← Chapters

အခန်း ၃၀၄

Vol. 31 Ch. 304

အခန်း ၃၀၄

Vol. 31 Ch. 304

အခန်း (၃၀၄)

" မင်းတို့ အစွမ်းရှိရင် ချူနိုင်ငံအနေနဲ့ ဝေနိုင်ငံကို ကူညီဖို့ စစ်တပ်စေလွှတ်နိုင်တယ်။ ချင်နိုင်ငံက ချူကို လုံးဝ မကြောက်ဘူး။ "

ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် ချူသံတမန်ကို ကြည့်ပြီး ပြောလိုက်ကြသည်။

ထိုအခြေအနေနှင့် ရင်ဆိူင်ရသောအခါ ချီနှင့် ယန်သံတမန်တို့က ခေါင်းငုံ့ထားပြီး စကားမပြောရဲကြပေ။ ချူသံတမန်ကလည်း ကြောက်ရွံ့မှုနှင့်အတူ ဒေါသထွက်လာသည်။ သို့သော် သူက ချွန်းရှန်ကျွင်း၏ အမိန့်အရ လာရောက်ခြင်းဖြစ်ပြီး သဘာဝအားဖြင့် ကြောက်ရွံ့ခြင်းမရှိပေ။

" တကယ်လို့ ချင်အရှင်မင်းကြီးက စစ်တပ်တွေ မရုတ်သိမ်းဘူးဆိုရင် ချူနိုင်ငံက ဝေကို ကူညီဖို့ စစ်တပ်တွေ စေလွှတ်နိုငပါတယ်။ " ချူသံတမန်က ကျယ်လောင်စွာ ပြောလိုက်သည်။

" ဒါဆိုရင်​တော့ စောင့်ကြည့်ကြတာပေါ့။ " ရင်ကျန့်က အေးစက်စွာ ပြန်ပြောလိုက်သည်။ " သူတို့ကို ပြန်လွှတ်လိုက်တော့။ "

ရန်ရှောင်က နန်းတွင်းကိုယ်ရံတော်များနှင့် ရောက်လာပြီး သံတမန်သုံးယောက်ရှေ့တွင် ရပ်လိုက်သည်။

" သံတမန်တို့ ကြွပါ။ " ရန်ရှောင်က လက်ပြလိုက်သည်။

" ချင်အရှင်မင်းကြီး အနာဂတ်မှာ နောင်တမရဖို့ မျှော်လင့်ပါတယ်။ " ချူသံတမန်က သူ၏ ဝတ်ရုံကို ခါပြီး ထွက်ခွာသွားသည်။

" ဒီကိစ္စက ချူနိုင်ငံရဲ့ ကိစ္စဖြစ်ပြီး ကျွန်တော်မျိုးတို့ ချီနိုင်ငံနဲ့ ဘာမှမဆိုင်ပါဘူး။ ကျွန်တော်မျိုးတို့က ချင်ရဲ့ မဟာမိတ်တွေပါ။ " ချီသံတမန်က ပြောလိုက်သည်။

" ဒီကိစ္စက ကျွန်တော်မျိုးတို့ ယန်နိုင်ငံနဲ့လည်း ဘာမှမဆိုင်ပါဘူး။ ကျွန်တော်တို့က ချင်နဲ့ မဟာမိတ်တွေပါ။ " ယန်သံတမန်ကလည်း ထပြောလိုက်သည်။

သို့သော် ရင်ကျန့်က ဘာမှမပြောဘဲ သူတို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။ ရင်ကျန့်၏ သဘောထားကို မြင်သောအခါ နိုင်ငံနှစ်ခုမှ သံတမန်များက စိတ်မသက်မသာဖြင့် ထွက်ခွာသွားကြသည်။

" အရှင်မင်းကြီး " ဝမ်ဝမ်က ချက်ချင်း ထရပ်လိုက်သည်။ " ချူနိုင်ငံက ချင်အပေါ် တိုက်ခိုက်ဖို့ ကြံစည်နေပုံရပါတယ်။ ချူနိုင်ငံကို ခုခံဖို့အတွက် ကျွန်တော်မျိုးတို့ရဲ့ ကာကွယ်ရေးကို တိုးမြှင့်ရပါလိမ့်မယ်။ "

" ချူနိုင်ငံက အရင်ကတည်းက ကျင့်ဝတ်တွေ မသိဘဲ ရိုင်းစိုင်းစွာ ပြုမူခဲ့တာပါ။ ဒီနိုင်ငံကို ကျွန်တော်မျိုးတို့ သတိထားရပါမယ်။ " ဝန်ကြီးများက ပြောလိုက်ကြသည်။

" ချူနိုင်ငံကို စိုးရိမ်စရာမလိုဘူး။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။ " အခုအရေးကြီးတာက ဝေကို အောင်နိုင်ဖို့ပဲ။ တင်ပြစရာမရှိရင် ညီလာခံသိမ်းမယ်။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

" အရှင်မင်းကြီးကို နှုတ်ဆက်ပါတယ်။ " ဝန်ကြီးများက ကျယ်လောင်စွာ ပြောလိုက်ကြသည်။

ကျန်းထိုင်နန်းဆောင်အတွင်း၌ ရင်ကျန့်၏ ရှေ့တွင် သွမ်လောရှိနေသည်။

" ဝေဝူကျိရဲ့ အကြံအစည်ကို ဘာလို့မသိခဲ့ရတာလဲ။ " ရင်ကျန့်၏ အမူအရာက အနည်းငယ် အေးစက်နေသည်။

" ကျွန်တော်မျိုး အပြစ်ရှိပါတယ်။ ဝေဝူကျိက ဒီ​ဗျူဟာကို အရမ်းလျို့ဝှက်ခဲ့ပါတယ်။ ဟေးပင်းထိုင်က ဒါကို မစုံစမ်းနိုင်ခဲ့ပါဘူး။ " သွမ်လောက ကြောက်ရွံ့စွာဖြင့် ပြောလိုက်သည်။

" ဒါမျိုးထပ်မဖြစ်စေနဲ့။ တကယ်လို့ ဖုန်းအာသာ သတိမရှိခဲ့ရင် သူက ယန်ကောင်းမြို့ရဲ့ မီးတောက်ထဲမှာ အသက်ဆုံးရှုံးသွားလောက်ပြီ။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" အမိန့်အတိုင်းပါ။ ကျွန်တော်မျိုး ဟေးပင်းထိုင်ရဲ့ ဝေနိုင်ငံအပေါ် စောင့်ကြည့်မှုကို တိုးမြှင့်လိုက်ပါမယ်။ " သွမ်လောက ဦးညွှတ်လိုက်သည်။

" ကောင်းပြီ။ " ရင်ကျန့်က ခေါင်းညိမ့်လိုက်ပြီး သူ၏ အေးစက်သော အမူအရာက အနည်းငယ် ပြေလျော့သွားသည်။

" ချူနိုင်ငံက သံတမန် ရောက်လာတယ်။ ဟွမ်ရှဲ(ချွန်းရှန်ကျွင်း)က ချင်အပေါ် စစ်ရေးလှုပ်ရှားဖို့ စီစဉ်နေပုံရတယ်။ " ရင်ကျန့်က လေးနက်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီးပြောတာ မှန်ပါတယ်။ ချူနိုင်ငံက တပ်တွေကို စတင်စုစည်းနေပါပြီ။ " သွမ်လောက ပြောလိုက်သည်။

" ဒါဆိုရင် ငါတို့ ဘာလို့စောင့်နေရမှာလဲ။ အဲ့ဒီမြေခွေးအိုကြီးဟွမ်ရှဲကို လွန်ခဲ့တဲ့အချိန်ကတည်းက ရှင်းပစ်သင့်တာ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။

" ကျွန်တော်မျိုး ဒါကို ကိုင်တွယ်ဖို့အတွက် လျို့ဝှက်အစောင့်တွေကို ချက်ချင်း စေလွှတ်လိုက်ပါမယ်။ ဟွမ်ရှဲသေကိုသေရပါမယ်။ " သွမ်လောက ပြောလိုက်သည်။

" ချူရဲ့ မိသားစုကြီးသုံးခုထဲမှာ ဟွမ်ရှဲကို သေစေချင်နေတဲ့လူတွေ အများကြီးပါ။ ဒီတစ်ကြိမ်မှာ ဟွမ်ရှဲက သေကို သေရမယ်။ တကယ်လို့ ဒီတာဝန် မပြီးမြောက်ခဲ့ရင် မင်းငါ့ကို ပြန်လာတွေ့စရာမလိုတော့ဘူး။ " ရင်ကျန့်က လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။

သွမ်လောက ဦးညွှတ်ပြီး ထွက်ခွာသွားသည်။

" ဟွမ်ရှဲ ချူနိုင်ငံ ဝေကို ကိုင်တွယ်ပြီးရင် နောက်တစ်ခါ မင်းတို့အလှည့်ပဲ။ ချင်ကို လာပြီး ငါ့ကို တပ်ရုတ်သိမ်းဖို့ ပြောရဲတယ်ပေါ့။ " ရင်ကျန့်၏ အမူအရာက အေးစက်နေသည်။

"အဘိုး ကျွန်တော်တို့ ရောက်ပြီ။ "

" အဘိုး အရသာရှိတဲ့ မုန့်တွေ ရှိလား။ "

အပြင်မှ ကလေးနှစ်ယောက်၏ အသံများ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ကို ကြားရသောအခါ ရင်ကျန့်၏ မျက်နှာမှ အေးစက်မှုများက ပျောက်ကွယ်သွားပြီး နူညံ့သော အပြုံးတစ်ခု အစားထိုးသွားခဲ့သည်။

" အဘိုးဒီမှာရှိတယ်။ မြန်မြန်လာကြ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ကျောက်ချီနှင့် ကျောက်လင်းတို့က ရင်ကျန့်ဆီသို့ အပြေးအလွှား ရောက်လာကြသည်။ လပေါင်းများစွာ အတူရှိခဲ့ပြီးနောက် ရင်ကျန့်အပေါ် အလွန်ချစ်ခင်တွယ်တာနေကြပြီဖြစ်သည်။ ဝမ်ကျန့်နှင့် ​တွေ့ရချိန်ကထက်ပင် ပို၍ ပျော်ရွှင်နေကြသည်။ ကလေးနှစ်ယောက်က ရင်ကျန့်၏ ရင်ခွင်ထဲသို့ တိုက်ရိုက်တိုးဝင်လာကြသည်။

" အဘိုးရဲ့ မြေးနှစ်ယောက်က ပိုကြီးလာပြီပဲ။ " ရင်ကျန့်က သူ၏ မြေးများကို ကြည့်ပြီး ပြောလိုက်သည်။

" အဘိုး ကျွန်တော်တို့က စာလုံးပေါင်းတစ်ရာကျော်တောင် သင်ပြီးသွားပြီ။ အဘိုးက ဘာလို့ မြင်းစီး မခေါ်သွားသေးတာလဲ။ " ကျောက်ချီက မ​ကျေမနပ်ဖြင့် ပြောလိုက်သည်။ သူ၏ ဘေးမှ ကျောက်လင်းကလည်း နှုတ်ခမ်းလေး ဆူထားသည်။

" အိုး အခုမှမှတ်မိတယ်။ " ရင်ကျန့်က အံ့ဩသည့် အမူအရာနှင့် ပြောလိုက်သည်။

" အဘိုး အစ်ကိုနဲ့ သမီးက စာလုံးပေါင်း ၁၇၀ကို သိနေပြီ။ " ကျောက်လင်းက ဂုဏ်ယူစွာ ပြောလိုက်သည်။

" ဟုတ်သားပဲ။ အဘိုး မေ့တော့မလို့။ "ရင်ကျန့်က ပြောလိုက်သည်။ လက်ရှိချင်ဘုရင်ကို ထိုမျှသဘောတူအောင် လုပ်နိုင်သူမှာ ထိုကလေးနှစ်ယောက်သာ ရှိပေလိမ့်မည်။

" ဒါဆို အဘိုးက သမီးတို့ကို မြင်းစီးခေါ်သွားမှာလား။ " ကျောက်လင်းက ပြောလိုက်သည်။

" ခေါ်သွားမှာပေါ့။ သေချာပေါက် ခေါ်သွားမှာပေါ့။ အဘိုးက ကတိမဖျက်ပါဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဒါဆို အခုသွားကြမလား။ " ကလေးနှစ်ယောက်၏ မျက်လုံးများက တောက်ပသွားသည်။

" အဘိုးက အခု ကိုင်တွယ်စရာ ကိစ္စလေးတွေ ရှိသေးတယ်။ အဲ့ဒါတွေပြီးလို့ နေ့လည်စာစားပြီးရင် အဘိုးခေါ်သွားမယ်။ ဘယ်လိုလဲ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ဟုတ်ကဲ့။ " ကလေးနှစ်ယောက်က ခေါင်းညိမ့်လိုက်ကြသည်။

ထိုအချိန်တွင် ကျောက်ကောင်းက ခန်းမထဲသို့ ဝင်လာသည်။ " အရှင်မင်းကြီး ကျောက်စံအိမ်အတွက် ဆုလာဘ်တွေ ပြင်ဆင်ပြီးပါပြီ။ အခုပို့လိုက်ရတော့မလား။ "

" ပို့လိုက်တော့။ " ရင်ကျန့်က ပြောလိုက်ပြီး တစ်စုံတစ်ခုကို သတိရသွားသည်။ " နောက်ထပ်လက်ဆောင်တစ်ခု ထပ်ပြင်ပြီး ရှချူးစံအိမ်ကို ပို့လိုက်ဦး။ ပြင်ပြီးရင် ငါ့လာပြောလှည့်။ "

" အမိန့်အတိုင်းပါ။ " ကျောက်ကောင်းက ပြောပြီး ထွက်ခွာသွားသည်။

" တုန်အာ ငါတို့သားက တကယ်ထူးချွန်တယ်။ ဒီလိုအရည်အချင်းမျိုးနဲ့ဆိုရင် မင်းက သူ့ရဲ့ အဆင့်အတန်းကို ပြန်ယူခိုင်းတာကို မလိုလားရင်တောင် ငါက သဘောတူမှာမဟုတ်ဘူး။ သူတစ်ယောက်တည်းသာ ငါ့ရဲ့ နေရာကို ဆက်ခံဖို့ ထိုက်တန်တယ်။ သူတစ်ယောက်တည်းကသာ အနာဂတ်မှာ ပေါင်းစည်းထားတဲ့ ချင်နယ်မြေကို စောင့်ရှောက်နိုင်လိမ့်မယ်။ " ရင်ကျန့်၏ စိတ်ထဲတွင် ဆုံးဖြတ်ချက်ချပြီးဖြစ်သည်။

ဝေနိုင်ငံ ယန်ကောင်းမြို့။

မီးက နှစ်ရက်ဆက်တိုက် လောင်ကျွမ်းပြီး နောက်ဆုံးတွင် ငြိမ်းသေသွားခဲ့သည်။ မြို့ရိုးများက မီးလောင်ကျွမ်းထားသဖြင့် မည်းတူးနေပြီး မြို့မှာလည်း မီးလောင်ပြင်ဖြစ်သွားခဲ့သည်။ နေရာတိုင်းတွင် ပြာများဖုံးလွှမ်းနေပြီး နေရာတိုင်းတွင် မီးကျွမ်းနေသော အလောင်းများကို တွေ့ရသည်။

တစ်ချက်ကြည့်လိုက်ရုံနှင့် မီးတောက်များအတွင်း သူတို့၏ ရုန်းကန်မှုနှင့် နာကျင်မှုများကို မြင်တွေ့နိုင်သေးသည်။ ၎င်းက စစ်ပွဲ၏ ကြောက်စရာကောင်းမှုဖြစ်သည်။ ယန်ကောင်းမြို့တစ်ခုလုံးက မီးတောက်များအောက်တွင် ပြာအတိ ဖြစ်သွားခဲ့သည်။

" ရေနဲ့မီးက သနားညှာတာမှုကင်းမဲ့တယ်။ တကယ်လို့ ဟွာရှကိုသာ မပေါင်းစည်းနိုင်ရင် ဒီလို မြို့ကို မီးရှို့တာမျိုးတွေက ဆက်ရှိနေဦးမှာပဲ။ " ကျောက်ဖုန်းက ယန်ကောင်းမြို့အတွင်း လမ်းလျှောက်နေခဲ့သည်။

" အရှင် မြို့ထဲက ဝေစစ်သည်တွေအတွက်တော့ မလွယ်လောက်ဘူး။ ဝေစစ်သည်တွေက မြို့တံခါးကို ကြိုပိတ်ထားခဲ့တာ။ သူတို့အပြင် အရပ်သားသောင်းချီကလည်း မီးလောင်သွားခဲ့တယ်။ " ကျန်းမင်က ကျောက်ဖုန်းအနီးသို့ လျှောက်လာပြီး ပြောလိုက်သည်။

" သူတို့အစီအစဉ်ကို သေချာစေဖို့အတွက် ဝေဝူကျိက အရပ်သားတွေကို အလုံးအရင်းနဲ့ ရွှေ့ပြောင်းခိုင်းမှာမဟုတ်ဘူး။ " ကျောက်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

အကယ်၍ သူတို့က အလုံးအရင်းနှင့် ရွှေ့ပြောင်းခဲ့လျှင် ချင်၏ အာရုံစိုက်မှုကို ရရှိသွားပြီး သူတို့၏ ရည်ရွယ်ချက်က ပေါ်ပေါက်သွားပေလိမ့်မည်။ သို့သော် ကျောက်ဖုန်းက မီးလောင်ပြင်ထဲတွင် လမ်းလျှောက်ရင်း စာနာမှုကို မခံစားရပေ။ စစ်ပွဲဆိုသည်မှာ အစကတည်းက ရက်စက်လှသည်။

အကယ်၍ ယန်ထင်သာ မြို့ကို မီးရှို့မည့်အရိပ်အယောင်များကို မတွေ့ရှိခဲ့လျှင် ဝူအန်းစခန်းမှ စစ်သည်များစွာက မြို့အတွင်း မီးသဂြိုလ်ခြင်း ခံရပေလိမ့်မည်။ စစ်ပွဲဆိုသည်မှာ အနိုင်ရရှိရန်အတွက် နည်းလမ်းမျိုးစုံကို အသုံးပြုခြင်း​ပင်ဖြစ်သည်။

All Chapters