အခန်း ၃၀၆
Vol. 31 Ch. 306
အခန်း (၃၀၆)
ဝေနိုင်ငံ၊ ဟဲလျိုမြို့။
ဟန်ကုစခန်းက ဆက်လက်တိုက်ခိုက်နေခဲ့သည်။ ပြင်းထန်သော ထိုးစစ်က ဆယ်ရက်နီးပါး ကြာမြင့်နေပြီဖြစ်သည်။ ချင်စစ်တပ်က အထိအခိုက် အကျအဆုံး ရှိခဲ့သော်လည်း လက်နက်များ၏ ဖိနှိပ်မှုအောက်တွင် ဝေစစ်တပ်၏ ထိခိုက်မှုက ချင်စစ်တပ်ထက် ပိုများနေခဲ့သည်။
သို့သော် ဖန်ဝူ၏ တင်းကြပ်သော ခုခံမှုအောက်တွင် ဟန်ကုစခန်းက ထိုမြို့ကို ထိုးဖောက်နိုင်ခြင်းမရှိသေးပေ။
" စစ်သေနာပတိချုပ် ဝေစစ်တပ်က အတော်လေး ရုန်းကန်နေရပါပြီ။ သုံးရက်အတွင်း ဟဲလျိုမြို့က သေချာပေါက် ကျဆုံးပါလိမ့်မယ်။ " လီရှင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ သူက မြို့ကို ထိုးဖောက်ရန် အလွန်ယုံကြည်မှုရှိနေသည်။
" ဝေနိုင်ငံမှာ အရည်အချင်းရှိတဲ့ စစ်သေနာပတိချုပ်တွေ မရှိတော့ဘူး။ ဝေဝူကျိသာ မရှိရင် ဝေနိုင်ငံက ကျဆုံးတာ ကြာလှပြီ။ " ဟွမ်ယိက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။
" မှန်ပါတယ်။ ဝေဝူကျိက အရည်အချင်းရှိတဲ့သူတစ်ယောက်ပဲ။ သူက ပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့တယ်။ အစက ဒီနယ်စပ်မြို့က ကျွန်တော်တို့ကို ငါးရက်တောင် တောင့်မခံနိုင်ဘူးလို့ ထင်ခဲ့ပေမယ့် အခု ဆယ်ရက်တောင် ရှိသွားပြီ။ ဝေစစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းအားကို လျှော့တွက်လို့မရဘူး။ " လီရှင်းကလည်း ထောက်ခံလိုက်သည်။
" ယွင်ကျုံးက တိုက်ကွဲက ဘယ်လိုဖြစ်သွားလဲမသိဘူး။ " ဟွမ်ယိက မြောက်ဘက်သို့ ကြည့်ပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ် ဝူအန်းစခန်းက ကျွန်တော်တို့လိုပဲ မြို့ကို တိုက်ခိုက်တုန်းနေမှာပါ။ " လီရှင်းက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ " ကျွန်တော်မျိုးတို့ ဟန်ကုစခန်းရဲ့ အင်အားက လန်ထျန်းစခန်းအောက် မကျပါဘူး။ သာတောင်သာနိုင်ပါသေးတယ်။ ပြီးတော့ ဝူအန်းစခန်းက အခုမှ တည်ထောင်ထားတဲ့အပြင် လက်နက်ချစစ်သည်တွေနဲ့ ပြန်လည်ဖွဲ့စည်းထားတာပါ။ ဝေနိုင်ငံကို ချေမှုန်းတဲ့ နေရာမှာ ကျွန်တော်တို့ ဟန်ကုစခန်းက ပထမဆုံး အောင်မြင်မှုကို ရရှိပါလိမ့်မယ်။ "
" လီရှင်း မင်းက ကျောက်ဖုန်းကို အရမ်းလျှော့တွက်နေပြီ။ " ဟွမ်ယိက လီရှင်းကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
" ကျွန်တော်က စစ်သေနာပတိချုပ်ကျောက်ဖုန်းကို လျှော့တွက်တာ မဟုတ်ပါဘူး။ ဒါက ဝူအန်းစခန်းရဲ့ တကယ့်အခြေအနေပါ။ သူတို့က ကျွန်တော်တို့ စခန်းထက် ပိုကောင်းတဲ့ အောင်မြင်မှုတွေ ရှိလာမှာမဟုတ်ပါဘူး။ " လီရှင်းက ပြုံး၍ ပြန်ဖြေလိုက်သည်။
ထိုအချိန်တွင် ကိုယ်ရံတော်တစ်ယောက်က အပြေးအလွှား ရောက်လာသည်။ " စစ်သေနာပတိချုပ် ရှန်းယန်က အမိန့်စာ ရောက်လာပါတယ်။ "
ဟွမ်ယိက အမိန့်တော်ကို ချက်ချင်း ယူပြီး ဖွင့်ကြည့်လိုက်သည်။ အထဲမှ အကြောင်းအရာများကို မြင်သောအခါ ဟွမ်ယိ၏ အမူအရာက ပြောင်းလဲသွားပြီး သူ၏ မျက်လုံးများထဲတွင် မယုံကြည်နိုင်မှုနှင့် တုန်လှုပ်မှုတို့ ပြည့်နှက်သွားသည်။
" ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " ဟွမ်ယိ၏ လေသံက တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
" စစ်သေနာပတိချုပ် အရှင်မင်းကြီးက အမိန့်တစ်ခုခု ထုတ်ပြန်လိုက်လို့လား။ " လီရှင်းက မေးလိုက်သည်။
ဟွမ်ယိက လီရှင်းကို တစ်ချက်ကြည့်လိုက်ပြီး အမိန့်တော်ကို ပေးလိုက်သည်။ " မင်းဘာသာမင်း ကြည့်လိုက်တော့။ "
လီရှင်းက အမိန့်တော်ကို ယူပြီး ဖတ်ကြည့်လိုက်သောအခါ အလားတူပင် ထိတ်လန့်သွားခဲ့သည်။
" ယန်ကောင်းမြို့က သုံးရက်အတွင်း အသိမ်းခံလိုက်ရပြီး ဝေစစ်သည်တစ်သိန်းခွဲလုံး ချေမှုန်းခံလိုက်ရတယ်။ ဝေစစ်တပ်ရဲ့ စစ်သေနာပတိချုပ် လုံကျန်းကလည်း အသတ်ခံလိုက်ရတယ်။ ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " လီရှင်း၏ အသံက အနည်းငယ် တုန်ယင်နေခဲ့သည်။ သူ၏ ယုံကြည်မှုများက တိုက်ရိုက် ပျက်စီးသွားခဲ့သည်။
" ဝေစစ်သည်တစ်သိန်းခွဲလုံး လုံးဝ ချေမှုန်းခြင်းခံလိုက်ရတယ်။ ပြီးတော့ သုံးရက်ပဲကြာတယ်။
" ဝေစစ်သည်တစ်သိန်းခွဲလုံး လုံးဝ ချေမှုန်းခြင်းခံလိုက်ရတယ်။ ပြီးတော့ သုံးရက်ပဲ ကြာခဲ့တယ်။ ဒါ့အပြင် ကျောက်ဖုန်းက ဝေဝူကျိရဲ့ ဗျူဟာကိုလည်း ရိပ်မိခဲ့တယ်။ ကျောက်ဖုန်း ငါကတော့ ဒီလောက်ထိ မစွမ်းဆောင်နိုင်ဘူး။ " ဟွမ်ယိက အထင်ကြီး လေးစားစွာဖြင့် ရေရွတ်လိုက်ပြီး ကျောက်ဖုန်းအပေါ် အထင်သေးမှုများ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
အစတွင် ဟွမ်ယိ၏ အတွေးများကလည်း လီရှင်းနှင့် အတူတူပင် ဖြစ်သည်။ သူက ဝေကို တိုက်ခိုက်သည့် ဤစစ်ပွဲတွင် အလွန်ယုံကြည်မှု ရှိခဲ့ပြီး မြို့ကို ပထမဆုံး ထိုးဖောက်သည့် အောင်မြင်မှုက သေချာပေါက် သူ့အပိုင်ဟု ထင်ခဲ့သည်။ လက်နက်ချစစ်သည်များဖြင့် ဖွဲ့စည်းထားသော ဝူအန်းစခန်းက သူ၏ ဟန်ကုစခန်းကို ကျော်လွန်သွားလိမ့်မည်ဟု သူမယုံကြည်ခဲ့ပေ။ သို့သော် ရလဒ်ကတော့ ဟွမ်ယိကို အသိအမှတ်ပြုစေခဲ့သည်။
" သူက ဝေစစ်တပ်ရဲ့ အတူပျက်စီးမယ့် ရည်ရွယ်ချက်ကို ဘယ်လိုလုပ်သိသွားတာလဲ။ သူတို့က မြို့ထဲတောင် ရောက်နေပြီလေ။ " အချိန်အတော်ကြာပြီးနောက် လီရှင်းက စကားပြောလိုက်သည်။ " ပြီးတော့ ဝေဝူကျိက လူပေါင်းများစွာကို စတေးပြီး ဆွဲဆောင်ခဲ့တာပဲ။ ဒီဗျူဟာက လူသဘာဝကို အသုံးချခဲ့တာပဲ။ မြို့တစ်ဝက်ကို သိမ်းပိုက်ပြီးရင် ဘယ်သူမှ နောက်ပြန်ဆုတ်မှာ မဟုတ်ဘူး။ "
" ဒါကြောင့်လည်း ငါက ကျောက်ဖုန်းလောက် မစွမ်းဆောင်နိုင်ဘူးလို့ ပြောတာပေါ့။ တကယ်လို့ ငါသာ ယန်ကောင်းမြို့မှာ စစ်တပ်ကို ဦးဆောင်နေရင် မရေတွက်နိုင်တဲ့ စစ်သည်တွေ မီးပင်လယ်ထဲမှာ သေဆုံးကုန်မှာ ငါစိုးရိမ်မိတယ်။ " ဟွမ်ယိက သက်ပြင်းချလိုက်သည်။
ဟွမ်ယိက သူကိုယ်တိုင်ဆိုလျှင် ပြန်ဆုတ်မည် မဟုတ်ကြောင်းနှင့် ယန်ကောင်းမြို့တွင် မီးရှို့မည့် အကြံအစည်ကို ရိမ်မိရန် အလွန်ခက်ခဲကြောင်း သူ သိထားသည်။ စစ်သည်များက မြို့ထဲသို့ တိုက်ခိုက်ဝင်ရောက်သွားလျှင် အလွယ်တကူ ပြန်ဆုတ်ရန် မဖြစ်နိုင်ပေ။
" ကျွန်တော်တို့ ဟန်ကုစခန်းက ရှုံးနိမ့်သွားပြီ။ ဝူအန်းစခန်းက ပထမဆုံးအောင်မြင်မှုကို ရယူသွားခဲ့ပြီ။ " လီရှင်းက သက်ပြင်းချလိုက်သည်။
" တော်ပြီ။ ဘာမှထပ်ပြောနေစရာ မလိုဘူး။ ယန်ကောင်းမှာ ဝူအန်းစခန်းရဲ့ အောင်ပွဲက ချင်အတွက် ဝမ်းသာစရာပဲ။ ဝေရဲ့ မြောက်ဘက်ခံစစ်စည်းက ကျိုးပျက်သွားပြီ။ ဝေရဲ့ မြို့စောင့်တပ်တွေနဲ့ ခရိုင်စစ်သည်တွေကတော့ ဝူအန်းစခန်းရဲ့ ချီတက်မှုကို တားဆီးနိုင်မှာ မဟုတ်ဘူး။ သူတို့က ပထမဆုံးအောင်မြင်မှုကို ရယူသွားပြီဆိုတော့ ငါတို့ ဟန်ကုကလည်း နောက်ကျကျန်ခဲ့လို့ မရဘူး။ မနက်ဖြန်မတိုင်ခင် ဒီမြို့ကို ထိုးဖောက်နိုင်ရမယ်။ " ဟွမ်ယိက သူ၏ စိတ်ကို ထိန်းချုပ်ပြီး လေးနက်စွာ ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ။ " လီရှင်းက အမိန့်ကို လက်ခံလိုက်သည်။
အချိန်များက ကုန်လွန်သွားခဲ့သည်။ ဝေနိုင်ငံအတွင်း စစ်ပွဲက ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ယန်ကောင်းမြို့ကို ဝူအန်းစခန်းက ထိုးဖောက်နိုင်ခဲ့သောကြောင့် ဝေနိုင်ငံ၏ မြောက်ဘက်ခံစစ်က မရှိသလောက်ဖြစ်သွားခဲ့သည်။ စစ်သည်တစ်သိန်းခွဲကပင် ဝူအန်းစခန်းကို မတားဆီးနိုင်ခဲ့သောကြောင့် တိုက်ခိုက်ရေးစွမ်းအားနိမ့်သော ခရိုင်စစ်သည်များကို ပြောစရာပင် မလိုပေ။ ယန်ကောင်းမြို့က ဝေနိုင်ငံ မြို့တော်နှင့် မိုင်တစ်ထောင်ပင် မဝေးတော့ပေ။ ဝူအန်းစခန်းက တစ်လနှစ်လအတွင်း တလျန်မြို့တော်သို့ သေချာပေါက် ရောက်ရှိသွားပေလိမ့်မည်။
ချူနိုင်ငံ၊ ရင်မြို့တော်။
ညီလာခံခန်းမအတွင်း၌ ချူဘုရင် ရှုံးဟန်က ပလ္လင်ပေါ်တွင် ထိုင်နေပြီး သူ၏ အမူအရာက ဝေခွဲမရဖြစ်နေသည်။ အောက်တွင် အရပ်ဘက် အရာရှိဝတ်စုံနှင့် လူတစ်ယောက်ရပ်နေပြီး သူ၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်နေသည်။ သူက ချူနိုင်ငံ၏ ချွန်းရှန်ကျွင်း ဟွမ်ရှဲ ဖြစ်ပြီး စစ်ရေးနှင့် နိုင်ငံရေးအာဏာကို ဆုပ်ကိုင်ထားကာ ညီလာခံကို ကွပ်ကဲနေသူဖြစ်သည်။ ပလ္လင်ပေါ်တွင် ထိုင်မနေသော်လည်း ချူနိုင်ငံ၏ ဘုရင်အာဏာက သူ၏ လက်ထဲတွင် ရှိနေသည်။
" အရှင်မင်းကြီး အရှင် ဒါက ချင်ရဲ့ သဘောထားပါ။ ချင်ဘုရင်က သူတို့ရဲ့တပ်တွေကို ဝေကနေ လုံးဝရုတ်သိမ်းမှာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ " ချင်သို့သွားခဲ့သော သံတမန်က မကျေမနပ်ဖြင့် ပြောလိုက်သည်။ သူ၏ အကြည့်က ဟွမ်ရှဲပေါ်သို့ ကျရောက်နေသည်။
" ချင်ဘုရင်က တကယ် ရည်မှန်းချက်ကြီးတဲ့သူပဲ။ " ဟွမ်ရှဲက ဖြည်းညင်းစွာ ပြောလိုက်သည်။ သူ၏ လေသံက တည်ငြိမ်နေသော်လည်း စိုးရိမ်မှုကို ဖုံးကွယ်နိုင်စွမ်းမရှိပေ။
" မီယွဲ့ " ဟွမ်ရှဲက သက်ပြင်းချလိုက်သည်။ " မင်းက ချူနိုင်ငံအတွက် ကြီးမားတဲ့ ဒုက္ခတွေ ယူဆောင်လာတာပဲ။ ရင်ကျိကနေ အခု ရင်ကျန့်အထိပဲ။ အဲ့ဒီတုန်းက ငါမင်းကို မလွှတ်ပေးလိုက်သင့်ဘူး။ ဒါပေမယ့် အဆုံးမှာတော့... "
" ချင်ဘုရင်က ရည်မှန်းချက်ကြီးတဲ့သူပဲ။ အခု ကျောက်နဲ့ ဟန်တို့ကို ဖျက်ဆီးပြီးတဲ့နောက်မှာ နိုင်ငံရဲ့ အင်အားက အများကြီး တိုးတက်လာခဲ့တယ်။ တကယ်လို့ ကျွန်တော်မျိုးတို့က ဒီအတိုင်း ထိုင်ကြည့်နေပြီး ဝေနိုင်ငံကို ဖျက်ဆီးခွင့်ပေလိုက်မယ်ဆိုရင် ကျင့်သုံးနိုင်ငံက ချင်လက်ထဲကို ပြန်ရောက်သွားပါလိမ့်မယ်။ နောက်ဆုံးမှာ ချူနိုင်ငံကလည်း ချင်ရဲ့ ပစ်မှတ်ဖြစ်လာပါလိမ့်မယ်။ အရှင်မင်းကြီးအနေနဲ့ ချင်ကို တိုက်ခိုက်ဖို့ စစ်သည်တွေ စေလွှတ်သင့်ပါတယ်။ " သံတမန်က ကျယ်လောင်စွာ ပြောလိုက်သည်။
" ကျွန်တော်မျိုးတို့လည်း သဘောတူပါတယ်။ " ညီလာခံရှိ ဝန်ကြီးများက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
" ချူနိုင်ငံက ချင်နိုင်ငံ ကြီးထွားလာတာကို ဒီအတိုင်း ထိုင်ကြည့်မနေသင့်ပါဘူး။ မဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ "
" အရှင်မင်းကြီး ချင်ကို တိုက်ခိုက်ဖို့ စစ်သည်တွေ စေလွှတ်ပေးပါ။ "
" ဘယ်လိုအခြေအနေမျိုးမဆို ချင်ကို ဝေကို သိမ်းပိုက်ခွင့်မပေးနိုင်ပါဘူး။ အရှင်မင်းကြီး အမိန့်ထုတ်ပြန်ပေးပါ။ "
ချူနိုင်ငံ၏ ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် ပြောဆိုလိုက်ကြသည်။ သူတို့က ဟွမ်ရှဲ၏ အမူအရာအတိုင်း လုပ်ဆောင်ကြခြင်းဖြစ်သည်။ ချင်သို့စေလွှတ်ခြင်းမှညလည်း ဟွမ်ရှဲအမိန့်ပေးခဲ့ခြင်းဖြစိပြီး ချင်ကို တိုက်ခိုက်မည့်စစ်ဆင်ရေးအတွက် ပြင်ဆင်ရန် ရည်ရွယ်ချင်း ဖြစ်သည်။
ဟွမ်ရှဲက သူ၏ နောက်မှ ချူဘုရင်ကို ကြည့်လိုက်ပြီး သူ၏ မျက်လုံးများတွင် စိုးရိမ်ပူပန်မှုများ ရှိနေသည်။ ထို့နောက် သူက ဝန်ကြီးများဘက်သို့ ပြန်လှည့်လိုက်သည်။ " ဝန်ကြီးတို့ ပြောတာ မှန်ပါတယ်။ ချင်ကို ဆက်ပြီး ကြီးထွားလာခွင့်ပေးလို့မရတော့ဘူး။ "