← Chapters

Chapter 1408 - 1409

Vol. 94 Ch. 1408 - 1409

Chapter 1408 - 1409

Vol. 94 Ch. 1408 - 1409

Chapter 1408 မင်း ငါ့ဆရာကို စော်ကားရဲတယ်လား

အားလုံး တိတ်ဆိတ်နေလေသည်။ အခြေအနေက လက်ရှိတွင် တုံ့ဆိုင်းအေးခဲသွားပုံရသည်။ ရောက်လာသော အဘိုးအိုကိုမြင်ပြီးနောက် လူတိုင်း၏ မျက်လုံးတွင် နှိုင်းယှဉ်မရသော ထိတ်လန့်မှုနှင့် ကြောက်ရွံ့မှုတို့ ပြည့်နှက်လာ၏။

လင်းဝူယာ ရုတ်တရက် ချွေးပြန်လာသည်။ သူတော်စင်သခင်အဆင့် အယောက် သုံးဆယ် ရောက်နေသဖြင့် ယဲ့ဖန် မည်မျှ သန်မာနေပါစေ သူတော်စင်သခင်အဆင့် အယောက်သုံးဆယ်ကို ပြိုင်တူ အနိုင်ယူနိုင်ပါမည်လော။

လူတိုင်း မျက်ခုံး တဆတ်ဆတ် လှုပ်လာပြီး မျက်နှာတွင် သွေးပျက်ကြောက်ရွံ့ဟန် ပေါ်နေသည်။ သူတော်စင်သခင်အဆင့်များရှေ့၌ သူတို့သည် ပုရွက်ဆိတ်များသဖွယ် ဖြစ်နေပြီး အချိန်မရွေး အသတ်ခံရနိုင်၏။

“လူအိုကြီး ထျန်းရှု၊ ရှန်ကွမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်၊ တစ်ခါက လက်သီးတစ်ဖက်တည်းနဲ့ နဂါးတစ်ကောင်ကို အနိုင်ယူနိုင်ခဲ့တဲ့သူ မဟုတ်လား”

“အသိပညာလေးပါး၊ နက္ခတ္တဗေဒနဲ့ ပထဝီဝင်ကို သိနားလည်သူ၊ ရှေးခေတ်နဲ့ လက်ရှိခေတ်ရဲ့ သမိုင်းကြောင်း ဗဟုသုတတွေကို သိတဲ့သူ၊ အိမ်ကနေ မထွက်ဘဲ တစ်လောကလုံးကို သတ်နိုင်တဲ့လူ”

“ကွေရူလိုင်၊ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ သစ္စာဖောက်၊ လွန်ခဲ့တဲ့ငါးနှစ်က ဂိုဏ်းကို သစ္စာဖောက်ပြီး နိုင်ငံက ထွက်ပြေးပြီးတော့ ပထမဆုံး သူတော်စင် ဘုန်းတော်ကြီးကို အနိုင်ယူခဲ့တဲ့လူ”

“ဧကရာဇ်မျက်လုံး အရင်က သူတစ်ယောက်တည်းနဲ့ သူတော်စင်သခင်အဆင့် ငါးယောက်ကို သတ်ခဲ့လို့ တစ်နိုင်ငံလုံး အုတ်အော်သောင်းတင်းဖြစ်ပြီး အားလုံး လေးစားတာ ခံရတဲ့လူ”

တစ်ယောက်ချင်းစီက နာမည်ကျော်၍ ကြောက်စရာကောင်းသော လူများဖြစ်ကာ နတ်ဆိုး ကဲ့သို့သော လူများဟု ခေါ်နိုင်ပေသည်။

အတိတ်အခါက ထိုလူများအားလုံးသည် အမြင့်ဆုံး၌ ရှိနေသူများဖြစ်ပြီး သူတို့ထဲမှ တော်တော်များများကို သေပြီဟုပင် ထင်ကြေးပေးခဲ့ကြသည်။

လူတိုင်း၏ မျက်လုံးထဲတွင် ဤလူများက နတ်ဘုရားများလိုပင်။ ယခု ထိုလူများအားလုံးက သူတို့ရှေ့၌ ပေါ်လာပြီး အယောက်သုံးဆယ်လုံး ပြိုင်တူ ပေါ်လာသဖြင့် အားလုံး ကြက်သေ သေသွားကြသည်။

သို့သော် ဤသူတော်စင်သခင်အဆင့် သုံးယောက်သည် တစ်ချိန်က မည်မျှ တစ်မူထူးခြားသော အတိတ်နှင့် သီးသန့်ဆန်သော နောက်ခံ ရှိပါသော်လည်း လက်ရှိတွင် သူတို့အားလုံးက အရှေ့မှ အဘိုးအိုကို ရိုကျိုးနေလေသည်။

“ဒေါက် ဒေါက်”

ထိုစဉ် အဘိုးအိုက ဖြည်းဖြည်းချင်း လမ်းလျှောက်လာပြီး ယဲ့ဖန်ထံ တစ်လှမ်းချင်း လှမ်းလာသည်။

သူ လျှောက်လာနေသည်ကို မြင်သောအခါ လူတိုင်းက ခေါင်းငုံ့ကြပြီး မော်မကြည့်ရဲချေ။ သူတို့ အလွန်အမင်း စိုးရွံ့နေကြသည်။

သူ၏ လှုပ်ရှားမှုနှင့်အတူ သူတော်စင်သခင်အဆင့် အယောက်သုံးဆယ်၏ လူသတ်လိုသော အရှိန်အဝါက ယဲ့ဖန်ထံသို့ ပြင်းထန်စွာ စုဝေးကျရောက်သွားသည်။

အဘိုးအို တစ်ခွန်းပြောလိုက်သည်နှင့် သူတို့ ပြေးတက်လာပြီး ယဲ့ဖန်ကို တစ်စစီဖြစ်အောင် စုတ်ဖြဲမည့်ပုံပင်။

ဤဖိအားကြောင့် ဆေးဆိုင်တစ်ခုလုံး ယိမ်းထိုးလာပြီး ပြိုလဲကျတော့မည်ဟု ထင်မှတ်မှား ရသည်။

“သွားပြီ၊ အဲ့ကောင်တော့ ဇာတ်သိမ်းပြီ”

ဤသည်မှာ လက်ရှိ လူတိုင်းနီးပါး တွေးနေမိသည့် အတွေးပင်။ သူတော်စင်သခင်အဆင့် အယောက် သုံးဆယ် ပြိုင်တူ လှုပ်ရှားလာလျင် ယဲ့ဖန် မည်မျှ သန်မာနေပါစေ အသက်ရှင်နိုင်မည် မဟုတ်ပါ

ယောင်လောင်က အဘိုးအိုနားသို့ အသည်းအသန် သွားတွေ့၍ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“စီနီယာ အစ်ကိုကြီး ဒီမျိုးမစစ်ကောင်ပေါ့၊ ကျွန်တော့်ကို သတ်ချင်နေတာ၊ ပြီးတော့ သူက ကျွန်တော်တို့ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းကို ဖျက်ဆီးချင်နေသလို အစ်ကိုကြီးကိုလည်း လုံးဝ အလေးမထားဘူး”

“အစ်ကိုကြီး သူ့ကို သတ်ပစ်မှရမယ်၊ သူ့ကိုသတ်ပြီး ကျုပ်တို့ ဆေးပညာ အဖွဲ့အစည်းရဲ့ အရှက်ရမှုကို ဆေးကြောပေးပါ”

ရှုပေါင်ကျွမ်နှင့် အခြားသူများသည် အကူအညီပေးမည့်သူကို ရှာတွေ့သွားသကဲ့သို့ အပြုံးကြီး ပြုံးနေကြသည်။

သို့သော် အဘိုးအိုက ယောင်လောင်ကို တစ်ခါမှ မမြင်ဖူးသကဲ့သို့ အနားမှ ကျော်သွားပြီး ယဲ့ဖန်ဆီသို့ လျှောက်သွားလေသည်။

ယဲ့ဖန်၏မျက်နှာက လုံးဝ သွေးပျက်ခြင်းမရှိဘဲ အနားသို့ လာနေသော အဘိုးအိုကို မျက်နှာကြော တင်းတင်းဖြင့် ကြည့်နေသည်။ ထို့နောက် သူက လေသံမာမာဖြင့် ငေါက်ငမ်းလိုက်သည်။

“ဒူးထောက်စမ်း”

*ဘာ*

သူ့စကားကိုကြားပြီး လူတိုင်း မှင်တက်အံ့အားသင့်ကာ သွေးပျက်ထိတ်လန့်သော မျက်နှာများ ဖြစ်သွားကြသည်။

*သူ့ရှေ့မှ အဘိုးအိုကို တကယ်ကြီး ဒူးထောက်ဖို့ ပြောလိုက်တာလား*

*အရူး*

*ဒီကောင် ရူးနေပြီပဲ*

*မင်း ဘယ်လိုတောင် သေတွင်းတူးရဲတာလဲ*

လူတိုင်း မတုန်လှုပ်ဘဲ မနေနိုင် ဖြစ်နေကြပြီး မသိစိတ်အရ နောက်သို့ အလိုလို ဆုတ်လိုက် မိသည်။ တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတော့မည်ကို သူတို့ သိနေကြသဖြင့် သူတို့ပါ ရောယောင်၍ အထိခိုက် မခံလိုပါ။

သူ့စကားကို ရှုပေါင်ကျွမ်နှင့် အခြားသူများ ကြားသောအခါ တစ်ခဏမျှ အံ့ဩသွားပြီးနောက် အားပါးတရ ပြုံးလာကြသည်။

*သူ့အရှေ့က အဘိုးအိုကို ဒီလိုပြောရဲတယ်လား၊ ဒီကောင် တော်တော် သတ္တိကောင်းနေပါလား*

သူတို့အားလုံး မကြာခင် ဖြစ်လာမည့် ယဲ့ဖန်၏ သေဆုံးမှုကို စောင့်မျှော်နေကြသည်။

*ဒီကောင် မကြာခင် သေမှာ မဟုတ်လား၊ ဟုတ်တယ်မလား*

သို့သော် ယဲ့ဖန် သေလိမ့်မည်ဟု လူတိုင်း တွေးနေကြချိန်တွင် မထင်မှတ်ထားသော အရာတစ်ခု ဖြစ်ပေါ်လာသည်။

“ဒုန်း”

အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်မှာပင် အဘိုးအိုက ယဲ့ဖန်ရှေ့တည့်တည့်၌ ဒူးထောက်လာပြီး အလွန် စိတ်လှုပ်ရှားသော မျက်နှာနှင့် ပြောလာသည်။

“ဆရာ နောက်ဆုံးတော့ ကျုပ် ဆရာနဲ့ ပြန်တွေ့ရပြီ”

*ဆရာ*

ထိုစကားက မိုးကြိုးပစ်ချသံသကဲ့သို့ အားလုံးကို သတိလက်လွတ် ဖြစ်သွားစေသည်။ လူတိုင်း ကြက်သေ သေသွားကြသည်။

*ဆရာ*

*ဒီအဘိုးအိုက ဒီ့ကောင်ကို တကယ် ဆရာလို့ ခေါ်လိုက်တာလား*

*ဒီယွမ်ပမ်းရှီကလေ*

ယွမ်ပမ်းရှီက ထိုစကား ပြောလိုက်သောအခါ ဆေးဆိုင်တစ်ခုလုံး တိခနဲ တိတ်ကျသွားသည်။ လူတိုင်း အံ့ဩသွားပြီး ယွမ်ပမ်းရှီက မယုံနိုင်သလို ကြည့်လာကြသည်။ သူတို့ မြင်နေရသော အရာအား အမှန်ဟု မယုံနိုင်ကြချေ။

အခြေအနေက လက်ရှိတွင် အေးစက်လျက် ရှိသည်။ ယောင်လောင်၊ လင်းရှင်းလန်နှင့် အခြားသူများ ကြက်သေ သေသွားလေသည်။ သူတော်စင်သခင်အဆင့် အယောက်သုံးဆယ် တို့သည်လည်း ထိတ်လန့်နေကြသည်။

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ယွမ်ပမ်းရှီ အင်ပါယာ၏ ဆေးပညာ၌ နံပါတ်တစ်ဟု ကျော်ကြားသူက သူ့အရှေ့မှ လူငယ်ရှေ့၌ ရိုကျိုးသော မျက်နှာနှင့် အမှန်တကယ် ဒူးထောက်နေသည်တဲ့လား။ ထို့အပြင် ဆရာဟုပင် ခေါ်လိုက်သေးသည်။

*ဒီလူက ယွမ်ပမ်းရှီရဲ့ ဆရာ ဖြစ်နေတာလား*

ယောင်လောင် မှင်တက်နေသည်။ သူ၏ စီနီယာအစ်ကိုကြီးက နတ်ဘုရားတစ်ပါးကို မြင်နေရသကဲ့သို့ လေးစားကြည်ညိုသော အမူအရာမျိုး ပြသည်ကို သူ တစ်ခါမှ မမြင်ဖူးပါ။ သူတော်စင်သခင် အဆင့်များလည်း အံ့ဩနေကြသည်။

“လူကြီးမင်းယွမ် မဟုတ်မှလွဲရော သူက ခင်ဗျားပြောတဲ့လူ …”

ယွမ်ပမ်းရှီက ခေါင်းတဆတ်ဆတ် ညိတ်လာသည်။

“ဟုတ်တယ်၊ သူက ငါ မင်းတို့ကို ပြောခဲ့ဖူးတဲ့လူပဲ”

ချက်ချင်းဆိုသလိုပင် သူတော်စင်သခင်အဆင့်များအားလုံး ထိတ်လန့်ဟန် ပေါ်လာသည်။ ထို့နောက် ပို၍ မယုံနိုင်ဖွယ်ကောင်းသော အရာများ ဖြစ်လာသည်။

သူတော်စင်သခင်အဆင့်များက ယဲ့ဖန်ရှေ့၌ ညီညာစွာ ဒူးထောက်၍ ရိုကျိုးသော အမူအရာဖြင့် ဝပ်တွားလာလေသည်။

“ဧကရာဇ်မျက်လုံး လူကြီးမင်းကို ဂါဝရပြုပါတယ်”

“ကွေရူလိုင် လူကြီးမင်းရဲ့ ခြေဖဝါးအောက်မှ အညံ့ခံချင်ပါတယ်၊ လူကြီးမင်း ကျုပ်ကို အမှုထမ်းခွင့် ပေးပါ”

“လူအိုကြီး ထျန်းရှုက လူကြီးမင်းဆီမှာ ကျေးကျွန်အဖြစ် ခစားပြီး တစ်သက်လုံး သစ္စာရှိပါ့မယ်”

နှုတ်ဆက်သံများ ခေါင်းလောင်းသံသဖွယ် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ဆေးဆိုင်တစ်ခုလုံး ပျက်စီးတော့မည်ဟု ထင်မှတ်ရသည်။

ထိုအခိုက်တွင် သူတို့သည် နတ်ဘုရားတစ်ပါးကို မြင်တွေ့ရသကဲ့သို့ ဖြစ်နေပြီး စိတ်လှုပ်ရှားမှုကို ဖုံး၍ပင် မရချေ။

သူတော်စင်သခင်အဆင့် အယောက်သုံးဆယ်လုံး ယဲ့ဖန်ရှေ့၌ ဒူးထောက်နေကြသည်ကို မြင်သောအခါ ဆေးဆိုင်တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလေသည်။ လူတိုင်း ဤမြင်ကွင်းကို မြင်ပြီး နားဝေတိမ်တောင် ဖြစ်သွားကြသည်။

ဆရာ … သူ … သူ့ဆရာဆိုတာက ဘာလဲ”

လင်းရှင်းလန် တုန်လှုပ်နေ၏။

“ဒီလို မဖြစ်သင့်ဘူးလေ၊ သူက ဘယ်လိုလုပ် ဆရာဦးလေးရဲ့ ဆရာ ဖြစ်နေမှာလဲ”

ရှုပေါင်ကျွမ်၏ မျက်နှာ ပြာနှမ်းနေပြီး အသံက ထိန်းမရအောင် တုန်ယင်နေသည်။

“ငါ အိပ်မက်မက်နေတာပဲ ဖြစ်မယ်”

ယောင်လောင် နဖူးပေါ်လက်တင်လိုက်မိပြီး ခေါင်းမူးသလို ခံစားရကာ ကြမ်းပြင်ပေါ် လဲကျလုနီးပါး ဖြစ်သွားကြသည်။

သူ၏အစ်ကို၊ သူ အမြဲလေးစားရသော စီနီယာအစ်ကိုက သူ့အရှေ့မှလူရှေ့၌ ဒူးထောက် နေသည်တဲ့လား။ သူ့မျက်နှာတွင် ကြံရာမရ ဖြစ်နေဟန်ဖြင့် ပြည့်နှက်နေ၏။

*ဒါ ဘာတွေလဲကွာ*

လက်ရှိတွင် သူ သေသာသေလိုက်ချင်တော့သည်။ ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းတို့က တစ်လှည့်စီ ဖြစ်ပေါ်နေသဖြင့် သူ့နှလုံးက ထပ်၍ သည်းမခံနိုင်တော့ပါ။

ယဲ့ဖန် သေချာပေါက် သေလိမ့်မည်ဟု သူတို့ ထင်လိုက်သည့်အကြိမ်တိုင်း ယဲ့ဖန်က အခြေအနေကို အသာတကြည် ရှင်းလင်းလိုက်နိုင်သည်။

ယခုအချိန်၌ အားလုံး ဆောက်တည်ရာမရ ဖြစ်နေပြီး ဝမ်းသာအားရ ဖြစ်စိတ်ပင် ပျောက်ကွယ် သွားလေသည်။

ယောင်လောင်က ချက်ချင်း ပြေးသွားပြီး ဒေါသတကြီး ပြောလိုက်သည်။

“စီနီယာအစ်ကိုကြီး ခင်ဗျား ဘာလုပ်နေတာလဲ၊ ဒီမျိုးမစစ်ကောင်က ကျုပ်တို့ကို အရှက်ရအောင် လုပ်တာလေ၊ ဘာလို့ သူ့ကို ဆရာလို့ ခေါ်နေတာလဲ၊ သူက ဘယ်လိုလုပ် ဆရာတစ်ယောက် ဖြစ်နိုင်မှာလဲ”

“သူ့ကြောင့် ငါ အင်မော်တယ်ဆေးလုံးကို ဖော်စပ်နိုင်တာကွ”

ယွမ်ပမ်းရှီက မောက်မာအေးစက်သော မျက်နှာနှင့်အတူ အေးစက်စွာ ပြန်ခနဲ့လိုက်သည်။

*ဘာ*

*ယွမ်ပမ်းရှီ အင်မော်တယ်ဆေးလုံးကို ဖော်စပ်နိုင်တဲ့ အကြောင်းရင်းက ဒီလူရဲ့ အကူအညီ ကြောင့်တဲ့လား*

*ဘာ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ယောင်လောင်က မယုံသင်္ကာဖြင့် အော်လာပြီး မျက်နှာက အလွန်အမင်း ကြည့်ရဆိုးနေသည်။

*ဒီလူက သူကိုယ်တိုင် ဆေးလုံး ဖော်စပ်နိုင်ရုံတင်မဘဲ အခြားသူတွေကိုပါ ဆေးဖော်စပ် နိုင်အောင် ကူညီနိုင်တာလား*

*ဒါက မယုံနိုင်စရာပဲ*

“ဆရာရဲ့ သင်ပြမှုကြောင့်သာ မဟုတ်ရင် ငါ ဒီဘဝ အင်မော်တယ်ဆေးလုံးကို ဖော်စပ်နိုင်မှာ မဟုတ်ဘူး၊ ဆရာရဲ့ ကြင်နာမှုက ငါ့အတွက် အသစ် ပြန်မွေးဖွားစေသလိုပဲ”

ယွမ်ပမ်းရှီက အေးအေးဆေးဆေး ပြောလိုက်သည်။

“သူ့ဆေးပညာက စီနီယာအစ်ကိုကြီးရဲ့ အထက်မှာလို့ ပြောချင်တာလား”

ယောင်လောင်က မယုံနိုင်သလို မေးလိုက်သည်။

“ဒါပေါ့ ဆရာသာမရှိရင် ဒီနေ့လို ငါ ယွမ်ပမ်းရှီ ရှိလာမှာ မဟုတ်ဘူး”

*ပြန်မွေးဖွားလာသလိုပဲတဲ့လား*

ထိုစကား၏ အလေးချိန်က ထင်မှတ်မထားလောက်အောင် လေးလံလွန်းလှသည်။ တစ်ချိန်တည်းမှာပင် ယင်းက ယွမ်ပမ်းရှီသည် သူတို့ဘက်၌ ရပ်တည်မည် မဟုတ်ဟု ပြသနေ၏။

လူတိုင်း ထိတ်လန့်နေကြသည်။ အခြေအနေက ဤသို့ ပြောင်းလဲသွားလိမ့်မည်ဟု ထင်မှတ် မထားကြချေ။

ယောင်လောင်က အကူအညီပေးမည့်သူအပေါ် သူ့မျှော်လင့်ချက်အားလုံး အပ်နှံထားသော်လည်း အဆုံးသတ်တွင် သူသည် ယဲ့ဖန်၏ နောက်လိုက်ခွေးတစ်ကောင်သာ ဖြစ်နေ၏။

ဤသည်က အိပ်မက်တစ်ခုလိုပင်။ ယောင်လောင်သည်လည်း ကြက်သေ သေနေသလို ရှုပေါင်ကျွမ်လည်း မှင်တက်နေ၏။ လူတိုင်း ကြက်သေ သေကာ မှင်တက်အံ့အားသင့် နေကြသည်။

ယဲ့ဖန်က ယွမ်ပမ်းရှီ၏ ဆရာဖြစ်နေလိမ့်မည်ဟု သူတို့ထဲကက မည်သူမှ ထင်မထားမိချေ။ ထို့အပြင် သူ၏ သင်ပြမှုကြောင့်သာ မဟုတ်လျင် ယွမ်ပမ်းရှီ ဒီတစ်သက် အင်မော်တယ် ဆေးလုံးကို ဘယ်သောအခါမှ ဖော်စပ်နိုင်မည် မဟုတ်ဘူးတဲ့လား။

*ဒီကောင့် ဆေးပညာက ဘယ်လောက်တောင် အစွမ်းထက်နေတာလဲ*

ထိုစဉ် လက်တစ်ဖက်က ယောင်လောင်၏ လည်ပင်းကို ဖမ်းချုပ်လာသည်။ ယွမ်ပမ်းရှီက သူ့ကို အေးစက်စွာ ကြည့်လေသည်။

“မင်း ငါ့ဆရာကို စော်ကားရဲတယ်လား”

ဤမြင်ကွင်းက လူတိုင်းကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။ ယွမ်ပမ်းရှီက ယဲ့ဖန်အတွက်နှင့် သူ၏ ဂျူနီယာညီလေးကို သတ်ချင်နေသည်တဲ့လား။

*ဒါ…*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

ယောင်လောင်ကလည်း ယွမ်ပမ်းရှီကို တုန်ယင်စွာ ကြည့်နေသည်။

“စီနီယာအစ်ကို ကျုပ်တို့က တစ်မိသားစုတည်းပဲလေ၊ ခင်ဗျား ကျုပ်ကို သတ်ရက်တာလား”

“ဆရာ့ကို စော်ကားမှတော့ မင်း … သေကိုသေသင့်တယ်”

သို့သော် ယွမ်ပမ်းရှီက ရက်စက်စွာဖြင့် ပေါ်ပေါ်တင်တင် ပြောလိုက်သည်။

“ဂျွတ်”

ယောင်လောင်၏ ဦးခေါင်းက လည်ပင်းမှ ပြတ်ထွက်သွားလေတော့သည်။

“တောက် တောက် တောက်”

ယွမ်ပမ်းရှီ၏လက်မှ သွေးများ စီးကျလာသည်။ ဤမြင်ကွင်းက ရှုပေါင်ကျွမ်နှင့် အခြားသူများ အားလုံးကို ကြောက်ရွံ့သွားစေသည်။

ဂျူနီယာညီလေး ဖြစ်သူ ယောင်လောင်ကိုတောင်မှ အလွတ်မပေးလျင် သူတို့ကို ယွမ်ပမ်းရှီက ဘယ်လိုလုပ် အလွတ်ပေးပါမည်နည်း။

မကြာခင်မှာပင် ယွမ်ပမ်းရှီ၏ ခက်ထန်သော အကြည့်က ရှုပေါင်ရွှမ်နှင့် အခြားသူများထက် ကျရောက်လာပြီး အလွန် အေးစက်သော လေသံဖြင့် ပြောလာသည်။

“ငါ့ဆရာက အဆင့်အတန်း မြင့်မားတဲ့လူ၊ တစ်လောကလုံးရဲ့ လေးစားတာကို ခံရသင့်တာ၊ ဒါကို မင်းတို့က သူ့ကို လှောင်ပြောင်စော်ကားရဲတယ်ပေါ့လေ၊ မင်းတို့အားလုံး သေကိုသေရမယ်”

သူသည် အံကြိတ်၍ အလွန် မကျေမနပ်ဖြစ်ဟန်နှင့် ပြောလိုက်သည်။ လက်ရှိတွင် ယွမ်ပမ်းရှီက အလွန်အမင်း ရက်စက်နေ၏။

လူတိုင်း အလန့်တကြား ဖြစ်သွားကြသည်။ ယွမ်ပေါင်ရှီ၏ ရက်စက်သော မျက်နှာကိုမြင်ပြီး ရှုပေါင်ကျွမ်နှင့် အခြားသူများ အလွန်အမင်း ကြောက်လန့်သွားလေသည်။

အထူးသဖြင့် ရှုပေါင်ကျွမ်ပင်။ သူ၏ လေးစားရသော ဆရာဦးလေးထံမှ ဤသို့ ကြောက်စရာကောင်းသော မျက်နှာထားမျိုးအား သူ တစ်ခါမှ မမြင်ဖူးခဲ့ပါ။ သူတို့အား အရေခွံ စုတ်၍ နင်းချေရန် မစောင့်နိုင်တော့သည့်ပုံပင်။ မယုံနိုင်စရာ ကောင်းလှပေသည်။

လက်ရှိတွင် သူ အလွန်အမင်း ချောက်ချားပြီးနေလေပြီ။ သူ့ဆရာက သူ့မျက်စိရှေ့၌ အသတ်ခံ လိုက်ရသည် မဟုတ်ပါလော။

ယခု သူ့ကို တိုက်ခိုက်ရန် ပို၍ပင် သေချာနေသည်။ ဤအဖြစ်က သူ့အတွက် မည်မျှ ရိုက်ချက် ကြီးမားကြောင်း တွေးကြည့်နိုင်ပေသည်။ သူ အမှန်တရားကို မယုံနိုင်ချေ။

“ဆရာဦး …”

ရှုပေါင်ကျွမ် မျက်ရည်လည်နေသော မျက်လုံးများဖြင့် အသနားခံရန် ပြင်လိုက်သည်။

“သတ်”

သို့သော် ယွမ်ပမ်းရှီက အဆုံးစွန်အထိ ညှာတာစိတ် ကင်းမဲ့ရန် ဆုံးဖြတ်ထားပြီး လက်ဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

“ရွှစ် ရွှစ်”

သူတော်စင်သခင်အဆင့်များစွာက လူသတ်ချင်သော မျက်လုံးများဖြင့် ဝုန်းခနဲ ပြေးတက်သွား လေတော့သည်။

Chapter 1409 သေသင့်တယ်

“သတ်”

ထိုအော်သံနှင့်အတူ လူတိုင်းသည် မိုးခြိမ်းသံကို ကြားလိုက်ရသည်ဟု ထင်မှတ်သွားပုံရကာ မှင်တက်သွားကြသည်။

“ရွှစ်”

သူတို့ သတိမမူမိခင်မှာပင် ရှုပေါင်ကျွမ်၏ ဦးခေါင်းက ကြမ်းပြင်ပေါ် လိမ့်ကျသွားလေသည်။ သူ၏ ဦးခေါင်းပြတ်သည် အကြိမ်များစွာ လိမ့်သွားပြီးမှ ရပ်တန့်သွားသည်။

သူ့မျက်နှာတွင် အလွန်တရာ မလိုလားဟန်နှင့် နောင်တရစိတ်တို့ ပေါ်လွင်နေ၏။ သူ မလုပ်သင့်သော တစ်စုံတစ်ရာကို လုပ်ခဲ့မိသည့်အတွက် နောင်တရနေပုံပေါ်ကာ ဆောက်တည် ရာမရ ဖြစ်နေဟန် ပေါ်နေသည်။

ဤသည်ကိုမြင်သော် ဖန့်ရှန်ယွီနှင့် လင်းရှင်းလန်တို့ တစ်ပြိုင်တည်း မျက်နှာဖြူရော်သွားပြီး တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာ၏။

ယောင်လောင် သေသွားလေပြီ။ ရှုပေါင်ကျွမ်လည်း သေဆုံးသွားရသည်။ ယွမ်ပမ်းရှီသည် အဆုံးအထိ အညှာအတာမဲ့ရန် ဆုံးဖြတ်ထားပုံရပြီး ယဲ့ဖန် စိတ်ကျေနပ်စေရန်အတွက် အားလုံးကို သတ်ပစ်မည့်ပုံပင်။ ဤသည်မှာ ထိတ်လန့်စရာ ကောင်းလွန်းသလို ရူးချင်စဖွယ် ကောင်းလွန်းလှသည်။

“မင်းလည်း သေလိုက်တော့”

ထိုစဉ် ယွမ်ပမ်းရှီက ဖန့်ရှန်ယွီနှင့် အခြားသူများကို လက်ညှိုးထိုး၍ ရက်စက်စွာ ပြောလိုက်သည်။

“ဝှစ် ဝှစ်”

သူတို့အနားသို့ လူရိပ်များ ပေါ်လာသည်။

“ခင်ဗျား ကျုပ်ကို သတ်လို့မရဘူး၊ ကျုပ်က ဆေးဘုရင်တောင်ကြားရဲ့ တိုက်ရိုက်တပည့်ပဲ၊ ခင်ဗျား ကျုပ်ကို သတ်ရင် ဆေးဘုရင်တောင်ကြားနဲ့ ရန်သူ ဖြစ်လာလိမ့်မယ်”

ဖန့်ရှန်ယွီက ကြောက်လန့်နေသော မျက်လုံးများဖြင့် ချက်ချင်း အော်ဟစ်လေသည်။

“ဟားဟား”

သို့သော် ယွမ်ပမ်းရှီက လှောင်ရယ်လာသည်။

“အစကတည်းက ငါ့ဆရာသာ မသက်ညှာခဲ့ရင် မင်းတို့ ဆေးဘုရင်တောင်ကြား ရှင်းခံလိုက် ရပြီကွ”

“ငါ့ဆရာက ဆေးဘုရင်ကို သတ်ရင်တောင် သူတို့ လေမကျယ်ရဲတာ၊ သူတို့ရဲ့ ဘာမဟုတ်တဲ့ တပည့်လေး တစ်ယောက်အတွက်နဲ့ ငါ့ဆရာကို သူတို့ ထပ်ဆန့်ကျင်မယ်လို့ မင်း ထင်နေလား”

*ဘာ*

သူ့စကားကို ကြားပြီးနောက် ဖန့်ရှန်ယွီ ချက်ချင်း အကြီးအကျယ် မျက်နှာပျက်သွားသည်။ သူတစ်ကိုယ်တည်း ရေရွတ်နေမိသည်။

“သူက ဆေးဘုရင်တောင်ကြားကို သက်ညှာပေးခဲ့တာ၊ ဒါဆို မင်းက ယဲ့ဘုရင်”

“ဂျွတ် ဂျွတ် ဂျွတ်”

ထိုစဉ် ကြောက်စရာကောင်းသည့် ထူးဆန်းသော အသံများ ကျယ်လောင်စွာ ထွက်ပေါ် လာသည်။ သူတော်စင်သခင်အဆင့်များ၏ ပူးပေါင်းတိုက်ခိုက်မှုအောက်၌ ဖန့်ရှန်ယွီ၏ ခန္ဓာကိုယ် စုတ်ပြဲသွားသည်ကို လူတိုင်း တွေ့လိုက်ရသည်။

သူတော်စင်သခင်အဆင့် ငါးယောက်တွင် လေးယောက်က သူ့ခြေလက်များကို ဖမ်းချုပ်ထားပြီး ကျန်တစ်ယောက်က သူ့ခေါင်းကိုကိုင်ထားကာ အားဖြင့် ဆွဲဖြုတ်ကြသည်။

ယဲ့ဖန်၏ နောက်ခံအစစ်ကို သူ သိသွားပြီးဖြစ်သော်လည်း ထုတ်ပြောခွင့် မရလိုက်ဘဲ သူတော်စင်သခင်အဆင့်များ၏ လက်ထဲ၌ နှိပ်စက်သတ်ဖြတ်ခြင်း ခံလိုက်ရလေသည်။

သွေးစက်များက မိုးစက်သဖွယ် ကျဆင်းလာသည်။ ထိုသွေးစက်က လင်းရှင်းလန်၏ မျက်နှာပေါ်သို့ပါ စဉ်လာသဖြင့် သူ နေရာမှာတင် ကြက်သေ သေကာ မျက်နှာ ဖြူရော် သွားသည်။

*သေသွားပြီ*

ထိုနတ်ဆိုးကို ရန်စခဲ့သော နောက်တစ်ယောက် အသတ်ခံလိုက်ရလေပြီ။ ဤသည်ကို ယဲ့ဖန်ကိုယ်တိုင် လုပ်စရာ မလိုခဲ့ချေ။

သူ့၌ လွတ်လမ်းမရှိချေ။ သူတော်စင်သခင်အဆင့် အယောက်သုံးဆယ် ရှိနေပြိး အားလုံးက သူ့ကို ရန်လိုနေကြသည်။ သူ ပြေးမလွတ်နိုင်ပါ။ သူ အသက်လည်း ရှင်နိုင်မည် မဟုတ်ပါ။

လူတိုင်း အံ့အားသင့်နေကြပြီးနောက် လေထဲမှ လှိုင်လှိုင်ထနေသော သွေးညှီနံ့ကို ရှူမိပြီး အော်ဂလီဆန်သလို ခံစားလာရသည်။ သို့သော် ဤသတ်ပွဲ မပြီးသေးကြောင်း သူတို့ သိနေသည်။

“ဒုန်း”

လင်းရှင်းလန်သည် ကြမ်းပြင်ပေါ် ဒူးထောက်ပြီး ငိုကြွေးကာ ယဲ့ဖန်အား တောင်းပန်လေသည်။

“ငါ မှားသွားပါတယ်၊ ငါ နောင်တရပါပြီ၊ ငါ တကယ်ကို နောင်တရနေပါပြီ၊ ကျေးဇူးပြုပြီး ငါ့ကို အခွင့်အ‌ရေး တစ်ကြိမ်လောက် ပေးပါ၊ ငါ့သားမျက်နှာကို ထောက်ပြီး ငါ့ကို မသတ်ပါနဲ့”

ဤသည်ကိုမြင်သော် လင်းဝူယာ မနေနိုင်တော့ဘဲ ဝင်ပြောရန် ပြင်လိုက်မိသည်။ သို့သော် ထိုအချိန်၌ ဟွမ်ယွီလင်းက သူ့အား ဟန့်တားလာသည်။

“ရှင် သေချာ စဉ်းစားပါ၊ ကျွန်မရဲ့ အစ်ကိုယဲ့က အခြားသူတွေ သူ့အမိန့်ကို မနာခံတာကို မကြိုက်ဘူး၊ ရှင် ဒီခြေလှမ်း လှမ်းလိုက်ရင် ရှင် သူ့နောက်လိုက်ဖို့ အရည်အချင်းရှိတော့မှာ မဟုတ်ဘူး”

ထိုစကားကိုကြားသော် လင်းဝူယာ ထိတ်လန့်သွားပြီး ချီတုံချတုံ ဖြစ်သွားသည်။

“အဘိုးကြီး ခင်ဗျား တကယ် မျက်နှာပြောင်တာပဲ၊ ခုနလေးတင် ခင်ဗျားသားရဲ့ အသက်ကို လျစ်လျူရှုခဲ့တဲ့အပြင် သူ့ကို သေပါသေစေချင်ခဲ့တာ မဟုတ်လား”

“အခု ခင်ဗျား အသက်မရှင်နိုင်တော့မှန်း သိမှ ခင်ဗျားရဲ့ အသုံးမကျတဲ့သားကို မှီပြီး အသက်ရှင် ချင်တာလား”

“အကြံကောင်းလေးပဲ”

ထိုစကားကိုကြားပြီးသော် လင်းဝူယာသည်လည်း အတွေးကမ္ဘာထဲမှ နိုးထလာသည်။ သူ၏ဖခင် ဖြစ်သူသည် သူ့အသက်ကို လုံးဝ ဂရုမစိုက်ခဲ့ချေ။

သူ့အတွက် ဝင်ပါပေးရန် မဆိုထားနှင့် သူ အသတ်ခံရရန်ပင် မျှော်လင့်နေခဲ့သေးသည်။ သို့သော် လက်ရှိ၌ သူသည် သားအဖ ဆက်ဆံရေးကို အသုံးချ၍ ယဲ့ဖန် သူ့ကို အသက်ချမ်းသာပေးရန် မျှော်လင့်နေ၏။ ဤလောကတွင်း၌ ဤသို့သော အဖြစ်မျိုး မည်သို့ ရှိနိုင်ပါမည်နည်း။

“ဝူယာ အဖေ့ကို ကယ်ပါဦး၊ ငါက မင်းအဖေလေ”

ဤသည်ကိုမြင်သော် လင်းရှင်းလန် ကြက်သီးထသွားပြီး အလွန် ကြောက်ရွံ့နေသော လေသံဖြင့် လင်းဝူယာကို ပြောင်း၍ အသနားခံပြန်သည်။ လက်ရှိတွင် သူ့သားသာလျင် သူ၏ တစ်ခုတည်းသော အသက်ကယ် ကောက်ရိုးမျှင် ဖြစ်၏။ လင်းဝူယာကသာ သူ့ကို လျစ်လျူရှုလျင် သူ သေချာပေါက် သေရပေလိမ့်မည်။

“အဖေက ကျွန်တော့အဖေပါ၊ ဒါပေမဲ့ အဖေ ကျွန်တော့်ကို သားလို့ တစ်ခါမှ အသိအမှတ် မပြုခဲ့ဘူးလေ”

တစ်ချိန်က လင်းရှင်းလန်သည် သူ ဆေးပညာကို မသင်ယူနိုင်ကြောင်း သိပြီးနောက် သူ့အား တစ်ခါမှ မျက်နှာသာ မပေးတော့ဘဲ အရှက်ရစရာအဖြစ် သတ်မှတ်ခဲ့သည်။

သားအဖ ဆက်ဆံရေးအား လင်းရှင်းလန်၏ ယခင်အပြုအမူများက ယတိပြတ် ဆုံးခန်းတိုင် စေခဲ့သည်။

“မင်း ဘာပြောတာလဲ၊ ငါက မင်းအဖေလေ”

လင်းရှင်းလန် စိတ်ဆိုးမာန်ဆိုး ကြိမ်းမောင်းလိုက်ပြီး ရုတ်တရက် ကြက်သီးထသလို ခံစားလိုက် ရသည်။ လင်းဝူယာက သူ့စကားကို ဂရုမစိုက်သဖြင့် သူ သေရပေလိမ့်မည်။

သို့သော် လင်းဝူယာက ရယ်သာရယ်နေပြီး ပြန်မပြောတော့ချေ။

“မဟုတ်ဘူး လင်းဝူယာ မင်း ဒီလောက် ရက်စက်လို့ မရဘူးလေ၊ အဖေ မှားမှန်း သိပြီလေကွာ၊ မင်း ငါ သေတာကို ကြည့်နေလို့မရဘူးလေ”

လင်းဝူယာ ဤသို့ဖြစ်နေသည်ကိုမြင်ပြီး လင်းရှင်းလန် စိတ်ဓာတ်ကျကာ မျက်ရည်ကျ လေသည်။

“ခင်ဗျား ဘာကို ဒီလောက် ခံစားနေတာလဲ၊ သူက ခင်ဗျား ဆုံးဖြတ်ချက်ချခဲ့သလို လုပ်တာလေ၊ အဲ့တော့ … သေတာကို ကြည့်မှာပေါ့”

ယဲ့ဖန် အေးစက်စွာ ပြုံးနေ၏။

“ဒါပေမဲ့ သူက ခင်ဗျားလိုတော့ စက်ဆုပ်စရာ မဟုတ်ပါဘူး၊ သူ ဘေးထွက်ကြည့်မနေခင် ခင်ဗျားကို ကူညီခဲ့သားပဲ”

ထိုစကားကိုကြားသော် လင်းရှင်းလန် အရှက်ရသွားသည်။ ယဲ့ဖန် ဘာပြောချင်နေတာလဲ ဆိုတာကို သူ နားလည်ပါသည်။ ထိုစကားက ဘာပဲဖြစ်ဖြစ် သူ သေရမည်ဟု ပြောနေခြင်းပင်။

ချက်ချင်းဆိုသလိုပင် သူ ငိုချင်လာလေသည်။ အကယ်၍များ သူ့သားကိုသာ သူ မစွန့်ပစ်ခဲ့လျင်၊ သူ ပြဿနာထဲ မကျရောက်ခဲ့လျင်၊ သူ့သားအတွက် သူ တစ်ခွန်းစ နှစ်ခွန်းစ ဝင်ပြောခဲ့မလျင် ဤသို့သော ရလဒ်မျိုး ဖြစ်လာမည် မဟုတ်လောက်ပါ။

အကယ်၍များဟူသော အဖြစ်မျိုး တကယ် မရှိသည်က စိတ်မကောင်းစရာပင်။ ယခု အားလုံး ဇာတ်သိမ်းလေပြီ။ လင်းရှင်းလန်က လင်းဝူယာကို ကြည့်၍ မချိပြုံး ပြုံးလိုက်သည်။

“အရင်က ငါ မင်းကို ကြည့်မရဆုံးပဲ၊ ဒါပေမဲ့ အခု လင်းမိသားစုကို မင်းလက်ထဲ ထားခဲ့ရမှာမို့ ငါ စိတ်အေးရပြီ”

လင်းဝူယာ နာကျင်စွာ မျက်လုံးမှိတ်ထားလိုက်သည်။ သူ့မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။

“သူ့ကို ကောင်းကောင်းမွန်မွန် သတ်ပေးလိုက်”

ယဲ့ဖန် အသာအယာ ပြောလိုက်သည်။ ဤသည်က သူ၏ နောက်ဆုံးသော သက်ညှာမှုပင်။

“ကျေးဇူးတင်ပါတယ်”

လင်းရှင်းလန် ယဲ့ဖန်ကို ခေါင်းညိတ်၍ ပြောလိုက်သည်။ သူ တကယ် ကျေးဇူးတင်မိပါသည်။

“ရွှစ်”

သွေးများ ပန်းထွက်လာပြီး လင်းရှင်းလန်၏ နှလုံးသားကို ဓားတစ်လက်က ထိုးဖောက် သွားသည်။ သူ့တစ်ကိုယ်လုံး သွေးများ စိုရွှဲလာ၏။

“ကျုပ်တို့ကို မသတ်ပါနဲ့ ကျေးဇူးပြုပြီး ကျုပ်တို့ကို မသတ်ပါနဲ့”

ဤသည်ကိုမြင်ပြီး ဆေးပညာရှင်များ ကြောက်လန့်ကာ ဒူးထောက်လာကြသည်။ အလန့်တကြား ငိုယိုသံများ ပဲ့တင်ထပ်လာသည်။

“သတ်လိုက်”

ထိုစဉ် ယွမ်ပမ်းရှီက ခက်ထန်စွာ အမိန့်ပေးလိုက်သည်။ သတ်ဖြတ်ခြင်း စတင်လေတော့သည်။

“သွားကြမယ် ဘာမှ ဆက်ကြည့်စရာ မရှိဘူး”

ယဲ့ဖန် ခံစားချက် ကင်းမဲ့စွာ ပြောလိုက်သည်။ လက်ရှိတွင် သူသည် ဆေးအား ထန်ပုခူကို ပေးရန် စိတ်လောနေ၏။ ဤလူများ၏ အသက်က သူ့နှင့် ဘာမှမဆိုင်ချေ။ ဟွမ်ယွီလင်းက ယဲ့ဖန်နောက်မှ လိုက်ကာ ထွက်သွားလေသည်။ လင်းဝူယာသည် သူ့အနောက်မှ သတ်ပွဲကို တစ်ချက်ကြည့်၍ သက်ပြင်းချကာ ယဲ့ဖန်နောက်သို့ လိုက်သွားသည်။

….

ထိုအချိန်တွင် ဖျင်အန်းမြို့ ထန်မိသားစုတွင်း၌။ ဒါဇင်ချီသော လူများက ဧည့်ခန်းမ၌ စုဝေးနေသည်။ တစ်ယောက်ချင်းစီက မျက်နှာထား လေးနက်နေပြီး ကြောက်စိတ် ဖုံးနေလေသည်။

ယနေ့တွင် တောင်ဘီလူးများက ဖျင်အန်းမြို့ကို ဝင်စီးနေ၏။ သူတို့ အပြင်းအထန် ဆုံးရှုံးမှုကို ကြုံတွေ့ရပြီး ထောင်ချီသော သေကြေဒဏ်ရာရသူများ ရှိလာသည်။

ယခုအခါတွင် ဖျင်အန်းတစ်မြို့လုံး၏ အဆင့်မြင့် အရာရှိများအားလုံး ဤနေရာ၌ စုဝေးနေသည်။ ဟွိုင်အန်းမြို့ကဲ့သို့သော မြို့ကြီးများစွာ၏ ပုဂ္ဂိုလ်ကြီးများလည်း ရောက်နေကြသည်။

ယဲ့ဖန် ဤနေရာ၌ ရှိမနေသောကြောင့် သူတို့သည် အဖွဲ့ဖွဲ့၍ ပြင်ပရန်သူကို ခုခံနေရသည်။ ထန်မင်လီက ထိပ်ဆုံး၌ တည်ငြိမ်လေးနက်သော အမူအရာနှင့် ထိုင်နေသည်။

ထိုစဉ် သူ စကားစလိုက်သည်။

“အခုလက်ရှိ အပြင်က အခြေအနေကို ကျုပ် မပြောလည်း လူတိုင်း သိကြမယ် ထင်ပါတယ်”

ပုဂ္ဂိုလ်ကြီးများက ခေါင်းညိတ်လာသည်။ သို့သော် သူတို့မျက်နှာက ပိုမို၍ သုန်မှုန်လာ၏။ သူတို့ရင်ထဲ၌ စိတ်လေးနေသောကြောင့် ဖြစ်လေသည်။

တောင်ဘီလူးဘုရင်က သူတို့အား သုံးရက်အတွင်း တောင်ဘီလူးများထံ အညံ့ခံစေချင်ပြီး ယဲ့ဖန်၏ သတင်းစကားကို ပြောရန် ထုတ်ပြန်ထားသည်။ သို့မဟုတ်ပါက သူတို့ မြို့ကို ဖျက်ဆီး၍ ရှိသမျှ လူတိုင်းကို သတ်ပစ်ပေမည်။

ထို့ကြောင့် စီရင်စုတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ယဲ့ဖန်လက်အောက်မှ အင်အားစုတိုင်း သွေးပျက်ကာ စိတ်ဓာတ်ကျလာ၏။

“ငါတို့ ဘာလုပ်သင့်တယ်လို့ မင်းတို့ မြင်လဲ”

ထန်မင်လီက ခပ်နိမ့်နိမ့်အသံဖြင့် မေးလိုက်သည်။ လက်ရှိတွင် လူတိုင်းက ရန်သူကို အတူတကွ တိုက်ခိုက်နေကြသဖြင့် သူတို့၏ အမြင်ကို နားထောင်သင့်သည်က သဘာဝပင်။

“ပြောစရာ လိုသေးလို့လား၊ သူတို့နဲ့ တိုက်မှာပေါ့၊ အရင်ယဲ့ဘုရင်ရဲ့ လက်အောက်က ဘယ်သူက တိုက်ခိုက်ဖို့ ကြောက်နေသင့်လို့လဲ”

နလန်ရှောင်က တင်းမာသော မျက်နှာထားနှင့် အော်လာသည်။

“တိုက်မယ်ဟုတ်လား၊ ဒါ တောင်ဘီလူးလေ၊ ဘယ်လိုလုပ် ထိပ်တိုက် တိုက်ရင် နိုင်မလဲ၊ သူတို့အတွက် လက်အညောင်းဖြေသလောက်ပဲ ရှိမှာ၊ ကျုပ်တို့မှာ လူဘယ်လောက် ရှိရှိ အဆုံးကျရင် သေရလိမ့်မယ်”

ထိုစဉ် သူ့ဘေးနားမှ အဘိုးအိုက သရော်လာ၏။ ဤသည်ကိုကြားသော် လူတိုင်း မျက်မှောင်ကြုတ် လာသည်။ တိုက်ပွဲမစခင် လူတစ်ယောက်၏ မာန်မာနကို ဖျက်ဆီးခြင်းက မလုပ်သင့်သော အရာပင်။

*ဒီလူအိုကြီး တမင်လုပ်နေတာလား*

သို့သော် ဒေါသထွက်သော်ငြားလည်း မည်သူမှ ထိုအဘိုးအိုကို ပြန်မချေပချေ။ အဘယ်ကြောင့် ဆိုသော် ထိုသူက ထန်မင်လီ၏ တတိယဦးလေး ထန်ဟောင်ကျုံး ဖြစ်နေသောကြောင့်ပင်။ သူသည် လက်ရှိ ထန်မိသားစု၏ အသက်အကြီးဆုံး အကြီးအကဲလည်း ဖြစ်ပေသည်။

သို့သော် အခြားသူများ မပြောရဲသော်လည်း နလန်ရှောင် မပြောရဲဟု မဆိုလိုပါက သူက တင်းမာသော မျက်နှာနှင့် ချက်ချင်း ပြန်ရန်တွေ့လိုက်သည်။

“ထန်ဟောင်ကျုံး ခင်ဗျား ဘာပြောချင်တာလဲ”

“ဘာမှမပြောချင်ပါဘူး၊ ငါက အားလုံးကို သုံးရက်ကုန်သွားပြီဆိုတာကို ပြောချင်ရုံသက်သက်ပဲ၊ အခု အညံ့မခံရင် အခွင့်အရေး မရှိတော့ဘူး၊ မင်းတို့ အတူတူ သေချင်တာလား”

ထန်ဟောင်ကျုံးက စီးကရက်ကိုခဲ၍ ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်သည်။ သို့သော် သူ့မျက်နှာ၌ သွေးပျက်ဟန် မရှိပေ။ သူ့နှင့်မဆိုင်သောကိစ္စဟုပင် ထင်ရလေသည်။

“ခင်ဗျားက ကျုပ်တို့ကို အညံ့ခံဖို့ ပြောတာလး”

နလန်ရှောင် ဒေါသထွက်ကာ ထရပ်ပြီး ထန်ဟောင်ကျုံးကို အေးစက်စွာ စိုက်ကြည့်လေသည်။ ထန်မင်လီတောင်မှ မျက်မှောင်ကြုတ်နေပြီး မသိမသာ မျက်နှာမဲ့နေသည်။

ထန်ဟောင်ကျုံး၏ အပြုအမူက စစ်တိုက်မည့် သူတို့၏ စိတ်နှလုံးကို နှောင့်ယှက်ရုံမျှ မကတော့ဘဲ ပုန်ကန်ခြင်း ဖြစ်နေလေပြီ။

“အညံ့ခံတာ ဘာဖြစ်လို့လဲ၊ အခု ငါတို့ဘက်က သေရတာ မလုံလောက်သေးလို့လား၊ ငါတို့ ယဲ့ဘုရင်အတွက် ဦးဆောင် တိုက်ခိုက်ပင်မယ့် သူက ဘာလုပ်နေလဲ၊ ငါတို့ အန္တရာယ်ကင်းဖို့ကို သူ မသိချင်ယောင်ဆောင်ထားတယ်လေ”

ထန်ဟောင်ကျုံးက အေးစက်စွာ ပြန်ခနဲ့လေသည်။

“သူ ရှာတဲ့ပြဿနာကို ဘာလို့ သူက တာဝန်မယူတာလဲ”

သူ့စကားကို ကြားသောအခါ ပုဂ္ဂိုလ်ကြီးတစ်ချို့က စိတ်ပြောင်းလာသည်။ လက်ရှိတွင် သူတို့ အပြင်းအထန် ဆုံးရှုံးနေရပြီး လူအား၊ ပစ္စည်းအားနှင့် ဘဏ္ဍာရေး အရင်းအမြစ်ပါ အထိနာနေ၏။

ယဲ့ဖန်က အချိန်အတော်ကြာအောင် ပေါ်မလာသေးသဖြင့် သူတို့ စောဒက တက်ချင်လာသည်။

“ပါးစပ်ပိတ်ထား၊ အရှင်ယဲ့ဘုရင်က ဖြောင့်မတ်တဲ့လူ၊ သူ ဘာလို့ ငါတို့ကို ပစ်ထားမှာလဲ”

ထန်မင်လီကလည်း ဝင်ငေါက်လာသည်။

“ကျုပ် ဒီကလူတိုင်းကို မေးမယ်၊ ကျုပ်တို့ အန္တရာယ်ကြုံရတိုင်း အရှင်ယဲ့ဘုရင် ရောက်မလာတဲ့ အချိန် ရှိသလား”

လူတိုင်း ခေါင်းညိတ်ကာ သူ့စကားကို ထောက်ခံလာသည်။

“ယဲ့ဘုရင်က သတ္တိကြောင်ပြီး ကြွက်လို ပုန်းနေတာ မဟုတ်ဘူးဆိုရင်ပေါ့ …”

ထန်ဟောင်ကျုံးက မခိုးမခန့် ပြုံးနေ၏။ သူ့လေသံက ရန်စနေမှန်း သိသာလှသည်။

“အဓိပ္ပာယ်မရှိတာတွေ၊ အရှင်ယဲ့ဘုရင်က ဘယ်သူ့ကို ကြောက်သလဲ”

နလန်ရှောင် ဒေါသတကြီး ငေါက်ငမ်းလိုက်သည်။ တစ်ဖက်လူ၏ ယဲ့ဖန်အပေါ် ဤသို့ ပြောဆိုခြင်းအား သူ မနှစ်မြို့ပါ။ ဤသည်က စော်ကားခြင်းပင်။

ထန်ဟောင်ကျုံးက ထရယ်၍ ဆက်ပြောလေသည်။

“ငါ့အမြင်မှာတော့ ယဲ့ဘုရင် သေသင့်တယ်”

All Chapters