← Chapters

Chapter 1404 - 1405

Vol. 94 Ch. 1404 - 1405

Chapter 1404 - 1405

Vol. 94 Ch. 1404 - 1405

Chapter 1404 ဖမ်းထားခံရတဲ့တစ္ဆေလည်း ခြံမွေးတိရစ္ဆာန်ပါပဲ

အဘွားအို၏ အမည်မှာ ကျွေ့ဟွားရုန် ဖြစ်သည်။ သူမသည် ငယ်ရွယ်စဉ်က နတ်ဘုရင်အဆင့် တစ်ယောက် ၏ ကိုယ်လုပ်တော် ဖြစ်သည်။ သူမသည် လှပသော အသွင်အပြင် ရှိသော်လည်း လူကြီးရောဂါတစ်မျိုး ဖြစ်ခဲ့ပြီး မျက်နှာ ပုံပျက်ပန်းပျက်ဖြစ်ကာ တစ္ဆေမကျ လူမကျ ပုံစံ ဖြစ်လာရသည်။

နတ်ဘုရင်အဆင့်ကလည်း သူမ၏ ဆိုးရွားသော ရုပ်သွင် ကြောင့် ချက်ချင်း စွန့်ပစ်ခဲ့သည်။ စွန့်ပစ်ခံရပြီးနောက် သူမ ဒေါသထွက်သွားပြီး မိစ္ဆာကျင့်စဉ်များကို ကျင့်ကြံ ကာ ခန္ဓာကိုယ် စွမ်းအင်ကို တိုးမြင့်စေပြီး နှစ်ရာဂဏန်း မျှလောက်နှင့် သူတော်စင်သခင်အဆင့်သို့ တက်လှမ်း နိုင်ခဲ့သည်။

ယခုလေးယောက်တွင် သူမသည် အငယ်ဆုံး ဖြစ်သော် လည်း မိစ္ဆာအဆန်ဆုံးဖြစ်ကာ ရန်သူအား ခေါင်းကိုက် အောင် လုပ်နိုင်သော ကြောက်စရာကောင်းသည့်လူ ဖြစ်လေသည်။

ကျန်သူတော်စင်သခင်အဆင့် နှစ်ယောက်မှာလည်း ဆန်းကြယ်၍ သန်မာသော နောက်ခံများ ရှိကြသည်။ တစ်ယောက်မှာ မိစ္ဆာဝိညာဉ်ဟု ခေါ်ဆိုပြီး နောက်တစ် ယောက် မှာ ဝမ်ခူနတ်ဆိုးဟု ခေါ်တွင်သည်။

လေးယောက်လုံးက ကျောချမ်းဖွယ်ကောင်း လောက် အောင် ပြုံးနေပြီး ယဲ့ဖန်အား လောဘ တက်သော အကြည့်ဖြင့် ကြည့်ကာ သူတို့၏ ထာဝရ အစေခံဖြစ်ကာ သူတို့အတွက် တစ်သက်လုံး ဆေးဖော်ခိုင်းရန် ကြံစည် နေကြသည်။

ထိုစကားကိုကြားသော် ဖန့်ရှန်ယွီနှင့် အခြားသူများက ပို၍ ကောက်ကျစ်စွာ ရယ်မောလိုက်ကြပြီး သူတို့၏ ရန်လိုသော အကြည့်က ယဲ့ဖန်ထံ ကျရောက်ကာ နုတ်နုတ်စင်း ချင်နေပုံ ပေါ်နေ၏။

သူတို့ အလွန် စိတ်လှုပ်ရှားနေကြသည်။ အဘယ်ကြောင့် ဆိုသော် ယဲ့ဖန် သေလိမ့်မည်ဟု သူတို့ သိနေသော ကြောင့်ပင်။

ပြင်းထန်သော လူသတ်လိုသည့် အငွေ့အသက်က ယဲ့ဖန် ထံမှ ထွက်ပေါ်လာသောအခါ ဟွမ်ယွီလင်းနှင့် လင်းဝူယာ တို့ တုန်ယင်လာကြသည်။ အထူးသဖြင့် လင်းဝူယာပင်။ ယဲ့ဖန်က သူတော်စင်သခင်အဆင့် ဖြစ်နေလိမ့်မည်ဟု သူ ထင်မထားမိပေ။

သို့သော် လက်ရှိအခြေအနေက သူ့အား မပျော်ရွှင်စေပါ။ ယဲ့ဖန်က သူတော်စင်သခင်အဆင့် ဖြစ်နေလျင်တောင်မှ တစ်ဖက်တွင် သူတော်စင်သခင်အဆင့် လေးယောက် ရှိနေသဖြင့် သူ မည်သို့ နိုင်နိုင်ပါမည်နည်း။

လက်ရှိတွင် သူ့မျက်နှာတွင် ဆောက်တည်ရာမရဟန် ပေါ်နေပြီး ရင်ထဲ၌ ပူပန်လာရသည်။ ယဲ့ဖန်နှင့် ပူးပေါင်း လိုက်သော သူ့ခရီးက မစရသေးခင် အဆုံးသတ် ရတော့မည်လား။

“ကျုပ်တို့အတွက် သူ့ကို ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ဖိအား ပေးလိုက်၊ ပြိုင်ပွဲပြီးရင် သူက မင်းတို့အပိုင်ပဲ”

ယောင်လောင်က ယဲ့ဖန်အား ကုန်းပေါ်က ငါးသဖွယ် အချိန်မရွေး ကိုင်တွယ်နိုင်သကဲ့သို့ အေးစက်စွာ ပြောလာ သည်။

“ဟိုမျိုးမစစ်လေး နှစ်ကောင်ကို ဖမ်းပြီး သူ အညံ့ခံ လာအောင် သူတို့ကို အသုံးချလိုက်”

ရှုပေါင်ကျွမ်ကလည်း ညစ်ကျယ်ကျယ် ရယ်နေပြီး တစ်ဖက်လူ များအား လင်းဝူယာတို့ကို ဖမ်းရန် အမိန့်ပေး လိုက်သည်။

အချိန်ကျလာလျင် ယဲ့ဖန် အညံ့မခံမည်ကိုစိုး၍ သူ့မိတ်ဆွေ နှစ်ယောက်ကို အရင် ဖမ်းခိုင်းခြင်း ဖြစ်လေ သည်။

“သေလိုက်တော့”

ယဲ့ဖန်၏ အေးစက်သော မျက်လုံးများက ကျဉ်းမြောင်း လာပြီး လူသတ်လိုသော အငွေ့အသက်က ပိုမို ပျံ့လွင့်လာ၏။ ထို့နောက် သူ လှုပ်ရှားလာသည်။

သူ၏ ပုံရိပ်က လျှပ်စီးသဖွယ်သဖွယ် လျင်မြန်လှပြီး လေကို တိုးကာ တစ်ကိုယ်လုံး အနက်ရောင် ချီစွမ်းအင် အခိုးအငွေ့များနှင့် ပြည့်နေကာ ပြေးတက်လာပြီး ယောင်လောင်ကို ကြည့်နေ၏။ သို့သော် ယောင်လောင် က သွေးပျက်ခြင်းအလျင်းမရှိဘဲ တည်ငြိမ်နေသည်။

“သူ့ကိုတားလိုက်”

ရှုပေါင်ကျွမ် ရုတ်တရက် အော်ဟစ်လိုက်သည်။ ထိုအခါ ဆေးဆိုင်တွင်းမှ များစွာသော လူများက ယောင်လောင် ရှေ့၌ ရပ်လာပြီး အစီအရင် တစ်ခုကို အသက်သွင်း လေသည်။

အလင်းများ ထွက်ပေါ်လာပြီး ကောင်းကင် အစီအရင် တစ်ခု အသက်ဝင်လာ၏။ ယင်းအား နတ်ဘုရင် အဆင့် ထံမှ ယောင်လောင် ဝယ်လာခြင်းဖြစ်ပြီး အစီအရင်၏ အစွမ်းက သူတော်စင်သခင် အဆင့်ကိုပင် တားနိုင်သည်။

ထို့ကြောင့် သူတော်စင်သခင်အဆင့် လေးယောက်က မလှုပ်ရှားဘဲ သရော်သော အကြည့်ဖြင့် ကြည့်နေ ကြသည်။

သူတို့ ဤအစီအရင်ကို စမ်းသပ်ဖူးပါသည်။ သူတို့တောင် လုံးဝ မဖျက်ဆီးနိုင်သဖြင့် ယဲ့ဖန်သည်လည်း အချည်းနှီး ပင်။

သို့သော် ဆက်လက်ဖြစ်ပေါ်လာသော အဖြစ်အပျက်က သူတို့ကို အံ့အားသင့်စေ၏။

“ဝုန်း ဝုန်း ဝုန်း”

ယဲ့ဖန်က အစီအရင်ကို လက်သီးဖြင့် ထိုးလိုက်သဖြင့် အစီအရင် တစ်ခုလုံး ပြင်းစွာ တုန်လှုပ်သွားပြီး အချိန် မရွေး ပြိုကျပျက်စီးမည်ဟု ထင်လာရသည်။

“ဂျွတ်”

ထို့နောက် အစီအရင်၏ အလင်းကားချပ်၌ အက်ရာတစ်ခု ပေါ်လာသည်။

“ဘာ အဲ့ဒါက တကယ် ပျက်စီးသွားတာလား”

ကျွေ့ဟွားရုန် အံ့ဩသွားပြီး မယုံနိုင်ချေ။ သူမ ဤအစီ အရင်ကို တိုက်ဖူးသော်လည်း ချက်ချင်း တန်ပြန် ခံစားခဲ့ ရသည်။ ထို့ကြောင့် သူမ ဒဏ်ရာ အများအပြားရကာ သက်သာရန် လဝက်မျှ အချိန်ယူခဲ့ရလေသည်။ သို့သော် သူမရှေ့မှလူက ချက်ချင်း ဖျက်စီးလိုက်သည်တဲ့လား။ မယုံနိုင်စရာပင်။

ယောင်လောင် မျက်မှောင်ကြုတ်သွားပြီး မသိမသာ မျက်နှာပျက် လာသည်။ သူ နတ်ဘုရင်အဆင့်ဆီက ဝယ်ထား သော ဤအစီအရင်ကို ယဲ့ဖန် ဖျက်ဆီးနိုင် လိမ့်မည်ဟု သူ ထင်မထားမိချေ။

“ဂျွတ် ဂျွတ်”

အလင်းကားချပ်သည် တစ်စထက်တစ်စ အက်လာပြီး ကြောက်လန့်နေသော အားလုံး၏ အရှေ့အောက်၌ ကြေမွသွား လေသည်။

“အား…”

စူးရှသော အော်သံတစ်သံက ဆက်တိုက် ထွက်ပေါ် လာ၏။ ဘုရင်အဆင့် သက်တော်စောင့် များအားလုံး လွင့်ထွက်သွားသည်။ အားလုံး သွေးအလိမ်းလိမ်းနှင့် နာနာ ကျင်ကျင် အော်ဟစ်နေ၏။

အချိန်တိုအတွင်း အားလုံး ရှုံးသွားလေပြီ။ ထို့နောက် ယဲ့ဖန် ခြေထောက်ကို ဆောင့်ချလိုက်မှ နာကျင်စွာ အော် ဟစ်နေသံက တိခနဲ တိတ်ကျသွားသည်။ ဘုရင်အဆင့် သက်တော်စောင့် များအားလုံး ပေါက်ကွဲ သေဆုံး သွားလေသည်။

လူဆယ့်ရှစ်ယောက် ဆိုးဆိုးရွားရွား သေသွားပြီး နေရာ၌ သွေးနှင့် အရိုးအစများသာ ကျန်ခဲ့သည်။ ဤမြင်ကွင်းက သွေးထွက်သံယိုများ၍ ရက်စက်လွန်းသည်။

အားလုံး တိတ်ဆိတ်သွားသည်။ ဤမြင်ကွင်းက လူတိုင်း ကို သွေးပျက်သွားစေသဖြင့် ဆေးဆိုင် တစ်ခုလုံး တိတ်ကျ သွား၏။

လူတိုင်းက ယဲ့ဖန်ကို သရဲသဘက်လေအလား ကြည့်နေ ကြသည်။ ကြမ်းပြင်ပေါ်မှ ညှီစို့စို့ အသားစနှင့် သွေးစ များကို ကြည့်ပြီး လူတိုင်း မယုံသင်္ကာ ဖြစ်နေ လေသည်။

*အဲ့ဖျက်ဆီးမရတဲ့ အစီအရင်က ဒီလူကြောင့် ချက်ချင်း ပျက်စီး သွားတဲ့အပြင် ဘုရင်အဆင့် ဆယ့်ရှစ်ယောက် လည်း ခဏလေးနဲ့ သေသွားတယ်လား*

*ဒီခံစားချက်ကြီးက တကယ် မဟုတ်သလိုပဲ*

ဖန့်ရှန်ယွီနှင့် လင်းရှင်းလန်တို့ ထိတ်လန့်ကာ စိုးရိမ်နေ လေသည်။

“မင်းတို့ ဘာလုပ်နေတာလဲ၊ လုပ်ကြလေ”

ရှုပေါင်ကျွမ်က ဤအဖြစ်ကြောင့် ကြက်သီးထကာ တစ်ကိုယ်လုံး အေးစက်လာပြီး သူတော်စင်သခင်အဆင့် လေးယောက်ကို အော်လိုက်သည်။

“ယီးပဲ”

သူတော်စင်သခင်အဆင့် လေးယောက်လုံး ကျိန်ဆဲ၍ ယဲ့ဖန်ထံ ချဉ်းကပ်လာ၏။ တိုက်ပွဲ စတင်လေပြီ။

“မင်းတို့ ဝေးဝေးနေ”

ယဲ့ဖန်က ဟွမ်ယွီလင်းတို့နှစ်ယောက်ကို ပြောလိုက် သည်။

“ဒါပေမဲ့ …”

လင်းဝူယာက စိတ်ပူနေဆဲပင်။

“အစ်ကိုယဲ့ ရှင် လက်စားချေပေးရမယ်နော်”

သို့သော် ဟွမ်ယွီလင်းက ယုံကြည်ချက် အပြည့်နှင့် အော် ပြော လေသည်။ ယဲ့ဖန်ကို တစ်ရာ ရာခိုင်နှုန်း ယုံကြည်မှန်း သိသာလှသည်။

ဤသည်ကိုမြင်သော် လင်းဝူယာ ဘာမှမပြောနိုင်တော့ဘဲ စိုးရိမ်နေသော မျက်နှာနှင့်အတူ နောက်ဆုတ် လိုက်ရသည်။

“ပုန်းနေစရာ မလိုဘူး ဘာပဲဖြစ်ဖြစ် ငါ မင်းကို ရှင်းပြီးရင် သူတို့ ပြေးမလွတ်စေရဘူး”

တစ္ဆေဘုရင် အဘိုးအိုက ပြောလာသည်။ ယဲ့ဖန်၏ ခက်ထန် သော အကြည့်က ဘေးလူများထံ ရုတ်တရက် ကျရောက်သွားပြီး တစ်ကိုယ်လုံး၌ လူသတ်ချင်စိတ်ဖြင့် ပြည့်နှက်နေသည်။

“မင်းတို့အားလုံး သေလိုက်တော့”

သူ့ထံမှ ငရဲနတ်ဆိုး ထွက်လာသကဲ့သို့ ကြောက်စရာ ကောင်းသော အရှိန်အဝါ ချက်ချင်း ထွက်ပေါ်လာ၏။

ယဲ့ဖန်၏ ခန္ဓာကိုယ်မှ ကြောက်စရာကောင်းသော အရှိန် အဝါကို ခံစားမိပြီး လူတိုင်း ကြက်သီး မွေးညင်း ထကာ အကြီးအကျယ် မျက်နှာပျက်နေကြသည်။

“ဒီလူက နတ်ဆိုးလိုပဲ”

သူတို့ ဆက်တိုက် တုန်ယင်နေပြီး မယုံသလို ဖြစ်နေ လေသည်။ လက်ရှိတွင် ယဲ့ဖန်၏ အရှိန်အဝါ၌ နတ်ဆိုး စွမ်းအင်များ ပြည့်နေသောကြောင့် ငရဲမှ နတ်ဆိုး တစ်ကောင်နှင့် တူနေ၏။

သူ၏ခြေလှမ်းတိုင်းက အားလုံးကို တုန်ယင်စေသည်။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး*

တစ္ဆေဘုရင်တွင် ကြောက်လန့်သော အမူအရာ ဖြစ်လာသည်။ သူသည် တစ္ဆေများကို ထိန်းချုပ်ခြင်း၌ ကျွမ်းကျင်သည်။ သူသည် တစ္ဆေများနှင့် ဆက်သွယ် နိုင်လျင် တစ်လောကလုံးကို အာရုံခံနိုင်၏။

ယခုအခါ၌ ယဲ့ဖန်က သူ့အား တမလွန်လောကမှ သတ္တဝါ တစ်ကောင်ထံမှ ရသည့် ခံစားချက်မျိုး ပေးနေ၏။ တစ်ကိုယ် လုံးတွင် ကပ်ဘေးဒုက္ခအန္တရာယ် အငွေ့ အသက်များနှင့် ပြည့်နေသည်။

မကြာခင်မှာင် သူ ပုံမှန် ပြန်ဖြစ်လာပြီး ပြုံး၍ ပြောလိုက်သည်။

“ကြည့်ရတာ မင်းနဲ့ငါက လိုင်းတူတဲ့ပုံပဲ၊ ကောင်းတာပေါ့”

“ခဏနေရင် ငါ မင်းဆီက တစ္ဆေဝိညာဉ်အားလုံးကို ယူပစ်မယ်”

တစ္ဆေဘုရင်က အလွန် ပျော်ရွှင်နေသည်။ အဘယ် ကြောင့် ဆိုသော် သူ တစ္ဆေချီစွမ်းအင်ကို ဝါးမျိုနိုင်မည် ဖြစ်သောကြောင့်ပင်။ ယဲ့ဖန်၌ ဤမျှ အားပြင်းသော တစ္ဆေချီစွမ်းအင် ရှိနေသဖြင့် သူ့အတွက် အာဟာရပင်။

“အခု သူက ငါ့အပိုင်ပဲ”

ကျန်သူတော်စင်သခင်အဆင့် သုံးယောက်က လှောင်ရယ် ၍ ဘာမှမပြောဘဲ တစ္ဆေဘုရင်အား ယဲ့ဖန်ကို ရင်ဆိုင်စေ လိုက်သည်။ ထို့နောက် သူသည် ယဲ့ဖန်ထံသို့ လျှောက် လာပြီး လှောင်ပြောင် ပြောဆိုလေသည်။

“ငါ့လက်ထဲမှ ဘယ်သူမှ ဆယ်ကွက်ကျော်တဲ့အထိ မတိုက်နိုင်ကြဘူး၊ မင်း ငါ့ကို စိတ်ပျက်အောင် မလုပ်ဘူးလို့ မျှော်လင့်ပါတယ်”

ထိုအခိုက်တွင် လင်းဝူယာ အလွန်အမင်း စိုးရိမ်နေပြီး လူတော်တော်များကလည်း ကြောက်လန့် နေ၏။

တစ္ဆေဘုရင်သည် ကြောက်စရာကောင်းလွန်းလှသည်။ သူသည် တစ်ခါမှ တစ်ယောက်ချင်း ပြိုင်ပွဲ၌ မရှုံးဖူးချေ။ မည်သူမှ သူ့လက်ထဲတွင် ဆယ်ကွက်ထက် ကျော်၍ မတိုက်နိုင်ဘဲ အသက်မရှင်ပေ။

*ယဲ့ဖန် မင်း နိုင်နိုင်ပါ့မလား*

ယဲ့ဖန် ခေါင်းခါလိုက်ပြီး အေးစက်သော လေသံဖြင့် ပြောလိုက်သည်။

“ဆယ်ကွက်မလိုဘူး၊ တစ်ကွက်တည်းနဲ့ မင်းကို သတ်နိုင်တယ်”

ထိုစကား ထွက်လာသောအခါ လူတိုင်း နားကြားမှားသွားသည်ဟု ထင်မှတ်သွားကြသည်။

*တစ္ဆေဘုရင်ကို တစ်ကွက်တည်းနဲ့ သတ်မယ်ဟုတ်လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

အခြားသူတစ်ယောက်သာ ဆိုပါက တစ္ဆေဘုရင်၏ လက်ထဲမှ မည်သို့ အသက်ရှင်အောင် ကြိုးစားရမလဲဟု တွေးလောက်သော်လည်း ယဲ့ဖန်က သူ့ကိုသတ်ရန် တွေးနေသေးသည် တဲ့လား။

*မောက်မာလွန်းတယ်*

*မယုံနိုင်စရာပဲ*

*ဒီကောင် သေချင်နေတာကိုး*

ထိုစဉ် ဖန့်ရှန်ယွီနှင့် လင်းရှင်းလန်တို့က သူ့စကားကို ကြားပြီး ယဲ့ဖန်၏ ခွန်အားကို သရော် သကဲ့သို့ လှောင်ရယ်လေသည်။

ယောင်လောင်တို့ ဆရာတပည့် နှစ်ယောက်ကလည်း အထင်သေးစွာပြုံး၍ ယဲ့ဖန်အား အသတ်ခံရတော့မည့် သိုးပေါက်ကို ကြည့်သကဲ့သို့ ကြည့်နေကြသည်။

“မောက်မာတာပဲ”

တစ္ဆေဘုရင် ဒေါကန်သွားပြီး သူ့မျက်လုံးတွင် သွေးဆာမှုများ ပြည့်နှက်နေပြီး ယဲ့ဖန်အား စိုက်ကြည့်လေသည်။

ရုတ်တရက် ဝမ်းနည်းပူဆွေးစွာ ငိုယိုနေသော အသံ ပဲ့တင်ထွက်လာပြီး တစ္ဆေဘုရင်၏ ခန္ဓာကိုယ်မှ မရေတွက်နိုင်သော တစ္ဆေများ ထွက်လာကြသည်။ သူတို့သည် အရာအားလုံးကို သတ်နိုင်ပုံပေါ်ကာ ကြောက်စရာကောင်းသော အသံက ကြက်သီးမွေးညင်း ထစေသည်။ ထိုအခါ လူတိုင်း ကြောက်လန့်ကာ တုန်လှုပ်သွားကြသည်။

*တစ္ဆေဘုရင်က သူ့ကိုယ်ကိုသုံးပြီး တစ္ဆေတွေကို မွေးထားတာပဲ၊ ဒီနည်းလမ်းက ကြောက်ဖို့ ကောင်းတယ်”

ဤတစ္ဆေများသည် လှောင်အိမ်သဖွယ်ဖြစ်သော တစ္ဆေဘုရင်၏ ကိုယ်ထဲ၌ နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရသဖြင့် လူဝင်စားခြင်း မပြုနိုင်ဘဲ ရန်လိုစိတ်က တစ်နေ့ထက်တစ်နေ့ ပြင်းလာ၏။

ယခုအခါမှ အပြင်သို့ လွှတ်ပေးသဖြင့် အလွန် အငြိုးကြီးနေလေသည်။ တစ္ဆေဘုရင်က သရော်ပြုံး ပြုံးကာ ပြောလိုက်သည်။

“အခု မင်း ဒူးထောက်ရင် အသက်ရှင်နိုင်သေးတယ်”

“ဖမ်းထားတဲ့ တိရစ္ဆာန်က ဘယ်လောက် ကြမ်းကြမ်း ခြံမွေးတိရစ္ဆာန်ပဲ”

ယဲ့ဖန်၏ စကားက တစ္ဆေဘုရင်နှင့် အခြားသူများအားလုံးကို ကြက်သေ သေသွားစေသည်။

*ဒီလူ ဘာပြောနေတာလဲ၊ ဒီတစ္ဆေတွေကို ဖမ်းထားတဲ့ ခြံမွေးတိရစ္ဆာန်လို့ သူ သဘောထား နေတာလား*

တစ္ဆေဘုရင်သည် ကြက်သေ သေနေပြီးမှ ကျယ်လောင်စွာ ထရယ်လေသည်။

“အရူးပဲ ဒါတွေက တစ္ဆေတွေလေ မင်းက ခြံမွေးတိရစ္ဆာန်လို့ ဘယ်လိုတောင် ပြောရဲတာလဲ”

“ဒါဆိုလည်း သူတို့ ဘယ်လောက် ကြောက်စရာကောင်းလဲ မင်း သိအောင် ပြရသေးတာပေါ့”

“သတ်”

တစ္ဆေဘုရင် အော်လိုက်သောအခါ လေထဲမှ တစ္ဆေများက ယဲ့ဖန်ထံသို့ သတ်ဖြတ်ရန် ဝင်လာကြသည်။ အကောင်ရေ ရာဂဏန်း သို့မဟုတ် ထောင်ဂဏန်းအထိ ရှိနေပြီး သူတို့၏ အငြိုးက ပေါက်ကွဲထွက်ပေါ်နေပြီး ဒေါသူပုန်ထနေကြသည်။

အနက်ရောင် မြူခိုးများက ယဲ့ဖန်ကို ဖုံးလွှမ်းလာပြီး သူ့ကိုယ်အား လိမ်လာပြီး အရှင်လတ်လတ် မျိုချလာတော့မည့်ပုံပင်။

ဤသည်ကိုမြင်သော အားလုံး လိပ်ပြာလွင့်မတတ် ဖြစ်သွားကြသည်။ တစ္ဆေတစ်ကောင် ချင်းစီက ဘုရင်အဆင့်နှင့် ယှဉ်နိုင်ပြီး ထိုသို့သော အကောင်ရေများစွာ ပေါင်းလာသောအခါ သူတော်စင်သခင်အဆင့်ပင် ခုခံနိုင်မည် မဟုတ်ပါ။

*သေမှာပဲ*

*ဒီလိုဆို နိုင်နိုင်မှာ မဟုတ်ဘူး*

“ဟေ့ဟေ့ တစ္ဆေဘုရင် အဲ့ကောင်ကို မသတ်နဲ့လေ၊ ငါတို့အတွက် ဆေးဖော်ခိုင်းဖို့ သူ့ကို အားထားရမှာ”

ကျွေ့ဟွားရုန်က အထင်သေးသော မျက်လုံးဖြင့် စဉ်းလဲစွာ ပြုံး၍ ပြောလာသည်။

“စိတ်မပူနဲ့ ငါ့ကလေးလေးတွေ သူ့အသွေးအသားကို စားပြီးရင် ငါ လွှတ်ပေးမှာပါ”

တစ္ဆေဘုရင်က အားပါးတရ ရယ်လိုက်သည်။ သူ ဖမ်းထားသော တစ္ဆေများ စားသောက် သောအခါ သူ စားသောက်ရသည်နှင့် အတူတူပင်။

ယဲ့ဖန်၏ အသွေးအသားကို စားပြီးသည်နှင့် သူ့ခွန်အားကလည်း တစ်ဟုန်ထိုး မြင့်တက်လာပေလိမ့်မည်။ သို့သော် ထိုစဉ် ပို၍ ရက်စက်ကြမ်းကြုတ်သော မိစ္ဆာစွမ်းအင်က ဝုန်းခနဲ ထွက်ပေါ်လာ၏။

Chapter 1405 တစ္ဆေအား ဝါးမျိုခြင်း

*ဘာ*

*ဒါက*

တစ္ဆေဘုရင်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားသည်။ တစ်ဖက်လူ၌ ဤသို့သော ကြောက်စရာကောင်းသည့် အရှိန်အဝါ ဘယ်လိုလုပ် ရှိနေရသနည်း။

“ဂါး

ထိုစဉ် တုန်လှုပ်ဖွယ်ကောင်းသည့် နတ်ဆိုးအော်သံတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာပုံက အလွန်အမင်း ကြောက်စရာ ကောင်းလွန်းလှသည်။ နတ်ဆိုးတစ်ကောင် အသက်ပြန်ရှင် လာသလိုပင်။

ထို့အပြင် ပို၍ ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်လာလေသည်။ လက်ရှိတွင် ယဲ့ဖန်ကို သတ်ဖြတ်တော့မည့် တစ္ဆေများက ကြောက်လန့်တကြား အော်ဟစ်လာပြီး အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးကြသည်။ ကြောက်စရာကောင်းသော တစ်စုံတစ်ရာကို သူတို့ မြင်လိုက်ပုံရသည်။

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

လူတိုင်း ကြက်သေ သေသွားလေသည်။

*သူတို့က တစ္ဆေတွေလေ၊ ဒီလောကမှာ သူတို့ထက် ကြောက်စရာကောင်းတာ ဘယ်လိုလုပ် ရှိနိုင်မှာလဲ*

*သူတို့ ဘာကိုကြောက်နေတာလဲ*

မကြာခင်မှာပင် သူတို့ နားလည်သွားလေတော့သည်။ အဘယ်ကြောင့်ဆိုသော် မရေတွက် နိုင်သော အနက်ရောင်ချီစွမ်းအင်များ တစ်ကိုယ်လုံး ဖုံးလွှမ်းနေသည့် လူတစ်ယောက် မားမားမတ်မတ် ရပ်နေသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ ထိုလူအား ငရဲမှ ခေါ်လာသည်ဟုပင် ထင်မှတ်မှားရသည်။

လက်ရှိတွင် ထိုလူက အသည်းအသန် ရုန်းကန်နေသော တစ္ဆေတစ်ကောင်ကို လက်ဖြင့် မြဲမြံစွာ ဖမ်းကိုင်ထားသည်ကို တွေ့လိုက်ရသည်။ ထို့နောက် တစ္ဆေ၏ ခန္ဓာကိုယ်ကို စုတ်ဖြဲကာ ပါးစပ်ထဲထည့်၍ ဝါးမျိုပစ်လိုက်သည်။

*သူ အဲ့တစ္ဆေကို တကယ် ဝါးစားလိုက်တာလား*

*ဒီမြင်ကွင်းကြီးက တအား ကြောက်ဖို့ကောင်းတယ်*

*မယုံနိုင်စရာပဲ*

လူတိုင်း ဓာတ်လိုက်ခံထားရသကဲ့သို့ ဖြစ်ကာ နေရာမှာတင် မလှုပ်မယှက် ဖြစ်နေကြပြီး မျက်နှာတွင် သွေးပျက်မှုများနှင့် ပြည့်နှက်လာသည်။

*ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

*လူတစ်ယောက်က တစ္ဆေကို တကယ် စားနိုင်တာလား*

အဘယ်ကြောင့် ထိုတစ္ဆေများ ယဲ့ဖန်ထံမှ အသည်းအသန် ထွက်ပြေးရသလဲဆိုသည့် အကြောင်းရင်းကို သူတို့ နားလည်သွားလေသည်။ သူတို့ ထွက်မပြေးပါက ယဲ့ဖန်ထံ၌ အစားခံရမည် ဖြစ်သောကြောင့် ထွက်ပြေးနေကြခြင်းပင်။

*ဒီလူက နတ်ဆိုးပဲ*

“သောက်ကျိုးနည်း မင်းက ဘာကောင်လဲ”

တစ္ဆေဘုရင်သည် ယဲ့ဖန်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေသည်။ သူကိုယ်တိုင်တောင်မှ တစ္ဆေကို တိုက်ရိုက် မစားသုံးရဲပါ။

စားသုံးမည့်အရာမှာ တစ္ဆေဖြစ်ပြီး ယင်းသည် မသန့်စင်နိုင်ခင်အထိ အလွန် အဆိပ်ပြင်းသည်။ ထိုအခါ ယဲ့ဖန်သည် သူ့စကားကို မကြားချင်ယောင်ဆောင်ပြီး ပါးစပ်ကိုဟကာ အနက်ရောင် လေပွေကို ဖန်တီးပြီး ထွက်ပြေးနေသော တစ္ဆေများကို ဖမ်းဆီးလေသည်။ ထို့နောက် ဝေလငါးတစ်ကောင် အစာစားသကဲ့သို့ တစ္ဆေအားလုံးကို ဝါးမျိုလိုက်လေတော့သည်။

“အေ့”

ထို့နောက် ယဲ့ဖန်သည် အလွန် ရှက်စရာကောင်းသော အပြုအမူဖြင့် လေတက်လိုက်ပြီးနောက် ပြုံးကာ မေးလိုက်သည်။

“ထပ်ရှိသေးလား”

လူတိုင်း ခေါင်းမွေးထောင်သွားပြီး နားကြားမှားလေသလားဟုပင် တွေးမိသွားကြသည်။

*ထပ်ရှိသေးလား ဟုတ်လား*

*ဒီလူက တစ္ဆေတွေကို အဆာပြေ စားစရာလို့များ ထင်နေတာလား*

*ပုံမှန်မဟုတ်လိုက်တာ*

*နတ်ဆိုးပဲ*

လူတိုင်း ကြက်သီးတဖြန်းဖြန်းထကာ ဤနည်းလမ်းက နတ်ဆိုးများသာ လုပ်နိုင်သော နည်းလမ်း ဖြစ်သည်ဟု တွက်လိုက်ကြသည်။

တစ္ဆေဘုရင်သည် အံကြိတ်နေပြီး စကားတစ်ခွန်းမှ မပြောနိုင်ချေ။ သူ့တစ်ကိုယ်လုံး အေးစက်ကာ တုန်ယင်နေ၏။

*ဒီလူက လုံးဝကို လူမဟုတ်ဘူး”

“ခင်ဗျားကို တကယ့် တစ္ဆေအစစ်က ဘာလဲဆိုတာ သိအောင် ပြရသေးတာပေါ့”

ယဲ့ဖန်က အေးစက်စွာ ပြုံးလိုက်ပြီးမှ သူ့ကိုယ်မှ အနက်ရောင် အငွေ့များက ချက်ချင်း လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။

ထို့နောက်တွင်မူ သူ့အနောက်၌ တံခါးတစ်ခုပေါ်လာပြီး တောင်တစ်လုံးသဖွယ် ရပ်တည် လာသည်။

မကောင်းသော အငွေ့အသက်များက တံခါးကြားမှ ပျံ့လွင့်လာကာ နတ်ဆိုးပုံရိပ်များ ထွက်ပေါ်လာသည်။

သေချာကြည့်မည်ဆိုလျင် ထိုပုံရိပ်များသည် ထောင်ချီသော တစ္ဆေများ၏ ပုံရိပ်များ ဖြစ်ပြီး သွားများနှင့် လက်သည်းများကို လှစ်ဟာပြသနေပြီး ကြောက်စရာကောင်းသော အသွင်အပြင်နှင့် တစ္ဆေဘုရင်ထံသို့ ပြေးဝင်သွားကြသည်။ သူတို့ထံမှ နားကွဲမတတ် အော်သံများ ထွက်ပေါ်နေသည်။

*သူတို့က တစ္ဆေဘုရင်ကို သတ်ချင်နေတာလား*

*ဒါ လုံးဝ မဖြစ်နိုင်ဘူးလေ*

လက်ရှိတွင် လူတိုင်း မယုံနိုင်သလို ခံစားနေကြရသည်။

*ဒီလူက တစ္ဆေတွေကိုတောင် ဆင့်ခေါ်နိုင်တာလား*

ထို့အပြင် ယဲ့ဖန် ဆင့်ခေါ်လိုက်သော တစ္ဆေများက ပိုမို၍ ကြမ်းကြုတ်ကာ ကြောက်စရာ ကောင်းကြောင်း သူတို့အားလုံး သတိထားမိသည်။

သူတို့၏ အငြိုးများ ပါဝင်နေသော အော်သံက လူအများ၏ စိတ်ဝိညာဉ်ကို စုတ်ဖြဲနေသလိုပင်။ ဤတစ္ဆေများအားလုံးသည် ငရဲမှလာခြင်း ဖြစ်သည်။

ငရဲမှတစ္ဆေများသည် သူတို့ သန်မာလာရန်အတွက် နေ့စဉ် အချင်းချင်း ဝါးမျိုကြသည်။ တစ်ကောင်ချင်းစီက ရာချီသော တိုက်ပွဲများကို ရင်ဆိုင်ဖူးသည့် ကြောက်စရာကောင်းသော တစ္ဆေများ ဖြစ်လေသည်။

ထို့ကြောင့်ပင် ဤတစ္ဆေများက တစ္ဆေဘုရင်၏ ကိုယ်ထဲ၌ ဖမ်းဆီးထားသော တစ္ဆေများထက် အဆထောင်ချီ၍ ကြောက်စရာ ကောင်းပေသည်။

တစ္ဆေဘုရင်ထံမှ လှောင်ရယ်သံ ထွက်ပေါ်လာ၏။

“ဟားဟားဟား … ငါ တစ္ဆေထိန်းချုပ်ခြင်း ပညာကို ကျင့်ထားတယ်ဆိုတာ ဘယ်သူ မသိဘဲ နေလို့လဲ၊ ဒါကို မင်းက ငါ့ကို တစ္ဆေသုံးပြီး ရင်ဆိုင်ချင်တယ်လား၊ အရူးတကာ့ အရူးပဲ”

“တုံးအလိုက်တာ”

ယောင်လောင်နှင့် အခြားသူများသည် စဉ်းလဲသော အပြုံးတစ်ခုကို ချိတ်ဆွဲထားကြသည်။ တစ္ဆေဘုရင်၏ တစ္ဆေထိန်းချုပ်ခြင်းပညာ လက်အောက်မှ လွတ်မြောက်သော တစ္ဆေဟူ၍ မရှိချေ။ ယဲ့ဖန်၏ လှုပ်ရှားမှုက ပင်လယ်ထဲ ရွှံ့ပစ်ချလိုက်သလိုပင်။

သူ့ပုံစံက ဤတစ္ဆေများကို တစ္ဆေဘုရင်အား ပေးလိုက်သည့် အဖြစ်နှင့် အတူတူပင်။

“ငါ မင်းရဲ့တစ္ဆေအားလုံးကို လက်ခံပေးမယ်”

တစ္ဆေဘုရင်က အားပါးတရ ရယ်မော၍ အင်္ကျီလက်စထဲမှ အဆောင် တစ်ခုပြီးတစ်ခုကို ထုတ်လိုက်သည်။

အားလုံးက တိုက်ခိုက်လာသော တစ္ဆေများထံ ကပ်သွားပြီး ၎င်းတို့အား နေရာမှာတင် ရပ်သွားစေသည်။ အားလုံးက ဤသို့ ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းမိထားဟန်ဖြင့် အထင်သေးစွာ ရယ်နေကြသည်။

သို့သော် ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။ ထိုတစ္ဆေများသည် အစက ရပ်နေပြီးနောက် တစ်ခဏကြာသော် လက်ကိုဆန့်၍ ထိုအဆောင်များကို စုတ်ဖြဲလေသည်။

“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

တစ္ဆေဘုရင် မျက်လုံးပြူးသွားသည်။ သူ့အဆောင်များသည် သူကိုယ်တိုင်သာ ပျက်ပြယ် စေနိုင်၏။ အဘယ်ကြောင့် ယဲ့ဖန်လက်ထဲ၌ ဖျက်ဆီးခံနေရသနည်း။ ဤသည်က ယုတ္တိမရှိပေ။

ထို့အပြင် တစ္ဆေများက အဆောင်များကို စုတ်ဖြဲပြီးနောက် ဝါးပင် စားလိုက်သေးသည်။ ဤသည်ကို မြင်သော် လူတိုင်း အလန့်တကြား ဖြစ်သွားကြသည်။

*တစ္ဆေတွေကို ကျွန်ပြုနိုင်တဲ့ တစ္ဆေဘုရင်က ဒီတစ္ဆေတစ်အုပ်ကို မဖိနှိပ်နိုင်ဘူးတဲ့လား*

*ဒါ … ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ*

*မဟုတ်သေးပါဘူး၊ ဘာလို့ သူ ဆင့်ခေါ်လိုက်တဲ့ တစ္ဆေတွေက ပိုကြမ်းကြုတ်နေရတာလဲ*

*မိစ္ဆာနှင်အဆောင်ကိုတောင် စားလိုက်သေးတယ်*

*ဒီလို ကြောက်စရာကောင်းတဲ့ တစ္ဆေမျိုး ဖြစ်ကောင် မိစ္ဆာစွမ်းအင်တွေ ဘယ်လောက် သုံးလိုက်ရတာလဲ*

လက်ရှိတွင် ထိုတစ္ဆေများသည် တစ္ဆေဘုရင်အား သတ်ဖြတ်နေလေသည်။

“မဖြစ်နိုင်ဘူး၊ ငါ့တစ္ဆေထိန်းချုပ်ခြင်းပညာက ဘယ်တော့မှ မရှုံးနိုင်ဘူးကွ”

တစ္ဆေဘုရင် လက်မခံနိုင်ဘဲ လက်သီးဖြင့် ပြန်ထိုးလိုက်သည်။

“ဝုန်း ဝုန်း ဝုန်း”

ကျယ်လောင်အသံများ ဆက်တိုက် ထွက်ပေါ်လာပြီး ဝိညာဉ်များသည် အော်ဟစ်ကာ ပေါက်ကွဲ သွားကြသည်။

“ဟားဟားဟား ငါ့ကို အထင်သေးတယ်ပေါ့လေ၊ မင်း သိအောင် ပြောလိုက်မယ်၊ ငါ မင်းထက်ပိုပြီး တစ္ဆေတွေကို သတ်ခဲ့တာကွ၊ တစ္ဆေကိုသုံးပြီး ငါ့ကို သတ်ချင်တယ်ပေါ့လေ၊ ဟာသပဲ”

တစ္ဆေဘုရင်က အထင်သေးသော မျက်နှာပေးနှင့် ဂုဏ်ယူစွာ ပြောလေသည်။ ဤသည်ကိုမြင်မှ ယောင်လောင်နှင့် အခြားသူများ ချက်ချင်း စိတ်အေးသွားကြသည်။ အခြေအနေက အကောင်းဘက်သို့ ပြောင်းလဲသွားသဖြင့် သူတို့ စိတ်မပူတော့ချေ။

သို့သော် သူတို့ ယခုလေးတင် စိတ်အေးသွားသော်လည်း တစ်ခဏအတွင်း ပြန်၍ ရင်တုန် လာပြန်သည်။ သူတို့၏ မျက်လုံးအစုံက ပြူးကျယ်လာပြီး မယုံနိုင်ဟန်များ ထင်ဟပ်လာသည်။

အဘယ်ကြောင့်ဆိုသော် ပေါက်ကွဲသွားသော တစ္ဆေများက ပြန်လည် ဖွဲ့စည်းဖြစ်ပေါ်လာပြီး သူတို့ရှေ့သို့ ပြန်ရောက်လာသည်ကို အားလုံး တွေ့လိုက်ရသောကြောင့်ပင်။ ၎င်းတို့က မသေနိုင်သလိုပင်။

“မင်းတို့က ဘာလို့ မသေနိုင်တာလဲ”

ရှုံးနိမ့်မှုကြောင့် တစ္ဆေဘုရင် ရူးမတတ် ဖြစ်နေသည်။ သူသည် တစ္ဆေဘုရင်ဖြစ်ပြီး မည်သူမှ သူ့လက်ထဲ၌ ဆယ်ကွက်ကျော်အောင် မနေနိုင်သော်လည်း ယခု သူ အဘက်ဘက်မှ ထိန်းချုပ်ခံ နေရသည်။ ယခင်က ဤသို့ တစ်ခါမှ မဖြစ်ဖူးပါ။ သူ လုံးလုံးလျားလျား ဖိနှိပ်ခံနေရသည်။

ဤမြင်ကွင်းအား လူတိုင်း အိပ်မက်ဆန်လွန်းသည်ဟု ခံစားနေကြရသည်။ သူတော်စင်သခင် အဆင့် လေးယောက်ထဲ၌ အသန်မာဆုံးသောလူက လုံးဝ ဖိနှိပ်ခံနေရသည်။ သူ၏ အဖော် သုံးယောက်တောင်မှ မယုံနိုင် ဖြစ်နေကြသည်။

တစ္ဆေဘုရင်၏ မျက်နှာတွင် ဇဝေဇဝါဖြစ်ဟန် ပေါ်လာပြီး တဖြည်းဖြည်း စိတ်မသက်မသာ ဖြစ်သလို ခံစားလိုက်ရသည်။

ထိုစဉ် တစ္ဆေတစ်ကောင်က တစ္ဆေဘုရင်၏ လက်မောင်းကို ဖမ်းချုပ်၍ စုတ်ဖြဲလာသဖြင့် အရိုးများ အထင်းသား ပေါ်လာပြီး အသားများ စုတ်ဖွာလာသည်။ အလွန်အမင်း သွေးထွက်သံယို များလာလေသည်။

ဆေးဆိုင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်လာ၏။ ယောင်လောင်နှင့် အခြားသူများသည် ပြိုင်တူ အသက်အောင့်မိသွားပြီး သွေးပျက်ကာ စိုးရိမ်စိတ် ဝင်လာကြသည်။ တစ္ဆေဘုရင်၏ ကံဆိုးမှုကို သူတို့ ကြိုမြင်သွားကြသည့်ပုံပင်။

*တစ္ဆေတစ်ကောင်က လူအိုကြီး တစ္ဆေဘုရင်ကို ထိခိုက်အောင် လုပ်နိုင်တယ်လား၊ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

တစ္ဆေဘုရင်က တစ္ဆေတစ်ကောင်ကိုတောင် ထိခိုက်အောင် မလုပ်နိုင်ပါလား*

လက်ရှိတွင် သူတို့ မျက်ခုံး တဆတ်ဆတ် လှုပ်နေပြီး ယဲ့ဖန်အား သွေးပျက်စွာ ကြည့်နေကြသည်။

ဖန့်ရှန်ယွီနှင့် လင်းရှင်းလန်တို့၏ လှောင်ပြုံးများ ပျောက်ကွယ်သွားပြီး ကြောက်လန့်ဟန်ဖြင့် ကြည့်လာသည်။

*တစ္ဆေဘုရင်ရဲ့ တစ္ဆေထိန်းချုပ်ခြင်း ပညာကတောင် သူ့ကို ရှုံးရတယ်လား*

*ဒါ ဘယ်လိုဖြစ်ရတာလဲ*

သူတို့နှလုံးသား ဆိုးဆိုးရွားရွား ဖြတ်တောက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး မယုံကြည်နိုင် ဖြစ်နေကြသည်။ လင်းဝူယာဆိုလျင် စိတ်လှုပ်ရှားလွန်း၍ ထခုန်မိမတတ် ဖြစ်နေ၏။

*ထူးဆန်းလွန်းတယ်*

*ထိတ်လန့်စရာ ကောင်းလိုက်တာ*

*လတ်စသက်တော့ ငါ အစကတည်းက သူ့ကို အထင်သေးမိတာပဲ*

*လွှမ်းမိုးနိုင်လွန်းတယ်၊ ရက်စက်တယ်၊ အားကြီးတယ်၊ ဒီလိုလူမျိုးကပဲ ငါ့ကို စိတ်ရင်းအတိုင်း ဒူးထောက်လာအောင် လုပ်နိုင်တာ*

“အခု ရှင် သူ့ကို ရှင့်ဘုရင်အဖြစ် သတ်မှတ်လေးစားလိုက်ပြီမလား၊ မကြာခင် ရှင် သူ့ကို နတ်ဘုရားလို လေးစား ကြည်ညိုလာလိမ့်မယ်”

ဟွမ်ယွီလင်းက အေးစက်စက်အသံနှင့် ပြောလာသည်။

“ငါ … ငါ အဲ့အချိန်ကို မျှော်လင့်နေပါတယ်”

လက်ရှိတွင် လင်းဝူယာ သွေးပွက်ပွက်ဆူနေ၏။ လူတစ်ကိုယ်လုံး တက်ကြွကာ ယဲ့ဖန်၏ ခြေလှမ်းအတိုင်း နောက်ကလိုက်၍ ကျယ်ပြောသော လောကကြီးကို မြင်တွေ့ရရန် မျှော်လင့် နေမိသည်။

ကျန်နေသည့် သူတော်စင်သခင်အဆင့် သုံးယောက်ထဲတွင် တစ်ယောက်မှ မလှုပ်ရဲပေ။ တစ္ဆေများသာ သူတို့ထံ ချဉ်းကပ်လာကြသည်။

တစ္ဆေတစ်ကောင်ကပင် သူတော်စင်သခင်အဆင့် တစ်ယောက်ကို ထိခိုက်အောင် လုပ်နိုင်၏။ အားလုံးသာ ထွက်လာလျင် သူတို့ သွားကယ်လျင်တောင်မှ သေတွင်းတူးသလို ဖြစ်သွား ပေလိမ့်မည်။

လက်ရှိတွင် မည်သူက ရှေ့တက်ရဲမည်နည်း။ သူတို့အားလုံး ကြောက်လန့်နေကြသည်။ ထောင်ချီသော တစ္ဆေများကို သွားဆွလိုက်ပါက အလွန် ကြောက်လန့်ဖွယ်ကောင်းသော ကိစ္စရပ်ပင်။

“အား … ငါ့ကိုလွှတ်ပေးပါ၊ ငါ မှားသွားပါတယ်၊ ငါ့ကို မသတ်ပါနဲ့”

ချက်ချင်းဆိုသလိုပင် တစ္ဆေဘုရင်သည် ထောင်ချီသော တစ္ဆေများ၏ လွှမ်းမိုးကိုက်ဖဲ့ခြင်း ခံနေရသည်။

ဤမြင်ကွင်းက ရေချိုငါးတစ်ကောင် အသားစားငါးများကြားထဲသို့ ကျသွားပြီး အစားခံနေ ရသည့် အဖြစ်နှင့် တူနေ၏။

ထောင်ချီသော တစ္ဆေများ သူ့ထံ ချဉ်းကပ်လာပြီး စားသောက်လိုက်ပုံက ဆယ်စက္ကန့်ပင် မကြာလိုက်ချေ။ တစ္ဆေများ ပြန်နောက်ဆုတ်သွားသောအခါ ထိုနေရာ၌ သွေးအိုင်တစ်ခုသာ ကျန်ရစ်လေသည်။

*သေသွားပြီ*

*တစ္ဆေဘုရင် သေသွားပြီ*

သူ၏ ဆယ်ကွက်အတွင်းဟူသော စကားက တကယ် ဖြစ်မလာသော်လည်း ယဲ့ဖန်၏ တစ်ကွက်အတွင်း သေလိမ့်မည်ဟူသော စကားက တကယ် ဖြစ်လာပေသည်။

တစ္ဆေများက နောက်လှည့်ကာ ယဲ့ဖန်ဘေးနားသို့ ပြန်လာကြသည်။ သို့သော် သူတို့အားလုံး ကြမ်းပြင်၌ ဝပ်တွားနေပြီး ထိန်းမရအောင် တုန်ယင်နေကာ ကြောက်လန့်နေသည့် ခပ်တိုးတိုး အသံပင် ထွက်နေသေးသည်။

သူတို့က တစ်စုံတစ်ရာကို ကြောက်နေသည့်ပုံပင်။ သူတို့ရှေ့၌ ရှိနေသူကမှ တကယ့် တစ္ဆေနီ ဖြစ်သကဲ့သို့ အလွန်အမင်း ကြောက်လန့်နေကြသည်။

ဤမြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားလေသည်။ တစ္ဆေဘုရင်ကိုပင် မကြောက်သည့် တစ္ဆေများက ယဲ့ဖန်၏ ခြေဖဝါးအောက်၌ ဒူးထောက်ဝပ်တွားလိုစိတ် ရှိသည်တဲ့လား။

ပုံစံအရ အလွန် ကြောက်လန့်နေပုံရသည်။ ကြောက်လန့်နေသော မျက်လုံးများက ယဲ့ဖန်ထံ ကျရောက်လာသလို လူတိုင်း နားမလည်နိုင် ဖြစ်နေကြသည်။

သူတို့အရှေ့မှလူက မည်သို့သော လူမျိုးနည်း။ တစ္ဆေများပင် ကြောက်နေရသည် မဟုတ်ပါ တကား။

ပတ်ဝန်းကျင် အခြေအနေက အလွန်အမင်း ထူးဆန်းလာပြီးလူတိုင်း သေမတတ် ကြောက်ရွံ့ကာ တိတ်ဆိတ်နေကြသည်။ သူတို့ တစ်စက်ကလေးမှ မလှုပ်ရဲချေ။

ထိုစဉ် ယဲ့ဖန်က အားလုံးကို အေးစက်စွာ စိုက်ကြည့်လာ၏။

“ဘယ်သူ သေချင်သေးလဲ၊ လာ ထွက်တိုက်လိုက်”

All Chapters