← Chapters

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း ၃၀၇

Vol. 31 Ch. 307

အခန်း (၃၀၇)

" လီယွမ် " ဟွမ်ရှဲက ခေါ်လိုက်သည်။

" အမိန့်ရှိပါ။ " သက်လတ်ပိုင်းလူတစ်ယောက်က ​ရှေ့ထွက်လာသည်။

" ငါမင်းကို တာဝန်ပေးထားတဲ့ ရိက္ခါနဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ဘယ်လိုလဲ။ စစ်သည်တွေစုစည်းတာကရော ဘယ်လိုရှိလဲ။ " ဟွမ်ရှဲက လေးနက်စွာ မေးလိုက်သည်။

"စိတ်ချပါအရှင်။ အားလုံး အဆင်သင့်ဖြစ်ပါပြီ။ အရှင့်ရဲ့ အမိန့်ကို စောင့်နေတာပါ။ " လီယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ ကျားတံဆိပ်ကို ယူသွား။ စစ်သေနာပတိချုပ် ရှန်းယန်ကို စစ်သည်သုံးသိန်း ဦးဆောင်ပြီး ချင်ကို တိုက်ခိုက်ဖို့ မြောက်ဘက်ကို ချီတက်ခိုင်းလိုက်။ ငါတို့ ချူနိုင်ငံက ဝေရဲ့ အကူအညီတောင်းမှုကြောင့် တရားမျှတမှုမရှိတဲ့ ချင်ကို အပြစ်ပေးမှာ ဖြစ်တယ်။ ကမ္ဘာကြီးကို သက်သေအဖြစ် သိပါစေ။ " ဟွမ်ရှဲက ကျယ်လောင်စွာ ပြောလိုက်သည်။

" အရှင်က အမြော်အမြင်ရှိလှပါတယ်။ " ချူအရာရှိများက တစ်ညီတစ်ညွှတ်တည်း အော်ဟစ်လိုက်ကြသည်။

ဟွမ်ရှဲ၏ ရှေ့တွင် ဘယ်သူမှ မဆန့်ကျင်ရဲကြပေ။ ပလ္လင်ပေါ်တွင် ထိုင်နေသော ချူဘုရင်ပင် ဟွမ်ရှဲ၏ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်ခြင်းမရှိခဲ့ပေ။

" ကောင်းပြီ။ ညီလာခံသိမ်းမယ်။ " ဟွမ်ရှဲက ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

ဝန်ကြီးများက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ သို့သော် လှေကားထစ်ပေါ်တွင် ဟွမ်ရှဲကို တစ်ချက်ကြည့်ပြီး လီယွမ်နှင့် အခြားသူများက သိသာထင်ရှားခြင်းမရှိသော်လည်း သူတို့၏ မျက်လုံးများထဲတွင် နားမလည်နိုင်သော အကြည့်အချို့ ရှိနေသည်။

" ဦးရီးတော် ကျုပ်တို့ တကယ်ပဲ ချင်ကို တိုက်ခိုက်တော့မှာလား။ " ချူဘုရင်က ဟွမ်ရှဲကို ကြည့်ပြီး စိုးရိမ်စွာဖြင့် မေးလိုက်သည်။

" ဟန်အာ ဦးရီးတော်က အိုနေပြီ။ နောက်ထပ်နေရလည်း တစ်နှစ် နှစ်နှစ်ပေါ့။ တကယ်လို့ ဦးရီးတော် သေသွားခဲ့ရင် ညီလာခံက ဝန်ကြီးတွေက မင်းကို ဘယ်လိုဆက်ဆံကြမယ်ထင်လဲ။ " ဟွမ်ရှဲက သက်ပြင်းချပြီး လေးနက်စွာ ပြောလိုက်သည်။

" ကျုပ်က ချူနိုင်ငံရဲ့ ဘုရင်ပဲ။ သူတို့ ကျုပ်ကို ဆန့်ကျင်ရဲမှာလား။ " ချူဘုရင်က မျက်နှာပျက်သွားသည်။

" အခု အားလုံးကို ငါက ထိန်းချုပ်ထားတာ။ ငါသေသွားတာနဲ့ အားလုံးပြောင်းလဲသွားလိမ့်မယ်။ ချင်ကို တိုက်ခိုက်တာက အရေးကြီးတဲ့ အဆင့်ပဲ။ ဒီလိုလုပ်လိုက်ရင် စစ်တပ်ကို ပြန်လည်ဖွဲ့စည်းနိုင်မယ်။ မင်းအပေါ် သစ္စာရှိတဲ့သူတွေကို နေရာချပေးနိုင်မယ်။ ဒါက မင်းရဲ့ လုံခြုံရေးကို အာမခံနိုင်လိမ့်မယ်။ "

" ဦးရီးတော်က အိုနေပြီ။ ညီလာခံနဲ့ စစ်တပ်အပေါ် ထိန်းချုပ်မှုကလည်း လျော့နည်းလာပြီ။ သူတို့က ဘာမှထုတ်မပြပေမယ့် ငါ့ဘက်က အမှားတစ်ခုခု လုပ်တာနဲ့ စုပေါင်းပြီး တိုက်ခိုက်ကြလိမ့်မယ်။ ဘာလို့လဲဆိုတော့ သူတို့က ငါ့ရဲ့ ဖိနှိပ်မှုအောက်ရောက်နေတာ ကြာနေပြီမလို့ပဲ။ " ဟွမ်ရှဲက ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

" ဦးရီးတော် " ချူဘုရင်က ဟွမ်ရှဲကို ခံစားချက်များဖြင့် ကြည့်လိုက်သည်။

ဟွမ်ရှဲက ချူနိုင်ငံတွင် အာဏာရှင်ဆန်ပြီး အစွမ်းထက်သူဖြစ်သော်လည်း သူ့အပေါ် သံသယဝင်စရာမလိုအောင် ကောင်းမွန်ခဲ့သည်။ နန်းတွင်းမှ ကောလဟာလများကိုလည်း သူမသိဘဲမနေပေ။ သူ၏ ရှေ့မှ အဖိုးကြီးက သူ၏ ဖခင်အစစ်အမှန် ဖြစ်ကောင်းဖြစ်နိုင်ပေသည်။

" ကောင်းပြီ။ အရှင်မင်းကြီး ကောင်းကောင်းအနားယူပါ။ စစ်ရေးကိစ္စတွေ စီစဉ်ပြီးလို့ ချင်ကို တိုက်ဖို့ မြောက်ဘက်ကို ချီတက်သွားတာနဲ့ အရှင်မင်းကြီးကို ကာကွယ်ပေးနိုင်ဖို့ ဦးရီးတော် သေချာစစီစဉ်ထားပါမယ်။ " ဟွမ်ရှဲက ပြုံး၍ ပြောလိုက်သည်။

ချူဘုရင်က ထွက်ခွာသွားသော ဟွမ်ရှဲကို ကြည့်ပြီး သူ၏ စိတ်ထဲတွင် မတင်မကျဖြစ်လာသည်။

" ဦးရီးတော် " ချူဘုရင်က ခေါ်လိုက်သည်။

" အရှင်မင်းကြီး ဘာများရှိသေးလို့လဲ။ " ဟွမ်ရှဲက လှည့်ကြည့်ပြီး နူးညံ့စွာ ပြုံးလိုက်သည်။

" ဘာ ဘာမှမဟုတ်တော့ပါဘူး။ ဦးရီးတော် အရာရာ သတိထားပါ။ " ချူဘုရင်က တုန်လှုပ်စွာ ပြောလိုက်သည်။

" အရှင်မင်းကြီးရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ " ဟွမ်ရှဲက လှည့်ထွက်သွားသည်။

ထိုအချိန်တွင် နန်းတော်၏ အပြင်ဘက်၌ လူများစွာပ လမ်းကြားအမျိုးမျိုးတွင် ပုန်းအောင်းနေကြသည်။ လေးသည်တော်အသစ်များကလည်း နန်းတော်တံတိုင်းပေါ်တွင် ကင်းလှည့်နေကြပြီး နန်းတော်ရင်ပြင်​တွင် သွေးကွက်များနှင့် အလောင်းများ ရှိနေသည်။

" အရှင် ဟွမ်ရှဲရဲ့ ရထားလုံး လာနေပါပြီ။ " မျှော်စင်ပေါ်မှ တပ်မှူးတစ်ယောက်က လီယွမ်ကို ပြောလိုက်သည်။

" နောက်ဆုံးတော့ ရောက်လာပြီ။ " လီယွမ်က နန်းတော်မှ ထွက်လာသော လမ်းပေါ်သို့ စိုက်ကြည့်နေသည်။

ကိုယ်ရံတော်ရာချီ၏ ကာကွယ်မှုအောက်တွင် ရထားလုံးတစ်စီးက ဖြည်းညင်းစွာ ထွက်လာသည်။

" ပစ်ကြစမ်း " လီယွမ်က အေးစက်စွာ အမိန့်ပေးလိုက်သည်။

နန်းတော်မျှော်စင်၏ ဘေးနှစ်ဖက်တွင် ပုန်းအောင်းနေသော စစ်သည်များက ထလာပြီး အောက်မှ ရထားလုံးနှင့် ကိုယ်ရံတော်များကို မြားများဖြင့် ပစ်ခတ်လိုက်ကြသည်။ ကျဆင်းလာသော​ မြားမိုးအောက်တွင် ကိုယ်ရံတော်များက တုန့်ပြန်ချိန်မရဘဲ မြားထိမှန်သွားကြသည်။

" မြန်မြန် အရှင်ကို ကာကွယ်ပြီး နန်းတော်ထဲကို ပြန်ဝင်ကြ။ " ရထားလုံးပတ်လည်ရှိ ကိုယ်ကံတော်များက ပြန်ဆုတ်ရန် ကြိုးစားလိုက်ကြသော်လည်း မြင်းများက မြားထိမှန်၍ သေဆုံးကုန်ကြပြီဖြစ်သည်။

ထိုအချိန်တွင် လမ်း၏ ဘေးနှစ်ဖက်မှ စစ်သည်များပေါ်လာပြီး ကိုယ်ရံတော်များကို တိုက်ခိုက်လိုက်ကြသည်။ သူတို့က ဟွမ်ရှဲ၏ ရထားလုံးကို လျင်မြန်စွာ ဝန်းရံလိုက်ကြသည်။

" တစ်ယောက်မှ အသက်ရှင်မထားနဲ့။ သတ်ကြစမ်း။ " စစ်သည်များက ဟိန်းဟောက်ကာ တိုက်ခိုက်လိုက်ကြပြီး ဟွမ်ရှဲကို ကာကွယ်နေသူများက တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြသည်။

ရထားလုံးထဲတွင် ဟွမ်ရှဲက ထိတ်လန့်ခြင်းမရှိဘဲ သူ၏ အိုမင်းသော မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ " နောက်ဆုံးတော့ ငါတကယ်ပဲ မှားသွားခဲ့ပြီ။ "

" သူတို့က ငါ့ကို တိုက်ခိုက်ဖို့ မစောင့်နိုင်ကြတော့ဘူး။ ငါရဲ့ အချစ်ဆုံးသားလေး ငါမင်းကို နောက်ထပ် မကာကွယ်ပေးနိုင်တော့ဘူး။ " ဟွမ်ရှဲက ရေရွတ်လိုက်သည်။

အပြင်ဘက်မှ တိုက်ခိုက်သံများနှင့် သတ်ဖြတ်သံများကို နားထောင်ရင်း ဟွမ်ရှဲက သူအသက်ရှင်ရန် အခွင့်အရေးမရှိတော့သည်ကို သိလိုက်သည်။ သူက မည်သူလှုပ်ရှားသည်ကို သိလိုသဖြင့် လိုက်ကာကို မကြည့်လိုက်သည်။ အပြင်ဘက်တွင် သူ၏ ကိုယ်ရံတော်အားလုံး သေဆုံးသွားပြီး သူ့အပေါ်သို့ ကျရောက်နေသော ရန်လိုသည့်အကြည့်များကို ခံစားလိုက်ရသည်။

" ဘယ်သူငါ့ကို တိုက်ခိုက်ရဲတာလဲ။ " ဟွမ်ရှဲက အသက်ကြီးနေပြီဖြစ်သော်လည်း သူ၏ အသံက အားအင်ပြည့်ဝနေဆဲ ဖြစ်သည်။

" အရှင် ကျုပ်ပါပဲ။ " လီယွမ်က ကြောက်ရွံ့ခြင်းမရှိဘဲ အောင်နိုင်သူတစ်ယောက်သဖွယ် ဟွမ်ရှဲကို စိုက်ကြည့်လိုက်သည်။

လီယွမ်ကို မြင်လိုက်ရသောအခါ ဟွမ်ရှဲ၏ မျက်လုံးများထဲတွင် အံ့အားသင့်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ သူက ၎င်းကို မမျှော်လင့်ထားပုံရသည်။

" မင်း တကယ်ပဲ မင်းလား။ ငါ နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့တာ ဧည့်သည်တစ်ယောက်ရဲ့ လက်ထဲမှာ သေရလိမ့်မယ်လို့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ဟားဟားဟားဟား....." ဟွမ်ရှဲက ဝမ်းနည်းကြေကွဲစွာဖြင့် ရယ်မောလိုက်သည်။ သူက သစ္စာဖောက်ခြင်း၏ အရသာကို ကောင်းကောင်းခံစားလိုက်ရတော့သည်။

" ချွန်းရှန်ကျွင်းကို ပို့ဆောင်လိုက်ကြ။ " လီယွမ်၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပေါ်လာပြီး လက်ဝှေ့ရမ်းလိုက်သည်။ ရုတ်တရက် စစ်သည်အမြောက်အမြားက ရှေ့တိုးလာပြီး ဟွမ်ရှဲကို တိုက်ရိုက်တိုက်ခိုက်ကြတော့သည်။

ချူနိုင်ငံ၏ ဒဏ္ဍာရီ၊ ချူနိုင်၏ အာဏာကို နှစ်ပေါင်းများစွာ ဆုပ်ကိုင်ထားခဲ့သော ချွန်းရှန်ကျွင်းက ကျဆုံးသွားခဲ့သည်။ သွေးများနှက့် အသက်မဲ့နေသော ဟွမ်ရှဲ၏ ခန္ဓာကိုယ်ကို ကြည့်ပြီး လီယွမ်က သက်ပြင်းချလိုက်သည်။

" သေပြီ။ အဖိုးကြီး နောက်ဆုံးတော့ သေသွားပြီပဲ။ အခုကစပြီး ချူနိုင်ငံရဲ့ စစ်ရေးနဲ့ နိုင်ငံရေးအာဏာက ငါ့လက်ထဲ ရောက်လာပြီ။ " လီယွမ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

သူတစ်ယောက်တည်းသာ မဟုတ်ပေ။ သူ၏ ပတ်ပတ်လည်မှ လူတိုင်းက စိတ်လှုပ်ရှားနေခဲ့သည်။ ဟွမ်ရှဲက ချူနိုင်ငံတွင် ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ ယခုအခါ ထိုပုဂ္ဂိုလ်က သူတို့၏ လက်ထဲတွင် သေဆုံးသွားခဲ့သည်။

" အရှင် ဟွမ်ရှဲ သေသွားပါပြီ။ နောက်ထပ် ဘာဆက်လုပ်ရမလဲ။ " လီယွမ်၏ လက်အောက်ငယ်သားတစ်ယောက်က မေးလိုက်သည်။

လီယွမ်က သတိပြန်ဝင်လာပြီး သူ၏ မျက်လုံးများထဲတွင် အေးစက်သော အလင်းတန်းတစ်ခု လင်းလက်သွားသည်။

" လက်ရှိဘုရင်ရဲ့ သွေးမျိုးဆက်က မစစ်မှန်ဘူး။ ဟွမ်ရှဲနဲ့ ကိုယ်လုပ်တော်တို့ရဲ့ ကလေးပဲ။ သူက ငါတို့ ချူနိုင်ငံရဲ့ ဘုရင်ဖြစ်ဖို့ မထိုက်တန်ဘူး။ ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ နန်းတော်ကို စီးနင်းကြ။ အဲ့ဒီမျိုးမစစ်ကို ဖယ်ရှားပြီး သူ့ရဲ့ မျိုးရိုးကို အမြတ်ဖြတ်ကြ။ ဒါ့အပြင် မှန်ကန်တဲ့ အုပ်ချုပ်မှုကို ရရှိဖို့ ချူနိုင်ငံရဲ့ စစ်မှန်တဲ့ သွေးမျိုးဆက်ကို ရှာဖွေကြ။ " လီယွမ်က သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။

" အရှင်နောက်ကို သေတဲ့အထိ လိုက်ဖို့ သစ္စာပြုပါတယ်။ "

" သတ်ကြ။ " စစ်သည်များက အော်ဟစ်ပြီး နန်းတော်ထဲသို့ ဝင်ရောက်သွားကြသည်။

ထိုအချိန်တွင် အရိပ်ထဲမှ မျက်ဝန်းတစ်စုံက ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့သည်။

" ချူနိုင်ငံကတော့ ဖရိုဖရဲဖြစ်ပြီ။ ဟွမ်ရှဲ ဟွမ်ရှဲ မင်းက ငါတို့ချင်ကို တိုက်ခိုက်ချင်ခဲ့ပေမယ့် မင်းက မထိုက်တန်ဘူး။ချူနိုင်က တစ်နှစ်လောက်ထိတော့ ငြိမ်သက်မှာမဟုတ်ဘူး။ ဒီရလဒ်ကို အရှင်မင်းကြီးဆီ အစီရင်ခံရမယ်။ "

ဝေနိုင်ငံ၏ မြို့တစ်မြို့တွင် လဝက်ကြာ ဝန်းရံပြီးနောက် ဝူအန်းစခန်းက ချီတက်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။

" စစ်သေနာပတိချုပ် မြင်းစီးတပ်ဖွဲ့က ဘီယန်မြို့ကို ရောက်သွားပါပြီ။ တပ်ဖွဲ့ငါးဖွဲ့ခွဲပြီး ဝေစစ်တပ်ရဲ့ ရိက္ခါလမ်းကြောင်းတွေကို ပစ်မှတ်ထားနေပါတယ်။ လက်ရှိမှ ဝေမြို့ပေါင်းများစွာရဲ့ ရိက္ခါလမ်းကြောသ်းတွေကို ဖြတ်တောက်ပြီး စစ်တပ်နှစ်ခုက တိုက်ခိုက်နေပါတယ်။ အခုဆိုရင် ဝေမြို့ ဆယ်မြို့ကျော်ကို ကျွန်တော်တို့ သိမ်းပိုက်ပြီပါပြီ။ " ကျန်းမင်က အစီရင်ခံလိုက်သည်။

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ စစ်သူကြီးသုံးယောက်ကို အောင်မြင်မှုအတွက် လောဘမကြီးဖို့နဲ့ အဆင်အခြင်မဲ့ ရှေ့မတက်ဖို့ ပြောလိုက်။ တည်တည်ငြိမ်ငြိမ်နဲ့ တိုက်ခိုက်ဖို့ကိုပဲ ဦးစားပေးပါ။ ဝေက အားကုန်နေပြီ။ သူတို့ရဲ့ ခရိုင်စစ်သည်တွေက ငါတို့ စစ်တပ်ရဲ့ ချီတက်မှုကို မတားဆီးနိုင်ဘူး။ သူတို့ကို သတိပေးလိုက်ပါ။ ဆုံးရှုံးမှုတွေဆီ ဦးတည်စေမယ့် ပေါ့ဆမှုမျိုးကို ငါခွင့်လွှတ်မှာမဟုတ်ဘူး။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က ချက်ချင်း ပြန်ပြောလိုက်သည်။

All Chapters