← Chapters

Chapter 1402 - 1403

Vol. 94 Ch. 1402 - 1403

Chapter 1402 - 1403

Vol. 94 Ch. 1402 - 1403

Chapter 1402 ဆယ်မိနစ်အတွင်းမှာ ဆေးနှစ်လုံး

*အဆင့်စီ ဆေးဖော်ခန်းကတဲ့လား*

သို့သော် ထိုအခန်းကို ယူသည့် မည်သည့် ဆေးပညာရှင် မဆိုက ထိုသို့သော ဆေးမျိုး သန့်စင်နိုင်မည် မဟုတ်ပါ။

အဆင့်စီအဆင့် ဆေးဖော်ခန်းသည် အလုပ်သင်များ လေ့ကျင့်နိုင်မည့် နေရာတစ်ခုသာ ဖြစ်သည်။ အထဲမှ ပစ္စည်းကိရိယာများသည် ဟောင်းနွမ်းကာ ခေတ်မမီ တော့ကာ နှစ်ပေါင်းမည်မျှ ကြာနေသလဲ မသိတော့ပါ။

သို့သော် ထိုသို့သော ဆေးဖော်ခန်းမှ ကောင်းမွန်သော ဆေးလုံးကို ဖော်စပ်နိုင်သည် ဖြစ်နိုင်ချေ မရှိပေ။

“မြန်မြန် ငါ မြန်မြန်သွားကြည့်နိုင်အောင် ကူညီပေးစမ်း”

ယောင်လောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး သူ့မျက်လုံးများက တောက်ပကာ အလွန်အမင်း ထိတ်လန့် နေသည်။

*ဒီလိုဆေးမျိုး ငါတောင် မဖော်နိုင်ဘူး၊ အဲ့လူက ဘယ်လိုနတ်ဘုရားမျိုးလဲ၊ ငါ သွားကြည့်ကို ကြည့်မှ ဖြစ်မယ်*

လူတစ်စုက စီအဆင့် ဆေးဖော်ခန်းသို့ ခပ်သုတ်သုတ် လျှောက်သွားကြပြီး သူတို့၏မျက်နှာတွင် စိတ်လှုပ်ရှား မှုများ ဖုံးလွှမ်းနေ၏။

ကင်မရာကိုင်ထားသော သတင်းထောက်များ၏ လက်‌တွင် လည်း ချွေးဆို့နေပြီး အလွန် စိတ်လှုပ်ရှား သော မျက်နှာထားများ ဖြစ်နေကြသည်။ အင်မော်တယ် ဆေးကိုပင် ဖော်စပ် နိုင်သော နတ်ဘုရားတစ်ပါး၊ ဤသည်မှာ တစ်လောကလုံးကို ထိတ်လန့်နိုင်စေသည့် သတင်းကြီးပင်။

သူတို့သည်လည်း ထိုလူ၏ မျက်နှာကို မြင်ချင်နေ ကြသည်။ ဖန့်ရှန်ယွီနှင့် လင်းရှင်းလန်တို့ သည်လည်း စိတ်လှုပ်ရှားသော မျက်နှာထားများ ဖြစ်နေလေသည်။ ဤသည်မှာ ဘဝ တစ်သက်တာ၌ တစ်ကြိမ်သာ ရနိုင်သည့် အခွင့်အရေးပင်။

ဤသို့သော နတ်ဘုရားထံမှ သူတို့ နည်းညွှန်လမ်းပြ ခံရလျင် သူတို့၏ ဆေးပညာက ပိုမြင့်မားသော အဆင့်တစ်နေရာအထိ တိုးတက်သွားမှာ သေချာသည်။

အင်မော်တယ် ဆေးလုံးကို ဖော်နိုင်သောသူသည် ယောင်လောင် ထက်ပင် အဆင့်အတန်း မြင့်မား လေသည်။ ထိုသူသည် ရှုကျိုးကို ဖြတ်သွားသည့် နိုင်ငံကြီးတစ်နိုင်ငံမှ အင်မော်တယ် သမားတော်တစ်ပါး ဖြစ်ကောင်း ဖြစ်နိုင်၏။

လူတိုင်း ကြိုတင်မှန်းဆထားပြီး တစ်ဖက်လူက တစ်မူ ထူးခြားသော နောက်ခံရှိသော အင်မော်တယ်တစ်ပါး ဖြစ်ကိုဖြစ်ရမည်ဟု သေချာပေါက် ယုံကြည်နေကြသည်။

ထိုစဉ် စီအဆင့် ဆေးဖော်ခန်း၏ တံခါးရှေ့၌ လင်းဝူယာ သည်လည်း ကြက်သေ သေနေကာ ပိတ်ထားသော တံခါးကို မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။

*အင်မော်တယ်ဆေးလုံး*

*သူ အင်မော်တယ်ဆေးလုံးကို‌ ဖော်စပ်လိုက်တာလား*

လင်းဝူယာ ငိုလုမတတ် ဖြစ်နေပြီး တံခါးအား အလန့် တကြား လက်ညှိုးထိုး၍ ဟွမ်ယွီလင်းကို ပြန်ပြော လိုက်သည်။

“သူ …”

သို့သော် ဟွမ်ယွီလင်းက အသားကျနေပုံပေါ်ပြီး အမူ အရာက မထူးခြားနားပင်။

“ကျွန်မအစ်ကိုယဲ့က အတော်ဆုံးပဲ”

“လင်းဝူယာ ရှင် သူ့အတွက် နွားလိုမြင်းလို သစ္စာခံပြီး နေတာက ကံကောင်းတယ်မှတ်ပါ၊ ဒီ ခက်ခက်ခဲ ရထားတဲ့ အခွင့်အရေးကို တန်ဖိုးထားပါ”

လင်းဝူယာ တံတွေးမျိုချလိုက်ပြီး အံ့ဩနေသော အမူအရာ ဖြစ်နေ၏။ သူ၏ မရည်ရွယ်သော အပြုအမူက သူ့ဘဝလမ်းကြောင်းကို ပြောင်းလဲသွားစေလိမ့်မည်ဟု သူ မျှော်လင့်မထားမိပါ။

သူ့ကိုယ်သူ အခြားသူ၏ လက်ပါးစေ ဖြစ်ခံရမည်တဲ့လား။ သူ မည်သို့ လက်ခံနိုင်ပါမည်နည်း။ အခြားသူ တစ်ယောက်သာ ဖြစ်လျင် လင်းဝူယာ သေချာပေါက် သရော်မိလောက်သည်။

သို့သော် တစ်ဖက်လူက ယဲ့ဖန် ဖြစ်နေသဖြင့် သူ လုံးဝ နားလည်လက်ခံပေသည်။ ဆန်းကြယ်သည်၊ လွှမ်းမိုးနိုင် လွန်းသည်၊ တစ်လောကလုံးက သူ့ခြေဖဝါးအောက်၌ ရှိနေသည့် အလား မာနကြီးပေသည်။

ဤသို့သောလူက လောကထဲသို့ ဆင်းလာသည့် နတ်ဘုရား တစ်ပါးလိုပင် ရောင်ခြည်များ ဖြာထွက်၍ အခြားသူများအားလုံး၏ လေးစားခြင်း ခံရမည့်သူ ဖြစ်လေသည်။

ချက်ချင်းဆိုသလိုပင် လင်းဝူယာက ဒူးထောက်ပြီး လေးနက်စွာ ပြောလိုက်သည်။

“ကျုပ် … ကျုပ် တစ်သက်လုံး နွားလိုမြင်းလို သစ္စာရှိ ပါ့မယ်”

ထိုစကားကိုကြားသော် ဟွမ်ယွီလင်း၏ မျက်နှာတွင် အပြုံးတစ်ခု ပွင့်လန်းလာသည်။

“ဒေါက် ‌ဒေါက် ဒေါက်”

ထိုအခိုက်တွင် လူတစ်စုက အလျင်အမြန် လျှောက်လာ ကြပြီး အားလုံး၏ မျက်နှာတွင် ပျော်ရွှင်မှု၊ ထိတ်လန့်မှုနှင့် စိတ်အားထက်သန်မှုစသည့် ခံစားချက်မျိုးစုံ ပေါ်လွင် နေသည်။

လင်းဝူယာနှင့် ဟွမ်ယွီလင်းတို့ကို မြင်သော် ယောင် လောင်နှင့် အခြားသူများ ရုတ်တရက် မျက်နှာ မည်းမှောင်သွားကြသည်။ ရှုပေါင်ကျွမ်က ပေါ်တင် ငေါက်ငမ်း လေသည်။

“ဘယ်သူက မင်းတို့ကို ဒီမှာ နေခွင့်ပေးတာလဲ၊ မင်းတို့ ဘာလို့ ထွက်မသွားသေးတာလဲ၊ မင်း အင်မော်တယ် ဆေးဖော် နေတာကို နှောင့်ယှက်မယ်ဆိုရင် မြေမြှုပ်စရာ အလောင်းမရှိအောင် လုပ်ပစ်လိုက်မယ်”

“အင်မော်တယ် ဟုတ်လား”

ဟွမ်ယွီလင်းက ပထမ၌ အံ့ဩနေပြီးမှ လှောင်ပြောင် သော မျက်နှာထား ပေါ်လာသည်။

“အဲ့တော့ ရှင်တို့က ဆေးဖော်နေတဲ့ အင်မော်တယ်ကို ရှာဖို့ ဒီကို ရောက်လာတာလား”

“အရေးမပါတာတွေ၊ မဟုတ်မှလွဲရော ငါတို့က မင်းကို ရှာဖို့ ရောက်လာတယ်ထင်နေတာလား”

ရှုပေါင်ကျွမ်က အလွန် ရိုင်းပျစွာ ခနဲ့လိုက်သည်။

“ပြန်သွား၊ သူ ခင်ဗျားကို တွေ့မှာ မဟုတ်ဘူး”

ထိုစဉ် လင်းဝူယာကလည်း ရှေ့ထွက်၍ အေးစက်စွာ ငြင်းပယ် လေသည်။ လက်ရှိတွင် သူ ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သူ့အပြုအမူက အလွန် အမင်း ခက်ထန်လာကာ၊ လုံးဝ မျက်နှာသာ မပေးဘဲ မောင်းထုတ်လိုက်သည်။

ဤသည်က ရှုပေါင်ကျွမ်နှင့် အခြားသူများကို ဒေါသထွက် သွားစေသည်။ ကောင်းကင် မည်မျှ မြင့်မားကြောင်း မသိသည့် မနူးမနပ် လူငယ်လေးက သူတို့ကို မောင်းထုတ် ရဲသည်တဲ့လား။

“လင်းဝူယာ မင်း ရူးနေလား၊ မင်း ဘာပြောနေလဲရော သိရဲ့လား”

ဖခင်ဖြစ်သူ လင်းရှင်းလန်က ဒေါသတကြီး အော်ဟစ် လိုက်သည်။

*ဒီခွေးသားလေးက ငါ့ကိုတောင် မျက်နှာသာ မပေးပါလား*

“ကျွန်တော် ဘာပြောနေလဲ ကျွန်တော် သိတယ်၊ ကျွန်တော် ခင်ဗျားကို ထွက်သွားဖို့ ပြောနေတာ”

လင်းဝူယာက အေးစက်စွာကြည့်၍ ထပ်ပြောလိုက်သည်။ သူ၏ အပြုအမူက ပို၍ပင် နာခံမှု မဲ့လာသည်။

ယခု သူ၏ သခင်ကြီးက အထဲ၌ ဆေးဖော်စပ်နေသဖြင့် မည်သူမှ သူ့ကို နှောင့်ယှက်ခွင့် မပြုနိုင်ပါ။ သူ၏ ဖခင်အရင်း တောင်မှ ခြွင်းချက်မရှိပေ။

“မင်းက သေချင်နေတာပဲ”

လင်းရှင်းလန်၏ မျက်လုံးတွင် လူသတ်ချင်စိတ်များ ပေါ်လာလေသည်။

*ဒီမျိုးမစစ်ကောင်က ငါ့ကိုတောင် အလေးအနက် မထားဘူးပဲ*

“ငါတို့ အင်မော်တယ်နဲ့ တွေ့ချင်တာ မင်းနဲ့ ဘာဆိုင်လဲ၊ သူ ငါတို့ကို မတွေ့ချင်ဘူးလို့ မင်း ဘယ်လိုသိလဲ”

ယောင်လောင်၏ မျက်နှာက သုန်မှုန်နေပြီး စိတ်မရှည်စွာ ပြန်ပြောလိုက်သည်။ သူ အလွန် ဒေါသထွက်နေမှန်း သိသာ လှသည်။ ဟွမ်ယွီလင်းက အေးစက်စွာ ပြုံးလိုက် သည်။

“မကြာခင် ရှင် ဘာလို့မှန်း သိလာလိမ့်မယ်”

တစ်ဖက်လူသည် ယခင်က ယဲ့ဖန်ကို နည်းလမ်း ပေါင်းစုံဖြင့် စော်ကားလှောင်ပြောင်ခဲ့ပြီး ယခု ဆေး ဖော်စပ် နေသည်ကို သိသောအခါ မျက်နှာလုပ်ချင် နေ၏။ ဤသို့သော ကိစ္စမျိုးကို မည်သို့ လက်ခံနိုင်ပါ မည်နည်း။

“ဆရာ ဒီမျိုးမစစ်ကောင်တွေနဲ့ ဘာလို့ အရေးမပါ တာတွေ ပြောနေမှာလဲ၊ ကျွန်တော်တို့ကို ထပ်ခါထပ်ခါ မလေးမစား လုပ်နေတာ၊ ကျွန်တော် ပြောခဲ့ဖူးသလို သူတို့အားလုံးကို သတ်လိုက်ပါတော့လား”

ရှုပေါင်ကျွမ်၏ အမူအရာက ခက်ထန်နေပြီး သူ့မျက်လုံး တွင် လူသတ်ချင်စိတ်များ ပြည့်နေ၏။ သူ ထပ်၍ သည်းမခံနိုင်တော့ချေ။

ယောင်လောင်၏ မျက်နှာသည်လည်း ထပ်တူ ခက်ထန် နေပြီး အသံမထွက်ပေ။ အကြောင်းမှာ လက်ရှိတွင် သူတို့ အင်ပါယာမှ ဆေးပညာရှင်များ အရှက်ကွဲခဲ့ရသဖြင့် သူတို့အတွက် သိက္ခာ ပြန်ဆယ်နိုင်မည့် အစွမ်းအစ ရှိသောလူကို အပူတပြင်း လိုအပ်နေသည်။

စီအဆင့် ဆေးဖော်ခန်းထဲမှလူက ယခု သူတို့၏ ကယ်တင်ရှင်ဟု သူ့စိတ်ထဲ၌ ထင်နေသည်။ ထို့ကြောင့် ဤမောက်မာသော ဂျူနီယာများ သူ့ကို တားဆီးနေခြင်း အား မည်သို့ ခွင့်ပြုနိုင် ပါမည်နည်း။ သူ၏ ကောင်း မွန်သော စိတ်အား ဖျက်ဆီးရဲလျင် သူ သတ်ပစ်ရမည်ပင်။

ရှုပေါင်ကျွမ်၏ မျက်နှာတွင် ရန်လိုဟန်များနှင့် ပြည့်နေပြီး စဉ်းလဲစွာ ပြုံးလိုက်သည်။

“သူတို့ကို သတ်စမ်း”

လေတိုးသံများနှင့် တုန်ခါသံများ ထွက်ပေါ်လာသည်။ အန္တရာယ်များသော လူတစ်ယောက်ပြီး တစ်ယောက်က ရုတ်တရက်ဆိုသလို ခုန်ထွက်လာကာ ဟွမ်ယွီလင်း တို့ထံသို့ ပြေးဝင်သွားသည်။

ထို့နောက် ထိုလူများထဲမှ နှစ်ယောက်က ဟွမ်ယွီလင်း တို့ကို လည်ပင်းညှစ်ကာ လေထဲ မြှောက်လိုက်သည်။ သူတော်စင်သခင်အဆင့်ရှေ့၌ သူတို့သည် ပုရွက်ဆိတ် သဖွယ် နင်းချေခံ ရနိုင်သည်။

ရှုပေါင်ကျွမ်က စူးရှသော မျက်လုံးများဖြင့် အော်ဟစ် လိုက်သည်။

“ခွေးမသားလေး မင်း လေကျယ်နေခဲ့လို့ အခု ဘယ်လို ရလဒ် ဖြစ်လာပြီလဲ၊ ငါ့ကို ဒူးထောက်စမ်း”

“ဟားဟား …”

သို့သော် ဟွမ်ယွီလင်းက ရယ်မောလိုက်သည်။ လှောင် ပြောင် သရော်၍ ထီမထင်သော အပြုအမူနှင့် ရှုပေါင်ကျွမ် အား လူပြက်တစ်ယောက်သဖွယ် ကြည့်နေသည်။

“မင်း … မင်း ဘာလို့ မကြောက်တာလဲ”

ဟွမ်ယွီလင်း၏ ကြည်လင်သော မျက်ဝန်းတွင်း၌ ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့ မရှိသည်ကို တွေ့လိုက် ရသဖြင့် ရှုပေါင်ကျွမ် အံ့အားသင့်သွားသည်။ အထင်သေး စက်ဆုပ်ဟန်ပင် ရှိနေသေးသည်။

*ဘယ်လိုဖြစ်ရတာလဲ*

*သူက ငါ့ကို အထင်သေးနေတာလား*

*သူ့ကို မသတ်ရဲဘူးလို့ ထင်နေတာလား*

ဟွမ်ယွီလင်းက သူ့အား အေးစက်စွာ ပြန်ကြည့် လေသည်။

“ရှင်က ကျွန်မ ကြောက်လာအောင် လုပ်နိုင်တဲ့ အရည် အချင်း ရှိလို့လား”

မထောက်ညှာသော စကားက ကျယ်လောင်စွာ ထွက်ပေါ် လာပြီး ထိုစကားသံ၌ မထင်မှတ်ထား လောက်သည့် ယုံကြည်မှုများ ပြည့်နှက်နေသည်။

လူတိုင်း ဟွမ်ယွီလင်းကို မယုံနိုင်သလို ကြည့်နေပြီး သူမ ဘယ်ကနေ ယုံကြည်ချက် ရလာသလဲဟု သိချင်နေ ကြသည်။

ရှုပေါင်ကျွမ်၏ မျက်နှာက အေးစက်ခက်ထန်လာပြီး အရှက်ကွဲသလို ခံစားရကာ မာန်မဲ လိုက်သည်။

“အဲ့ခွေးမကို အရင်သတ်၊ သူ့ကို အရေခွံခွာ၊ ကြွက်သား တွေဖြတ်ပြီး လမ်းပေါ်မှာ မြင်သာအောင် ပြလိုက်”

ဟွမ်ယွီလင်းက အေးစက်စွာ ပြန်ခနဲ့လိုက်သည်။

“ကျွန်မသာ သန်မာလို့ကတော့ ရှင်တို့အားလုံးကို ငရဲ ရောက်အောင် လုပ်ပေးမယ်လို့ အာမခံတယ်”

“အခုချိန်ထိ နောင်တမရသေးပါလား၊ ဒီကောင်မက သေချင်နေတာပဲ”

သူတော်စင်သခင်အဆင့် သိုင်းပညာရှင် ဒေါသထွက် သွားပြီး လည်ပင်းညှစ်ထားသော လက်ငါးချောင်းကို အားပို ထည့်လိုက်သည်။ သူ့ထံမှ လူသတ်လိုသော အငွေ့ အသက်က တိုးပွား လာပြီး အပြတ်ရှင်းချင်လာ၏။

“မင်း သူ့ကို ထိရဲလို့ကတော့ မင်း ဒီလောကမှာ အသက်ရှင် နေရတာကို နောင်တရအောင် လုပ်ပေး လိုက်မယ်”

ရုတ်တရက် စီအဆင့် ဆေးဖော်ခန်းထဲမှ ငရဲမှ ထွက်ပေါ် လာသကဲ့သို့သော ကြမ်းကြုတ်မှုများ ပြည့်နှက်နေသည့် ကြောက်စရာကောင်းသော အသံတစ်သံ ထွက်ပေါ် လာသည်။

လူတိုင်း ကျောချမ်းသွားကြကာ မျက်နှာတွင် ထိတ်လန့် ဟန်များ ပေါ်လာပြီး အလွန်အမင်း ကြောက်လန့် သွားသည်။

လက်ရှိတွင် ကြောက်စရာကောင်းသော လူသတ် ချင်သည့် အငွေ့အသက်က လေအေးသဖွယ် တိုးဝှေ့ တိုက်ခတ် လာသည်ဟု သူတို့ ခံစားမိကာ မတ်မတ် မရပ်နိုင်ကြတော့ချေ။

သူတော်စင်သခင်အဆင့်များ လုံးဝဥဿုံ ကြက်သေ သေသွားကြပြီး တစ်ကိုယ်လုံး အေးခဲ သွားသကဲ့သို့ မလှုပ်နိုင်မရှားနိုင်ဖြစ်ကာ ချွေးစေးပြန်လာကြသည်။

သူ့ရင်ထဲတွင် ကြီးမားသော ဖိအားတစ်ခု ဖိနှိပ်လာ သည်ဟု ခံစားမိကာ သူ အသက်မရှူနိုင် ဖြစ်သွားပြီး အနောက်မှနေ၍ ကြီးမားသော သားရဲတစ်ကောင်က သူ့ကို စူးစိုက်ကြည့်နေသည်ဟု ထင်မှတ်မှားရသည်။

သူ ဟွမ်ယွီလင်းကို တိုက်ခိုက်လိုက်သည်နှင့် ၎င်းက သူ့ကို ဝါးမျိုသွားမည့်ပုံပင်။ ထို့ကြောင့် သူ လှုပ်ပင် မလှုပ်ရဲပါ။

လင်းဝူယာကို ဖမ်းချုပ်ထားသည့် သူတော်စင်သခင် အဆင့်လည်း ထိုနည်းတူပင်။ သူ အကြောသေ နေသည်ဟု ခံစားမိနေသည်။ အစောပိုင်းက အော်သံက သူ့စိတ်ဝိညာဉ်အထိ ရိုက်ခတ်လာပြီး လေးလံသော ပြုတ်တူက သူ့ဝိညာဉ်ကို ရိုက်ချလိုက်သကဲ့သို့ ခံစား လိုက် ရသည်။

ထိုအခါ လူတိုင်း ထိတ်လန့်သွားပြီး ဆေးဖော်ခန်းသို့ ကြောက်လန့်တကြား ကြည့်လိုက်မိသည်။ အထဲ၌ ကြောက်စရာ ကောင်းသော သားရဲတစ်ကောင် ရှိနေပြီး အချိန်မရွေး ဖောက်ထွက် လာလိမ့်မည်ဟု ထင်မှတ်မှား ရသည်။

အန္တရာယ်ပေးချင်နေသည့် အငွေ့အသက်က ပြင်းထန် လွန်းလှသည်။ လက်ရှိတွင် လူတိုင်းက အဆောင် ကပ်ခံထားရသည့် သရဲများကဲ့သို့ မလှုပ်မယှက် ဖြစ်နေ၏။

ယောင်လောင်၏ မျက်နှာတွင် ကြောက်စိတ်များ ပြည့်နှက် နေသည်။

*ဒီအင်မော်တယ်ရဲ့ နောက်ခံက တကယ် ဆန်းကြယ် တာပဲ၊ အရှိန်အဝါတစ်ခုတည်းကပင် လူတိုင်းကို လဲပြိုလု နီးပါး ဖြစ်စေတယ်*

*သူတော်စင်သခင်အဆင့်တောင်မှ တောင့်မခံနိုင်ဘူး*

*ဒါ အံ့ဩစရာပဲ*

ထို့ကြောင့် သူတို့၏ မျက်နှာပေါ်တွင် ပို၍ လေးစား ဟန်များ ပေါ်လာ၏။ ထို့အတူ ယောင်လောင်နှင့် အခြား သူများကို အံ့အားသင့်သွားရစေသည်။

*ဒီအင်မော်တယ်က ဒီခွေးကောင်လေးနှစ်ကောင်နဲ့ တစ်ခုခု ပတ်သက်နေတာများလား*

“သူတို့ကို မြန်မြန် လွှတ်ပေးလိုက်”

ယောင်လောင်၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲ သွားပြီး အော်ဟစ် အမိန့်ပေး လိုက်သည်။

“ကျွီ”

ထိုစဉ် တံခါးပွင့်လာပြီး နှိုင်းယှဉ်မရလောက်အောင် ထည်ဝါသော အရှိန်အဝါနှင့်အတူ အငွေ့များ ပျံ့လွင့် လာသဖြင့် ဤနေရာက နတ်ပြည်လေအလား ထင်မှတ် မှား သွားရသည်။

“အင်မော်တယ် ထွက်လာပြီ”

သူတို့ထဲမှတစ်ယောက်က တံခါးကို သေချာစိုက်ကြည့်၍ အော်လိုက်သည်။ လူတိုင်း ထိတ်လန့်သွားပြီးနောက် မြင်ကွင်းတစ်ခုကို ထပ်မံ မြင်တွေ့လိုက်ရသည်။

“ကြည့်စမ်း အဲ့ဒါ ဘာကြီးလဲ”

လူတိုင်း စိုးရိမ်တကြီး အာရုံစိုက်၍ ကြည့်လိုက်ကြသည်။ အေးချမ်းသော မြူခိုးငွေ့များ လွင့်ပြယ်သွားပြီးနောက် ရှေးခေတ်အခါက မြင်ကွင်းတစ်ခု ပေါ်လာသည်။ ယင်းနေရာ၌ အင်မော်တယ် တောင်တန်းများ၊ နဂါး များနှင့် အမျိုးစုံသော ရှေးခတ် သားရဲများနှင့် နတ်ဘုရား များ ဖြတ်သန်း သွားလာနေကြပြီး လောကကြီးက နတ်ပြည်လေအလား ဖြစ်နေ၏။

သူတို့သည် ရှေးခေတ်သို့ ဆွဲခေါ်သွားခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး နတ်ဘုရားများနှင့် သူတော်စင်များ အစွမ်းကုန် တိုက်ခိုက်နေသော ခေတ်အား ရောက်ရှိ မြင်တွေ့နေရသည်။

“ဒါ … ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ယောင်လောင် စိတ်လှုပ်ရှားကာ ကတုန်ကယင် ဖြစ်နေ ပြီး နောက်ထပ် မြင်ကွင်းတစ်ခု ပေါ်လာကာ ဆေး တစ်လုံး ထွက်ပေါ်လာ၏။

ထို့အပြင် ယင်းက ဤနိမ့်ကျသော စီအဆင့် ဆေးဖော်ခန်း ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ မယုံနိုင်စရာ ကောင်းလှပေသည်။ လူတိုင်း နားဝေတိမ်တောင် ဖြစ်သွား ကြသည်။

*ဆယ်မိနစ်တောင် မပြည့်သေးတဲ့အချိန်အတွင်းမှာ နောက်ဆေး တစ်လုံး ထွက်လာတာလား*

*အင်မော်တယ်ဆေးလုံးကို ဖော်စပ်ဖို့ ဆယ်နှစ်၊ ဒါမှမဟုတ် နှစ်တစ်ရာ နှစ်တစ်ထောင်လောက် အချိန်ယူ ရတာလေ*

*အခု ငါတို့ရှေ့ကလူက အင်မော်တယ်ဆေးလုံးကို ကစား စရာလို ဖော်စပ်နေတာလား*

Chapter 1403 အရှက်မရှိသော တောင်းဆိုမှု

လူတိုင်း မျက်လုံးကျွတ်ကျမတတ် ဖြစ်သွားကြသည်။

*ဒါ ဘယ်လို မကောင်းဆိုးဝါးမျိုးလဲ*

*ဆယ်မိနစ်အတွင်း ဆေးနှစ်လုံး၊ ခင်ဗျား ဘယ်လို တွေတောင် လုပ်နေတာလဲ*

*ဒေါက်*

ထိုစဉ် စီအဆင့် ဆေးဖော်ခန်းထံမှ အပြင်သို့ ထွက်လာ သော ခြေသံတစ်သံ ထွက်ပေါ်လာ၏။

“အင်မော်တယ်ကို အရိုအသေ ပေးပါတယ်”

ယောင်လောင်က ချက်ချင်း ဒူးထောက်လိုက်သည်။ တစ်ဖက်လူ၏ အဆင့်အတန်းက မြင့်မြတ်လွန်းသဖြင့် သူကိုယ်တိုင်တောင်မှ တစ်ဖက်လူလောက် မတော်သဖြင့် ရိုကျိုးသမှု ပြသရသည်။

သူ ဒူးထောက်သည်ကိုမြင်သော် လူတိုင်း ပြိုင်တူ ဒူးထောက် လာကြပြီး ခေါင်းငုံ့ထားကာ အသက်ပင် မရှူရဲကြချေ။

သတင်းထောက်များသည်လည်း ကင်မရာများကို ချထား ကြသည်။ တစ်ဖက်လူ၏ နောက်ခံက မြင့်မားလွန်းသည်။ တစ်ဖက်လူ၏ ခွင့်ပြုချက် မရခင် သူတို့ ထိုသူ၏ မျက်နှာကို မပြသရဲပါ။

ထို့နောက် ထိုလူသည် အပြင်သို့ ထွက်လာပြီး လင်းရှင်းလန်ထံသို့ လျှောက်သွားသည်။ လူတိုင်း ခေါင်းငုံ့ထား သော်လည်း တစ်ဖက်လူ၏ အပြုအမူကို မျက်လုံးထောင့်မှ မြင်လိုက်ရသဖြင့် ပဟေဠိ ဖြစ်သွားကြသည်။

*ဒီအင်မော်တယ်က လင်းရှင်းလန်နဲ့ အရင်က သိနေတာ လား*

လင်းရှင်းလန်ကိုယ်တိုင် တွေဝေနေသော်လည်း အလွန် စိတ်လှုပ်ရှားနေ၏။ ဤသို့သော လူမျိုးက သူ့အား စကားတစ်ခွန်းတည်း ပြောလျင်တောင်မှ တစ်နှစ်ခွဲ အတွင်း အမြင့်သို့ တက်လှမ်းနိုင်လောက်သည်။

“ခင်ဗျား နောင်တရလိမ့်မယ်လို့ ကျုပ် ပြောခဲ့သားပဲ”

ထိုစဉ် ထိုသူက စကားပြောလာသည်။ လင်းရှင်းလန် ထိတ်လန့်ကာ အကြီးအကျယ် မျက်နှာပျက်သွားပြီး တစ်ဖက်လူအား အလန့်တကြား မော့ကြည့်လိုက်သည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး”

တစ်ဖက်လူ၏ မျက်နှာကို မြင်လိုက်ရပြီးနောက် လင်းရှင်းလန် မယုံနိုင်စွာ ထအော်လေသည်။ သူသည် အလွန် ကြောက်လန့်သွားပုံရပြီး လေသံပင် ပြောင်းလဲ နေ၏။

သူ့အရှေ့မှလူသည် ယဲ့ဖန် ဖြစ်နေလေ၏။ သူတို့ အလကားကောင်ဟု သတ်မှတ်ထားသည့် မောက်မာ သော လူငယ် ဖြစ်နေပေသည်။

သူ့အော်သံကို ကြားသောအခါ တစ်ယောက်ပြီး တစ်ယောက် ခေါင်းမော့ကြည့်လာကြသည်။ သို့သော် ယဲ့ဖန်ကို မြင်လိုက်ရချိန်တွင် အားလုံး ကြက်သေ သေ သွား ကြလေသည်။

“မင်းကိုး တကယ်ပဲ မင်း ဖြစ်နေတာကိုး”

ဆေးဆိုင်တစ်ခုလုံး၏ အခြေအနေက အုတ်အော် သောင်းနင်း ဖြစ်သွားသည်။ ယောင်လောင်နှင့် အခြား သူများ မျက်လုံးမျက်ဆံပြူးကာ အလွန် ထိတ်လန့် ကြောက်ရွံ့နေကြသည်။

လွန်ခဲ့သော ဆယ်မိနစ်က သူတို့အားလုံး အလကား ကောင်ဟု ထင်ကာ အထင်သေးခဲ့ကြသည်။ သို့သော် သူတို့ မျက်နှာလွှဲလိုက်သည်နှင့် တစ်ဖက်လူက လူတိုင်း အားကျရသည့် အင်မော်တယ် ဆေးပညာရှင် ဖြစ်နေသည်။

*ဒီဆေးကို သူ ဖော်စပ်နိုင်ရအောင် ဘယ်နှစ်နှစ် ရှိသေးလို့လဲ*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

သူတို့ ရင်ထဲ၌ မျှော်လင့်ထင်မှတ်ထားသည့်လူသည် အင်မော်တယ် ပုံစံရှိသော ပုဂ္ဂိုလ် တစ်ယောက်သာ ဖြစ်ပြီး ဤမနူးမနပ် လူငယ်လေး မဟုတ်ပေ။

ယောင်လောင်သည် မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ အမှိုက်တကာ့ အမှိုက်ထွတ်ခေါင်၊ ယခင်က သူ ထိုစကားကို လက်မခံသော်လည်း ယခု လက်ခံရပေတော့မည်။

ယဲ့ဖန်၏ မျက်လုံးထဲတွင် သူသည် အမှိုက်သာသာမျှသာ ရှိနေသည် မဟုတ်ပါလော။ အစောပိုင်းက သူ ယဲ့ဖန်ကို ရန်လုပ်ခဲ့ပြီး သတ်ပင်သတ်ချင်ခဲ့သည်ကို ပြန်စဉ်းစား မိပြီး ယောင်လောင်၏ ရင်ထဲ၌ စိတ်ပျက်သလို ခံစား လိုက် ရသည်။ အစပိုင်းက ဤသို့သော ပုဂ္ဂိုလ်နှင့် သူ မိတ်ဆွေဖြစ်နိုင်သည့် အခွင့်အရေး ရှိခဲ့သည်။

တစ်ဖက်လူက ဟန်ဆောင်ပြောဆိုနေခြင်း မဟုတ်ဘဲ တစ်ဖက်လူ၏ အမြင်တွင် သူသည် တကယ် တန်ဖိုးမရှိ နေခဲ့ခြင်း ဖြစ်လေသည်။

အင်မော်တယ်ဆေးလုံးကို ဖော်စပ်နိုင်ပြီဖြစ်သော သူ၏ စီနီယာ အစ်ကိုသာ ဤလူအား တန်းတူရည်တူ ပြောဆို နိုင်မည့်ပုံပင်။

ယောင်လောင် ဤသို့ ဖြစ်နေသဖြင့် ရှုပေါင်ကျွမ်နှင့် အခြားသူများဆိုလျင် ပြောနေစရာပင် မလိုတော့ချေ။

ဤသို့သော ပုဂ္ဂိုလ်နှင့် ရင်းနှီးခွင့် ဆုံးရှုံးလိုက်ရခြင်းက ထီပေါက်ပြီး ထီလက်မှတ် မတော်တဆ ပျောက်သွား သလိုပင်။ သူတို့၏ နှလုံးသား၌ သွေးစိမ်းရှင်ရှင် ယိုစီးနေ ကြသည်။

လင်းရှင်းလန် နောင်တရနေ၏။ သူ အမှန်တကယ် နောင်တ ရနေပေသည်။

သူ၏သားဖြစ်သူက ဤလူနှင့် မိတ်ဆွေဖြစ်နေသည်။ အစောပိုင်းက သူ ရက်ရက်စက်စက် မပြုမူခဲ့ပါက သူတို့ ကြားမှ ခင်မင်ရင်းနှီးမှုနှင့်အတူ လင်းမိသားစု အင်ပါယာ ဆေးပညာ နယ်ပယ်၌ ထိပ်ဆုံးသို့ ရောက်ရန် ဖြစ်လာ နိုင်သည်။

သို့သော် ယခု ဘာပြောပြော နောက်ကျသွားချေပြီ။ သူသည် တစ်ဖက်လူအား အဆိုးဆုံး စကားလုံးများနှင့် လုပ်ရပ်များဖြင့် ရန်စပြီးသွားခဲ့သည်။ ယခု ဘာမှမ ရှိတော့ချေ။

ဤသည်ကိုတွေးမိပြီးနောက် လင်းရှင်းလန်တစ်ယောက် နှလုံးသားကို ဓားဖြင့် အထိုးခံလိုက် ရသကဲ့သို့ ခံစားရကာ ပြောမပြတတ်လောက်အောင် နာကျင်လာရသည်။

ယနေ့ လင်းမိသားစု နိမ့်ဆင်းသွားပေတော့မည်။ ဤသို့ သော ပုဂ္ဂိုလ်မျိုးကို အာခံခဲ့သဖြင့် နောင်တွင် မည်သူက သူတို့နှင့် မိတ်ဆွေဖွဲ့ပါတော့မည်နည်း။ သူတို့ ဇာတ်သိမ်း ရပေတော့မည်။

ထိုအချိန်တွင် ဖန့်ရှန်ယွီသည်လည်း တဆတ်ဆတ် တုန်နေကာ မျက်နှာတစ်ခုလုံး သွေးမရှိသကဲ့သို့ ဖြူရော်နေ၏။

ဤသို့သော ပုဂ္ဂိုလ်ကို ရန်စခဲ့မိသဖြင့် တစ်ဖက်လူကသာ ပါးစပ်တစ်ချက် လှုပ်လိုက်လျင် သူ အလောင်းပင် မကျန်ဘဲ သေသွားပေလိမ့်မည်။ ပတ်ဝန်းကျင် အခြေအနေက ရေခဲမှတ်သို့ ကျသွားသည်အထိ အေးခဲ လာသည်။ လက်ရှိလူတိုင်းအား ကြောက်စိတ်နှင့် စိုးရိမ်စိတ်တို့က ဖုံးလွှမ်းနေသည်။

ဤသို့သော ပုဂ္ဂိုလ်မျိုးကို ရန်စမိသည့် အဓိပ္ပာယ်က ဘာလဲဆိုသည်ကို သူတို့ အလွန် ရှင်းလင်းစွာ သိပါသည်။ ဤသို့သောလူမျိုးကို မည်သည့်နိုင်ငံက လူမဆို အလုအယက် တိုးဝှေ့ကြိုးပမ်း၍ ရင်းနှီးကျွမ်းဝင်အောင် ပြုလုပ်ကြမည်ဖြစ်ပြီး သူ၏ စွမ်းအင်က ထင်ထားသည် ထက်ပင် ကျော်လွန်ပေသည်။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။ ယဲ့ဖန်ကသာလျင် အားလုံး၏ အာရုံစိုက်ရာ ဖြစ်နေသည်။

လူတိုင်းက သူ့အား လူအုပ်ကြီး၏ အရှင်သခင်သဖွယ် အာရုံစိုက်၍ ကြည့်နေကြသည်။ ဂျပန်နိုင်ငံမှ အခြား သူများလည်း စိတ်မသက်သာဖြစ်နေကာ ယဲ့ဖန်က အင်ပါယာ၏ ဆေးပညာရှင်အဖြစ် ဝင်ပြိုင်မည်ကို စိုးထိတ် နေသည်။ ထိုသို့ဖြစ်လာပါက သူတို့ ရှုံးသွားပေ လိမ့်မည်။

အင်မော်တယ် ဆေးနှစ်လုံးကို ဆယ်မိနစ်အတွင်း ဖော်စပ် နိုင်ခြင်းက ကရူးရှု ကိုးပြည်နယ် သမိုင်း၌ တစ်ခါမှ မဖြစ်ဖူးချေ။ ယင်းကဲ့သို့ ဖြစ်နိုင်ချေက လောက ပျက်စီးခြင်း ထက်ပင် ဖြစ်နိုင်ချေ နည်းသေးသည်။

သို့သော် သူတို့အရှေ့မှလူက တကယ် လုပ်ပြသွားသည်။ သူတော်စင်သခင်အဆင့် များသည်လည်း မယုံကြည်နိုင် ဖြစ်နေကြသည်။

*ခုနက ဖိအားကို ဒီကောင်လေး ထုတ်ခဲ့တာလား*

*ပုံမှန်မဟုတ်လိုက်တာ၊ ဘယ်လိုလုပ် နဂါးအသွင် ပြောင်းခြင်း အဆင့်လေးက ငါတို့ကို ကြောက်အောင် လုပ်နိုင် တာလဲ*

“သွားကြစို့”

ယဲ့ဖန် သူတို့အားလုံးကို ဂရုမစိုက်သကဲ့သို့ မောက်မာ သော အမူအရာနှင့် ပြောလိုက်သည်။

“လူကြီးမင်း နေပါဦး”

ယောင်လောင် ရုတ်တရက် လှမ်းအော်လိုက်သည်။ သူ့အမူအရာက အနည်းငယ် အရှက်ရနေပုံ ပေါ်သည်။

“ခင်ဗျား ဘာကိစ္စရှိသေးလို့လဲ”

ယဲ့ဖန် နောက်လှည့်၍ သူ့အား ခံစားချက်ကင်းမဲ့စွာ ကြည့်လိုက်သည်။

“လူကြီးမင်း ကျုပ်တို့အတွက် ဝင်ပြိုင်ပေးမယ်လို့ မျှော်လင့် ပါတယ်၊ အဲ့လို လုပ်ပေးမယ်ဆို ကျုပ်တို့ ဝမ်းသာမိမှာပါ”

ယောင်လောင် မေတ္တာရပ်ခံလေသည်။ ယခုအခါ၌ ယဲ့ဖန် တစ်ဦးတည်း၌သာ သူတို့ကို ကယ်နိုင်သည့် အရည် အချင်း ရှိသည်။

အကယ်၍ ယဲ့ဖန် ဝင်ပြိုင်လျင် ထိုဂျပန် ဆေးပညာရှင် များကို သေချာပေါက် အနိုင်ယူနိုင် ပေလိမ့်မည်။

သူ့စကားကိုကြားသော် ယဲ့ဖန်က ရယ်၍ ပြန်မေး လိုက်သည်။

“စောနက ခင်ဗျား ကျုပ်ကို ဘယ်လိုစော်ကားခဲ့လဲ မေ့နေပြီလား၊ ခင်ဗျား ကျုပ်ကို ခဏခဏ မေးခွန်း ထုတ်ပြီး စော်ကားခဲ့တာလေ၊ ကျုပ်ကို မတူသလို မတန် သလိုတောင် နှင်ထုတ် လိုက်သေးတယ်၊ အခု ခင်ဗျား မျက်နှာရဖို့အတွက် ကျုပ်ကို ဝင်ပြိုင်ခိုင်း နေတာလား”

“ကျုပ်က ခင်ဗျားကို အကြွေးတင်နေလို့လား”

ဆေးပညာရှင်များသည် သူ့စကားကိုကြားပြီး အလွန် မျက်နှာပျက်သွားကြသည်။ ယောင်လောင် မျက်နှာ ပြာနှမ်းသွားပြီး လေးနက်စွာ ပြောလိုက်သည်။

“အရင်က အဖြစ်က တကယ်ကို ကျုပ်တို့အမှားပါပဲ၊ ကျုပ်တို့အမှားကို ကျုပ်တို့ သတိပြုမိပါပြီ၊ ကျုပ်တို့ သေချာပေါက် ပြန်ပေးဆပ်ပါ့မယ်၊ အတိတ်က အဖြစ်ကို လျစ်လျူရှုပြီး ရှေ့ရေးကို ကြည့်ပေးပါ”

“ခင်ဗျားပြောတဲ့ ရှေ့ရေးဆိုတာ ခင်ဗျား မျက်နှာသာ ရဖို့လေ ဟုတ်တယ်မလား”

ယဲ့ဖန် အေးစက်စွာ ပြုံးလိုက်သည်။

“စိတ်မကောင်းပါဘူး ကျုပ် အခြားသူတစ်ယောက် အတွက် အိုးပူကို ဝင်မကိုင်ပေးနိုင်ဘူး”

ယဲ့ဖန် အဝေးသို့ လျှောက်သွားသည်။ ယောင်လောင်၏ မျက်လုံးတွင် ဒေါသရိပ် အထင်းသား ပေါ်လာ၏။

“လူကြီးမင်းက တော်တော် နှလုံးသားမဲ့တာပဲ၊ နိုင်ငံ့ရဲ့ ဂုဏ်သိက္ခာကို တောင်မှ စွန့်ပစ်ခံမလို့လား”

ထိုစကားကြောင့် ဆေးပညာရှင်များသည်လည်း ဒေါသထွက် လာပြီး ယဲ့ဖန်အား စူးစိုက်ကြည့် လာသည်။

ယခင်က သူတို့ ယဲ့ဖန်ကို ရိုင်းပျသော စကားများ ပြောခဲ့ သော်လည်း ယင်းသည် မရည်ရွယ်ထားသော အမှား တစ်ခု ဖြစ်သည်။ ယဲ့ဖန်၌ ဤသို့သော နောက်ခံ ရှိလိမ့်မည်ဟု မည်သူက ထင်မည်နည်း။

သူတို့ မှားမှန်း သိသော်လည်း ယဲ့ဖန်က ဘာကို လိုချင်နေ သေးသနည်း။

“ဒီလို ပြဿနာ အသေးစားလေးကို စိတ်ထဲစွဲကိုင် ထားတာ လွန်လွန်းတယ် မဟုတ်ဘူးလား”

“မင်း နိုင်ငံလေ၊ ငါ့အပူ ပါလို့လား”

ယဲ့ဖန်က အထက်စီးဖြင့် မောက်မာစွာ ပြောမြဲပြော လိုက်သည်။ သူ့မျက်လုံးတွင် နတ်ဘုရားများနှင့် သက်ရှိ များ အားလုံးကို ကျေးကျွန်များဟုသာ မြင်လေသည်။ ကျေးကျွန်ထက် ပုရွက်ဆိတ်ဟု မြင်သည်ဆိုလျင် ပိုမှန်ပေမည်။

နိုင်ငံတစ်နိုင်ငံ ရှုံးနိုင်သည်ဖြစ်စေ၊ မရှုံးနိမ့်သည်ဖြစ်စေ သူ လုံးဝ ဂရုမစိုက်ပါ။ နိုင်ငံလား။ သူ့မျက်လုံးထဲတွင် ပို၍ပင် အရေးမပါချေ။

ကမ္ဘာဂြိုဟ်သည် သူ၏ မွေးရပ်မြေဂြိုဟ်၊ ဟွာရှသည် သူ၏ မွေးရပ်ဌာနေ ဖြစ်ပြီး ဟွာရှလူမျိုးများကသာ သူ၏ တစ်ပြည်တည်းသား လူမျိုးများ ဖြစ်သည်။ ဤလောက အတွက်မူ သူ ဘာခံစားချက်မှ မရှိပါ။

“ကောင်းပြီလေ ကောင်းပြီ မင်းက ငါ့ကို ဖိအားပေး နေတာပဲ”

ယောင်လောင် သုန်မှုန်စွာ ခေါင်းညိတ်လိုက်ပြီးနောက် သူ့မျက်လုံးတွင်းမှ ဒေါသရိပ်က ပိုပြင်းလာ၏။

ထို့နောက်တွင်မူ သူသည် ရှုပေါင်ကျွမ်အား မျက်စိ တစ်ဖက် မှိတ်ပြလိုက်သည်။ ရှုပေါင်ကျွမ်က အေးစက်စွာ ပြုံးလိုက်သည်။

“သူတို့ကို တားလိုက်”

သူတော်စင်သခင်အဆင့်‌ လေးယောက်က ယဲ့ဖန်ကို လေးဘက်လေးတန် ဝိုင်းထားပြီး လူသတ်ချင်သော အကြည့်များဖြင့် ကြည့်လာသည်။

ထိုအခါ ယဲ့ဖန် မျက်မှောင်ကြုတ်သွားပြီး ကျောချမ်းဖွယ် အသံခပ်နိမ့်နိမ့်ဖြင့် ပြောလိုက်သည်။

“မင်းတို့တွေ သေချင်နေတာလား”

ယခု ဆေးဖော်စပ်ပြီးပြီ ဖြစ်သဖြင့် သူ စိုးရိမ်စရာ မရှိတော့ချေ။ သူ့ကို ရန်စလာသည့် မည်သူ့ကိုမဆို သတ်၍ ရသွားလေပြီ။

“ငါတို့အတွက် ဝင်ပြိုင်မလား အသေခံမလား မင်း ရွေးလိုက်”

ယောင်လောင် ကောက်ကျစ်စွာ ပြုံး၍ ယဲ့ဖန်ကို မာမာထန်ထန် စိုက်ကြည့်နေ၏။ ယဲ့ဖန် ငြင်းရဲလျင် သေခြင်းတရားဖြင့်သာ အဆုံးသတ်ရပေမည်။

ထိုစကားကိုကြားသော် ဖန့်ရှန်ယွီနှင့် လင်းရှင်းလန်တို့ ချက်ချင်း မတ်တပ်ရပ်လာပြီး ယခင် လေးစားမှုနှင့် ရိုကျိုးမှုတို့ မရှိဘဲ စဉ်းလဲသော အပြုံးများသာ ပြုံးနေ ကြသည်။

“နိုင်ငံရဲ့ ဖြောင့်မတ် အရေးပါမှုကို လျစ်လျူရှုတယ်၊ ဒီလို လူမျိုးက တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ့်ဘို့ပဲ ကိုယ်သိ တဲ့လူစား၊ သူ့ကို ချက်ချင်း ဥပဒေအတိုင်း အရေးယူ သင့်တယ်”

ဖန့်ရှန်ယွီက ခက်ထန်သော အကြည့်များဖြင့် ပြုံးနေ၏။

“ဟုတ်တယ် အင်ပါယာက လူတစ်ယောက်အနေနဲ့ သူက နည်းနည်းလေးမှ ကြောက်စိတ်ရော၊ ရှက်စိတ်ပါ မရှိဘူး၊ သူ့ကို သတ်သင့်တယ်၊ သူ သေသင့်တယ်”

လင်းရှင်းလန်ကလည်း မာန်တက်သော မျက်နှာနှင့် အေးစက်စွာ ခနဲ့လေသည်။

“ဒါဆိုလည်း သွားသေလိုက်”

ယဲ့ဖန် ဒေါသထွက်ကာ ကြမ်းကြုတ်ခက်ထန်၍ ခြိမ်း ခြောက်နိုင်သော အရှိန်အဝါအား ဝုန်းခနဲ ထုတ်ဖော် မိသည်။

ဘေးလူများ တုန်လှုပ်သွားပြီး လူသတ်ချင်သည့် အငွေ့ အသက်က လှိုင်းလုံးအလား ပျံ့လွင့်လာသဖြင့် ဆေးဆိုင် တစ်ခုလုံး တုန်ခါလာ၏။

လူသတ်လိုသော အငွေ့အသက်က ငရဲမှထွက်ပေါ် လာသကဲ့သို့ အရိုးကွဲမတတ် ချမ်းအေးစွာ ပျံ့လွင့် နေသည်။

ထိုအငွေ့အသက်ကို ခံစားမိပြီး လူတိုင်း မျက်မှောင် ကြုတ် သွားပြီး သူတို့၏ မျက်နှာတွင် ထိတ်လန့်ဟန် ပေါ်လာ လေသည်။

လက်ရှိတွင် သူတို့သည် နတ်ဆိုးတစ်ကောင်ကို မြင်လိုက် ရပြီး ငရဲသို့ ကျသွားသလို ခံစားလိုက် ရသည်။

“မင်းက သူတော်စင်သခင်အဆင့်ပဲ”

ယောင်လောင် တုန်လှုပ်သွားပြီး အလန့်တကြား အော် လိုက်မိသည်။ သူ မျက်နှာပါ အကြီးအကျယ် ပျက် နေသည်။

လူတိုင်း ယဲ့ဖန်ကို မယုံသင်္ကာဖြင့် ကြည့်နေကြသည်။ ယခုလေးတင် နဂါးအသွင်ပြောင်းခြင်း အဆင့်၌သာ ရှိနေသေးသည့် ယဲ့ဖန်က ချက်ချင်း သူတော်စင်သခင် အဆင့်သို့ ရောက်သွား လိမ့်မည်ဟု သူ ထင်မထားမိချေ။

ဆေးဆိုင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ ထိုအခါတွင်မှ သူတော်စင်သခင်အဆင့် လေးယောက် သည်လည်း အဘယ်ကြောင့် ယဲ့ဖန်က သူတို့ကို ဖိအားပေး နိုင်သလဲ ဆိုသည်ကို နားလည်သွားကြသည်။

“သူတော်စင်သခင်အဆင့် ဖြစ်တော့ ဘာဖြစ်လဲ၊ မင်းက တစ်ယောက်တည်း၊ ငါတို့က လေးယောက်တောင်၊ မင်း သေရမှာက သေရမှာပဲ”

တစ္ဆေဘုရင်ဟု ကျော်ကြားသည့် မုတ်ဆိတ်မွေးနှင့် အဘိုးအို တစ်ယောက်က ညစ်ကျယ်ကျယ် ပြောလာ သည်။

သူသည် ယနေ့ လောက၌ လူသိများသည့် တစ္ဆေဘုရင် ဂိုဏ်း၏ တည်ထောင်သူ ဂိုဏ်းချုပ် ဖြစ်ပြီး သူ၏ သိုင်းပညာက တစ္ဆေများကို ထိန်းချုပ်နိုင်သည့်ပညာ ဖြစ်ပြီး သူသည် အထွတ်အထိပ်သို့ပင် ရောက်နေလေပြီ။

“ဟုတ်တယ်”

အညိုရောင်ဝတ်ရုံကို ဝတ်ထားသည့် ပိန်ပါးပါးနှင့် ရုပ်ဆိုးသော အဘွားအိုတစ်ယောက်က လူအုပ်ထဲမှ ထွက်လာသည်။

သူမ၏ မျက်နှာတွင် အမာရွတ်များနှင့် ပြည့်နေပြီး ရက်စက် ကြမ်းကြုတ်ကာ မြွေတစ်ကောင် ကဲ့သို့ အန္တရာယ် များသော မျက်လုံးများဖြင့် ယဲ့ဖန်ကို ကြည့်နေသည်။

သူ့မျက်လုံးတွင် လောဘများ အတောမသတ်အောင် ပေါ်နေ၏။ သူ ပါးစပ်ဟလိုက်သည်နှင့် လည်လှီးခံထား ရသကဲ့သို့သော အက်ရှရှအသံ ထွက်လာလေသည်။

“အင်မော်တယ်ဆေးကို ဖော်စပ်နိုင်တဲ့လူကို တွေ့ဖို့က ရှားတယ်၊ ခဏနေရင် သူ့လက်နဲ့ခြေကို ချိုးပစ်ပြီး ခြံမွေးတိရစ္ဆာန်လို သူ့ကို ထားပြီး ငါ့အတွက် တစ်သက် လုံး ဆေးဖော်ခိုင်းရမယ်”

All Chapters