အခန်း ၃၀၈
Vol. 31 Ch. 308
အခန်း (၃၀၈)
" စစ်သေနာပတိချုပ် ရှန်းယန်က သံတမန်တစ်ယောက်က တွေ့ခွင့်တောင်းနေပါတယ်။ " ဟန်ချန်းယန်က ဝင်လာပြီး ပြောလိုက်သည်။
သံတမန်ဆိုသော စကားကြောင့် ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲအပြင်သို့ ထွက်လိုက်သည်။ အပြင်ဘက်တွင် ရန်ရှောူ်က နန်းတွင်းကိုယ်ရံတော်တပ်ဖွဲ့ကို ဦးဆောင်ပြီး ရပ်နေခဲ့သည်။
" တပ်မှူးရန် ကိုယ်တိုင်ဝေကို ရောက်လာတာပဲ။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" စစ်သေနာပတိချပ်ကို အရိုအသေပေးပါတယ်။ "ရန်ရှောင်က ကျောက်ဖုန်းကို အရိုအသေပေးလိုက်သည်။ နန်းတွင်းကိုယ်ရံတော်တပ်မှူးအနေဖြင့် သူက ပင်မစစ်သူကြီးများထက် ရာထူးမြင့်သော်လည်း စစ်သေနာပတိချုပ်လောက် မမြင့်ပေ။
" အရှင်မင်းကြီးက စစ်သေနာပတိချုပ်အတွက် ဆုလာဘ်ကို ချီမြှင့်ဖို့ ကျုပ်ကို စေလွှတ်လိုက်တာပါ။ စစ်သေနာပတိချူပ်ကျောက်ဖုန်း အမိန့်နာခံပါ။ " ရန်ရှောင်က အမိန့်တော်ကို ထုတ်ယူလိုက်သည်။
" ကျွန်တော်မျိုး ကျောက်ဖုန်း အမိန့်တော်ကို နာခံပါတယ်။ " ကျောက်ဖုန်းက ချက်ချင်း အရိုအသေပေးလိုက်သည်။
" ချင်ဘုရင်ရဲ့ အမိန့်တော် စစ်သေနာပတိချုပ် ကျောက်ဖုန်းက ဝူအန်းစခန်းကို ဦးဆောင်ပြီး ဝေနယ်စပ်ကို ထိုးဖောက်ခြင်း၊ ဝေစစ်သည်တစ်သိန်းခွဲကို ချေမှုန်းခြင်းတို့က ကြီးမားတဲ့ စွမ်းဆောင်မှုဖြစ်တယ်။ ဒါကြောင့် ကျောက်ဖုန်းကို ရှောက်ရှန့်ကျောက်အဖြစ် ဘွဲ့ထူးတစ်ဆင့် တိုးမြှင့်ပေးလိုက်တယ်။ ရွှေတစ်ထောင်၊ ငွေစတစ်သောင်း၊ ကျောက်စိမ်းပစ္စည်း တစ်ရာနဲ့ အစေခံငါးရာတို့ကို ချီးမြှင့်လိုက်တယ်။ " ရန်ရှောင်က ကျယ်လောင်စွာ ကြေညာလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ဖုန်းက တည်ငြိမ်စွာ ရှိနေသော်လည်း သူ၏ နောက်မှ လူများစွာကတော့ စိတ်လှုပ်ရှားသွားကြသည်။ ယခုအခါ ကျောက်ဖုန်း၏ စစ်သေနာပတိချုပ်ရာထူးက ခိုင်မာသွားပြီကို သူတို့အားလုံး နားလည်ကြသည်။
" အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ဦးညွှတ်ပြီး ပြောလိုက်သည်။
ရန်ရှောင်က ရှေ့တိုးလာပြီး ကျောက်ဖုန်းကို အမိန့်တော် ပေးလိုက်သည်။ " စစ်သေနာပတိချုပ် အရှင်မင်းကြီးက အထူးမှာကြားထားပါတယ်။ ဝေနိုင်ငံက ကိစ္စရပ်တွေကို ကိုင်တွယ်တဲ့အခါ အရှင်မင်းကြီးက ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူး။ စစ်သေနာပတိချုပ် စစ်တပ်ကို ဦးဆောင်ပြီး ဝေနိုင်ငံကို သိမ်းပိုက်မယ့်နေ့ကို အရှင်မင်းကြီးက စောင့်မျှော်နေတယ်လို့ ပြောပါတယ်။ "
" တပ်မှူးရန်က အရှင်မင်းကြီးကို ပြန်ပြောပေးပါဦး။ ကျုပ်ကျောက်ဖုန်းက အရှင်မင်းကြီးကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။ နှစ်လအတွင်း ဝူအန်းစခန်းက ဝေမြို့တော်ကို ရောက်ပါလိမ့်မယ်။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
" ကျွန်တော် စစ်သေနာပတိချုပ်ရဲ့ စကားတွေကို သေချာပေါက် ပြန်ပြောလိုက်ပါမယ်။ " ရန်ရှောင်က ဦးညွှတ်ပြီး ပြောလိုက်သည်။
" ကျေးဇူးတင်ပါတယ်။ " ကျောက်ဖုန်းက ခေါင်းညိမ့်လိုက်သည်။
" အမိန့်တော်ကို ပေးအပ်ပြီးပြီဆိုတော့ ကျွန်တော်ကို ခွင့်ပြုပါဦး။ " ရန်ရှောင်က မြင်းပေါ်သို့ တက်ပြီး နန်းတွင်းကိုယ်ရံတော်များနှင့်အတူ ထွက်ခွာသွားသည်။
" စစ်သေနာပတိချုပ်ကို ဂုဏ်ပြုပါတယ်။ " တပ်မှူးများနှင့် ကိုယ်ရံတော်များက ကျောက်ဖုန်းကို ဦးညွှတ်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။
" ဝေကို အမြစ်ပြတ် မချေမှုန်းနိုင်သေးဘူး။ မင်းတို့ အားလုံး ကြိုးစားဖို့ လိုတယ်။ ငါအမိန့်ကို ထုတ်ပြန်လိုက်။ ဝူအန်းစခန်းက ဆက်ပြီး ချီတက်ကြမယ်။ နှစ်လအတွင်း ငါတို့က တလျန်မြို့ကို ရောက်အောင်သွားရမယ်။ " ကျောက်ဖုန်းက အမိန့်ပေးလိုက်သည်။
" အမိန့်အတိုင်းပါ။ " အားလုံးက တစ်ညီတစ်ညွှတ်တည်း ပြောလိုက်ကြသည်။
ကျောက်ဖုန်းက အမိန့်တော်ကို မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။ သူ၏ ဘွဲ့ထူးက ၁၅ ဆင့်မြောက်သို့ ရောက်ရှိသွားသောကြောင့် ဒုတိယအဆင့် ရတနာသေတ္တာကို ရရှိပေလိမ့်မည်။
" ဆုလာဘ်ကို ရယူမယ်။ " ကျောက်ဖုန်းက စနစ်နှင့် ဆက်သွယ်လိုက်သည်။
" ပိုင်ရှင်က ရှောက်ရှန့်ကျောက် ဘွဲ့ထူးကို တိုးမြှင့်ခံလိုက်တဲ့အတွက် အဆင့်နှစ်ရတနာသေတ္တာကို ရရှိပါတယ်။ "
" ကောင်းတာလေးရဖို့ မျှော်လင့်ရမှာပဲ။ ဖွင့်လိုက်။ " ကျောက်ဖုန်းက မျှော်လင့်ချက်များဖြင့် ပြောလိုက်သည်။
" အဆင့်နှစ်ရတနာသေတ္တာကို ဖွင့်နေပါပြီ။ ကောင်းကင်အဆင့် ကံကြမ္မာစွမ်းအားသိုင်းပညာ သိုင်းဧကရာဇ်နဂါးကျမ်း ရရှိပါတယ်။ "
" သိုင်းပညာလား။ ပြီးတော့ ကံကြမ္မာစွမ်းအားလား။ ဒါက တော်တော်လေး ထူးဆန်းတာပဲ။ " ကျောက်ဖုန်းက အနည်းငယ် နားလည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
ရတနာသေတ္တာအတွင်းမှာ သိုင်းပညာတစ်ခု ရရှိလာခြင်းက အံ့ဩစရာမဟုတ်သကဲ့သို့ ကျင့်စဉ်တစ်ခု ဖြစ်နေခြင်းကလည်း အံ့ဩစရာမဟုတ်ပေ။ သို့သော် ကံကြမ္မာစွမ်းအားက ကျောက်ဖုန်းအတွက် ထူးဆန်းနေပြီး ပထမဆုံးအကြိမ် ရရှိခြင်း ဖြစ်သည်။
ကျောက်ဖုန်းက ၎င်းကို တိုက်ရိုက်ထုတ်ယူလိုက်သည်။ ရှုပ်ထွေးနက်ရှိုင်းလှသော သိုင်းပညာက ကျောက်ဖုန်း၏ စိတ်အသိထဲသို့ ဝင်ရောက်လာသည်။
၎င်းက သူရရှိခဲ့ဖူးသော နဂါးဆင်ကျမ်းထက် အဆပေါင်းများစွာ ပိုမိုရှုပ်ထွေးပြီး အတွင်းတွင် လျို့ဝှက်ဆန်းကြယ်သော ကျင့်ကြံခြင်း အနက်အဓိပ္ပါယ်များ ပါဝင်နေသည်။ အချိန်ကြာလာသည်နှင့်အမျှ ကျောက်ဖုန်းက ၎င်းအတွင်းသို့ နစ်မြှုပ်သွားတော့သည်။ သူက စစ်ရထားပေါ်တွင် ထိုင်နေပြီး ကိုယ်ရံတော်များက သူကို စောင့်ကြပ်ပေးနေကြသည်။ စစ်ရထားက ဝေနယ်မြေအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်သွားခဲ့သည်။
တလျန်မြို့တော်။
" သတင်းပို့ပါတယ်။ လီယန်မြို့က အရေးပေါ် အစီရင်ခံစာရောက်လာပါတယ်။ ချင်စစ်တပ်ရဲ့ မြင်းစီးတပ်ဖွဲ့က မြောက်ဘက်ကို ဦးတည်တဲ့ ကျွန်တော်မျိုးတို့ရဲ့ ရိက္ခာလမ်းကြောင်းတွေ အားလုံးကို ဖြတ်တောက်လိုက်ပါပြီ။ အခုဆိုရင် ကျွန်တော်တို့ ရိက္ခာတွေကို မြောက်ဘက်က မြို့တွေဆီ လုံးဝ ပို့လို့မရတော့ပါဘူး။ ဒါ့အပြင် ကျွန်တော်မျိုးတို့ရဲ့ ရိက္ခာတော်တော်များများကိုလည်း ချင်စစ်တပ်က လုယူသွားပါတယ်။ "
" သတင်းပို့ပါတယ်။ ကျွန်တော်တို့ရဲ့ မြင်းစီးတပ်ဖွဲ့က ချင်စစ်တပ်ရဲ့ ရိက္ခာလမ်းကြောင်းတွေကို ဖြတ်တောက်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ချင်စစ်တပ်ရဲ့ ရိက္ခာလမ်းကြောင်းတွေကို မြင်းစီးတပ်ဖွဲ့တွေက စောင့်ကြပ်ထားပြီး အခိုင်အမာ ကာကွယ်ထားပါတယ်။ ပြီးတော့ သူတို့ လမ်းကြောင်းတွေကလည်း ခဏခဏ ပြောင်းလဲနေပြီး ခန့်မှန်းလို့ မရပါဘူး။ "
" မြောက်ဘက်က မြို့ပေါင်းနှစ်ဆယ်ကျော်ကိုလည်း ချင်စစ်တပ်က သိမ်းပိုက်လိုက်ပါပြီ။ ကျွန်တော်တို့က ချင်စစ်တပ်ရဲ့ တိုက်စစ်ကို မခံနိုင်တော့ပါဘူး။ "
ညီလာခံအတွင်း၌ မကောင်းသတင်းများက တစ်ခုပြီးတစ်ခု ပဲ့တင်ထပ်နေခဲ့သည်။ ဝေဘုရင်၏ မျက်နှာက ဖြူဖျော့နေပြီး အောက်ဘက်ရှိ ဝန်ကြီးများကလည်း မျက်နှာပျက်နေကြသည်။
" မြောက်ဘက်ခံစစ်က လုံးဝပြိုလဲသွားပြီ။ အခု ငါတို့ ဘာလုပ်ကြမလဲ။ "
" ချင်စစ်တပ်ရဲ့ မြင်းတပ်အပြင် သူတို့ရဲ့ ခြေလျင်တပ်ကိုပါ ပေါင်းထည့်လိုက်ရင် ငါတို့ မြို့တံခါးကို ရောက်ဖို့ သိပ်ကြာမှာ မဟုတ်ဘူး။ "
" ဟူး.... ငါတို့ ဝေနိုင်ငံက ချင်နိုင်ငံကို တကယ်ပဲ မယှဉ်နိုင်တော့ဘူး။ "
" တော်ကြတော့..." ဝေဝူကျိ၏ အသံက ထွက်ပေါ်လာသည်။ သူက တည်ငြိမ်စွာ ရပ်နေသော်လည်း သူ၏ မျက်နှာက ဖြူဖျော့နေသည်။ ဝန်ကြီးများ၏ အကြည့်က ဝေဝူကျိထံသို့ ရောက်ရှိသွားသည်။
" ချူနိုင်ငံက ဘယ်လိုလဲ။ " ဝေဝူကျိက ဖြည်းညင်းစွာ မေးလိုက်သည်။
" အရှင် သံတမန် ချူကို ရောက်ပြီးတဲ့နောက် ချွန်းရှန်ကျွင်းက ချင်ကို တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာ ရှင်းနေပါပြီ။ ပြီးတော့ ချူသံတမန်ကလည်း သူတို့ညီလာခံမှာ ချင်ဘုရင်ကို ဒေါသထွက်အောင် လုပ်ခဲ့ပြီးပါပြီ။ ချူနိုင်ငံက ချင်ကို စစ်ရေးအရ သေချာပေါက် အရေးယူပါလိမ့်မယ်။ " ချင်နိုင်ငံသို့ သွားခဲ့သော ဝန်ကြီးက ပြောလိုက်သည်။
" ချူနိုင်ငံက ငါတို့ဝေနိုင်ငံ အသက်ဆက်ဖို့အတွက် တစ်ခုတည်းသော မျှော်လင့်ချက်ပဲ။ ချူနိုင်ငံသာ လှုပ်ရှားရင် ချီနိုက်ငံကလည်း လှုပ်ရှားလိမ့်မယ်။ ဒီနည်းလမ်းနဲ့ပဲ ငါတို့ ဝေနိုင်ငံက အသက်ဆက်နိုင်လိမ့်မယ်။ " ဝေဝူကျိက ယုံကြည်မှုရှိစွာ ပြောလိုက်သည်။ ထိုပြောကြားချက်က ဝန်ကြီးများကို စိတ်သက်သာရာရစေခဲ့သည်။
" ဦးရီးတော် အခုမြောက်ဘက်ခံစစ်စည်းလည်း ပျက်စီးသွားပြီ။ ချင်ရဲ့ ဝူအန်းစခန်းကလည်း တားဆီးမရအောင် ဖြစ်နေပြီဆိုတော့ ကျုပ်တို့ ဘယ်လိုတုန့်ပြန်ကြမလဲ။ " ဝေဘုရင်က ဝေဝူကျိကို မေးလိုက်သည်။
" မြောက်ဘက်မှာ စစ်သည်တစ်သိန်းခွဲဆုံးရှုံးသွားတာ ကျွန်တော်မျိုးရဲ့ အမှားပါ။ ယန်ကောင်းမြို့ကို မီးရှို့တဲ့ ဗျူဟာက မအောင်မြင်ခဲ့ဘူး။ ပြီးတော့ ဒီဗျူဟာကို ဟန်ကုစခန်းကို တိုက်ဖို့လည်း သုံးလို့မရတော့ဘူး။ ကျွန်တော်မျိုးတို့ လုပ်နိုင်တာက ချင်စစ်တပ်ရဲ့ ချီတက်မှုကို တတ်နိုင်သမျှ နှောင့်နှေးအောင်လုပ်ပြီး အခြားနိုင်ငံတွေဆီက အကူအညီကို စောင့်ဖို့ပါပဲ။ "
" အရှင်မင်းကြီး မစိုးရိမ်ပါနဲ့။ တလျန်ကို စောင့်ကြပ်ဖို့ စစ်သည်သုံးသိန်းကို ဖြန့်ကျက်ထားပါပြီ။ ပြီးတော့ ဝေနိုင်ငံရဲ့ ဝန်ကြီးတွေဆီက စစ်သည်တွေလည်း ရှိပါတယ်။ ချင်စစ်တပ်က တလျန်မြို့တော်ကို ရောက်လာရင်တောင် အချိန်တိုအတွင်းမှာ ထိုးဖောက်ဖို့ မဖြစ်နိုင်ပါဘူး။ "
" ကျွန်တော်မျိုးတို့ ဝေမြို့တော်က ဗျူဟာကျတဲ့ နေရာတစ်ခုဖြစ်ပြီး ကျောက်ရဲ့ ဟန်တန်မြို့ထက်တောင် ပိုပြီး ခိုင်ခံ့ပါတယ်။ မြို့တံခါးတွေကို လူအင်အားနဲ့ ဖွင့်လို့မရအောင် ကျောက်တုံးတွေနဲ့ ပိတ်ထားဖို့ အမိန့်ပေးထားပြီးပါပြီ။ မြို့ရဲ့ ကာကွယ်ရေးကိုလည်း ပြင်ဆင်ထားပြီး မြို့ထဲက စစ်တပ်နဲ့ ပြည်သူတွေ တစ်နှစ်စာ သုံးလို့ရတဲ့ ရိက္ခာတွေ အလုံအလောက်ရှိပါတယ်။ "
" ဒီနှစ်အတွင်းမှာ ကျွန်တော်မျိုးတို့ ဝေနိုင်ငံက အခြားနိုင်ငံတွေရဲ့ ပြောင်းလဲမှုတွေကို စောင့်ကြည့်နေမှာပါ။ " ဝေဝူကျိက သူ၏ အစီအစဉ်ကို ပြောပြလိုက်သည်။
၎င်းက လက်ရှိအချိန်တွင် လုပ်ဆိုင်နိုင်သော တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဝေဝူကျိက သတင်းပေါ်ကြားမည်ကို မစိုးရိမ်ပေ။ အကြောင်းမှာ သူလုပ်စရာရှိသည်ကို လုပ်ဆောင်ပြီးသားဖြစ်သောကြောင့် ဖြစ်သည်။ တလျန်မြို့၏ ခံစစ်ကို နှစ်နှစ်ကျော်ကြာအောင် တည်ဆောက်ထားခြင်းဖြစ်သည်။
" ကျုပ် ဦးရီးတော်ကို ယုံကြည်ပါတယ်။ " ဝေဘုရင်က ခေါင်းညိမ့်လိုက်သည်။
" အရှင် ကျွန်တော်တို့ မြို့တော်ကို ခုခံဖို့ ဆုံးဖြတ်ပြီးပြီဆိုတော့ ဟဲလျိုမြို့မှာ ခုခံနေတဲ့ စစ်သည်တွေကို ပြန်ခေါ်သင့်ပါသလား။ စစ်သေနာပတိချုပ်ဖန်ဝူရဲ့ ကွပ်ကဲမှုအောက်မှာ စစ်သည်နှစ်သိန်းကျော် ရှိပါတယ်။ "ဝန်ကြီးတစ်ယောက်က အကြံပြုလိုက်သည်။