← Chapters

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း ၃၁၀

Vol. 31 Ch. 310

အခန်း (၃၁၀)

" ယောက္ခမကြီးက ကျုပ်ကို လူအတစ်ယောက်လို့ ထင်နေတာလား။ " ရင်ကျန့်က ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။

" အရှင်မင်းကြီး ဒီလိုမပြောသင့်ပါဘူး။" ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။ "တကယ်လို့ အရှင်မင်းကြီးကိုသာ လူအလို့ ပြောရင် ဒီလောကမှာ လူတော်ရှိတော့မှာမဟုတ်ပါဘူး။ "

" ကျုပ် တုန်အာနဲ့ တွေ့ပြီးပြီ။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ထိုစကားများကို ကြားလိုက်ရသောအခါ ရှဝူချယ်၏ မျက်နှာက ခံစားချက်များဖြင့် ရောထွေးသွားသည်။ ယခုအချိန်တွင် ရှဝူချယ်က ရင်ကျန့်၏ ရည်ရွယ်ချက်ကို နားလည်သွားခဲ့သည်။

" အဲ့ဒါ တကယ်လား။ " ရှဝူချယ်က ပြုံး၍ မေးလိုက်သည်။

" တကယ်ပါ။ " ရင်ကျန့်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။

" တွေ့ခဲ့တာ ကောင်းတာပေါ့။ ကျွန်တော်မျိုးက အရှင်မင်းကြီးကို သူမနဲ့ တွေ့စေချင်ခဲ့တာ။ ဒါပေမယ့် တုန်အာ ထပ်ပြီး ထွက်ပြေးသွားမှာ ကြောက်လို့ သူမရဲ့ ဆန္ဒအတိုင်း လိုက်လျောပေးခဲ့ရတာပဲ။ အရှင်မင်းကြီးက တစ်ချိန်ချိန် သိသွားမယ်ဆိုတာ ကျွန်တော်မျိုး သိပါတယ်။ " ရှဝူချယ်၏ အသံထဲတွင် စစ်မှန်သော ဝမ်းသာမှုများ ပြည့်နှက်နေသည်။

" ယောက္ခမကြီး ပြန်မလာခဲ့တာက ကျုပ်ကို ပိုပြီး သံသယဝင်စေတယ်။ ဘာလို့လဲဆိုတော့ ကျုပ်က ယောက္ခမကြီးကို နားလည်လို့ပဲ။ ယောက္ခမကြီးက ကျောက်ဖုန်းရဲ့ ဇာတိကို လိုက်သွားပြီး ရှန်းယန်ကို ပြန်မလာတာက ပိုပြီး ထူးဆန်းနေတယ်။ ဒါကြောင့် ကျွန်တော် ဟေးပင်းထိုင်ကို သေချာစုံစမ်းခိုင်းလိုက်တော့ တကယ်အမှန်တရားကို ရှာတွေ့ခဲ့တယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

ရင်ကျန့်၏ ဝမ်းသာနေသော အမူအရာကို ကြည့်ပြီး ရှဝူချယ်က လုံးဝ စိတ်အေးသွားကာ ရင်ကျန့်၏ ဘေးတွင် တိုက်ရိုက် ဝင်ထိုင်လိုက်သည်။

" အရှင်မင်းကြီး ဒီလောက်​ပျော်နေ​တော့ တုန်အာက လက်ခံလိုက်ပြီလို့ ထင်ပါတယ်။ ဒါပေမယ့် သူမကို လက်ခံအောင် ဘယ်လိုလုပ်နိုင်ခဲ့တာလဲ။ " ရှဝူချယ်က ပြုံး၍ မေးလိုက်သည်။

" ယောက္ခမကြီး အစက သူမက ကျုပ်ကို မတွေ့မှာ စိုးရိမ်နေခဲ့တာ။ ဒါပေမယ့် ကျုပ် သူမနဲ့ တွေ့ပြီးတဲ့နောက်မှာ သူမ ထွက်သွားဖို့ အခွင့်အရေးမရှိတော့ဘူး။ " ရယ်ကျန့်က ရယ်ပြီး ပြောလိုက်သည်။

" ရှချူးကိုသွားတာ တစ်ယောက်ယောက်သိသေးလား။ " ရှဝူချယ်က ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားသည်။

" စိတ်ချပါ ယောက္ခမကြီး။ ကျုပ် အဲ့လောက်ထိ မပေါ့ဆပါဘူး။ ကျုပ်သွားတုန်းက မယ်တော်ကြီးဟွာယန်ရဲ့ မွေးနေ့ပွဲကို ဆင်နွှဲဖို့ သွားလည်ချင်ယောင်ဆောင်ခဲ့တာ။ အဲ့ဒီနောက် အမဲလိုက်ထွက်သလိုမျိုး အကြောင်းပြပြီး ထွက်လာခဲ့တာ။ ဟေးပင်းထိုင်က လူတွေကလွဲရင် ဘယ်သူမှမသိဘူး။ တုန်အာကိုရော ဖုန်းအာနဲ့ ကျုပ်ရဲ့ ပက်သက်မှုကိုရော ဘယ်သူမှမသိကြဘူး။ " ရင်ကျန့်က ချက်ချင်း ရှင်းပြလိုက်သည်။

" တုန်အာ ဘာကို စိုးရိမ်နေတာလဲဆိုတာ အရှင်မင်းကြီး သိမှာပါ။ သူမက ရှန်းယန်ကို ပြန်မလာရဲတော့ဘူး။ ဒါက သူမအတွက် စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်နေခဲ့ပြီ။ " ရှဝူချယ်က သက်ပြင်းချလိုက်သည်။

" ယောက္ခမကြီး စိတ်ချပါ။ အနာဂတ်မှာ အဲ့ဒီဝန်ထုပ်ဝန်ပိုးကို သူမဆီကနေ အပြီးတိုင် ဖယ်ရှားပေးမှာပါ။ " ရင်ကျန့်က အေးစက်စွာ ပြောလိုက်သည်။ " ဒီချင်နိုင်ငံမှာ ဒီလောကမှာ သူမ တစ်ယောက်တည်းက ကျွန်တော်ဇနီးဖြစ်ပြီး သူမတစ်ယောက်တည်းကသာ ချင်ရဲ့ မိဖုရားခေါင်ကြီးဖြစ်ဖို့ ထိုက်တန်တယ်။ "

" ဒီနှစ်တွေအတွင်းမှာ ညီလာခံနဲ့ တော်ဝင်မိသားစုကို ဖိနှိပ်ထားပြီး အရှင်မင်းကြီးကိုယ်တိုင် ပျိုးထောင်ထားတဲ့ မျိုးဆက်သစ်တွေ ညီလာခံမှာ အများကြီး ပေယ်လာပေမယ့် အဲ့ဒါတုန်းက လူတွေရဲ့ ဩဇာလွှမ်းမိုးမှုက ရှိနေတုန်းပဲ။ တကယ်လို့ သူတို့က တုန်အာရှိနေသေးတာကို သိသွားရင် ကျောက်ဖုန်းတို့ မောင်နှမက အရှင်မင်းကြီးရဲ့ သားသမီးတွေဆိုတာ သိသွားရင် ဒါက ​​နောက်ထပ် မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်စေလိမ့်မယ်။ အရှင်မင်းကြီးက အနာဂတ်မှာ ဖုန်းအာတို့အတွက် ဘယ်လိုစီစဉ်ထားလဲ။ " ရှဝူချယ်က ရင်ကျန့်ကို ကြည့်ပြီး မေးလိုက်သည်။

" ယောက္ခမကြီးက ကျုပ်ကို စမ်းသပ်နေတာပဲ။ " ရင်ကျမ့်က ပြုံး၍ ပြောလိုက်သည်။ " တုန်အာက အနာဂတ်ရဲ့ ချင်မိဖုရားခေါင်ကြီး ဖြစ်ပြီး ကျောက်ဖုန်းက ကျုပ်ရဲ့ တရားဝင်သားကြီးဖြစ်တယ်။ အနာဂတ်မှာ တရားဝင် အိမ်ရှေ့စံမင်းသားဖြစ်ဖို့ ကံပါလာပြီးသားပဲ။ "

ထိုစကားများကို ကြားသောအခါ ရှဝူချယ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ မည်သို့ပင်ဖြစ်စေ သူက သူ၏ မြေးများကို ပလ္လင်ပေါ်သို့ မတက်စေချင်ဘဲ မနေပေ။

" အရှင်မင်းကြီး ကျွန်တော်မျိုးတို့ တုန်အာကို ပြန်မခေါ်နိုင်သေးသလို ဖုန်းအာရဲ့ အထောက်အထားကိုလည်း မဖော်ထုတ်နိုင်သေးဘူး။ တစ်ခါပေါက်ကြားသွားတာနဲ့ နန်းတွင်းက မငြိမ်မသက် ဖြစ်သွားလိမ့်မယ်။ " ရှဝူချယ်က လေးနက်စွာ ပြောလိုက်သည်။

လက်ရှိ နန်းတွင်းတွင် အငြင်းပွားမှုများ ရှိနေဆဲ ဖြစ်သော်လည်း အခြားနိုင်ငံများကို ချေမှုန်းပြီး ကမ္ဘာကြီးကို စုစည်းရန်နှင့် ချင်အတွက် အကျိုးပြုရန်ဟူသော တူညီသည့် စိတ်ဓာတ်တော့ ရှိနေကြသည်။ အချို့က တည်တံ့သော အောင်မြင်မှုများကို တည်ဆောက်ပြီး သမိုင်းတွင် နေရာတစ်ခု ရရှိရန် ကြိုးစားကြသော်လည်း အများစုက ပိုမိုကြီးမားသော အကျိုးအမြတ်နှင့် အာဏာကို လိုက်စားရန် တွန်းအားပေးနေခြင်းဖြစ်သည်။

နန်းတွင်းတွင် ဖုစုကို ထောက်ခံသူများစွာ ရှိနေပြီး သူတို့က အဓိကအားဖြင့် မျိုးဆက်ဟောင်းများဖြစ်ကြပြီး သူတို့၏ အင်အားကို လျှော့တွက်၍မရပေ။ ဖုစုတိုးတက်လာလျှင် သူတို့၏ အကျိုးစီးပွားကလည်း မြင့်တက်လာမည်ဖြစ်ပြီး ကျောက်ဖုန်းကို အချိန်မတိုင်မီ ထုတ်ဖော်လိုက်လျှင် ကျောက်ဖုန်းအတွက် ဖြစ်စေ ရှတုန်အာအတွက် ဖြစ်စေ ပြဿနာများ ဖြစ်လာနိုင်သည်။

အခြားနိုင်ငံများ ရှိနေဆဲ ဖြစ်ပြီး ကမ္ဘာကြီးကို မစုစည်းရသေးသောကြောင့် မျိုးဆက်ဟောင်းများ၏ အင်အားကို အသုံးချရန် လိုအပ်နေဆဲ ဖြစ်သည်။

" ဒီကိစ္စတွေကို ကျုပ်ဘယ်လိုလုပ်နားမလည်ဘဲ နေမှာလဲ။ ယောက္ခမကြီး စိတ်ချပါ။ ကမ္ဘာကြီးကို မစုစည်းကသေးခင် တုန်အာနဲ့ ဖုန်းအာတို့ကို နောက်တစ်ကြိမ် အန္တရာယ်မဖြစ်စေရပါဘူး။ အခြားနိုင်ငံတွေကို အမြစ်ပြတ် ချေမှုန်းမယ့် စစ်ဆင်ရေးကို အသုံးချပြီး ဖုန်းအာကို စစ်တပ်တစ်ခုလုံး ကွပ်ကဲခိုင်းမှာ။ ဒါမှ သူ့ကို ဘယ်သူမှမထိပါးရဲမှာ။ ကမ္ဘာကြီးကို စုစည်းပြီး မျိုးဆက်ဟောင်းတွေရဲ့ အင်အားကို မလိုတော့တဲ့အခါကျရင် ကျုပ် သူတို့ကို ကြောက်စရာမလိုတော့ဘူး။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

"ဒါ​ဆိုရင်တော့ ကောင်းတာပေါ့။ " ရှဝူချယ်က ခေါင်းညိမ့်လိုက်သည်။

" ဒါဆို ဒီတစ်ခါ ယောက္ခမကြီး ပြန်မသွားတော့ဘူးမဟုတ်လား။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" မသွားတော့ဘူး။ တုန်အာ ပြန်လာမှာကို ရှန်းယန်ကပဲ စောင့်တော့မယ်။ ဒါ့အပြင် အရှင်မင်းကြီးက တုန်အာအပေါ် မင်္ဂလာပွဲအကြွေးတစ်ခု ကျန်သေးတယ်လေ။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" ယောက္ခမကြီး စိတ်ချပါ။ ကျုပ် တုန်အာကို လူအများရှေ့မှာ အခမ်းနားဆုံး မင်္ဂလာပွဲဖြစ်အောင် ကျင်းပပေးမှာပါ။ "

" အဲ့ဒီတုန်းက အရှင်မင်းကြီး ဖုန်းအာရဲ့ မင်္ဂလာပွဲကို ဦးစီးကျင်းပပေးခဲ့တာ တကယ်ကောင်းမွန်တဲ့ လုပ်ရပ်ပဲ။ မဟုတ်ရင် ဖုန်းအာရဲ့ မင်္ဂလာပွဲကို လွဲချော်သွားမှာ။ " ရှဝူချယ်က ပြုံး၍ ပြောလိုက်သည်။

" ဒါက ကောင်းကင်ဘုံက ကောင်းချီးပေးမှုကြောင့် ဖြစ်ပါလိမ့်မယ်။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" ကောင်းကင်ဘုံက ကျွန်တော်မျိုးတို့မိသားစုအပေါ် အမြဲတမ်း ကြင်နာပါတယ်။ " ရှဝူချယ်က ခေါင်းညိမ့်လိုက်သည်။

" အဘိုး သားတို့ ရောက်ပြီ။ ဘာလို့တံခါးပိတ်ထားတာလဲ။ " ကျောက်ချီ၏ အသံက ထွက်ပေါ်လာသည်။

" တံခါးဖွင့်ပါဦး။ " ကျောက်လင်းက တံခါးကို ပုတ်ပြီး ပြောလိုက်သည်။

" သခင်လေး၊ သခင်​မလေး အရှင်မင်းကြီးက အထဲမှာ အရေးကြီးကိစ္စဆွေးနွေးနေလို့ပါ။ ခဏလောက် စောင့်ပေးပါ။ " ကျောက်ကောင်း၏ အသံက အနည်းငယ် စိုးရိမ်နေသည်။

" အရှင််မင်းကြီး အဲ့ဒါ ဖုန်းအာရဲ့ ကလေးနှစ်ယောက်မလား။ " ရှဝူချယ်က သူတို့၏ အသံကို မှတ်မိသွားသည်။ သူတို့က ရှချူးတွင် အချိန်အနည်းငယ် အတူရှိခဲ့ကြသည်။

" ဟုတ်ပါတယ်။ " ရင်ကျန့်က ပြုံး၍ ခေါင်းညိမ့်လိုက်သည်။

" သူတို့က နန်းတော်ထဲကို ဘယ်လိုလုပ်ဝင်လာနိုင်တာလဲ။ " ရှဝူချယ်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။

" ကျုပ်တို့ရဲ့ ပက်သက်မှုကို ဘယ်သူမှမသိပါဘူး။ အပြင်လူတွေရဲ့ အမြင်မှာ ကျုပ်က ကျောက်ဖုန်းကို မျက်နှာသာပေးတာပါပဲ။ ဘာလို့လဲဆိုတော့ ကျုပ်က သူတို့ကို သဘောကျလို့ ကျုပ်ကို ပျော်ရွှင်စေလို့ပေါ့။ " ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

"ဒါဆိုရင်တော့ ကောင်းတာပေါ့။ " ရှဝူချယ်က သက်ပြင်ချလိုက်သည်။

" သူတို့က ဝင်ခိုင်းလိုက်။ "

ရင်ကျန့်၏ အသံကို ကြားလိုက်ရသောအခါ ကျောက်ကောင်းက ချက်ချင်း တံခါးဖွင့်ပေးလိုက်သည်။

ကျောက်ချီနှင့် ကျောက်လင်းတို့က ချက်ချင်း ခန်းမထဲသို့ ပြေးဝင်လာကြသည်။

" အဘိုး သားတို့ ရောက်ပြီ။ ဒါက ဘိုးဘိုးကြီးပဲ။ " ကျောက်ချီက ရှဝူချယ်ကို မြင်သော​အခါ ရုတ်တရက် ရပ်တန့်သွားသည်။

" သားက ဘိုးဘိုးကြီးကို မှတ်မိနေတာလား။ " ရှဝူချယ်က ဆောင့်ကြောင့်ထိုင်ပြီး မေးလိုက်သည်။

" မှတ်မိပါတယ်။ " ကျောက်ချီက ခေါင်းညိမ့်လိုက်သည်။

" ဟားဟား လာပါဦး။ မြေးတို့ ဘယ်လောက်တောင် ကြီးလာလဲ ကြည့်ရအောင်။ " ရှဝူချယ်က ကလေးနှစ်ယောက်ကို မျှော်လင့်ထျက်များနှင့် ကြည့်လိုက်သည်။

ကျောက်ချီနှင့် ကျောက်လင်းတို့က ရှေ့သို့ တိုးဝင်သွားကြသည်။

" အို မတွေ့တာ ခဏလေးရှိသေးတယ်။ အရပ်တွေ ရှည်ခါကြတာပဲ။ " ရှဝူချယ်က ကလေးနှစ်ယောက်ကို တစ်ဖက်တစ်ချက်စီ ပွေ့ပြီး ပြောလိုက်သည်။

"အရှင်မင်းကြီး ဒီကလေးတွေက နန်းတော်ထဲကို ခဏခဏ လာကြတာလား။ " ရှဝူချယ်က ပြုံး၍ မေးလိုက်သည်။

" အစတုန်းကတော့ ရက်အနည်းငယ် ခြားပြီး လာကြတယ်။ အခုတော့ သူတို့ ကျင့်သားရပြီး နေ့တိုင်းလာကြတယ်။ " ​ရင်ကျန့်က ပြုံး၍ ပြောလိုက်သည်။

" သူတို့ တကယ် ကျင့်သားရသွားတဲ့ပုံပဲ။ " ရှဝူချယ်က ပြောလိုက်သည်။

" သူတို့အဖေနဲ့ အဒေါ်အပေါ် မလုပ်ပေးနိုင်ခဲ့တာတွေကို သူတို့နဲ့ ပြန်ပေးဆက်ရမှာပေါ့။ " ရင်ကျန့်က ကလေးနှစ်ယောက်ကို ချစ်မြတ်နိုးစွာ ကြည့်နေသည်။

" အနာဂတ်မှာ ကျွန်တော်မျိုးအတွက် မျှော်လင့်ချက်အချို့ ရှိပါတယ်။ မိသားစု စုံစုံလင်လင်နဲ့ အတူတူ နေထိုင်ကြဖို့ပဲ။ " ရှဝူချယ်က ကလေးနှစ်ယောက်ကို ကြည့်ပြီး ပြောလိုက်သည်။

All Chapters