← Chapters

Chapter 1400 - 1401

Vol. 94 Ch. 1400 - 1401

Chapter 1400 - 1401

Vol. 94 Ch. 1400 - 1401

Chapter 1400 အမှိုက်တကာ့ အမှိုက်ထွတ်ခေါင်

“သူတို့ကိုသတ် သူတို့ကို မြန်မြန်သတ်”

ရှုပေါင်ကျွမ် ဒေါသကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေပြီး ကျယ်လောင်စွာ အော်ငေါက်လေသည်။

သူ မုန်းတီးမိနေသည်။ ထိုလူငယ်က သူ့ကို အာခံခဲ့သလို ယခု သူ့ဆရာကိုပါ ဂရုမစိုက်ချေ။ ဤခွေးကောင် အတွဲအား နောင်တဆိုတာ ဘာလဲသိအောင် ပြရမှ ဖြစ်မည်။

“ထားလိုက်တော့ ပြိုင်ပွဲက အရေးကြီးတယ်”

သို့သော် ယန်လောင်က ဤကိစ္စကို အရေးမပါသကဲ့သို့ ဂရုမစိုက်ဟန်ဖြင့် လက်ကာပြ လိုက်သည်။ ယနေ့သည် ပြိုင်ပွဲနေ့ဖြစ်ပြီး အပိုပြဿနာများ မဖြစ်စေချင်သလို ပြည်ပ ဆေးပညာရှင်များထံ၌ ရယ်စရာ မဖြစ်ချင်ပေ။

ထို့နောက် ယောင်လောင်သည် ခန်းမထံသို့ လျှောက်သွားလိုက်ပြီး သူ့မျက်နှာက ခံစားချက် ကင်းမဲ့နေကာ ဒေါသကို မမြင်ရပေ။

တစ်ဖက်မှ ရှုပေါင်ကျွမ်ကမူ ယဲ့ဖန်အား နုတ်နုတ်စင်းချင်နေသော အကြည့်များဖြင့် ကြည့်နေသည်။ ယဲ့ဖန်ကမူ မမြင်ချင်ယောင်ဆောင်နေပြီး အရေးမစိုက်ချေ။ နဂါးက ဘာမဟုတ်သော ပုရွက်ဆိတ်များ၏ မုန်းတီးစိတ်ကို ဂရုစိုက်ပါမည်လော။ သို့သော် ဤအပြုအမူကို လူတိုင်းက မောက်မာသော အပြုအမူဟု သတ်မှတ်နေကြသည်။

“မွေးကင်းစ နွားပေါက်တွေက ကျားကို မကြောက်ဘူးဆိုတာ တကယ်ပါပဲလား၊ ဒီကောင်က သူ ဘယ်လိုလူမျိုးကို ရန်စမိလဲ မသိဘူးနဲ့တူတယ်”

“ငါ တစ်ခြားဘာမှတော့ မသိပင်မယ့် တစ်ခုတော့ သေချာပေါက် သိတယ်၊ ဒီနေ့ သူ သေလိမ့်မယ်”

ဆေးပညာရှင်များက သရော်သော မျက်နှာထားများနှင့် ယဲ့ဖန်အား အထင်သေးစွာ ကြည့်၍ ယဲ့ဖန်၏ သေဆုံးခြင်းကို မျှော်လင့်နေကြသည်။

*ငါတို့နှလုံးသားထဲက စံပြပုဂ္ဂိုလ်ကို ဥပေက္ခာပြုရဲတယ်ပေါ့လေ၊ မင်း သေတောင် မသနားဘူးကွ*

“ဒါ မင်း အသက်နဲ့ရင်းပြီး ကာကွယ်ချင်တဲ့ မိတ်ဆွေလား”

လင်းရှင်းလန်က သူ့သားကို အထင်သေးသော အကြည့်ဖြင့် ကြည့်၍ အေးစက်စွာ ခနဲ့လိုက်သည်။

“မင်း အနှေးနဲ့အမြန် သူ့လက်ထဲမှာ သေရလိမ့်မယ်”

“အချိန်ကျလာရင် မင်း ပြန်လာပြီး မင်းကို ကယ်ပေးပါလို့ ငါ့ကို ဒူးထောက်ပြီး မတောင်းပန်နဲ့”

“စိတ်မပူပါနဲ့ ကျုပ် သေချာပေါက် အဲ့လိုမလုပ်ဘူး”

လင်းဝူယာ အေးစက်စွာ ပြောလိုက်သည်။ သူ အကောင်းအဆိုး အတူတူ ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်ပြီးကတည်းက လမ်းတစ်ဝက်နှင့် ရပ်လိုက်မည် မဟုတ်ပါ။

“ကောင်းပြီ ကောင်းပြီ၊ ခဏနေရင် မင်း ဘယ်လိုသေမလဲ ငါ ကြည့်ရသေးတာပေါ့”

လင်းရှင်းလန်က ထီမထင်ဟန်ဖြင့် ခနဲ့လိုက်ပြီး တစ်ဖက်လှည့် ထွက်ခွာသွားသည်။

“မင်း ကန်းနေလား၊ ငါ့ကို ထူရမယ်ဆိုတာ မသိဘူးလား”

ဖန့်ရှန်ယွီက သူ့ဘေးနားက ဆေးပညာရှင်များကို အော်လိုက်သည်။ များစွာသော ဆေးပညာရှင်များက သူ့ကို ရန်မလုပ်ရဲဘဲ အလျင်အမြန် ဖေးမကြသည်။

ပြန်ထလာပြီးနောက် သူက ယဲ့ဖန်ကို စိုက်ကြည့်၍ အပြုံးကြီး ပြုံးလိုက်သည်။

“ဟေ့ကောင် ငါ မင်း သေမယ့်အချိန်ကို မျှော်လင့်နေတယ်၊ မင်းမိန်းမ ငါ့လက်ထဲကနေ ဘယ်တော့မှ မလွတ်စေရဘူး”

သူသည် အားပါးတရ ရယ်မောနေသည်။

*အခြားသူတွေအပေါ် မောက်မာနေတာ အသာထားဦး၊ ဘယ်လိုတောင် ယောင်လောင်ကို အာခံရဲတာလဲ*

*သူက ဆေးလောကရဲ့ အကျော်အမော်လေ*

*သူ့ကို လှောင်တာက အင်ပါယာရဲ့ ဆေးပညာရှင်အားလုံးကို လှောင်တာနဲ့ အတူတူပဲ၊ ဒီကောင် သေမှာ*

ထို့နောက်တွင်မူ ဖန့်ရှန်ယွီက ရယ်မောကာ ထွက်သွားလေသည်။

“ဒါတွေအားလုံးက ငါ့အမှားပါ၊ ငါ မင်းကို အထဲကို ခေါ်မလာခဲ့သင့်ဘူး၊ အဲ့ရှုပေါင်ကျွမ်က ရန်စလို့ မဖြစ်တဲ့သူပဲ၊ မင်း မြန်မြန် ထွက်သွားသင့်တယ်”

လင်းဝူယာက စိုးရိမ်စိတ် အထင်းသား ပေါ်နေသော မျက်နှာနှင့် ခပ်သွက်သွက် ပြောလိုက်သည်။

“ရှင်ကရော ဘယ်လိုလုပ်မလဲ”

ဟွမ်ယွီလင်း မနေနိုင်ဘဲ မေးလိုက်မိသည်။

“ဒီကိစ္စက ငါ့ကြောင့် ဖြစ်လာတာပါ၊ အဲ့ဒါကြောင့် ငါပဲ ဖြေရှင်းသင့်တာပေါ့”

လင်းဝူယာက မချိပြုံးပြုံး၍ ပြောလိုက်သော်လည်း သူ့အမူအရာက ပြတ်သားနေ၏။

“ငါ့ကို စိတ်မပူပါနဲ့၊ ငါ့မှာ ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိပါတယ်”

“ငါတို့ အခုချိန် ထွက်သွားချင်ရင်တောင်မှ သူတို့ ငါတို့ကို ထွက်သွားခွင့် မပေးမှာ စိုးရိမ်ရသား”

ယဲ့ဖန်က အသာပြုံးနေသည်။ အဘယ်ကြောင့်ဆိုသော် များစွာသော သူတော်စင်သခင် အဆင့်များ၏ လျှို့ဝှက်၍ လူသတ်ချင်နေသော အငွေ့အသက်ကို သူ ခံစားမိနေသောကြောင့်ပင်၊ သူတို့က သူ့ကို အလွတ်ပေးမည် မဟုတ်ပါ။

အကြောင်းမှာမူ ယဲ့ဖန်၏ ထူးဆန်းသော နည်းလမ်းက သူတို့ကို အရှက်ရအောင် လုပ်ခဲ့သဖြင့် သူတို့က ယဲ့ဖန်ကို မည်သို့ လွယ်လင့်တကူ သွားခွင့်ပေးနိုင်ပါမည်နည်း။ ထိုသို့ လွှတ်ပေးလိုက်လျင် သူတို့ ဘယ်နားမှာ မျက်နှာသွားထားရမည်နည်း။

သူ့စကားကို ကြားသော် လင်းဝူယာ တစ်စုံတစ်ရာကို သတိထားမိသွားပြီး ချက်ချင်း မျက်နှာပျက် သွားသည်။

“မစိုးရိမ်ပါနဲ့၊ မင်းက ငါ စိတ်ပျက်နေတဲ့ အခြေအနေအထိ မရောက်သေးပါဘူး”

ယဲ့ဖန် ပြုံးလိုက်သည်.

“ငါ့အတွက် အခြားဆေးဖော်ခန်းသာ စီစဉ်ပေးပါ”

“မင်း”

လင်းဝူယာက ယဲ့ဖန်ကို မယုံသလို ကြည့်လိုက်သည်။ ယခုအခြေအနေသို့ ရောက်နေသည့်တိုင် ယဲ့ဖန် တည်ငြိမ်လွန်းနေလိမ့်မည်ဟု သူ ထင်မထားမိပါ။

*ဒီလူ အကြောက်တရားဆိုတာ ဘာလဲရော သိရဲ့လား*

ထို့နောက်တွင်မူ ယဲ့ဖန်တို့ သုံးယောက်လုံး ပြိုင်ပွဲကျင်းပရာ ခန်းမသို့ ရောက်လာသည်။ ဆေးဖော်ခန်း စီစဉ်ရန် အချိန်အနည်းငယ် ကြာမည်ဖြစ်သဖြင့် သူတို့ ဤနေရာ၌ အရင် စောင့်နေရပေမည်။

သူတို့သုံးယောက် လျှောက်လာနေသည်ကိုမြင်ပြီး ရှုပေါင်ကျွမ်နှင့် အခြားသူများအားလုံးက မုန်းတီးစိတ်များ ပြည့်နေသော မျက်လုံးများနှင့်အတူ ခက်ထန်သော မျက်နှာထားနှင့် ကြည့်လာသည်။

ဖန့်ရှန်ယွီနှင့် လင်းရှင်းလန်တို့သည် ပြိုင်ပွဲ၏ ထိပ်တန်း ပြိုင်ပွဲဝင်များဖြစ်ပြီး ကျုံးကျိုး အင်ပါယာ၏ ပြိုင်ပွဲကို အဆုံးသတ်မည့် ဝှက်ဖဲများ ဖြစ်လေသည်။

“ထွက်သွားစမ်း”

လင်းရှင်းလန်က မာမာထန်ထန် အော်ဟစ်လိုက်ပြီး ဆေးမီးဖိုကို လက်ဖြင့် ရိုက်လိုက်သည်။ ထိုအခါ လက်နှစ်ဖက်လုံးမှ ယန်စွမ်းအင်က ဆေးမီးဖိုထဲသို့ စီးဝင်သွားပြီး အပူချိန် မြင့်တက် လာ၏။

ယန်စွမ်းအင်ကိုသုံးပြီး ဆေးမီးဖိုကို ထိန်းချုပ်တာပါလား၊ လင်းရှင်းလန်ရဲ့ ဆေးပညာက အဆင့်မြင့်သွားပါလား”

ယောင်လောင်က မုတ်ဆိတ်မွေးကို အသာသပ်၍ စိတ်ဝင်စားဟန်ဖြင့် ပြောလေသည်။ တစ်ဖက်တွင် ဖန့်ရှန်ယွီကလည်း ဆေးပင်များကို အာရုံစိုက်၍ နေရာချနေသည်။ တကယ်တမ်းတွင် ဆေးပင်တစ်ပင်ချင်းစီ၏ တိုင်းတာမှုအား တင်းကြပ်စွာ တိုင်းတာ တွက်ချက်နေခြင်း ဖြစ်လေသည်။

“နှလုံးစား မြက်ပင်နဲ့ မှင်နက်ပန်းပါလား၊ ဒီဆေးပင်နှစ်မျိုးက အချင်းချင်း အတိုက်အခံ ဖြစ်တဲ့အပင်တွေလေ”

ထို့နောက် ဆေးပင် သန့်စင်သည့် စားပွဲမှ အသံတစ်သံ ထွက်လာပြီး ထူးဆန်းသော ရနံ့တစ်မျိုး ထွက်ပေါ်လာသည်။ ကြည်နူးချမ်းမြေ့ဖွယ်ကောင်းသော ရနံ့ပင်။

“ဟာ … လတ်စသက်တော့”

ယောင်လောင် အံ့ဩသော အမူအရာနှင့် ရေရွတ်လာသည်။ မကြာခင်မှာပင် သူ တစ်ခုခုကို သတိထားမိသွားပြီး အလန့်တကြား ပြောလိုက်သည်။

“လတ်စသက်တော့ ဝမ်ယိုချောင်ကိုပါ ပေါင်းထားတာကိုး၊ အဲ့ဒါက ဆေးပင်နှစ်မျိုးကို ဓာတ်ကို ပြယ်စေပြီး ပေါင်းစပ်သွားစေတာပဲ”

“ကျွတ်ကျွတ်ကျွတ် ဖန့်ရှန်ယွီရဲ့ ဆေးပညာ သုတေသနကလည်း အင်ပါယာထဲမှာ ဒုတိယအဆင့်ပဲ၊ ဒီလူနှစ်ယောက်က ငါ့ကျုံးကျိုး အင်ပါယာရဲ့ ရွှေရောင်သင်္ကေတ ဖြစ်လာထိုက်တဲ့ လူတွေပဲ၊ ဒီတစ်ခါတော့ အောင်ပွဲကို အကြီးအကျယ် ရဦးမှာ”

ယောင်လောင်က လေးနက်သော မှတ်ချက်ကို ချလိုက်ပြီး စိတ်ကြည်နေပုံရသည်။ သူ့စိတ်ထဲတွင် ယနေ့ ပြိုင်ပွဲကို နိုင်ပြီးနေပြီဟု တွက်နေ၏။

“ဟားဟား …”

ထိုစဉ် လှောင်ပြောင်သရော်သော ရယ်သံတစ်သံ ထွက်ပေါ်လာသည်။ ယောင်လောင်နှင့် အခြားသူများ ချက်ချင်း မျက်နှာပျက်သွားသည်။ ထိုရယ်သံမှ လှောင်ပြောင်ချင်ဟန်နှင့် အထင်သေးဟန်ကို သူတို့ အတိုင်းသား ခံစားမိနေပြီး ယောင်လောင်၏ စကားကို ခနဲ့နေပုံပင်။

ယောင်လောင် လှည့်ကြည့်လိုက်သောအခါ ယဲ့ဖန်က အထင်သေးသောအပြုံးနှင့် သူ့ကို ကြည့်နေကြောင်း တွေ့လိုက်ရသည်။

“မင်းပဲလား ခွေးမသား၊ မင်း တစ်ခုခု လုပ်ချင်ပြန်ပြီလား”

ရှုပေါင်ကျွမ် စိတ်တိုသွားပြီး ဒေါသမျက်လုံးနှင့်အတူ ကျိန်ဆဲလေသည်။ သို့ရာတွင် ယောင်လောင်က သူ့ကို တားလိုက်ပြီး ယဲ့ဖန်အား မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည်။

“မင်း ဘာကို ရယ်တာလဲ”

“ကျုပ်က ခင်ဗျားရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားကို ရယ်တာ”

ယဲ့ဖန်က မျက်လုံးကို မှေးကာ သူ့အား ခံစားချက်ကင်းမဲ့စွာ ကြည့်နေပြီး သူ့စကားက အထင်သေးကာ စိတ်ကုန်နေပုံ ပေါက်နေသည်။

“မင်း ဘာပြောလိုက်တာလဲ”

ရှုပေါင်ကျွမ် အဆုတ်ကွဲမတတ် အော်ဟစ်လိုက်သည်။ ဘာကိုမှနားမလည်သည့် မနူးမနပ် လူငယ်လေးက သူ့ဆရာကို မေးခွန်းထုတ်ရဲသတဲ့လား။

ယောင်လောင်ထံ၌ အမှုထမ်းသည့် ဆေးပညာရှင်များကလည်း ဒေါသထွက်ကြောင်း ပြလာပြီး ယဲ့ဖန်ကို ရှစ်ပိုင်းပိုင်းချင်လာကြသည်။

“ငါက ဘာလို့ အဓိပ္ပာယ်မရှိတဲ့ စကားကို ပြောနေတာလဲဆိုတဲ့ အကြောင်းရင်းကို နားထောင်ချင်တယ်”

ယောင်လောင်ကလည်း စိတ်ဝင်စားဟန် ပြလာသည်။ နှစ်ပေါင်းများစွာအတွင်း သူ့စကားကို မည်သူမှ မေးခွန်းမထုတ်ရဲခဲ့ဖူးသဖြင့် ပို၍ စိတ်ဝင်စားမိသည်။

“ယန်စွမ်းအင်ကိုသုံးပြီး ဆေးကို ထိန်းချုပ်တာက ယန်စွမ်းအင်သာ လုံလောက်နေအောင် မသန့်စင်ရင် ဆေးလုံး ဖော်စပ်တဲ့နေရာမှာ ဆေးအာနိသင်ကို အပြည့်အဝ မထုတ်နိုင်ဘူး၊ အမှိုက်ပဲ”

“ဆေးလုံးကို သိပ်သည်းအောင် လုပ်တဲ့နေရာမှာ လုံံလုံလောက်လောက် မသိပ်သည်းရင် အမှိုက်ကလွဲလို့ ဘာမှဖြစ်မလာဘူး”

ယဲ့ဖန်၏ တည်ငြိမ်သော စကားကို ကြားသော် လင်းရှင်းလန်၏ မျက်လုံးတွင် ကြမ်းကြုတ်သော အရိပ်အယောင် ဖြတ်ပြေးသွားပြီး အမုန်းတရားများ စုစည်းလာပြီး ယဲ့ဖန်အား စူးစိုက်ကြည့် လေတော့သည်။

“ဝမ်ယိုချောင်က ဆေးပင်တွေရဲ့ ဓာတ်ကို ပျက်ပြယ်စေတယ် ဟုတ်လား၊ ဝမ်ယိုချောင်က အအေးဓာတ် ဆေးပင်၊ အပူဓာတ် ဆေးပင်နှစ်မျိုးနဲ့ ပေါင်းလိုက်ရင် ဆေးအာနိသင်ကို အကြီးအကျယ် ဖျက်စီးလိမ့်မယ်၊ ဖော်စပ်တဲ့ဆေးရဲ့ အာနိသင် သေသွားရင် မူလ ဆေးအာနိသင်ရဲ့ ငါးပုံတစ်ပုံကိုပဲ ထိန်းနိုင်မှာဆိုတော့ ရှုံးသင့်တယ်၊ အမှိုက်ပဲ”

“ပြီးတော့ နှလုံးစားမြက်ပင်က အအေးဓာတ် ဆေးပင်နဲ့ ‌ရောလို့မရဘူး၊ မဟုတ်ရင် အဲ့ဒါက တုံ့ပြန်လာပြီးတော့ အဆိပ်ဖြစ်လာလိမ့်မယ်၊ သူ ဖော်စပ်မယ့်ဆေးက အာနိသင် ငါးပုံတစ်ပုံနဲ့ အဆိပ် ငါးပုံတစ်ပုံ ရှိနေမှာ၊ ဘယ်သူက သောက်ရဲမှာလဲ”

ဖန့်ရှန်ယွီ၏ မျက်နှာထားကလည်း အခြေအနေ မကောင်းချေ။ သူ့တွင် ရက်စက်မှုနှင့် သွေးဆာမှုများ ပြည့်နှက်နေ၏။ ယဲ့ဖန်၏ စကားက သူ ယဲ့ဖန်အား သတ်ချင်နေသည့် ဆုံးဖြတ်ချက်ကို ပို၍ ခိုင်မာသွားစေသည်။

“မဟုတ်တမ်းတရားတွေ နှလုံးစားမြက်ပင်ကို အအေးဓာတ် ဆေးပင်နဲ့ ရောလို့မရဘူး ဟုတ်လား၊ ဘာလို့ ငါက မသိရတာလဲ”

ရှုပေါင်ကျွမ်က အေးစက်စွာ မာန်မဲလိုက်သည်။ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း၏ ဒါရိုက်တာဖြစ်သော သူပင် တစ်ခါမှ မကြားဖူးပါ။

ယဲ့ဖန်က သူ့ကို အထင်သေးသလို တစ်ချက်ကြည့်သည်.

“ဘာလို့လည်းဆိုတော့ ခင်ဗျားလည်း အမှိုက်မို့လို့လေ”

“ဘာ”

ရှုပေါင်ကျွမ်၏ သွားများပင် ကျိုးကြေလုမတတ် ဖြစ်နေပြီး ယဲ့ဖန်အား အလွန် ခက်ထန်သော အမူအရာနှင့် ကြည့်နေသည်။ အကြိမ်ကြိမ် အရှက်ခွဲခံရခြင်းက သူ့အား ရူးမတတ် ဖြစ်စေသည်။

*ချီးပဲ*

*ဒီမျိုးမစစ်ကောင် သေကိုသေမှရမယ်*

“မယုံဘူးလား ဒါဆို ခင်ဗျား နှလုံးစားမြက်ပင်နဲ့ ဝမ်ယိုချောင်ကို ရောကြည့်လိုက်လေ၊ ခင်ဗျား ငါးမိနစ်အတွင်း မသေရင် ကျုပ်ခေါင်းကို ဖြတ်ပြီး ခင်ဗျား ဘောလုံးလို ကန်လိုက်”

ယဲ့ဖန် အေးစက်စက် ပြန်ချေပလိုက်သည်။ ရှုပေါင်ကျွမ်၏ မျက်နှာ အလွန်အမင်း ကြည့်ရဆိုး သွားသည်။ သို့သော် သူ ပြန်ချေပရဲသည့် သတ္တိမရှိပါ။

*ဒီကောင် ပြောတာ မှန်နေရင် ဘယ်လိုလုပ်မလဲ*

ယောင်လောင် ချင့်ချိန်စဉ်းစားမိသွားသည်။

*သူ့မှာ အစွမ်းအစအချို့ ရှိတဲ့ပုံပဲ၊ မဟုတ်ရင် ဆေးပညာအကြောင်း ဘယ်လိုလုပ် ဒီလောက် သိနေမလဲ*

သို့သော် ဤမျှနှင့် မပြီးသေးချေ။ ယဲ့ဖန်က ယောင်လောင်ဘက် လှည့်လာပြီး ပြောလာ၏။

“ပြီးတော့ ခင်ဗှား ဆေးပညာနယ်ပယ်ရဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်ပြီး အကောင်းအဆိုးကို ခွဲခြားဖို့ မကြိုးစားဘူး၊ ဒီလိုအမှိုက်မျိုးကို ပြိုင်ပွဲကိုပြိုင်ဖို့ ပို့တယ်၊ အမှိုက်တကာ့ အမှိုက်ထွတ်ခေါင်ပဲ”

“မင်း သေချင်နေပြီပဲ”

ထိုစကားက လူတိုင်းကို ဒေါပွသွားစေသည်။ ရှုပေါင်ကျွမ်က ခက်ထန်သော အကြည့်ဖြင့် ကြည့်ကာ ယဲ့ဖန်၏ အသားကို ကိုက်နေသည်ဟု မှတ်ထင်နေသကဲ့သို့ သွားကိုကြိတ်ထားသည်။ ဤနေရာ၌ လူများစွာရှိမနေလျင် သူ ယဲ့ဖန်ကို ချက်ချင်း သတ်မိလောက်သည်။

“သူ့ကိုနှင်ထုတ်လိုက်၊ ဆေးဆိုင်ထဲ သူ့ကို ဘယ်တော့မှ ခြေချခွင့်မပေးနဲ့”

“အဲ့ဒါက သူ့အတွက် သက်ညှာလွန်းမနေဘူးလား၊ ငါ့စိတ်ထဲမှာ ငါတို့ကို မပြိုင်ခင် စိတ်အနှောင့်အယှက် ပေးရဲတဲ့ ဒီဆန်ကုန်မြေလေးကို သတ်လိုက်သင့်တယ်လို့ ထင်တယ်”

ဆေးပညာရှင်များက ခက်ထန်သော မျက်လုံးများဖြင့် ယဲ့ဖန်အား သတ်ချင်စိတ်ဖြင့် ကြည့်နေကြသည်။

သူတို့ ဒေါသထွက်နေကြသည်။ ယောင်လောင်၏ အဆင့်အတန်းက မည်မျှ မြင့်မြတ်လှသနည်း။ သူသည် သဘောကောင်းပြီး လောကထဲ၌ ကူညီနေသူ ဖြစ်သည်။ သူ့ကို မြင်ဖူးသူတိုင်း သူ့အား ထောက်ခံကြပြီး ထူးချွန်သော ဆေးပညာရှိသည်ဟု တစ်ထပ်တည်း ပြောကြသည်။

ထို့ကြောင့်ပင် ယောင်လောင်သည် ဆေးပညာရှင်အားလုံး၏ စိတ်ထဲတွင် စံပြပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

သို့သော် သူတို့အရှေ့မှ ဤခွေးသားလေးက သူတို့၏ စံပြပုဂ္ဂိလ်ကို လူပုံအလယ်၌ စွပ်စွဲ အရှက်ခွဲနေ၏။ သူတို့ မည်သို့ သည်းခံနိုင်ပါမည်နည်း။

ထိုအခိုက်တွင် ယောင်လောင်လည်း ဒေါကန်လာက လေသံ အေးစက်လာ၏။

“ပြောရမယ်ဆိုရင် သူတို့ ရှုံးမယ်လို့ မင်း ထင်နေတာလား”

သူသည် နှစ်ပေါင်းများစွာ ကြာအောင် အခြားသူများ၏ လေးစားခြင်း ခံခဲ့ရသည်။ သို့သော် မကြာသေးခင်ကမှ တွေ့ခဲ့သည့် လူငယ်မျိုးဆက်ဖြစ်သော ယဲ့ဖန်က သူ့အား ထိပ်တိုက် ရင်ဆိုင်နေသည်က စိတ်ဝင်စားစရာ ကောင်းလွန်းသည်။ သို့သော် စော်ကားခြင်းက အခြားကိစ္စရပ်ပင်။

“သူတို့ နိုင်မယ်ဆိုရင် ဝက်တောင် သစ်ပင်ပေါ် တက်တတ်သွားလိမ့်မယ်”

ယဲ့ဖန်က အောက်ခြေအထိ မြင်နေရသကဲ့သို့ ပြတ်သားစွာဖြင့် မောက်မောက်မာမာ ပြောလိုက်သည်။

“ကောင်းပြီလေ သူတို့နှစ်ယောက်ထဲက တစ်ယောက် နိုင်သွားရင်တောင် မင်းစကားက အဓိပ္ပာယ် မရှိဘူးလို့ ပြောလို့ရတယ်၊ လျော်ကြေးအနေနဲ့ မင်း သေရမယ်”

ထိုစကားအဆုံး၌ ယောင်လောင်၏ နက်မှောင်သော မျက်လုံးတွင် လူသတ်ချင်စိတ်များ ထင်ဟပ်လာပြီး ခက်ထန် ကြမ်းကြုတ်လာ၏။ သူ့ကို စော်ကားသည့်အတွက် တန်ကြေးတော့ ရှိရပေမည်။

*ဒီကောင်လေးက ကျေနပ်လောက်တဲ့ ရှင်းပြချက်မျိုး မပေးနိုင်ရင် သူ့အတွက် သေခြင်းပဲ ရှိရမယ်*

ယဲ့ဖန်က သွေးပျက်မသွားဘဲ ရယ်မော၍ ပြန်မေးလိုက်သည်။

“သူတို့ ရှုံးရင်ရော ဘာလုပ်မလဲ”

“ဒါဆိုရင်တော့ ဂုဏ်ယူပါတယ်၊ မင်းရဲ့ ခွေးတစ်ကောင်လို အသက်ကို ကယ်နိုင်သွားတာပေါ့”

ယောင်လောင်က သရော်လိုက်သည်။

Chapter 1401 ခန္ဓာပြောင်းလဲခြင်းဆေးလုံး

“အဲတော့ ကျုပ် ဘာပိုက်ဆံမှ မရဘူးပေါ့”

ယဲ့ဖန်ကလည်း ရယ်မောလေသည်။

*ဒီအဘိုးကြီးက တော်တော် သူတော်ကောင်းယောင် ဆောင်နေတာပဲ၊ ငါ့ကို ကုန်းပေါ်က ငါးများ မှတ် နေလား*

“မင်းကို ဘယ်သူက အားနည်းခိုင်းလို့လဲ၊ အားနည်းတဲ့ လူက ကုန်းပေါ်ကငါးလို အသတ်ခံရဖို့ ကံပါပြီးသား”

ယောင်လောင်က အထင်သေးစွာ ပြုံးလိုက်သည်။ သူ့မျက်လုံးထဲတွင် ယဲ့ဖန်က ကောင်းကင်က မည်မျှ မြင့်မားကြောင်း မသိသေးသည့် ယုန်သူငယ်ဟု ထင်နေ၏။

သူ အသက်ရှင်မလား၊ သေမလားကို ကိုယ်တိုင် ဆုံးဖြတ် နိုင်ခွင့် မရှိပေ။ ထိုစကားကိုကြားသော် ရှုပေါင်ကျွမ်နှင့် အခြားသူများကလည်း အေးစက်စွာ ပြုံးလာကြသည်။ အကယ်၍ ယဲ့ဖန်၏ စကားက မှားနေလျင် သူ့အား သေခြင်းတရားက ကြိုဆိုနေ ပေလိမ့်မည်။

ယဲ့ဖန်၏ ခက်ထန်၍ သွေးဆာသော အကြည့်များက ယောင်လောင်ပေါ် ကျရောက်လာပြီး အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျား နောင်တရလိမ့်မယ်”

“စောင့်ကြည့်ရသေးတာပေါ့”

ယောင်လောင် အထင်သေးစွာ ပြုံးလိုက်သည်။ ထို့နောက်တွင်မူ သူတို့၏ အာရုံက ပြိုင်ပွဲရှိရာသို့ လှမ်းကြည့်လိုက်ကြသည်။

လက်ရှိတွင် လင်းရှင်းလန်သည် ဆေးဖော်စပ်ပြီးရာ၌ ဦးဆောင်နေပြီး ဆေးလုံးအား စမ်းသပ်ရန် အတွက် အကဲဖြတ်သူများထံ အပ်နှံလိုက်သည်။

သူသည် လက်နောက်ပစ်၍ ဘဝင်မြင့်သော မျက်နှာထား နှင့် ရှိနေကာ စိတ်ထဲ၌ ယုံကြည်မှု ရှိနေပုံ ရသည်။

“အဲ့ဒါ လင်းမိသားစုရဲ့ ခေါင်းဆောင်လား၊ ကိုယ်နေ ဟန်ထား ကတော့ အရင်အတိုင်းပဲ၊ ဒီဆေးလုံးကလည်း အရောင်ကြည့် လိုက်တာနဲ့ အကောင်းဆုံးဆိုတာ သေချာတယ်”

“လင်းမိသားစု နှစ်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့တာက လင်းရှင်းလန်ကြောင့်ပဲ”

လူများစွာက လင်းရှင်းလန်ကို အားကျလေးစားသော အကြည့်များဖြင့် ကြည့်နေကြသည်။ လင်းရှင်းလန် ကလည်း ယင်းကို ခံစားမိပြီး မာနကြီးစွာ ခေါင်းမော့ ထားလိုက်သည်။

“ဆေးလုံးပုံစံက ပြည့်စုံတယ်၊ အာနိသင်ကလည်း သန့်စင်တယ်၊ ဒါ အရည်အသွေး အကောင်းဆုံး ဆေးလုံးပဲ”

အကဲဖြတ်သူက ပြောလာသည်။

“ကြားတယ်နော် ဟေ့ကောင်၊ အကဲဖြတ်သူက ဆေး အာနိသင်က သန့်စင်တယ်လို့ ပြောနေပြီ၊ အဲ့ဒါက မင်း အဓိပ္ပာယ်မရှိတာတွေ ပြောနေတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ၊ မင်းတော့ ပွဲသိမ်းပြီ”

ရှုပေါင်ကျွမ်က အားရဝမ်းသာစွာ ရယ်မောလိုက်သည်။ အခြား ဆေးပညာရှင်များကလည်း အထက်စီးဆန်စွာ သရော်ကြသည်။

*ဒီကောင်လေးက ဆန်းကြယ်ချင်ယောင်ဆောင်နေတာ အသိသာကြီးပဲလေ၊ အဲ့တော့ သူ ပြောတဲ့စကားကို ထည့်တွက်လို့ မရဘူး*

ထိုအချိန်တွင် ဂျပန်နိုင်ငံမှ ဆေးပညာရှင်ကလည်း သူ၏ ဆေးလုံးကို အပ်နှံလာ၏။ ဆေးလုံးကို ကြည့်ပြီးနောက် အကဲဖြတ်သူများ မျက်လုံးအရောင်တောက်သွားသည်။

“အရောင်က ကြည်လင်နေတာပဲ၊ ရနံ့ကလည်း ကြည်နူး စရာပဲ၊ ပြီးတော့ ဆေးလုံး သင်္ကေတတောင် ပေါ်နေ သေးတယ်၊ ဒါ ဆေးကောင်းပဲ”

*ဘာ*

ကျုံးကျိုးအင်ပါယာမှ ဆေးပညာရှင်များအားလုံး၏ ဦးခေါင်း ပေါ်သို့ ရေအေး လောင်းချလိုက် သည့်သဖွယ် ဖြစ်သွားပြီး အားလုံး ဆောက်တည်ရာမရ ဖြစ်လာ ကြသည်။

သူတို့ ကျုံးကျိုးအင်ပါယာ၏ ကိုယ်စားပြုဖြစ်သော လင်းရှင်းလန်က ရှုံးသွားသည်တဲ့လား၊ ရှုံးသွားပုံကလည်း ရိုးစင်းလွန်းသည်။

“ဟားဟားဟား မင်းတို့တွေက အမှိုက်တွေပဲ”

ဂျပန် ဆေးပညာရှင်က လင်းရှင်းလန်အား အထင် သေးသော အကြည့်ဖြင့် ကြည့်ကာ လက်သန်း ထောင်ပြ လေသည်။ ထိုစကားက ဆေးပညာရှင် အားလုံးကို ကြိမ်းမောင်းလိုက်သည့် သဘောပင်။

ယောင်လောင်၏ မျက်နှာ သုန်မှုန်သွားသည်။ ဤမျိုးမစစ် လေး၏ စကားက မှန်နေလိမ့်မည်ဟု သူ ထင်မထား မိချေ။

ကိုယ့်နယ်မြေထဲ၌ အခြားနိုင်ငံမှ ဆေးပညာရှင်၏ အစော်ကားခံ လိုက်ရခြင်းကြောင့် ဆေးပညာရှင်များ မည်မျှ မကျေမနပ် ဖြစ်နေမလဲကို လူတိုင်း တွေးကြည့် နိုင်ပေသည်။ သူတို့အားလုံး၏ မျက်နှာများ ပြာနှမ်း လာကြသည်။

ထို့နောက်တွင်မူ ဖန့်ရှန်ယွီ၏ အလှည့်ရောက်လာသည်။ သူနှင့် ဂျပန်နိုင်ငံသား ဆေးပညာရှင်က ဆေးရည်ကို ပြိုင်တူ အပ်နှံလာသည်။ အကဲဖြတ်သူများ အချိန် အတော်ကြာအောင် စစ်ဆေးပြီးနောက် ဖန့်ရှန်ယွီ၏ ဆေးက ပိုကောင်းကြောင်း ဆုံးဖြတ်လိုက်ကြသည်။

“ဝန်ခံလိုက်စမ်းပါ”

ဖန့်ရှန်ယွီက ဘဝင်မြင့်သော မျက်နှာထားနှင့် ဂျပန် ဆေးပညာရှင်အား လှောင်သလို လက်အမူအရာ လုပ်ပြ လိုက်သည်။

“အရူး”

ဂျပန်ဆေးပညာရှင်က ဒေါသတကြီး ဂျပန်လို အော်လေ တော့သည်။

“ဟေ့ကောင် မင်း ရှုံးသွားပြီ၊ မင်း ဘယ်လို သေချင်လဲ ပြောကြည့်”

ယောင်လောင်က ယဲ့ဖန်ကို အေးစက်စွာ ကြည့်လိုက် သည်။ သူ့မျက်လုံးတွင် ရက်ရက်စက်စက် လူသတ်လို ဟန်များ အထင်းသား ပေါ်နေ၏။

“ခင်ဗျား အပျော်စောနေတယ် မဟုတ်ဘူးလား”

ယဲ့ဖန် သရော်လိုက်ပြီးနောက် ပြိုင်ပွဲသို့ ပြန်ကြည့် လိုက်သည်။ ထိုစဉ် အကဲဖြတ်သူ နှစ်ယောက်က ပြိုင်ပွဲဝင် နှစ်ယောက်၏ ဆေးရည်ကို ပြိုင်တူ သောက် လိုက် ကြသည်။

ထို့နောက်တွင်မူ ပြောင်းလဲမှု ဖြစ်ပေါ်လာ၏။ ဖန့်ရှန်ယွီ၏ ဆေးရည်ကို သောက်လိုက်သော အကဲ ဖြတ်သူသည် ချက်ချင်း ပြာနှမ်းလာပြီး တွန့်လိမ် လာသည်။ ထို့နောက် ပါးစပ်မှ အမြှုပ်ထလာပြီး ချက်ချင်း သတိလစ်သွားသည်။

“ဒါ … ဒီဆေးရည်က အဆိပ်ရှိတယ်”

အကဲဖြတ်သူတစ်ယောက်က ဒေါသတကြီး အော်လိုက် ပြီးနောက် ဖန့်ရှန်ယွီကို စူးစိုက် ကြည့်လာသည်။

“မင်း … ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အရည်အချင်း မပြည့်မီဘူး”

ထိုစကားက ယောင်လောင်နှင့် အခြားသူများအား မိုးကြိုး ငါးစင်း ပစ်ချလိုက်သကဲ့သို့ ဖြစ်သွားစေသည်။

သူတို့၏ မျက်နှာတွင် အံ့ဩဟန်များ ပေါ်နေကာ ပါးစပ် အဟောင်းသား ဖြစ်နေ၏။ သူတို့၏ ထိတ်လန့်နေသော စိတ်က အချိန်အတော်ကြသည်အထိ မတည်ငြိမ် သေးချေ။

*တကယ် အဆိပ်ရှိနေတာပဲ*

*ဒီကောင်လေး အမှန်ကို ပြောနေတာပါလား*

*အံ့ဩစရာပဲ*

*သူ့စကားနှစ်ခုလုံးက မှန်နေတာပဲ*

လင်းရှင်းလန်တို့နှစ်ယောက်လုံး ရှုံးလိမ့်မည်ကို သူ အစောကြီးကတည်းက ကြိုသိနေခဲ့သည်။ လက်ရှိတွင် လူတိုင်းသည် အိပ်မက်ထဲ ရောက်နေသည်ဟုပင် ခံစားမိနေ၏။

သူတို့သည် ကျုံးကျိုး အင်ပါယာနှင့် ဂျပန်နိုင်ငံသားတို့၏ ဆေးပညာပြိုင်ပွဲ မှတ်တမ်း တစ်လျှောက်တွင် ဘယ်သောအခါကမှ မရှုံးခဲ့ဖူးချေ။ သို့သော် ယနေ့တွင် အရှုံးကြီး ရှုံးခဲ့လေပြီ။

“ဟားဟားဟား ဒါ မင်းတို့ ကျုံးကျိုးအင်ပါယာရဲ့ အတော်ဆုံး ဆေးပညာရှင်လား၊ သူတို့ ဖော်တဲ့ဆေးက လူတောင် သေတာလား”

“မိုက်တယ် ဒါကို မီဒီယာမှာ ဖော်ပြသင့်တယ်၊ ဒါမှ တစ်လောကလုံး ကျုံးကျိုး အင်ပါယာရဲ့ ဆေးပညာကို‌ လေးစားသွားမှာလေ”

ဂျပန်နိုင်ငံဘက်မှ ဆေးပညာရှင်များက လှောင်ရယ်လာ ကြသည်။ သတင်းထောက်များကလည်း တက်တက် ကြွကြွ ဓာတ်ပုံရိုက်ကာ သူတို့ရှေ့မှ မြင်ကွင်းကို မှတ်တမ်း တင်နေ၏။

ဖန့်ရှန်ယွီ၏ မျက်နှာ ပြာနှမ်းနေသည်။ သူ့နာမည် ဂုဏ်သတင်း ပျက်စီးသွားပြီ မဟုတ်ပါလော။ လက်ရှိတွင် သူ လုံးဝ ရစရာမရှိတော့ချေ။

အင်ပါယာကို ကိုယ်စားပြုသည့် ဆေးပညာရှင်များ အားလုံး မျက်နှာပျက်နေကြသည်။ သူတို့သည် လူပုံ အလယ်၌ အလှောင်ခံနေရသော်လည်း ပြန်ချေပ ပြောဆိုနိုင်မည့် နည်းလမ်းကို ရှာမတွေ့ပေ။

သူတို့ အရှက်ရသလို စိတ်မကောင်းလည်း ဖြစ်နေ ကြသည်။ ခေါင်းဆောင်ဖြစ်သော ယောင်လောင် သည်လည်း ဘာမှမတတ်နိုင်ပါ။

လင်းရှင်းလန်နှင့် ဖန့်ရှန်ယွီတို့သည် လက်ရှိ သူတို့ အင်ပါယာတွင်း၌ အတော်ဆုံး ဆေးပညာရှင်များ ဖြစ်သည်။ သူတို့က မပြိုင်နိုင်လျင် ပိုတော်သော ဆေးပညာရှင် များကို အင်ပါယာတွင်းရှိ မည်သည့် နေရာ၌ သွားရှာရမည်နည်း။

လက်ရှိတွင် သူသည် မျက်နှာ ဖြတ်ရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ယဲ့ဖန်ကြောင့် အရှက်ကွဲခဲ့ရလေပြီ။

အစောပိုင်းက သူတို့နှစ်ယောက်၌ ကြီးမားသော နိုင် နိုင်ချေ ရှိသည်ဟု သူ ပြောခဲ့သော်လည်း နှစ်ယောက် လုံး တစ်ယောက်ပြီး တစ်ယောက် ဆိုးဆိုးရွားရွား ရှုံးနိမ့်ခဲ့ ရသည်။

သူတို့နှစ်ယောက်ထဲက တစ်ယောက်၏ ဆေးရည်ကို သောက်လိုက်သူပင် သေမတတ် ဖြစ်သွားခဲ့သဖြင့် သူတို့ အတွက် မျက်နှာပျက်ရလေပြီ။

“ရှင်တို့ရှေ့က အဘိုးကြီးက စေတနာနဲ့ ပြောပြတဲ့ စကားကို နားမထောင်လို့ ဒီလိုဖြစ်ရတာ”

ဟွမ်ယွီလင်းက အားရကျေနပ်စွာ ရယ်လေသည်။ ယဲ့ဖန် ပြောပြခဲ့သည့် အကြောင်းရင်းက ယောင်လောင်ကို သတိ ပေးချင်၍ ဖြစ်သည်။

သို့သော် ယောင်လောင်က စိတ်ကြီးဝင်ကာ သူ့အမြင် မမှားဟု အခိုင်အမာ ယုံကြည်ခဲ့သည်။ ထို့ကြောင့် သူ့အမှားကြောင့်သာ ဤရလဒ်မျိုး ဖြစ်လာခြင်း ဖြစ်လေသည်။

“ခွေးမလေး မင်းကများ”

ရှုပေါင်ကျွမ် ဒေါသထွက်နေသည်။ ဤသို့သော အပြု အမူကို သူ မည်သို့ သည်းခံနိုင်ပါမည်နည်း။

“ခင်ဗျား အဲ့စကားကို ထပ်ပြောကြည့်လိုက်”

ယဲ့ဖန်၏ မျက်လုံးတွင် ခက်ထန်သော အရိပ်အယောင် ရုတ်တရက် ဖြတ်ပြေးသွားသည်။ သူ ရှုပေါင်ကျွမ်ကို အချိန် အတော်ကြာအောင် သည်းခံခဲ့ရသည်။ ယနေ့ သူ ဆေးဖော်စပ်ရန် မရှိပါက ရှုပေါင်ကျွမ် အခါတစ်ရာမက သေနေလောက်လေပြီ။

ယခု ထိုလူက သူ့ညီမကိုပါ ထပ်မံ၍ ရန်လုပ်နေပြန်သည်။ ဤသည်မှာ သည်းမခံနိုင်စရာ ကိစ္စပင်။

“ပြောတော့ မင်း ငါ့ကို ဘာလုပ်နိုင်လဲ”

ရှုပေါင်ကျွမ် သရော်လိုက်သည်။

*အမှိုက်ကောင်ကများ ငါ့ကို ခြိမ်းခြောက်ရဲသလား၊ မင်း ဘာစားလို့ သတ္တိတွေ ကောင်းနေတာလဲ*

“တော်လောက်ပြီ”

ထိုအချိန်၌ ယောင်လောင်က ဝင်ငေါက်လာပြီး ယဲ့ဖန်အား သေသေချာချာ စိုက်ကြည့်လေသည်။

“သူတို့ကို သွားခိုင်းလိုက်”

“ဆရာ ဒါက”

“ဘာလဲ မင်းက ငါ့ကို ကိုယ်စကားကိုယ် မတည်တဲ့သူ ဖြစ်စေချင်တာလား”

ယောင်လောင်က ရှုပေါင်ကျွမ်ကို စူးစိုက်ကြည့် လိုက်သည်။

“မလုပ်ရဲပါဘူး”

ရှုပေါင်ကျွမ် အလျင်အမြန် ခေါင်းငုံ့လိုက်ပြီး ယောင်လောင်အား မကြည့်ရဲချေ။ သို့သော် သူ့မျက်လုံး တွင် မလိုလားဟန်များ ပေါ်လွင်နေသည်။

ထိုစဉ် လင်းဝူယာကလည်း အနားရောက်လာပြီး ယဲ့ဖန် အား ဆေးဖော်ခန်း အသင့်ဖြစ်ပြီ ဖြစ်ကြောင်း ပြောလာသည်။ ယဲ့ဖန် ခေါင်းညိတ်၍ အေးတိအေးစက် ဖြင့် ချက်ချင်း လှည့်ထွက်လာသည်။

“ဆရာ …”

ရှုပေါင်ကျွမ်က တစ်ခုခု ပြောချင်နေပုံရသည်။ သို့သော် ယောင်လောင်က လက်ကာ၍ မာမာထန်ထန် ပြောလိုက်သည်။

“မင်းတွေးနေတာကို ငါ သိတယ်၊ အချိန်မကျသေးဘူး”

*အချိန်မကျသေးဘူး*

ရှုပေါင်ကျွမ် တစ်ခဏမျှ အံ့ဩသွားပြီးနောက် ချက်ချင်း ထိုစကား၏ ဆိုလိုရင်းကို နားလည် သွားကာ သူ့မျက်လုံး ၌ လူသတ်လိုရိပ်များ ပေါ်ထွက်လာသည်။

“ဒီတပည့် နားလည်ပါပြီဆရာ”

“ဟေ့ဟေ့ မင်းတို့ ကျုံးကျိုးအင်ပါယာမှာ သုံးစားရတဲ့ ဆေးပညာရှင် ရှိသေးရဲ့လား၊ ငါတို့ သုံးရက်တိတိ ပညာ ဖလှယ် ပြိုင်ပွဲ လုပ်ရမှာလေ၊ မင်းတို့က ပထမနေ့မှာတင် ရှုံးနေပြီ၊ နောက်ရက် ငါတို့ကို ဘယ်လိုယှဉ်မလဲ”

“ဒါမှမဟုတ် မင်းတို့ အရှုံးပေးလိုက်ပါလား၊ ဒါဆို ငါတို့ လည်း ငါတို့နိုင်ငံ ပြန်နိုင်မယ်၊ အားလုံးလည်း အချိန်ကုန် သက်သာမယ်”

ဂျပန်ဆေးပညာရှင်က ဂုဏ်ယူသော မျက်နှာထားနှင့် အော်ပြောလိုက်သည်။ သူ့ပုံစံက အနိုင်ကဒ်ကို ကိုင်စွဲ ထားသည့်ပုံပင်။

အင်ပါယာ၏ ဆေးပညာရှင်များအားလုံး အံကြိတ်နေပြီး သူတို့ကို ပြေး၍ တိုက်ချင်စိတ် တဖွားဖွား ပေါက် နေသည်။

သို့သော် သူတို့ဘက်က အရည်အချင်းက ထင်သလောက် မကောင်းသဖြင့် ဘာမှပြောစရာ စကားမရှိချေ။

“ယောင်လောင် ခင်ဗျား တစ်ခုခု တွေးပါဦး”

“ယောင်လောင် ဒါကို ခင်ဗျား ဘယ်လိုလုပ်မယ် တွေးထားလဲ”

ထိုအခိုက်တွင် အားလုံး၏ အာရုံက ယောင်လောင်ပေါ် ကျရောက် လာသည်။ ယောင်လောင်၏ မျက်နှာ သုန်မှုန်သွားသည်။ လက်ရှိတွင် သူသည် ခေါင်းကို ဘဲပေါက်ခံ နေရသလို ခံစားနေရသည်။ သူ ဘာမှ တွေးမတတ်ချေ။

“ဝုန်း”

ရုတ်ချည်းဆိုသလိုပင် ဆေးဆိုင်တစ်ခုလုံး ထိတ်လန့်ဖွယ် အဖြစ်အပျက်တစ်ခု ဖြစ်ပေါ် လာသည်။

ထို့နောက် ကြောက်လန့်ဖွယ် ကျားနှင့်နဂါး အော်သံကဲ့ သို့သော အသံတစ်သံနှင့် အနံ့တစ်မျိုးက မျက်နှာကြက် အထိ ပြည့်နှက်ပျံ့လွင့်လာသည်။

“မွှေးလိုက်တဲ့အနံ့ ဒါ ဘာလဲ”

“ဒါ ဆေးနံ့ပဲ၊ လက်စသက်တော့ ဆေးနံ့ပဲ”

“ခန္ဓာပြောင်းလဲခြင်း ဆေး မဟုတ်လား၊ ဒါ ဒဏ္ဍာရီလာ အင်မော်တယ် ဆေးလုံး မဟုတ်လား၊ ဘယ်သူက ဒီအင်မော်တယ် ဆေးကို ဖော်နေတာလဲ”

ထိုစကားက လူတိုင်းကို ကြက်သီးတဖြန်းဖြန်း ထသွား စေပြီး သူတို့၏ စိတ်ထဲတွင် မိုးကြိုးပစ်ချ ခံလိုက်ရ သကဲ့သို့ ဖြစ်သွားလေသည်။

*ဆေးလုံးလား*

ထိုဆေးလုံးသည် လောက၌ ရှာရခက်ပြီး တစ်လုံးကပင် ကမ္ဘာစ် ဖြစ်နိုင်စေရန် လုံလောက် လေသည်။ သိုင်းပညာ ရှင်များ အချင်းချင်း ရန်လိုကာ သွေးချောင်းစီး လောက်သည်။

ဆေးဖော်စပ်ရန် လေ့ကျင့်ခြင်းသည် မှန်ကန်သော အချိန်နှင့် နေရာအပြင် မရေတွက်နိုင်သော ဆေးလုံးများ လိုနေသေးသည်။

ခန္ဓာကိုယ် ပြောင်းလဲခြင်းအတွက် ဖော်စပ်သော ဆေးလုံး တစ်လုံးဖြစ်ပါက နှစ်တစ်ရာ သို့မဟုတ် နှစ်တစ်ထောင် နီးနီး လိုအပ်ပေမည်။

ထို့ကြောင့် လူတော်တော်များများက ဆေးလုံးသည် လုပ်ဇာတ် ခင်းထားသော အရာဟု ထင်နေကြပြီး လူအချို့က အတည် မှတ်ယူကြသည်။

သို့သော် ထိုစဉ် သူတို့သည် ခန္ဓာပြောင်းလဲခြင်း ဆေးလုံး ၏ ရနံ့ကို ရလိုက်သည်။

ဆေးလုံး ပုံပေါ်လာပါက ထူးဆန်းသော ရနံ့တစ်ခု ထွက်လာ လေ့ရှိသည်။ ထိုရနံ့သည် ဆယ်မိုင်အထိ ပျံ့နိုင်ပြီး အမြင်အာရုံကို ကြည်နူးစေပြီး အရောင်အသွေး စုံလင်ကို တွေ့ရပေမည်။ သို့မဟုတ် သူမတူသော အသံတစ်သံ ထွက်လာလေ့ရှိသည်။

ယခု ထိုအရာအားလုံး ဖြစ်ပျက်နေလေပြီ။ လူတိုင်း တုန်လှုပ် နေကြသည်။ သတင်းထောက်များနှင့် ဆေးပညာရှင်များ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွား သည်။

*တစ်ယောက်ယောက်က ဆေးလုံးဖော်စပ်နေတာ မယုံနိုင်စရာပဲ*

အတိတ်အခါကဆိုလျင် ထိုသို့သော ဆေးပညာရှင် များသည် အခြားသူများ လုယက်မည်ကို ကြောက်လန့်၍ ပုန်းကွယ်ကာ ဆေးလုံးများကို ဖော်စပ်လေ့ ရှိသည်။

ယခု အလွန် ပေါ်ပေါ်တင်တင် လုပ်နေသည့်အပြင် အဆင့် မြင့်သော ဆေးအား ဖော်စပ်နေ သော်လည်း အခြားသူများ လုယက်မည်ကို ကြောက်လန့်ခြင်း မရှိသည့်ပုံပင်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

“ဒီအနံ့က ဘယ်က ပျံ့လာတာလဲ”

ယောင်လောင် အသည်းအသန် အော်ဟစ်လိုက်သည်။ ဤသို့သော ထူးဆန်းသည့်လူနှင့် သူ မိတ်ဆွေ ဖြစ်မှ ရမည်။ ယင်းသည် သူ တစ်သက်လုံး အချိန်ဖြုန်းလျင် တောင်မှ မဖော်စပ်နိုင်သည့် ဆေးဖြစ်သည်။

“ဆေးဆိုင်ထဲကပဲ၊ စီအဆင့် ဆေးဖော်ခန်းကနေ လာတာ ထင်တယ်”

ရှုပေါင်ကျွမ် အလန့်တကြား ပြောလိုက်သည်။

*စီအဆင့် ဆေးဖော်ခန်း၊ အနိမ့်ဆုံးအဆင့် ဆေးဖော်ခန်း ကလေ*

ထိုစကားကို ကြားသောအခါ လူတိုင်း မှင်တက် သွားကြသည်။ လူတိုင်း၏ မျက်နှာသည် ရီဝေနေပြီး သူတို့ အမြင်မှားနေသလားဟု သံသယဝင်လာသည်။

*အနိမ့်ဆုံးနှင့် အစုတ်ပြတ်ဆုံး ဆေးဖော်ခန်းကနေ ထိတ်လန့်စရာ ဆေးလုံးကို ဖော်စပ် နေတာလား*

*ဒါ … ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

All Chapters