အခန်း ၃၀၃
Vol. 31 Ch. 303
အခန်း (၃၀၃)
" စစ်သည် ၁၅၀၀၀၀ကို ချေမှုန်းဖို့ဆိုရင် ပုံမှန်အားဖြင့် ဆယ်ရက်ကနေ လဝက်လောက်ထိ တိုက်ခိုက်ရမှာပဲ။ ဒါပေမယ့် ကျောက်ဖုန်းက သူတို့ကို သုံးရက်အတွင်း ချေမှုန်းခဲ့တယ်။ သူ့ရဲ့ စစ်ရေးအောင်မြင်မှုက သံသယဝင်စရာမလိုပါဘူး။ ဒါက ဝေနိုင်ငံကို တိုက်ခိုက်တဲ့နေရာမှာ ပထမဆုံးအောင်မြင်မှုဖြစ်တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။
" အရှင်မင်းကြီးက အမြော်အမြင် ကြီးလှပါတယ်။ ဝူအန်းစခန်းက ဝေရဲ့ ကာကွယ်ရေးကို အရင်ဆုံး ထိုးဖောက်နိုင်ခဲ့တာက တစ်နိုင်ငံလုံး စစ်ဆင်ရေးကို လွှမ်းမိုးနိုင်စွမ်းရှိတယ်။ ပြီးတော့ ထိုက်တန်တဲ့ ဆုလာဘ်တွေ ချီးမြှင့်ဖို့ ကြီးမားတဲ့ အောင်မြင်မှုတစ်ခုပါပဲ။ " လီစီက ချက်ချင်း ထောက်ခံလိုက်သည်။
ယခု ကျောက်ဖုန်းက ကြီးမားသော အောင်မြင်မှုကို ရရှိခဲ့ပြီးဖြစ်ရာ သူ၏ သူ၏ သားကလည်း ဝူအန်းစခန်းတွင် စစ်ရေးစွမ်းဆောင်မှုကို ရရှိပေလိမ့်မည်။ ထို့ကြောင့် သူက ဝူအန်းစခန်းဘက်ကနေ ရပ်တည်ရန် ရွေးချယ်ခဲ့သည်။
" အမိန့်တော် ရေးမှန်စေ။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " ဝူအန်းရဲ့ စစ်သေနာပတိချုပ် ကျောက်ဖုန်းက ဝေစစ်သည် ၁၅၀၀၀၀ ကို ချေမှုန်းပြီး ဝေနယ်စပ်ကို ထိုးဖောက်နိုင်ခဲ့တယ်။ ကျောက်ဖုန်းကို ရှောက်ရှန့်ကျောက်အဖြစ် ဘွဲ့ထူးတစ်ဆင့် တိုးမြှင့်ပေးလိုက်တယ်။ ရွှေတစ်ထောင်၊ ငွေတစ်သောင်း၊ ကျောက်စိမ်းပစ္စည်းတစ်ရာ၊ အစေခံငါးရာတို့ကို ချီးမြှင့်လိုက်တယ်။ " ရင်ကျန့်၏ အသံက ခန်းမတစ်ခုလုံး ဟိန်းထွက်သွားသည်။
ကျောက်ဖုန်းကို ၁၅ ဆင့်မြောက်ဘွဲ့ထူးဖြစ်သော ရှောက်ရှန့်ကျောက်သို့ တိုးမြှင့်ပေးလိုက်ခြင်း ဖြစ်သည်။ ၎င်းက မုန့်ဝူ၊ ဟွမ်ယိတို့နှင့် တစ်ဆင့်တည်းဖြစ်ပြီး ဝမ်ကျန့်ထက် တစ်ဆင့်သာ နိမ့်တော့သည်။ ထိုဘွဲ့ထူးတိုးမြှင့်ခြင်းက ကျောက်ဖုန်း၏ စစ်သေနာပတိချုပ် ရာထူးကို ခိုင်မာသွားစေခဲ့ပြီဖြစ်သည်။
" အရှင်မင်းကြီးက အခု ဝေနိုင်ငံက မပျက်စီးသေးတဲ့အချိန်မှာ ကြီးမားတဲ့ ဆုလာဘ်ကို ပေးအပ်ဖို့ အချိန်မစောလွန်းဘူးလား။ " ဝမ်ဝမ်က တွန့်ဆုတ်စွာဖြင့် ပြောလိုက်သည်။
" တကယ်လို့ ဝန်ကြီးချုပ်အနေနဲ့ ဝေစစ်သည် ၁၅၀၀၀၀ကို သုံးရက်အတွင်းချေမှုန်းနိုင်ခဲ့ရင် ငါက မင်းကိုလည်း ဒီလိုဆုလာဘ်ကို ချီးမြှင့်ပေးမယ်။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားများက ဝမ်ဝမ်ကို ပါးစပ်ပိတ်သွားစေခဲ့သည်။ ကျောက်ဖုန်း၏ စစ်ရေးအောင်မြင်မှုက မည်သူ့ကိုမဆို ပါးစပ်ပိတ်ရန် လုံလောက်ပေသည်။ ဝမ်ဝမ်က ကျောက်ဖုန်းကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေသည့်အပေါ် ရင်ကျန့်က အလွန်ဒေါသထွက်နေပြီဖြစ်သည်။
ရင်ကျန့်က သူ၏ သားအတွက် စစ်ရေးစွမ်းဆောင်မှုများနှင့် ရာထူးတိုးမြှင့်မှုများကို အခြေခံကာ အစပျိုးနေခြင်းဖြစ်သည်။ ဝမ်ဝမ်၏ လုပ်ဆောင်ချက်များက သူ၏ ပျက်စီးရာလမ်းကို သူ့ကိုသူ ပို့ဆောင်နေခြင်း ဖြစ်သည်။
" ယွီချင်း အမိန့်တော်ကို ဝူအန်းစခန်းကို အမြန်ဆုံး ပို့လိုက်ပါ။ ပြီးတော့ ငါက ဝူအန်းစခန်းနဲ့ စစ်မြေပြင်က ကိစ္စတွေကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ ကျောက်ဖုန်းကို ပြောလိုက်ပါ။ ပြီးတော့ သူ ဝေနိုင်ငံကို သိမ်းပိုက်ပြီး ပြန်လာမယ့်နေ့ကို ငါစောင့်နေတယ်လို့ ပြောလိုက်ပါ။ " ရင်ကျန့်က အမိန့်ပေးလိုက်သည်။
" အရှင်မင်းကြီးရဲ့ အမိန့်ကို သေချာပေါက် ပို့ဆောင်လိုက်ပါမယ်။ " ယွီလျောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" အခု ချင်ရဲ့ ဝူအန်းစခန်းက နယ်စပ်ကို ထိုးဖောက်ပြီး အသာစီးရယူထားပေမယ့် ရိက္ခါနဲ့ အထောက်အပံ့တွေက ငါတို့ ချင်စစ်သည်တိုင်းရဲ့ အသက်ပဲ။ ဝန်ကြီးဝမ်နဲ့ ဝန်ကြီးဖုန်း ဒီကိစ္စကို ငါ မင်းတို့ကို အပြည့်အဝ လွှဲပေးထားတယ်။ ရိက္ခါကိစ္စမှာ ဘာအမှားအယွင်းမှ မရှိချင်ဘူး။ တကယ်လို့ စစ်ဆင်ရေးအပေါ် ထိခိုက်မှုရှိလာရင် ငါ ဘယ်သူမှ သက်ညှာနေမှာမဟုတ်ဘူး။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
ဝမ်ဝမ်နှင့် အခြားသူများက ကျောက်ဖုန်းအား ပစ်မှတ်ထားသည်ကို မြင်တွေ့ပြီးနောက် ရင်ကျန့်က ကျောက်ဖုန်း၏ ရိက္ခါကိစ္စတွင် ပြဿနာဖြစ်မည်ကို စိုးရိမ်လာခဲ့သည်။ ထို့ကြောင့် သူတို့ မဆင်မခြင်မလုပ်စေရန် နန်းတွင်းတစ်ခုလုံးရှေ့တွင် ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်။
" နားလည်ပါပြီ။ " ဝမ်ဝမ်နှင့် ဖုန်းချွီကျိတို့က ချက်ချင်း ပြန်ပြောလိုက်ကြသည်။
" အရှင်မင်းကြီး ယန်ကောင်းမြို့ကို မီးရှို့ခဲ့တဲ့ ဖြစ်ရပ်က သတိပြုရမယ့် သင်ခန်းစာတစ်ခုပါ။ ကျွန်တော်မျိုးတို့အနေနဲ့ စစ်သေနာပတိချုပ် ဟွမ်ယိက သတိထားဖို့နဲ့ မဆင်မခြင် ရှေ့မတိုးဖို့ သံတမန်တစ်ယောက် ချက်ချင်း စေလွှတ်ပြီး သတိပေးသင့်ပညတယ်။ " ယွီလျောင်က ပြောလိုက်သည်။
" ဝေဝူကျိက တကယ် ထူးချွန်တဲ့သူပဲ။ မြို့တစ်မြို့ရဲ့ အသက်ပေါင်းများစွာကို လောင်းကြေးထပ်ခဲ့တယ်။ ကျောက်ဖုန်းသာ သတိမရှိရင် ဝူအန်းစခန်းက အများကြီး ထိခိုက်သွားနိုင်တယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
အကယ်၍ ထိုအချက်ကို သတိမထားမိဘဲ စစ်တပ်တစ်ခုလုံး မြို့ထဲသို့ ဝင်သွားခဲ့လျှင် ကြီးမားသော ဆုံးရှုံးမှုများကို ကြုံတွေ့ရပေလိမ့်မည်။ ထို့အပြင် သူ၏ သားဖြစ်သူက တိုက်ပွဲတိုင်းတွင် ရှေ့ဆုံးမှ အမြဲတမ်းတိုက်ခိုက်ပြီး အဆက်မပြတ် ရှေ့တိုးလေ့ရှိသည်။ မည်သူက အကြံပေးသည်ဖြစ်စေ သူက လက်ခံခဲ့သော်လည်း တကယ်တိုက်ပွဲတွင် ရှေ့ဆုံးကသာ တိုက်ခိုက်ခဲ့သည်။
" ကံကောင်းလို့ ဒီကောင်လေး သတိရှိပြီး ဝေဝူကျိရဲ့ ယုတ်မာတဲ့ အကြံအသည်ကို သိသွားခဲ့တယ်။ မဟုတ်ရင် သူ အန္တရာယ်ထဲ ကျရောက်သွားနိုင်တယ်။ " ရင်ကျန့်က စိတ်ထဲမှ အနည်းငယ် စိုးရိမ်သွားသည်။
ထိုဗျူဟာက အလွန်ရက်စက်ကြမ်းကြုတ်လှသည်။ ဝေဝူကျိက မြို့၏ စစ်တပ်နှင့် အရပ်သားများကို ယဇ်ပူဇော်သကဲ့သို့ အသုံးချဲ့ရာ သူ၏ ရက်စက်မှုက မည်သူမျှမထင်မှတ်ထားခဲ့ပေ။
" ဝေဝူကျိရဲ့ ဗျူဟာက သူ့ကိုသူ သတ်သေတာပဲ။ သူက ဝေနိုင်ငံရဲ့ ကံကြမ္မာနဲ့ လောင်းကြေးထပ်ထားတယ်။ သူ့အတွက် ကံမကောင်းတာက စစ်သေနာပတိချုပ်ကျောက်ဖုန်းက သူ့ရဲ့ အကြံအစည်ကို ကြိုမြင်ခဲ့တယ်။ မဟုတ်ရင် ဝူအန်းစခန်းသာ ဆုံးရှုံးရမှာ မဟုတ်ဘဲ ကျွန်တော်မျိုးတို့ ချင်ကိုလည်း ပြန်လည်တိုက်ခိုက်ခံရလိမ့်မယ်။ ကျွန်တော်မျိုးတို့ချင်က ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရမယ့်အပြင် အခြားနိုင်ငံတွေကလည်း အခွင့်အရေး ယူကြလိမ့်မယ်။ " ယွီလျောင်က လေးနက်စွာ ပြောလိုက်သည်။
" ဒါကြောင့် ဒီတိုက်ပွဲမှာ ကျောက်ဖုန်းက ကြီးမားတဲ့ စွမ်းဆောင်မှုကို ရယူခဲ့တယ်။ တကယ်လို့ ဝေဝူကျိရဲ့ ဗျူဟာသာ အောင်မြင်ခဲ့ရင် ငါတို့ချင်ကလည်း ဆိုးဆိုးရွားရွား ထိခိုက်ခံရလိမ့်မယ်။ " ရင်ကျန့်က ပြောလိုက်သည်။
" ယွီချင်းပြောတာ မှန်တယ်။ ဟွမ်ယိဆီကို သတင်းပို့လိုက်ပါ။ ဂရုတစိုက် ကိုင်တွယ်ဖို့နဲ့ ဝေဝူကျိရဲ့ မြို့ကို မီးရှို့တဲ့ ဗျူဟာထဲကို မကျရောက်အောင် ညွှန်ကြားလိုက်ပါ။ "
" အမိန့်အတိုင်းပါ။ " ယွီလျောင်က ချက်ချင်း ပြန်ပြောလိုက်သည်။
" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ ဝေအပေါ် စစ်ချီပြီးတဲ့နောက်မှာ ယန်၊ ချီနဲ့ ယန်တို့က သံတမန်တွေ စေလွှတ်ခဲ့ပါတယ်။ အရှင်မင်းကြီးအနေနဲ့ သူတို့နဲ့ တွေ့ဆုံချင်ပါသလား။ " ဟွိုက်ကျွမ်းက ရိုသေစွာ မေးလိုက်သည်။
" သူတို့က တွေ့ချင်တယ်ဆိုရင် တွေ့ကြတာပေါ့။ " ရင်ကျန့်က လှောင်ပြုံးပြုံးပြီး လက်ဝှေ့ရမ်းလိုက်သည်။
ထိုနိုင်ငံများမှ သံတမန်များ ဘာလိုချင်သည်ကို သူသိသော်လည်း သူတို့က ကျင့်ဝတ်အတိုင်း လာရောက်ကြသဖြင့် သူတို့နှင့် တွေ့ဆုံခြင်းမှာ သင့်တော်ပေသည်။
" အရှင်မင်းကြီးရဲ့ အမိန့်တော် ချီ၊ ချူနဲ့ ယန် သုံးနိုင်ငံက သံတမန်တွေကို လာရောက်တွေ့ဆုံစေ။ " ကျောက်ကောင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
မကြာမီ အခြားနိုင်ငံမှ အရာရှိဝတ်စုံများ ဝတ်ဆင်ထားသော လူသုံးယောက်က ခန်းမထဲသို့ ဝင်ရောက်လာသည်။
" ချူနိုင်ငံက သံတမန် ချွီယန်က ချင်အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။ "
" ယန်နိုင်ငံက သံတမန် ကျိချန်က အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။ "
" ချီနိုင်ငံက သံတမန် ယန်ရွှမ်က ချင်အရှင်မင်းကြီးကို အရိုအသေပေးပါတယ်။ "
နိုင်ငံသုံးခု၏ သံတမန်များက ခန်းမထဲသို့ ဝင်ရောက်လာသည်နှင့် ရင်ကျန့်ကို ဦးညွှတ်လိုက်ကြသည်။
" ထကြ။ " ရင်ကျန့်က လက်မြှောက်လိုက်သည်။
" ကျေးဇူးတင်ပါတယ် ချင်အရှင်မင်းကြီး။ "
" နိုင်ငံသုံးခုက သံတမန်တွေ ရောက်လာတာ ဘာကိစ္စလဲ။ " ရင်ကျန့်က တည်ငြိမ်စွာ မေးလိုက်သည်။
၎င်းကို ကြားသောအခါ ချီနှင့် ယန်သံတမန်များက ချူသံတမန်ကို စောင်းကြည့်လိုက်ကြသည်။ ချူသံတမန်က ရှေ့တိုးလာသည်။
" ကျွန်တော်မျိုးက ချွန်းရှန်ကျွင်းရဲ့ အမိန့်အရ အရှင်မင်းကြီးအနေနဲ့ ဝေအပေါ် စစ်ရေးလှုပ်ရှားမှုကို ရပ်တန့်ပေးဖို့ တောင်းဆိုပါတယ်။ "
" ဒါက ချူနိုင်ငံရဲ့ ရည်ရွယ်ချက်လား။ ချီနဲ့ ယန်ကလည်း ဒီအကြောင်းပြချက်နဲ့ ရောက်လာကြတာလား။ " ရင်ကျန့်က တည်ငြိမ်စွာ ပြောလိုက်သော်လည်း ကြောက်စရာကောင်းသော ဖိအားက ခန်းမတစ်ခုလုံး ပြည့်နှက်သွားသည်။
ရင်ကျန့်၏ စကားများအောက်တွင် ချီနှင့် ယန်သံတမန်တို့က ခေါင်းငုံ့ကာ တိတ်ဆိတ်နေကြသည်။ သူတို့က ရှေ့ဆုံးမှ ဦးဆောင်ရန် လုံးဝ ဆန္ဒမရှိသည်မှာ ထင်ရှားသည်။ သို့သော် ချူသံတမန်က ကြောက်ရွှံ့ခြင်းမရှိဘဲ ခေါင်းမော့လိုက်သည်။
" ရန်ငြိုးကို ပြေလည်အောင် ဖြေရှင်းတာက အကောင်းဆုံးပါ။ ဝေက တစ်ချိန်က ချင်ကို တိုက်ခိုက်ခဲ့ပေမယ့် သူတို့ရဲ့ အမှားကို ဝန်ခံပြီး အပြစ်ပေးဆပ်ဖို့အတွင် အရှင်မင်းကြီးကို တွေ့ခွင့်ပေးဖို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။ အရှင်မင်းကြီးအနေနဲ့ ဤတစ်ကြိမ်မှာ ဝေကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ " ချူသံတမန်က တည်ကြည်စွာ ပြောလိုက်သည်။
" တကယ်လို့ ငါတို့က ခွင့်မလွှတ်ဘူးဆိုရင် ချူနိုင်ငံက ဘာလုပ်မှာလဲ။ " ယွီလျောင်က အေးစက်စွာ မေးလိုက်သည်။
" ဝေနိုင်ငံက ချင်ကို တိုက်ခိုက်ပြီး ငါတို့နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့တယ်။ ချူနိုင်ငံက တောင်းဆိုရုံနဲ့ ငါတို့ရဲ့ လှုပ်ရှားမှုတွေကို ရပ်တန့်ရမယ်လို့ မင်းထင်နေတာလား။ ချင်စစ်သည်တွေက ရွှံ့နဲ့ လုပ်ထားတယ်လို့ မင်းထင်နေတာလား။ " လီစီကလည်း အေးစက်စွာ တုန့်ပြန်လိုက်သည်။
" တကယ်လို့ အရှင်မင်းကြီးကို တွေ့ဆုံဖို့ မင်းရဲ့ ရည်ရွယ်ချက်က ဒါပဲဆိုရင် အခုချက်ချင်း ထွက်သွားပါ။ "
" ချင်က မင်းတို့လိုလူတွေကို မကြိုဆိုဘူး။ ငါတို့တပ်ဖွဲ့တွေက စစ်မြေပြင်ရောက်နေပြီ။ မင်းတို့ ဘာလုပ်နိုင်မှာလဲ။ "