အခန်း ၃၀၅
Vol. 31 Ch. 305
အခန်း (၃၀၅)
" ထောက်ပို့တပ်ဖွဲ့တွေ ရောက်လာပြီလား။ " ကျောက်ဖုန်းက မေးလိုက်သည်။
" အရှင် ထောက်ပို့စစ်သည်တစ်သောင်းက မြို့အပြင်ဘက်မှာ သန့်ရှင်းရေးတွေ စလုပ်နေပါပြီ။ မကြာခင် မြို့ထဲက အလောင်းတွေကို စတင်ရှင်းလင်းပါလိမ့်မယ်။ " ကျန်းမင်က ရိုသေစွာ ပြန်ပြောလိုက်သည်။
ကျောက်ဖုန်းက မီးကျွမ်းနေသော မြို့ကို ကြည့်ပြီး ပြောလိုက်သည်။ " ထောက်ပို့တပ်ဖွဲ့ကို မြို့ထဲက အလောင်းတွေကို မြေမြှုပ်ဖို့ အမိန့်ပေးလိုက်ပါ။ မြေမြှုပ်ပြီးတာနဲ့ ဒီမြို့ကို တစ်ခါတည်း ပိတ်လိုက်တော့။ "
ယန်ကောင်းမြို့က မီးလောင်ပြင်ဖြစ်သွားခဲ့သောကြောင့် ပြုပြင်ရန် မဖြစ်နိုင်တော့ပေ။ နယ်စပ်မြို့တစ်ခု ဖြစ်သောကြောင့် ကျောက်ဖုန်းက ၎င်းကို ပြန်လည်တည်ဆောက်ရန် ဆန္ဒမရှိပေ။
" နားလည်ပါပြီ။ " ကျန်းမင်က ပြန်ပြောလိုက်သည်။
ထိုအချိန်တွင် သမားတော်တစ်ယောက်က ကျောက်ဖုန်းဆီသို့ အလျင်အမြန် လျှောက်လာသည်။
" သမားတော်လင်းယိက စစ်သေနာပတိချုပ်ကို ဂါရဝပြုပါတယ်။ " လင်းယိက ကျောက်ဖုန်းကို ဦးညွှတ်လိုက်သည်။
" ဘာကိစ္စလဲ။ " ကျောက်ဖုန်းက လှည့်ကြည့်လိုက်သည်။
" စစ်သေနာပတိချုပ် ခေါင်းဆောင်က ဆေးဝါးရိက္ခါတွေ ပိုပြီး ပြင်ဆင်ထားဖို့လိုတယ်လို့ ပြောပါတယ်။ စစ်ပွဲအခြေအနေကို ကြည့်ရင် ဆေးဝါးတွေ လုံလောက်မှာမဟုတ်ဘူးလို့ ယူဆရပါတယ်။ ပြီးတော့ အရက်ပြင်းတွေလည်း ပိုလိုအပ်ပါတယ်။ " လင်းယိက ရိုသေစွာ ပြောလိုက်သည်။
" အင်း " ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ကျန်းမင်ဘက်သို့ လှည့်လိုက်သည်။ " ရှောက်ဖူဆီကို ဆေးဝါးတွေ ပိုပြီး ပြင်ဆင်ပေးဖို့ ပြောလိုက်ပါ။ "
" နားလည်ပါပြီ။ " ကျန်းမင်က ချင်ချင်း ပြန်ဖြေလိုက်သည်။
" ဟုတ်သားပဲ။ ငါလည်း ရင်အာကို သွားကြည့်ရဦးမယ်။ " ကျောက်ဖုန်းက လှည့်ပြီး မြို့ပြင်သို့ လျှောက်သွားသည်။
ယခု စစ်ပွဲစတင်ပြီဖြစ်၍ ကျောက်ရင်က ဝူအန်းစခန်း၏ စစ်ရေးသမားတော်အဖြစ် ပထမဆုံး အတွေ့အကြုံဖြစ်သည်။ ကျောက်ဖုန်းက သူ၏ ညီမဖြစ်သူ၏ ဆေးကုသမှုစွမ်းရည်ကို ကြည့်ရှုချင်နေသည်။
ကုသရေးစခန်း။
ရာချီသော သမားတော်များက အလုပ်ရှုပ်နေကြသည်။ စခန်းထဲတွင် အော်ဟစ်ညည်းညူသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ဝေစစ်တပ်တွင် အသက်ရှင်ကျန်ရစ်သူမရှိသဖြင့် လက်နက်ချမည့် ဝေစစ်သည်များ မရှိခဲ့ပေ။
သမားတော်များက ဒဏ်ရာရသူများကို စနစ်တကျ ကုသပေးနေကြသည်။ အချို့က ဓားသွားများကို မီးဖုတ်၍ ပိုးသတ်နေကြသည်။ အချု့က အရက်ပြင်းကို သုံး၍ ပိုးသတ်နေကြသည်။ အချို့က ဒဏ်ရာများကို ဖြတ်ချုပ်လုပ်နေကြပြီး အချို့က ပတ်တီးစည်းနေကြသည်။
ထိုအချိန်တွင် ကျောက်ရင်ကလည်း ဓားကို ကိုင်ဆောင်ပြီး သတိမေ့နေသော စစ်သည်ထံမှ မြားကို ထုတ်ယူနေသည်။ ခေါင်းဆောင်တစ်ယောက်အနေဖြင့် ကျောက်ရင်က စခန်းအတွင်းရှိ အရေးပေါ်ဒဏ်ရာရးစ်သည်များကို ကုသရန် တာဝန်ရှိသည်။ ဒဏ်ရာရသူများကို ကုသပေးပြီး အသက်များကို ကယ်တင်နေစဉ်အတွင်း သူမက အလွန်လေးနက်နေသည်။
ကျောက်ဖုန်းက ကုသရေးစခန်းအတွင်းသို့ ဝင်ရောက်လာသောအခါ ပတ်ဝန်းကျင်ရှိ သမားတော်များနှင့် စစ်သည်များက အရိုအသေပေးရမ် ပြင်ဆင်နေကြသော်လည်း ကျောက်ဖုန်းက လက်ဟန်ပြ၍ တားမြစ်လိုက်ပြီး သူ၏ အကြည့်က သူ၏ ညီမထံသို့ ရောက်နေသည်။
" ကြည့်ရတာ ရင်အာရဲ့ ရွေးချယ်မှုက မှန်ကန်တာပဲ။ အသက်တွေကို ကယ်တင်တာက ဆေးပညာရဲ့ လမ်းစဉ်ပဲ။ " ကျောက်ဖုန်းက ပြုံး၍ တွေးလိုက်သည်။ သူက သူ၏ ညီမကို မနှောက်ယှက်တော့ဘဲ တိတ်ဆိတ်စွာ ဆုတ်ခွာသွားခဲ့သည်။
သူက ဝင်ရောက်ကုသခြင်း မပြုခဲ့ခြင်းမှာ ဤအချိန်က စစ်ပွဲကာလဖြစ်သောကြောင့် စစ်သေနာပတိချုပ်အနေဖြင့် သူက ဝေကို ချေမှုန်းရန်အတွက် စစ်တပ်ကို ကာကွယ်ရန် တာဝန်ရှိနေသည်။ ထို့အပြင် သူက အသုံးမပြုရသေးသော စွမ်းဆောင်မှုရမှတ် တစ်ထောင်ကျော် ရှိနေသည်။
" ရန်သူတွေ သတ်ဖြတ်တာကနေ ရရှိတဲ့ စွမ်းရည်တွေကို ရယူမယ်။ " ကျောက်ဖုန်းက ကုသရေးစခန်းမှ ထွက်လာပြီး သူ၏ တဲအတွင်းသို့ ပြန်ရောက်လာခဲ့သည်။
" တိုက်ပွဲပြီးဆုံးပြီးနောက် ပိုင်ရှင်ရဲ့ လက်အောက်ငယ်သားတွေက ရန်သူ ၄၂၀၃၉ ယောက်ကို သတ်ဖြတ်ပြီး စွမ်းရည်အမှတ် ၁၀၅၀၉ မှတ် ရရှိပါတယ်။ "
" အစစ်အမှန်ချီ - ၁၃၄၉မှတ် "
" ခွန်အား - ၁၄၂၁မှတ် "
" အမြန်နှုန်း - ၁၁၂၃မှတ် "
" ရုပ်ခန္ဓာ - ၁၃၇၄မှတ် "
" စိတ်ဝိညာဉ် - ၁၃၄၅မှတ် "
" သက်တမ်း - ၃၈၉၇မှတ် "
" စွမ်းရည်အားလုံး ၉၀၀၀ ကျော်ဖြတ်နိုင်တဲ့အတွက် အဆင့်တစ်ရတနာသေတ္တာကို ရရှိပါတယ်။ "
" စွမ်းရည်အားလုံး ၁၀၀၀၀ ကျော်ဖြတ်နိုင်တဲ့အတွက် အဆင့်နှစ်ရတနာသေတ္တာကို ရရှိပါတယ်။ "
ကျောက်ဖုန်း၏ စွမ်းရည်များ တစ်ထောင်ကျော်သွားသည်နှင့် သူ၏ ခွန်အားများက အဆမတန်တိုးတက်လာခဲ့သည်။ သူက လက်သီးတစ်ချက်တည်းဖြင့် အစစ်အမှန်ချီ သုံးစရာမလိုဘဲ မြို့တံခါးတစ်ခုကို အလွယ်တကူ ဖျက်စီးနိုင်ပြီဖြစ်သည်။ သူ၏ ရုပ်ခွန်အားသက်သက်ဖြင့် မဟာသခင်အဆင့်ကို ချေမှုန်းနိုင်သည်။ သူက အစစ်အမှန်ချီကို အသုံးပြုလျှင် မဟာဆရာသခင် အထွတ်အထိပ်နှင့် တိုက်ခိုက်နိုင်ပေလိမ့်မည်။
နာမည် - ကျောက်ဖုန်း
အသက် - ၂၁နှစိ
အစစ်အမှန်ချီ - ၁၀၂၇၂ မှတ်
ခွန်အား - ၁၅၁၄၁ မှတ်
အမြန်နှုန်း - ၁၄၁၃၂ မှတ်
ရုပ်ခန္ဓာ - ၁၂၈၂၃ မှတ်
စိတ်ဝိညာဉ် - ၁၁၈၃၄ မှတ်
သက်တမ်း - ၁၉၇ နှစ် ၃၈၇၂ ရက်
စွမ်းဆောင်မှုရမှတ် - ၉၈၉ မှတ်
သိုလှောင်နေရာ - ၁၉၉ ကုဗမီတာ
ကျင့်စဉ် - နဂါးဆင်ကျမ်း
" ဒီအရည်အချင်းတွေအရ နဂါးဆင်ကျမ်းရဲ့ အဆုံးစွန်လည်းဖြစ်တယ်။ ငါ့မှာ နောက်ထပ်ဆက်ပြီး ကျင့်ကြံဖို့ ကျင့်စဉ်မရှိတော့ဘူး။ " ကျောက်ဖုန်းက တွေးလိုက်သည်။
သူက နဂါးဆင်ကျမ်းကို ပထမဆုံး ရရှိချိန်တွင် ၎င်းက အမှန်တကယ်ပင် အားကောင်းခဲ့သည်။ သို့သော် သူ၏ စွမ်းရည်များ မြင့်တက်လာသည်နှင့်အမျှ ထိုကျင့်စဉ်မှ ရရှိသော အကျိုးကျေးဇူးများက နည်းပါးလာခဲ့သည်။
" ကျင့်စဉ်က ငါ့အပေါ် ဒီလောက်ပဲ သက်ရောက်မှုရှိတော့တယ်။ ငါ့ရဲ့ ခွန်အားတိုးတက်မှုက စွမ်းရည်တွေ စုဆောင်းတဲ့အပေါ်ပဲ မူတည်တော့တယ်။ စစ်ပွဲတွေရှိနေသရွေ့ ငါ့ရဲ့ စွမ်းရည်တွေကို ဆက်ပြီး စုဆောင်းနိုင်လိမ့်မယ်။ ကျင့်စဉ်က နည်းနည်းပဲ ဖြည့်စွက်ပေးနိုင်တယ်။ အနာဂတ်မှာ ကံကောင်းရင် တစ်ခုလောက် ထပ်ရနိုင်တယ်။ "
ကျောက်ဖုန်းက ၎င်းအပေါ် သိပ်ဂရုမစိုက်ပေ။ အစမှ အဆုံးအထိ သူက စွမ်းရည်စုဆောင်းခြင်းအပေါ်တွင်သာ မှီခိုပြီး သန်မာလာခြင်းဖြစ်သည်။
" နှမြောစရာပဲ။ ဝေစစ်တပ်ကသာ မီးတောက်ထဲမှာ မသေခဲ့ရင် စွမ်းရည်တွေက ဒီထက်ပိုရလိမ့်မယ်။ ဒါပေမယ့် မဆိုးဘူး။ တစ်ခါတည်းနှင့် သက်တမ်းဆယ်နှစ်ကို စုဆောင်းနိုင်ခဲ့တယ်။ " ကျောက်ဖုန်းက ကျေနပ်စွာ ပြုံးလိုက်သည်။
ထိုအချိန်တွင် တဲအပြင်ဘက်မှ ခြေသံတစ်ခု ထွက်ပေါ်လာသည်။
" အရှင် စစ်သူကြီးလီယောင်က စစ်ရေးအစီရင်ခံစာ ပို့လာပါတယ်။ " ကျန်းမင်က အစီရင်ခံစာကို ကိုင်ပြီး ဝင်လာသည်။
" ဖတ်ပြပါဦး။ " ကျောက်ဖုန်းက လက်ဝှေ့ရမ်းပြီး ပြောလိုက်သည်။
" ကျွန်တော်မျိုး လီယောင်က တပ်ဖွဲ့နှစ်ခုခွဲပြီး နှစ်ရက်ကြာ အလစ်ငိုက် တိုက်ခိုက်ခဲ့ပါတယ်။ နှစ်ရက်အတွင်း ဝေနိုင်ငံရဲ့ မြို့ငါးမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ရန်သူသုံးထောင်နီးပါးကို သတ်ဖြတ်ပြီး ငါးထောင်နီးပါးကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒီနေ့ ကျွန်တော်မျိုးက ပင်မစစ်တပ်ကို ပြန်လည်ဦးဆောင်ပြီး ဆက်လက်တိုက်ခိုက်သွားပါမယ်။ စစ်သေနာပတိချုပ် စိတ်မပျက်စေရပါဘူး။ " ကျန်းမင်က အစီရင်ခံစာကို ဖွင့်ပြီး ဖတ်ပြလိုက်သည်။
ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်ပြီး စာပွဲပေါ်မှ ပိုးထည်စတစ်ခုကို ယူကာ စာတစ်ကြောင်းရေးလိုက်သည်။ " ဒါကို လီယောင်ဆီပို့လိုက်ပါ။ ပြီးတော့ သူ့ကို အောင်မြင်မှုအပေါ် လောဘမကြီးဘဲ အဆင်အခြင်မဲ့ ရှေ့မတိုးဖို့ ပြောလိုက်ပါ။ ဒီတိုက်ပွဲက သူ စစ်တပ်ကို ပထမဆုံးအကြိမ် ကွပ်ကဲတာပဲ။ စစ်ဗျူဟာနဲ့ ပက်သက်ရင် သူ့ဘာသာသူ ဆုံးဖြတ်ခွင့်ပေးလိုက်ပါ။ ဒါပေမယ့် သတိထားဖို့တော့ ပြောလိုက်။ "
" အမိန့်အတိုင်းပါ။ " ကျန်းမင်က ဦးညွှတ်ပြီး ထွက်ခွာသွားသည်။
" လီယောင် မင်းက အရပ်ဘက်ကနေ စစ်ဘက်ကို ကူးပြောင်းလာခဲ့တာပဲ။ ဝူအန်းစခန်းမှာ ရေရှည်နေနိုင်မလားဆိုတာကတော့ မင်းရဲ့ အရည်အချင်းအပေါ် မူတည်တယ်။ ဒါပေမယ့် ဝေဝူကျိ ဘာဆက်လုပ်မလဲဆိုတာ ငါတကယ် သိချင်မိတယ်။ ယန်ကောင်းမြို့ကို မီးရှို့မယ့် အစီအစဉ်ကလည်း ကျရှုံးသွားပြီ။ စစ်သည်တစ်သိန်းခွဲလည်း ဆုံးရှုံးသွားခဲ့ပြီ။ နောက်ထပ် မင်းဘာထပ်လုပ်နိုင်မှာလဲ။ "
ဝေနိုင်ငံ၊ တလျန်မြို့တော်။
ခွမ်း...
ဝေဝူကျိ၏ လက်ထဲမှ ကြွေပန်ကန်လုံးက မြေပြင်ပေါ်သို့ ကျသွားပြီး အစိတ်စိတ် အမွှာမွှာ ဖြစ်သွားသည်။
" စစ်သည်တစ်သိန်းခွဲလုံး ချေမှုန်းခံလိုက်ရတယ်။ မြို့ကို မီးရှို့တဲ့ထဲမှာ စစ်သည်တစ်သိန်း သေဆုံးသွားခဲ့တယ်။ ငါးသောင်းက ဝူအန်းစခန်းရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရတယ်။ ဒါ မဖြစ်နိုင်ဘူး။ ငါ သေချာပြင်ဆင်ထားခဲ့တာပဲ။ ဒါ ဘယ်လိုဖြစ်သွားတာလဲ။ " ဝေဝူကျိ၏ မျက်နှာက ရှုံ့မဲ့သွားပြီး သူ၏ လက်များက တုန်ယင်နေခဲ့သည်။
၎င်းက သူ့အတွက် အကြီးမားဆုံး ထိုးနှက်ချက်ဖြစ်သည်။ သူက ဝေနိုင်ငံကို ကယ်တင်ရန်အတွက် နှစ်နှစ်တိုင်တိုင် အပင်ပန်းခံ ပြင်ဆင်ခဲ့သော အစီအစဉ်က ပျက်စီးသွားခဲ့သည်။ ယန်ကောင်းမြို့တွင် တပ်စွဲထားသော စစ်သည်တစ်သိန်းခွဲလုံးက ပြာဖြစ်သွားခဲ့သည်။
" အရှင် စစ်သည်တစ်သိန်းခွဲထဲက ကံကောင်းလို့ လွတ်မြောက်လာတဲ့ ရာဂဏန်းလောက်ကလွဲရင် အားလုံး သေဆုံးသွားပါတယ်။ အများစုက ယန်ကောင်းမြို့ထဲမှာ မီးလောင်ပြီး သေဆုံးသွားခဲ့ပါတယ်။ ကျန်တဲ့သူတွေကိုတော့ ချင်မြင်းတပ်က သုတ်သင်လိုက်ပါတယ်။ စစ်သေနာပတိချုပ်လုံကျန်းက နိုင်ငံအတွက် အသက်ပေးသွားခဲ့ပါတယ်။ " ဝေတပ်မှူးက ဝမ်းနည်းစွာဖြင့် အစီရင်ခံလိုက်သည်။
" ချင်စစ်တပ်က အကျအဆုံး ဘယ်လောက်ရှိလဲ။ သူတို့ မြို့ထဲမှာ မီးလောင်သွားကြလား။ " ဝေဝူကျိက ဝေတပ်မှူးကို မေးလိုက်သည်။
ဝေတပ်မှူးက ခေါင်းငိုက်စိုက်ကျသွားသည်။ " စစ်သေနာပတိချုပ် လုံကျန်းက မြို့ကို မီးရှို့ဖို့ အမိန့်ပေးပြီးတဲ့နောက် ချင်စစ်သေနာပတိချုပ် ကျောက်ဖုန်းက အဲ့ဒါကို ရိပ်မိသွားပြီး မီးမလောင်ခင်ကတည်းက သူ့ရဲ့ စစ်တပ်ကို ယန်ကောင်းမြို့ထဲက ခေါ်ထုတ်သွားခဲ့ပါတယ်။ မီးတောက်တွေက ကျွန်တော်တို့ ဝေစစ်သည်တွေနဲ့ အရပ်သားတွေကိုပဲ ဝါးမြိုသွားခဲ့ပါတယ်။ ယန်ကောင်းမြို့တစ်ခုလုံးက ပြာအတိ ဖြစ်သွားခဲ့ပါတယ်။ "
ဝေဝူကျိ၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး လဲကျလုနီးပါး ဖြစ်သွားသည်။ သူ၏ စိတ်ဓာတ်က ပြင်းထန်စွာ ရိုက်ခတ်ခံလိုက်ရပြီး ဆယ်နှစ်လောက် ပိုအိုစာသွားသည်ဟု ထင်ရသည်။
" အရှင် " ပတ်ဝန်းကျင်မှ ဝေတပ်မှူးများက စိုးရိမ်တကြီးဖြင့် အော်လိုက်ကြသညm်။
ဝေဝူကျိက ကောင်းကင်ကို မော့ကြည့်ပြီး နာကျည်းမှုများဖြင့် ပြောလိုက်သည်။ " ကောင်းကင်ဘုံက ကျုပ်တို့ရဲ့ ဝေနိုင်ငံကို တကယ်ပဲ ပျက်စီးစေချင်နေတာလား။ "