကြည့်လိုက်သည်။ " ကျောက်ဖုန်းလား။ "

" ဘာလဲ။ ငါ့ကို မြင်ရတာ အရမ်းထူးဆန်းသွားတာလား။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။

" မဖြစ်နိုင်ဘူး။မင်းက မြိ​ြ့ထဲကို ရှေ့ဆ့်ုးက ဝင်သွားတာပဲ။ ဘယ်လိုလုပ် အသက်ရှင်လျက် ပြန်ထွက်လာနိုင်တာလဲ။ " လုံကျန်းက အလွန်တုန်လှုပ်သွားပြီး မယုံကြည်နိုင်ဖြစ်နေသည်။

ကျောက်ဖုန်းက မီးပင်လယ်ထဲတွင် သေဆုံးသွားသည်ဟု သူ ထင်ခဲ့သော်လည်း ကျောက်ဖုန်းက အသက်ရှင်လျက် ပြန်ပေါ်လာသောအခါ သူ ထုတ်ပြခဲ့သော သူရဲကောင်းဆန်သော အရှိန်အဝါက လုံးဝ ပျက်စီးသွားခဲ့သည်။

" မြို့ကို မီးရှို့ဖျက်ဆီးတာက တကယ် ကောင်းတဲ့ ​ဗျူဟာတစ်ခုပဲ။ ဒါပေမယ့် မင်းက ကိုယ့်ကိုကိုယ် ယုံကြည်မှုလွန်ကဲနေတယ်။ ငါ ကျောက်ဖုန်းက နောက်ဆုတ်လို့ရတာ မသိဘူးလို့ မင်းထင်နေတာလား။ မင်း မြို့ကို မီးရှို့လိုက်တဲ့အချိန်မှာ ငါက ယန်ကောင်းမြို့ကနေ ဆုတ်ခွာပြီးပြီ။ မြို့ထဲမှာ လောင်ကျွမ်းသွားတာက မင်းရဲ့ ဝေစစ်သည်တွေပဲ။ " ကျောက်ဖုန်းက အေးစက်စွာ ပြုံး၍ ပြောလိုက်သည်။

ထိုစကားများကို ကြားလိုက်ရသောအခါ လုံကျန်းက မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မြင်းပေါ်ကနေ ပြုတ်ကျလုနီးပါး ဖြစ်သွားသည်။

" မဖြစ်နိုင်ဘူး။ ဒါ မဖြစ်နိုင်ဘူး။ မင်းဘယ်လိုလုပ် မင်းရဲ့ စစ်တပ်ကို အပြင်ထုတ်သွားနိုင်တာလဲ။ " လုံကျန်း၏ မျက်လုံးများထဲတွင် နာကျည်းမှုများ ပြည့်နှက်နေသည်။

မြို့ကို မီးရှို့ခြင်းက ကျောက်ဖုန်းကို ထောင်ချောက်ဆင်ရန် မအောင်မြင်ခဲ့ရုံသာမက ချင်စစ်တပ်ကိုလည်း မချေမှုန်းနိုင်သည့်အပြင် မြို့ထဲမှ ဝေစစ်သည်တစ်သိန်းနီးပါးကို မီးလောင်တိုက်သွင်းခဲ့သည်။

ကျောက်ဖုန်းက နောက်ထပ်စကားမပြောတော့ဘဲ လုံချွမ်ဓားကို ဖြည်းညင်းစွာ ပြောလိုက်သည်။

" တစ်ယောက်မှ အသက်ရှင်မချန်နဲ့။ "

ချင်မြင်းစစ်သည်များက ထိန်းချုပ်ခြင်းမရှိဘဲ အရှေ့ကို အလုံးအရင်းနှင့် တိုးဝင်တိုက်ခိုက်လိုက်ကြသည်။

" သေတဲ့အထိတိုက်ကြ။ " လုံကျန်းက အော်ဟစ်လိုက်ပြီး မြင်းကို ကျောက်ဖုန်းဆီသို့ မောင်းနှင်လိုက်သည်။

ကျောက်ဖုန်း၏ လက်ထဲတွင် မြှားတစ်စင်းရှိနေသည်။ သူက မြားထဲသို့ ချီစွမ်းအားများ ဖြည့်တင်းပြီး သာမန်အတိုင်း ပစ်လွှတ်လိုက်သည်။ ကျောက်ဖုန်း၏ ကြောက်စရာကောင်းသော စွမ်းအားအောက်တွင် ထိုမြားက အစွမ်းထက်သော လေးတစ်လက်မှ ပစ်လွှတ်လိုက်သကဲ့သို့ လေထုကို ချက်ချင်း ထိုးဖောက်သွားသည်။ မြားက လုံကျန်း၏ ချပ်ဝတ်နှင့် ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။

"ဝေနိုင်ငံ၏ စစ်သေနာပတိချုပ်ကို သတ်ဖြတ်ပြီး စွမ်းရည်အားလုံး ၁၀၀ မှတ် ရရှိပါတယ်။ "

ချင်မြင်းစစ်သည်များက ဝန်းရံလာပြီး ကျန်ရှိသော ဝေစစ်သည်များကို တိုက်ရိုက်ရှင်းလင်းလိုက်ကြသည်။ ယန်ကောင်းမြို့တိုက်ပွဲက သုံးရက်တောင် မပြည့်ခဲ့ဘဲ ပြီးဆုံးသွားခဲ့သည်။

စစ်ရထားပေါ်တွင် ကျောက်ဖုန်းက ခန့်ညားစွာ ရပ်နေပြီး ဘေးမှမြင်းစီးစစ်သည်များကို ဝေ့ကြည့်လိုက်သည်။

" စစ်သည်တို့ ဒီနေ့တိုက်ပွဲမှာ မင်းတို့ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ အခု ငါမင်းတို့ကို ပေးထားတဲ့ ကတိကိုလည်း ဖြည့်ဆည်းပေးမယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ပြောလိုက်သည်။

" စစ်တရားသူကြီး " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" ရှိပါတယ်။ " ခွိုက်ဖုက ချက်ချင်း မြင်းစီးထွက်လာသည်။

" တိုက်ပွဲရဲ့ စစ်ရေးစွမ်းဆောင်မှုတွေကို အမြန်တွက်ချက်လိုက်။ ဝူအန်းစခန်းက ရန်သူကို သတ်နိုင်တဲ့ အထူးစစ်သည်တွေကို စွမ်းဆောင်မှုအလိုက် ရာထူးတိုးပေးရမယ်။ ရန်သူကို သတ်နိုင်တဲ့ အပြစ်သားတပ်ဖွဲ့က စစ်သည်တွေကို သူတို့ရဲ့ ကျွန်အဆင့်အတန်းကနေ လွတ်မြောက်ခွင့်ရမယ်။ သူတို့ကို ချင်ရဲ့ စစ်သည်တွေအဖြစ် ပြောင်းလဲပြီး နှစ်စဉ်လစာကို ခံစားခွင့်ရမယ်။ ရန်သူခြောက်ယောက်ကို သတ်နိုင်တဲ့ အပြစ်သားတပ်ဖွဲ့က စစ်သည်တိုင်းကို ရာထူးတစ်ဆင့်တိုးပေးမယ်။ ဒီကိစ္စကို အမြန်ဆုံး အကောင်ထည်ဖော်လိုက်ပါ။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " ခွိုက်ဖုက ကျယ်လောင်စွာ ပြန်ပြောလိုက်သည်။

ကျောက်ဖုန်း၏ စကားဆုံးသွားသည်နှင့် မြင်းစီးတပ်ဖွဲ့ထဲမှ လက်နက်ချစစ်သည်အားလုံးက စိတ်လှုပ်ရှားသွားကြသည်။ အထူးသဖြင့် ရန်သူများကို သတ်နိုင်ခဲ့သူများဖြစ်သည်။ ကျွန်ဘဝမှ လွတ်မြောက်ပြီး သာမန်စစ်သည်များဖြစ်လာခြင်းက သူတို့အတွက် အသစ်ပြန်လည်မွေးဖွားလာသကဲ့သို့ ဖြစ်သည်။

" စစ်သေနာပတိချုပ် သက်တော်ရာကျော်ရှည်ပါစေ။ "

" စစ်သေနာပတိချုပ်နောက်ကို သေတဲ့အထိ လိုက်ဖို့ သစ္စာပြုတာတယ်။ "

အပြစ်သားတပ်ဖွဲ့မှ စစ်သည်များက သူတို့၏ လက်နက်များကို မြှောက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ စိုးရိမ်မှုများက ပျောက်ကွယ်သွားခဲ့ပြီး သူတို့၏ သစ္စာရှိမှုက ခိုင်မာသွားခဲ့သည်။

" ကျန်းဟန် " ကျောက်ဖုန်းက ခေါ်လိုက်သည်။

" အမိန့်ရှိပါ။ " ကျန်းဟန်က ချက်ချင်း ပြန်ပြောလိုက်သည်။

" ယန်ကောင်းမြို့က ကျိုးပေါက်သွားပြီ။ သူတို့ရဲ့ စစ်သည်တစ်သိန်းခွဲစစ်တပ်ကြီးကလည်း ပျက်စီးလုနီးပါး ဖြစ်သွားပြီ။ ငါတို့စစ်တပ်က ဒီအရှိန်ကို ယူပြီး ဆက်တိုက်ရမယ်။ ဝေမြို့တွေ ဘာသတင်းမှ မရခင် မင်း မြင်းတပ်ဖွဲ့ကို ဦးဆောင်ပြီး တောင်ဘက်ကို အမြန်ဆုံးသွားပါ။ မြို့တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်ပါ။ ဒီဝေစစ်သည်အလောင်းတွေက ချပ်ဝတ်တွေကိုလည်း အသုံးချလို့ရတယ်။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းဟန်က ပြန့်ကျဲနေသော အလောင်းများကို ကြည့်ပြီး ချက်ချင်း နားလည်သွားသည်။

" တုဆွေနဲ့ လီယောင်ကိုလည်း မူလလမ်းကြောင်းအတိုင်း ခွဲပြီး ရှေ့တက်ခိုင်းလိုက်။ ငါတို့ စစ်တပ်သုံးခုက လမ်းကြောင်းသုံးခုအတိုင်း ချီတက်မယ်။ ဝေရဲ့ မြို့တော်ကို တိုက်ခိုက်ဖို့ အမြန်ဆုံး ရှေ့တိုးသွားမယ်။ " ကျောက်ဖုန်းက ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကျန်းမင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

" စစ်တရားသူကြီးခွိုက် တိုက်ပွဲအစီရင်ခံစာကို ရှန်းယန်ကို ​ပို့လိုက်ပါ။ အရှင်မင်းကြီးက ဒီအောင်ပွဲကို စောင့်မျှော်နေတာ ကြာပြီ။ " ကျောက်ဖုန်းက ခွိုက်ဖုကို ပြုံး၍ ကြည့်လိုက်သည်။

" သေချာတာပေါ့။ " ခွိုက်ဖုကလည်း စိတ်လှုပ်ရှားသော အမူအရာဖြင့် ပြောလိုက်သည်။

ထို့နောက် ကျောက်ဖုန်းက လက်ဝှေ့ရမ်းလိုက်ပြီး ရထားလုံးက လျင်မြန်စွာ မောင်းထွက်သွားသည်။

" စစ်သည်တို့ ဝေစစ်သားတွေရဲ့ ချပ်ဝတ်တွေကို အကုန်လုံးချွတ်လိုက်။ ပြီးတော့ အလောင်းတွေကိုလည်း သေချာအောင် လုပ်ခဲ့ဦး။ ဒီတိုက်ပွဲမှာ ဘယ်သူမှ အသက်ရှင်မကျန်စေနဲ့။ " ကျန်းဟန်က ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " စစ်သည်တိုင်းက ချက်ချင်း ပြန်ပြောလိုက်ကြသည်။

ဝေနိုင်ငံ၊ ဟဲလျိုမြို့။

" တိုက်ကြ။ " ဟွမ်ယိ​က မြို့ကို ဝန်းရံတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။

ချင်စစ်သည်များက မြို့ဆီသို့ အရှိန်အဟုန်ဖြင့် ချီတက်သွားကြသည်။ မြို့သိမ်းတိုက်ပွဲဆိုသည်မှာ သေရေးရှင်ရေးတိုက်ပွဲတစ်ခုဖြစ်ပြီး အသက်ပေါင်းများစွာ ပေးဆပ်ရသည်။ မရေတွက်နိုင်သော ကျောက်တုံးများ ကျဆင်းလာပြီး မြားမိုးများ ရွာချနေသော်လည်း ဝေ၏ ခုခံမှုကို ထိုးဖောက်၍ မရသေးပေ။

ဝေဝူကျိက နှစ်နှစ်အတွင်း အစီအစဉ်များ ချမှတ်ထားခဲ့သည်။ ယွင်ကျုံးမြို့တွင် တပ်စွဲထားသော ကျောက်ဖုန်းအတွက်သာမက ဟွမ်ယိကိုလည်း သေချာလေ့လာပြီး မည်သို့ ပြန်လည်တိုက်ခိုက်ရမည်ကို ကောင်းကောင်း ပြင်ဆင်ထားခဲ့သည်။ ဟဲလျိုမြို့တွင် ဝေဝူကျိ ရွေးချယ်ထားသော စစ်သူကြီး စောင့်ကြပ်နေရုံသာမက ယခုအခါ သူကိုယ်တိုင်လည်း မြို့ထဲတွင် ရှိနေပြီဖြစ်သည်။

" အရှင် ချင်စစ်တပ်ရဲ့ တိုက်စစ်က အရမ်းပြင်းထန်ပါတယ်။ ကျွန်တော်တို့ စစ်သည်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်အရ တောင့်ခံထားဖို့ မဖြစ်နိုင်ပါဘူး။ ဖြစ်နိုင်တာက ကျွန်တော်မျိုးတို့ အဲ့ဒီအစီအစဉ်ကို တကယ် အကောင်အထည် ဖော်ရတော့မယ်ထင်တယ်။ " ဖန်ဝူက လေးနက်စွာ ပြောလိုက်သည်။

" စစ်သူကြီးဖန်ဝူ။ " ဝေဝူကျိက ရှေ့တိုးလာနေသော ချင်စစ်တပ်ကို တည်ငြိမ်စွာ ကြည့်ပြီး ပြောလိုက်သည်။

" အမိန့်ပေးပါ အရှင် " ဖန်ဝူက ချက်ချင်း ပြန်ပြောလိုက်သည်။

" တစ်လ " ဝေဝူကျိက လေးနက်စွာ ပြောလိုက်သည်။ " မင်း တစ်လပဲ တောင့်ခံထားဖို့ လိုအပ်တယ်။ တစ်လပြည့်ပြီးရင် အဲ့ဒီအစီအစဉ်ကို လုပ်ပြီး အတူတူ သေကြတာပေါ့။ "

" ကျွန်တော် အစွမ်းကုန် ကြိုးစားပါမယ်။ " ဖန်ဝူက ချက်ချင်း ဦးညွှတ်လိုက်သည်။

" မင်း အစွမ်းကုန် ကြိုးစားဖို့မလိုဘူး။ " ဝေဝူကျိက ခေါင်းခါလိုက်သည်။ " မင်း တောင့်ခံထားကို ထားရမယ်။ ဒီတိုက်ပွဲမှာ ချင်က စခန်းနှစ်ခုကို လှုပ်ရှားလိုက်ပြီ။ ဟန်ကုဆိုတာ စခန်းဟောင်းတစ်ခုပဲ။ တစ်ချိန်က မဟာမိတ်ငါးနိုင်ငံက စစ်သည်တစ်သိန်းကျော်နဲ့ ချင်ကို တိုက်ခိုက်ခဲ့ဖူးတယ်။ ဒါပေမယ့် ဟန်ကုရဲ့ စစ်သည်သုံးသိန်းက သူတို့ကို ဟန့်တားခဲ့တယ်။ စခန်းတစ်ခုရဲ့ အင်အားနဲ့ နိုင်ငံငါးခုကို သူတို့ ခုခံနိုင်ခဲ့တယ်။ ပြီးတော့ ဟွမ်ယိက တိုက်ပွဲအတွေ့အကြုံများတဲ့ လူတစ်ယောက်ပဲ။ သူ့ကို မြို့ထဲမျှားခေါ်ဖို့ဆိုရင် ငါတို့ တောင်ပမခံနိုင်တော့ဘူးလို့ သူ ယုံကြည်သွားအောင် လုပ်ရမယ်။ ရည်ရွယ်ချက်ရှိရှိ လုပ်ပြနေတာမျိုး မဖြစ်ရဘူး။ "

" အဲ့လိုမှပဲ ဟန်ကုစခန်းကို ချေမှုန်းနိုင်လိမ့်မယ်။ ပိုပြီးအရေးကြီးတာက မြောက်ဘက်က တိုက်ပွဲပဲ။ ငါတို့ ဝေနိုင်ငံ ပျက်စီးမသွားအောင် ကာကွယ်ဖို့ဆိုရင် စခန်းတစ်ခုကို ငါတို့အနိုင်တိုက်ရမယ်။ ဝူအန်းစခန်းက ငါတို့ ဝေနိုင်ငံအတွက် အခွင့်အရေးပဲ။ တကယ်လို့ ငါတို့က ဒီတစ်လကို ကောင်းကောင်းအသုံးချနိုင်ခဲ့ရင် လုံကျန်းက ဝူအန်းစခန်းကို ဖျက်ဆီးပြီး မြောက်ဘက်ကို ဆက်ချီတက်နိုင်လိမ့်မယ်။ ဒါဆို ချင်ရဲ့ အန္တရာယ်ကို ဖြေရှင်းနိုင်လိမ့်မယ်။ " ဝေဝူကျိက လေးနက်စွာ ပြောလိုက်သည်။

၎င်းက ချင်ကို ခုခံရန် ဝေဝူကျိ သေချာပြင်ဆင်ထားသော နောက်ဆုံး​ဗျူဟာဖြစ်သည်။ အကယ်၍ အောင်မြင်ခဲ့လျှင် သူ၏ ဝေနိုင်ငံက ချင်စစ်တပ်ကို အနိုင်ယူပြီး နိုင်ငံကို ထိန်းသိမ်းထားနိုင်ပေလိမ့်မည်။ ၎င်းက သူ၏ နောက်ဆုံး ကြိုးစားမှုလည်း ဖြစ်သည်။

" အရှင် ကျောက်ဖုန်းက တကယ်ပဲ ရင်ဆိုင်ရလွယ်ကူပါ့မလား။ " ဖန်ဝူက တွန့်ဆုတ်စွာ မေးလိုက်သည်။

" ဟွမ်ယိနဲ့ ယှဉ်ရင်တော့ ကျောက်ဖုန်းက ရင်ဆိုင်ရလွယ်ကူကောင်း လွယ်ကူလိမ့်မယ်။ ငါတို့ဝေမှာ အခြားရွေးချယ်စရာမရှိဘူး။ " ဝေဝူကျိက သက်ပြင်းချလိုက်သည်။

All Chapters